အမျိုးသားတာဝန် ... ။
Vol. 36 Ch. 430
ညဉ့်နက်နေပြီဖြစ်သောကြောင့် စားသောက်ဆိုင်များတွင် အသောက်ကြူးသူ အနည်းငယ်မျှသာ ကျန်ရှိနေတော့သည်။
ကောချင်သည် စားပွဲတစ်လုံးတွင် အရက်မူးနေပြီး တစ်ယောက်တည်း စကားပြော နေခဲ့၏။
“ ဒါပေမယ့် မင်းရဲ့တည်ရှိမှုကို တစ်စုံတစ်ယောက်ကသာ သတိထားမိရင် မကောင်းနိုင်ဘူး မဟုတ်လား။ ”
သို့သော် ဒေါသထွက်နေသော အဖိုးအို လေသံ ထွက်ပေါ်လာသည်။
( အချိန်ကျနေတာတောင် မင်းက ကြောက်နေတုန်းပဲလား ... စကြာဝဠာကျွန်းကို သွားနိုင်ရင် ငါ့ဒဏ်ရာတွေအပေါ် ကုစားနိုင်တဲ့ ကံကြမ္မာရှာတွေ့နိုင်မယ်လို့ ယုံကြည်တယ်။ )
“ မသွားလို့ မရဘူးလား။ ”
( မရဘူး။ )
ကောင်ချင်က တိတ်ဆိတ်သွားသည်။
“ ကောင်းပြီ မနက်ဖြန်မှာ ပြိုင်ပွဲဝင်ဖို့ ငါစာရင်းပေးလိုက်မယ်။ ”
အဆုံးတွင် ကောချင်တစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် သဘောတူလိုက်ရသည်။ စက်တင်ဘာ (၂၅)ရက်နေ့တွင် သစ်ခွခြံဝင်း တာအိုဆွေးနွေးပွဲ စတင်ကျင်းပခဲ့၏။
လူတိုင်းသည် ထိုပွဲသို့ တက်ရောက်ရန် စိတ်လှုပ်ရှားနေသဖြင့် မြို့တော်ကြီးတစ်ခုလုံး သက်ဝင် လှုပ်ရှားနေသည်။
“ ငါသိချင်တယ် နောက်ဆုံးမှာ ဘယ်သူပထမရသွားနိုင်မလဲ ရှေးဟောင်း ပါရမီရှင်တွေလား ... ကျူးကျော်သူတွေလား ... ဒါမှမဟုတ် ယနေ့ခတ်ပါရမီရှင်တွေလား။ ”
လူအုပ်အတွင်းမှ တစ်စုံတစ်ယောက်သည် တောင့်တသော လေသံဖြင့် ရေရွတ်လိုက်သည်။
“ ပြိုင်ပွဲဝင်ပေါင်း သောင်းဂဏန်းထဲက လူတစ်ရာသာ စကြာဝဠာကျွန်း ဝင်ခွင့်တံဆိပ် ရကြမယ် ဒါက အရမ်းရက်စက်တာပဲ။ ”
လူတိုင်းသည် ပြိုင်ပွဲကျင်းပရာ ရင်ပြင်တော်သို့ ဦးတည်နေစဉ် စကားစမြည်များ ပြောကြားလာခဲ့ကြသည်။
တော်ဝင်မိသားစုသည် ရှေးဟောင်း ပါရမီရှင်စာရင်း၊ ယနေ့ခေတ် ပါရမီရှင်စာရင်းနှင့် ကမ္ဘာခြား ကျူးကျော်သူများစာရင်းကို ထုတ်ပြန်ထားခဲ့သည်။
ထိုစာရင်းထဲရှိ လူတိုင်းသည် မိုးပြာတိုက်ကြီး၌ ကျော်ကြားလွန်းသော လူများ ဖြစ်သောကြောင့် မည်သူမဆို မြင်တွေ့လို ကြသည်မှာ သဘာဝပေပင်။။
၎င်းတို့နှင့် ကွဲပြားစွာပင် စုရီသည် နံနက်စာစားသောက်ပြီးနောက် ရေကန်ဘေးရှိ ကြိမ်ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ အိပ်နေလေသည်။
“ အစ်ကိုစု ... ဒီညဘာစားချင်လဲ၊ ငါပြန်လာရင် မင်းအတွက် ဝယ်လာပေးမယ်။ ”
ယွီရှစ်ချန်က ပြိုင်ပွဲသို့ မသွားမီ မေးမြန်းသည်။ သူမသည် နှင်းကဲ့သို့ဖြူစင်သော ဝတ်ရုံဖြင့် ပုစဉ်းရင်ကွဲနှလုံးသားကို ကျောတွင် လွယ်ထား၏။
နံနက်ခင်းအလင်းရောင်အောက်တွင် မတ်တတ်ရပ်နေပြီး ပန်းချီကားတစ်ချပ်ကဲ့သို့ ထင်မှားစေသည်။
“ တိုက်ပွဲအပေါ်ပဲ အာရုံစိုက်ပါ။ ”
“ စိတ်မပူနဲ့ အစ်ကိုစု ... ငါအကောင်းဆုံး လုပ်ဆောင်မှာပါ။ ”
စုရီက စကားမဆိုတော့ချေ။
“ သခင် ... ဒါဆို ငါလည်း မိန်းကလေးယွီနဲ့အတူ သွားလိုက်ပါဦးမယ်။ ”
ယွမ်ဟမ်က ယုံကြည်မှုအပြည့်ဖြင့် စိတ်လှုပ်ရှားနေ၏။ စုရီမှ လက်ဝှေ့ယမ်းပြ လိုက်တော့သည်။
ယနေ့တွင် ကျော်ကြားသော ပါရမီရှင်များ၊ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးများနှင့် ထူးကဲသော မူလဇစ်မြစ်များရှိသူများအားလုံး ပါဝင်လာပေမည်။
သို့သော် စုရီအတွက် ကြည့်ရန်ပင် အရည်အချင်း မရှိချေ။ ငြီးငွေ့စရာ ကောင်း၏။ ယွမ်ဟမ်နှင့် ယွီရှစ်ချန်တို့ ထွက်သွားပြီးမကြာမီ အိပ်ပျော်သွားတော့သည်။
ဤရက်များအတွင်း သူသည် တိုက်ပွဲများ ဆက်တိုက်ဆင်နွှဲခဲ့ရသည်။ အနားယူရန် အချိန် မရှိခဲ့ချေ။ ယခုမှသာလျှင် သက်တောင့်သက်သာ အနားယူခွင့်ရချေ၏။
နေဝင်ချိန်တွင် မြို့တော်တစ်ခုလုံး မီးအလင်းရောင်များ တောက်ပလာပြီး ပြိုင်ပွဲမှ ပြန်လာသူများဖြင့် အသက်ဝင်နေသည်။
လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လောင်းကစားအိမ်များနှင့် ပြည့်တန်ဆာအိမ်များပင်လျှင် ယနေ့တိုက်ပွဲများ အပေါ် စိတ်ဝင်တစား ဆွေးနွေးနေကြ၏။
ယွီရှစ်ချန်၊ ယွမ်ဟမ်သည် ယနေ့အတွက် အနိုင်ရရှိခဲ့ကာ စုရီနှင့်အတူ ရေကန်ဘေးတွင် ထိုင်ပြီး အရက်သောက်နေသည်။
“ အနားယူပါ လာမဲ့တိုက်ပွဲတွေက ပိုမိုပြင်းထန်လာပြီး ပြိုင်ဘက်တွေက မလွဲမသွေ ပိုအားကောင်းလာလိမ့်မယ်။ ”
ညဉ့်နက်လာပြီဖြစ်သဖြင့် စုရီက ညွှန်ကြားချက်တချို့ပေးကာ သူ့အခန်းသို့ ပြန်သွားတော့သည်။
နောက်နေ့မနက်တွင် ယွမ်ဝမ်နှင့် ယွီရှစ်ချန်တို့သည် ထပ်မံထွက်ခွာသွားခဲ့ကြ၏။ စုရီက ယခင်အတိုင်းပင် ရေကန်ဘေး၌ အိပ်ပျော်နေချေပြီ။
မှောင်စပျိုးချိန်ရောက်သောအခါ ယွမ်ဟမ်နှင့်ယွီရှစ်ချန်တို့ ပြန်ရောက်လာပြီး သူတို့၏ အတွေ့အကြုံများကို ပြန်ပြောင်း ပြောပြလာ၏။ စုရီက တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။
“ ဒါဆို ကောချင်နဲ့ မင်းဆုံခဲ့သလား။ ”
စုရီက ရုတ်တရက် မေးသည်။
“ ဟုတ်ကဲ့ ... ဒါပေမယ့် သူ့ကိုယ်သူ ကူချန်လင်လို့ အမည်ပေးထားပါတယ်။ ”
“ ဟမ့် ... ဒီကောင်လေး တကယ်ရဲဝံ့တာပဲ သူ့ဆရာပင်လယ်ဘုရင်ရဲ့ အမည်ကို ယူသုံးရဲတယ်။ ”
စုရီက ပြုံးလျက် ရေရွတ်လိုက်သည်။ ထိုစဉ်ရုတ်တရက် ထရပ်ကာ ခြံဝင်းအပြင်သို့ ရိပ်ခနဲ ရွေ့လျားသွားတော့၏။
တဆက်တည်းမှာပင် နတ်အာရုံကို ဖြန့်ကျက်ကာ လမ်းများနှင့် အဆောက်အဦးများ အပေါ် လွှမ်းခြုံကြည့်သည်။
အဝေးတွင် ကျောခိုင်းထွက်ပြေးနေသော အဝါရောင်ဝတ်ရုံဝတ် လူငယ်တစ်ယောက်ကို သတိထားမိလိုက်၏။
“ ဒီကောင် ... ယွမ်ဟမ်ကို နောက်ယောင်ခံလိုက်လာတာပဲ။ ”
စုရီက နှုတ်ခမ်းတွန့်ရုံပြုံးလျက် ရိပ်ခနဲပျောက်ကွယ်သွားကာ ကြိမ်ကုလားထိုင် အနား ပြန်ပေါ်လာသည်။
ဤကမ္ဘာကြီးတွင် ရွှမ်ဝူကျန်းချီသုတ္တန် ကျင့်ကြံသူ အခြားလူတစ်ဦး ရှိနေခဲ့သည်မှန်း သိရှိသွားသောအခါ ကောချင်၏သိချင်စိတ်မှာ သည်းခံနိုင်ခြင်းမရှိတော့ပုံရ၏။
သူရဲဘောကြောင်သော ထိုလူငယ်သည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သူ့ထံသို့ အရောက်လာပေလိမ့်မည်။
“ သခင် ... ဘယ်သူလဲ။ ”
ယွမ်ဟမ်ကမေးသည်။
“ ကောချင် မင်းနောက်ကို လိုက်လာတာ မနက်ဖြန်မှာ ... ဘာမှမသိသလို ဟန်ဆောင်ပြီး သူ့ကိုလျစ်လျူရှုထားပါ။”
“ ဟုတ်ကဲ့ ... ။ ”
ထိုအချိန်တွင် ကောချင်သည်လည်း လမ်းမကြီးဆယ်ခုနှင့် လမ်းသွယ်ပေါင်းများစွာ ပြေးလွှားကာ အကြိမ်ကြိမ်စစ်ဆေးနေ၏။
အဆုံးတွင် မည်သူမျှ လိုက်မလာကြောင်း အတည်ပြုပြီးနောက် ရေကန်တစ်ခုအနားတွင် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။
“ အဘိုးကြီး ... ။ ”
တုန့်ပြန်ခြင်း မရှိချေ။
“ အဘိုးကြီး ... ယွမ်ဟမ်နောက်လိုက်ဖို့ မင်းငါ့ကို မတောင်းဆိုဘူးလား ... အခု ဘာလို့ သေချင်ယောင် ဆောင်နေရတာလဲ။ ”
ကောချင်မှ ရန်စလိုက်၏။ သို့သော် ယခင်ကဲ့သို့ တုန့်ပြန်ခြင်းမပြုဘဲ အဘိုးအိုသည် အံ့အားသင့်ဖွယ် နှုတ်ဆိတ်နေဆဲဖြစ်သည်။
“ အဘိုးကြီး၊ မင်းငါ့ကိုသင်ပေးတဲ့ ရွှမ်ဝူကျန်းချီသုတ္တန်က တစ်ခုခုမှားနေပြီ မဟုတ်လား။ ”
ဤတစ်ကြိမ်၌ ကောချင်မှ သတိထားမိလာခဲ့သည်။ သို့မှသာ အသိစိတ်ထဲ သက်ပြင်းချသံ ထွက်ပေါ်လာ၏။
“ ငါအခု စိတ်တွေ အရမ်းရှုပ်နေတယ် ... မင်းအနှောင့်အယှက်မပေးဘဲ ခဏလောက် နေပေးနိုင်မလား။”
“ ကောင်းပြီ ... ဒီနေ့အခြေအနေက ငါ့စိတ်ထဲ ထောင်ချောက်တစ်ခုလို့ ဘာလို့ ခံစားနေရတာလဲ။ ”
ကောချင် သည်းမခံနိုင်သေးဘဲ ညည်းတွားလိုက်သည်။ အဖိုးကြီးသည်လည်း လေးကန်သော လေသံဖြင့်၊
( ငါ့အတွက်ကတော့ ဒါက အိပ်မက်တစ်ခုလိုပဲ ခံစားနေရတယ် ငါအခု အတွေးတွေ အရမ်းရှုပ်ပွနေပြီး ... ။ )
-ဟု ထုတ်ဖော်ပြောကြားလာ၏။
အမြဲတမ်းကြွားလုံး ထုတ်နေသော ဤအဖိုးကြီးထံမှ တုံ့ဆိုင်းနေသည့် လေသံမျိုး ပထမဆုံးအကြိမ် ကြားရခြင်း ဖြစ်သည်။
“ ဒါဆို လောလောဆယ် ... ဒီအကြောင်း မစဉ်းစားနဲ့တော့ မနက်ဖြန်ပြိုင်ပွဲသွားချင်လား။ ”
ကောချင်က စာနာစိတ်ဖြင့် နှစ်သိမ့် မေးမြန်းလိုက်သည်။ အချိန်များ တရွေ့ရွေ့ ကုန်လွန်သွား၏။ အဘိုးအိုမှ တတ်ဆိတ်နေဆဲ ပေပင်။ ကောချင်သည်လည်း စိတ်ရှည်စွာ စောင့်ဆိုင်းနေဆဲဖြစ်၏။
အချိန်အတော်ကြာပြီးနောက် အဘိုးအိုက၊
“ မနက်ဖြန် ... မင်းသွားလို့ရတယ် ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်ပြီး ယွမ်ဟမ်ရဲ့ တုံ့ပြန်ပုံကို စောင့်ကြည့်ပါ ... အန္တရာယ်ရှိရင် မင်းကိုငါ အသက်စွန့်ကယ်ပေးမယ်။ ”
-ဟု ဆုံးဖြတ်ချက်ပေးလာသည်။
“ ကောင်းပြီ ... ။ ”
ကောချင်က လိုလိုလားလား သဘောတူလိုက်၏။ ထိုတုန့်ပြန်မှုကြောင့် အဖိုးကြီးက ကျေနပ်သွားပြီး၊
“ ဟမ် ... ဒီတစ်ခါ မင်းက တကယ်သတ္တိရှိလာပြီ နောက်ဆုံးတော့ မင်းကို နှစ်တွေတလျှောက် ငါသင်ကြားပေးခဲ့တာ အလကား မဖြစ်တော့ဘူး။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
ကောချင်သည် သူရဲဘောကြောင်သူ ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် အလွယ်တကူ သဘောတူသောကြောင့် သူ့ရင်ကို အနည်းငယ် ထိမိသွားစေ၏။
“ ဘာပဲဖြစ်ဖြစ် မင်းငါ့ကိုကာကွယ်ဖို့ မင်းအသက်ကို စွန့်မယ်လို့ ကတိပေးထားတာပဲ ငါဘာလို့ ကြောက်နေရမှာလဲ။ ”
“ မင်း ... ။ ”
“ ဟား ဟား ဟား ... ။ ”
ကောချင်က ရယ်မောလျက် ရိပ်ခနဲ ပျောက်ကွယ်သွားတော့သည်။
စက်တင်ဘာ (၂၇) ရက်၊ သစ်ခွခြံဝင်းတာအိုဆွေးနွေးပွဲ ကျင်းပသည့် တတိယမြောက်နေ့။
မူလတာအိုနယ်ပယ် ကျင့်ကြံသူပေါင်း (၁၃,၀၀၀)ကျော် ပါဝင်လာခဲ့ပြီး (၇၀)ရာခိုင်နှုန်း ဖယ်ရှားပစ်ပြီးဖြစ်၏။
ပြိုင်ဆိုင်မှုသည် ပြင်းထန်လှသဖြင့် ရှေးဟောင်းပါရမီရှင်နှင့် ခေတ်ပြိုင်ပါရမီရှင်များ အားလုံးသည် စစ်မှန်သောခွန်အားကို အသုံးပြုလာရပြီဖြစ်သည်။
ညမိုးချုပ်သောအခါ၊ လမ်းများနှင့် လက်ဖက်ရည်ဆိုင်များတွင် ထိပ်တန်း (၁၀၀) ခန့်မှန်းစာရင်းများ ပြုလုပ်နေကြ၏။
“ မိန်းကလေး ရှင်းကျောက် ... ချင်းရီတာအိုဂိုဏ်းက လီဟန်ထောင်က ဒီနေ့ည ဧည့်ခံပွဲတစ်ခုကျင်းမှာမို့ တက်ရောက်ဖို့ ဖိတ်ကြားခိုင်းလိုက်ပါတယ်။ ”
“ ကျေးဇူးတင်ပါတယ် ငါမအားလပ်လို့ပါ။ ”
“ အစ်မရှင်းကျောက် ... ဂိုဏ်းချုပ်က ငါတို့အမာခံတပည့်တွေကို ဒီနေ့ညမြို့တော်အနှံ့ အလည်အပတ် ခေါ်သွားလိမ့်မယ် ... မင်း ငါတို့နဲ့လိုက်ချင်လား။ ”
“ တောင်းပန်ပါတယ် ... ။ ”
တစ်နေ့တာ ပြိင်ပွဲများ ပြီးဆုံးချိန်၌ သဘာဝအတိုင်း အပန်းဖြေအနားယူကြပေမည်။ ထို့ကြောင့် အင်အားစုအသီးသီးမှ မျိုးဆက်သစ် လူငယ်များသည် အချင်းချင်း ဆက်ဆံရေး တစ်ခုကို ထူထောင်လိုခဲ့ကြ၏။
“ အစ်မရှင်းကျောက် ... ။ ”
“ တောင်းပန်ပါတယ် ဒီည ငါမအားလို့ပါ။
ဝမ်ရှင်းကျောက်က လူတိုင်းအပေါ် ငြင်းဆန်ပြီး ထွက်ခွာသွားနေသော ယွမ်ဟမ် နောက်သို့ ပြေးလိုက်လာခဲ့၏။
“ အစ်ကိုယွမ်ဟမ် ... ။ ”
ရုတ်တရက် ဖြစ်သဖြင့် ယွမ်ဟမ်က လှည့်ကြည့်ကာ နားလည်သွားသည်။ သူ့ဘေးရှိ ယွီရှစ်ချန်မှ စူးစမ်းဟန်ကြည့်၏။
အစောပိုင်းက ဝမ်ရှင်းကျောက်ကို ဖိတ်ခေါ်ခဲ့သော လူတစ်စုသည် ထိုမြင်ကွင်းထံ ကြည့်ကာ စိတ်ရှုပ်ထွေးကုန်သည်။
ဤယွမ်ဟမ်သည် သာမန် အသွင်အပြင်ဖြစ်သော ယောကျ်ားတစ်ယောက် ဖြစ်သည်။ သို့သော် သူ့ဘေးနားရှိ အဖြူဝတ် အမျိုးသမီးမှာမူ နတ်သမီးတမျှ ချောမောနေပေ၏။
နောက်ကျောတွင် ထူးခြားသောဓားကို ပိုးလွယ်ထားကာ အနက်ရောင်ဆံပင်များက ရေတံခွန်အလား ဝဲဖြာကျနေသည်။
မြင့်မြတ်မှုနှင့် ရောင်ဝါအရ ဓားကလေးခေါ်ဝမ်ရှင်းကျောက်ထက် လုံးဝ နိမ့်ကျခြင်းမရှိချေ။
စိတ်နေစိတ်ထားသည် သာလွန် အေးစက်လွန်းပြီး ယွမ်ဟမ်နှင့် ကမ္ဘာတစ်ခုလုံး ခြားနေသကဲ့သို့ပေပင်။
“ မိန်းကလေးရှင်းကျောက် ငါနဲ့လိုက်ခဲ့ပါ။ ”
ယွမ်ဟမ်က အပိုစကား မဆိုတော့ဘဲ ခေါင်းညိတ်ကာ ဦးဆောင်သည်။ တစ်ဖက်လူ၏ အတွေးများကို သူနားလည်နေ၏။
“ အဲ့ဒါ ယွီရှစ်ချန် မဟုတ်လား။ ”
ယွမ်ဟမ်ဘေးရှိ အမျိုးသမီးကို လူတိုင်းမှတ်မိသွား၏။ အဖြူရောင် ဝတ်လုံနှင့် အစွမ်းထက်သော ဓားသမားပေပင်။
“ စိတ်ဝင်စားဖို့ ကောင်းတယ်၊ နတ်ဆိုး ကျင့်ကြံသူတစ်ယောက်က အလှတရား နှစ်ပါးရဲ့ မျက်နှာသာပေးမှုကို ခံနေရတာပဲ။ ”
တစ်ဖက်တွင် ဟွမ်ရှောင်ယုက ဤမြင်ကွင်းကို သတိပြုမိပြီး မျက်ခုံးပင့်လိုက် တော့သည်။ သူ့ဘေးရှိ ဖီးနစ်၀တ်စုံဝတ် အမျိုးသမီးက၊
“ သခင်ငယ် ... မင်းစိတ်ကူးယဉ်နေတဲ့ အလှလေးတွေကို တခြားလူတစ်ယောက် သိမ်းသွားပြီ။ ”
-ဟု လှောင်ပြောင်လိုက်သည်။
“ ဟား ဟား ဟား ... မှားတယ်၊ ငါ့ရဲ့ အတွေ့အကြုံအရ သူတို့နှစ်ယောက်စလုံးက အပျိုစင်တွေ ဖြစ်နေတုန်းပဲ။ ”
“ အိုး ... ဒါဆို မင်းဘာဆက်လုပ်မလဲ။ ”
“ သူတို့ရဲ့ အရည်အချင်းတွေက လေးစားစရာကောင်းပြီး ဒီလိုယုတ်ညံ့လွန်းတဲ့ ယောက်ျားမျိုးတွေနဲ့ ရောယှက်ဖို့ မသင့်လျော်ဘူး ...
... ဒါကြောင့် သူတို့ကို ကယ်တင်ပေးတဲ့ အနေနဲ့ ငါ့ရဲ့ရတနာသင်္ဘောပေါ်မှာ တသက်လုံး နေထိုင်ဖို့ ဖိတ်ခေါ်ရမယ်။ ”
“ သခင်လေး မင်းက တကယ့်ကို လူယုတ်မာပဲ ငါ့အမြင်အရတော့ မင်းသူတို့ကို ယုတ်မာချင်နေတာ မဟုတ်လား။ ”
“ ဟား ဟား ဟား ... ဒါပေမယ့် ငါ့ယုတ်မာမှုကို မင်းလည်းသဘောကျနေတယ် မဟုတ်လား ... တကယ်တော့
... ဒါက ငါ့မျိုးရိုးကို ပြန်လည် တည်ဆောက်ဖို့ ငါလုပ်ရမဲ့အမျိုးသားရေး တာဝန်တစ်ရပ်ပဲ။ ”
***