← Chapters

အခန်း (၆၀-၆၂)

Vol. 2 Ch. 60-62

အခန်း (၆၀-၆၂)

Vol. 2 Ch. 60-62

အပိုင်း(၆၀):သူမရဲ့ကြိုးစားအားထုတ်မှုများဟာ နောက်ဆုံးတွင်တော့ အချည်းနှီးသာဖြစ်သွားခဲ့ပြီ

February 17, 2024

သခင်က ဒုတိယသခင်မလေးလု အသက်ရှည်ခေါက်ဆွဲကို ဆက်သသောအခါတွင် သူအသုံးပြုခဲ့သော တူနှင့်ပင် စားခဲ့သည်။တခြားသူရဲ့ပါးစပ်နဲ့ ထိထားတဲ့ တူချောင်းတွေကို သုံးတာက မယုံနိုင်လောက်အောင်ပါပဲ။ထိုအချိန်တွင် ရာဇပလ္လင်နှင့် အနီးဆုံးထိုင်ခုံမှာ ထိုင်နေသော ကြင်ယာတော်လည်း ဒါကို မြင်လိုက်သည်ဟု သူထင်သည်။ကြင်ယာတော်က ဒီကိစ္စကို အလွန်စိုးရိမ်နေသည်မှာ အံ့သြစရာမရှိဘူး။

အရှင်ကကြင်ယာတော်များက နှောင့်ယှက်ခြင်းနှင့် လုံချန်နန်းဆောင်သို့ ဆင့်ခေါ်ခြင်းမပြုဘဲ ရောက်ရှိလာသည်ကို မနှစ်သက်ကြောင်း ကောင်းစွာသိသော်လည်း သူမကသူ့သဘောအတိုင်း ရောက်လာခဲ့သည်။အရင်တုန်းကတော့ ကြင်ယာတော်ဟာ အင်ပါယာမှာ မောင်းမမိဿံအားလုံးရဲ့ စံပြဖြစ်တယ်လို့ ပြောလို့ရပါတယ်။ သူမဟာ သူမနေရာကို ကောင်းစွာသိပြီး ဘယ်သောအခါမျှ အရှင်မနှစ်သက်သော ဘယ်အရာကိုမဆို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခဲ့သည်။

သို့သော်လည်း သူမကြိုးစားအားထုတ်မှုများဟ ယနေ့ညတွင် ကုန်ဆုံးသွားသည်ဟု ထင်ရသည်။ကြင်ယာတော်က ထိတ်လန့်ကာ ဒုက္ခရောက်မည်ကို သိခဲ့သည်။

“မင်းအမူအရာက ဘာလဲ”

လုံယျန်ရဲ့ အေးစက်ပြီး လေးနက်သော အသံဟာ တိတ်ဆိတ်နေရာမှ ထွက်ပေါ်လာသောအခါ ကျောက်ချန် ထိတ်လန့်သွားသည်။သူ့မျက်နှာကို ထိလိုက်ကာ တည်ငြိမ်စွာဖြင့် ပြန်ဖြေခဲ့သည်။

“မဟုတ်ဘူး မင်းစိတ်ထဲမှာ ဘာတွေပြောနေတာလဲ”

“အရှင်က ကျွန်တော့်ရင်ထဲမှာ ငြီးတွားနေတာတောင် သိနေတာလား”

“ပြောစမ်း”

လုံယျန်ရဲ့ အကြည့်များဟာ အေးခဲနေသေးသော်လည်း သူ့ပါးစပ်တွင် အပြုံးနေသည့်အရိပ်အယောင်များ ရှိနေသည်။ဒါကိုမြင်တော့ ကျောက်ချန်က သနားစဖွယ်အမူအရာနဲ့ ပြောလိုက်သည်။

“အမှန်အတိုင်းပြောရင် ကျေးဇူးပြုပြီး ကျွန်တော့်ကိုအပြစ်မပေးပါနဲ့ အရှင်”

လုံယျန်က စိတ်ရှည်တဲ့ လေသံနဲ့ပြန်ပြောသည်။

“မင်း ပြောချင်တာ ပြောပြီးသွားရင် အခုသွားပြီးတော့ မင်းရဲ့ပြစ်ဒဏ်ကို ခံနိုင်ပြီ”

ကျောက်ချန်က အံကိုကြိတ်ကာ နောက်ဆုံးတွင် ထုတ်ဖော်ပြောလိုက်ရသည်။

“အရှင် အသက်ရှည်ခေါက်ဆွဲကို စားတုန်းက မတော်တဆ ဒုတိယသခင်မလေးလုရဲ့ တူကို သုံးခဲ့တာ.....”

စကားပြောပြီးနောက် ပါးစပ်ကို အလျင်စလိုပိတ်ပြီး လေထုထဲတွင် ကွယ်ပျောက်သွားစေရန် ဆန္ဒရှိကာ ခေါင်းငုံ့ထားလိုက်သည်။သခင်က သူ့ကို သတ်မှာ မဟုတ်ဘူးလေ။ကျောက်ချန်စကားကို ကြားပြီးနောက် လုံယျန် ခဏတာ အံ့အားသင့်သွားကာ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

“အဲဒီတုန်းက ငါ ဂရုမစိုက်မိဘူး”

အချိန်အတော်ကြာပြီးနောက် လေးပင်စွာ ပြောလိုက်သည်။

ကျောက်ချန်ကို ဒါမှမဟုတ်ရင် သူ့ကိုယ်သူ ရှင်းပြနေသလားဆိုတာ ပြောရခက်တယ်။ကျောက်ချန်ရဲ့ မျက်လုံးများဟယ လှစ်ခနဲ လှုပ်ရှားလိုက်ပြီး သဘောတူညီသည့် ပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။

သူ့လေသံက အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း လုံယျန်က မျက်မှောင်ကြုတ်ကာ သူ့ကို စိုက်ကြည့်နေသည်။

“မင်းမြင်ပြီးကတည်းက ငါ့ကို ဘာလို့ မပြောတာလဲ”

ကျောက်ချန်က သူ့လည်ပင်းသူ ကြိုးကွင်းစွပ်မိသလို ရုတ်တရက် ခံစားလိုက်ရတယ်။

‘အရှင် ဝမ်းသာအားရ စားနေတာတွေ့တော့ ကျွန်တော် သည်းမခံနိုင်ဘူး’

သူပြောနိုင်မယ့် နည်းလမ်း မရှိတာ သေချာတယ်။

“အဲဒီအချိန်တုန်းက ကျွန်တော် လုံးဝကို အံ့ဩသွားတယ်။ သတိပြန်ဝင်လာတော့ အရှင် သုံးဆောင်ပြီးသွားပြီလေ”

လုံယျန်က သူ့နှုတ်ခမ်းများကို ပွတ်သပ်လိုက်သည်။ရုတ်တရက် တစ်ခုခုကို တွေးမိပြီး ချောမောလှသော သူ့မျက်နှာပေါ်တွင် အနီရောင်အရိပ် အနည်းငယ် ပေါ်လာသည်။ကျောက်ချန်အား သူ့အမူအရာ ပြောင်းလဲသွားတာကို မမြင်စေချင်ဘဲ ဘေးဘက်ကို အနည်းငယ် လှည့်လိုက်သည်။

သိပ်အများကြီး မတွေးချင်ပေမယ့် အဲဒီနေ့က စာကျက်ခန်းထဲမှာ အလုပ်ဆင်းအပြီး မြင်လိုက်ရတဲ့ မြင်ကွင်းက သူ့စိတ်ထဲမှာ စွဲလန်းနေခဲ့တယ်။သူ မျက်မှောင်ကို ကြုံ့လိုက်မိသည်။

သူဒီနှစ်မှာ အသက်သုံးဆယ်ရှိနေပြီဖြစ်ပြီး သန်စွမ်းတဲ့လူငယ်တစ်ယောက် မဟုတ်တဲ့အတွက် ဒုတိယသခင်မလလုကို မြင်ရတဲ့အခါ ဘာကြောင့် ကလေးဆန်တဲ့ပျော်ရွှင်မှုကို ခံစားလိုက်ရတာလဲ။

အပိုင်း(၆၁): သူမဟာ ဘာမှမဟုတ်သည့်ကလေးသာသာတစ်ယောက်ပင်

February 17, 2024

လုလျန့်ဝေက အရေးကြီးတဲ့အချိန်တွေမှာ သူ့ကိုကူညီခဲ့သည်။ ထို့အပြင် သူမကမလိုလားအပ်သော အာရုံစိုက်မှုကိုပါပြုလုပ်ခဲ့သည်။လုံယျန်ရဲ့ မျက်လုံးများတွင် ရှုပ်ထွေးမှု အရိပ်အယောင်များပေါ်လာခဲ့သည်။လိမ္မာပါးနပ်လှသော ဒုတိယသခင်မ‌လေးလုက မြို့တော်ရှိလူများပြောနေသည့် အိမ်ရှေ့မင်းသားအတွက် သတ်သေရန် ပြုမူခဲ့သည့် လူနှင့်တကယ်ပင် တူနေတာလား။

သူမရဲ့ဉာဏ်ရည်ဉာဏ်သွေးကို တွက်ချက်ကြည့်လျှင် သူမဟာ ဒီလိုမိုက်မဲတဲ့အလုပ်ကို လုပ်တဲ့သူနှင့် လုံးဝမတူပေ။

“သမားတော်လင်းဆီကို ခေါက်ဆွဲပန်းကန်ကို ပို့လိုက်ပြီလား။”

ရုတ်တရက် မေးလားသည့်မေးခွန်းအတွက် ကျောက်ချန်အံ့အားသင့်သွားသည်။ သူဟာ ချက်ချင်းပင် သူ့အတွေးများကို စုစည်းပြီး လေးလေးစားစား ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့ မနက်ဖြန် ရလဒ်တွေ ထွက်လာပါလိမ့်မယ်”

“ကောင်းပြီ”

လုံယျန်ခေါင်းညိတ်ကာ ပြောလိုက်သည်။

ကျောက်ချန်းရဲ့ စိတ်ထဲမှာ အတွေးတစ်ခုဝင်လာပြီး သူချက်ချင်း ဝမ်းသာပီတိဖြစ်ပြီး စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“ဒါဆို အရှင့်ရဲ့ရောဂါ ပျောက်ကင်းဖို့ မျှော်လင့်ချက်ရှိပုံပဲ...”

“သူမက ကလေး‌တစ်ယောက်သာသာပဲ”

ကျောက်ချန်က ဒီစကားကို ကြားတဲ့အခါမှာ သူ့မျက်နှာပေါ်က ပျော်ရွှင်မှုဟာလည်းပျောက်ကွယ်သွားခဲ့သည်။ဟုတ်ပါတယ် ဒုတိယသခင်မလေးလုက ကလေးဖြစ်နေတာက လွဲလို့ဘာမှဟုတ်ဘူး။ဒါနဲ့ ဆေးပညာနဲ့ ပတ်သက်ပြီး ဗဟုသုတတစ်ခုခု သိထားရင် ဘယ်လိုလုပ်မလဲ။

ဒုတိယသခင်မလေးလုက သမားတော်ချုပ်လင်းတောင် မကုသနိုင်တဲ့ ရောဂါကို ကုစားနိုင်မည့်နည်းလမ်းရှိနိုင်မှာ သေချာသည်။ သူ့ရင်ထဲမှာ ပေါက်ဖွားလာတဲ့ မျှော်လင့်ချက်မီးတောက်တွေ တခဏချင်း ငြိမ်းသွားတယ်။ ဒုတိယသခင်မလေးလုက အရှင့်ကို နှစ်ကြိမ် ကယ်တင်နိုင်ခဲ့ခြင်းက တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့သူက သူ့ကိုယ်သူ အားတက်သရော သတ္တိရှိရှိပြောလိုက်သည်။

“အရှင် ဒီလိုတော့ပြောလို့မရနိုင်ဘူး။ ဒုတိယသခင်မလေးလုမှာ ကုသဖို့နည်းလမ်းရှိကောင်းရှိနိုင်ပါတယ်။ သခင်မလင်းက သူ့ဘဝတစ်လျှောက်လုံးမှာ ထက်မြက်တဲ့ သမားတော်တစ်ယောက်ပဲ။ ဘယ်လောက်ပဲ လူတစ်ယောက်နဲ့ တစ်ယောက် ကွာခြားနေပါစေ ဒုတိယသခင်မလေးလုက သခင်မလင်းဆီက အတတ်ပညာတစ်ခုခုကို အမွေဆက်ခံထားမှာပါ”။

လုံယျန်က ဘာမပြောဘူး။ သူ့စာအုပ်ကို ချလိုက်ပြီး အနားယူဖို့သာ ဆုံးဖြတ်လိုက်တယ်။ ဒါကိုမြင်တော့ ကျောက်ချန်က သူပါးစပ်ကိုချက်ချင်း ပိတ်လိုက်ပြီး သူ့သခင်အတွက် အိပ်ယာပြင်ဆင်ပေးပြီး တိတ်တဆိတ် သာထွက်လာခဲ့တယ်။ အိပ်ခန်းထဲတွင်ကျန်ခဲ့တဲ့သူကတော့ သူ့ရဲ့စိုးရိမ်ပူပန်မှုတွေကိုကြာကြာမသိမ်းဆည်းထားနိုင်‌ေတာ့ဘူး။

အရှင်ဟာ အပြင်းဖျားပြီးနောက်မှာ မကြာခဏကောင်းမွန်စွာအိပ်မပျော်ခဲ့ချေ။တကယ်လို့သူရဲ့ ခန္ဓာကိုယ်သည် သံမဏိဖြင့် ပြုလုပ်ထားသည့်တိုင် နာကျင်မှုဝေဒနာ အားလုံးကို ခံနိုင်ရည်ရှိမည်မဟုတ်ဘူး။ သူဟာ ငယ်ရွယ်သော်လည်း သူ့ဘဝဟာ တဖြည်းဖြည်းနဲ့လုံးပါးပါးလာသည်။

ကျောက်ချန်ဟာ ဒီအရာတွေကိုမတွေးတောမိဘူး။ ချူရှီဟာ ရုတ်တရက် ထွက်လာခဲ့သည်။ ညအမှောင်တွင် နှစ်ယောက်သားဟာ သခင်အိပ်ပျော်နေတဲ့ အခန်းရှေ့တွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

လုလျန့်ဝေဟာ ကောင်းမွန်စွာဖြင့် တစ်ညလုံးအိပ်ပျော်သွားတယ်။ သူမ အခန်းထဲတွင် မနက်စာစားပြီး ဆေးစာအုပ်ဖတ်နေချိန်တွင် ကျူးယွီက ညစ်ညူးသည့်အမူအရာဖြင့် ရုတ်တရက်ဝင်လာခဲ့သည်။

ကျူးယွီဟာ သခင်မကျန်းဘက်ကို ညွှန်ပြရင်း သူမ မျက်နှာမှာ စက်ဆုပ်ရွံရှာနေသည်ကို ဟန်မဆောင်နိုင်အောင်ဖြစ်နေသည်။

“သူမ ဒီမှာရှိတာ ဘာဖြစ်လို့လဲ။ ဘာလို့ စိတ်ညစ်တဲ့ပုံ ဖြစ်နေရတာလဲ”

လုလျန့်ဝေက ရယ်မောရင်း မျက်နှာကို တင်းတင်းကြိတ်လိုက်သည်။ “

ဒီလိုလုပ်တာ မကောင်းဘူးလေ။ တစ်ယောက်ယောက်ကို မုန်းတီးနေတယ်ဆိုရင်တောင် တစ်ချိန်လုံး ထုတ်ပြောနေဖို့ မလိုဘူး။အဲဒါက မင်းရဲ့ စိတ်ခံစားချက်ကို ထိခိုက်စေပြီး အဆင့်အတန်းမရှိဘူးလို့ တခြားသူတွေက ကဲ့ရဲ့လိမ့်မယ်။”

အပိုင်း(၆၂) : မျက်နှာက ဘာတွေပေနေတာလဲ

February 18, 2024 by Duan Fei Lin (段飞林)

လုလျန့်ဝေဟာ သူမရဲ့မွဲခြောက်‌နေတဲ့မျက်နှာကို ကြည့်ပြီးပြောလိုက်သည်။

“အန်တီ လူမှားနေပြီထင်တယ် ကျွန်မ ရှင့်ကို ဘာကူညီပေးနိုင်မှာမို့လို့လဲ”

သခင်မကျန်းဟ သူမလက်ထဲတွင် ဆေးစာအုပ်တစ်အုပ်ကို ကိုင်ထားသည်ကို မြင်လိုက်ရပြီး အထင်အမြင်လွဲစရာ အရိပ်အမြွက် ထွက်ပေါ်လာသည်။တခါက သေလုမတတ်ဖြစ်နေတဲ့ ဒီကောင်မလေးကို ဘယ်လိုပြုမူရမလဲဆိုတာကို သိလာတယ်။သူမ ဆေးစာအုပ်တောင် ဖတ်နေတာလား။ရယ်စရာကောင်းတဲ့ကို အတွေးကိုရပ်လိုက်တယ်။

သူမဟာ လုလျန့်ဝေ နံဘေးတွင်ထိုင်ကာ လက်ကိုင်ပုဝါဖြင့် နဖူးပေါ်ဖိကာ စိုးရိမ်စိတ်နှင့် ဝမ်းနည်းနေပုံဖြစ်‌ေနခဲ့သည်။

“မနေ့ညက နန်းတော်ပွဲမှာ ဖြစ်ပျက်ခဲ့တာတွေအကြောင်းကို ငါကရည်ရွယ်ချက်ရှိရှိနဲ့ မင်းကို ဒုက္ခရောက်စေချင်လို့ လုပ်တာလို့ မင်းအဖေကတွေးနေတာ။ ငါ ဘယ်လိုပဲ ရှင်းပြနေပါစေ သူက ငါ့စကားကို နားမထောင်ဘူ ငါ့ကို ဘုရားကျောင်းကို ပို့ဖို့ ကြံစည်နေတယ်.....”

သူမဟာ စကားပြောရင်းနဲ့ ငိုရှိုက်နေတော့တယ်။ဒါကိုကြားတော့ လုလျန့်ဝေတစ်ယောက် အံ့သြတကြီး မျက်ခုံးပင့်လိုက်သည်။ဒါပေမယ့် သခင်မကျန်းက ဘယ်လိုလာပြီး အကူအညီတောင်းတာလဲ။ထို့အပြင် သူမကို ရည်ရွယ်ချက်ရှိရှိ ပြဿနာတက်စေချင်တာကို သူမမှားယွင်းကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့သည်။

သခင်မကျန်းက လက်ကိုင်ပုဝါကို ဖွဖွလေး ကိုင်ပြီး ဝမ်းနည်းနေသည့် ပုံစံဖြင့် နောက်ထပ်ထပ်ပြောလိုက်သည်။

“မင်းကို ပွဲမှာတုန်းက လက်ဆောင် ပေးချင်တယ်လို့ မပြောခဲ့ဘူး ဆိုရင် ဧကရာဇ်က မင်းကို ကြင်နာစွာ ဆုချမှာ မဟုတ်ဘူး။ အမှန်ဆိုရင် အန်တီကျန်းကို‌တောင်အဲ့ဒါအတွက် ကျေးဇူးဆပ်ရမှာ။ မင်း ငါ့ကို ကျေးဇူးပြန်မဆပ်ချင်ဘူးဆိုရင်တောင် အဆင်ပြေစေမယ့် နည်းလမ်းရှာပြီး မင်းအဖေကို သွားရှင်းပြပြီး သူ့ကိုစိတ်ပြောင်း ပေးစေချင်တယ်”

လုလျန့်ဝေက သူမရဲ့ကိုယ်ကျိုးရှာပြီး အမှန်အတိုင်းမှန်သောလေသံကို နားထောင်ရင်း အတွင်းစိတ်တွင် ရယ်မောလိုက်သည်။ဒီလို အရှက်မဲ့တဲ့လူကို သူမ တစ်ခါမှ မမြင်ဖူးဘူး။သူ့ရှေ့မှာ ဘယ်တုန်းက ပြောတာလဲ။သူ့ကျေးဇူးကြောင့်ဆိုတာက ဘာကိုဆိုလိုတာလဲ။

တကယ်သူမသာ လိမ္မာပါးနပ်စွာ မလုပ်ဆောင်ဘဲ ထိုနေရာတွင် အသက်ရှည်‌ေခါက်ဆွဲချက်စေမည့် စိတ်ကူးကို စိတ်ကူးမ‌ပေါ်ပါက သူမဟာ ရှုပ်ချခံရယုံသာမကဘဲ ဧကရာဇ်မင်းရဲ့ အမျက်တော်ရှပြီး အပြစ်တင်ရှုတ်ချခြင်းခံရပေမည်။ ဒါကမှသူမဟာ တကယ်ကို ရယ်မောစရာ ဖြစ်လာမှာပင် ဒီအရာတွေက သခင်မကျန်းရဲ့ တကယ့် ရည်ရွယ်ချက်ပင်။ဆုကြေးငွေနဲ့ ပတ်သက်ပြီးတော့လည်း သူမရဲ့ အစွမ်းအစနဲ့ သူမရခဲ့တာ။ အဲ့ဒါကို သခင်မကျန်းနဲ့ ဘာဆိုင်လို့လဲ။

“အဲ့ဒါဆိုရင် အန်တီကျန်းကို ကျေးဇူးတင်ရမယ်လို့ ဆိုလိုတာလား။”

လုလျန့်ဝေဟာ စိတ်အတွင်းထဲတွင် လှောင်ရယ်နေ‌ပေမဲ့ သူမရဲ့မျက်နှာပေါ်ရှိ အပြုံးဟာ ပိုပြီးထင်ရှားလာသည်။

“အန်တီကျန်းရဲ့ မျက်နှာက ဘာဖြစ်တာလဲ”

သခင်မကျန်းဟာ သူမရဲ့ စကားတွေကို နားမလည်ဘဲ သူမ မျက်နှာကို ထိလိုက်မိသည်။

“ဝေဝေ မင်း အိမ်ရှေ့မင်းသားကို အရှုံးမပေးသေးဘူးဆိုတာ ငါသိတယ်။ မြို့စားက ငါ့ရဲ့ပြစ်ဒဏ်ကို ပယ်ဖျက်ဖို့ မင်းသားကိုယ်စား မင်းကို ခေါ်ခိုင်းနေတယ်”

လုလျန့်ဝေက ပြောလိုက်သည်။

“အို... မင်းသားက အန်တီ့စကားကို နားထောင်မှာ သေချာလို့လား”

“ သူကယောက္ခမလို့ မှတ်ယူလို့‌လေ။ ရွှမ်းအာလည်း ရှိတယ်၊ ငါတို့ မင်းအတွက် အတူတူ ဆုပေးဖို့ပြောရင် မင်းသားက သဘောတူနိုင် လောက်တယ်။ မင်းကိုယ်တိုင် ကြိုးစားတာထက် ပိုကောင်းသေးတယ်”

သူမဟာ အလွန်ယုံကြည်စိတ်ချစွာ ပြောဆိုသော်လည်း သူမနှလုံးသားထဲတွင် ဆန်ကျင်ဘက်လို့သာထင်သည်။ အိမ်ရှေ့မင်းသားက သူ့စကားကို နားထောင်မယ်ဆိုရင်တောင် သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ် သူမနေဖို့မဖြစ်နိုင်ဘူး။ လုလျန့်ဝေကို ကြားဝင်ပြီး ချော့ခိုင်းဖို့သာ သူမ ပြောနေသည် ။

သူမမှာအခြားနည်းလမ်းရှိနေရင် လုလျန့်ဝေဆီကို အကူအညီတောင်းဖို့ ရောက်လညမှာတောင်မဟုတ်ဘူး။ လု‌ဟန်ထျန်းက ဒီတစ်ခါ အရမ်းဒေါသထွက်နေတယ်။ လုဟန်ထျန်းက မြို့စားအိမ်တော်တစ်ခုလုံးမှာ လုလျန့်ဝေရဲ့ စကားကိုပဲ နားထောင်နေချင်းပင်။

လုလျန့်ဝေရဲ့ အမူအရာဟာ အနည်းငယ် စဉ်းစာသွားသည်။

“အန်တီ အရင်ပြန်လို့ရပြီ။ အဖေ့ကိုဒီကိစ္စသွားပြောလိုက်မယ်။

All Chapters