← Chapters

Live လွှင့်ကာ ရှေး‌ဟောင်းသင်္ချိုင်းဂူတူးဖော်ခြင်း

Vol. 6 Ch. 55

Live လွှင့်ကာ ရှေး‌ဟောင်းသင်္ချိုင်းဂူတူးဖော်ခြင်း

Vol. 6 Ch. 55

“ရှေးဟောင်းသုတေသီများရဲ့ ကြိုတင်စစ်ဆေးချက်များအရ  ဒီသင်္ချိုင်းဂူက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၉၁ နှစ်အကြာမှ  X မင်းဆက်ရဲ့ သင်္ချိုင်းဂူဖြစ်ကြောင်း သိရပါတယ်၊ သင်္ချိုင်းဂူ၏ ပိုင်ရှင်ကတော့ X မင်းဆက်ရဲ့ တတိယအင်ပါယာ ဖြစ်တယ်လို့လည်း သိရပါတယ်၊

အခုချိန်ထိတော့ သင်္ချိုင်းဂူအတွက် အပေါက်တစ်ခုမှ မတွေ့ရသေးပါဘူး၊ သင်္ချိုင်းထဲမှာရှိတဲ့ အသုဘပစ္စည်းများကလည်း ပျက်စီးမှု လုံးဝမရှိဘဲ ကောင်းစွာ ထိန်းသိမ်းထားနိုင်ခဲ့ပြီး ရှေးဟောင်းသုတေသနရှာဖွေမှုများအတွက်လည်း အင်မတန်တန်ဖိုးရှိတဲ့ အရာများဖြစ်နေကြောင်း သိရပါတယ်၊

ကျွန်တော်အနေနဲ့ ကျွန်တော်တို့ကို ရှေးဟောင်းသမိုင်း သုတေသနပြုလုပ်ရန်အတွက် သင်္ချိုင်းဂူတည်နေရာကို ပြပေးနိုင်တဲ့၊ သဲလွန်စများကိုပေးခဲ့တဲ့ သတင်းပေးပြည်သူ မစ္စကုကျစ်စုန့်ကိုလည်း ဒီနေရာကနေ ကျေးဇူးတင်စကားပြောချင်ပါတယ်”

[??? ငါ့မျက်လုံးပဲ မှားနေတာလား? ကမ္ဘာကြီးကပဲ မှော်ဆန်လွန်းနေတာလား? ငါက ဒါကို ဒီအတိုင်းဖွင့်ပြီး ဖတ်ကြည့်လိုက်ရုံပဲလေ၊ ရှေးဟောင်းဌာနကို သဲလွန်စပေးခဲ့တာက ငါတို့သိတဲ့ ကုကျစ်စုန့်လား? ဒါက ကမ္ဘာလုံးဆိုင်ရာ ဟာသလုပ်နေတာလားဟ…]

[ဒါက အဲဒီတစ်ယောက် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ငါကတော့ မယုံဘူး၊ အဲဒီမင်းသမီးက ပြဿနာခဏခဏရှာတဲ့ တစ်ယောက်မဟုတ်ဘူးလား?]

[မျက်စိနှစ်လုံးဖွင့်ပြီး သေချာကြည့်ဦး ရှုန်းတိ၊ ဒါက တောင်ပိုင်းပြည်နယ်ရဲစခန်းရဲ့ တရားဝင် V အကောင့်နော်! ဘယ်သူက တရားဝင်အကောင့်နဲ့ မျက်နှာပြောင်ရဲမှာလဲ!]

[ဒီလိုသတင်းတုလို့ ထင်ရတဲ့သတင်းက တကယ်ကြီးလားဟ? အလယ်ပိုင်းရဲစခန်းကလည်း Share ထားတယ်နော်!]

တရားဝင်အကောင့်များစွာက ထိုပိုစ့်အား ပြန်လည်မျှဝေကာ Like ပေးထားသည်ကို မြင်ရတော့မှ ယုံရခက်၊ မယုံရခက်ဖြစ်နေသော ဝေဖန်ရေးဆရာများ အုတ်အော်သောင်းနင်းဖြစ်ကုန်ကြတော့သည်။

[တောင်ပိုင်းပြည်နယ်? ဖော့ဖော့တောင်က တောင်ပိုင်းပြည်နယ် နယ်စပ်မှာရှိနေတာ မဟုတ်ဘူးလား? မနေ့က တိုက်ရိုက်ထုတ်လွှင့်တာ ရပ်ပြီးတဲ့နောက်မှာ ဘာတွေ ဆက်ဖြစ်သွားကြတာလဲ?? မြန်မြန်လေး တစ်ယောက်လောက် ပြောပြပေးကြပါ!]

[ငါက ဒီအတိုင်းဖြတ်သွားဖြတ်လာမြင်တဲ့သူပါ၊ ငါက အနုပညာနယ်ပယ်သတင်းတွေကို သိပ်စိတ်မဝင်စားဘူး၊ တစ်ခုလေးပဲ သိချင်တာ၊ အခုနောက်ပိုင်း အနုပညာရှင်တွေက နာမည်ကြီးလွန်းလို့ ရှေးဟောင်းသုတေသနနယ်ဖက်ကိုပါ ပါလာကြတာလား??]

[ကုကျစ်စုန့်!! မင်းက အခုကစပြီး သမိုင်းကျောင်းသားတွေရဲ့ နတ်ဘုရားမပဲ! ငါ့ပတ်ဝန်းကျင်က ကျောင်းသားတွေရော ဆရာတွေရော ရူးကုန်ကြပြီ!

ငါ မင်းတို့ကို လူသိများတာလေးတစ်ခုလောက် ပြောပြမယ်နော်၊ အဲဒီ သင်္ချိုင်းဂူပိုင်ရှင်က X မင်းဆက်ရဲ့ အရှုပ်ထွေးဆုံးနဲ့ တန်ဖိုးအရှိဆုံး ဧကရာဇ်ပဲ၊ သူရဲ့ ကိုယ်ရေးအချက်အလက်နဲ့ မှတ်တမ်းအချို့ သမိုင်းမှာ ရှိတယ်၊

ကုကျစ်စုန့်က သူ့ရဲ့ သင်္ချိုင်းဂူကို ရှာတွေ့နိုင်ခဲ့တာဆိုတော့ အခု သူမရဲ့နာမည်ကလည်း သမိုင်းစာအုပ်တွေမှာ မှတ်တမ်းတင်ခံရတော့မှာပဲ!!]

[ပြောစရာစကားတောင် ဆွံ့အသွားတယ်၊ သင်္ချိုင်းဂူလေးတစ်ခုလောက် ရှာတွေ့ခဲ့များ၊ သိပ်ပြီး ကြေညာပြမနေပါနဲ့လား? ငါ ကုကျစ်စုန့်ကို မြင်ရင် ဒီစကားသုံးလုံးကိုပဲ သတိရတယ်: အန်ထွက်ချင်နေပြီ..]

[ပရိတ်သတ်အသစ်တစ်ယောက်ပါ၊ ငါမနေ့က မြင်လိုက်ပြီးနောက် ဒီချောက်ထဲ ကျလာတော့တာပါပဲ၊ ကုကျစ်စုန့်ကို ရဲတွေကတောင် ဖြောင့်မတ်လို့ ချီးကျူးနေကြတာကို မင်းတို့တွေ ရိုင်းရိုင်းစိုင်းစိုင်းတွေ မပြောလို့ ရမလား? ဒီနေ့ကစပြီး ငါ ဖန်အစစ်ဖြစ်ပြီလို့ ကြေငြာလိုက်တော့မယ်]

[… …]

အွန်လိုင်းပေါ်တွင် အပူရှိန်များ ဆက်လက်ထိုးတက်နေဆဲမှာပင် နိုင်ငံ့ရှေးဟောင်းသုတေသနဌာနမှ သတင်းကြီးတစ်ခု ထုတ်လွှင့်လိုက်ပြန်သည်။

“ဒီရှေးဟောင်းသုတေသနအစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်သွားမှာပဲဖြစ်ပါတယ်၊  ရှေးဟောင်းနှင့် သမိုင်းအကြောင်းတို့အား စိတ်ဝင်စားသူတိုင်း လာရောက်ကြည့်ရှုဖို့ ကြိုဆိုလိုက်ပါတယ်~

ကျွန်တော်တို့က သင်္ချိုင်းဂူအတွင်းမှာ ရှာတွေ့နိုင်တဲ့ ရိုးရာအမွေအနှစ်တွေ၊  သမိုင်းဝင်ပစ္စည်းတွေ၊ ပန်းချီကားတွေနဲ့ မင်းဆက်ရဲ့ သမိုင်းကြောင်းတို့ကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်၊

@ကုကျစ်စုန့် gzs ကိုလည်း ရှေးဟောင်းသုတေသနရှာဖွေမှုမှာ  အကူအညီပေးခဲ့တဲ့အတွက် ထပ်ပြီး ကျေးဇူးတင်ပါတယ်”

ဖြတ်လျှောက်များနှင့်၊ black fan များပါ ဤသည်ကို လက်ခံလိုက်ရတော့မည်။ ကုကျစ်စုန့် ယခု လုပ်ခဲ့သည့် လုပ်ဆောင်ချက်များမှာ အသိုင်းအဝိုင်းထဲမှ မည်သည့်အနုပညာရှင်ကမှ တုပလို့ မရသည့် အရာများဖြစ်နေခဲ့လေသည်။

မည်သည့်နေရာတွင် မည်သည့်အရာများဖြစ်နေပြီလည်းဟူသည်ကို အနံ့ခံနေသည့် အနုပညာရှင်များသည်လည်း တရားဝင်ရုံးဌာနများမှ ချီးမွမ်းခံရခြင်းဟူသည်မှာ ဖြတ်လျှောက်များကို အရှိန်အဟုန်ဖြင့် ဆွဲဆောင်နိုင်သည့် သဘာဝတစ်ခုဖြစ်ကြောင်းကို သိနေခဲ့သည်။

ကုကျစ်စုန့်က ပြောင်းလဲတော့မည်!

အင်တာနက်ပေါ်တွင် အကြိတ်အနယ်ဆွေးနွေးပွဲများ ဆက်လက်ဖြစ်ပေါ်နေပြီးနောက် ကမ္ဘာ၏ အခြားတစ်ဖက်တွင်လည်း ‘ဝိဉာဉ်ရေးရာ’ အစီအစဉ်၏ တတိယပိုင်းကြောင့် ဆူပွက်နေခဲ့ကြသည်။

မြေအောက်ကမ္ဘာတွင် ငရဲတံခါးဝမှ စန်းထူမြစ်အထိ ဝိဉာဉ်များ ရှိသည့်နေရာတိုင်းတွ အားလုံးက အုပ်စုငယ် အုပ်စုကြီး စုဝေးကာ စိတ်လှုပ်ရှားမှုကြောင့် ဆူညံနေကြသည်။

အတင်းအဖျင်းဆိုသည်မှာ ဝိဉာဉ်ဖြစ်စေ၊ လူဖြစ်စေ စိတ်ဝင်စားစရာအကောင်းဆုံး အရာဖြစ်သည်လေ။

ပိုဆိုးသည်က ဤဝိဉာဉ်များသည် မြေအောက်ကမ္ဘာတွင် တစ်နှစ်ပတ်လုံး အကျဉ်းချခံထားရသကဲ့သို့ဖြစ်နေခဲ့ကာ ယခုကဲ့သို့ စိတ်လှုပ်ရှားစရာသတင်းက သူတို့အား ရူးသွပ်လုနီးပါးဖြစ်စေသည်။

“မင်းတို့ တတိယပိုင်း ကြည့်ပြီးသွားပြီလား? ငါ နံပါတ် (၇) ကို အရမ်း သဘောကျတာပဲ၊ သူက အဲဒီမွေးဖွားခြင်းဆုတောင်းပွဲနောက်က ကျိန်စာကို မြင်နိုင်တယ်”

“အင်တာနက်မှာ ပြောတာတော့ သူတို့က (၁၄)ထပ်မြောက်ငရဲက တစ္ဆေဘုရင်ရဲ့ သင်္ချိုင်းကို တူးဖော်တာကို တိုက်ရိုက်လွှင့်မယ်ဆိုပဲ၊ ငရဲရဲ့ သခင် (၁၀) ပါးကို ဒီလိုမျိုးအစီအစဉ်နဲ့ မိတ်ဆက်ပေးလို့ ရရဲ့လား? ငါကတော့ မြေအောက်ကမ္ဘာကနေ ထွက်ပြေးပြီး လူ့ပြည်ကို သွားကြည့်ချင်နေပြီ!”

“ကြားပြီးပြီလား? (၁၄)ထပ်မြောက်ငရဲရဲ့ တစ္ဆေဘုရင်က အဲဒီကုကျစ်စုန့်ကြောင့် ဒေါသူပုန်ထနေတယ်တဲ့”

“ဘုရားရေ၊ ယင်ယန် ကမ္ဘာက လူတွေရော ဝိဉာဉ်တွေပါ သရဲဘုရင်ရဲ့ သေပြီးသားပုံကို မြင်ကုန်ကြတော့မှာ မဟုတ်ဘူးလား? အဲလိုသာဆိုလို့ကတော့ ငါအခုပဲ လူပြန်ဝင်စားတော့မယ်1”

“၁၄ထပ်မြောက်ငရဲရဲ့ တစ္ဆေဘုရင်က သေတာ နှစ် ၆၀၀ တောင်ကြာပြီဆို၊ ဒါဆို သူ့အဝတ်တွေလည်း ဆွေးနေရောပေါ့၊ ဒါဆို သူ ဖင်ပြောင်နဲ့ ဖြစ်နေမှာမဟုတ်ဘူးလား”

“ဘာမဟုတ်တာတွေ လျှောက်တွေးနေတာလဲ? ဒီအချိန်ဆို သူ့ဖင်လည်း ဆွေးလောက်ရောပေါ့…”

“ဟီးဟီး၊ တစ္ဆေဘုရင်ရဲ့ အလောင်းတဲ့၊ ငါတော့ မြင်ချင်နေပြီ”

“… …”

ငရဲ၏ တရားရုံးဆယ်ခု ခန်းမထဲတွင်၊ မည်းနက်စိမ်းဖန့်နေသော ဝိဉာဉ်စွမ်းအင်များကြားတွင် ဒေါသအိုးပေါက်ကွဲနေသော မျက်နှာတစ်ခုက မှုန်ကုတ်နေသည်။ ထိုသူသည်ကား ၁၄ထပ်မြောက်ငရဲ၏ တစ္ဆေဘုရင်ဖြစ်ချေသည်။

တစ်နည်းဆိုရသော် ဖော့ရှီရွာမှ သင်္ချိုင်းဂူ၏ပိုင်ရှင်လည်း ဖြစ်သည်။ လက်ရှိတွင် ဒေါသထွက်လွန်းနေသောကြောင့် သူ့၏ဝိဉာဉ်ပုံစံကိုတောင် မပြောင်းလဲနိုင် ဖြစ်နေခဲ့သည်။

“ အဲဒီမိန်းမကို သတ်ပစ်ရမယ်၊ ဒီလောက်တောင် အတင့်ရဲရလား?!”

ဧကရာဇ်မျိုးဆက်ဖြစ်သည့်အလျောက် သေဆုံးပြီးချိန်၌ သူသည် (၁၄)ထပ်မြောက်ငရဲ၏ တစ္ဆေဘုရင်ဖြစ်လာခဲ့သည်။ သူပြုခဲ့သည့် ကောင်းမှုများကြောင့် ဘုရင်အဖြစ်ဆက်ရှိနေခဲ့သော်ငြား သတ်ဖြတ်ခဲ့ခြင်းပြစ်မှုများကြောင့် ငရဲတွင် ပိတ်မိနေခဲ့ရပြန်သည်။

သို့သော်လည်း ယခုအချိန်တွင် သူသည်ကား ငရဲပြည်၏ ဟာသတစ်ခုဖြစ်လာခဲ့ရသည်။ သင်္ချိုင်းထဲမှ သူ၏ အလောင်းက တိုက်ရိုက်ထုတ်လွှင့်သည့် ကင်မရာတွင် ဖော်ပြခံရတော့မည်ဖြစ်ကာ အများပြည်သူ၏ ကဲ့ရဲ့စရာအရာတစ်ခုဖြစ်လာတော့မည်လေ!

အမြဲတစ်စေ မာနခေါင်ခိုက်နေခဲ့သော တစ္ဆေဘုရင်မှာ ထိုကိစ္စကို မည်သို့ လက်ခံနိုင်မည်နည်း။ သူ၏ ဖွဲ့စည်းပုံကို ဖျက်ဆီးကာ သင်္ချိုင်းနေရာကို ဖော်ခဲ့သော် ကုကျစ်စုန့်ကို တစ်စစီဆွဲဖြဲပစ်ချင်နေသည်။ 

(၇)ထပ်မြောက်ငရဲ၏ တစ္ဆေဘုရင်မှာ သူနှင့် ဆက်ဆံရေးအဆင်ပြေသောကြောင့် သူ့၏စကားကို ကြားသည်နှင့် ချက်ချင်း ပြာပြာသလဲ တားရှာသည်။

“ရှုန်းတိ အဲ့လိုလုပ်လို့ မရဘူးလေ၊ မင်းက အခု ငရဲပြည်ရဲ့ ယင်အရာရှိဖြစ်နေပြီ၊ တကယ်လို့ လူ့ပြည်က လူသားကို တိုက်ခိုက်ခဲ့ရင် ကောင်းကင်ဘုံက အပြစ်ပေးတာကို ခံရမှာနော်! အဲဒီအပြစ်ပေးတာက သာမန် ဝိဉာဉ်တွေကို အပြစ်ပေးတာထက် အဆတရာပိုဆိုးတယ်၊ ပြီးတော့ အဲဒါက ရုပ်အလောင်းသက်သက်ပဲကို၊ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းကပြီးခဲ့ပြီးသားလေ၊ မေ့လိုက်ကြရအောင်”

“ပြီးတော့ ဘုရင့်သားတွေ၊ စစ်သူကြီးတွေထဲက ဘယ်သူ့ရဲ့သင်္ချိုင်းကများ အတူးမခံရတာ ရှိသေးလို့လဲ? သူတို့ရဲ့ အသုဘပစ္စည်းတွေနဲ့ ရွှေချည်မျှင်ဝတ်ရုံတွေလည်း အခုဆို ပြတိုက်ထဲ ရောက်နေလောက်ပြီ၊ မင်းအဖေနဲ့ အဘိုးရဲ့ သင်္ချိုင်းတွေတောင် အတူးခံရပြီးပြီလေ”

(၇)ထပ်မြောက်ငရဲ တစ္ဆေဘုရင်၏ စိတ်ထဲတွင်တော့ ကြိတ်ငိုနေခဲ့သည်။ သူ့၏သူငယ်ချင်းက ရက်စက်လွန်းအားကြီးလွန်းသည်။

ထို့အတူ လူ့ပြည်မှ ထူးခြားပညာရှင်ကလည်း ဆိုးဝါးလွန်းသည်။ သူမက နာမည်ကြီးပညာရှင်တောင် မဟုတ်သေးသော်လည်း မြေအောက်ကမ္ဘာကို ဝင်ချေ၊ထွက်ချေလုပ်နေသည့် အကြိမ်ရေကို ကြည့်ရခြင်းအားဖြင့် သာမန်တော့ လုံးဝမဟုတ်နိုင်ချေ။ သူ့သူငယ်ချင်းနဲ့ ထိုတောက်ကျန့်သာ တိုက်ခိုက်ပါက အဆုံးသတ်တွင် မည်သူကသေဆုံးမည်လဲဆိုသည်မှာ ပြောရခက်လှသည်!

“ရုပ်အလောင်းလေးသက်သက်ပေါ့? မင်းက အရမ်းကို ပေါ့ပေါ့လေးပြောလိုက်တာပဲ! ငါဘုရင်က ဘယ်တုန်းက ဒီလို အရှက်ခွဲခံခဲ့ရဖူးလို့လဲ? ငါက ဧကရာဇ်အရှင်တစ်ယောက်ကွ၊ သာမန်လူတွေနဲ့ ဒီဘုရင်ကို လာယှဉ်လို့ရမလား?!”

၁(၄)ထပ်မြောက်ငရဲ၏ တစ္ဆေဘုရင် ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။

“ဒီသာမန်လူတန်းစားတွေက သက်သက်မဲ့စော်ကားနေတာကို ငါဘုရင်က ဘယ်လိုများ ထိုင်ကြည့်နေရမှာလဲ?!”

(၇)ထပ်မြောက်ငရဲရဲ့ တစ္ဆေဘုရင် ခဏမျှတိတ်သွားပြီးနောက်:

“ရှုမ်းတိ၊ မင်းရဲ့ ဝိဉာဉ်စွမ်းက လျော့လာတာကို သတိမထားမိဘူးလား?”

(၁၄)ထပ်မြောက်ငရဲ၏ တစ္ဆေဘုရင်မျက်နှာက ရုတ်တရက် ရှုံ့မဲ့သွားသည်။

“အဲဒါက ဝိဉာဉ်ချုပ်ထိန်းခြင်းအစီအရင်ကနေ တန်ပြန်တာပဲလေ၊ တကယ်လို့ သင်္ချိုင်းဂူကိုသာ တိုက်ရိုက်ထုတ်လွှင့်ခဲ့မယ်ဆိုရင် မင်းရဲ့ တည်ငြိမ်မှုအရှိန်က ပိုပြီးလျော့ကျလာမှာပဲ! အခုဒီနေရာကို ရောက်ဖို့ မင်းအများကြီး ကြိုးစားခဲ့ရတာ ရာထူးကကျဆင်းသွားချင်လို့လား???”

သာမန်ဝိဉာဉ်များနှင့် မတူညီသည်က တရားရုံးသခင် တစ္ဆေဘုရင်များသည် ကျင့်ကြံမှုအခြေခံမြင့်သော ဝိဉာဉ်ကြီးများ ဖြစ်ကြသောကြောင့် မြေအောက်ကမ္ဘာ၏ သခင်ဆိုသည့် ခေါင်းစဉ်ကို လက်ခံရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တခြားသောဝိဉာဉ်များကို ရှုံးနိမ့်သွားပါက ထိုခေါင်းစဉ်ကို အလုခံရလိမ့်မည်။

မြေအောက်ကမ္ဘာတွင် နျို့ထောင်ကဲ့သို့ အားပြင်းကာ ရက်စက်သော ဝိဉာဉ်များ ရှိကြသည်။ ထိုဝိဥာဥ်များအားလုံးကလည်း တစ္ဆေဘုရင် ဖြစ်ချင်နေခဲ့ကြသည်။ ထိုစွမ်းအားမြင့် ဝိဉာဉ်များမှာ တစ္ဆေဘုရင်ဖြစ်ရန် အဆင့်တစ်ဆင့်သာ လိုတော့သည်ပင်!

ထို့ကြောင့် ယခုအချိန်အခါတွင် ၁၄ထပ်မြောက်ငရဲရဲ့ တစ္ဆေဘုရင် အမှန်တကယ် စိတ်ပူရမည့်ကိစ္စမှာ လူ့ပြည်တွင် တူးဖော်ထုတ်ခံရကာ လေ့လာ၊ သုံးသတ်၊ အရှက်ခွဲခံရမည့် အလောင်းကို မဟုတ်ဘဲ ကျင့်ကြံမှု စွမ်းအား လျော့ကျမှုကိုပင် ဖြစ်သည်။ သို့မဟုတ်ပါက သူသည် သူ့အား ဆွဲချချင်နေကြသော ရန်လိုနေသည့် ဝိဉာဉ်ပေါင်းမြောက်မြားစွာအား ရင်ဆိုင်ရမည်ဖြစ်သည်!

၁၄ထပ်မြောက်ငရဲ၏ တစ္ဆေဘုရင်မှာ ဖြူဖတ်ဖြူရော်ဖြစ်သွားကာ လျှင်မြန်စွာ လှည့်ထွက်သွားတော့ခဲ့တော့သည် … …

*

All Chapters