ကာကွယ်ရေး အစီအစဉ်များ ... ။
Vol. 36 Ch. 428
မိုးပြာခြံဝင်းအပြင်ဘက်တွင် တော်ဝင်မိသားစု၏ အစောင့်တပ်ဖွဲ့တစ်ဖွဲ့သည် စခန်းချကာ အနီးပတ်ဝန်းကျင်ကို လုံးဝပိတ်ဆို့ထားချေပြီ။
“ သခင်လေးစု ... ဒါတွေဟာ ရန်သူရဲ့အကြွင်းအကျန်တွေပဲ ကြည့်ရတာ... သူတို့က လူသားမဟုတ်နိုင်ဘူး။ ”
ဝမ်လျူက သူ့လက်ထဲရှိ အရိုးစု အပိုင်းအစတစ်ခုကို စုရီထံပေးအပ်လာသည်။ စုရီက စစ်ဆေးကြည့်ပြီးနောက်၊
“ ဒါတွေက ရုပ်သေးအပိုင်းအစတွေပဲ။ ”
-ဟု အတည်ပြုလိုက်၏။
စုရီထွက်သွားချိန်၌ အနက်၀တ် လူတစ်ယောက်သည် နံရံကိုကျော်တက်ကာ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်။
သို့သော် ဝမ်လျူသည် ကိုယ်တိုင် စောင့်ကြပ်နေသဖြင့် ကံဆိုးသွားခဲ့တော့၏။ ဖြစ်စဉ်များအရ ချူရှသည် ကျောက်ကျစ်ပြီး လိမ္မာပါးနပ်ကြောင်း ညွှန်ပြနေသည်။
သူသည်သာ သတိမထားခဲ့သော် ယွမ်ဟမ်၊ ယွီရှစ်ချန်နှင့် ပိုင်ဝမ်ချင်းတို့ ကံဆိုးကြပေမည်။ စုရီက အနည်းငယ် စဉ်းစားပြီးနောက်၊
“ ဒီလူရဲ့နာမည်က ... ချူရှလို့ခေါ်တယ် ရွှမ်တုတိုက်ကြီး ကောင်းကင်အကျဉ်းထောင် ခြံဝင်းကနေလာတာ သူ့ကျင့်ကြံမှုက ဝိညာဉ် ထင်ရှားခြင်းအဆင့်ပဲ။ ”
-ဟု ရှင်းပြလိုက်၏။
“ ဒါဆို သူပဲ ... ။ ”
ဝမ်လျူမှ လေးနက်သော အကြည့်ဖြင့် ရေရွတ်လိုက်သည်။ စုရီက မျက်ခုံးပင့်လိုက်ပြီး၊
“ ဒီလူကို မင်းလည်းသိတယ်လား။ ”
“ သိတယ် ... တော်ဝင်မိသားစုဟာ အခြားကမ္ဘာကနေ ကျူးကျော်လာသူ စာရင်းကို ပြုစုထားတယ် ...
... အဲဒီထဲမှာ ချူရှရဲ့ နာမည်လည်း ပါဝင်တယ် ... ဒါပေမယ့် ဒီလူနဲ့ပတ်သက်တဲ့ အချက်အလက်ကို အနည်းငယ်လောက်ပဲ ဖော်ပြထားနိုင်တယ် ...
... သခင်လေးစုရဲ့ ဝေမျှမှုကြောင့်သာ မဟုတ်ရင် ဒီလူကို အစွမ်းထက်မယ်လို့တောင် ထင်မိမှာ မဟုတ်ပါဘူး။ ”
ဝမ်လျူက ပြန်ဖြေသည်။ စုရီမှ ခေါင်းယမ်းလျက်၊
“ သူ အစွမ်းထက်တာလား ... မဟုတ်ဘူး အမှောင်ထဲမှာ ပုန်းနေတဲ့ ကြွက်တစ်ကောင် ဆိုတာထက် မပိုပါဘူး။ ”
-ဟု အထင်အမြင်သေးစွာဖြင့် ပြောကြားလိုက်သည်။
“ သခင်လေးစု ရှေ့ကနေလာတဲ့ ဓားက ရှောင်ဖို့လွယ်တယ် နောက်ကျောကနေလာတဲ့ ဓားကိုတော့ ရှောင်ဖို့မလွယ်ဘူး မင်းတခြား နေရာကို ပြောင်းဖို့စဉ်းစားထားလား။ ”
“ မလိုပါဘူး ... ဒီချူရှက ငါ့အိမ်တံခါးကိုလာဖို့ သတ္တိရှိနေပါစေလို့ တကယ်မျှော်လင့်ပါတယ် ...
... ဒါပေမယ့် သူ့ရဲ့စိတ်နေစိတ်ထားအရ ဒီညပဲ မြို့တော်ကနေ ထွက်ပြေးသွားတော့မှာ ကြောက်မိတယ် ... ဒီညအတွက် မင်းကို ကျေးဇူးတင်ပါတယ်။ ”
စုရီက လေးနက်စွာ ပြောကြားလိုက်သည်။
“ မင်းရဲ့စိုးရိမ်မှုတွေကို ... လျော့ချပေးနိုင်တဲ့အတွက် ကျေနပ်ပါပြီ ဒါက ငါ့အလုပ်ပါပဲ။ ”
“ ဒါဆို ငါ့မှာမင်းကို ဒုက္ခပေးစရာ ရှိသေးတယ်။ ”
“ ကျေးဇူးပြုပြီး ပြောပါ သခင်လေးစု ငါလုပ်နိုင်သရွေ့ ငြင်းနေမှာမဟုတ်ပါဘူး။ ”
“ မင်းရဲ့ခွန်အားနဲ့ မဟာကျိုးကို သတင်းစကားပို့ဖို့ ဘယ်လောက်ကြာနိုင်မလဲ။ ”
စုရီမေးခွန်းကို ဝမ်လျူက ခဏလောက်စဉ်းစားပြီး၊
“ လျှို့ဝှက်နည်းလမ်း တစ်ခုခုကို သုံးမယ်ဆိုရင် သုံးရက်အတွင်း မဟာကျိုးရဲ့ ဘယ်နေရာမဆို ပေးပို့နိုင်ပါတယ်။ ”
“ သုံးရက်တောင်လား ... ။ ”
စုရီက မျက်ခုံးပင့်လိုက်သည်။
“ မဟာကျိုးက အရမ်းဝေးလွန်းတယ် ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ကိုယ်တိုင်ခရီးထွက်မယ်ဆိုရင်တောင် ဆယ်ရက် ဒါမှမဟုတ် ဆယ့်ငါးရက် အချိန်ပေးရမယ်။ ”
စုရီက ခဏမျှ စဉ်းစားနေပြီးနောက် ကျောက်စိမ်းပြားအလွတ်တစ်ခုကို ထုတ်ယူကာ နတ်အာရုံဖြင့် ရေးထွင်းလိုက်၏။ ထို့နောက်၊
“ ဒီစာကို ... မဟာကျိုးရဲ့ ကောင်းကင်အကယ်ဒမီ နန်းတော်သခင်ဆီ ပို့ပေးပါ။ ”
-ဟု ကမ်းပေးတော့သည်။
ဤသတင်းစကားသည် နင်စစ်ဟွာကို ဉာဏ်ပညာဂိုဏ်းနှင့်အတူ ဝိညာဉ်ပင်လယ်ရှိ အင်မော်တယ်ဓားမျှော်စင်နယ်မြေသို့ သွားရောက်ရန် ညွှန်ကြားချက်ဖြစ်၏။
ထိုအရပ်တွင် ကိုယ်ပိုင်ကမ္ဘာငယ် တစ်ခုရှိသည်။ ၎င်းတွင် ပုန်းအောင်းနေသရွေ့ ဝင်္ကပါအကာအကွယ်ကြောင့် မည်သူမဆို ဝင်ရောက်နိုင်မည် မဟုတ်ချေ။
“ ကောင်းပြီ ... ။ ”
ဝမ်လျူက လက်ခံယူသည်။ စုရီက နောက်ထပ် ချူရှပုံတူကို ရေးထွင်းကာ ပေးအပ် လိုက်ပြန်၏။
“ ဒါချုရှရဲ့ ပုံတူပဲ၊ သူ့ကိုရှာတွေ့နိုင်ရင် ငါမင်းကိုဆုချမယ်။ ”
“ စိတ်မပူပါနဲ့ သခင်လေး၊ ချူရှကို ရှာတွေ့ရင် သူ့ခေါင်းကို မင်းဆီ ငါကိုယ်တိုင် ယူလာခဲ့ပါ့မယ်။ ”
များမကြာခင် ဝမ်လျူသည် အစောင့်တပ်နှင့်အတူ ပြန်လည် ထွက်ခွာသွား တော့၏။ စုရီက အနည်းငယ် တွေးတောနေ လျက်ဖြင့် ယွမ်ဟမ်ကိုခေါ်ယူကာ၊
“ ယွမ်ဟမ်၊ ဒီဓားကိုယူပြီး နဂါးဒုက္ခချောက်ကမ်းပါးကို သွားပါ ... ဒီဓားကို မရဏအစွယ်လို့ခေါ်တယ် ...
... နဂါးနက်ကို ဒီဓားနဲ့အတူ ဝိညာဉ်ပင်လယ်ဆီ ချက်ခြင်း ခရီးထွက်ခိုင်းပါ အင်မော်တယ် ဓားမျှော်စင်ရဲ့ အပျက်အစီးမြေ တံခါးဝမှာ သူစောင့်နေပါစေ ...
... အပျက်အစီးနယ်မြေအတွင်း အတင်းအကျပ်ဝင်လာတဲ့ ဘယ်သူ့ကိုမဆို ချက်ချင်း သတ်ပစ်ပါ။ ”
“ ဟုတ်ကဲ့ နားလည်ပါပြီ။ ”
ယွမ်ဟမ်က အမိန့်ကို ခံယူကာ ချက်ချင်း ထွက်ခွာသွား၏။ သို့မှသာ စုရီမှ သက်သာရာရ သွားလေသည်။
တစ်ဆက်တည်းမှာပင် ဝင်္ကပါအလံငယ်ပေါင်း (၁၀၈)ခုကို ထုတ်ယူကာ သွေးနဂါးဝိညာဉ်သတ်ခြင်း အစီရင် ခင်းကျင်းလိုက်၏။
ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူကို သတ်နိုင်သဖြင့် ဤဝင်္ကပါသည် ထူးထူးခြားခြား တန်ဖိုးရှိနေသည်မှာ သံသယဖြစ်စရာ မလိုချေ။
မဟာရှအတွင်းရှိ အထက်တန်းစား အင်အားစုများသာ ထိုသို့သောတားမြစ်ဝင်္ကပါကို ပိုင်ဆိုင်ရန် အရည်အချင်းပြည့်မီမည်။
ခဏအကြာတွင် မိုးပြာခြံဝင်းတဝိုက် စွမ်းအင်လှိုင်းအချို့ ဖြစ်ပေါ်လာသည်။ ဤသို့ ကြီးမားသော ဖွဲ့စည်းမှုကို လုပ်ဆောင်ရန် ဝိညာဉ်စွမ်းအင်များစွာလိုအပ်၏။
သို့သော် စုရီသည် ဝိညာဉ်ကျောက်တုံးများ သုံးစွဲရန် ဆန္ဒမရှိသဖြင့် ဆေးအိုးကိုးပါးဖိနှိမ်ခြင်း ဝင်္ကပါဖြင့် ချိတ်ဆက်လိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် ဝမ်လျူသိလျှင်ပင် ဤကိစ္စအတွက် ပြောမည် မဟုတ်ကြောင်း သူ သိ၏။
“ မိန်းကလေးပိုင် ဒီဝင်္ကပါပြားကို သိမ်းထားရမယ် တစ်ယောက်ယောက် ငါမရှိချိန် မိုးပြာခြံဝင်းကို ခိုးဝင်လာခဲ့ရင် ချက်ချင်း သတ်ပစ်လိုက်ပါ။ ”
“ ဟုတ်ကဲ့ပါ သခင်။ ”
ပိုင်ဝမ်ချင်းက ရိုသေစွာလက်ခံပြီး ခေါင်းညိတ်လိုက်သည်။ သူမဘေးရှိ ယွီရှစ်ချန်မှ မျက်ဝန်းများ တောက်ပလာကာ၊
“ အစ်ကိုစု၊ ငါမင်းကိုကူညီပေးနိုင်တာ တစ်ခုခုများ ရှိလား။ ”
-ဟု မေးမြန်းလာ၏။
စုရီမှ ခေါင်းညိတ်ပြကာ၊
“ ဒီည ... မင်းငါ့အခန်းကိုလာခဲ့။ ”
-ဟု ဆိုပြီး လှည့်ထွက်သွားလေသည်။
ယွီရှစ်ချန်တစ်ယောက် ထိတ်လန့်သွားပြီး၊
“ အစ် ... အစ်ကိုစု ဒီညအတွက် ငါအဆင်သင့် မဖြစ်သေးဘူး။ ”
-ဟု ချက်ချင်း ငြင်းဆန်၏။
သူမစကားကြောင့် စုရီက မျက်မှောင်ကြုတ်လျက် ပြန်လှည့်ကြည့်ကာ၊
“ မင်းတစ်ချိန်လုံး ခေါင်းထဲမှာဘာတွေ တွေးနေတာလဲ ... ဒီညမင်းရဲ့ကျွန်အဆိပ်ကို ငါ အပြီးဖယ်ရှားပေးမယ်။ ”
-ဟု ပြောကြားလိုက်၏။
သို့မှသာ ယွီရှစ်ချန်တစ်ယောက် မျက်နှာဖြူဖွေးသွားပြီး နှုတ်ခမ်းကိုက်လျက် ရှက်ရွံ့သွားတော့သည်။
သူမဘေးရှိ ပိုင်ဝမ်ချင်းက ပြုံးစိစိဖြင့် စကားမဆိုတော့ဘဲ ချက်ချင်း လှည့်ထွက်လိုက် တော့၏။ အမျိုးကောင်းသမီးများသည် ရှက်ရွံ့ နေချိန်မှာပင် ချစ်စရာကောင်းပေသည်။
***
နောက်ရက်များတွင် စုရီသည် ယွီရှစ်ချန်နှင့်ယွမ်ဟမ်တို့ကို လမ်းညွှန်ပေးနေပြီး အားလပ်ချိန်များတွင် အလယ်အလတ်အဆင့် ချိုးဖြတ်ရန် ပြင်ဆင်နေခဲ့သည်။
ဤရက်အနည်းငယ်အတွင်း ကျွန်အဆိပ် ပျောက်ကွယ်နေပြီ ဖြစ်သောကြောင့် ယွီရှစ်ချန် ခွန်အားသည် အသွင်ကူးပြောင်းလာ၏။
“ သစ်ခွခြံဝင်း တာအိုဆွေးနွေးပွဲကို မူလတာအိုနယ်ပယ် တစ်သောင်းကျော်နီးပါး ဝင်ရောက် စာရင်းပေးထားတယ်လို့ ကြားသိရပါတယ် အများစုက မဟာရှကဖြစ်ပြီး ကျန်သူတွေက တခြားနိုင်ငံတွေကပါ။ ”
ယွမ်ဟမ်က စိတ်လှုပ်ရှားစွာပြောသည်။
“ မင်းကြောက်နေတာလား။ ”
“ မကြောက်ပါဘူး ဒါပေမယ့် အဆင့်သတ်မှတ်ချက်မှာ လုံလုံလောက်လောက် မရခဲ့ရင် သခင်စိတ်ပျက်သွားမှာကို စိုးရိမ်နေတာပါ ... ။ ”
ယွမ်ဟမ်သည်လည်း ယွီရှစ်ချန်နှင့်အတူ စာရင်းသွင်းထားပြီး မနက်ဖြန်ပထမအကျော့ စတင်ရတော့မည်ဖြစ်သည်။
“ ဒါက အဆင့်သတ်မှတ်ချက် တစ်ခုလောက်ပါပဲ အရေးမကြီးပါဘူး မင်းရဲ့ တာအိုကို ခိုင်မာဖို့ပဲ လိုပါတယ်။ ”
ယွမ်ဟမ် အရည်အချင်းသည် ထိပ်တန်း မဟုတ်သော်လည်း ရွှမ်ဝူကျန်းချီသုတ္တန်ကြောင့် အလားအလာ မဆိုးလှချေ။
သူ့လမ်းညွှန်မှုနှင့်အတူ ယွမ်ဟမ်၏ လက်ရှိခွန်အားသည် သာမန်ကျင့်ကြံသူများကို ထားရစ်နိုင်ပြီဖြစ်၏။ လိုနေသည်မှာ တိုက်ပွဲ အတွေ့အကြုံပေပင်။
ထိုစဉ်ဝမ်လျူက ဝင်ရောက်လာပြီး ဖိတ်စာတစ်စောင် ပေးအပ်လာခဲ့သည်။
“ ဒါက သစ်ခွခြံဝင်း တာအိုဆွေးနွေးပွဲ တက်ရောက်ခွင့် ဖိတ်စာပါ၊ မင်းစိတ်ဝင်စားရင် ဒီဖိတ်စာနဲ့အတူ အခမ်းအနားကို တက်ရောက်နိုင်ပါတယ်။ ”
စုရီသည် ပြိုင်ပွဲဝင်မည် မဟုတ်သဖြင့် အထူးဧည့်သည်တော် ထိုင်ခုံတစ်လုံး သူ့သခင်မှ စီစဉ်ပေးထားခြင်းဖြစ်၏။
“ ကျေးဇူးတင်ပါတယ်။ ”
စုရီက ဖိတ်စာကို လက်ခံသည်။
“ သခင်လေးစု တာအိုဆွေးနွေးပွဲကို ငါးရက်တိုင်အောင်ကျင်းပမယ် နောက်ဆုံးမှာ အနိုင်ရရှိတဲ့သူ တစ်ရာထဲကနေ အဆင့်ကို ဆုံးဖြတ်ပေးမယ် ...
... ခြောက်ရက်မြောက်နေ့မှာ တော်ဝင်မိသားစုဟာ တည်နေရာရွေ့ပြောင်း အစီရင်ကိုဖွင့်လှစ်ပြီး စကြာဝဠာကျွန်းဆီ စေလွှန်ကြလိမ့်မယ် ဒါကြောင့် ပြင်ဆင်ထားနိုင်ပါပြီ။ ”
စုရီ ခေါင်းညိတ်လိုက်၏။ ထို့နောက် ဝမ်လျူက စုရီနှင့် စကားစမြည် ပြောကြားပြီး အချိန်ဖြုန်းနေခဲ့တော့သည်။
***