← Chapters

ထိပ်တိုက်ရင်ဆိုင်ခြင်း

Vol. 168 Ch. 2395

ထိပ်တိုက်ရင်ဆိုင်ခြင်း

Vol. 168 Ch. 2395

စီဝေ့အင်ပါယာနန်းတော် စီဝေ့နန်းတော်ထိပ်မှ ကြောက်မက်ဖွယ် ကြယ်ဝင်္ကပါအစီအရင် ဖြစ်လာပြီး ၎င်းက ကောင်းကင်ထိ ဆက်စပ်နေသော မဟာဝင်္ကပါတစ်ခုကဲ့သို့ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် အဖြူရောင်ဆံပင် အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်က တင်ပျဥ်ခွေကာ ထိုင်နေခဲ့သည်။ ထိုသူမှာ ရီဖူရှင်းမှလွဲ၍ အခြားသူ မဟုတ်ပေ။

သူက မျက်လုံးများကို တင်းကျပ်စွာ ပိတ်ထားခဲ့သည်။ သူ့စိတ်ထဲ၌ အနန္တလေဟာနယ်လောကတစ်ခု ပေါ်ပေါက်လာပြီး လောကတစ်ခု ဖြစ်တည်လာပုံရသည်။ ထိုလောကက မရေတွက်နိုင်သော လူများနှင့် လူဦးရေထူထပ်လှပြီး လူတိုင်းက ကျင့်ကြံရင်း အလုပ်ရှုပ်နေကြ၏။

ထိုပန်းချီကားချပ်အထဲတွင် အချို့သော နေရာများ၏ ပုံရိပ်တို့က အခြားထက် ပို၍ ရှင်းလင်းပေသည်။ ပုံရိပ်များစွာက အသွင်ဖွဲ့တည်လာသည်။ သူတို့က သူနှင့်မနီးမဝေးတွင် ရှိနေပြီး သူရှိရာသို့ ရောက်လာသလို ထင်မှတ်ရသည်။

တစ်ချိန်တည်းတွင် အင်ပါယာနန်းတော်အတွင်းမှ လူတစ်စုက လေထဲသို့ တက်ကာ အပြင်ဘက်သို့ ဦးတည်လာခဲ့၏။

တဖြေးဖြေးနှင့် အစွမ်းထက် အရှိန်အဝါများစွာက အဝေးမှ ထွက်ပေါ်လာသည်။ သူတို့ကြားတွင် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သည့် အဓိကပုဂ္ဂိုလ်များလည်း ပါဝင်သည်။ သူတို့၏ အရှိန်အဝါတို့က အစွမ်းထက်လှပြီး ခမ်းနားထည်ဝါသည့် အင်ပါယာနန်းတော်သို့ ချဥ်းကပ်လာပြီး ကောင်းကင်အထက် အပြင်ဘက်တွင် ရပ်တန့်လာခဲ့သည်။ သူတို့၏ မျက်လုံးများက သူတို့ရှေ့သို့ အာရုံစိုက်နေကြပြီး အထဲသို့ နတ်အာရုံများ လွှမ်းခြုံလာသည်။ ထိပ်သီးပုဂ္ဂိုလ်အများစုက ထိုသို့လုပ်ဆောင်ရန် စိတ်စနိုးစနောင့်ဖြစ်ခြင်း မရှိခဲ့ပေ။ ကြည့်ရသည်မှာ သူတို့သည် ဤနေရာက မည်သည့်နေရာဖြစ်ကြောင်း ဂရုစိုက်ကြပုံမရချေ။

သို့သော် သူတို့ ရောက်ရှိလာပြီးနောက် သူတို့က အလျင်စလို မလှုပ်ရှားသော်လည်း ထိုနေရာ၌ ရပ်တန့်နေခဲ့ကြသည်။ တဖြေးဖြေးနှင့် ပိုမိုများပြားသော အင်အားစုများက စီဝေ့အင်ပါယာနန်းတော်သို့ ရောက်ရှိလာခဲ့သည်။

စီဝေ့အင်ပါယာနန်းတော်က ကျယ်ပြောသော်လည်း ဤနေရာသို့ ရောက်လာသည့် ကျင့်ကြံသူများက သာမန် ကျင့်ကြံသူများ မဟုတ်ကြပေ။ သူတို့၏ နတ်အာရုံများကို ထုတ်လွှတ်လိုက်သည့်အခါ ချက်ချင်းပင် စီဝေ့အင်ပါယာနန်းတော်အပါအဝင် ကျယ်ပြောလှသော လေဟာနယ်ကို ဖုံးလွှမ်းထားသည်။ သူတို့၏ အဘိဓာန်၌ ဝေးကွာသည်ဟူသော စကားလုံး မရှိပုံရလေသည်။

စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ကောင်းကင်ထက်၌ ရှိနေကြပြီး ထိုမြင်ကွင်းကို အေးစက်သော အကြည့်တို့နှင့် ကြည့်နေခဲ့ကြသည်။ ထိုလူများက အလွန် ရိုင်းစိုင်းလှသည်။ သူတို့က အင်ပါယာနန်းတော်သို့ တိုက်ရိုက်ဆင်းသက်လာကြပေသည်။

"ခင်ဗျားတို့ ဒီနေရာကို မဖိတ်ခေါ်ဘဲ ရောက်လာကြတာ။ ခင်ဗျားတို့ ဘာလိုချင်ကြတာလဲ။" ရန်ဟောင်ချန်းက ကောင်းကင်ထက် မတ်တပ်ရပ်နေကာ အေးစက်စွာ မေးလိုက်သည်။ သိပ်မကြာခင်မှာပင် ကောင်းကင်အာဏာစက်ကျောင်းတော်၏ အထက်တွင်လည်း တူညီသော မြင်ကွင်း ဖြစ်နေခဲ့သည်။ ထိုအခြေအနေက တစ်ဖန် ထပ်မံဖြစ်ပွားလာလိမ့်မည်လား။

"ဘာရယ်မဟုတ်ပါဘူး။ ကျုပ်တို့က စီဝေ့မဟာအင်ပါယာ ဖန်တီးထားတဲ့ လောကကို မြင်တွေ့ချင်ရုံပါပဲ။" တစ်စုံတစ်ယောက်က တည်ငြိမ်စွာ တုန့်ပြန်လိုက်သည်။ သူတို့က အဝေး၌ ရပ်နေခဲ့ပြီး အင်ပါယာနန်းတော်အတွင်း ဝင်ရောက်ချင်ပုံမရပေ။ ကြည့်ရသည်မှာ သူတို့က ကြည့်ရှုသူသက်သက်အနေနှင့် ဤနေရာသို့ ရောက်နေခြင်း ဖြစ်ပုံရပေသည်။

ရန်ဟောင်ချန်း​က အဖြေကို ကြားသောအခါ အများကြီး မပြောတော့ပေ။ သူတို့က အတင်းအကျပ် ထိုးဖောက်ဝင်ရောက်ရန် မကြိုးစားပါက သူ မည်သို့လုပ်နိုင်ပါမည်နည်း။

ခွန်အားအနေအထားအရ ရောက်လာသူများတွင် ဒုတိယအဆင့် နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သူများပင် ပါဝင်လေရာ သူက လှုပ်ရှားမှုပြုလိုက်လျှင်ပင် သူတို့အား ယှဥ်ရန်မှာ မဖြစ်နိုင်ပေ။

အမှန်တွင် ရောက်ရှိနေသူများသာ ထိုသူတို့သာ မဟုတ်ချေ။ နန်းဆောင်အထက်တွင် ရှိနေသည့် ရီဖူရှင်းသည် စီဝေ့အင်ပါယာနန်းတော် အဝေးမှ လာရောက်ကြသော ကျင့်ကြံခြင်းအင်အားစုများစွာကို အာရုံခံမိပေသည်။ သူတို့က ဤနေရာသို့ ရောက်ရှိနေကြသည်။ သူတို့သည် စီဝေ့အင်ပါယာနန်းတော်နှင့် နီးကပ်သော နေရာသို့ လာရောက်ခြင်း မရှိသော်လည်း ထိုအင်အားစုများတွင် မှော်နက်လောက၊ နတ္ထိဘုံနှင့် အခြားအင်အားစုများစွာ ပါဝင်သည်။

ဤတစ်ကြိမ်၌ အခြားလောကမှ အင်အားစုများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားနိုင်ပေသည်။ အဆုံးမှာတော့ ဤတစ်ကြိမ် အကြောင်းအရာ၌ ပါဝင်ပတ်သတ်နေသည်မှာ မဟာအင်ပါယာရီချင် ဖြစ်လေသည်။

သူက အရှင်ဒွန်ဟောင်နှင့် ဘေးချင်းယှဥ်တိုက်ခိုက်ခဲ့သော တစ်စုံတစ်ယောက် ဖြစ်သည်။ သူက ကောင်းကင်ဒေသကို စုစည်းခဲ့သော မဟာအင်ပါယာနှစ်ပါးထဲမှ တစ်ပါး ဖြစ်သည်။ ရီဖူရှင်းက အမှန်တကယ် သူ့မျိုးဆက်ဖြစ်လျှင် ဤပုဂ္ဂိုလ်၌ မည်သို့သော ရည်ရွယ်ချက် ရှိလိမ့်မည်နည်း။

မဟာအင်ပါယာရီချင်နှင့် မျိုးရိုးနာမည် တူညီသော ရီဖူရှင်းက သူတို့၏ အသက်ကွာခြားမှုတွင်လည်း ကိုက်ညီပေသည်။

သို့ဆိုလျှင် မဟာအင်ပါယာဒွန်ဟောင်က ရီဖူရှင်းအား သုတ်သင်ရန် ဤနေရာသို့ တစ်စုံတစ်ယောက် စေလွှတ်လာလိမ့်မည်လား။

ဖြစ်နိုင်သည်မှာ အဖြေက မကြာခင် ပေါ်ပေါက်လာပေလိမ့်မည်။

အပြင်ဘက်တွင် အစွမ်းထက် ကျင့်ကြံသူများစွာ စုဝေးနေကြပြီး ကောင်းကင်ဒေသမှ အင်အားစုများစွာနှင့် အခြားလောကမှ ကျင့်ကြံသူများအပါအဝင် နေရာအသီးသီးမှ ကျင့်ကြံသူများ ရောက်ရှိနေခြင်း ဖြစ်သည်။

စီဝေ့အင်ပါယာနန်းတော်တွင် လူများစွာ စုဝေးလာသည်။ ရီဖူရှင်းနှင့် ပတ်သတ်သော ကျင့်ကြံသူများလည်း ရောက်ရှိလာသည်။ စွန့်ပစ်ခံကလန်နှင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများ အပါအဝင် မူလဘုံ၏ အခြားသော အင်အားစုများမှ ​ကျင့်ကြံသူများလည်း ပါဝင်ပေသည်။ သူတို့အားလုံးက သတိအနေအထားနှင့် စောင့်ဆိုင်းနေခဲ့ပေသည်။

လူတိုင်းသည် ဤတစ်ကြိမ်၌ ရီဖူရှင်းက အလွန် လေးနက်သော ပြဿနာနှင့် ရင်ဆိုင်နေရပြီး မည်မျှ အန္တရာယ်များကြောင်း နားလည်ကြပေသည်။

အတိတ်က ပြဿနာရပ်များသည် ဖြေရှင်းရန် ဖြစ်နိုင်ချေရှိခဲ့သည်။ ကောင်းကင်ဒေသမှ အင်အားစုများက သူတို့ကို တိုက်ခိုက်လာသည့်အခါ၌ပင် သူတို့က ဆန့်ကျင်တိုက်ခိုက်နိုင်စွမ်း ရှိကြပေသည်။ သို့သော် အင်ပါယာနန်းတော်က ရီဖူရှင်း၏ အသက်ကို လိုချင်ခဲ့လျှင် သူက ရွေးချယ်စရာမရှိ သေဆုံးရပေလိမ့်မည်။

ထိုနေရာ၌ စိုးရိမ်ပူပန်မနေသည့်သူ မည်သူမှ မရှိပေ။ အထူးသဖြင့် ယူချင်းနှင့် ဟွားဂျီယူအပါအဝင် ရီဖူရှင်းနှင့် အရင်းနှီးဆုံး လူများက အစိုးရိမ်ဆုံးပင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် အဝေးမှ ဤနေရာသို့ ပျံ့နှံ့လာသည့် အစွမ်းထက် အရှိန်အဝါကို ခံစားမိခဲ့ပေသည်။ လေဟာနယ်၏ နတ်အလင်းက လင်းလက်လာပြီး အလင်းတန်းများက လေဟာနယ်အတွင်း ပဲ့တင်ထပ်လာသည်။ ထိတ်လန့်ခြောက်ခြားဖွယ် အရှိန်အဝါက လင်းလက်လာသည်။ အလင်းတန်းမှ ဖြစ်ပေါ်လာသော ကျင့်ကြံသူအဖွဲ့တစ်ခုက နတ်ဘုရားပုံရိပ်များကဲ့သို့ ကောင်းကင်မှ ဆင်းသက်လာသည်။

"သူမ ရောက်နေပြီ။" အားလုံးသော ကျင့်ကြံသူများ၏ နှလုံးသားများက တုန်ယင်နေကြသည်။ လူတိုင်းက ထိုအခိုက်အတန့်တွင် စောင့်ဆိုင်းနေခဲ့ပြီး နောက်ဆုံး၌ ရောက်ရှိလာပြီ ဖြစ်သည်။

မူလဘုံအတွင်း ကောလာဟလများ ပျံ့နှံ့နေခဲ့သည့်အတွက် အင်ပါယာနန်းတော်က ပို၍ မကြားမိရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့သည်လည်း သတင်းအချက်အလက်ကို လက်ခံရရှိခဲ့သည်။ ထို့ပြင် သူတို့က ဤနေရာသို့ အနှေးနှင့်အမြန် ရောက်ရှိလာမည့် အကြောင်းပြချက် ရှိပေသည်။

အမှန်တကယ်ပင် သူတို့ လှည့်ကြည့်လိုက်သည်နှင့် မင်းသမီးဒွန်ဟောင်က စီဝေ့အင်ပါယာနန်းတော်သို့ ကိုယ်တိုင် ရောက်ရှိလာသည်အား မြင်လိုက်ရသည်။ ထိုပြိုင်ဘက်ကင်းပုံရိပ်က လေးစားစရာကောင်းလှသည့် နတ်မိမယ်တစ်ပါးကဲ့သို့ဖြစ်ကာ စီဝေ့အင်ပါယာနန်းတော်သို့ ဦးတည်လာနေခဲ့သည်။

မျက်လုံးများ ဆက်တိုက်မှိတ်ထားသော ရီဖူရှင်းက ၎င်းတို့အားလုံးကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ ထိုအချိန်တွင် သူက မျက်လုံးများကို မှိတ်လိုက်ပြီး ကောင်းကင်ထက် ကြည့်လိုက်သည်။ သူက မင်းသမီးဒွန်ဟောင် ဦးဆောင်လာသည့် ကျင့်ကြံသူများ ရောက်ရှိလာသည်ကို မြင်လိုက်ရပြီး သူမနောက်မှ ကျင့်ကြံသူများက နတ်အလင်းတို့ဖြင့် တောက်ပနေခဲ့သည်။ သူတို့အားလုံးက နတ်ဘုရားကျင့်ကြံသူများ ဖြစ်ကြသည်။

ဤမြင်ကွင်းက ရီဖူရှင်းနှင့် အလွန် ရင်းနှီးနေခဲ့သည်။ သူက ကြုံတွေ့ခဲ့ဖူးသလို ထင်မှတ်ရပေသည်။

ပို၍အရေးကြီးသည်မှာ သူက တစ်ကြိမ်ထက်ပိုပြီး မြင်တွေ့ဖူးပုံရသည်။

ချင်းကျူမြို့အတွင်းမှ ထျန်းယောင်တောင်ပေါ်၊ အရှေ့မြေရိုင်းနယ်မြေအတွင်း စာအုပ်တောင်၏ အထက်။

နှင်းလူဝံနှင့် ဆရာ.. သူက အရာအားလုံးကို တွေ့ကြုံခဲ့ဖူးပေသည်။

ယခု သူ့ အလှည့်ပင် ဖြစ်သည်။

မြင်ကွင်းက တူညီနေပြီး ရောက်လာသောသူမှာ မင်းသမီးဒွန်ဟောင်ပင် ဖြစ်သည်။ တစ်ခုတည်းသော ကွာခြားမှုမှာ မင်းသမီးက ပိုမိုတောက်ပလာပြီး သူမ၏ ကျင့်ကြံခြင်းက ယခင်ကထက် ပိုမို ကြောက်မက်ဖွယ် ကောင်းလာပေသည်။ သူမက ထိုယခင်နှစ်များမှ မိန်းကလေးတစ်ယောက် မဟုတ်တော့ပေ။

ဤတစ်ကြိမ်၌ ယခင်ကနှင့် တူညီသော အဆုံးသတ် ဖြစ်လိမ့်မည်လား။

ရီဖူရှင်းက မသိသလို မည်သူမှလည်း မသိကြပေ။

"အရှင်မင်းသမီး။" ကောင်းကင်ဒေသမှ ကျင့်ကြံသူများက သူမအား အရိုအသေပြုလိုက်ကြသည်။ ဤကျင့်ကြံသူများက မည်သည့်အဆင့်၌ ရှိနေပါစေ သူတို့သည် အရှင်ဒွန်ဟောင်၏ တစ်ဦးတည်းသော သမီးနှင့် တွေ့ရသည့်အခါလေးစားမှုထားပေးရမည် ဖြစ်သည်။ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေး၌ ကျော်ဖြတ်နိုင်ခဲ့သူများသည်ပင် မင်းသမီးရှေ့၌ မည်သည့် မာနမှ မထားရဲပေ။

မင်းသမီးဒွန်ဟောင်က စကားမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ အကြည့်များက တစ်နေရာတည်း၌ ရှိနေခဲ့ပြီး ထိုနေရာမှာ ရီဖူရှင်း ကျင့်ကြံနေသည့် နန်းဆောင်အထက်သို့ ဖြစ်ပေသည်။

ထိုအချိန်တွင် ရီဖူရှင်းက သူ့ဘေး၌ မည်သူမှ မရှိဘဲ တစ်ယောက်တည်း ထိုင်နေခဲ့သည်။ သူက တစ်ယောက်တည်း ရှိနေပုံရသည်။

စီဝေ့အင်ပါယာနန်းတော်တစ်ခွင်လုံးတွင် ဖိနှိပ်လွှမ်းမိုးနိုင်သော အရှိန်အဝါတို့ လွှမ်းခြုံနေပြီး လူတိုင်း၏ နတ်အာရုံများကလည်း ရီဖူရှင်း တစ်ယောက်တည်းကိုသာ အာရုံစိုက်ထားပေသည်။

သို့သော် ထိုထိပ်သီးကျင့်ကြံသူများ၏ နတ်အာရုံများအောက်တွင် မည်သူမဆို ပြိုင်ဘက်ကင်းဖိအားကို ခံစားမိပေလိမ့်မည်။ သို့သော် ရီဖူရှင်းက ထိုနေရာ၌ ထိုင်နေခဲ့ပြီး သန့်စင်မြင့်မြတ်သော အလင်းတို့က သူ့ကို ဖုံးလွှမ်းသွားခဲ့သည်။ သူက ထရပ်လိုက်သောအခါ သူ၏ နောက်ကျောက ဖြောင့်တန်းနေပြီး ခိုင်မာစွာ အမြစ်တွယ်နေသလို ထင်မှတ်ရပေသည်။ မည်သို့ပင်ဖြစ်စေ သူက ထရပ်ကာ ရင်ဆိုင်လိုက်ပေသည်။

"အရှင်မင်းသမီး။" ရီဖူရှင်းက ယဥ်ကျေးစွာဖြင့် အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။

"အပြင်ဘက်က ကောလာဟလတွေ ကြားမိလား။" မင်းသမီးဒွန်ဟောင်က စကားပလ္လင်မခံနေဘဲ တိုက်ရိုက်မေးလိုက်သည်။

"ကြားမိတယ်။" ရီဖူရှင်းက ရိုးသားစွာ ပြန်ဖြေလိုက်သည်။ သူက ၎င်းကို ငြင်းပယ်ရန် မဖြစ်နိုင်ပေ။

"ရန်ဟောင်ရီနဲ့ အင်ပါယာရီချင်ကြားမှာ ပတ်သတ်မှုတစ်ခုခုများ ရှိလား။" မင်းသမီးဒွန်ဟောင်က သူ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

ရီဖူရှင်းကလည်း သူမ၏ မျက်လုံးများကို ကြည့်ကာ ပြန်ဖြေလိုက်၏။ "ရှိတယ်။"

All Chapters