အခန်း (၆၆-၆၈)
Vol. 2 Ch. 66-68
အခန်း66 :ကောင်းမွန်တဲ့အိမ်မဟုတ်ဘူး
February 20, 2024 by Duan Fei Lin (段飞林)
မြို့စားကတော်ဟာ ပြုံးပြီးခေါင်းကို ကိုင်ကာေပြာလိုက်သည်။
“မင်းရဲ့ အသက်ရှည်တဲ့ ခေါက်ဆွဲက ရွှေတွေ ငွေတွေနဲ့ ရောထားလို့လား။ မင်း ဘယ်လိုတွေ ပြောနေတာလဲ”
လုလျန်က ပြုံးပြီးပြန်ပြောလိုက်တယ်။
“ဒါဟာတန်ဖိုးမရှိပေမယ့် ဧကရာဇ်မင်းကိုယ်တိုင် ပုလဲကို ချီးမြင့်ထားတဲ့သူက ပြင်ဆင်ပေးမယ်ဆိုရင် ထူးခြားတာဘဲလေ ၊အဲ့ဒါက ရွှေငွေနဲ့ရောထားတာပဲ မဟုတ်ဘူးလား “
မြို့စားကတော်ဟောင်းက ခေါင်းလှည့်ပြီး အဒေါ်လင်ကိုလှမ်းပြောလိုက်သည်။
“ကြည့်စမ်းပါအုံး၊ သူကတက်ကြွနေတာ သာမန် ခေါက်ဆွဲ တစ်ပန်းကန်ကို ခံတွင်းတွေ့တာကိုနဲပဲ ထူးထူးခြားခြား ဖြစ်သွားတယ်။ “
မကျေမနပ်ဖြစ်နေသော်လည်း သူမမျက်လုံးထောင့်များက ပြုံးယောင်သန်းနေသည်။
အန်တီလင်ကလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ေပြာလိုက်သည်။
“ဒုတိယသခင်မေလးက စီးပွားမလုပ်ချင်က စိတ်မကောင်စရာပဲ။ “
“ဟုတ်တယ်… သူသာ စီးပွားရေးလုပ်ရင် ပိုက်ဆံအများကြီးရမှာ”
စကားပြောပြီးနောက် မြို့စားကတော်ဟောင်းက ရယ်သည်။ ရယ်သံက ကြည်နူးစရာကောင်းနေသည်။
“အဖွားနဲ့ အန်တီလင် ကျွန်မကို အနိုင်ကျင့်တယ်။ ဟမ့် ကျွန်မထွက်သွားတော့မယ်။”
“သွား၊ သွား၊ သွား၊ ဒီလမ်းကို ထပ်မလာနဲ့”
“အဖွားက ကျွန်မကို မောင်းထုတ်လိုက်တာဘဲ၊ ကျွန်မ မသွားတော့ဘူး။ ဒီမှာနေပြီးအဖွားကို ဆက်နှောင့်ယှက်မယ်”
မြို့စားကတော်ဟောင်းသည် သူမဦးခေါင်းကို ချစ်ခင်စွာ ပုတ်လိုက်ပြီး သူမ မျက်လုံးများတွင် ချစ်ခြင်းမေတ္တာများ ပြည့်လျှံနေပုံရသည်။
အဒေါ်လင်က အဲဒါကိုမြင်တော့ အရမ်းစိတ်လှုပ်ရှားသွားတယ်။ တကယ်တော့ သခင်မကြီးက ဒုတသခင်မလေးကို အရမ်းချစ်တာ ၊သူမဟာ တရား၀င်ဇနီးက မွေးတဲ့ မြေးမလေး ဖြစ်တာကြောင့် သာမက လင်းမိသားစုရဲ့ သားသမီးလည်း ဖြစ်တာကြောင့်ပင်။
သို့သော်….ဒုတိယသခင်မလေးဟာ ယခင်က အမှားများစွာကို ပြုလုပ်ခဲ့တယ်။ သခင်မကြီးကို စိတ်ပျက်စေခဲ့သော်လည်း သူမဟာ မဆုတ်မနစ် ပြင်းထန်စွာ အပြစ်ပေးခံခဲ့ရတယ်။ သူမ ဒုက္ခအရောက်ဆုံးသောအချိန်တွင် သူမကို မတွေ့တော့ဘဲ ထျန်းကျူ ဘုရားကျောင်းသို့ သွားကာ တရားအားထုတ်ခဲ့တယ်။
ဒီတစ်ခေါက် ပြန်ရောက်လာပြီးနောက် ဒုတိယသခင်မေလးက ပြောင်းလဲသွားပြီး အရင်လို တကိုယ်ကောင်းမဆန်နေတော့ပေ။ထိုအရာများက သခင်မကြီးရဲ့ မျက်လုံးထဲရှိနေသော သူမအပေါ်ထားသည့် ချစ်ခြင်းမေတ္တာများအပြင်သို့ လျှံတက်လာသည်။
ဒီချစ်ခင်မှုကို သခင်မလယွင်ရွှမ်းနဲ့ မယှဉ်နိုင်ဘူး။ လုလျန်ဝေ့ ထွက်သွားပြီးနောက် သခင်မကြီးရဲ့အမူအရာမှာ တည်ငြိမ်လာသည်။
ကြကြီးလင်သည် သူမနှင့်အတူ အချိန်အတော်ကြာနေခဲ့ပြီး ပထမဆုံးအကြိမ် ထူးဆန်းသလို ခံစားလိုက်ရသည်။
“ဝေဝေရဲ့ အပြောင်းအလဲက အကောင်းလား အဆိုးလားဆိုတာ မသိတော့ဘူး”
“အရင်တုန်းက ဒုတိယသခင်လေးရဲ့ စိတ်ထားကြောင့် တစ်ချိန်ကျရင် ဒုက္ခရောက်မှာကို အမြဲတမ်း စိုးရိမ်မိခဲ့တယ်။ အခု ဒုတိယသခင်မလေးက ဉာဏ်ကောင်းပြီး ရင့်ကျက်လာတဲ့အတွက်ကောင်းပါတယ်။”
“ဝေဝေ ဥာဏ်ကောင်းလာတာက စိတ်သက်သာရာရပေမယ့် ကြောက်နေမိတယ်”
ကြီးကြီးလင်က မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး နောက်ဆုံးတော့ မှာတော့ထုတ်ပြောလိုက်သည်။
“ဧကရာဇ်က ရှားပါးတဲ့လူတစ်ယောက်ဆိုပေမယ့် သူ ဝေဝေကို မျက်စိကျမှာ ငါမလိုလားဘူး။”
“မင်းအရမ်းစိတ်ပူနေတာပဲ။ဧကရာဇ်မင်းရဲ့အသက်က ဒီနှစ်မှာ သုံးဆယ်ရှိနေပြီ ဒုတိယ
သခင်မလေးက အသက်ဆယ့်ငါးနှစ်ပဲရှိသေးတာ။ သူတို့နှစ်ယောက်ကြားက အသက်ကွာခြားချက်က အရမ်းကြီး ကွာနေတယ်၊ မဖြစ်သင့်ဘူး...”
တကယ်တော့ သူမဟာအသက်အရွယ်ကြောင့်မဟုတ်သော်လည်း နန်းတော်ဟာ အလွန်ရှုပ်ထွေးသော နေရာဖြစ်တာကြောင့် စိတ်ပူနေခြင်းဖြစ်သည်။
လင်း မျိုးနွယ်စုရှိသောအခါ သူမဟာ လုလျန်ဝေ့ အတွက် လူကောင်းတစ်ဦးကို ရှာဖွေပြီး ငြိမ်းချမ်းပျော်ရွှင်ရသောဘဝကို ပိုင်ဆိုင်စေမည်ဟု ကတိပေးခဲ့သည်။
ဧကရာဇ်ဟာ လူကြီးလူကောင်းဖြစ်သော်လည်း၊ သူဟာ လိုချင်ဖွယ်ကောင်းသူမဟုတ်ပါ။ နန်းတော်ရဲ့ အရှုပ်အထွေးများက ခေါင်းရှုပ်စရာ ကောင်းတယ်။
ဧကရာဇ်မင်းတွင် မယားငယ် မများသော်လည်း မောင်းမမိဿံများသည် ဆီစားသက်သာသော မီးခွက်များ မဟုတ်သလို နန်းတော်သည်လည်း နေရာကောင်းမဟုတ်ပါ။
ဆက်ရန်
အခန်း (၆၇) :သူမအတွေးလွန်နေတာပဲဖြစ်ပါစေ
February 20, 2024
ဧကရာဇ်မင်းမြတ် ထီးနန်းစိုးစံနေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုအချိန်အထိ ဘာမှလုပ်စရာမရှိသည့်အပြင် လုံချီကို မင်းသားအဖြစ် တင်မြောက်ထားသည်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ ဧကရာဇ်က သူခန္ဓာကိုယ်တွင် ပြောမပြနိုင်သောရောဂါ အချို့ရှိနေသည်ကို သိနေသည်။ နန်းတော်သို့ဝင်သော ကိုယ်လုပ်တော်မိန်းမများသည် ဘာလိုကြောင့် ကလေးမရကြတာလဲ။
အနာဂတ်တွင် လုံချီဘုရင်ဖြစ်လာမည်ဖြစ်ပြီး ယွင်ရွှမ်းက မိဖုရားဖြစ်လာလိမ့်မည်။ သူတို့တွေက ဝေဝေ့ကိုကော ကောင်းကောင်း ဆက်ဆံမှာလား။ရှုပ်ထွေးမှုတွေ အများကြီးရှိတော့ မြို့စားကတောင်ဟောင်က ကြီးကြီးလင်ကို အလုံးစုံ မပြောပြပေ။ သူမကလည်း သူ့ကိုယ်သူ အလွန်အမင်း စိုးရိမ်လွန်နေသည်ဟုသာ ထင်မိသည်။
သက်ရှည်ဆောင်ခန်းမမှထွက်လာပြီးနောက် လုလျန်ဝေ့သည် ကော်ကုန်းအဆောင်မှ ကျောက်စိမ်းကိုယူဆောင်သွားခဲ့သည်။ ထိုကာလအတွင်း သူမဟာအိမ်ကြီးထဲတွင် ဆေးစာအုပ်များဖတ်ပြီး၊ ဆေးဖက်ဝင်ပစ္စည်းများကို လေ့လာရင်းအချိန်ကုန်နေခဲ့သည်။ ယနေ့နန်းတော်အတွင်းသို့ ဝင်ရောက်ခြင်းမှလွဲပြီး ဆေးဖက်ဝင်ပစ္စည်းများကို လေ့လာရန်ရှိသော်ကြောင့် အိမ်ကြီးထဲမှ ထွက်မလာခဲ့ေပ။ သူမသည် ပုလဲများနှင့် ကျောက်စိမ်းများကို စူးစမ်းကာ သူမလိုချင်တာကို ဝယ်ခဲ့သည်။ သူမ ပြန်သွားတော့ ကျွေ့ရှန်ကောဆိုတဲ့ စားသောက်ဆိုင်ကို တွေ့လိုက်တယ်။ သူမမျက်လုံးမှိတ်ပြီး ခန ရပ်လိုက်သည်။
“ကျူယွိ ငါဗိုက်ဆာနေပြီ တစ်ခုခုသွားစားရအောင်”
သူမပြောပြီးပြီးချင်း စားသောက်ဆိုင်ဘက်ကို လျှောက်သွားသည်။ ကျူယွိက ခေါင်းကုတ်လိုက်ပြီး သူမလက်ထဲမှာကိုင်ထားတဲ့ သရေစာမျိုးစုံကို ကြည့်ပြီး တွေးမိတယ်။
‘’ခုနကမှ အများကြီးစားထားတာမဟုတ်ဘူးလား။…ဘာလို့ ဗိုက်ဆာပြန်တာလဲ”
သူမ စိတ်ညစ်နေသော်လည်း သမင်မလေးနောက်ကို အမြန်လိုက်ရပြန်သည်။ ဒီအချိန်က ထမင်းစားချိန်ရောက်ပြီမို့ ဖောက်သည်တော်တော်များများ စားသောက်ဆိုင်ထဲကို ဝင်သွားကြပါတယ်။ ဧည့်သည်အများစုက ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ စားသောက်ဖွယ်ရာများက ဈေးကြီးသည်။
ကျွင့်ရှန်ကောတွင် ဟင်းပွဲများသာမက အဖျော်ယမကာများပင်လျှင် အရသာကောင်းတာကြောင့် နာမည်ကြီးသည်။ စျေးကြီးပေမဲ့ ဒီနေရာကို နေ့တိုင်းလာစားတဲ့ ဧည့်သည်တွေက အတိုင်းအဆမရှိ လည်ပတ်လျက်ရှိနေသည်။ ကျွင့်ရှန်ကောတွင် ဂုဏ်သရေရှိ လူများကိုသာ လက်ခံပြီး နေ့စဉ်ကြိုတင်မှာကြားထားမှသာ နေရာရလေ့ရှိသည်။
လုလျန်းသည် ပုလဲနှင့် ကျောက်စိမ်းများကို ကိုင်ဆောင်ကာ ၀င်သွားသည်။ စားသောက်ဆိုင်တွင် ဧည့်သည်များ ပြည့်နေသည်ကို တွေ့လိုက်ရသည်။ သူက လုယွင်ရွှမ်းရဲ့ အမြတ်အစွန်းအရှိဆုံးသော စက်မှုလုပ်ငန်းတစ်ခုဖြစ်မည်ဟု သူ့စိတ်ထဲတွင်တွေးခဲ့သည်။
ဒါပေမယ့် ဒီ ကျွင့်ရှန်ကောဟာ လူသတ်သမားတွေကို အခွင့်အရေးပေးသော စားသောက်ဆိုင်တစ်ဆိုင် ဖြစ်ကြောင်းလည်းသိနေသည်။ တကယ်တော့ ဒီဆိုင်က သတင်းအချက်အလက်တွေ စုဆောင်းဖို့ လူသတ်သမား အများအပြားကို တိတ်တဆိတ် လေ့ကျင့်ပေးတယ်။ လုယွင်ရွှမ်းက လုံချီနန်းတက်ခြင်းတွင် အောင်မြင်အောင် အမှန်တကယ် ပံ့ပိုး ပေးခဲ့သည် ။သူရဲ့ နည်းလမ်းများတစ်ခုက အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းလွန်းသည့် အပြစ်မဲ့သူများကို သတ်ပစ်ခြင်းသာ ဖြစ်သည်။
ကျွင့်ရှန်ကော ရှောင်အာကသိပ်မလှပေမယ့် အဝတ်အစားတွေအားလုံးက စျေးကြီးနေတာကို မြင်လိုက်ရတာကြောင့် သူမကို စိတ်အားထက်သန်စွာနဲ့ ချက်ချင်း နှုတ်ဆက်လိုက်ကြတယ်။
“မမလေး ကျေးဇူးပြုပြီး အပေါ်ထပ်က သီးသန့်ခန်းမှာ သွားနားပါနော်”
လုလျန်းသည် ကျွင့်ရှန်ဆိုင်ရဲ့အပြင်အဆင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဧည့်ခန်းရှိ ပြတင်းပေါက်ကို ညွှန်ပြပြီး “ထိုင်ပါ” လို့ပြောလိုက်တယ်။
ရှောင်အာက ပြန်ပြောပြီး လုလျန်ဝေ့ကို သတ်မှတ်နေရာသို့ ပို့ပေးသည်။ စားစရာအနည်းငယ် မှာယူပြီးနောက် စားရန်ထိုင်လိုက်သည်။
ကျူယွိက မိန်းမပျိုလေးရဲ့ ပြောင်းလဲမှုများကို ကျင့်သားရလာခဲ့သည်။ အစပိုင်းတွင် အနည်းငယ် ခက်ခဲခဲ့သော်လည်း ယခုအခါတွင် သူမသည် အဆင်ပြေနေပြီဖြစ်သည်။
“မမလေး ၊ ဒီ ကျွင့်ရှန်ကောရဲ့ ဟင်းပွဲကို မင်း အကြိုက်ဆုံးပဲမလားများများစား ”
ကျူယွိက လုလျန်းကို စေတနာနဲ့ တည်ခင်းကျွေးမွေးတယ်။ ရိုးရိုးသားသားပြောရရင် သူမ အခုလေးတင် ဈေးဝယ်တုန်းက အစားအသောက်တွေ အများကြီးစားခဲ့တယ်။ ဒါ့ကြောင့် အစားအသောက်တွေက သူ့ရှေ့မှာရှိနေပေမယ့် စားချင်စိတ်မရှိတော့ဘူး။
“ငါ့အတွက် စားစရာ ယူလာစရာ မလိုဘူး၊ မင်း ကိုယ့်ကိုကိုယ်ဘဲ ဂရုစိုက်”
ကျူယွိ မျက်လုံးများသည် ချက်ချင်းပင် နီရဲသွားသည်။ သခင်မလေး အများကြီးပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ သူမရဲ့ ဒေါသကို ထိန်းထားပြီး ကြင်နာစိတ်၊ စာနာစိတ်ဖြင့် ခေါ်လိုက်သည်
မိန်းမငယ်လေးရဲ့ နီရဲနေသော မျက်လုံးများကို မြင်လိုက်ရတော့ လုလျန်ဝေ့ချက်ချင်း နားလည်သွားသည်။ ကလေးမလေးက နားလည်မှုလွဲနေပြီး ဘာမှထပ်မစားနိုင်တော့ပေ။
“တစ်မျိုး မထင်ပါနဲ့.... ဟင်းတွေ ပူနေတုန်း မြန်မြန်စားလိုက်ပါ”
ဆက်ရန်.....
အခန်း ၆၈ : မကာကွယ်နိုင်ဘူး။
February 21, 2024 by Duan Fei Lin (段飞林)
လုလျန်ဝေ့က ဘာမှမစားဘဲပေမယ့် ကျူယွိက မြိန်ရေရှက်ရေနဲ့စားနေတယ်။
သူ ဒီကို မကြာခဏ လာဖူးပေမယ့် ဘေးနားက ကောင်မလေး ထမင်းစားတာကိုပဲ ကြည့်နေခဲ့သည်။ ကျွင့်ရှန်ကောရဲ့ ဟင်းလျာတွေကို ပထမဆုံးအကြိမ်စားဖူးတာဖြစ်ပေမဲ့ သတင်းထွက်နေသလိုပဲ အရသာရှိသည်။
ကောင်မလေးက အစားအသောက်ကို အာရုံစိုက်နေချိန်မှာ လုလျန်ဝေ့ရဲ့ မျက်လုံးတွေက ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။
ထိုအချိန်တွင် ချောမောသော လူငယ်တစ်ယောက်က အပေါ်ထပ်မှ ဆင်းလာနေသည်။ချောမောသောကောင်လေးသည် ချောမောခန့်ညားသော်လည်း ယောက်ျားလို ဝတ်ထားသည့် လုယွင်ရွှမ်းကဲ့သို့ မခန့်ညားသည်ကို သိနေသည်။ ထိုချောမောလှပသော လူငယ်တစ်ယောက်က သူ့နောက်သို့ ရောက်လာသည်။ထိုလူငယ်သည် လင်းချင်ယွမ်နဲ့ စေ့စပ်ထားသူ ချန်ရွှယ်ပင်း ဖြစ်သည်။ချန်ရွှယ်ပင်းက အနောက်ကို လျှောက်သွားတော့ လုယွင်ရွှမ်းရဲ့ စိတ်ထဲတွင် သက်သာရာရသွားသည်။
ဧည့်ခန်းတွင် ဧည့်သည်များ ပြည့်နက်နေတာကြောင့် ထောင့်စွန်းတွင် ထိုင်နေသော လုလျန်ဝေ့ကို သူတို့နှစ်ယောက်လုံး သတိမထားမိကြပါ။
ကျွင့်ရှန် သီးသန်းအခန်းထဲကနေ လမ်းလျှောက်ထွက်လာတော့ ညစ်ပတ်တဲ့မျက်နှာ အင်္ကျီစုတ်ပြတ်ေနတာကို၀တ်ထားတဲ့ သူတောင်းစားကလေးလေးက ရုတ်တရက် ရောက်လာသည်။
“ကျွန်တော့်ကို ငွေစလေးတွေ နည်းနည်းလောက် ပေးသနားကြပါနော်….”
ဒါကိုမြင်တော့ လုယွင်ရွှမ်းက ရွံရှာစွာဖြင့် မျက်မှောင်ကြုတ်လိုက်တယ်။ချန်ရွှယ်ပင်းသည် သူတောင်းစားကိုမြင်တော့ ချက်ချင်းပင် ရှေ့သို့ လှမ်းထွက်ကာ သူတောင်းစားအား အော်လိုက်သည်။
ထိုသို့အော်ဟစ်ပြီး သူတောင်းစားကလေးအား အဝေးကြီးကို ကန်ထုတ်ရာ သူတောင်းစားကလေးရဲ့ ပါးစပ်ထဲကနေ သွေးတွေ ထွက်လာခဲ့သည်။သူတောင်းစားကလေးက ငွေစမရတဲ့အပြင် ဒဏ်ရာအပြင်းအထန်ရခဲ့သည်။
လမ်းသွားလမ်းလာတွေ အားလုံးက ချန်ရွှယ်ပင်းရဲ့ ရက်စက်ယုတ်မာမှုတွေကို မြင်နေသော်လည်း မကူညီခဲ့ကြပေ။လုယွင်ရွှမ်းက ဒါကိုမြင်တော့ သူ့မျက်ခုံးတွေ မျက်မှောင်ကြုတ်ပြီးေပြာလိုက်သည်။
“ရွှယ်ပင်း မင်းက ဘာလို့ ဒီလောက်ထိ ကြမ်းကြမ်းတမ်းတမ်း လုပ်ရတာလဲ၊သူက ပိုက်ဆံနည်းနည်းဘဲ တောင်းတာလေ”
ချန်ရွှယ်ပင်းက သူမဟာ ကြင်နာတတ်သည်ကို သိသောကြောင့် သူမအား စိတ်သက်သာရာရစေရန် ပြောလိုက်သည်။
“ဒီလို အပယ်ခံဘဝနဲ့ နေမယ့်အစား သေလိုက်တာ ပိုမကောင်းဘူးလား၊ မင်းဘာလို့ သူ့လို လူကို ဂရုစိုက်နေတာလဲ ၊သူ ပိုက်ဆံတောင်းရင် ငါပေးလိုက်မယ်။”
သူပြောသည့်အတိုင်း ခါးမှ ပိုက်ဆံအိတ်ကို ချွတ်ကာ သူတောင်းစားပေါ်သို့ ပစ်ချလိုက်သည်။
သူ ပိုက်ဆံပေးလိုက်တာကိုမြင်တော့ လုယွင်ရွှမ်းက ဘာမှထပ်မပြောတော့ဘဲ သူတောင်းစားလေးကိုတောင် တစ်ချက်တောင် မကြည့်ဘဲ ထွက်သွားလိုက်တယ်။ ချန်ရွှယ်ပင်းကလည်း လျင်မြန်စွာ လိုက်သွားသည်။
“သူက တကယ်ကို အရိုင်းအစိုင်းဘဲ၊ **** ကောင်ပဲ။ ပိုက်ဆံမပေးပဲ လူကို ရိုက်တယ်။ လူကို နာကျင်အောင် လုပ်ပြီး ပိုက်ဆံနည်းနည်း ပေးလိုက်ပြီး ထွက်သွားတယ်။ ဒီတိုင်း ငြိမ်မခံနိုင်ဘူး။”
“ချမ်းသာတဲ့သူတွေက အားလုံးအတူတူဘဲ။ ဒီလိုဖြစ်တာ ပထမဆုံးအကြိမ်မဟုတ်ဘူး”
တစ်စုံတစ်ယောက်ဟာ သက်ပြင်းကို အကြိမ်ကြိမ်ချလိုက်သည်။
သူတောင်းစားလေးက ရိုက်နှက်ခံရတာကြောင့် အချိန်အတော်ကြာသည်အထိ မထနိုင်ပေ။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိပြီး အော်ပြောလိုက်သည်။
လမ်းသွားလမ်းလာများက ထိုအော်ဟစ်သံကို ကြားလိုက်ရသော်လည်း မည်သူမျှ ရှေ့မတိုးရဲပါ။ အဘယ့်ကြောင့်ဆိုသော် သူတောင်းစားကလေးက အရမ်းကို ညစ်ပတ်နေတာကြောင့်ပင်။ နောက်ပြီး အဲဒီလူရဲ့ ကန်ချက်ကြောင့် သူတောင်းစားလေးက သေပြီးသားဖြစ်နေရင် သူတို့ကိုပါ အမှုပတ်မှာ စိုးသောကြောင့်ဖြစ်သည်။ လမ်းသွားလမ်းလာတွေမှာ ကိုယ်ချင်းစာစိတ်ရှိပေမယ့် ဘယ်သူကမှ အမှုပတ်မှာ မလိုလားဘူး။
မိန်းမပျိုလေးက သူတောင်းစားငယ်လေးဆီသို့ သွားနေပြီဆိုတာတော့ အံ့သြစရာမဟုတ်ပါ။
ကျူယွီက လန့်သွားပြီး အမြန်လိုက်သွားသည်။လုလျန်ဝေ့က သူတောင်းစားလေးဘေးတွင် ထိုင်ချလိုက်ပြီး သူ့မျက်နှာကို ဆံပင်များဖြင့် ဖုံးကွယ်ထားတာကြောင့် ပါးလွှာသော ကောက်ကြောင်းကိုသာ မြင်နိုင်သည် ။
လုလျန်ဝေ့က ထိုကလေးရဲ့ အရမ်းညစ်ပတ်နေပုံကို မေ့ထားကာ သူတောင်းစားကလေးရဲ့ အသက်ရှုနှုန်းနှင့် သွေးခုန်နှုန်းကို စမ်းပြီး စစ်ဆေးခဲ့ရာတွင် ဒဏ်ရာအပြင်းအထန်ရသွားတာကြောင့် သတိလစ်သွားသည်ကို တွေ့ရှိခဲ့ရပြီး သူ့အသက်အတွက် စိုးရိမ်စရာမရှိေပ။
ကျူယွိသည် သူတောင်းစားကလေးအား စစ်ဆေးနေသည်ကိုတွေ့သောအခါ ကျယ်လောင်စွာမေးကာ သူမအနောက်တွင်ရပ်နေလေသည်။
ဒီကာလာအတွင်း သူမရဲ့ ဆေးစာအုပ်များမှ သွေးခုန်နှုန်း စစ်ဆေးခြင်းနှင့် အပ်စိုက်ကုထုံးကိုလည်း လေ့ကျင့်ခဲ့သည့်အရာများကို အသုံးချရပေမည်။ထို လုပ်ရပ်ကြောင့် သခင်မလေးဟာ တစ်စုံတစ်ခုကို အမှန်တကယ် သင်ယူခဲ့ကြောင်း ကျူယွိ သိလိုက်သည်။
“သူက ဒဏ်ရာအပြင်းအထန်ရပြီး သတိလစ်သွားတဲ့အတွက် တတ်နိုင်သမျှ အမြန်ဆုံး ဆေးကုသမှုခံယူဖို ဆေးကုသခန်းကို သွားရမယ်။”
လုလျန်ဝေ့က သူတောင်းစားလေးကို ကူညီပေးဖို့ လှမ်းပြောလိုက်သည်။