အခန်း (၇၂-၇၄)
Vol. 2 Ch. 72-74
အပိုင်း၇၂ဒီလို အကျိုးအဆက်တွေက စိတ်ကူးယှဉ်ဆန်တယ်လို့ထင်ရတယ် )
February 22, 2024
အဲ့နောက်မှာအရှင်မင်းကြီးက ပွဲတော်အတွင်းမှာ ရုတ်တရက် တိုက်ခိုက်ခံခဲ့ရတယ် လို့ ကျောက်ချန်ဆီက သူကြားခဲ့သည်။
သက်ရှည်ခေါက်ဆွဲကြောင့်သာမဟုတ်ရင် ဘုရင်မင်မြတ်ရဲ့ ဖုံးကွယ်ထားတဲ့ ရောဂါအကြောင်းကို မှူးမတ်တွေအားလုံး ရှေ့မှာဖော်ထုတ်ခံလိုက်ရမှာပင်။
ဒါကိုကြားတော့ သူကအကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။ ဒုတိယသခင်မလေးလုကသာ ဒီအခြေနေကို မကူညီခဲ့ရင် ဖြစ်လာမဲ့ အကျိုးဆက်က မတွေးရဲစရပင်။
လုလျန့်ဝေက ဒီနေ့သူမကို ဆင့်ခေါ်တယ်ဆိုတာ ခေါက်ဆွဲကြောင့်ဆိုတာ သူမသိသည်။ ဒါပေမဲ့ သူမဟာ မေးခွန်းထုတ်မယ့်အစား သူမက တည်ငြိမ်နေပြီးတော့ ဆေးအမယ်အချို့ရဲ့ နာမည်ကို ရေးချလိုက်သည်။
“ ကျွန်မက နာကျင်တာကို သက်သာစေမဲ့ ချွမ်းရှုန်း၊ အနီရောင် ကလျာဏီပင်တို့ကို ထည့်လိုက်တာပါ….”
သမားတော်ကြီးလင်းက မုတ်ဆိတ်မွေးကို ပွတ်ကာ ခေါင်းငြိမ့်လိုက်တယ်။
“ ဟုတ်တယ်…. အဲ့ဒီဆေးပင်တွေက နာကျင်တာကို သက်သာစေတဲ့ အာနိသင်ရှိတယ်… ဒါပေမဲ့ သခင်မလေးက မင်းကြီး နေမကောင်းတာကို ဘယ်လိုသိတာလဲ…..”
သူပြောလိုက်တာနဲ့ လုံယျန်က သူမကို စိုက်ကြည့် လိုက်သည်။သူက အခုအခါမှာ အရမ်းကိုထူးဆန်းနေတယ်။ သူမက သူတိုက်ခိုက်ခံရမှာကို ဘာလို့ ကြိုသိနေတာ လဲ။ ခန်းမထဲမှာ လူတွေအများကြီးရှိပေမဲ့ မူမမှန်တာကို သူမကလွဲပြီး ဘယ်သူကမှ သတိမထားမိခဲ့ဘူး။
သူမရဲ့ ရင်ထဲမှာ စိုးရိမ်သွားသည်။ ဧကရာဇ်မင်းမြတ်က သူမကို သံသဝင်နေပြီဆိုတာ သူမသိသည်။ ဒါပေမဲ့ သူမဟာ ဒီအတွက်တန်ပြန်ရဖို့ကို ကြိုတင်ပြင်ဆင်ထားသည်။ သူမက အနည်းငယ်ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ ဧကရာဇ်မင်းကြီးကို…. ရိုးရိုးသားသားပြောရရင် ကျွန်မက ပြီးခဲ့တဲ့ညက မွေးနေ့လက်ဆောင်ပေးဖို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူး… ဒါပေမဲ့ လက်ဆောင်ပေးဖို့အတွက် ဖိအားပေးခံခဲ့ရပါတယ်..
အဲ့လိုချိန်မှာ ကျွန်မရဲ့ အချက်အပြုတ် ကျွမ်းကျင်မှုကိုဘဲပြသဖို့ သင့်တော်တာမို့ သက်ရှည် ခေါက်ဆွဲကို ပြုလုပ်ဖြစ်ခဲ့တာပါ….”
“ အစက ကျွန်မက ဆေးအမယ်တွေထည့်ဖို့ အစီစဉ်မရှိခဲ့ဘူး… ဒါပေမဲ့ ကျွန်မမမျှော်လင့်ဘဲ အရှင်မင်းကြီးရဲ့ မျက်နှာတော်က ဖြူဖျော့နေတာ တွေ့ခဲ့ပါတယ်…ဒါကြောင့် ကျွန်မကအရှင်မင်းကြီး တိုက်ခိုက်ခံခဲ့ရတယ်လို့ ခန့်မှန်းမိခဲ့တာပါ…. အဲ့တာနဲ့ကျွန်မက ချက်ပြုတ်တဲ့အခါမှာ နာကျင်တာကို သက်သာဖို့ ဆေးတစ်ချို့ကိုထည့်မယ် လို့ ဆုံးဖြတ်ခဲ့ပါတယ်… ဒီဆေးတွေက လူရဲ့ ခန္ဓာကိုယ်ကို မထိခိုက်စေပါဘူး… ကျွန်မ မှန်းတာ မမှားရင် ခေါက်ဆွဲကို စားပြီးတဲ့ အခါမှာ ဘာမှ ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ဘူးမလား….”
သူမရဲ့ ရှင်းလင်းတဲ့ အဖြေကို ရပြီးတဲ့နောက်မှာ သမားတော်ကြီးအခြေနေကို နားလည်လာသည်။
“ ကျွန်နော်သိပါပြီ… သခင်မလေးပြောတဲ့ ဆေးတွေက တကယ်ဘဲ လူကိုမထိခိုက်စေပါဘူး….”
“ သခင်မလေးလုက တော်တော်လေး ထက်မြတ်တာဘဲ…..”
“ ဧကရာဇ်မင်းကြီးရဲ့ ချီးမွမ်းခြင်းကို ကျေးဇူးတင်ပါတယ်….”
မင်းကြီးက သူမကို ချီးကျူးတယ်လား။ ဘာလို့ သူ့ရဲ့စကားက နိမ့်ကျသလို ခံစားနေရတာလဲ။ သူ့စကားရဲ့နောက်ကွယ်က အဓိပ္ပါယ်ကို ဒီမိန်းကလေး နားမလည်ဘူးဆိုတာ သူမယုံဘူး။ အဲ့ချိန်မှာဘဲ သမားတော်ကြီးက ကြားဖြတ်ပြောလိုက်သည်။
“ သခင်မလေးပြောပုံအရဆိုရင် အရှင်မင်းကြီးရဲ့ အခြေနေကို အရင်ထဲက သိနေတာပဲ… ဒါက ဘယ်လိုဖြစ်တာလဲ….”
သူက ကျောက်ချန်ကို ကြည့်ကာမေးလိုက်သည် ကျောက်ချန်က သူ့ကိုတခုခု ဖုံးကွယ်ထားပုံ ရသည်။
ဘုရင်မင်းမြတ်ရဲ့ ရောဂါကို သူကိုယ်တိုင်ကုသပေးနေတာဖြစ်ပီး သိတဲ့သူက အရမ်းကိုနည်းသည်။ ဒီလိုဟာကို သခင်မလေးလုက ဘယ်လိုသတိထားမိ သွားတာလဲ။
ကျောက်ချန်က သူ့သခင်ကို ကြည့်ကာ ပြောလိုက်သည်။
“ အရင်က မတော်ဆမှုတခုမှာ သခင်မလေးလုက ဆေးပညာကျွမ်းကျင်တာမို့ သခင့်ရဲ့ သွေးခုန်နှုန်းကို စမ်းမိခဲ့တာပါ….”
“ ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးပညာကို သိမယ်လို့ မမျှော်လင့်ထားမိဘူး… ဒီလိုလူတွေက အရမ်းနည်းပြီး မရှိသလောက်ကိုရှားတယ်….”
သခင်မလေးလုဟာ အများဆုံးအနေနဲ့ ဆေးပါဝင်တဲ့ ဟင်းခွက်ကိုဘဲ ပြင်ဆင်နိုင်တာလို့ သူကယူဆထား တာပင်။ အဲ့ဒီနောက် ကံကောင်းပြီး မနေ့ညက ပွဲတော်မှာ ဖြစ်ခဲ့တဲ့ ဘုရင်မင်းမြတ်ရဲ့ အန္တရာယ်ကို ဖြေရှင်းပေးနိုင်ခဲ့သညိ။ သို့ရာတွင် သူစိတ်ကူးထားတာနဲ့ အကုန်လွဲနေခဲ့တာပင်။
ဆက်ရန်....
အခန်း (၇၃) သွေးအနည်းငယ်လောက်ယူပါရစေ)
February 22, 2024
ဒုတိယသခင်မလေးလုရဲ့ ငယ်ရွယ်တဲ့ ရုပ်ရည်ကြောင့် သူမဟာ ဆေးပညာမှာ ကျွမ်းကျင်မယ်လို့ မထင်ရပေ။
သမားတော်ကြီးလင်းဟာ စိတ်သဘောထား သေးသိမ်သူ မဟုတ်တာမို့ အနဲငယ် အံ့ဩသွားတာက လွဲရင် သူမအပေါ် အထင်သေးခြင်း မရှိခဲ့ဘူး။ သူမလို မိန်ကလေး တစ်ယောက်က ဆေးပညာကို တတ်မြောက်တာက မှားတယ်လို့မထင်ဘူး။
လုလျန့်ဝေက သမားတော်ကြီးဟာ စိတ်သဘောထား ပြည့်၀ပြီး သူ့ရဲ့ စကားတွေဟာ ရိုးသားတယ်ဆိုတာကို ပြောနိုင်သည်။
“ ကျွန်မက ဆေးစားအုပ်အနည်းငယ်ကိုဘဲ ဖတ်ဖူးတာပါ… သမားတော်ကြီးရဲ့ ရှေ့မှာ ဂုဏ်ယူနေရမဲ့ အရာ မဟုတ်ပါဘူး….”
သမားတော်ကြီးလင်းက စိတ်ဝင်တစား မေးလိုက်သည်။
“ သခင်မလေးက ဘယ်ဆေးစာအုပ်ကို ဖတ်ပြီးတော့ စာဖတ်ရုံနဲ့ ရောဂါကို ရှာဖွေနိုင်တာလဲ…..”
လုလျန့်ဝေက ပြန်ဖြေလိုက်သည်။
“ဆေးပညာ ရှင်းလင်းချက် စာအုပ် တချို့ပါဘဲ… ဒါပေမဲ့ အားလုံးက အဆိပ်ဖြေတဲ့ နည်းလမ်းတွေပါ..”
သူ တကယ်စိတ်လှုပ်ရှားသွားသည်။
“ အဆိပ်ဖြေနည်းတဲ့လား…..”
“ ဟုတ်ပါတယ်……”
“ ဒါဆို အရှင်မင်းကြီးရဲ့ အခြေနေကို သခင်မလေး အနေနဲ့ ဘယ်လိုမြင်လဲ ဆိုတာ သိပါရစေ….”
သမားတော်ကြီးက ဆေးပညာကို ကျွမ်းကျင်ပေမဲ့ အဆိပ်ဖြေခြင်းနဲ့ပက်သက်လာရင်တော့ မကျွမ်းကျင်ဘူး။
နောက်ပြီး ဘုရင်မင်းမြတ်က တကယ်ဘဲ အဆိပ်မိထားတာပါ။ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာတော့ ဒီရောဂါက အရှင်မင်းကြီး အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့သည်။
နှစ်များစွာကြာပြီးတဲ့နောက်မှာ ဘုရင်မင်းမြတ်ဟာ တိုင်းပြည်အသီးသီးက ပါရမီရှင် သမားတော်တွေနဲ့ ကုသမှုခံယူခဲ့သော်လည်း ဘယ်သူကမှ မကုသပေးနိုင်ခဲ့ဘူး။
“ အဲ့ဒါက နည်းလမ်းအနည်းငယ်ရှိတယ်ဆိုပေမဲ့ အရှင်မင်းကြီးနဲ့ ပိုသင့်တော်မဲ့ နည်းလမ်းကို သိရဖို့ ထပ်မံစစ်ဆေးဖို့လိုပါတယ်…..”
အရင်နေ့တွေတုန်းက စာကြည့်ခန်းထဲမှာ သူမဟာ ဘုရင်မင်းမြတ်ရဲ့ သွေးခုန်းနှုန်းကို အလျင်မြန် စမ်းသပ်မိခဲ့တယ်။ ဒါကြောင့် သူမဟာ သူ့ရဲ့ နှလုံးအနားမှာ အဆိပ်မိနေတယ်ဆိုတာ သိခဲ့သည်။ ဒါပေမဲ့ ဘာအဆိပ်မိထားလဲဆိုတာ တော့ သူမ ရှင်းရှင်းလင်းလင်းမသိခဲ့ဘူး။
မူလဇာတ်လမ်းမှာတော့ လုယွင်ရွှမ်းက လုံယျန်သေခါနီး အခြေနေမှာဘဲ ကုသပေးခဲ့တာပင်။ သူမကုသပေးနိုင်ခဲ့တာ သခင်မလင်းရဲ့ အခန်းက တွေ့ရှိခဲ့တဲ့ ဆေးစာအုပ်ကြောင့် ဖြစ်ဖို့များသည်။
သူမရဲ့စကားအရ သမားတော်ကြီးလင်းဟာ လုံယျန်ကို ကြည့်လိုက်သည်။ အရှင်မင်းကြီးဟာ သူရဲ့ ဆယ်ပေအကွာခြားထားပြီး မျိုးသမီးတွေကို အကပ်မခံတာမို့ သူမက မင်းကြီးရဲ့ရောဂါ ဘယ်လိုလုပ်ရှာဖွေလိုရမှာလဲ။
သူဟာ ဘုရင်မင်းမြတ်ကို ဘယ်လိုနားချရမလဲ စဉ်းစားနေတုန်းမှာဘဲ လုံယျန်ဆီက အသံထွက်လာသည်။
“ ဒါဆို သခင်မလေးလုက ငါကိုယ်တော်ကို ဘယ်လို စမ်းသပ်ချင်တာလဲ…..”
သူဟာ အရှင်မင်းကြီးရဲ့ ရောဂါက ဘယ်လောက် ပြင်းထန်လဲဆိုတာ သိတာမို့ နှစ်ပေါင်းများစွာ မဖြေရှင်းနိုင်တာကြောင့် စိတ်ဖိစီး နေရသည်။
ဒီချိန်မှာတော့ သူမက အရှင်မင်းကြီးကို ကိုယ်တိုင် စစ်ဆေးမှာမို့ သူဟာ သူမရဲ့ အမြင်ကို သိချင်တာကြောင့် တိတ်တဆိတ်ဘဲနေခဲ့သည်။ သူသိထားတဲ့ အရာ တွေကို ထုတ်မပြောခဲ့ဘူး။
လုံယျန်က သူ့ရဲ့ အင်္ကျီလက်ကိုဆွဲတင်လိုက်ပြီး လက်ကောက်ဝတ်ကို စားပွဲပေါ်သို့ တင်လိုက်သည်။
ဒါကိုမြင်တော့ သူမက အနည်းငယ်အံ့ဩသွားသည်။ သူမဟာ လုံယျန်ကအလွယ်တကူ သဘောတူမယ်လို့ မမျှော်လင့်ခဲ့ဘူး။
ထိုလူရဲ့ နက်မှောင်တဲ့ မျက်လုံးတွေနဲ့ ဆုံတဲ့အခါ သူမက တစ်ခါထဲပြောလိုက်သည်။
ကျောက်ချန်မျက်မှောင်ကြုတ်ကာ သူမကို ပြောလိုက်တယ်။
“ ဒုတိယသခင်မလေးလု…. မင်းဘာကို ပြောနေလဲ ဆိုတာရော သိရဲ့လား……”
ဆက်ရန်.....
အခန်း(၇၄) : (ကျွန်မစည်းကျော်မိပါတယ်)
February 22, 2024 by Duan Fei Lin (段飞林)
ကျောက်ချန်ရဲ့ သွေးတက်နေတဲ့ အမူရာကို သတိထားမိတဲ့အခါ သူမက အခြေနေကို သေချာမသိခင်မှာဘဲ ထိတ်လန့်သွားသည်။ လုံယျန်က ဧကရာဇ်မင်းမြတ်ဖြစ်တာမို့ သူမက သူ့ရဲ့သွေးကို ထုတ်ယူဖို့ ပြောတဲ့အခါမှာ အားလုံးက ဒါဟာ စော်ကားမှုလို့ ထင်နေကြသည်။
နောက်ပြီး သွေးကိုထုတ်ယူဖို့ဆိုရင် အသားကို ဖြတ် ရမှာပါ။ ပုံမှန်အနေနဲ့ ဘုရင်မင်းမြတ်ရဲ့ အနီးကပ် ကိုယ်ရံတော်နဲ့ တော်ဝင်မြင်းတပ်ရဲ့ တပ်မှူးက လွဲရင် ဘယ်သူကမှ အရှင်မင်းကြီးရဲ့ရှေ့မှာ လက်နက်ကိုင်ဆောင်ခွင့် မရှိဘူး။ လုပ်ကြံ သတ်ဖြတ်မှုကို ရှောင်ရှားနိုင်ဖို့ ဖြစ်သည်။
ကျောက်ချန်ဒီလို ပြုမူတာဟာ သူမအလောတကြီးနဲ့ အရှင်မင်းမြတ်ရဲ့ သွေးကို ထုတ်ယူဖို့ တောင်းဆိုလိုက်တာဖြစ်ပီး သူ့ရဲ့ အမူအရာဟာလည်း ချက်ချင်းပြောင်းသွားသည်။
သူမမျက်လုံးကိုပင့်ကာ လုံယျန်ကို ကြည့်လိုက်တဲ့အခါ သူစိတ်မဆိုးတာကို တွေ့လိုက်ရသည်။ သူမသက်ပြင်းချပြီး ရှင်းပြလိုက်သည်။
“ ကျွန်မ အရှင်မင်းကြီးရဲ့ သွေးကနေမှ ဘာအဆိပ်မိထားလဲဆိုတာ စစ်ဆေးနိုင်မှာပါ… အဲ့ဒါမှ မှန်ကန်တဲ့ ကုသမှုကို ပြုလုပ်လို့ရမှာ…”
ကျောက်ချန် မျက်ခုံးကျုံလိုက်သည်။ သူမဟာ အရှင်မင်းမြတ်ရဲ့ မျက်နှာသာပေးမှုကြောင့် ဘဝင်မြင့်နေတယ်လို့ ထင်လိုက်သည်။
သမားတော်ကြီးလင်းဟာ အရှင်မင်းမြတ်ကို နှစ်ပေါင်းများစွာ ကုသပေးခဲ့မယ် အခုလိုပုံမှန်မဟုတ်တဲ့ တောင်းဆိုမှုမျိုးမလုပ်ခဲ့ဘူး။ ဒီမိန်းကလေးက သူ့အသက်အရွယ်နဲ့ အရမ်းကို ရဲတင်းနေသည်။
“ မင်းဘယ်လောက်လိုတာလဲ…..”
“ ကျောက်ချန်…. ဓားတစ်ချောင်းသွားယူလာခဲ့….”
“ အရှင်မင်းကြီး…..”
ကျောက်ချန်က စောဒကတက်ချင်နေပေမဲ့ သူ့ရဲ့ စူးရှတဲ့မျက်လုံးတွေကို မြင်လိုက်တဲ့အခါမှာ ကျောက်ချန်က သူ့ရဲ့ စကားလုံးတွေကို ပြန်မြိုချလိုက်ရသည်။
“ ကောင်းပါပြီ အရှင်မင်းကြီး….”
သူမကအမိန့်အတိုင်း ခွက်ကိုကိုင်ကာ ရှေ့ကို တိုးလာသည်။ လုံယျန်ဟာ သူ့လက်ထဲက ဓားနဲ့ လက်ဖဝါးကို လှီးဖျက်လိုက်သည်။
“ အရှင်မင်းကြီး……”
လုံယျန်က သူ့ကို လျစ်လျူရှုထားလိုက်သည်။
အနီရောင်သွေးတွေဟာ လက်ဖဝါးက ဓါးဒဏ်ရာ ကနေ စီးကျလာခဲ့သည်။ လုလျန့်ဝေက ကျလာတဲ့ သွေးတွေကို ခွက်နဲ့ ခံထားလိုက်တယ်။
လုလျန့်ဝေက သူ့အားခိုးကြည့်လိုက်တဲ့အခါ အဆုံးမရှိနက်မှောင်တဲ့ မျက်လုံးတွေကို တွေ့လိုက်ရသည်။ သူမက ပြန်ပီး တွေးနေခဲ့တယ်။ ခုနက သူဟာ သူမရဲ့ နာမည် အပြည့်အစုံကို ခေါ်လိုက်တာကို ကြားလိုက်ရပါတယ်။ သူစိတ်ဆိုးနေတာလား။
အရင်ကသူမကို ဒုတိယခင်မလေးလု လို့ဘဲ ခေါ်တာပင်။ သူမက သွေးလုံလုံလောက်လောက် ရတဲ့အခါမှာ သူမအိတ်ထဲမှ ဆေးမှုန့်ထည့်ထားတဲ့ ပုလင်းတစ်လုံးကိုထုတ်ယူလိုက်ပီး ဒဏ်ရာပေါ်မှာ ဖြူးလိုက်သည်။ နောက်ပြီး သန့်ရှင်းတဲ့ လက်ကိုင် ပုဝါနဲ့ လက်ကို စည်းပေးလိုက်သည်။
သူမရဲ့ လှုပ်ရှားမှု အားလုံးက ချော့မွေ့ကာ သဘာဝဆန်လွန်းခဲ့သည်။လုံယျန်က သူ့ရဲ့လက်ဖဝါးကို ကြည့်ကာ ခန့်မှန်းမရတဲ့ အပြုံးတစ်ခုပေါ်လာခဲ့သည်။
“ ဒီလိုပစ္စည်းတွေကို ဆောင်ထားမယ်လို့ ကိုယ်တော် မထင်ထားခဲ့ဘူး…….”
သူမဆေးပုလင်းကို ပြန်သိမ်းလိုက်သည်။ ထိုစကားကို ကြားတဲ့အခါမှာတော့ သူမရဲ့မျက်နှာမှာ ထိတ်လန့်တဲ့ အမူအရာပေါ်လာပြီး လုံယျန်ရဲ့ လက်ကို ကိုင်လိုက်ကာ လက်ကိုင်ပဝါကို ပြန်ဖြေ လိုက်သည်။
“ ကျွန်မ စည်းကျော်မိသွားပါတယ်…. အရှင်မင်းကြီးရဲ့ ဒဏ်ရာကို ဆေးစည်းပေးဖို့က သမားတော်ကြီးလုပ်တာက ပိုအဆင်ပြေပါတယ်…”
လုံယျန်ဟာ သူ့ရဲ့ လက်ပေါ်က သူမရဲ့ သေးသွယ်ပြီး နူးညံ့တဲ့လက်ရဲ့ အထိတွေ့ကြောင် အံ့ဩသွားခဲ့သည်။ အမျိုးသမီးတစ်ယောက်ရဲ့ လက်ဟာ ဒီလောက်တောင် နူးညံ့သိမ်မွေ့လိမ့်မယ်လို့ သူမသိခဲ့ဘူး။
သူချက်ချင်း အသိပြန်ဝင်လာပြီး သူမရဲ့ လှုပ်ရှားမှုကို ရှောင်လိုက်သည်။