ဖအေနှင့် သမီး ... ။
Vol. 36 Ch. 429
“ လက်ရှိ ဉာဏ်ကြီးရှင်များစာရင်းမှာ လူခြောက်ဆယ့်သုံးယောက်ရှိတယ် အများစုက မဟာရှနိုင်ငံသားတွေပဲ။ ”
ခမ်းနားထည်ဝါသော နန်းတော်တစ်ခုတွင် ဖီးနစ်ဝတ်ရုံဝတ် အမျိုးသမီးမှ ဟွမ်ရှောက်ယုထံ သတင်းပို့နေသည်။
“ သူတို့တွေထဲမှာ ... ထူးခြားနေတာက စုရီဆိုတဲ့လူငယ်ပဲ။ ”
“ ဘာလို့လဲ ... ။ ”
ဤတစ်ကြိမ်၌ ဟွမ်ရှောက်ယုက စိတ်ဝင်စားမှုများ ပြသလာခဲ့သည်။
“ ဒီနေ့ခေတ် ပါရမီရှင်စာရင်းရဲ့ ငါးဆယ့်ခုနစ်ယောက်က ကြယ်စုစည်းခြင်း အဆင့်မှာ ဖြစ်တယ် ... ကျန်ခြောက်ဦးက မူလနန်းတော်အဆင့်ပဲ ...
... အဲဒီထဲကမှ ငါးဦးက သက်ဆိုင်ရာဂိုဏ်းတွေရဲ့ အမာခံတပည့်တွေ ဖြစ်ပြီး ... ကျန်တစ်ယောက်က စုရီပဲ ...
... သူက ဂိုဏ်းမရှိ၊ ဆရာ မရှိ၊ ခိုင်မာတဲ့ မိသားစုမရှိ၊ လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲ မဟာကျိုးလိုနိုင်ငံငယ်ကနေ လာတယ်။ ”
အမျိုးသမီးက ရှည်လျားစွာ ရှင်းပြလာသည်။ ဟွမ်ရှောက်ယုမှ ခေါင်းညိတ်လိုက်ပြီး၊
“ မဟာရှတော်ဝင်မိသားစုက ယနေ့ခေတ်ပါရမီရှင်စာရင်းကို ထုတ်ပြန်တယ် အဲဒီမှာ စုရီလိုလူ ပါဝင်နေတာက မရိုးရှင်းနိုင်ဘူး၊ ...
... သူ့နောက်ခံနဲ့ အရည်အချင်းကို လျော့မတွက်မိစေနဲ့ ... ငါတို့လိုအပ်တာ သူ့လို လူမျိုးတွေပဲ။ ”
-ဟု မှတ်ချက်ပေးသည်။ သို့သော် အမျိုးသမီးက အနည်းငယ် စိတ်ရှုပ်သွားပြီး၊
“ ဒါပေမယ့် သခင်ငယ် အဲဒီစုရီက သစ်ခွခြံဝင်း တာအိုဆွေးနွေးပွဲကို ပါဝင်ဖို့ စာရင်းပေးမထားဘူး။ ”
“ ဟမ့် ... ဒါစိတ်ဝင်စားစရာပဲ။ ”
ဟွမ်ရှောက်ယုသည်ပင် အံ့အားသင့်သွားပြီးနောက် အနည်းငယ်မျှ တိတ်ဆိတ်သွားရာမှ၊
“ မေ့လိုက်ပါ ... အဲဒီစုရီနဲ့ယှဉ်ရင် သစ်ခွခြံတွင်း တာအိုဆွေးနွေးပွဲမှာ ပါဝင်ကြတဲ့ လူငယ်တွေလည်း ညံ့ဖျင်းကြတာမဟုတ်ဘူး သူတို့ကိုပဲ စုဆောင်းဖို့ အာရုံစိုက်လိုက်ပါ။ ”
-ဟု အမိန့်ပေးလိုက်၏။ အမျိုးသမီးက ခေါင်းညိတ်လိုက်ကာ၊
“ သစ်ခွခြံဝင်း တာအိုဆွေးနွေးပွဲမှာ မင်းရဲ့စွမ်းဆောင်မှုကို ငါတကယ်စောင့်မျှော် နေပါတယ် သခင်ငယ်။ ”
-ဟု ပြောကြားလိုက်လေသည်။
သူမစကားကြောင့် ဟွမ်ရှောက်ယုက ပြုံးလျက်လှည့်ကြည့်လာကာ သေးသွယ်သော ခါးကို သိုင်းဖက်လိုက်၏။
“ ဒါဆို အခုပဲ ငါမင်းကိုပြမယ်။ ”
“ သခင်ငယ် မင်းဘာပြမှာလဲ။ ”
“ ဖြန်း ... ။ ”
အမျိုးသမီးက ထိတ်လန့်ဟန်ဖြင့် ပြန်မေးတော့၏။ ဟွမ်ရှောက်ယုမှ မဖြေသေးဘဲ သူမတင်ပါးကို ရိုက်ချလိုက်သည်။
ထို့နောက် အခန်းတွင်း ပွေ့ချီသွားကာ ထူးခြားသောအသံများ ထွက်ပေါ်လာတော့၏။ အမျိုးသမီးခမျာ တစ်ကိုယ်လုံး တုန်ခါလျက် မျက်ဝန်းများ မှိတ်ကျသွားသည်။
“ အခု မင်းသိပြီလား။ ”
ထိုစဉ် ကျောက်စိမ်းဆွဲသီးထံမှ သွေးအရိပ်တစ်ရိပ် ပြေးထွက်လာပြီးနောက် ဒေါသသံဖြင့်၊
“ လူယုတ်မာ ... မင်းတစ်ချိန်လုံး ဘာတွေတွေးနေတာလဲ တကယ့်ကို သင်းကွပ် ပစ်လိုက်ချင်လာပြီ။ ”
-ဟု ကြိမ်းမောင်းလျက် အဝေးသို့ ရှောင်တိမ်းသွားတော့သည်။
ထိုအချိန်တွင် ကောင်းကင်တောင်ထိပ်ရှိ နန်းတော်အတွင်း၌ ဝမ်လျူမှသတင်းများစွာကို ပြန်လည်တင်ပြနေသည်။
“ ဘာပဲဖြစ်ဖြစ် ထိုင်ခုံတစ်လုံး ချန်ထားလိုက်ပါ ... လူလစ်လပ်နေရင်တောင် ဘယ်သူ့ကိုမှ ထိုင်ခွင့်မပေးနဲ့။ ”
လူလတ်ပိုင်းအ၇ွယ် အမျိုးသားက အမိန့်ပေးလိုက်သည်။ ဝမ်လျူမှ ခေါင်းညိတ် လိုက်တော့၏။
“ ဒါ သဘာဝပဲ ... ။ ”
“ ဖေဖေ၊ နောက်ဆုံးတော့ မင်းငါ့ကို လွှတ်ပေးလိုက်ပြီ။ ”
ထိုစဉ် ကြည်လင်သာယာသော အသံနှင့်အတူ မိန်းကလေးတစ်ယောက် ဝင်ရောက်လာ၏။
ဖြူဝင်းသော အသားအရည်နှင့် ရေညှိစိမ်းရောင် ဂါဝန်ရှည်ကို ၀တ်ဆင်ထားကာ ဆွဲမက်ဖွယ် ခန္ဓာကိုယ်ကောက်ကြောင်းများ ပေါ်လွင်နေစေသည်။ ဝမ်လျူက လိမ္မာပါးနပ်စွာ တိတ်တဆိတ် ထွက်ခွာသွားတော့၏။
လူလတ်ပိုင်းအရွယ် အမျိုးသားက အေးစက်သော အသွင်ဖြင့်၊
“ အိမ်ကနေ မင်းနောက်တစ်ခေါက် ထွက်ပြေးဦးမယ်လို့ မမျှော်လင့်ရအောင်။ ”
-ဟု တုန့်ပြန်လိုက်လေသည်။
မိန်းကလေးက အပြုံးတစ်ပွင့်ဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသား လက်မောင်းကို ဖက်တွယ်ကာ၊
“ ဘယ်လိုလုပ် သတ္တိရှိတော့မှာလဲ။ ”
-ဟု ကြောက်ရွံ့ဟန်ပြလိုက်၏။
သို့မှသာ လူလတ်ပိုင်းအရွယ် အမျိုးသားသည် အမူအရာ နူးညံ့သွားလေသည်။ ထို့နောက် သူ့သမီးကို ပြန်ကြည့်ကာ၊
“ စုရီကို သိလား။ ”
-ဟု မေးမြန်းလိုက်၏။
“ စုရီ ... ။ ”
ကောင်မလေးက အံ့အားသင့်သွားပြီး ကျောက်စိမ်းရောင်ဝတ် လူငယ်တစ်ဦး၏ ပုံရိပ် စိတ်ထဲအလိုအလျောက် ပေါ်လာသည်။ သို့သော် ခေါင်းယမ်းပြကာ၊
“ ဖေဖေ ... ငါမသိတော့ဘူး သူက ဘယ်သူမို့လဲ။ ”
“ ဘယ်သူမှ မဟုတ်ပါဘူး၊ သူ့ကို မသိတဲ့အတွက်ကြောင့် မင်းသိစရာအကြောင်း မရှိတော့တာ သဘာဝပါပဲ။ ”
“ ဖေဖေ ... ။ ”
ကောင်မလေးက ‘ဖေဖေ’ဟုခေါ်ကာ မည်သည့်စကားများ ဆက်ပြောရမည်မှန်း မသိ ဖြစ်သွားလေသည်။
“ ဖေဖေ မင်းသူနဲ့ ပြဿနာရှိလား။ ”
သို့တိုင် တည်ငြိမ်အောင်ပြင်ယူလျက် မေးမြန်း၏။ လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်ပြကာ၊
“ ထင်ရတာပဲ ... ။ ”
-ဟု တုန့်ပြန်လေသည်။
“ မဟုတ်ဘူး ... ဖေဖေ လုံးဝမလုပ်ရဘူး။ ”
ဤတစ်ကြိမ်၌ ကောင်မလေးခမျာ သည်းမခံနိုင်တော့ဘဲ ထိတ်လန့်စွာ ဟန့်တား တော့သည်။
“ ဟား ဟား ဟား ... ။ ”
သူမ၏ ထိုအမူအရာကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရယ်၍ မဆုံးနိုင်ဖြစ်သွား၏။ အဆုံးတွင် ကောင်မလေး ခမျာ သူမလှည့်စားခံရကြောင်း သဘောပေါက် သွားလေသည်။
ရှက်ဒေါသဖြင့် မျက်ဝန်းများ ချက်ချင်း ကျဉ်းမြောင်းသွားကာ၊
“ မျှော်လင့်ထားသလိုပါပဲ ... ယောက်ျားတွေရဲ့စကားကို ဘယ်သောအခါမှ မယုံရဘူး။ ”
-ဟု မှတ်ချက်ပေးလိုက်တော့၏။
“ ဟား ဟား ဟား ... ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက စိတ်ဆိုးခြင်းမရှိဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး၊
“ ကောင်မလေး မင်းဟာ အရင်လိမ်လည်တဲ့သူပဲ ငါ့ကိုအပြစ်မတင်နဲ့။ ”
-ဟု တုန့်ပြန်၏။
“ ကောင်းပြီ ... မြန်မြန်ပြောပါ ဘာလို့ရုတ်တရက်ကြီး စုရီကို မေးနေရတာလဲ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားသည် မြို့တံခါးအပြင်ဘက်တွင် စုရီနှင့် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို သတိရသွားကာ သက်ပြင်းချလျက်၊
“ အဲဒါက ဇာတ်လမ်း အရှည်ကြီး ... ။ ”
-ဟု ညည်းတွားလိုက်သည်။
“ ဒါဆို ဖြည်းဖြည်းပြောပါ ရေနွေးကြမ်းငှဲ့ပေးမယ် ... ဒီမှာထိုင်ပါ။ ”
“ ကောင်းပြီ ... ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်တော့သည်။ ညနက်လာသည်နှင့်အမျှ ပိတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေချေပြီ။
အဖေနှင့်သမီးတို့၏ စကားသံတိုးတိုး သာလျှင် ထွက်ပေါ်နေ၏။ အချိန်အတော်ကြာ ပြီးနောက် ကောင်မလေးက၊
“ ဖေဖေ၊ မင်းငါ့ကို အခုလို အစ်ကိုစုရီအကြောင်း ပြောပြနေတာ ဘာအတွက်လဲ။ ”
-ဟု ပြန်၍ မေးမြန်းလိုက်သည်။
“ ဒါက ရိုးရှင်းပါတယ် စုရီဆိုတာ မင်းအတွက် ဘယ်လိုလူလဲ အဖေသိချင်လို့ပါ ပြီးတော့ မင်းအမေရဲ့ နဂါးစာငှက်တံဆိပ်ကို ဘာလို့ သူ့ပေးခဲ့ရတာလဲဆိုတာကိုရော။ ”
လူလတ်ပိုင်းအရွယ် အမျိုးသား၏ မေးခွန်းကြောင့် ကောင်မလေးက အနည်းငယ် စိတ်မသက်မသာ ဖြစ်လာခဲ့ပြီး၊
“ ဖေဖေ၊ မင်းအရမ်း စဉ်းစားနေမိပြီ အစ်ကိုစုနဲ့ငါဟာ ဘဝနဲ့သေခြင်းကို အတူတူ ဖြတ်ကျော်ခဲ့ဖူးတဲ့ မိတ်ဆွေတွေပါ ဒါကြောင့် မဟာရှကို ရောက်ခဲ့ရင် အနိုင်ကျင့်မခံရအောင် ရည်ရွယ်ပြီး ပေးခဲ့တာပါ ... ။ ”
သို့သော် သူမမျက်နှာတွင် အပြစ်ရှိသော အရိပ်အမြွက်များထင်ဟပ်ပြီး ခေါင်းငုံ့သွား၏။ လူလတ်ပိုင်းအရွယ် အမျိုးသားက ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေခဲ့သည်။
မည်သို့ပင်ကြည့်နေပါစေ ဤသမီးသည် တစ်စုံတစ်ရာဖုံးကွယ်ရန် ကြိုးစားနေကြောင်း မြင်သာနေ၏။ ထို့ကြောင့် သက်ပြင်းချကာ၊
“ သမီး ... ၊ ဖခင်တစ်ယောက်ရဲ့ အမြင်ကိုပြောပါရစေ စုရီဆိုတာ မင်းအမေလို လူတစ်ယောက်ပဲ ... သူတို့မှာ ထူးခြားတဲ့ မူလတွေရှိတယ် ...
... သူတို့မှာ သာမန်အသိဥာဏ်နဲ့ တိုင်းတာလို့မရတဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထား ခဲ့ကြတယ် ... ။ ”
ထိုအချိန်တွင် သူ့အသံသည် အထီးကျန်ခြင်းနှင့် လွမ်းဆွေးခြင်းများ စသည့် ခံစားချက်များ ရောယှက်နေ၏။
“ ဒါကြောင့် မင်းအမေက ငါတို့နဲ့အတူ မနေနိုင်ခဲ့တာပဲ။ “
“ ဖေဖေ ... မေမေက ရွေးချယ်စရာ မရှိတော့လို့ ထွက်သွားတယ်လို့ ပြောချင်နေတာ မဟုတ်လား။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်ကာ၊
“ မှန်တယ်၊ သမီးစဉ်းစားကြည့်ဖူးလား ... စုရီလို လူတစ်ယောက်က ဒီမိုးပြာတိုက်ကြီးမှာ တစ်သက်တာလုံးနေဖို့ ဆန္ဒရှိမှာ မဟုတ်ဘူးဆိုတာကို ... ။ ”
ထိုစကားကြောင့် ကောင်မလေးက မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်ဖြင့် တိတ်ဆိတ်သွားချေပြီ။
လူလတ်ပိုင်းအရွယ် အမျိုးသားက သမီးဖြစ်သူ၏ ပခုံးကို ညင်သာစွာပွတ်သပ်ပြီး၊
“ ဒီလိုကိစ္စတွေမှာ သမီးကို အဖေ့လို မဖြစ်စေချင်ဘူး ... ။ ”
-ဟု နူးညံ့သောအသံဖြင့် ပြောလိုက်၏။
“ သမီး နားလည်ပါတယ်။ ”
“ ဘာပဲဖြစ်ဖြစ် မင်းအဖေက မင်းကို တစ်သက်လုံး ကာကွယ်ပေးမယ်ဆိုတာကိုတော့ သတိရပါ။ ”
“ မှန်တယ် ... ဖေဖေက သမီးအပေါ် အချစ်ဆုံးပဲဆိုတာ သမီးသိတယ်။ ”
အမှောင်သည် ညကို တိုး၍ သယ်ဆောင်လာခဲ့သည်။ ဖအေနှင့် သမီးသည် အတွေးကိုယ်စီဖြင့် တိတ်ဆိတ်သွားတော့၏။
***