အခန်း (၆၉-၇၁)
Vol. 2 Ch. 69-71
အခန်း (၆၉): လုံယျန်နဲ့ေတွ့ရမယ်လို့မထင်ထားဘူး
February 21, 2024
ကျူယွီက ထိတ်လန့်သွားပြီးပြောလိုက်သည်။
“သခင်မလေး ကျွန်မလုပ်ပေးပါရစေ”အဲ့အချိန်မှာပဲ လုလျန်းဝေရဲ့ လက်ကပေါ့ပါးသွားပြီး သူတောင်းစားကလေးလေးကို တစ်စုံတစ်ယောက်ကသယ်သွားခဲ့သည်။ ကလေးကို သယ်သွားတဲ့သူကို လုလျန်ဝေ့ မြင်လိုက်တဲ့အခါမှာ အနည်းငယ်အံ့သြသွားသည်။
“ဘာလို့ဒီကိုရောက်လာတာလဲ”
ကျောက်ချန်ကတော့ ဘာမှ၀င်မပြောပဲရပ်ကြည့်နေခဲ့သည်။လုလျန်ဝေ့က သူ့နောက်ကိုကြည့်လိုက်တဲ့အခါ လုံယျန်ကို တွေ့လိုက်ရသည်။
ယနေ့တွင် ထိုအမျိုးသားသည် အလွန်ရိုးရှင်းသော စိမ်းပြာရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး လူစည်ကားသော လမ်းပေါ်တွင် လျှောက်သွားနေသောသူများကိုတော့ သူရဲ့ဆွဲဆောင်မှုနိုင်ကိုတော့ဖုံးကွယ်နိုင်ရန်ခက်သည်။
သူရဲ့ စူးရှထက်မြတ်တဲ့မျက်လုံးများဟာ အဝေးကကြည့်နေသည့်သူများ မမြင်နိုင်တဲ့ဖိအားတစ်ခုဖြင့်ချုပ်ကိုင်နိုင်သည်။ သူ့လက်ထဲတွင် ယက်တောင်တစ်ခုကိုဖွင့်ထားချင်းမရှိပဲ ကိုင်ယုံသာကိုင်ထားသည်။
သူဟာဈေးလမ်းထဲတွင် အနည်းနည်းငယ်လမ်းလျှောက်လာရင်ဖြင့် ပျင်းရိကာဘယ်သူကိုမှဂရုမစိုက်တော့ပေ။
သူ့ရဲ့မျက်နှာပေါ်တွင် လူတွေကသူနားမကပ်နိုင်အောင် သတိပေးချက်ထုတ်ပြန်ထားသလို အရိပ်အယောင်များလွှမ်းခြုံနေပေမယ့် သူ့ကိုကြည့်လိုက်သည့်လူတိုင်းက သူ့ရဲ့အသွင်အပြင် ဆွဲဆောင်မှုကြောင့် စိတ်၀င်စားလျက်ရှိနေသည်။
သူ့တွင် အမျိုးအမည်သိတဲ့အရှိန်အ၀ါရှိနေခြင်းကြောင့် လူတွေက သူ့အနားမကပ်ဝံ့ဘဲ အဝေးကနေသာ ကြည့်နေနိုင်သည်။
လုလျန်ဝေ့က သူမျက်နှာပေါ်တွင် အနီဖျော့ဖျော့ရောင်များရှိနေသည်ကို သိလိုက်သည်။လုံယျန်က သူ့ရင်ဘတ်လောက်သာရှိတဲ့ ကလေးမလေးကို ကြည့်လိုက်သည်။ သူ့မပါးစပ်ထောင့်က ကော့တက်သွားသည်။သူ့မျက်လုံးများက ရုပ်ဖျက်ထားသော သူ့ကို သေချာကြည့်နေသည့် ကလေးမလေးကိုစိုက်ကြည့်နေသည်။
သူမရဲ့ သွယ်လျတဲ့ မျက်ခုံးမွှေးများကပါးလှပ်တာကြောင့် ခပ်ထူထူလေးဆွဲထားသည်။ သူမက နဂို ဖြူစင်ပြီး ဆွဲဆောင်မှုရှိသော သူမပါးပြင်နဲ့ နဖူးတွင် အစက်အပြောက်များဖြင့် ရုပ်ဖျက်ထားသည်။ လုလျန်ဝေက သူမကိုစိုက်ကြည့်နေတာကို သိထားမိတဲ့အခါ ရုတ်တရက်ရှက်သွာကာ ချောင်းဟမ့်လိုက်သည်။
အဲဒီနောက်မှာတော့ သူမဟာတစ်ခုခုကိုသတိရသွားပြီးသူမအနောက်ကိုလှည့်ကြည့်ပြီး ကျောက်ချန်ကို ပြောလိုက်သည်။
“ဒီကလေးက တော်တော် ဒဏ်ရာရထားတာ သူ့ကို ကုသဖို အနီးနားက ဆေးကုသခန်းမှာ ဆေးကုသဖို့လိုအပ်တယ်”သူမပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါမှာ သူမတို့အရှေ့မှာ ဆေးကုသခန်းတစ်ခုကိုတွေ့လိုက်သည်။
ကျောက်ချန်က လုံယျန်ကိုလှမ်းကြည့်လိုက်သည်။လုံယျန်က ခေါင်းညိတ်ပြတာကို မြင်တဲ့အခါမှ ကလေးကိုချီပြီး ဆေးကုသခန်းဘက်ကို အမြန်ချီသွားလိုက်သည်။
လုလျန်ဝေဟာ စိတ်မသက်သာရာဖြစ်ပြီး သူတို့နောက်ကိုလိုက်သွားခဲ့သည်။ ကလေးက တကယ်ကို သနားစရာကောင်းတယ်။ သူက အရမ်းပိန်ပြီး ဆာလောင်နေခဲ့တာ။ ချန်ရွှယ်ပင်း အပြင်းအထန် ကန်ထုတ်ခံရပြီးနောက်မှာပြင်းထန်စွာ မေ့မြောသွားခဲ့သည်။
ဆေးခန်းက ဆရာဝန်က ကလေးကိုတွေ့တော့ အံ့ဩသွားသည်။
ကျောက်ချန်ကလေးကို ပြတင်းပေါက်နားက ဝါးကုတင်ပေါ်တင်ပြီး ဆေးကုသခန်းက သမားတော်များက ကလေးရဲ့ ဒဏ်ရာတွေကိုစတင်ကုသတော့သည်။အဲဒီနောက်မှာတော့ သမားတော်က နောက်ထပ်ဆေးညွှန်းပေးခဲ့ပြီး ဆေးခန်းမှာရှိတဲ့ သမားတော်ကို ဆေးကိုယူပြီး ကျိုခိုင်ခဲ့သည်။
သမားတော်က ကလေးကို ကုသနေချိန်မှာ လုလျန်ဝေ့ ကတိတ်တဆိတ် စောင့်ကြည့်နေခဲ့ပါသည်။သူမဟာ တရုတ်ဆေးပညာကို အလွန်ဝါသနာပါသူဖြစ်သည်။
သမားတော်ကြီးက သူမကိုကြည့်ကာ ဝါးကုတင်ပေါ်မှ သတိလစ်နေသော ကလေးငယ်ကို ကြည့်လိုက်သည်။
လျင်မြန်စွာ နားလည်သဘောပေါက်ပြီး သက်ပြင်းချရင်း ပြောလိုက်သည်။
“သမားတော်ကြီး ဒီကလေးက ချက်ချင်းနိုးလာမှာ မဟုတ်ဘူး၊ တခြားဘယ်ကိုမှ သွားစရာမရှိမှာမဟုတ်ဘူးလို့ ကျွန်မမထင်ဘူး။ အနည်းဆုံးတော့ သူပြန်ကောင်းလာတဲ့အထိ စောင့်ကြည့်ပေးပါ။”
ဆက်ရန်....
အခန်း(၇၀): သူမမလုပ်နိုင်တဲ့အရာမရှိဘူး
February 21, 2024 by Duan Fei Lin (段飞林)
သမားတော်က ခေါင်းငြိမ့်လိုက်ပြီး ငွေကို မငြင်းဘဲ ယူလိုက်ယူလိုက်သည်။
“ စိတ်ချပါ သခင်မလေး…. ဒီတွဲလက်ဆေးကုခန်းက လူတွေကို ပြုစုဖို့နဲ့ကယ်တင်ဖို့ ဖွင့်ထားတာပါ…. ဒီကလေးကို သေချာဂရုစိုက် လိုက်ပါ့မယ်…..”
လုလျန့်ဝေက ဒီသမားတော်ကို စိတ်ထားကောင်းတယ်လို့ တွေးလိုက်သည်။ နောက်ပြီး သူမက ကျူယွီလက်ထဲက ငွေထုပ်ကိုယူလိုက်ပီး သူ့အား ပေးလိုက်သည်။
“ ဒီငွေထုပ်က အဲ့ကလေးပိုင်တာ…. သူနိုးလာရင် ပေးလိုက်ပါအုံး…..”
သမားတော်က သူမလက်ထဲကဟာကို ယူလိုက်သည်။သူမ ကလေးကို နောက်တစ်ခါထပ် ကြည့်လိုက်သည်။ ကလေးက ဝါးကုတင်ပေါ်မှာ အိပ်နေပြီးတော့ သူ့ကိုမြင်ရတာက အလွန်သနားစရာ ကောင်းတယ်။ ကလေးကို ဒီနေရာမှာ ထားခဲ့ရမှာကို သူမစိုးရိမ်နေသေးသည်။
ယခုချိန်က မတ်လရောက်နေပေမဲ့ အနဲငယ်အေးနေ သေးသေးသည်။ သူမစောင်တစ်ထည်ကို ယူလိုက်ပြီးကလေးကို ခြုံပေးလိုက်သည်။ ထို့နောက် ဆေးခန်းက အလုပ်သမားထံသို့ ငွေစ အချို့ပေးကာ ပြောလိုက်သည်။
“ ကျွန်မရှင့်ကိုဘဲ ဒုက္ခပေးရတော့မယ်… ဒီကလေး အတွက် သန့်ရှင်းတဲ့ အဝတ်နှစ်ထည်လောက် ဝယ်ပေးနိုင်မလား…ပိုတဲ့ပိုက်ဆံကို ရှင်ယူလိုက်ပါ.. နောက်ပြီး သူ့ကို နောက်ထပ်ရက်အနဲငယ်လောက် စောင့်ရှောက်ပေးပါအုံး… နောက်တစ်ခါ ကျွန်မပြန်လာခဲ့ပါ့မယ်….”
အလုပ်သမားက ကတိပေးလိုက်သည်။
လုလျန့်ဝေက ခေါင်းငြိမ့်ပြလိုက်သည်။ သူမဟာ တခြားတယောက်ရဲ့ဘဝကို ဝင်ရောက်စွက်ဖက်တတ်တဲ့သူမဟုတ်ဘူး။ ဒါပေမဲ့ ဒီကလေးက အရမ်းငယ်ပြီးတော့ အပြင်းအထန် ဒဏ်ရာရနေသည်။ဒါဟာအလွန်ကိုဆိုးရွားလွန်းသည်။ ခုချိန်မှာသူ့ကို ဆေးခန်းမှာထားတာက အကောင်းဆုံး ဖြစ်ပီး နောက်နှစ်ရက်နေလို့ သူမပြန်လာတဲ့အခါမှ ထပ်ပြီး စီစဉ်ပေးနိုင်မှာပါ။
ဆုံးဖြတ်ချက် ချပီးတဲ့နောက်မှာ သူမဟာ လုံယျန်ရဲ့ အေးစက်တဲ့ မျက်နှာကို ကြည့်ဖို့ ပြန်လာခဲ့တယ်။ အကြောင်းပြချက်တစ်ချို့ကြောင့် သူမဟာ သူ့ရဲ့ နှုတ်ခမ်းတွေကို ကြည့်ပီး သူ့ရဲ စိတ်အခြေနေ ကောင်းမနေဘူးဆိုတာ သိလိုက်သည်။ဒါကဘာဖြစ်နေတာလဲ။ ခုနကသူဟာ ပုံမှန်အတိုင်းရှိနေတာပါ။
သူမဟာ ထူးဆန်းနေတယ်ဆိုတာ သိလိုက်တယ်။ လုံယျန်ဟာ ကလေးကို တစ်ချက်ကြည့်ပီး ဆေးခန်းမှ ထွက်သွားသည်။ သူမ အလျင်လိုနေတာကို ရပ်လိုက်ပြီး သူ့နောက်က လိုက်သွားသည်။
ထိုအခါ ကျောက်ချန်က ပြုံးပီး သူမနားကို ကပ်ပြီးပြောလိုက်သည်။
“ ဒုတိယသခင်မလေးလု…. ဒီကလေးက ဘာလို့ဒဏ်ရာ ရထားတာလဲ….သူ့မှာ ဘာပြသနာ ဖစ်သွားလို့လဲ….”
လုလျန့်ဝေက သူ့ကိုကြည့်လိုက်သည်။ သူ့ရဲ့အပြုံးက သူမကို မျက်နှာချိုလာသွေးနေတယ် ဆိုတာ သူမခံစားမိသည်။ ဘာဖြစ်နေလဲဆိုတာ သူမ နားမလည်တာမို့ မျက်ခုံးကို ပင့်ကာ ကြည့်လိုက်တယ်။ကျောက်ချန်ဟာ လုံယျန်ရဲ့ လူယုံဖြစ်ပြီး နန်းတွင်းရေးရာက ခေါင်းဆောင်ဖြစ်သည်။ သူ့ရဲ့ လုပ်ပိုင်ခွင့်က အတော်လေး မြင့်မားသည်။
လူများစွာက သူ့ဆီက မျက်နှာသာ ရဖို့ကြိုးစားနေကြ ပေမဲ့ သူက အခုဘာလို့ ဒီလို လုပ်နေတာလဲ။ သူမက မသိသလိုဟန်ဆောင်လိုက်ပြီး ဘာဖြစ်ခဲ့တယ် ဆိုတာကို ပြောပြလိုက်ပါတယ်။ ဒါပေမဲ့ သူမက လုယွင်ရွှမ်းနဲ့ ချန်ရှုပင်း ကိုတော့ မဖော်ပြခဲ့ဘူး။ သူမပြောလိုက်တာက ကလေးကို ရိုက်နှက်တဲ့သူတွေက ယစ်မူးသင်းရနံ့ နန်းဆောင်ကစျေးဝယ်သူနှစ်ယောက် ဖြစ်တယ်ဆိုတာပါဘဲ။ လုလျန့်ဝေက သူမတို့ နှစ်ယောက်အကြောင်းကို ဖုံးကွယ်ဖို့စိတ်ကူးမရှိဘူး။ ဒါပေမဲ့ သူမပြောပြခဲ့ရင်လဲ ဘယ်သူကမှ ယုံမှာမဟုတ်ဘူး။သူမက လုယွင်းရွှမ်းကို မနာလိုလို့ ချောက်တွန်းနေတယ်ပဲ ထင်နေမှာပါ။
ဒါကိုပြောပြီးတဲ့နောက်မှာ သူကသူ့ရဲ့ သခင်ကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။
“ ဒုတိယသခင်မလေး…. အဲ့ဒါဆို သခင်မလေး အရင်က ပြောတဲ့အတိုင်း ကျွန်ုပ်ရဲ့ သခင်ကို ကုသပေးနိုင်မလား…..”
သူမက ကျောက်ချန်ဘာပြောချင်လဲဆိုတာ နားလည်တာမို့ ပြောလိုက်သည်။
“ ကျွန်မက အဲ့လိုပြောခဲ့တယ်ဆိုမှတော့ ကျွန်မ လုပ်နိုင်တယ်လို့ ယုံကြည်လို့ဘဲလေ….”
ကျောက်ချန်ရဲ့ မျက်လုံးများ အရောင်တောက်လာခဲ့သည်။
“ သခင်မလေး… ဒါကစကားပြောလို့ကောင်းတဲ့ နေရာ မဟုတ်ဘူး…. ကျေးဇူးပြုပြီး ကျွန်တော့်နောက်လိုက်ခဲ့ပေးပါ….”
လုံယျန်က နန်းတော်ကနေချက်ချင်းထွက်လာတယ် ဆိုတာက သူမနေ့ညက သုံးဆောင်ခဲ့တဲ့ သက်ရှည် ခေါက်ဆွဲကြောင့်ဆိုတာ သူမသိတယ်။
သူ့ရဲ့ရောဂါကို တော်ဝင်ဆေးကုသဆောင်ကတောင် ဘာမှမလုပ်နိုင်တာမို့ သူမကကုသနိုင်တယ်ဆိုတာကို သူမယုံနိုင်ဘူးဆိုတာ သူမနားလည်သည်။ ဒါပေမဲ့ သူမက ပြောထားတာမို့ ကိုယ့်ကိုကိုယ် ဒုက္ခမရောက်ချင်ဘူးဆိုရင်တောင် သူမလုပ်နိုင်တာ ဘာမှမရှိဘူး။
ဆက်ရန်....
အပိုင်း(၇၁) : (အတော်လေးကိုရှက်ရွံ့မိတယ်)
February 22, 2024
ကျူယွီက လုလျန့်ဝေလက်ကို ထိလိုက်ပြီး ကြောက်နေတဲ့ အသံနဲ့ မေးလိုက်သည်။
“ သခင်မလေး…. ဧကရာဇ်မင်းက ဘယ်လိုလုပ် ရောက်လာတာလဲ…..”
သူမက ခေါင်းခါပြလိုက်တာမို့ ကျူယွီက ပါးစပ်ပိတ် သွားသည်။လူတစ်စုက လူထူထပ်တဲ့လမ်းတွေကို ကျော်ဖျက်လာပြီးတဲ့နောက်မှာ လူသူပြတ်လတ်တဲ့ နေရာတစ်ခုသို့ ရောက်လာခဲ့သည်။ လမ်းရဲ့အဆုံးမှာ သာမန်အိမ်လေးတစ်လုံး ရှိနေခဲ့သည်။
တံခါးကို လာဖွင့်တဲ့သူကအသက်ကြီးကြီး လူတစ်ယောက်ပင်။ ထိုလူက အသက်ကြီးနေပေမဲ့ သူ့ဆီမှာ မုတ်ဆိတ်မွှေး တစ်ပင်တောင် မရှိတာမို့ ထိုသူက မိန်းမစိုး တစ်ယောက်ဆိုတာကို လုလျန့်ဝေ ခန့်မှန်းမိသည်။ ထိုသူက နန်းတော်ကလာပြီး ဒီအိမ်ကို စောင့်ကြပ်နေချင်းပင်။ဒါကြောင့် ဒီလူဟာ လုံယျန်ရဲ့ အနီးကပ်လူယုံဖြစ်တယ်ဆိုတာ သိသာသည်။
လုံယျန်က အိမ်ထဲကို အရင်ဝင်သွားတဲ့နောက်မှာ သူမဟာ အချိန်ဆွဲမနေဘဲ လိုက်ဝင်သွားသည်။ အထဲရောက်တာနဲ့ ဒီအိမ်ဟာ သိပ်မကြီးဘဲ တိတ်ဆိတ်ပြီး ငြိမ်းချမ်းတယ်လို့ သူမခံစားလိုက် ရသည်။ အိမ်စောင့်တဲ့လူကလွဲရင် တခြားဘယ်သူမှ ရှိမနေပေ။
လုံယျန်က လုလျန့်ဝေရှိမနေသကဲ့သို့ စကားတခွန်းမှ မပြောဘဲ ဆက်လျှောက်သွားသည်။ သူတို့ဧည့်ခန်းထဲ ရောက်သွားတဲ့အခါ အသက်ခြောက်ဆယ် လောက်ရှိတဲ့ ပိန်ပိန်နဲ့လူအိုကြီးကို တွေ့လိုက်ရသည်။ ထိုလူကြီးက ဆေးစာအုပ်တစ်အုပ်ကို လှန်နေပီး သူ့ဘေးမှာလဲ ဆေးအိတ်တလုံးကို ချထားသည်။
“ နန်းတော်အပြင်မှာမို့ ထုံးတမ်းအစဉ်လာတွေ လုပ်မနေပါနဲ့ သမားတော်ကြီးလင်း…..”
သူပြောပြီးသွားတဲ့နောက်မှာ ရပ်မသွားဘဲ ထိုင်ခုံဆီသို့ ဆက်လျှောက်သွားသည်။ လုလျန့်ဝေက တုံ့ဆိုင်းနေပေမဲ့ သူ့ဆီကို လျှောက်သွားကာအရိုအသေပေးလိုက်သည်။
အစကသူမဟာ အပြင်မှာမို့ သူ့ကိုမနှုတ်ဆက်ခဲ့ပေ။ယခုချိန်မှာတော့ အိမ်ထဲ ရောက်နေပြီမို့ မသိသလို ဟန်ဆောင်နေလို့မရတော့ပေ။ သူက သူမကိုကြည့်ပြီးလက်ပြလိုက်သည်။
သူမက မထိုင်ခင်မှာ သမားတော်ကြီး အရင်ထိုင်တာကို စောင့်နေလိုက်သည်။ သူမထိုင်လိုက်တဲ့အချိန်မှာဘဲဧကရာဇ်မင်းကြီးက သူမကို ကြည့်နေတာ တွေ့လိုက်ရသည်။
သူမက ခဏလောက်ထိတ်လန့်သွားပြီး နောက်ဧကရာဇ်မင်းမြတ်ရဲ့ အသံက ဟိန်းပြီးထွက်လာသည်။
“ ဒုတိယသခင်မလေးလု…. မင်းကို ငါကိုက်စားလိုက်မှာကို ကြောက်နေတာလား…”
သူမဟာ အခြားသူတွေနဲ့ ဧကရာဇ်မင်းရဲ့ကြားက အကွာအဝေးကို ကြည့်လိုက်ပြီး သူ့မဘာသာ သဘောတူလိုက်သည်။သူမဟာရည်ရွယ်ချက်ရှိရှိ ပြုမူခဲ့တာပင်။
ဧကရာဇ်မင်းက သူ့မိဖုရား ဆုံးပါးပြီးထဲက တဏှာရာဂတွေကို မနှစ်မြို့တော့တာမို့ မိန်းမတွေကို သူ့ရဲ့ပေသုံးဆယ်အတွင်းကို မလာစေခဲ့ဘူးလို့ သူမကြားဖူးသည်။
လုံယျန်က တကယ်ကြောက်ဖို့ကောင်းသည်။ ဒါကြောင့် သူမဟာ သူနဲ့ ဖြစ်နိုင်သမျှ ဝေးဝေးမှာ နေခြင်ဖြစ်သည်။ ဒါပေမဲ့သူမဟာ ဒီအရာကိုသူ လွယ်လွယ်သိသွားမယ်လို့ မမျှော်လင့်ခဲ့ဘူး။ ဒါပေမဲ့သူမက အမှန်တိုင်းမပြောခဲ့ဘူး။
သူမရိုသေစွာ မပြန်ပြောခင် သူမရဲ့ မျက်လုံးကို လှပစွာ မှိတ်လိုက်သည်။
“ ဧကရာဇ်မင်းကြီးရဲ့ အရှိန်ဝါက အရမ်းအားကောင်း ပါတယ်… ကျွန်တော်မျိုးမက ကြောက်တတ်တာမို့ အရှင့်နားကို မကပ်ဝံ့တာပါ….”
ကျောက်ချန်ဟာ သူမကို အံ့ဩတကြီး ကြည့်လိုက်သည်။ သူမဟာထူးခြားတဲ့ မြှောက်ပင်တဲ့ပုံစံကို ဘယ်လိုများ လုပ်နိုင်တာလဲ။ ဒါကသူ့ကို နိမ့်ကျတဲ့ ခံစားချက်ကို ဖြစ်စေသည်။
လုံယျန်ရဲ့ မျက်လုံးထဲမှာ အပြုံးရိပ်သန်းလာပီး ခဏလေးနဲ့ပျောက်သွားသည်။ သူဟာ လုလျန့်ဝေကို ခန့်မှန်းမရတဲ့ မျက်လုံးနဲ့ ကြည့်လိုက်သည်။ သမားတော်ကြီးလင်းက လုလျန့်ဝေကို အံ့ဩစွာကြည့်လိုက်သည်။
သူဟာ ဧကရာဇ်မင်းဆီမှာ နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ပေမဲ့ မိန်းမတစ်ယောက်ကို အခုလို ကြင်ကြင်နာနာ ဆက်ဆံတာ တစ်ခါမှ မတွေ့ဖူးဘူး။ ဒါကြောင့် သူဟာ သူမကို ထပ်မကြည့်ဘဲ မနေနိူင်ခဲ့ဘူး။
“ သက်ရှည်ခေါက်ဆွဲအတွက် အပေးအယူက ဘာလဲ… အဲ့ထဲကို မင်းဘာထည့်ခဲ့တာလဲ….”
သမားတော်ကြီးက သူမကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ ဒါဆို ဒီမိန်းကလေး က သက်ရှည်ခေါက်ဆွဲကို ပြင်ပေးတဲ့သူလား။ မကြာခင်က ဘုရင်မင်းမြတ်ရဲ့ အခြေနေက ဆိုးရွားနေခဲ့တာပင်။ ဒါကိုမထိန်းချုပ်နိုင်ရင် နှစ်ကုန်ထိတောင် မခံနိုင်တော့ဘူး။
သမားတော်ကြီးရဲ့ ဆံပင်တွေဟာ စိုးရိမ်မှုကြောင့် မီးခိုးရောင်ဖစ်နေပြီ။ဒါကြောင့်ဘဲ သူဟာ မနေ့ညက မင်းကြီးရဲ့ မွေးနေပွဲကို မတက်ခဲ့တာဖြစ်ပီး သူ့ရဲ့ ရောဂါကို ကုသဖို့ ကုထုံးကို ရှာဖွေနေခြင်းဖြစ်သည်။