← Chapters

အတိတ်မှ ပုံရိပ် ... ။

Vol. 36 Ch. 431

အတိတ်မှ ပုံရိပ် ... ။

Vol. 36 Ch. 431

ထိုညတွင် မိုးပြာခြံဝင်းသို့ ဧည့်သည်နှစ်ဦး ရောက်ရှိလာသည်။ ညသည် မှင်ရေနှင့်တူသည်။

ကြယ်ရောင်ကျဲကျဲနှင့် အေးမြသော လေပြေများတိုက်ခတ်ကာ လန်းဆန်းသာယာ ချေ၏။ ရေကန်ဘေးနားတွင် စုရီသည် လက်ဖက်ရည်သောက်လျက်၊

“ ဒါဆို မင်းက ဒီရက်ပိုင်းအတွင်း ငါ့ကိုရှာနေတာလား။ ”

-ဟု ဝမ်ရှင်းကျောက်ကို မေးမြန်းလိုက်သည်။

“ မှန်ပါတယ် ... ။ ”

ဝမ်ရှင်းကျောက်သည် ရိုးရိုးရှင်းရှင်း ကြော့ရှင်းသော ဂါဝန်ရှည် ၀တ်ဆင်ထားပြီး ဆံပင်ကို မြင့်မြင့်ချည်နှောင်ထား၏။

ဤသည်မှာ တိမ်လွှာကောင်းကင် နန်းတော်၏တပည့်များအနက် မာနအကြီးဆုံး ဖြစ်သော ဓားကလေးဖြစ်သည်။ ယခုမူ ကလေးကဲ့သို့ ပြုမူနေသည်။

တပည့်မတစ်ယောက် ထိုသို့ ဖြစ်ပျက်နေသည်ကိုကြည့်ကာ အင်မော်တယ် ဟန်ယန်က သည်းမခံနိုင်တော့ဘဲ၊

“ တာအိုစု တောင်းပန်ပါတယ် ... မင်းဘာလို့ဒီပွဲကို မပါဝင်ရတာလဲ။ ”

-ဟု လေထုကို ပြောင်းလဲလိုက်၏။

တစ်ဖက်လူငယ်၏ ချောမောသော အသွင်အပြင်သည် သူမတပည့်မအပေါ်အနိုင်ယူ နိုင်ခဲ့ပုံပေပင်။

“ ဒီလိုပွဲမျိုးက အစ်ကိုစုအတွက် ငြီးငွေ့စရာကောင်းပြီး အချိန်တွေကို ဖြုန်းတီးရာ ရောက်ပါတယ်။ ”

စုရီအစား ယွီရှစ်ချန်မှ ပြန်ဖြေသည်။ သို့သော်အင်မော်တယ်ဟန်ယန်က အနည်းငယ် အလိုမကျဖြစ်သွား၏။

( ဒီလိုပွဲမျိုးကို အချိန်ဖြုန်းတာလား။ )

ဤသည်မှာ မိုးပြာတိုက်ကြီး တစ်ခုလုံးအတွက် စွဲဆောင်မှု အရှိဆုံးသော အခါသမယ ဖြစ်သည်။

“ ဆရာ ... အစ်ကိုစုက လက်ရှိ မျိုးဆက်သစ်လူငယ်တွေကြားမှာ ... ပြိုင်ဘက် ကင်းနေပါပြီ။ ”

ဝမ်ရှင်းကျောက်က ပြုံးလျက် သူမဆရာကို ရှင်းပြလိုက်၏။ သို့တိုင်အင်မော်တယ်ဟန်ယန်မှ မျက်ခုံးပင့်ပြီး၊

“ တာအိုစု ... ငါတို့ဂိုဏ်းရဲ့ အတွင်းအကြီးအကဲဟွာတျန်ကို သတ်ခဲ့တဲ့ အစိမ်းရောင်ဝတ်လူငယ်က မင်းလား။ ”

-ဟု ထပ်မေးသည်။

“ ဟုတ်တယ် ... ငါပဲ။ ”

စုရီက ရေနွေးခွက်ကို ပြန်ချကာ ဖြေကြားပေး၏။ ဝမ်ရှင်းကျောက်တစ်ယောက် အနည်းငယ် တုန်လှုပ်သွားသည်။ သူမ မျှော်လင့်ထားသည့် အတိုင်းပေပင်။

“ ဒါပေမယ့် ... မင်းကို ဟွာမိသားစုက ဘာလို့လက်စားမချေရတာလဲ။ ”

ဤတစ်ကြိမ်တွင် စုရီက မျက်ခုံးပင့်ကာ ပြန်ကြည့်၏။ သည်အမျိုးသမီးသည် အလွန်လှပ သော်လည်း ကလေးကဲ့သို့ စူးစမ်းနေသည်ကို နားမလည်နိုင်တော့ချေ။

“ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျိုးဖုန်းကျစ်နဲ့ သူ့တူကိုလည်း ငါသတ်ခဲ့တယ် သူတို့နောက်က အင်အားစုတွေ ရောက်လာ ဦးမလားလို့ ငါဒီမှာစောင့်နေတာ ဒါပေမယ့် ဘယ်သူမှ ထပ်မလာတော့ဘူး။ ”

တစ်ဖက်လူထံမှ မေးခွန်းများ ထပ်မလာစေရန် စုရီက ပြောကြားလိုက်သည်။ ထိုစကားကြောင့် အင်မော်တယ်ဟန်ယန်ခမျာ အံ့အားသင့်ပြီး တိတ်ဆိတ်သွားတော့၏။

ခဏအကြာတွင် သူမအသိစိတ် ပြန်ဝင်လာပြီး၊

“ တာအိုစုဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ မယုံနိုင်လောက်စရာ တိုက်ပွဲဝင်စွမ်းအားတွေ ရှိနေတာပဲ ငါမင်းကို လျှော့တွက်မိခဲ့ပုံရတယ်။ ”

-ဟု ချီးကျူးလိုက်၏။

သို့သော် ထိုစကားများကြားတွင် မရိုးသားမှုများကို မြင်နိုင်နေဆဲဖြစ်လေသည်။ ယင်းကြောင့် စုရီက စကားဆက်ပြောလိုစိတ် မရှိတော့ချေ။

တစ်စုံတစ်ယောက်သည် သူ့သိမြင်နိုင်စွမ်းထက် ကျော်လွန်နေသော အချက်အလက်များကို လက်ခံနိုင်ခြင်း မရှိသည်မှာ သဘာဝပေပင်။

“ သစ်ခွခြံဝင်း တာအိုဆွေးနွေးပွဲကို အစ်ကိုစုမပါဝင်ခဲ့တာ အံ့သြစရာမရှိတော့ပါဘူး ငါလည်း အစ်ကိုစုလို အစွမ်းတွေရှိနေရင် ဒီပွဲက ငြီးငွေ့စရာကောင်းနေမှာ သေချာတယ်။ ”

ဝမ်ရှင်းကျောက်က ရွှင်မြူးစွာဖြင့် မှတ်ချက်ပေးသည်။ ထို့ကြောင့် အင်မော်တယ် ဟန်ယန်မှ တပည့်မကို ပြန်ကြည့်လိုက်၏။

ဤကောင်မလေးသည် တကယ်ပင် စွဲလန်းနေချေပြီ။ အမှန်ကိုမြင်ရန် အသိတရား မရှိတော့ချေ။ ချောမောလှသော ရုပ်ရည်သည် ဓားနှလုံးသားကို အနိုင်ယူနိုင်ပုံရ၏။

ထိုအချိန်တွင် မိုးပြာခြံဝင်း အပြင်ဘက်မှ စကားများရန်ဖြစ်သံများ ရုတ်တရက် ထွက်ပေါ် လာသည်။

“ မဟာရှ တော်ဝင်မိသားစုက အရမ်းရှုပ်တာပဲ ငါဒီကိုလာလည်တာ ဘာလို့ တားနေရတာလဲ ... ဒီခြံဝင်းရဲ့ပိုင်ရှင်က အရမ်းကြီးမြတ်နေလို့လား။ ”

စကားသံသည် မကျေမနပ်သော အရိပ်အမြွက်ဖြင့် ရှင်းလင်းပြတ်သားနေသည်။

“ သခင်လေးဟွမ် ... မင်းရပ်လိုက်တာ အကောင်းဆုံးပါပဲ မဟုတ်လို့အဆင်မပြေတာ တစ်ခုခုဖြစ်လာရင် ငါတို့မကူညီနိုင်ဘူး။ ”

“ ဟမ့် ... တကယ်လား ဒါဆို ငါစမ်းကြည့်ချင်ပါတယ်။ ”

စုရီက အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ ဤသည်မှာ နတ်ဆိုးဟွမ်မျိုးနွယ်မှ တစ်စုံတစ်ယောက် ဖြစ်နိုင်သည်လော။

“ မိန်းကလေးရှင်းကျောက်နဲ့ ... မိန်းကလေးရှစ်ချန်၊ ငါဟွမ်ရှောက်ယု မင်းတို့ဆီ လာလည်တာပါ။ ”

ရုတ်တရက် သူမတို့၏ အမည်ကို တိုက်ရိုက်ခေါ်သံကြောင့် နှစ်ယောက်သားခမျာ အံ့အားသင့်ကုန်ပြီး လှည့်ကြည့်လိုက်ကြသည်။

“ ဟွမ်ရှောင်ယုဆိုတာ နတ်ဆိုးဟွမ်မျိုးရိုးရဲ့ တိုက်ရိုက်ဆင်းသက်သူပဲ ဒီသုံးရက်အတွင်းသူ့ရဲ့ စွမ်းဆောင်နိုင်မှုက အလွန်အံ့ဩစရာ ကောင်းလွန်းတယ် ...

... တစ်ချက်လှုပ်တာနဲ့ ပြိုင်ဘက်တိုင်းကို ဒဏ်ရာအပြင်းအထန်ရစေတယ် တချို့တွေဆို အုတ်မြစ်တောင် ထိခိုက်ကုန်တယ် အရမ်း ရက်စက်တဲ့ လူငယ်ပဲ။ ”

အင်မော်တယ် ဟန်ယန်က ဝင်ရောက် ရှင်းပြလိုက်သည်။ သူမစကားကို ဟွမ်ရှောင်ယုမှ ကြားသွားပြီး၊

“ ဟားဟားဟား ... ငါ့ကို ဒီလောက်အထိ ချီးကျူးနေဖို့ မလိုပါဘူး။ ”

-ဟု ကြည်နူးဖွယ်ရယ်မောသံကြီးဖြင့် တုန့်ပြန်လာခဲ့သည်။

ထိုအချိန်တွင် ဝမ်ရှင်းကျောက်နှင့် ယွီရှစ်ချန်သည် တစ်ဖက်လူ မည်သူမည်ဝါ ဖြစ်သည်ကို ပုံဖော်လာနိုင်၏။

“ မင်းတို့ သူ့ကိုမသိဘူးလား။ ”

ကောင်မလေးနှစ်ယောက်၏ တုန့်ပြန်မှုအပေါ် စောင့်ကြည့်နေသော စုရီက မေးမြန်းလိုက်သည်။ နှစ်ယောက်သား ခေါင်းညိတ်ပြလာ၏။

“ ဒါဆို သူဝင်လာရင် ငါသတ်ပစ်လိုက်မယ်။ ”

စုရီက ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။ ထိုစကားကြောင့် အင်မော်တယ်ဟန်ယန်ခမျာ မျက်လုံးပြူးသွားလေသည်။ ဤစုရီသည် အထိန်းအကွပ်မဲ့ချေ၏။

အမျိုးသမီးများ ရှေ့တွင် သူရဲကောင်း ဖြစ်ချင်နေပုံရသည်။ သို့သော် တစ်ဖက်၌လည်း စကားစမြည် ပြောကြားနေသည်နှင့်အမျှ စုရီ၏ တည်ငြိမ်ပြီး မာနကြီးသောအမူအရာက သူမကို အလွန်သဘောကျစေ၏။ ထို့ကြောင့် တပည့်မ ဝမ်ရှင်းကျောက် ကျရှုံးခဲ့ခြင်းဖြစ်ပေမည်။

ထိုအချိန်တွင် ဟွမ်ရှောက်ယုအသံက ထပ်မံထွက်ပေါ်လာပြန်သည်။

“ မိန်းကလေးတို့ ဒီည ... ငါတို့ရဲ့ ပျော်စရာကောင်းတဲ့ အချိန်ကို နှောက်ယှက်မဲ့ တော်ဝင်မိသားစုထဲက လူတချို့ရှိနေတယ် ...

... နောက်နေ့ကျမှ မင်းတို့နဲ့အတူ သောက်စားပြီး ကိစ္စအချို့ဆွေးနွေးရအောင် မင်းတို့နှစ်ယောက် အကြိုက်တွေ့လိမ့်မယ်လို့ ငါအာမခံပါတယ်။ ”

စကားဆုံးသည်နှင့် လှည့်ထွက် သွားတော့သည်။ သို့မှသာ တားဆီးနေသည့် အစောင့်များက သက်ပြင်းချနိုင်၏။

ဤလူငယ်သည် နာမည်ကြီး အရူး နတ်ဘုရားမျိုးဆက်ဖြစ်သည်။ အတင်းအကြပ် ဝင်ရောက်ခဲ့သော် သူတို့တားဆီးနိုင်မည် မဟုတ်ချေ။

“ နတ်ဆိုးဟွမ်မျိုးရိုးဆိုတာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးသောင်းလောက်က နံပါတ်တစ် နတ်ဆိုးဂိုဏ်းကြီးပဲ ...

... မကြာသေးခင်က သူတို့ နတ်ဆိုးတစ်ထောင် ရတနာသင်္ဘောနဲ့ မြို့ထဲကို ပျံသန်းဖို့ ကြိုးစားခဲ့သေးတယ် တာအိုစု ... ဒါကို မင်းသတိထားမိခဲ့လား။ ”

အင်မော်တယ် ဟန်ယန်က သည်းမခံနိုင်တော့ဘဲ မေးမြန်း၏။ တစ်ဖက်တွင် စုရီသည် ထူးဆန်းသောအကြည့်ဖြင့် သူမကို စိုက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

“ ဒီဟွမ်မိသားစု ဘယ်လောက် မာနထောင်လွှားတယ်ဆိုတာ မင်းမြင်နိုင်မယ် ထင်တယ် ... တော်ဝင်မိသားစုကတောင် သူတို့ကို မသတ်ဝံ့ကြဘူး ...

... ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ ကျေးဇူးပြုပြီး စိတ်မြန်လက်မြန် မလုပ်ပါနဲ့ နတ်ဆိုးဟွမ်မျိုးနွယ်နဲ့ ပဋိပက္ခမဖြစ်အောင် နေတာ အကောင်းဆုံးပါပဲ တာအိုစု။ ”

သူမစကားကြောင့် ယွီရှစ်ချန်နှင့် ဝမ်ရှင်းကျောက်က ချက်ချင်း လှည့်ကြည့်သည်။ ပိုင်ဝမ်ချင်းနှင့် ယွမ်ဟမ်သည်လည်း ချွင်းချက် မရှိချေ။

အဘယ့်ကြောင့်ဆိုသော် သူမ စကားများအတွင်းရှိ ရည်ရွယ်ချက်များကို မည်သူမဆို မြင်နိုင်သောကြောင့်ဖြစ်၏။

ထိုစဉ်က သခင်သည် ဝင်္ကပါဖြင့် ဟွမ်မျိုးနွယ်ကိုသတ်ဖြတ်ရန် ကြံရွယ်ခဲ့ကြောင်း ယွမ်ဟမ်မှ ပြောပြလိုခဲ့သည်။

သို့သော် ဤအမျိုးသမီးသည် ယုံနိုင်မည် မဟုတ်ကြောင်း သိရှိထားသဖြင့် လျစ်လျူရှုခြင်း ဖြင့်သာ အဆုံးသတ်လိုက်၏။

သခင်နှင့် အနေကြာခဲ့ပြီးနောက် သူသည်လည်း ထိုသို့သောလူများကိုရှင်းပြရန် ပျင်းရိလာတတ်ပြီဖြစ်သည်။

( စာရေးဆရာလည်း ရေးရတာ ပျင်းလာပြီ။)

ဤတစ်ကြိမ်တွင် စုရီသည် အင်မော်တယ်ဟန်ယန်စကားကို တုန့်ပြန်ခြင်း မပြုတော့ချေ။ ငြီးငွေ့ဟန်ဖြင့် မျက်လုံးများ မှိတ်ထားလိုက်၏။

အင်မော်တယ်ဟန်ယန်သည်သာလျှင် လူတိုင်း၏အကြည့်ကို လက်ခံရရှိခဲ့သောကြောင့် အနည်းငယ် မသက်မသာဖြစ်လာပြီး၊

“ ဘာလို့လဲ ... ငါပြောတာမှားလို့လား။ ”

-ဟု မေးမြန်းလိုက်လေသည်။

သို့သော် မည်သူမျှ သူမစကားကို တုန့်ပြန်ခြင်းမပြုတော့ချေ။ ပြောင်းလဲလာသော လေထုကြောင့် ဝမ်ရှင်းကျောက်ခမျာ နှုတ်ဆက်ကာ ထွက်ခွာလိုက်ရသည်။

သူမတို့ထွက်သွားပြီးမကြာမီ စုရီသည် မျက်လုံးများပြန်ဖွင့်ကာ ကောချင်အကြောင်းကို မေးမြန်း၏။ ယွမ်ဟမ်မှ ခေါင်းညိတ်ပြပြီး၊

“ ဒီလူက တိုက်ပွဲမှာ လိပ်နက်တံဆိပ်ကို သုံးခဲ့တာသေချာပါတယ် ... ဒါနဲ့သခင် ငါသူ့ကို ဆက်သွယ်သင့်ပြီလို့ မင်းထင်လား။ ”

-ဟု အကြံတောင်းခံလိုက်သည်။

“ မလိုဘူး ... သူ ထွက်ပြေး မသွားသရွေ့တော့ လုံလောက်ပါပြီ။ ”

စုရီက ခေါင်းရမ်းကာ ငြင်းဆန်သည်။ သူမျှော်လင့်ထားသည့်အတိုင်း ကောချင်သည် ရွှမ်ဝူကျန်းချီသုတ္တန်ကို သတိပြုမိသော်လည်း ရှောင်မပြေးခဲ့ချေ။

ယင်းအစား စူးစမ်းလိုစိတ်များသာ ဖြစ်ပေါ်လာမည်ဖြစ်သည်။ တစ်ချိန်တွင် သူ့ထံ သေချာပေါက် ရောက်လာပေမည်။

“ မနက်ဖြန် ... သူ မင်းကို စကားပြောဖို့ ကြိုးစားလာခဲ့ရင် ... မင်းရဲ့အမွေကို ငါ့ဆီကနေ ရထားတာလို့ ပြောလိုက်ပါ။ ”

အကယ်၍ ဤကိစ္စသည် သူနှင့် သက်ဆိုင်ကြောင်း ကောချင်သိပါက စိုးရိမ်မှုများ လျော့ပါးသွားမည်မှာ သေချာသည်။

ဤနည်းအားဖြင့် ထွက်ပြေးခြင်းအစား သူနှင့်စကားပြောဆိုရန် အချိန်ယူပြီးအခွင့်အရေး ရှာပေလိမ့်မည်။ ထို့နောက် ပုံရိပ်တစ်ရိပ်ကို ပြန်မြင်ယောင်ကာ ပြုံးလိုက်မိ၏။

“ နားလည်ပါပြီ။ ”

“ ဒါဆိုသွားပြီး အနားယူတော့။ ”

စုရီက လက်ဝှေ့ယမ်းပြလိုက်သည်။ ယွမ်ဟမ်တစ်ယောက် ယနေ့စွမ်းဆောင်ရည်ကို စုရီထံ ပြောပြလိုခဲ့သော်လည်း ပြန်မျိုချကာ ထွက်ခွာလာခဲ့ရတော့၏။

***

All Chapters