အခန်း (၆၃-၆၅)
Vol. 2 Ch. 63-65
အပိုင်း(၆၃): အတိတ်တုန်းကမမြင်ခဲ့ရတာတွေက အပြစ်တင်စရာ ဖြစ်နေပြီ
February 18, 2024
သခင်မကျန်းက ဝမ်းသာသွားပေမယ့် တစ်ချိန်တည်းမှာပင် လုလျန့်ဝေဆီက မထီမဲ့မြင်ပြုမှုက ပိုပြီးပြင်းထန်လာတာကို သူမခံစားလိုက်ရတဲ့တယ်။ အိမ်ရှေ့စံမင်းသားအတွက် မဆိုသလောက် ရိုးဒီခြေရာလေးကို သူမ ဆန္ဒအတိုင်း လိုက်လျောညီထွေဖြစ်အောင် လုပ်ရမယ်ဆိုတာ သူမ သိပါတယ်။
“ဒါဆို ငါသွားတော့မယ် မင်းရဲ့သတင်းကောင်းကို စောင့်နေမယ်နော်”
“ ကောင်းကောင်းပြန်ပါ အန်တီကျန်း”
လုလျန့်ဝေ ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။
သခင်မကျန်း ထွက်သွားပြီးတဲ့နောက်မှာ ကျူးယွီက သူမရဲ့ ခြေထောက်ကို ဆောင့်လိုက်သည်။ ဖြစ်ပျက်ခဲ့တာကို နားမလည်နိုင်လို့ သူ့မျက်နှာမှာ စိုးရိမ်တကြီး အကြည့်တွေ ရှိနေတယ်။
“သခင်မလေး သခင်မကျန်းကို ဘာလိုကူညီဖို့ သဘောတူတာလဲ။ သူက ကောက်ကျစ်တယ် အိမ်ရှေ့မင်းသားဆီမှည သခင်မလေးအတွက် သူတောင်းဆိုမှာမဟုတ်ဘူး။သခင်မလေးကို လှည့်စားနေတာ”
လုလျန့်ဝေက လက်ဖက်ရည်အနည်းငယ် သောက်လိုက်သည်။ သူမရဲ့ ပါးစပ်ထဲမှာ Osmanthusရဲ့ မွှေးရနံ့တွေနဲ့ ပြည့်နေတယ်။
ကျူးယွီ စိတ်ရှုပ်သွားသည်။
“သူမ ငါ့ကို ချော့မော့မြှောက်ပင့်တယ်ဆိုတော့လည်း ငါလည်းသူမကို ဒီလိုပဲလုပ်လို့ မရဘူးလား။ သူမကိုတစ်ခါတည်း ငြင်းပယ်လိုက်ရင် သူမက လုယွင်ရွှမ်းဆီကို တန်းတန်းမတ်မတ် ပြေးသွားလိမ့်မယ်။ လုယွင်ရွှမ်းက အိမ်ရှေ့စံကြင်ယာတော်ပဲ၊ သူ့အမေကို ဒီလိုဖြစ်ခွင့် ပေးပါ့မလား။ တရားထိုင်ဖို့ ဘုရားကျောင်းကို ပို့လိုက်မယ်။သူကအိမ်ရှေ့စံမင်းသားဆီ သွားပြီး အဖေ့ကို နယ်နှင်းဒဏ်ခံခိုင်းပြီး သခင်မကျန်းကို ပေးခဲ့တဲ့ ပြစ်ဒဏ်ကို ပြန်ရုပ်သိမ်းခိုင်းလိုက်လိမ့်မယ်”
“သခင်မလေးက အရမ်းဉာဏ်ကောင်းတယ်။ သခင်မကျန်းကို ကူညီချင်ယောင်ဆောင်ပြီး သူ့မကို ချုပ်နှောင်ထားလိုက်တာ။ ဒီဟာကိုသိတာနဲ့ မြို့စားက သူ့ကို ဘုရားကျောင်းကို ပို့ဖို့ လူတွေနဲ့ချိန်းထားပြီးသားဆိုတော့ သူမအတွက် နောက်ကျသွားပြီ”
“အရင်တုန်းက အိမ်ရှေ့စံမင်းသားကို ငါအရမ်းစွဲလန်းခဲ့တယ်၊ ငါ့အသိတရားရလာတဲ့အချိန်မှာ သူ့ဘေးနားမှာ နေချင်ခဲ့တာကိုစွန်ပစ်လိုက်တယ် ငါမှန်တယ် မဟုတ်လား”
ကျူးယွီက တစ်ခုခုမှားသွားသလိုမျိုး ခေါင်းငုံ့ထားလိုက်တယ်။
လုလျန့်ဝေက သူမလက်ဖဝါးကို နဖူးပေါ်တင်လိုက်သောကြောင့် မနေနိုင်ပဲရယ်နေမိသည်။ သူမ ခေါင်းနည်းနည်း ကိုက်သွားသည်။
“အိမ်ရှေ့မင်းသားအတွက် ငါ့မှာ ခံစားချက်တွေမရှိတော့ဘူးဆိုတာ လူတိုင်းယုံကြည်လာအောင် ကြိုးစားနေတာက လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး”
ကျူးယွီက လုလျန့်ဝေရဲ့ရင်တွင်းစကားသံကို ချက်ချင်းခံစားလိုက်ရသည်။
“မဟုတ်ဘူး ငါ အရင်တုန်းကမမြင်ခဲ့တာကို အပြစ်တင်ရမှာ”
လုလျန့်ဝေ ပြုံးလိုက်သည်။ သူမစာအုပ်ကို ချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်နှင့် ထပ်ရှင်းပြရန် စိတ်မ၀င်စားတော့ပေ။
“မနေ့က ဧကရာဇ်မင်း အပ်နှင်းထားတဲ့ တောင်ပိုင်းပင်လယ်က ပုလဲတွေကို ယူခဲ့”
“မှန်လှပါ သခင်မလေး”
လုလျန့်ဝေ သက်ရှည်ခန်းမသို့ ရောက်ရှိသောအခါ မြို့စားကတော်က ကိုယ်ခံပညာ လေ့ကျင့်နေသည်။သူမဟာ အသက် ခုနစ်ဆယ်ရှိပြီဖြစ်သော်လည်း တက်ကြွနေခဲပင်။ သူမဟာ ယနေ့တွင် ကိုယ်ခံပညာအဝတ်အစားများကို ၀တ်ဆင်ထားသည်။
ခြံဝင်းထဲတွင် သူမရဲ့ကိုယ်ခံပညာကို လေ့ကျင့်နေသည်မှာ အသက်ခုနစ်ဆယ်ရှိနေပြီဟုပင် ပြောရန်ခက်လှသည်။မြို့စားကတော်ဟာ နုနယ်ပြီး အသက်ကြီးသော်လည်း၊ သူမရဲ့ရပ်တည်ချက်မှာ လုံးဝပျောက်ပျက်မသွားပေ။ ထိုးချက်တိုင်းဟာ လျင်မြန်ပြီး ဆွဲဆောင်မှုရှိသည်။
လုလျန့်ဝေ ရပ်ကာ ဘေးအုတ်တံတိုင်းကို လှမ်းကြည့်လိုက်သည်။လုမိသားစုဟာ ကိုယ်ခံပညာမိသားစုဖြစ်သည်။ ဘုရင်မင်းမြတ်ဟာ ကွယ်လွန်သူ ဧကရာဇ်မင်းနောက်သို့ လိုက်သွားသောအခါ ယနေ့ လုမိသားစုရဲ့ အဆင့်အတန်းကို ပံ့ပိုးပေးသော အောင်ပွဲခံတိုက်ပွဲများ နာမည်ကောင်းများစွာ ရရှိခဲ့သည်။အမှန်ပင် မြို့စားကတော်ဟယ နောက်ကွယ်တွင် ရှိနေမည့်သူမဟုတ်ပါ။
ငယ်ငယ်ရွယ်ရွယ်နဲ့ သာယာလှပတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ အိမ်ကြီးထဲမှာ ပုန်းအောင်းနေတဲ့ လှံတစ်ချောင်းကို ကောက်ကိုင်ပြီး ယောက်ျားတစ်ယောက်လို စစ်ထဲဝင်ခဲ့တယ်။
တစ်ခါက တိုက်ပွဲတစ်ခုအတွင်း ကွယ်လွန်သူ ဧကရာဇ်မင်းကို ရန်သူများ ဝိုင်းရံထားသည်။ အရေးကြီးသော အခိုက်အတန့်တွင် သူမဟာ သူမရဲ့ လှံတစ်လက်နှင့်သာ စီးနင်းဝင်ရောက်ခဲ့ပြီး ကွယ်လွန်သူ ဧကရာဇ်မင်းမြတ်အား လက်တစ်ဘက်တည်းဖြင့် ကယ်တင်ခဲ့သည်။
ကွယ်လွန်သူ ဧကရာဇ်မင်းကသူမအား ကျေးဇူးတင်ရှိခဲ့သည်။ သူက သူမအား လှလှပပ ဆုချပြီး ရွှေဓားတစ်ချောင်း ပေးအပ်ခဲ့သည်။ရွှေဓားဟာ သေခြင်းတရားနှင့် ညီမျှသည်။ဧကရာဇ်မင်းတစ်ပါးရဲ့ တည်ရှိမှုကို ကိုယ်စားပြုပြီး မကောင်းသောဧကရာဇ်နှင့် သစ္စာဖောက်သောအရာရှိများကို စီရင်ပိုင်ခွင့်ရှိသည်။
ဆက်ရန်....
အပိုင်း(၆၄) : သေခြင်းတရား ရောက်လာမယ့် အချိန်ထိစောင့်ဆိုင်းအုံးမယ်
February 19, 2024
ဧကရာဇ်တရားရုံးအတွင်း မြို့စားကတော် ချုပ်ကိုင်ထားသော အထူးအဆင့်အတန်းကို စိတ်ကူးကြည့်ရန် မခက်ခဲပေ။လုံချီကတောင် သူမကိုမစော်ကားရဲပေ။ ဒီလိုမှမဟုတ်ရင် မြို့စားကတော် ပြန်လာတုန်းက လုယွင်ရွှမ်းရဲ့အိမ်ကို စိတ်လှုပ်ရှားစွာနဲ့ လိုက်ခဲ့မှာ မဟုတ်ဘူး။
တကယ်လို့မြို့စားကတော်ရဲ့ ပံ့ပိုးကူညီမှုကိုသာ ရယူနိုင်ခဲ့ရင် လုံချီရဲ့ အိမ်ရှေ့စံမင်းသားအရာမှာ ပိုမိုတည်ငြိမ်လာမည်ဖြစ်သည်။ဒါကြောင့် လုံချီက လုလျန့်ဝေနှင့် အရင်နီးစပ်အောင် ကြိုးစားခဲ့သည်။ သူဟာ လုလျန့်ဝေကိုပတ်သက်ပြီး မြို့စားကတော်နှင့် ရင်းနှီးအောင်လုပ်ကာ တော်ဝင် မြို့စားမိသားစုတစ်ခုလုံးရဲ့ အထောက်အပံ့ကို ရယူချင်ခဲ့သည်။
မြို့စားကတော်ကလုလျန့်ဝေရဲ့ စရိုက်ကို မနှစ်သက်ကြောင်းကို သူနောက်ပိုင်းမှသိခဲ့ရသည်။ အဲ့ဒီအစား မြို့စားကတော်ရဲ့ ဦးစားပေးတာကိုခံရတဲ့ ကိုယ်လုပ်တော်သမီး လုယွင်ရွှမ်းဘက်သို့ ဦးတည်သွားချင်းပင်။
အဲဒါနဲ့ပဲ လုံချီက လုလျန့်ဝေကို အတွန့်ဆုပ်ပဲစွန့်ပစ်ပြီး လုယွင်ရွှမ်ဆီကို ရောက်သွားခဲ့တယ်။လုံချီဟာ ရည်မှန်းချက်ကြီးသူဖြစ်ပြီး သူလိုချင်သည့်အရာဆို အလွန်ပြတ်သားသည်။ မူလက လုလျန့်ဝေက သူလိုချင်သမျှ အရာအားလုံးကို မိုက်မဲစွာ ပေးခဲ့ပြီး သူ့ဘဝတစ်ခုလုံးကိုပင် ပေးဆပ်ခဲ့သည်။လုယွင်ရွှမ်းအတွက်ကြောင့်တော့ လုံချီကိုလည်း စိတ်မပျက်ခဲ့ဘူး။
စာအုပ်ရဲ့ မူရင်းဇာတ်လမ်းအရ လုယွင်ရွှမ်းက လုလျန့်ဝေ ကွယ်လွန်ပြီးနောက် မြို့စားမင်းကတော်ဟောင်းရဲ့တစ်ဦးတည်းသော မြေးဖြစ်ခဲ့သည်။ ထုံးစံအတိုင်း မြို့စားကတော်ရဲ့ တစ်ဦးတည်းသောမြေးဖြစ်လာသောကြောင့် သူမကို ပိုပြီးအရေးပေးခဲ့ကြသည်။
မြို့စားကတော်ဟောင်းက လုဟန်ထျန်းအား သခင်မကျန်းကို တရား၀င်ဇနီးအဖြစ် ခန့်အပ်ခဲ့စေခဲ့သည်။ လုယွင်ရွှမ်းသည် တရားမ၀င်သမီးအဖြစ်မှနေ လုံချီကို ပိုကြီးမားသော ပံ့ပိုးမှုပေးကာ တရား၀င်သမီးအဖြစ်သို့ ပြောင်းလဲခဲ့သည်။
နွမ်းပါးသော လုထင်ချန်အနေနှင့် လုလျန့်ဝေကိုယ်စား လက်စားချေရန် ကြိုးစားခြင်းကြောင့် ကြောက်မက်ဖွယ်ကောင်းသော သေခြင်းတရားကို အဆုံးသတ်ခဲ့သည်။ လုဟန်ထျန်းက သူရဲ့ချစ်လှစွာသော သမီးနှင့် သားကို ဆုံးရှုံးလိုက်ရသောကြောင့် ရူးသွပ်သွားခဲ့သည်။မြို့စားကတော်ဟောင်းက ထိုထိုးနှက်ချက်ကို မခံနိုင်ဘဲ နောက်ပိုင်းတွင် ရောဂါကြောင့် အိပ်ရာထဲ လဲသွားခဲ့သည်။
နောက်ဆုံးတော့ လုံယျန်က တော်တော်ငယ်သေးတယ်။ သူ့ရောဂါပျောက်ကင်းလာပါက လုံချီလည်းအိမ်ရှေ့မင်းသားနေရာဟာ ယိုင်နဲ့လာမည့် အနေအထားတွင် ရှိနေမည်။သူမက သူမရဲ့အုံ့မှိုင်းနေတဲ့စိတ်အခြေအနေကို ဖယ်ရှားလိုက်ပြီး သူမ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“ဧကရာဇ်မင်း အပ်နှင်းထားတဲ့ တောင်ပိုင်းပင်လယ်ပုလဲတွေက တကယ်ကို လက်ရာမြောက်ပုံပါပဲ။ ငါတို့ ဝေဝေကို သူတို့ ဘယ်လောက်သဘောကျနေတယ်ဆိုတာ ကြည့်သာကြည့်လိုက်ပါတော့ မင်း အပြုံးတွေကိုတောင်မရပ်တန့်နိုင်တော့ဘူးမလား”
မြို့စားကတော်ရဲ့အသံကို ကြားမှလုလျန့်ဝေဟာ သူမရဲ့ ကြောက်ရွံ့ခြင်း အတွေးမှနိုးထလာခဲ့သည်။
သူမဟာ ကိုယ်ခံပညာလေ့ကျင့်မှုပြီးသွားတာကြောင့် ကြီးကြီးလင် ပေးသော လက်ကိုင်ပုဝါဖြင့် ချွေးများကို သုတ်ရင်း ပျော်ရွှင်သော အမူအရာဖြင့် ပြည့်နှက်နေသည်။
လုလျန့်ဝေက မြို့စားကတော်ဟောင်းရဲ့ လက်မောင်းကို လှမ်းကိုင်လိုက်ပြီးပြောလိုက်သည်။
“အဘွား ပြောတာမှန်ပါတယ်။ ဧကရာဇ်မင်းဆီက လက်ဆောင်ရထားတာကို အဘွားကို ပြဖို့ သမီးကဒီကို တကူးတကလိုက်လာတာ။ “
မြို့စားကတော်ဟောင်သည် သူမအား ခေါင်းညိတ်ကာ အနည်းငယ်ဆုံးမခဲ့သည်။
“ ကောက်မလေး ဒီလိုတုံးတဲ့ လုပ်ရပ်တွေကို မလုပ်နဲ့တော့။ မင်းအဘွားက အတွေ့အကြုံမရှိဘူး ဘာမှမသိဘူးလို့ထင်ေနတာလား”
“အဘွားက နောက်ကျကျန်ခဲ့ပြီ။ အဘွားက အတွေ့အကြုံရင့်ကျက်တဲ့သူတစ်ယောက်ပါ၊ ကျွန်မက ဘာမှမရှိတဲ့သူပဲ”
လုလျန့်ဝေက လျှာကို ထုတ်ပြပြီး ပကို ကြည့်သည်။
မြို့စားကတော်ဟောင်းမြင်တဲ့ အခါအချစ်ပိုရပြန်
သည်။ သူမဟာ လုလျန့်ဝေရဲ့ ဆံပင်များကို ဖွလိုက်သည်။
မြေးဘွားနှစ်ယောက် စကားစမြည်ပြောနေရင်းဧည့်ခန်းထဲသို့ ဝင်သွားကြသည်။အန်တီလင်က လက်ဖက်ရည်နှစ်ခွက် ပြင်ဆင်ထားသည်။သူမဟာ မြို့စားကတော်ဟောင်းရဲ့ ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် လက်ဖက်ရည်တစ်ခွက်ကို ဂရုတစိုက် ပြင်ဆင်ထားပြီး လုလျန့်ဝေအတွက်တော့ ပန်းလက်ဖက်ရည်တစ်ခွက် ရှိသည်။
“ကျေးဇူးတင်ပါတယ် အန်တီလင်”
လုလျန့်ဝေက လက်ဖက်ရည်ကို တစ်ကျိုက် သောက်လိုက်ပြီး သူမကို စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်လိုက်တယ်။အန်တီလျန်က ပြုံးရင်း ခေါင်းယမ်းသည်။
“ကြိုဆိုပါတယ် ဒုတိယသခင်မလေးလု”
ဆက်ရန်....
အပိုင်း(၆၅): မြို့တစ်မြို့စာနဲ့တောင်ညီမျှတယ်
February 20, 2024
ဒုတိယသခင်မလေးက ကြာကြာကြည့်လေ ပိုပြီး သဘောကျချင်စရာကောင်းလာသည်။၊
လိမ္မာရေးခြားရှိပြီး ဥာဏ်ရည်ထက်မြက်တာကြောင့် မြို့စားကတော်ဟောင်ကို ပျော်ရွှင်စေသည်။အရင်ကနဲ့ မတူဘဲ တကယ့်ကိုအကြည့်ဓာတ်လေးဖြစ်လာသည်။
လုလျန်က လက်ဖက်ရည်သောက်ပြီးနောက် ကျူးယွီ ထံမှ တောင်ပင်လယ်ပုလဲများပါသည့် နမ်မူသေတ္တာကိုယူကာ မြို့စားကတော်ဟောင်ထံသို ယူသွားလိုက်သည်။ ဘူးကိုဖွင့်လိုက်သည်နှင့် ပုလဲများမှ ပျော့ပျောင်းတောက်ပသော အလင်းရောင်သည် ရုတ်တရက် ထွက်ပေါ်လာသည်။
“၀ါးးးးအရမ်းလှတယ်”
ကျူယွိက အော်လိုက်တယ်။
လုလျန်ဝေ့လည်း သေတ္တာထဲက ပုလဲတွေကို တအံ့တသြ ကြည့်လိုက်တယ်။
အမှန်တိုင်းပြောရရင် လုံယျန်က သူ့ကို ပင်လယ်ပုလဲတွေနဲ့ ဆုချဖို ပြောတဲ့အခါ သိပ်ဂရုမစိုက်ခဲ့ဘူး။ တရုတ်ဆေးပညာမိသားစုမှ ဆင်းသက်လာသူတစ်ဦးအနေဖြင့် ရတနာများစွာကို တွေ့မြင်ခဲ့ရပေမဲ့ ဒီလိုလှပတဲ့ ပုလဲကိုတော့ ပထမဆုံး မြင်ဖူးခြင်းပင်။
ထိုပုလဲများကို လည်ဆွဲတွင် ချည်နှောင်ထားပြီး တစ်ခုစီသည် သဲတစ်စေ့မျှသာ အရွယ်အစား ရှိသော်လည်း အပြစ်အနာအဆာ ကင်းစင်ပြီး ဝိုင်းဝိုင်းပြည့်ပြည့်ဖြစ်နေကာ အရောင်ဟာလည်း နူးညံ့လှပလွန်းသည်။ အကောင်းဆုံးထဲက အကောင်းဆုံးလို့တောင် ပြောလို့ရတယ်။
လုံယျန်က ဆုအကြောင်း ပြောတဲ့အခါတုန်းက အမျိုးသမီးအားလုံး မနာလိုဖြစ်နေသည်မှာ အံ့သြစရာမရှိေချ။ ဒီတောင်ပင်လယ်ပုလဲဟာ အမှန်တကယ်ပင် ရှားပါးရတနာပင်။ သူ့ လက်ကို ဆန့်ထုတ်လိုက်ပြီး ပုလဲကို မြို့စားကတော်ေဟာင်းလက်ထဲသို့ ထည့်လိုက်တယ်။
မြို့စားကတော်ဟောင်းက ခဏတာကြည့်ပြီးသောအခါ ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
“တောင်တရုတ်ပင်လယ်ထဲက ပုလဲတွေက အဖိုးမဖြတ်နိုင်ဘူးလို့ ပြောဖူးတာတော့ အမှန်ပါပဲ။ဒီလိုပုလဲကြိုးတစ်ကုံးက မြို့တစ်မြို့လုံးရဲ့ တန်ဖိုးနဲ့ထပ်ထူညီတယ်”
လုလျန် အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး လုံယျန်က ရက်ရောသည့် သူဖြစ်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ အသက်ရှည်သော ခေါက်ဆွဲတစ်ပန်းကန်ကို “မြို့တစ်မြို့” နဲ့ လဲလှယ်ခဲ့သည်။
“မင်းဒီလို အဖိုးတန်ပစ္စည်းတစ်ခုနဲ့ အသက်ရှည်တဲ့ ခေါက်ဆွဲတစ်ပန်းကန်ကို လဲလှယ်လို့ရတယ်။ တကယ့်ကို အသက်ရှည်တဲ့ ခေါက်ဆွဲရဲ့ အရသာက ဘယ်လိုလဲတော့ သေချာ မသိဘူး။ ဧကရာဇ်ကတော့ ရက်ရက်ရောရောကြီး အပေးအယူ လာလုပ်သွားတယ်…. ”
သူမသိသလောက် ဧကရာဇ်ဟာ အလွန်ကြီးမြတ်သောလူမဟုတ်ပေ။ အာဏာရလာကတည်းက သူဟာပိုမိုပွင့်လင်းပြီး ထက်မြက်လာခဲ့သည်။ ရုတ်တရတ် ရက်ရောလွန်းလို လူတွေက အဲဒါကို မစဉ်းစားဖို့ဆိုတာ မဖြစ်နိုင်ဘူး။
သူမမြေးလေးကို ငေးကြည့်ရုံကလွဲပြီး မြေးမလေးကို မကူညီနိုင်ခဲ့ပါဘူး။ ဒီမိန်းကလေးက လျန်း မိသားစုရဲ့ အလှကို အမွေဆက်ခံထားသည်။ သူမဟာ ငယ်စဉ်ကတည်းက အရမ်းချစ်ဖို့ကောင်းခဲ့သော်လည်း ကြီးပြင်းလာသည်နှင့်အမျှ သူမက မာနကြီးလာပြီး လူများနှင့် ခပ်ခွာခွာနေခဲ့သည်။ ပုံပန်းသဏ္ဍာန် အားသာချက်က သူမကို အမှတ်တွေမပေးနိုင်ရုံသာမက သူမကို မလှပဘူးလို့ လူတွေက ခံစားစေခဲ့တယ်။
ဒါပေမယ့် ဒီကာလအတွင်းမှာ သူမတစ်ကိုယ်လုံးကို ပြောင်းလဲသွားပုံရတယ်။အရင်မောက်မာမှုနှင့် စိတ်အားထက်သန်မှုအစား သူမဟာ ပို၍နှစ်သက်ဖွယ်ဖြစ်လာသည်။ စိတ်နေစိတ်ထား ပြောင်းသွားတဲ့အတွက် ထူးထူးခြားခြား ရှိပြီးသား အသွင်အပြင်က ပို၍ ရွှင်လန်းလာတယ်။
‘’ဧကရာဇ်မင်းက ရုတ်တရက် ဆုချီးမြှင့်သည်... ‘‘
မြို့စားကတော်ဟောင်က မျက်မှောင်ကြုတ်လိုက်သည်။
ထုံးစံအတိုင်း လုလျန်ဝေ့ဟာ မြို့စားကတော်ဟေားဘာတွေတွေးနေမှန်း မသိပါ။ သူက မျက်တောင်ခတ်ပြီး ထပ်ပြောလိုက်သည်။
“အဖွားက ဘာအရသာလဲ သိချင်တာဆိုရင် လွယ်ပါတယ် မကြာခင် အဖွားရဲ့မွေးနေ့ ရောက်လာတော့မယ်။
အဖွားမွေးနေ့ရောက်ရင် အသက်ရှည်တဲ့ ခေါက်ဆွဲတစ်ပန်းကန် လုပ်ပေးမယ်။ အဲ့ချိန်ကျရင် အဖွား မကြိုက်ဘူးလို့တော့မပြောနဲ့နော်”
သူ့မြေးမလေးရဲ့ ထူးဆန်းတဲ့အသွင်အပြင်ကို ကြည့်ပြီး စိတ်ထဲ ဘယ်လောက်ပဲ တွေးနေပါစေ မျိုသိပ်ထားကာနေလိုက်သည်။
“ဘာလို့ မကြိုက်ရမာလဲ၊ စားချင်ပေမဲ့ မင်းကို ကြောက်လို့ မလုပ်ခိုင်းရဲပါဘူး။”
လုလျန် ကအနည်းငယ်မျက်တောင်ခတ်ပြီး အံ့သြသွားဟန်ဖြင့်။
မြို့စားကတော်ဟောင်းက နာကျင်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်းရဲ့ အသက်ရှည်တဲ့ ခေါက်ဆွဲတစ်ပန်းကန်က တောင်ပင်လယ်ပုလဲတွေရဲ့ တန်ဖိုးနဲ့ ညီမျှတယ်။ ငါစားရင် ဘယ်စျေးပေးရမှာလဲ၊ မင်းရဲ့ အသက်ရှည်ခေါက်ဆွဲက ငါစားဖို့ အရမ်းစျေးကြီးလွန်းနေတယ်။”
အဖွားက ကျွန်မအဖွားပဲဟာ လျှော့ပေးမယ်မှာပေါ့။အဖွားမြို့ရဲ့ တစ်ဝက်လောက်လဲလှယ်ဖို့တော့ လိုသေးတယ်”