← Chapters

ချမ်ခွင်းလက်ညှိုး

Vol. 168 Ch. 2400

ချမ်ခွင်းလက်ညှိုး

Vol. 168 Ch. 2400

ရီဖူးရှင်း၏ပုံရိပ်သည်လည်း ထိုနေရာတွင် ပေါ်လာသည်။ သူသည် မဟာအင်ပါယာ၏အရိပ်အောက်တွင် ရပ်နေပြီး နတ်ဘုရားတစ်ပါး၏မျိုးရိုးမှ ဆင်းသက်လာသူနှင့် တူနေပေသည်။ သူ မျက်လုံးများကိုမှိတ်လိုက်သောအခါ သူ့ခန္ဓာကိုယ်မှနေ၍ ကောင်းကင်အလင်းများထွက်ပေါ်လာသည်။

ထိုအခိုက်တွင် အာကာကောင်းကင်များရှိ ကြယ်တာရာများအားလုံးသည် တစ်ပြိုင်တည်း စတင်လင်းလက်လာသည်။ ရီဖူရှင်း၏ ပုံရိပ်သည် ကြယ်တာရာတစ်ခုချင်းစီတိုင်းပေါ်တွင် ပေါ်ပေါက်လာသည်။ သူသည် တစ်ချိန်တည်းမှာပင် နေရာတိုင်းတွင် ရှိနေသကဲ့သို့ပင်။

“ကျွန်တော်တိုက်ခိုက်ပြီဆိုရင် နောက်ပြန်လှည့်လို့မရတော့ဘူးနော်... စီနီယာ... စီနီယာက တကယ်ဒီတိုက်ပွဲကို တိုက်ခိုက်ချင်တာလား”

ဟင်းပြင်ထဲတွင် အသံတစ်ခုပဲ့တင်ထပ်သွားပြီး ကောင်းကင်တစ်ခွင်လုံးတွင် ပျံ့နှံ့သွားသည်။ ရီဖူရှင်းသည် စီဝေ့ကောင်းကင်တစ်ခွင်လုံးတွင် အားကောင်းသည့် ဖိအားကိုထုတ်လွှတ်ခဲ့ခြင်းဖြစ်ပေမည်။ ရီဖူရှင်းသည် ဖုန်းရူ၏စွမ်းအားကို အာရုံခံနိုင်နေပြီး သာမန်တိုက်ခိုက်မှုများသည် သူ့အပေါ်သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သိလေသည်။ တစ်ခုတည်းသောနည်းလမ်းမှာ သူ၏တိုက်ခိုက်မှုတွင် ကောင်းကင်စွမ်းအားများကို ထည့်သုံးရန်သာဖြစ်လေသည်။

ဖုန်းရူ၏ပတ်ပတ်လည်တွင် ကောင်းကင်အလင်းများ လှည့်ပတ်နေ၏။ သူသည် ခေါင်းမော့၍ အာကာကောင်းကင်များကိုကြည့်ကာ ပြောလိုက်သည်။

“တိုက်ပါ”

မဟာအင်ပါယာများသည် နတ်ဘုရားများကဲ့သို့ အစွမ်းကြီးလေသည်။ သူတို့ကို ရန်စ၍မရပေ။ ဖုန်းရူကဲ့သို့ စွမ်းအားကြီးသူပင် မဟာအင်ပါယာတစ်ပါး၏ရှေ့တွင် အစွမ်းမဲ့နေမည်ဖြစ်သည်။ သို့သော် သူသည် အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားကိုသာ ရင်ဆိုင်နေရခြင်းဖြစ်ပြီး မဟာအင်ပါယာကိုယ်တိုင်ကို ရင်ဆိုင်နေရခြင်းမဟုတ်ပေ။ ထို့ပြင် သူသည် မဟာအင်ပါယာတစ်ပါး မည်မျှအစွမ်းကြီးသည်ကို သိချင်နေပေသေးသည်။

ထိုအခိုက်တွင် သူ့အနောက်ရှိ ခံ့ညားသော လောကမြင်ကွင်းကျယ်သည် သိသာထင်ရှားစွာ ပြန့်ကားလာသည်။ ၎င်းသည် လောကအစစ်အမှန်တစ်ခုအဖြစ် ပြောင်းလဲနေသကဲ့သို့ပင်။ ကြယ်တာရာကောင်းကင်များအောက်တွင် လောကအသေးလေးတစ်ခုပေါ်ပေါက်လာသည်။ ထိုလောကအသေးလေး သိသာပေါ်လွင်လာသောအခါ စတင်လည်ပတ်လာပြီး လောကကြီး၏ မဟာလမ်းစဉ်စွမ်းအားများကို စုပ်ယူဝါးမျိုလိုက်လေသည်။ ကျယ့်ပြန့်၍ အဆုံးမဲ့သော အာကာပြင်ထဲရှိ အရာအားလုံးသည် ထိုလောအသေးလေးနှင့် ရောယှက်နေသကဲ့သို့ပင်။

‘ဟမ်’

ထိုအခိုက်တွင် အာကာကောင်းကင်များမှနေ၍ အဆုံးမဲ့သော ကောင်းကင်အလင်းများ စတင်ကျဆင်းလာပြီး ရီဖူရှင်း၏အောက်တွင် သွားရောက်ပေါင်းဆုံလေသည်။ ထိုနေရာတွင် မဟာဓားဝိညာဉ်စွမ်းအား စတင်ဖြစ်ပေါ်လာပြီး ကောင်းကင်စွမ်းအားများပါသော ကောင်းကင်ဓားတစ်လက် ပေါ်ထွက်လာလေသည်။

ထိုကောင်းကင်ဓားသည် ကောင်းကင်ကိုပင် ထက်ခြမ်းခွဲပစ်နိုင်စွမ်းရှိပေသည်။

“ကြယ်တာရာတွေအားလုံးကို တစ်ခုတည်းအဖြစ်ပေါင်းစည်းပြီး ကောင်းကင်ဓားတစ်ချောင်း ဖန်တီးလိုက်တာပဲ”

တစ်စုံတစ်ယောက်က ပြောလိုက်၏။

ကျင့်ကြံသူအားလုံးသည် အံ့ဩတကြီး မော့ကြည့်လိုက်ကြသည်။ အင်ပါယာနန်းတော်၏ နန်းတော်အရှင်ဟောင်းသည် ထိုကဲ့သို့သော တိုက်ခိုက်မှုအောက်တွင် သူ၏သေခြင်းတရားနှင့် တွေ့ကြုံခဲ့ရခြင်းပင်။ ဖုန်းရူ၏စွမ်းအားသည် မတိုင်းတာနိုင်လောက်အောင် ကြီးမားသောလည်း ထိုကဲ့သို့သောတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိပါမည်လော။

မည်သူမှ အတတ်မသိနိုင်ပေ။

လူအားလုံးသည် အစောပိုင်းက ဖုန်းရူ၏တိုက်ခိုက်မှုကြောင့် ဖုန်းရူမည်မျှစွမ်းအားကြီးကြောင်းကို သိပြီးဖြစ်သည်။ သို့သော် ထိုမျှဖြင့် သူ၏စွမ်းအားအကုန်ကို မသိနိုင်ချေ။

ဝုန်း...

ကြောက်မက်ဖွယ်အသံကြီးသည် ကောင်းကင်များကို ဖောက်ထွင်းသွားသည်ကို ကြားလိုက်ရသည်။ ပြင်းထန်သောအသံလှိုင်းများကြောင့် လေထုသည် တုန်ခါသွားသည်။ အောက်ရှိ စီဝေ့ကောင်းကင်မှ မရေမတွက်နိုင်အောင်များပြားသောလူများသည် အာကာကောင်းကင်များကို မော့ကြည့်လိုက်သည်။ ကောင်းကင်စွမ်းအားများသည် အရှင်စီဝေ့၏ဝိညာဉ်ပုံရိပ်နှင့်အတူ အောက်သို့ဆင်းသက်လာသည်ကို သူတို့မြင်လိုက်ရသည်။ ကောင်းကင်ဓားသည် အရှင်စီဝေ့၏ဝိညာဉ်ပုံရိပ်အရှေ့တွင် ရှိနေပြီး ၎င်းကို နတ်ဘုရားများက ဆွဲကိုင်ထားသကဲ့သို့ ခုတ်ယမ်းနေလေသည်။ မဟာလမ်းစဉ်များသည် ပြိုလဲပျက်ဆီးသွားကာ အပိုင်းအစများအဖြစ် တစ်စစီဖြစ်သွားသည်။ နက်ရှိုင်းသော ကြောက်မက်ဖွယ်အက်ကြောင်းများထွက်ပေါ်လာ၏။ ထိုမြင်ကွင်းသည် လောကကြီးတစ်ခုလုံး ပျက်ဆီးခါနီးချိန်တွင် ထွက်ပေါ်လာသော နမိတ်ဆိုးတစ်ခုကဲ့သို့ပင်။

သို့သော် ကောင်းကင်ဓားသည် တစ်စိုးတစ်စိမျှ ထိခိုက်မှုမရှိသေးပေ။ မဟာလမ်းစဉ်အတွင်းပေါ်ပေါက်လာသော နက်ရှိုင်းသည့်အက်ကြောင်းကြီးများသည် ကောင်းကင်ဓားမှ ထွက်ပေါ်လာသော အလင်းတန်းကို မတားဆီးနိုင်ချေ။ ၎င်းသည် အက်ကြောင်းကြီးများကို ဖြတ်သန်း၍ ဆက်လက်ဆင်းသက်လာသည်။ ၎င်းကို မည်သို့မှ မရပ်တန့်နိုင်ပေ။ အာကာပြင်၏ မဟာလမ်းစဉ်စွမ်းအားကိုအသုံးပြု၍ ထွက်ပြေးလျှင်လည်း အာကာပြင်ကိုယ်တိုင်ပင် ပြိုလဲပျက်ဆီးနေသည်ဖြစ်ရာ အသုံးဝင်မည်မဟုတ်ပေ။

ထိုတိုက်ခိုက်မှု၏အဆင့်သည် ဟင်းလင်းပြင်လောက၏ ရုပ်ပိုင်းဆိုင်ရာကန့်သတ်မှုများကို ကျော်လွန်နေပြီဖြစ်သည်။ ကောင်းကင်များ၏အထက်တွင် ကောင်းကင်ဓား၏ ခုတ်ချက်ကြောင့် အက်ကြောင်းတစ်ခုပေါ်ပေါက်လာ၏။

“အရှင်စီဝေ့ရဲ့ဝိညာဉ်စွမ်းအားကို သုံးထားတဲ့ တိုက်ခိုက်မှုကိုခံရတာ ဂုဏ်ယူစရာပါပဲ”

ဖုန်းရူသည် မော့ကြည့်၍ပြောလိုက်သည်။

“ဒါပေမဲ့ အရှင်စီဝေ့က အရင်တုန်းက မဟာသက်ရှိတစ်ဦးဆိုပေမယ့် သူကသေဆုံးသွားပြီဆိုတော့ ဒီလောကထဲမှ ဆက်မရှိသင့်တော့ဘူး။ ဒီခေတ်ရဲ့ စွမ်းအားအကြီးဆုံးဆိုတဲ့ဂုဏ်ပုဒ်ကို ဒီခေတ်ကလူတွေပဲ ပိုင်ဆိုင်ရမယ်”

သူ၏အသံသည် ထောင်လွှားမှုမရှိသော်လည်း အတန်ငယ်အထက်စီးဆန်ပြီး အသံဩဇာအပြည့်နှင့်ဖြစ်သည်။ သူ လက်မြှောက်လိုက်သောအခါ လောကအတွင်းရှိ စွမ်းအားများအားလုံးသည် သူ့ထံသို့ စတင်စီးဆင်းလာပြီး သူ့လက်ပေါ်တွင် သွားရောက်စုစည်းနေသည်။ ထိုအခိုက်တွင် ဖုန်းရူ၏ခန္ဓာကိုယ်သည် ခံ့ခံ့ညားညား တောက်ပနေပေသည်။ သူသည် ကောင်းကင်ကိုယ်ထည်တစ်ခုကဲ့သို့ ဖြစ်နေပြီး သေမျိုးလောကတွင် ပြိုင်ဘက်ကင်းတစ်ဦးဟု ထင်ရပေသည်။

သူသည် သူ၏လက်များထဲတွင် ပြိုင်ဘက်ကင်းစွမ်းအားများကို စုစည်းပြီးသောအခါ အနန္တကောင်းကင်အလင်းများသည် သူ၏လက်ချောင်းများအတွင်းသို့ စတင်စီးဝင်သွားလေသည်။ သူ၏လက်ချောင်းထိပ်များမှ ထွက်ပေါ်နေသော ကောင်းကင်အလင်းများသည် လောကအတွင်းရှိ အထက်ရှဆုံးဓားသွားများအားလုံးထက် ထက်ရှလေသည်။

“ချမ်ခွင်းလက်ညှိုး”

အဝေးရှိ ယူချင်းဘေးတွင် ရပ်နေသော နတ်ဆိုးအိုတွမ့်ထျန်းက ပြောလိုက်၏။

“ဖုန်းရူက ဒဏ္ဍာရီအတတ်ပညာ ချမ်ခွင်းလက်ညှိုးကို သူ့ဘာသာ ဖန်တီးခဲ့တာပဲ။ အဲ့ဒါက တော်တော်လေး စွမ်းအားကြီးတာပဲ”

“အရှင်စီဝေ့ရဲ့ ကြယ်တာရာကောင်းကင်ဓားကို လက်ညှိုးတစ်ချောင်းထဲနဲ့ ရင်ဆိုင်မှာလား”

သူ့ဘေးရှိ နတ်ဆိုးကျင့်ကြံသူတစ်ဦးသည် ကြားလိုက်ရသောစကားကို မယုံနိုင်ဟန်ဖြင့် တီးတိုးရေရွတ်လိုက်သည်။ ဖုန်းရူသည် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကတည်းက နာမည်ကျော်ကြားခဲ့သူတစ်ဦးဖြစ်သော်လည်း သူထိုမျှယုံကြည်မှုရှိနေသည်မှာ အံ့အားသင့်စရာဖြစ်နေဆဲပင်။

နတ်ဆိုးအိုတွမ့်ထျန်း၏အသံ ထပ်မံထွက်ပေါ်လာ၏။

“အဲ့လက်ညှိုးတစ်ချောင်းမှာ စုစည်းနေတဲ့ စွမ်းအားတွေကို မင်းအာရုံမခံမိဘူးလား။ ကောင်းကင်ပေါ်က ကြယ်တာရာတွေ ဖိနှိပ်ခံလိုက်ရပြီ။ အဲ့လက်ညှိုးက စကြဝဠာရဲ့ စွမ်းအားတွေပါတယ်..ပြီး‌တော့ သူက သူ့ရဲ့အစွမ်းကုန်လုံးကို အဲ့လက်ညှိုးထဲမှ ဖိသိပ်စုစည်းထားတာ။ အဲ့အစွမ်းတွေ ပြန့်ကားထွက်မသွားသေးခင်မှာ အဲ့လိုတစ်နေရာတည်းမှာစုစည်းနေတာကမှ ချမ်ခွင်းလက်ညှိုးရဲ့ ပုံစံအစစ်အမှန်ပဲ။ အစွမ်းတွေ ပြန့်ကားထွက်သွားရင်တော့ အဲ့အစွမ်းတွေက ကောင်းကင်တွေကိုတောင် ဝါးမျိုနိုင်စွမ်းရှိတယ်လို့ ပြောကြတဲ့ ငါ့ရဲ့ လေပွေရိုင်းတွင်းနက်ကိုတောင် ဖျက်ဆီးပစ်နိုင်စွမ်းရှိတယ်”

သူသည် ဖုန်းရူကို လွန်စွာ အမွှန်းတင်လိုက်သည်။ သူ၏မျိုးဆက်အတွင်းတွင်ပင် ထိုအဆင့်ကိုရောက်ခဲ့သော ကျင့်ကြံသူမှာ လက်တစ်ဆုပ်စာမျှသာ ရှိလေသည်။

ယူချင်းနှင့် အခြားနတ်ဆိုးကျင့်ကြံသူများသည် ထိုစကားများကြောင့် တုန်လှုပ်သွားသည်။ နတ်ဆိုးအိုတွမ့်ထျန်း၏ ဝါးမျိုခြင်းစွမ်းအားသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့သိလေသည်။ ထိုစွမ်းအားသည် ကောင်းကင်ကြယ်တာရာများအပါအဝင် အရာအားလုံးကို ဝါးမျိုပစ်နိုင်စွမ်းရှိသည်။ သို့သော် သူသည် ထိုလက်ချောင်းတစ်ချောင်းပေါ်ရှိ စွမ်းအားများ ပေါက်ကွဲပြန့်ကားထွက်သွားလျှင် အရာအားလုံးကိုဝါးမျိုပစ်နိုင်စွမ်းရှိသည့် သူ၏လေပွေရိုင်းတွင်းနက်ကို ဖျက်ဆီးပစ်နိုင်ဟု ဆိုနေပေသည်။

“ဒီကမ္ဘာပေါ်မှာရှိတဲ့ ကျင့်ကြံသူတိုင်းက ကိုယ့်ကျင့်ကြံခြင်းနည်းလမ်းနဲ့ကိုယ်ရှိကြတယ်။ အနန္တနန်းတော်က ကျင့်ကြံသူတွေက အနန္တ၊ အဆုံးမဲ့နဲ့ အကန့်အသတ်မဲ့အတတ်တွေမှာ ကျွမ်းကျင်ကြတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ စွမ်းအားတွေကိုစုစည်းတဲ့နေရာမှာ ကျွမ်းကျင်ကြတယ်။ စွမ်းအားတူတဲ့ အဲ့လိုတိုက်ခိုက်မှုနှစ်ခုကို ဥပမာအနေနဲ့ ကြည့်ကြည့်စမ်းပါ... အဲ့တူညီတဲ့စွမ်းအားတွေကိုပဲ တောင်တစ်လုံးအရွယ်အစားလောက် လျော့ရိလျော့ရဲစုစည်းထားတာနဲ့ ကျောက်ခဲတစ်လုံးအရွယ်အစားလောက် သိပ်သိပ်သည်းသည်း စုစည်းထားတာမှာ ဘယ်ဟာကပိုပြီး ပေါက်ကွဲအားပြင်းထန်မယ်လို့ထင်လဲ”

နတ်ဆိုးအိုတွမ့်ထျန်းသည် ကောင်းကင်ပေါ်ရှိ တိုက်ခိုက်မှုနှစ်ခု တစ်ခုနှင့်တစ်ခု နီးကပ်လာသည်ကို ကြည့်ရင်း ဆက်ပြောလိုက်သည်။

“ပြီးတော့ ချမ်ခွင်းလက်ညှိုးက ကောင်းကင်စွမ်းအားတွေကို စုစည်းပြီး ပြန်ထုတ်လွှတ်တာလို ရိုးရိုးရှင်းရှင်းပဲမဟုတ်ဘူး... ချမ်ခွင်းလက်ညှိုးမှာ လောကအသေးလေးပါတယ်လို့ ပြောကြတယ်... လောကတစ်ခုလုံးရဲ့စွမ်းအားတွေကို လောကအသေးလေးထဲမှာ ဖိနှိပ်စုစည်းထားတာပေါ့... အဲ့လောကအသေးလေးက ဆန်းကြယ်တဲ့စည်းမျဉ်းတချို့အပေါ်မှာ အခြေခံပြီး လုပ်ဆောင်တယ်။ အဲ့ဒါက အဆုံးမဲ့အံဖွယ်ဝင်္ကပါတစ်ခုကို လက်ညှိုးတစ်ချောင်းရဲ့ ထပ်မှာဖိနှိပ်ထားသလိုမျိုးပဲ။ အဲ့ဒါသာ ပေါက်ကွဲထွက်သွားရင် အဲ့ဒါရဲ့စွမ်းအားတွေက ပြိုင်ဘက်ကင်းဖြစ်နေမှာပဲ”

သူပြောပြနေစဉ်တွင် အာကာကောင်းကင်များ၏ ကြီးမားသောစွမ်းအားသည် ဆက်၍ ဆင်းသက်နေ၏။ ထိုစွမ်းအားများသည် သူတို့နှင့်ဝေးကွာသောကောင်းကင်ထက်တွင် ဖြစ်သော်လည်း သူတို့သည် ထိုစွမ်းအားများကို ခံစားနိုင်နေပေသည်။

အရှင်စီဝေ့၏ဝိညာဉ်ပုံရိပ်သည် ကောင်းကင်ဓားနှင့်အတူ ဆင်းသက်လာပြီး ဖုန်းရူမှာ လက်ညှိုးတစ်ချောင်းကို ကောင်းကင်သို့ထောင်ထားလေသည်။ ထိုတိုက်ခိုက်မှုနှစ်ခုသည် အရွယ်အစားမတူပေ။ ထိုအခိုက်တွင် ဖုန်းရူသည် လွန်စွာသေးငယ်ကာ အားနည်းနေပုံပေါ်နေလေသည်။ မည်သည့်တိုက်ခိုက်မှုမဆို သူ့ကို အမှုန့်ခြေပစ်နိုင်မည့်ပုံပေါ်နေ၏။

သို့သော် ထိုတိုက်ခိုက်မှုနှစ်ခု အမှန်တကယ်ထိတွေ့သွားသောအခိုက်တွင် ကောင်းကင်ပေါ်တွင် တစ်ပြိုင်တည်း ပေါက်ကွဲထွက်ပေါ်လာသော အရာအားလုံးကို လွှမ်းခြုံသွားသည့် စူးရှသည့်အလင်းများကြောင့် အောက်ရှိ ကျင့်ကြံသူများ မျက်စိကျိန်းသွားလေသည်။ ကောင်းကင်ကြယ်တာရာများသည် တစ်စစီဖြစ်သွားကာ အဆက်မပြတ်ပေါက်ကွဲသွား၏။ အစောပိုင်းကပင် အံ့အားသင့်ဖွယ်စွမ်းအားကြီးခဲ့သော ကောင်းကင်ဓားကြီးသည်ပင် တဖြည်းဖြည်းဖြင့် အစိတ်စိတ်အမွှာမွှာဖြစ်သွားလေတော့သည်။ ပေါက်ကွဲမှုအရှိန်များသည် အထက်သို့ဆက်တက်သွားရာ အဝေးရှိ ကြယ်တာရာအစုအဝေးမှ ကြယ်တာရာများပင် ပျက်ဆီးသွားလေသည်။

ကောင်းကင်ပေါ်ရှိ မျက်စိကျိန်းဖွယ်တောက်ပနေသောအလင်းကြောင့် လူအများအပြားသည် ဖြစ်ပျက်နေသောအရာများကို မမြင်နိုင်ကြပေ။ သို့သော် နောက်ဆုံးတွင် အလင်းပျောက်ကွယ်သွားသောအခါ ကောင်းကင်ဓားကြီးသည် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူတို့မြင်လိုက်ရသည်။

ကောင်းကင်ထက်တွင် အရှင်စီဝေ့၏ဝိညာဉ်ပုံရိပ် ရှိနေသေးပေသည်။ ရီဖူရှင်းလည်း ရှိနေသေးသည်။ သို့သော် သူ၏အရှိန်အဝါသည် အားနည်းနေပြီး သူသည် တုန်တုန်ယင်ယင်ဖြစ်နေလေသည်။

သူ့အောက်ရှိဖုန်းရူသည် ကောင်းကင်ပေါ်မှနေ၍ အောက်သို့အတန်ငယ်နိမ့်ဆင်းသွား၏။ သူ၏အရှိန်အဝါသည်လည်း မတည်မငြိမ်ဖြစ်နေသည်။ သူ၏ ကိုယ်နေဟန်ထားသည်လည်း ယခင်ကကဲ့သို့ တည့်မတ်မနေတော့ပေ။

“အရှင်စီဝေ့ရဲ့စွမ်းအား... အဲ့ဒါက ဒဏ္ဍာရီတွေထဲမှာ ပြောထားတဲ့အတိုင်း တကယ်အားကောင်းတာပဲ။ ဒါပေမဲ့ အဲ့ဒါက မဟာအင်ပါယာရဲ့ဝိညာဉ်စွမ်းအားလေးပဲလေ... တကယ့် မဟာအင်ပါယာအစစ်မှမဟုတ်တာ”

ဖုန်းရူသည် ကောင်းကင်ပေါ်တွင် ရပ်နေသော ရီဖူရှင်းကိုကြည့်၍ ပြောလိုက်သည်။

“ပြီးတော့ ဒါက မင်းရဲ့စွမ်းအာမှမဟုတ်ာ... အဲ့တော့ မင်းငါ့ကို ကောင်းကင်စွမ်းအားအစစ်အမှန်ကို မပြပေးနိုင်ပါဘူး”

All Chapters