← Chapters

အရှက်ရအောင် ကောင်းကင်တွင် ရိုက်နှက်ပြခြင်း ... ။

Vol. 36 Ch. 425

အရှက်ရအောင် ကောင်းကင်တွင် ရိုက်နှက်ပြခြင်း ... ။

Vol. 36 Ch. 425

ကောင်းကင်ပေါ်ရှိ တိုက်ပွဲကို ကြည့်ကာ မြို့တွင်းရှိ ကျင့်ကြံသူများ အားလုံးသည် ဝင်္ကပါ စွမ်းအား လုံးဝပြောင်းလဲသွားကြောင်း သတိထားမိလာသည်။

“ ဦးလေး ... ။ ”

ရတနာသင်္ဘောပေါ်တွင် ခရမ်းရောင်ဆံပင်နှင့် ရွှေရောင်သရဖူ‌ဆောင်း လူငယ်က မျက်နှာပျက်ယွင်းလာ၏။

“ မကောင်းတော့ဘူး ဒီဖွဲ့စည်းမှုကို တာဝန်ယူဖို့ အလွန်အစွမ်းထက်တဲ့ ပညာရှင် တစ်ယောက် ရှိနေပြီ။”

သွေးအရိပ်အသံက အလျင်လိုလာ၏။ သူ့တစ်ကိုယ်လုံး နတ်ဆိုးမီးလျှံများ ထူထည်းစွာ ဝိုင်းရံစေလျက် သတိကြီးစွာထားခဲ့သည်။

“ ဝူး ... ။ ”

“ ဝုန်း ... ။ ”

ထိုစဉ် ပေတစ်ထောင်မြင့်သော ဆေးအိုးကြီးက ဒုတိယအကြိမ် ပျံသန်းလာပြီ ဖြစ်၏။ ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း အချိန်မမီတော့သဖြင့် ခက်ခက်ခဲခဲ တွန်းထုတ်လိုက်ရသည်။

“ ရှမိသားစု၊ မင်းငါ့ဟွမ်မိသားစုနဲ့ ကစားချင်နေတာ သေချာလား။ ”

သွေးအရိပ်က ဒေါသတကြီးဖြင့် ကြောက်မက်ဖွယ် နတ်ဆိုးသွေးစွမ်းအင်များ ဖွင့်ထုတ်ပစ်လိုက်သည်။

“ တွေ့လား ... ဝင်္ကပါကို မှန်မှန်ကန်ကန် အသုံးပြုနိုင်ရင် ဝိညာဉ်တာအိုနယ်ပယ်ဆိုတာ ကြောင်တစ်ကောင်လက်က ကြွက်လိုပဲ။ ”

စုရီက ဝမ်လျူကို ပြောကြားနေလျက်မှ တံဆိပ်များရေးထွင်းကာ တားမြစ်ဝင်္ကပါအပေါ် ထပ်မံ အသက်သွင်းလိုက်ပြန်သည်။ သူ့ဘေးရှိ ဝမ်လျူခမျာ ရှက်ရွံ့နေတော့၏။

ဤနှစ်များတစ်လျှောက် သူသည် ဝင်္ကပါဖွဲ့စည်းခြင်းအပေါ် ကောင်းစွာ ထိန်းချုပ် ကျွမ်းကျင်ပိုင်နိုင်သည်ဟု ထင်ခဲ့သည်။

သို့သော် ယခုစုရီ၏ နည်းလမ်းကို မြင်လိုက်ရချိန်၌ ပိုးစုန်းကြူး အလင်းရောင်သည် နေနှင့်လ၏ တောက်ပမှုကို တုပသည့်အလား ရယ်စရာကောင်းနေ၏။

လူလတ်ပိုင်းအရွယ် အမျိုးသားက တစ်ဦးတည်း အံ့အားသင့်လျက် နှလုံးခုန်သံ မြန်သွားတော့သည်။

စုရီ၏စကားများကဲ့သို့ပင် ဝင်္ကပါ၏ စွမ်းအားအစစ်အမှန်ကို သူ မမြင်နိုင်ခဲ့ကြောင်း လက်ခံလိုက်ရ၏။

သို့သော် သူ့အပြစ်မဟုတ်ချေ။ ဤဝင်္ကပါသည် ရှေးခေတ်တည်းက တည်ရှိခဲ့ပြီး နှစ်ထောင်ပေါင်းများစွာတွင် အသုံးပြုခဲ၏။

၎င်းကို အသုံးပြုသည့် အချိန်တိုင်း ရန်သူအပေါ်သတ်ရန် စွမ်းအားအနည်းငယ်သာ လိုအပ်ခဲ့သည်။

အနှစ် (၃၀၀၀၀) အမှောင် တားမြစ်စွမ်းအားများ၏ တိုက်စားခံရမှုကြောင့် သာလျှင် ဤမျှယို့ယွင်းလာခြင်းပေပင်။

နောက်ဆုံးတွင် ဤဖွဲ့စည်းမှုသည် အလွန်ဟောင်းနွမ်းပြီး ဆိုးရွားစွာ ပျက်စီးနေပြီ ဖြစ်သည်။

စုရီကြောင့်သာမဟုတ်သော် စွမ်းအားကို ဤအတိုင်းအတာအထိ ထုတ်လွှတ်ရန် အခြား မည်သူမဆိုအတွက် ခက်ခဲပေလိမ့်မည်။

“ ဘုန်း ... ။ ”

ထိုအချိန်တွင် ကောင်းကင်ထက်တွင် သွေးအရိပ်သည် ဆေးအိုးဖြင့် ရိုက်နှက်ခံနေရပြီး တရွေ့ရွေ့ ပြန်လည်ဆုတ်ခွာနေရသည်။

အဆုံးတွင် အလွန်အမင်း ရှက်ရွံ့လာပြီး အံကြိတ်လျက်၊

“ ရှောင်ဝမ် ... အမှောင်မိစ္ဆာနေပြာထီး ငါ့ကိုပေး။ ”

-ဟု တောင်းဆိုလိုက်၏။

ရတနာသင်္ဘောပေါ်ရှိ အမျိုးသမီးက ခေါင်းညိတ်လျက် အရိုးထီးတစ်လက်ချက်ချင်း ပစ်ပေးလိုက်ရသည်။

“ ဖရူး ... ။ ”

“ ဝုန်း ... ။ ”

သွေးအရိပ်က ထီးကိုဖမ်းယူကာ ဖွင့်လိုက်တော့၏။ ရုတ်တရက် အပြာရောင် နေမင်းကြီး ထွက်ပေါ်လာကာ ဆေးအိုးကြီးကို အမှန်တကယ် ပိတ်ဆို့ထားလိုက်သည်။

ဤထီးသည် ဟွမ်မျိုးနွယ်၏ မှော်ရတနာ ကိုးပါးအနက်မှတစ်ပါးဖြစ်သည်။ လူလတ်ပိုင်း အရွယ် အမျိုးသားခမျာ မျက်ဝန်းများ အနည်းငယ် မှေးစင်းသွား၏။

၎င်းသည် ဝိညာဉ်အဆင့်လက်နက်သာ ဖြစ်သော်လည်း စွမ်းအားသည်တုနှိုင်းမရနိုင်ချေ။ ထိုထီးကြီးမှ ထုတ်လွှတ်နေသော အပြာရောင် နတ်ဆိုးမီးတောက်သည် တောင်နှင့်မြစ်များကို အလွယ်တကူလောင်ကျွမ်းစေနိုင်၏။

ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးသည်ပင် အသွေးနှင့်အသက်စွမ်းအားများ ချက်ခြင်းလောင်ကျွမ်းစေပေမည်။

“ ဝိညာဉ်လက်နက်လေးလား။ ”

စုရီက အနည်းငယ် ခေါင်းခါယမ်းလိုက်ပြီး ဝင်္ကပါစွမ်းအားကို ပြန်စုစည်းကာ ဓားတစ်လက် အဖြစ် ဖန်တီးလိုက်သည်။

“ သွား ... ။ ”

ထို့နောက် အပြာရောင် နတ်ဆိုးမီးတောက်များကို ဖြတ်တောက် စေတော့၏။

“ ဖရူး ... ။ ”

အမှောင်မိစ္ဆာနေပြာထီးသည် ကြောက်မက်ဖွယ် ဓားစွမ်းအား၏ဖိအားကို ခံနိုင်ရည်မရှိတော့သကဲ့သို့ ပြင်းစွာ တုန်ခါလာသည်။

အဆုံးတွင် သွေးအရိပ်သည် မျက်နှာပြောင်းသွားပြီး ဆုတ်ခွာရန် ဆုံးဖြတ် လိုက်‌၏။ သို့သော် မအောင်မြင်ချေ။

ဓားရောင်ဝါက သူ့ကိုကန့်သတ်ထား၏။ အဖျားခတ်မှုကြောင့် ဝိညာဉ်ခန္ဓာသည် မှုန်ဝါးဝါး ဖြစ်လာခဲ့သည်။ ပြင်းထန်စွာ ဒဏ်ရာရရှိ သွားခြင်းမည်၏။

“ ဟမ့် ... ငါ့ရဲ့ အထွတ်အထိပ်မှာဆိုရင် ဒီဓားလောက်ကို ... ။ ”

သူ့စကားမဆုံးခင် ဓားအလင်းက ကြာပွတ်အဖြစ်သို့ ပြောင်းလဲပြေးဝင်လာခဲ့၏။ လေဟာနယ်ပြိုကျသွားပြီး အဖျက်စွမ်းအားများ ပြည့်နှက်သွားချေပြီ။

“ ဝှီး ... ။ ”

“ ဘုန်း ... ။ ”

အမှောင်မိစ္ဆာ နေပြာထီးသည် မြည်ကြွေးသံကိုထုတ်လွှတ်ပြီး ထီးအရွက်များ ပြတ်ကျလုမတတ် ဖြစ်လာ၏။

သွေးအရိပ်သည်လည်း ပြင်းထန်စွာ ရိုက်နှက်ခံရသကဲ့သို့ ယိမ်းထိုးမှုန်ဝါးလာခဲ့သည်။ အဆုံးတွင် ဓားရောင်ဝါ အက်ကြောင်းအတွင်း အရူးအမူး တိုးဝင်ထွက်ပြေးတော့၏။

သေမည်ကိုပင် မကြောက်သော အရူးနတ်ဘုရားမျိုးနွယ်၏ ဝိညာဉ်တာအိုအဆင့် ဝိညာဉ်တစ်ကောင်သည် အရိုက်ခံရမှုကြောင့် ထွက်ပြေးသွားခဲ့ရချေပြီ။

“ ဒါဆို နတ်ဆိုးဟွမ်မျိုးရိုးဖြစ်ရင်ရော ဘယ်လိုလုပ်မလဲ ဒီနေ့ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ အနှစ်သုံးသောင်း မဟုတ်တော့ဘူး ... မဟာရှ မြို့တော်ကို ကျူးကျော်လာတဲ့ မည်သူမဆို ကြွက်တစ်ကောင်လို အရိုက်ခံရမယ်။ ”

ကျန်းဖူက မှတ်ချက်ပေးလိုက်တော့သည်။ ဤတိုက်ပွဲအပြီးတွင် ရှေးဟောင်း မိသားစုများ မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ ထိုအမှုကို ကျူးလွန်ရန် နှစ်ခါစဉ်းစားရမည်မှန်း နားလည်သွားကြပေမည်။

“ ဒီတိုက်ပွဲက တော်ဝင်မိသားစုကို စိန်ခေါ်ချင်ရင် အကျိုးဆက်အတွက် စဉ်းစားရ လိမ့်မယ်လို့ ပြောချင်နေတာပဲ။ ”

ကူချန်နင်က တိုးတိုးလေးပြောသည်။ ရှမိသားစုသည် မိုးပြာတိုက်ကြီး၏ အုပ်စိုးရှင် မိသားစုသုံးခု အနက်မှတစ်ခု ဖြစ်သည်။

၎င်းတို့ဘိုးဘေးသည် ဧကရာဇ်ကိုးပါးအနက် တစ်ပါးဖြစ်၏။ ဟွမ်မျိုးနွယ်ထက် မနိမ့်ကျသော အုတ်မြစ်ရှိသည်။

“ လက်ရှိ ... ဧကရာဇ်ရှဟာ အရည်အချင်းရှိတာကို သံသယဝင်စရာမရှိပါဘူး ဒီနေ့တိုက်ပွဲမှာ ကောင်းစွာအနိုင်ရခဲ့တယ် ...

... မြို့တော်မှာ ကမောက်ကမ ဖြစ်အောင်လုပ်ချင်နေကြတဲ့ ပုဂ္ဂိုလ်တွေ အားလုံး ပြန်စဉ်းရလိမ့်မယ်။ ”

ကူချန်နင်ဘေးရှိ အဖွားအိုက မှတ်ချက်ပေးသည်။ နတ်ဆိုးဟွမ်မျိုးနွယ်အပေါ် မနှိမ်နင်းနိုင်သော် ရှမိသားစုသည် အင်အားစု အသီးသီး၏ ရန်စခြင်းကို ခံရပေလိမ့်မည်။

ယခုမူ မတူတော့ချေ။ နတ်ဆိုး ဟွမ်မျိုးနွယ်ကို အရှက်ရအောင် ကောင်းကင်၌ ရိုက်နှက်ပြခဲ့သည်။

ဝမ်လျူက စုရီထံ ခိုးကြည့်လိုက်သည်။ သွေးရိပ်သည် မည်မျှပင် အစွမ်းထက်စေကာမူ ကလေးတစ်ယောက်လို ရိုက်နှက်ခြင်းခံခဲ့ရ၏။ လေးစားစရာပေပင်။

“ ဒီလို ပျက်စီးယို့ယွင်းနေတဲ့ ဝင်္ကပါကို အစွမ်းထက်လာအောင် အသက်သွင်းနိုင်တာ မယုံနိုင်စရာပါပဲ။ ”

ဝမ်လျူက ချီးကျူးလိုက်သည်။ စုရီမှ သူ့ထံလှည့်ကြည့်ကာ၊

“ ဒီလို သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခုက မင်းလက်မှာ ရယ်စရာကောင်းနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး ဒါကြောင့် သည်းမခံ နိုင်တော့လို့ ငါဝင်ပါရတာပဲ။ ”

-ဟု ဆိုလျက် မိုးပြာခြံဝင်းထဲ ပြန်လည် ဆင်းသက်သွားတော့သည်။

သွေးအရိပ်ကို သတ်ပစ်ကာ နတ်ဆိုးတစ်ထောင် ရတနာသင်္ဘောကို ဖျက်ဆီး နိုင်သော်လည်း လူလတ်ပိုင်းအရွယ် အမျိုးသား တောင်းဆိုမှုကြောင့် ရိုက်နှက်ခြင်းဖြင့်သာ ရပ်တန့်လိုက်ရ၏။

“ ဒီနေ့ ငါပင်ပန်းသွားပြီ နောက်နေ့မှ ပြန်လာခဲ့။ ”

ရေကန်အနား ဆင်းသက်ပြီး‌နောက် ကြိမ်ကုလားထိုင်ကို သိမ်းကာ စုရီက ပြောကြား လိုက်တော့သည်။

တားမြစ်ဝင်္ကပါကို အသုံးပြုခဲ့ရသဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားကို သွန်သင်ရန် ခွန်အားမရှိတော့ချေ။

လူလတ်ပိုင်းအရွယ် အမျိုးသားလည်း ခေါင်းညိတ်ပြပြီး စုရီပျောက်ကွယ်သွားသည်ကို ငေးကြည့်နေမိ၏။ ထို့နောက် တိတ်ဆိတ်စွာ ရပ်နေသော ဝမ်လျူထံ လှည့်ကြည့်ပြီး၊

“ အဖိုးကြီးဝမ် ... နတ်ဆိုးဟွမ်မျိုးနွယ်ဆီ သွားပါ ... မြို့ရဲ့စည်းကမ်းတွေကို မလိုက်နာရင် ငါခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ ... ။ ”

-ဟု အမိန့်ပေးလိုက်သည်။

ဝမ်လျူက အမိန့်ကို လက်ခံခဲ့သည်။ ထိုနေ့တွင် ကောင်းကင်တိုက်ပွဲကြောင့် မြို့သည် အသက်ဝင်နေတော့၏။ လူတိုင်းက ထိုတိုက်ပွဲ အကြောင်း ပြောဆိုနေခဲ့ကြချေပြီ။

***

All Chapters