← Chapters

အခန်း (၇၅-၇၇)

Vol. 2 Ch. 75-77

အခန်း (၇၅-၇၇)

Vol. 2 Ch. 75-77

အပိုင်း၇၅:ဧကရာဇ်ရဲ့မျက်ခွံကိုမဆိုင်းမတွလှန်လိုက်ခြင်း

February 23, 2024

သူ့ရဲ့လက်ဖဝါးပေါ်က ရောင်စုံလိပ်ပြာတွေနဲ့ ပန်းထိုးထားတဲ့ လက်ကိုင်ပုဝါကို ကြည့်ကာ မေးလိုက်သည်။

“ ဒီလက်ကိုင်ပုဝါကို မင်းထိုးထားတာလား….”

လုလျန့်ဝေက သူ့ရဲ့ ပုံမှန်မဟုတ်တဲ့အတွေးတွေကို ထိန်းချုပ်ဖို့ ကြိုးစားရင်း လမ်းပျောက်နေသည်။

သူမက သူ့ကိုကြည့်ကာ ပြောလိုက်သည်။

“ မဟုတ်ပါဘူး….. ကျွန်မက ပန်းမထိုးတတ်ဘူး….

ဒါကကျွန်မရဲ့ အစေခံ ထိုးပေးထားတာပါ….”

လုံယျန်က ခေါင်းငြိမ့်လိုက်သည်။

“ မင်းရဲ့ပုံစံကို ကြည့်တာနဲ့ ပန်းမထိုးတတ်ဘူးဆိုတာ ဖြစ်နိုင်တယ်….”

ဒါကို ကြားတဲ့အခါ သူမဟာ မခံမရပ်နိုင် ဖြစ်သွားသည်။

ရုပ်ရည်ကို အကဲဖြတ်လိုက်ရင်တဲ့လား။ သူမရဲ့ရုပ်ရည်က ဘာများဖြစ်နေလို့လဲ။

“ အရှင်မင်းကြီးက ဒီလိုဘဲ လူတွေကို သူတို့ရဲ့ ရုပ်ရည်နဲ့ လိုက်အကဲဖြတ်နေတာလား….”

သူမဟာ ဝမ်းနည်းသွားတာမို့ လေသံမာမာနဲ့ ပြန်လည် ချေပလိုက်သည်။

ကျောက်ချန်ရဲ့ မျက်နှာက ညိုမည်းသွားသည်။ သူမက အရှင်မင်းကြီးကို ဘာလို့များ ဒီလို ပြောရဲတာလဲ။

ဆန့်ကျင်ဘက်အနေနဲ့ လုံယျန်က သူမရဲ့ အမူအရာ ကြောင့် စိတ်မဆိုးတဲ့ အပြင် သူမရဲ့ စိတ်ဆိုးနေတဲ့ ပန်းဆီရောင်မျက်နှာလေးက တအားတွေချစ်ဖို့ ကောင်းနေတာကို တွေ့လိုက်ရသည်။

သူနှစ်သက်တဲ့ အကြည့်နဲ့ သူမကို အနည်ငယ် ကြည့်နေပြီးနောက်ပြောလိုက်သည်။

“ ငါကိုယ်တော်ကသာ မင်းပြောသလို ရုပ်ရည်ကို ကြည့်ပြီး လူတစ်ယောက်ကို ဆုံးဖြတ်တတ်တဲ့သူမျိုး ဆို ဒုတိယသခင်မလေးလုကဒီနေရာမှာ ရပ်နေဖို့ အခွင့်ရေးမရှိမှာကို ငါကိုယ်တော် စိုးရိမ်တော်မူတယ်…”

သူပြောသလိုသာဆိုရင် ရုပ်ရည်အရသာဆို လုလျန့်ဝေကို ယုံကြည်ပြီး သူမကို သူ့ရဲ့ ရောဂါအတွက် ကုခိုင်းမှာ မဟုတ်ဘူး။

လုလျန့်ဝေက သူ့ရဲ့အေးစက်တဲ့ အမူရာကို ကြည့်ရင်း သူမခုနက ပွင့်ထွက်သွားတာကို အနည်းငယ် နောင်တရသွားသည်။

သူမရဲ့စကားတွေက တဆိတ်လောက်ဆိုတဲ့ ဟန်အမူရာနောက်ကိုလိုက်လာပြီး လုံယျန်ရဲ့ သွေးခုန်နှုန်းကို သူမရဲ့လက်နဲ့ စမ်းလိုက်သည်။ ခဏကြာတဲ့အခါ သူ့ရဲ့ မျက်ခွံတွေကို ပင့်ကြည့်ဖို့ သူမလက်ကို ဆန့်ထုတ်လိုက်သည်။

လုံယျန်က နောက်ကို ယိမ်းလိုက်ပီး သူမလက်ကို ဖမ်းဆုပ်လိုက်သည်။

“ အရှင်မင်းကြီး …. ကျွန်မက ထပ်မံစစ်ဆေးဖို့ လုပ်နေတာပါ…. အရှင်မင်းကြီးက လက်ခံမယ်လို့ မျှော်လင့်ပါတယ်…..”

လုံယျန်က သူမရဲ့လက်ကို မလွှတ်ခင်မှာ သူကခဏလောက် ကြည့်နေလိုက်သည်။

ထိုအခါသူမက လုံရန်ရဲ့ မျက်ခွံကို ပင့်ဖို့ အလျင်မလို ခဲ့ဘူး။ ခုချိန်မှာ လုံယျန်ဟာလဲ သူမရဲ့ နောက်ထပ် လူနာတစ်ယောက်ပင်။

ကျောက်ချန်နဲ့ သမားတော်ကြီးလင်းဟာ သူမရဲ့ အပြုမူကြောင့် အံ့အားသင့်နေသည်။ သခင်မလေးလုက အရှင်မင်းကြီးရဲ့ မျက်ခွံကို အလျင်စလို ပင့်လိုက်ရဲတာ။ သူမက အတင့်ရဲလိုက်တာ။

သူတို့ဟာ လုလျန့်ဝေရဲ့နောက်ထပ်စကားကြောင့် အကြီးအကျယ်တုန်လှုပ်သွားသည်။

ကျောက်ချန်က သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

“ ရှင်က သမားတော်လား…. ကျွန်မက သမားတော်လား…. ဒါမှ မဟုတ် ရှင်က အရှင်မင်းကြီး နေကောင်းလာတာကို မလိုချင်လို့လား….”

သူမက ကြားဖြတ်ပြောလိုက်ပီး လုံယျန်ဘက်ကို လှည့်လိုက်သည်။

လုံယျန်ဟာ သူမရဲ့ အကြည့်ကြောင် မသက်မသာ ခံစားလိုက်ရသည်။

ထို့နောက် သူရဲ့ မျက်ခုံးကိုကြုံကာ ပြောလိုက်တယ်။

“ မင်းက အဲ့လိုလုပ်ဖို့ လိုတယ်ဆိုရင် ဘာလို့ ငါ့ရဲ့ သွေးကို ယူသေးတာလဲ……”

ဆက်ရန်.....

အပိုင်း(၇၆) : သူ့ကိုအရုပ်တစ်ရုပ်လိုပြုမူဖို့ လုလျန်ဝေကိုခွင့်ပြုလိုက်တာလား။

February 23, 2024 by Duan Fei Lin (段飞林)

လုလျန့်ဝေက ရှင်းပြလိုက်သည်။

“ကျွန်မက အဆိပ်ဖြေတာနဲ့ ပက်သက်ပီး ဗဟုသုတ အချို့ရှိပေမဲ့ ကျွန်မကဘုရား မဟုတ်ဘူး…. ကျွန်မ ဘာမှ မလုပ်ဘဲ ဘာမှ မသိနိုင်ဘူး….”

“ ဒီအဆိပ်က အရှင်မင်းကြီးရဲ့ ကိုယ်ထဲမှာ ရှိနေတာ အရမ်းကြာနေပြီ…. အဲ့တာကြောင့် အရှင်မင်းကြီး ဘာအဆိပ်မိထားလဲဆိုတာကို ကျွန်မရှာဖွေရမှာပါ… အရှင်မင်းကြီးရဲ့ လက်ရှိ ခန္ဓာကိုယ် အခြေနေကို စစ်ဆေးပြီးမှ သင့်တော်တဲ့ ဆေးကို ပေးလို့ရမှာပါ….”

သူမရှင်းပြတာက နည်းလမ်းကျတာမို့ သူကျောက်ချန်ကို တချက်ကြည့်လိုက်သည်။

ထိုအခါ ကျောက်ချန်က သူဆိုလိုတာကို နားလည်တာမို့ သမားတော်ကြီးလင်းကို ဦးဆောင်ကာ ထွက်သွားတော့သည်။ ဒါကို မြင်တဲ့အခါ လုလျန်းဝေက အနည်းငယ် သဘောကျ သွားသည်။

သူမဟာ သူ့ကို လျှာလေးထုတ်ပြဖို့ဘဲ ပြောခဲ့တာပါ။ဒါကို အရမ်းကြီးသတိထားနေဖို့ လိုလို့လား။ ထိုနောက် လုလျန့်ဝေက သွေးအပြည့်နဲ့ခွက်ကို ကိုင်ကာ ပြောလိုက်သည်။

“ ကျွန်မ ဒီသွေးတွေကို ယူပြီး စစ်ဆေးမှု တချို့ လုပ်လိုက်ပါမယ် အရှင်မင်းကြီး…. အဖြေရတာနဲ့ အရှင်မင်းကြီးကို တင်ပြပါ့မယ်….”

လုံယျန် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ဒါကိုကြည့်ရင် သူမထွက်သွားတော့မယ်ဆိုတာ သိတာမို့ သူက မတားဘဲ ခေါင်းငြိမ့်ပြလိုက်သည်။

“ အင်း…..”

“ ဒါဆိုကျွန်မကို ပြန်ခွင့်ပြုပါ….”

သူမဟာ ကျူယွီကိုခေါ်ကာ အိမ်ကို ပြန်သွားသည်။ သူမပြန်သွားတဲ့အခါ ကျောက်ချန်တို့ နှစ်ယောက်က ဧည့်ခန်းထဲကို ပြန်ဝင်လာသည်။

လုံယျန်ရဲ့ အမူရာဟာ အရင်တိုင်းဘဲ ဖြစ်နေသည်။ကျောက်ချန်ဟာ အနည်းငယ်သိချင်နေသည်။အရှင်မင်းကြီးက သူမကိုကစားစရာလို လုပ်ဖို့ ခွင့်ပြုခဲ့သလားဆိုတာကိုပင်။

အခြားတစ်ဖက်မှာတော့ သမားတော်ကြီးက လုလျန့်ဝေကို အများကြီး အထင်ကြီးနေသည်။ တကယ်တော့ ရောဂါရှာဖွေတဲ့နေရာမှာ နည်းလမ်း လေးမျိုးက အရေးကြီးသည်။

ဒါပေမဲ့ ထိုနည်းလမ်းက ဘုရင်မင်းမြတ် လူနာဖြစ်လာတဲ့အခါမှာတော့ အသုံးမဝင်ဘူး။

ဘုရင်မင်းမြတ်ရဲ့ မျက်နှာကို ကြည့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လျှာထုတ်ပြခိုင်းဖို့ဆိုတာကတော့ ပြောဖို့မလိုဘူး။ သူဟာ ဘုရင်မင်းမြတ်နားမှာ နှစ်ပေါင်းများစွာ ဆေးကု နေတာမို့ ဒါဟာဘယ်လောက်ခက်ခဲတယ်ဆိုတာ သူသိသည်။ ရှုပ်ထွေးတဲ့ ရောဂါတွေဆိုရင် ဘုရင်မင်းမြတ်ကို သာမန်လူလို လုပ်မရတာကြောင့် ကုသတဲ့နေရာမှာ ပိုပြီးအခက်ခဲရှိသည်။

ယခုခါမှာတော့ သူမဟ လုံယျန်ရဲ့ သွေးကိုယူပြီး စစ်ဆေးမှုတချို့ကို ပြုလုပ်ခဲ့သည်။ သူမဟာ အဆိပ်ကို ကုသခြင်းနဲ့ ဖော်စပ်ခြင်းမှ အထူး ကျွမ်းကျင်တာမို့ အလျင်မြန်ဘဲ အဆိပ်မိထားတဲ့ လုံယျန်ရဲ့ သွေးကို ဘာအဆိပ်မိလဲဆိုတာ တွေ့ရှိခဲ့သည်။ ဒီအဆိပ်က လူတစ်ယောက်ကို ချက်ချင်းသေစေတာမျိုး မဟုတ်ဘဲ နာတာရှည် ဖြစ်စေပြီး နောက်ဆုံးမှာ ကြီးကြီးမားမား အန္တရာယ် ပေးနိုင်သည်။

ဒါ့အပြင် ဒီအဆိပ်က အတွင်းအင်္ဂါတွေကို တဖြေးဖြေး ပျက်ဆီးစေရုံသာမက လိင်စိတ်ဆန္ဒကို လျော့ပါးစေပီး မိန်းမတွေကို မနှစ်သက်တော့တာထိ ဖြစ်စေသည်။လုံယျန်ရဲ့ မောင်းမဆောင်မှာ ကိုယ်လုပ်တော်တွေ နည်းပါးပြီး အသက်သုံးဆယ်ထိတိုင် ကလေးမရသေး တာဟာ ဘာကြောင့်ဆိုတာက ရှင်းသွားပြီ။

သူမရဲ့ အမူရာဟာ ရုတ်တရက် ပြောင်းလဲသွားပြီး အံ့ဩတကြီးနဲ့ သူမရဲ့ မျက်လုံးများ ကျယ်လာသည်။သူမဟာ မယုံနိုင်စရာ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့သည်။

ဆက်ရန်

အပိုင်း(၇၇): သူမ လုံယျန်ကိုမသေစေခြင်ဘူး

February 23, 2024 by Duan Fei Lin (段飞林)

နှင်းကိုက်ပိုးအဆိပ်ကို မိတဲ့ သူဟာ ဘယ်လောက်ဘဲ စွမ်းအားကြီးနေပါစေ လေလျော့သွားတဲ့ဘောလုံး လိုမျိုး စွမ်းအင်တွေကို မထုတ်နိုင်တော့ဘူး။ အဲ့ဒါကြောင့် အရှင်မင်းကြီးဟာ မောင်းမဆောင်မှာ ဘယ်ကိုယ်လုပ်တော်နဲ့မှ မအိပ်နိုင်ခဲ့ဘူး။

လုံယျန်ဟာ နှင်းကိုက်ပိုးအဆိပ်ကိုမိထားတဲ့သူနဲ့ မတူသော်လည်း သူ့သွေးထဲမှာတော့ ထိုအဆိပ်က ရှိနေသည်။ နောက်ပြီး သူမက သူ့ကိုစစ်ဆေးကြည့်တဲ့အခါ သူ့မှာ အချိန်သိပ်မကျန်တော့ဘူး။

သူ့ရဲ့ ခန္ဓာကိုယ်ဟာပြင်းပြင်းထန်ထန် ယိုယွင်းနေပီး အဆိပ်ဟာ သူ့နှလုံးနဲ့ အရမ်းနီးနေပြီ။ မကြာခင်မှာဘဲ သူ့ရဲ့ နှလုံးတစ်ခုလုံးကို တိုက်စား သွားတော့မှာပင်။အဲ့အချိန်ရောက်လာတာနဲ့ တန်ခိုးကြီး နတ်ဘုရားတောင်မှ သူ့ကို ကယ်နိုင်မှာ မဟုတ်တော့ဘူး။

လုံယျန်ဟာ သူ့ရဲ့အခြေနေကို သူသိနေသည်။ မဟုတ်ရင် သူမကို စစ်ဆေးခွင့်ပေးမှာ မဟုတ်ဘူး။

ဒါက လုထင်ချန်း အတွက်ဆိုရင်တောင် သူက လုံယျန်ရဲ့ ရောဂါကို ကုပေးချင်တယ်။ နောက်ပြီး လုံယျန်ကသာ ပလ္လင်ပေါ်မှာ ရှိနေရင် လုံချီရဲ့ နန်းတက်ချင်တဲ့အိမ်မက်ဟာ ဖြစ်လာသေးမှာ မဟုတ်ဘူး။ ဒါတွေကြောင့် သူမက လုံယျန်ကို မသေစေချင်သေးဘူး။ ဒါတွေကိုတွေးပြီးတဲ့နောက်မှာ သူမဟာ စုတ်တံတစ်ချောင်းယူလိုက်ပြီး ဆေးအမျိုးအမည် တွေကို ချရေးလိုက်သည်။

ထို့နောက်မှာ သူမက ဆေးကုသဆောင်က ထွက်လာပီး ကျူယွီကို ခေါ်လိုက်သည်။

“ တွဲလက်ဆေးကုခန်းကိုသွားပြီး ဒီဆေးညွှန်းတိုင်း ဝယ်လာခဲ့….”

“ ဟုတ်ကဲ့ပါ သခင်မလေး….”

သခင်မကျန်းဟာ လုလျန့်ဝေက လုဟန်ထျန်းနဲ့သူမ ကြာမှာ ဝင်ရောက်ဖြန်ဖြေပေးတာကလုံချီနဲ့ အတူတူ ရှိနိုင်ဖို့အတွက် ဖြစ်တယ်ဆိုတာ သေချာသည်။ ထိုအချိန်မှာ မိန်းမကြီး နှစ်ယောက်ကသူမရဲ့ခြံဝင်းထဲကို ဝင်လာခဲ့သည်။

သူမဟာ အရမ်းအံ့ဩသွားပြီး လုဟန်ထျန်းရဲ့ သတိပေးစကားကို ချက်ချင်းမှတ်မိလိုက်သည်။ သူမရဲ့ မယုံကြည်နိုင်တဲ့ ခံစားချက်က ပျောက်ကွယ်သွားသည်။

တကယ်ဘဲ လုဟန်ထျန်းက သူမကိုအဝေးပို့ချင် နေတာလား။ သူမက မွေးနေ့ပွဲမှာ လုလျန့်ဝေကို အသုံးချလိုက်လို့ လား။ လုလျန့်ဝေက အဆင်ပြေနေတာဘဲ မဟုတ်လား။ သူကဘာလို့ ခွင့်မလွှတ်နိုင်တာလဲ။ နောက်ပြီး လုလျန့်ဝေက ဖြန်ဖြေပေးမယ်လို့ ပြောခဲ့တာ မဟုတ်လား။ သူမ မလုပ်ခဲ့ဘူးလား။

သူမက မလှုပ်မယှက်ရပ်နေတာကို မြင်တော့ မိန်းမကြီးနှစ်ယောက်ဟာ စိတ်မရှည်တော့ဘဲ ပြောလိုက်တယ်။

“ သခင်မ ကိုယ့်ဘာသာလမ်းလျှောက်မှာလား… ဒါမှမဟုတ် ကျွန်မတို့ရဲ့ အကူအညီလိုလား….”

သူမ အသိပြန်ဝင်လာပီး လက်ညှိုးထိုးက အော်ဟစ်လိုက်သည်။

“ မင်းတို့က ပုန်ကန်ချင်တာလား…. ငါ့ကိုများ ဖိအားပေးရဲတယ်ပေါ့….”

မိန်းမကြီး နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကာ ရှေ့သို့တိုးလာသည်။

ထို့နောက် တစ်ယောက်က ပါးစပ်ကို ပိတ်ကာ နောက်တစ်ယောက်က သူမရဲ့ လက်မောင်းကနေ ပင့်မလိုက်ပီး ဘာမှ မပြောဘဲ အပြင်ကို မ ပြီးထွက်သွားသည်။ သူမတို့နှစ်ယောက်ဟာ လုဟန်ထျန်းရဲ့ အမိန့်ကို တိုက်ရိုက်ရရှိခဲ့ပြီး သူတို့ရဲ့ ကြံခိုင်တဲ့ ခန္ဓာကိုယ်ကြောင့် သခင်မကျန်းဟာ ဘယ်လောက်ဘဲ ရုန်းကန်နေပါစေ မလွတ်မြောက်နိုင်ခဲ့ဘူး။ သူမဟာ ထိတ်လန့်နေပြီးတော့ လုဟန်ထျန်းရဲ့ အေးစက်တဲ့လုပ်ရပ်ကို မယုံကြည်နိုင်ဘဲ ဖြစ်နေသည်။

လုဟန်ထျန်းက သူမကိုမချစ်ပေမဲ့ သူမရဲ့ နှစ်ပေါင်းများစွာ ကြိုးစားမှုကိုတော့ အသိမှတ် ပြုလိမ့်မယ်လို့ ထင်ထားခဲ့တယ်။ ရွှမ်းအာရဲ့မျက်နှာကို ထောက်ထားပီး သူမကိုတော့ အခုလို မလုပ်သင့်ဘူး။

သူမဟာ ဘုရားကျောင်းကိုသာ ပို့ခံလိုက်ရရင် ပြန်လာနိုင်ဖို့ ခက်ခဲသွားမှာပင်။ ဘုရားကျောင်းမှာဆိုရင် မလောက်ငှတဲ့ အစာရေစာနဲ့ တချိန်လုံး ဘုရားဝတ်ပြုနေရမှာဘဲ ဖြစ်သည်။

ဒါကိုတွေးမိတာနဲ့ သူမဟာ ပြင်းပြင်းထန်ထန် ရုန်းကန် နေခဲ့သည်။

မိန်းမကြီးနှစ်ယောက်ဟာ သူမကို ကြက်ပေါက်လေး တစ်ကောင် သယ်သလိုမျိုးချီသွားတာမို့ သူမ ဘယ်လောက်ရုန်ရုန်း အသုံးမဝင်ခဲ့ဘူး။

မကြာခင်မှာဘဲ သူမအား မြင်းရထားပေါ် တင်လိုက်ပြီးဆင်ခြေဖုံးမြို့လေးကို ပို့ဆောင်လိုက်သည်။

လုလျန့်ဝေက ဒီသတင်းကိုကြားတော့ အလွန် အံ့ဩသွားသည်။သူမအဖေဟာ ဒီလောက်မြန်မြန် လှုပ်ရှားမယ်လို့ သူမ မထင်ခဲ့ဘူး။ သူမခံစားရတာက ဒီလောက်ပါဘဲ။ သခင်မကျန်းလို လူမျိူးက သူမရဲ့ ကရုဏာနဲ့ မတန်ဘူး။

All Chapters