← Chapters

အခန်း (၅၁-၅၃)

Vol. 2 Ch. 51-53

အခန်း (၅၁-၅၃)

Vol. 2 Ch. 51-53

အပိုင်း ၅၁: သူမအတွက်တွင်းတူးထားပေးခြင်း

February 14, 2024 by Duan Fei Lin (段飞林)

လုလျန်း‌ဝေသည် လုယွင်ရှင်းရဲ့ ‌စိစစ်မှုကို သိရှိသွားပြီးနောက် စိတ်ထဲရှုပ်‌ထွေးသွားတယ်။စာအုပ်ထဲတွင်ဖော်ပြထားသည်မှာ လုယွင်ရွှမ်းက ဧကရာဇ်မွေးနေ့တွင် အိမ်ရှေ့စံအစီအစဉ်ဖြစ်မြောက်အောင် ကူညီခဲ့ခြင်းပင်။ သူတို့က ဧကရာဇ်ကို ပညာရှိ မော့ချန်ရဲ့ စာများကိုရေးထွင်းထားသော ခေါက်ယပ်တောင်ကို လက်ဆောင်အဖြစ်ဆက်သခဲ့တယ်။ သို့သော် ထိုယပ်တောင်ကလုယွင်ရှင်းရဲ့လက်ထဲကို ဘယ်ရောက်နေသည်ကို ရှင်းပြထားခြင်းမရှိပေ။

စာအုပ်ထဲတွင် ပညာရှိ‌မော့ချန်ကဘယ်တော်ကြောင်း ၊သူ့ဂုဏ်ပုဒ်များနှင့် တိုင်းပြည်အသီးသီးမှ ပညာရှိ‌ မော့ချန်ကို‌ အနိုင်ရရန်အပြိုင်အဆိုင်ကြိုးစားကြကြောင်းကိုသာ ဖော်ပြထားသည်။

သို့သော်လည်း မော့ချန်ကတိုင်းပြည်အသီးသီးရဲ့အာဏာပါဝါနှင့်ပင် ခြေရာကောက်မမိနိုင်လောက်အောင် အမှန်တကယ်တော်သည်ဆိုပါက လုယွင်ရှမ်းလက်ထဲကို မော့ချန်ရဲ့လက်ရေးစာပါရှိသော ခေါက်ယပ်တောင်သည် ဘယ်နည်းဖြင့်ရောက်ရှိလာနိုက်သလဲ။

ထပ်ပြီးအသေးစိတ်ကျကျစဉ်းစားကြည့်ရင် ဒီကိစ္စကအမှန်တကယ်ထူးဆန်းတယ်။မဟုတ်မှလွဲရင် လုယွင်ရှမ်း တနည်းနည်းဖြင့် ခိုးယူခဲ့သည်လော ၊ တနေရာရာမှ လုယူခဲ့သည်လော။လုလျန်ဝေ့ သံသယစိတ်တို့ပို၍ကြီးထွားလာသည်။

အဓိကဇာတ်လိုက်ဖြစ်တဲ့ လု‌ယွင်ရှမ်းသည် ဂီတ ကျားထိုး စာပေ နှင့် ပန်းချီပညာတွင် ကျွမ်းကျင်ရုံသာမက သိုင်းပညာအချို့လည်းတတ်ကျွမ်းသေးသည်။သူမက နှလုံးရည်ရော လက်ရုံးရည်ပါပြည့်စုံသူဟု ဆိုရသည်။ထို့ကြောင့်ပင် သူမသည်မင်းမျိုးနွယ်မဟုတ်သော်လည်း မျိုးနွယ်ခေါင်းဆောင်မြို့စားအမျိုးသမီးအဖြစ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

မျိုးနွယ်ခေါင်းဆောင်ဖြစ်ခြင်းကြောင့် သူမတွင်စနစ်တကျလေ့ကျင့်ပေးထားသော လုပ်ကြံသူ သူလျိုများရှိလေသည်။ အိမ်တော်ကိုတည်ဆောက်ထားခြင်းမှာ လုံချီကိုဆန့်ကျင်သူများအား ရှင်းထုတ်ပစ်ရန်အတွက် ထိုသူတို့ကို လက်သပ်မွေးမြူထားရန်ဖြစ်သည်။

လုယွင်ရှမ်းသည် အိမ်ရှေ့စံကို ဆန့်ကျင်သူများအား သုတ်သင်ပစ်ရန်အတွက် လုပ်ကြံသူများကို လျို့ဝှက်စွာပို့ဆောင်ပေးခဲ့သည်။ထို့ကြောင့် ထိုကာလတစ်လျှောက်လုံးတွင် နန်းတော်ထဲ၌ လုံချီအားဆန့်ကျင်သူများမရှိခြင်းမှာ မထူးဆန်းတော့ပေ။

ထိုအချက်ကိုတွေးမိသွားပြီးနောက် လုလျန်ဝေ့သည် အိမ်တော်ခန်းမကြီး ထူးဆန်းစွာတိတ်ဆိတ်နေခြင်း အကြောင်းရင်းကိုသိရှိသွားလေသည်။

သူမဘက်ကိုကြည့်နေသည့် မျက်လုံးများကိုမြင်နိုင်ရန်အတွက် သူမခေါင်းကိုမော့လိုက်သည်။ဘာဖြစ်နေသည်ကို ‌ရှင်းရှင်းလင်းလင်းမသိသေး၍ သူမမျက်ခုံးတို့အနည်းငယ် ကျုံ့သွားရတယ်။

သခင်မကျန်းကတခြားအရာတွေကိုကြည့်ရှုခံစား‌မနေဘဲ သူမကို ငေးစိုက်ကြည့်နေတယ်။ ထိုအချိန်တွင် သူမက လုဟဲထျန်ကို ဖျက်ကနဲကြည့်လိုက်သည်။ သူပုံစံသည် အနည်းငယ်မကျေမနပ်ဖြစ်နေပုံပေါ်တယ်။

လုလျန်ဝေ့ တစ်ခဏမျှတွေဝေနေစဉ် သခင်မကျန်းရဲ့ ညင်သာသောအသံကြောင့် သတိပြန်ဝင်လာတယ်

“ဝေ့ဝေ့ ဘာလို့ဒီမှာ ငုတ်တုတ်ထိုင်နေတာလဲ။ မင်းကြီးစောင့်နေတာကို။ လက်ဆောင်ကို မြန်မြန်သွားဆက်သလိုက်လေ”

ထိုစကားကြောင့် လုလျန်ဝေ့လည်း လုံယန်ကို အမြန်ကြည့်လိုက်၏။

ထင်သည့်အတိုင်း လုံယန်က သူမအား စိုက်ကြည့်နေသည်။

အနည်းငယ်ဝေးကွာနေသည့်အတွက် မင်းကြီးရဲ့အကြည့်နှင့်အမူအယာကို သူမရှင်းရှင်းလင်းလင်းမတွေ့ပေ။သို့သော်လည်း သူသည် သူမလက်ဆောင်အားစောင့်ဆိုင်းနေသည်ကို သူမခံစားမိတယ်။

သူမစိတ်ပျက်သွားတယ်။ သခင်မကျန်း သူမအားထောင်ချောက်ဆင်သည်မှာ အသေအချာပင်ဖြစ်သည်။လုလျန်ဝေ့သည် လုဟဲထျန်းနှင့်အတူ နန်းတော်သို့လာခဲ့ခြင်းဖြစ်သည်။ ပြောရမည်ဆိုလျှင် အိမ်တော်အကြီးအကဲဖြစ်သော လုဟဲထျန်းက မင်းကြီးအတွက်လက်ဆောင်ဆက်သပြီးပြီဖြစ်တယ်။ ထို့ကြောင့်သမီးဖြစ်သူ သူမအနေဖြင့် လက်ဆောင်ထပ်မံဆက်သရန်မလိုပေ။

လုဟဲထျန်းမှာ လက်ဆောင်အပြင် ကိုယ်တိုင်လက်ရေးစာဖြင့် ရေးသားထားသော ပေတစ်လိပ်ကိုပါပေးခဲ့သည်မှန်း သူမ သိတယ်။ထိုစာသည် ပညာရှိ‌ မော့ချန်ရဲ့စာလောက် တန်ဖိုးမကြီးသော်လည်းသူ့အတိုင်းအတာနှင့်သူတန်ဖိုးရှိသည်ပ။သို့သော် ယခုသခင်မကျန်းပြောပုံအရဆိုလျှင် သူမသည်လည်း သူမသီးသန့်လက်ဆောင်တစ်ခု ထပ်ပေးရမည့်ပုံ ဖြစ်နေတယိ။လုဟဲထျန်းနှင့်အတူနန်းတော်ထဲသို့သွားတိုင်း သူမကသီးသန့်လက်ဆောင် ပေးစရာမလိုမှန်း သူမသိပြီးသားဖြစ်သည်။

လုလျန်ဝေ့ မည်သည့်လက်ဆောင်မှမပြင်ဆင်ခဲ့မှန်း သခင်မကျန်းကောင်းကောင်းသိတယ်။ လုလျန်ဝေ့ တိတ်ဆိတ်နေသည်ကို တွေ့ပြီးသခင်မကျန်း ကျေနပ်ဝမ်းသာနေတယ်။

“ဝေ့ဝေ့ဘာလက်ဆောင်မှ မပါခဲ့ဘူးလား။ ဘယ်လိုဖြစ်လို့လဲကွယ်”

သူမစိုးရိမ်သွားပုံ လုပ်ပြနေသော်လည်း အမှန်တကယ်တွင် လုလျန်ဝေ့ ဘေးကြပ်နံကြပ်ဖြစ်နေသည်ကို သူမဝမ်းသာနေလေတယ်။

လုလျန်ဝေ့ ဖျက်ကနဲ ဒေါ်လေးကျန်းကိုကြည့်လိုက်တယ်။ သူမကို ထိုအခက်အခဲမှဆွဲထုတ်ရန် လုဟဲထျန်းဝင်မပြောခင် လုလျန်ဝေ့ ရုတ်တရက် သူမထိုင်ခုံမှထကာ ထွက်လာသည်။

“အရှင်မင်းကြီး ကျွန်တော်မျိုးမ အမှန်တကယ်တော့ လက်ဆောင်ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ကြွလာတဲ့ပရိတ်သတ်တွေ အားလုံးရဲ့လက်ဆောင်များနှင့် ယှဉ်ကြည့်လိုက်တဲ့အခါ ကျွန်တော်မျိုးမရဲ့လက်ဆောင်မှာ အလွန်သေးနုပ်လှပါတယ်။မင်းကြီးအားပေးရန် အလွန်ရှက်ရွံ့မိသော်လည်း သခင်မကျန်းက ထုတ်ပြောခဲ့တယ်။ကျွန်တော်မျိုးမတွင် ရွေးချယ်စရာမရှိတော့ဘူး။ ကျွန်တော်မျိုးမရဲ့ ရဲတင်းမှုကို အပြစ်မယူပါနဲ့ အရှင်မင်းကြီး”

ဆက်ရန်…..

အပိုင်း ၅၂

February 14, 2024

လုံယန်အလွန်အမင်း စိတ်လှုပ်ရှားနေသည်ကို ဘယ်သူကမှ သတိမထားမိပေ။ ကျောက်စိမ်းကဲ့သို့ ကြည်လင်ရှင်းသန့်နေသော သူ့နဖူးပြင်တွင်ပင် ချွေးသီးများထွက်နေသည်။

သူသည်ခန်းမအလယ်တွင်ရပ်နေသော မိန်းကလေးအား ဖျက်ကနဲကြည့်ကာ ဩဇာရှိသောအသံဖြင့်ပြောလိုက်တယ်။

“လက်ဆောင်ကို ငါကိုယ်တော်ဆီ ယူလာခဲ့ပါ”

လုံယန်ရဲ့ထူးဆန်းသောအပြုအမူကို ကျောက်ချင် သာမက လုလျန်ဝေ့ပါ သတိပြုမိသည်။ဝတ္ထုထဲတွင် ဧကရာဇ်မင်းကြီးရဲ့လျို့ဝှက်ထားသော အဖျားရောဂါကို မွေးနေ့ပွဲကျင်းပချိန်တွင် ကြေညာခဲ့သည်။ပွက်လောရိုက်ဆူညံပြောဆိုမှုများကြောင့် မွေးနေ့ပွဲတွင် ဧကရာဇ်မင်းကြီးသတိလစ်မေ့မြောသွားခဲ့သည်။

မင်းကြီးနာမကျန်းကာ လဲ‌သွားသည့် သတင်းသည်နန်းတော်အတွင်းသာမက နန်းပြင်အထိပေါက်ကြားသွားသည်။ထိုကိစ္စကြောင့် အရာရှိတစ်စုလုံးသည် အချိန်မဆွဲနေတော့ဘဲ လုံချီဘက်သို့ ပြောင်းလဲရပ်တည်ခဲ့သည်။လုံယန်အသည်းအသန်ဖျားနာနေချိန်တွင် သူလည်းထိုအခြေအနေကို သိရှိသွားသည်။ မကြာခင်ပင် သူလည်းနတ်ရွာစံသွားခဲ့သည်။

ထိုအကြောင်းများကိုတွေးမိပြီးနောက် လုလျန်ဝေ့ လျင်မြန်စွာပြောလိုက်သည်။

“ ကျွန်တော်မျိုးမအား ပြင်ဆင်ချိန် ဆယ့်ငါးမိနစ်ပေးဖို့ တောင်းဆိုပါရစေ အရှင်မင်းကြီး”

လုလျန်ဝေ့ စိတ်သက်သာသွားကာ သက်ပြင်းချလိုက်မိတယ်။ ထို့နောက် သူမသည် ကျောက်စိမ်းခန်းမမှထွက်ခွာလာခဲ့သည်။ ထိုအချိန်တွင် သလခင်မကျန်းရဲ့ ဖုံးကွယ်လို့မရတဲ့ သံသယ မျက်လုံးများကို သူမ သတိပြုမိတယ်။

လုလျန်ဝေ့ သူမအားလျစ်လျူရှုလိုက်တယ်။ အဲဒီအစား သူမအားစိုးရိမ်တကြီးကြည့်နေသော လုဟဲထျန်းနှင့်လုထင်ချန်းတို့အား စိတ်မပူစေရန် ခေါင်းငြိမ့်ပြလိုက်တယ်။

ကျောက်စိမ်းခန်းမရဲ့အပြင်ဘက်သို့ရောက်သောအခါ နန်းတွင်းသူတစ်ဦးအား စားဖိုဆောင်သို့လမ်းညွှန်ခိုင်းလိုက်တယ်။၁၅မိနစ်ကြာပြီးနောက် ကြွေပန်းကန်တစ်လုံးနှင့်အတူ လုလျန်ဝေ့ ပြန်လည်ရောက်ရှိလာသည်။အားလုံးရဲ့အကြည့်တွေဟာ လုလျန်ဝေ့ဆီမှ မလွှဲနိုင်ပေ။

“လုအိမ်တော်ရဲ့ ဒုတိယမမလေးက အမှန်တကယ်ပဲ မင်းကြီးအတွက် စွပ်ပြုတ်တစ်ပန်းကန်ချက်လာခဲ့တာလား”

ထိုသို့တွေးမိကြပြီးနောက် လူတိုင်းလျို့ဝှက်စွာပြုံးမိကြသည်။ ဒုတိယမမလေးလုသည် ဒီလိုတော်သည့်လူမဟုတ်မှန်း ခန်းမထဲကလူအယောက်စေ့ သိကြသည်။

“နေ့တိုင်း အရသာရှိတဲ့ဟင်းလျာတွေကိုစားသုံးနေရတဲ့ အရှင်မင်းကြီးက သူမရဲ့စွပ်ပြုတ်ကို ကြိုက်ပါ့မလား”

အားလုံးကအထင်သေးစွာနဲ့ ဘာဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်နေကြသည်။

လုံချီသည် လုလျန်ဝေ့ကိုကြည့်နေရာမှ ဖြည်းညင်းစွာအကြည့်လွှဲလိုက်တယ်။ သူ့စိတ်ထဲတွင် ကံကောင်းလို့ ဒီထုံထိုင်းနေတဲ့မိန်းကလေးကို စွန့်ပစ်လိုက်တာ ဟုတွေးနေမိသည်။ သူသာသူမနှင့်လက်ထပ်ဖြစ်ခဲ့ရင် သူသည်လည်းအားလုံးရဲ့တံတွေးခွက်မှာပက်လက်မြောတဲ့ အလှောင်ခံလူတစ်ယောက်ဖြစ်နေလောက်မည်။

လုယွင်ရွှမ်းရဲ့နှုတ်ခမ်းများ အပေါ်သို့ကော့တက်ကာ ပြုံးမိသွားတယ်။ သူမအကြည့်များထဲတွင် ရွံရှာခြင်း အထင်သေးခြင်းများဖြင့် ပြည့်နေလေတယ်။

လုလျန်ဝေ့ကဲ့သို့ လုံးဝကိုတုံးအ နေသည့်လူမှသာလျှင် ဘုရင်ရဲ့မွေးနေ့တွင် စွပ်ပြုတ်ကို လက်ဆောင်အဖြစ်ပေးလိမ့်မည် ဖြစ်သည်။

လုလျန်ဝေ့လက်ထဲတွင်ကိုင်ထားသည့်အရာကိုတွေ့မှသာလျှင် သခင်မကျန်းလည်း စိတ်သက်သာသွားတော့သည်။ယုံကြည်ချက်ရှိစွာ ဧကရာဇ်မင်းကြီးအားပြောနေခဲ့သည် လုလျန်ဝေ့ကြောင့် ဒီငတုံးမ အမှန်တကယ်ပင် လက်ဆောင်ကောင်းကောင်းပြင်လာခဲ့သည်ဟု သခင်မကျန်းထင်သွားခဲ့မိသည်။နောက်ဆုံးတော့ သူမ သူ့ကို အလွန်အမင်း မျှော်လင့်မိခြင်းသာဖြစ်နေသည်။

ခန်းမထဲမှလူများအားလုံး ပွဲကြည့်ရန်အသင့်စောင့်နေကြကာ လုလျန်ဝေ့ရဲ့ကံဆိုးမှုကို ကျေနပ်လှောင်ရယ်ချင်နေကြသည်။ လုဟဲထျန်းနှင့် လုတင်းချန်တို့သာလျှင် သူမအတွက် အလွန်အမင်း စိုးရိမ်နေရှာလေသည်။

အဖေနှင့်သား တစ်ဦးကိုတစ်ဦးကြည့်လိုက်မိကြသည်။ သူတို့ စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်တယ်။ အကယ်၍ မင်းကြီးက ဝေ့ဝေ့အား အမျက်တော်ရှခဲ့ပါလျှင် သူတို့ချက်ချင်းပင် သူ့ရဲ့ခွင့်လွှတ်မှုကိုတောင်းခံမည်ဖြစ်သည်။ မင်းကြီးသာ မြို့စားအိမ်တော်ရဲ့ ဂုဏ်သိက္ခာကိုစဉ်းစားမိလျှင် သူသည် ဝေ့ဝေ့အား တအားခက်ခဲအောင်လုပ်လိမ့်မည် မဟုတ်ပေ။

တခြားတစ်ဖက်တွက်လည်း လုလျန်ဝေ့သည် မည်သူတစ်ဦးတစ်ယောက်ရဲ့ ထင်မြင်ချက်ကိုမှ ဂရုမစိုက်နေပေ။ သူမသည်တည်ငြိမ်စွာလျှောက်လာကာ ဧကရာဇ်မင်းကြီးရဲ့ ပုလ္လင်အနီးတွင် ရပ်လိုက်တယ်။

“အရှင်မင်းကြီး ကျွန်တော်မျိုးမ သက်ရှည်ခေါက်ဆွဲအား ကိုယ်တိုင်ချက်ပြုတ်လာခဲ့ပါတယ်။ အလွန်တရာ သေးနုပ်လှသည့်လက်ဆောင်ဖြစ်စေကာမူ အရှင်မင်းကြီး မငြင်းပယ်ဖို့မျှော်လင့်မိပါတယ်”

သူမစကားများကိုကြားပြီးနောက် ကျောက်ချင်သည် သူမလက်ဆီသို့ကြည့်လိုက်မိကာ ခေါင်းကိုလျှင်မြန်စွာခါလိုက်မိသည်။

“ဒီဒုတိယမမလေးလု ဘာတွေများတွေးနေတာလဲ။ သေးနုပ်တယ်ဆိုတာကိုသိနေမှတော့ ဘာလို့အဲ့ဒါကြီးကို မင်းကြီးအတွက်လက်ဆောင်အဖြစ်ပေး‌နေသေးလဲ”

လုံယန်က သိမ်မွေ့စွာကြည့်လိုက်သည်။ လုလျန်ဝေ့သည် ပန်းကန်အား အုပ်လိုက်ပြီးနောက် ရှေ့သိုနှစ်လှမ်းတိုးလာသည်။ လုံယန်က တစ်ခုခုပြောရန်လုပ်လိုက်တယ်။ချက်ချင်းဆိုသလို ဆေးမြစ်စိမ်ထားသောရနံ့သည် သူနှာခေါင်းထဲသို့ရောက်လာသည်။

လုံယန် မူး‌မေ့သွားသည်။ထိုခဏတွင်ပင် သူရဲ့နာကျင်နေသောဝေဒနာသည်လည်း ထူးဆန်းစွာ သက်သာသွားတယ်။ငြင်းဆိုမည့်စကားအစား သူ၏နှုတ်မှ ရုတ်တရက်ထွက်သွားခဲ့သည်။

“ ငါ့ဆီ ယူလာခဲ့ပါ”

ဆက်ရန်…..

အပိုင်း ၅၃

February 14, 2024

ကျောက်ချင်လည်း တစ်ခဏမျှ ဆွံ့အငြိမ်သက်သွားသည်။ ထို့နောက် အလျှင်အမြန်သွားယူလိုက်သည်။သူသည် လုလျန်ဝေ့လက်ထဲမှ ကြွေပန်းကန်လုံးကို ယူရန် ကျောက်လှေကားအတိုင်းဆင်းလာစဉ် ဧကရာဇ်မင်းကြီးစကားကိုကြားလိုက််သည်။

“ငါ့ဆီကို ယူလာခဲ့”

ကျောက်ချင် သွားနေရင်းနှင့် ချက်ချင်း ရပ်လိုက်တယ်။

ဧကရာဇ်မင်းကြီးစကားသံကြားမှ လုလျန်ဝေ့လည်း အသက်ဝဝရှူနိုင်သွားသည်။သူမချက်ပြုတ်ခဲ့သည့်ခေါက်ဆွဲမှာ သာမာန်သက်ရှည်ခေါက်ဆွဲ မဟုတ်ပေ။

ဧကရာဇ်မင်းကြီး ရောဂါအား သက်သာပျောက်ကင်းစေမည့် ဆေးဖက်ဝင် သစ်ဥသစ်ဖုများကိုပါထည့်ပြီးချက်ပြုတ်ထားသော ခေါက်ဆွဲဖြစ်သည်။ အနည်းဆုံးတော့ မင်းကြီးခံစားနေရသော ဝေဒနာကို ယာယီသက်သာစေပြီး အခြေအနေမဆိုးအောင် ထိန်းထားနိုင်ပေလိမ့်မည်။

သူမသည် တည်ငြိမ်စွာဖြင့် ခေါက်ဆွဲပန်းကန်လုံးကိုသယ်ကာ လှေကားတစ်ထစ်စီတက်ပြီး မင်းကြီးရှေ့တွင် ခေါက်ဆွဲပန်းကန်အား ချလိုက်တာယ်။

အနီးသို့ရောက်သောအခါ လုလျန်ဝေ့သည် အလွန်တရာဖြူဖျော့နေသောလုံယန်ရဲ့ မျက်နှာကိုတွေ့လိုက်ရသည်။ နှဖူးပြင်ပေါ်မှ ချွေးစက်များကိုပင် တွေ့လေသည်။

မတ်လရောက်နေသည်မို့ ညအချိန်တွင် အနည်းငယ် အေးလာသည်။ မင်းကြီးကိုကြည့်ရသည်မှာ ရောဂါနှိပ်စက်သည့်ဒဏ်ကို တော်တော်လေးခံနေပုံ‌ပင်။

သူနေမကောင်းသည်မှာ သေချာသည်။ သို့သော် ဟိတ်ဟန်ရှိစွာ တည်တည်ငြိမ်ငြိမ်ထိုင်နေပုံကြောင့် ရောဂါဖြစ်နေသည်ဟု ပြောရန်ပင်ခက်လှသည်။လုလျန်ဝေ့သည် မင်းကြီးအား အထင်ကြီးလေးစားမိသွားသည်။

အလွန်အမင်းနေထိုင်မကောင်း‌ဖြစ်နေစေကာမူ သူ့ပုံစံကို ဟန်မပျက်ထိန်းထားနိုင်သည်။ဒါကိုကြည့်ခြင်းဖြင့် သူဟာဘယ်လောက်တောင် စိတ်ဓာတ်ကြံ့ခိုင်သည်ကိုသိနိုင်သည်။ထိုအချိန်တွင် လုံယန်မျက်လုံးများကသူမအပေါ် အေးစက်‌‌နေလေတယ်။လုလျန်ဝေ့ထိတ်လန့်သွားကာ မျက်လွှာချလိုက်မိတယ်။မင်းကြီးက သူမအားကြည့်သည်ဆိုရုံမျှကြည့်သော်လည်း ထူးဆန်းစွာပင် သူမသည် အလွန်အမင်း စိုးရိမ်ပူပန်နေမိတယ်။ကံကောင်းထောက်မစွာ မင်းကြီးက လျင်မြန်စွာ အကြည့်လွှဲလိုက်တယ်။

လုလျန်ဝေ့သက်ပြင်းလေးချလိုက်မိကာ စားပွဲပေါ်မှ ခေါက်ဆွဲပန်းကန်အား မင်းကြီးကြည့်နေသည်ကိုမြင်မိတယ်။လုံယန်သည် သူ့အရှေ့မှခေါက်ဆွဲအား စိုက်ကြည့်ကာ နည်းနည်းမျှ မလှုပ်ပေ။

ခေါက်ဆွဲကိုကြည့်ရသည်မှာ သာမာန်သက်ရှည်ခေါက်ဆွဲပုံပင်။ ခေါက်ဆွဲပေါ်တွင် ကြက်သွန်နီပင် လှီးထည့်ထားသေးသည်။သို့သော်လည်း ဒီသာမာန်သက်ရှည်ခေါက်ဆွဲတစ်ပွဲက သူနေရထိုင်ရခက်ခဲနေသည့်ဝေဒနာကို သိသိသာသာ သက်သာသွားစေသည်။

မင်းကြီးသည် သူ့တူကိုပင် မကိုင်သည်ကိုမြင်ရသောအခါ လုလျန်ဝေ့ တစ်စုံတစ်ခုကိုပြုလုပ်ခဲ့သည်။သူမကိုယ်တိုင် ပန်းကန်ပြားကိုယူကာ ပန်းကန်လုံးကြီးထဲမှ ခေါက်ဆွဲအနည်းငယ်ကို ပန်းကန်ပြားထဲသို့ထည့်လိုက်တယ်။လုံယန်သူမကိုစိုက်ကြည့်နေမိတယ်။သူမထည့်ထားသောပန်းကန်ပြားထဲမှ ခေါက်ဆွဲများကို သူမကိုယ်တိုင်စားသောက်ပြီးသွားမှ သူသတိဝင်လေတယ်။ သူမထိုသို့လုပ်နေရသည့်အကြောင်းရင်းကို သူနားမလည်ပေ။ထို့နောက် ချက်ချင်းဆိုသလို သူမရဲ့ငယ်ရွယ်ပြီးန်းမသားဆန်သော အသံဖြင့် ချိုသာစွာပြောသည့်အသံကို သူကြားလိုက်တယ်။

“ ကျွန်တော်မျိုးမ ခေါက်ဆွဲထဲမှာ အဆိပ်မခပ်ထားပါဘူး ကျွန်တော်မျိုးမ စားကြည့်ပြီးပါပြီ။ အခု စိတ်မပူဘဲ စားနိုင်ပါပြီ”

လုံယန် ထိုသို့ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ခေါက်ဆွဲထဲတွင် အဆိပ်ခပ်ထားမည့်စိုးပြီး သူစားဖို့တွန့်ဆုတ်နေသည်ဟု သူမထင်သွားပုံရသည်။ထို့ကြောင့်သူမအရင် စမ်းပြီးစားပြခဲ့ခြင်းဖြစ်သည်။နားလည်ရခက်‌ပြီးနက်ရှိုင်းသော သူမျက်လုံးထဲတွင် လျှို့ဝှက်သော အပြုံးတစ်ခုဖြတ်ပြေးသွားတယ်။

“ဒုတိယမမလေးလုက တော်တော်ကိုတွေးပေးတတ်တာပဲ”

ထို့သို့ပြောပြီးနောက် သူသည်ထပ်တွေးမနေတော့ဘဲ သူမလက်ထဲကတူကို ယူလိုက်တယ်။သူထိုသို့ယူလိုက်သည်ကို မြင်သောအခါ ကျောက်ချင်က သူ့အားတားရန်ကြိုးစားလိုက်သည်။ သို့သော် သူကခေါက်ဆွဲကို ခေါင်းငုံ့ပင်စားတော့မည်ဖြစ်သည်။ကျောက်ချင် မျက်နှာအမူအယာမှာ ချက်ချင်းပင် ထူးဆန်းအံ့ဩသွားသည်။သူသည် လုလျန်ဝေ့ကိုကြည့်လိုက် မင်းကြီးကိုကြည့်လိုက် ဖြစ်‌‌ေနတယ်။ သူ့မှာ နားမလည်နိုင်အောင် သိချင်စိတ် ဖြစ်နေလေပြီ။ဇီဇာကြောင်လောက်အောင်အသန့်ကြိုက်သည့် သူ့သခင် မင်းကြီးက ဒုတိယမမလေးလု သုံးထားသည့်တူကိုပင် သုံးနေလေတယ်။သူသည်တံတွေးကိုပင်မြိုချလိုက်မိ၏။ ထို့နောက်သူမျက်နှာတွင် ဝေခွဲမရသည့်အမူအယာ သိချင်သည့်အမူအယာများ ပို၍သိသာလာသည်။တစ်ခဏအကြာတွင်မှ လုလျန်ဝေ့ အသိဝင်လာတယ်။ သူမရဲ့ချစ်စရာ မျက်လုံးကလေးများဝိုင်းစက်ပြူးကျယ်သွားတယ်။ သူမသည်လည်းအံ့အားသင့်သွားအား အနည်းငယ်ဒွိဟဖြစ်သွားလေတယ်။တူတွင် သူမသွားရည်များ ပေနေတယ်‌ေလ။သူမရင်ထဲတွင် ကျယ်လောင်စွာ အော်လိုက်မိတယ််။မင်းကြီးက သိသိလျက်နှင့်တမင်များလုပ်တာလား။ဒါမှမဟုတ် သူသတိထားမိရဲ့လား။မင်းကြီးရဲ့အတွေးများကို လုလျန်ဝေ့အမှန်တကယ်ပင် မခန့်မှန်းတတ်တော့ချေ။ သူမ သူ့အားကြည့်နေလိုက်မိသည်။

နန်းတော်ရဲ့မီးရောင်အောက်တွင် အလွန်အမင်းဖြူဖျော့နေသည့် သူ့မျက်နှာသည် ယခုတော့ အနည်းငယ် သွေးရောင်သန်းလာလေတယ်။ခေါက်ဆွဲကိုစားလိုက်လို့များလား ခေါက်ဆွဲအပူရှိန်ကြောင့်လား မပြောတတ်ပေ။လုံယန်ရဲ့ မြင့်မြတ်တဲ့အဆင့်အတန်းနှင့်အိန္ဒြေသိက္ခာများကို ဖယ်ကြည့်မည်ဆိုလျှင်ပင် သူ့ရုပ်ရည်မှာ အလွန်ကြည့်ကောင်းလှသည်။နှဖူးပြင်ဟာကျယ်၍ ရှင်းသန့်နေတယ်။ မျက်ခုံးများမှာ နားထင်ဆီသို့ မြင့်တက်နေပြီး ရှည်လျားကျဉ်းမြောင်းနေသော မျက်ဝန်းများမှာ ထူးခြားစွာလှပ၍ နားလည်ရခက်ပေသည်။ နှာတံမှာကောက်၍ နှုတ်ခမ်းများမှာ ထက်မြက်ပါးလှပ်လှတယ်။

သူ့ကိုယ်ဟန်မှာ မယုံနိုင်လောက်အောင် ခန့်ညား၍ ပန်းပုထုထားသကဲ့သို့ပြေပြစ်လှတယ်။နှဖူးပြင်ပေါ်ရှိ အရေးအကြောင်းမှာ အလွန်ကြည့်ကောင်းကာ ရင့်ကျက်သည့်ယောက်ျားတစ်ဦးရဲ့ အမှတ်အသားကိုဖော်ပြနေဟန်ရှိသည်။ဤသည်ကို ယခုခေတ် ငယ်ငယ်ချောချောကောင်လေးများပင် လုံးဝယှဉ်နိုင်မည် မဟုတ်ပေ။

All Chapters