အခန်း (၇၈-၈၀)
Vol. 2 Ch. 78-80
အပိုင်း(၇၈): အခွင့်အလမ်းတစ်ခုအတွက်အာရုံစိုက်ကာကြိုးစားခြင်း။
February 23, 2024 by Duan Fei Lin (段飞林)
သူမကို အဝေးပို့လိုက်တာလဲ ကောင်းသည်။ မြို့စားမင်းအိမ်တော်ရဲ့ နောက်လာမဲ့ နေ့ရက်တွေက ပိုပြီး အေးချမ်းတော့မှာပင်။
ဒီနေ့ပျော်ရွှင်ဆုံးကတော့ ကျူယွီဖြစ်သည်။
“ တချိန်လုံးမာနကြီးနေတဲ့သူမအတွက် မှန်မှန်ကန်ကန် နေဖို့ ဖြစ်လာတာဘဲ… အခုတော့ သူမက ဘုရားကျောင်းမှာဘဲ နေရတော့မယ်….”
ကျူးယွဲ့ပြောလိုက်သည်။
နောက်ဆုံးတော့ အမှားတစ်ခုက အမှန်ဖြစ်လာပြီ။
သို့သော် ဒီကိစ္စက မြို့စားကတော်ဟောင်းကို သတိပေးသလို ဖြစ်သွားသည်။ သူမဟာ သက်ရှည်ခန်းမသို့ လုဟန်ထျန်းကိုခေါ်ရန် လူတစ်ယောက်စေလွှတ်လိုက်သည်။
“ မင်းက နှစ်တွေအကြာကြီး သူမကို အနားမှာ ထားပြီးတော့ အခုမှဘာလို့ ရုတ်တရက် အဝေးကိုပို့လိုက် တာလဲ…..”
သူမက သူ့ရဲ့သားကို မေးခွန်းထုတ်လိုက်သည်။
“ သခင်မကျန်းရဲ့ အပြုမူတွေက ဒီကိစ္စမတိုင်ခင်မှာ စည်းအတွင်းမှာဘဲ ရှိသေးတယ်… ဒါပေမဲ့ မွေးနေ့ပွဲမှာ သူမက ဝေဝေ့ကို အန္တရာယ်ပေးဖို့ ကြိုးစားခဲ့တယ်…..”
“ ဘာဖြစ်ခဲ့လို့လဲ သားတော်….”
သူက အဲ့နေ့ကဖြစ်ရပ်ကို ပြန်ပြောပြလိုက်သည်။
“ သခင်မကျန်းက ဘလိုများ ဒီနည်းလမ်းနဲ့ ဝေဝေ့ကို ဒုက္ခရောက်စေတာလဲ…. ကံတရားက ဝေဝေ့ဘက်မှာ ရှိနေလို့သာ သူမက အရှင်မင်းကြီးရဲ့ အမျက်တော်မရှတာ….”
ဖြစ်ခဲ့တဲ့ အကြောင်းကို နားထောင်ပြီးတဲ့နောက်မှာ သူမလည်းဒေါသ အလွန်ထွက်ခဲ့သည်။
သူမက သခင်မကျန်းကို အရင်ထဲက သဘောမကျတာပငခ။ သခင်မလင်းရဲ့မျက်နှာကြောင့်နဲ့ လုဟန်ထျန်းကို သမီးတစ်ယောက်မွေးပေးခဲ့လိုသာ မဟုတ်ရင် သူမက ကန်ထုတ်ခဲ့တာကြာပါပြီ။
သူမက သခင်မကျန်းရဲ့ အကျင့်ဟာ မကောင်းဘူးဆိုတာသိသည်။ ဒါပေမဲ့ ဝေဝေ့ကို ယခုလိုမျိုး လူကြားထဲ ဒုက္ခရောက်စေမယ် လို့ သူမ မတွေးမိခဲ့ဘူး။ ဝေဝေက ဘာမှ မဖြစ်လို့ တော်သေးတယ်။ သူမက သခင်မကျန်းရဲ့ အပြုမူကို သည်းမခံနိုင် ခဲ့ဘူး။
ဝေဝေက ဘယ်လောက်ဘဲ စိတ်မြန်လက်မြန်ရှိပါစေ သူမဟာ သူ့ရဲ့ မြေးမလေးပါဘဲ။ နောက်ပြီး အခုဆိုရင် သူမဟာ ပြောင်းလဲလာပြီး အရင်ကထက် ပိုနှစ်သက်ဖို့ကောင်းလာသည်။
သခင်မကျန်းက ဘာလို့ ဝေဝေ့ကို ထောင်ချောက် ဆင်တာလဲ။ ဒီလိုရဲတင်းတဲ့အပြုမူကို လုပ်ရဲတာ သူ့သမက်က အိမ်ရှေ့စံ ဖြစ်နေလို့လား။
သူမဟာ ယခင်က လုဟန်ထျန်းကို ခေါ်ပီး ဘာလို့ သခင်ကျန်းကို အခုလိုပြုမူတာလဲဆိုတာ မေးမလို့ပါ။ အခုတော့ ဒီသတင်းကို ကြားတဲ့အခါမှာတော့ သူမရဲ့ စိတ်က ပြောင်းလဲသွားခဲ့သည်။
“ ဒါလဲကောင်းပါတယ်…. သူ့အမှားသူ နားလည်လာအောင် ဘုရားကျောင်းမှာနေပီး ဆင်ခြင် ခိုင်းလိုက်…. သူမနောင်တရပြီဆိုမှ ပြန်ခေါ်လဲ နောက်မကျဘူး….”
“ မယ်တော် ပြောတာမှန်ပါတယ်….”
“ ရွှမ်းအာက ဒီအကြောင်းသိသွားရင် သူမက ဘာမှ မလုပ်ဘဲ ရပ်ကြည့်နေမှာမဟုတ်ဘူး…. မင်း ဒီ့အတွက် ပြင်ထားလိုက်အုံး….”
“ ရွှမ်းအားက နားလည်တဲ့ကလေးပါ…. သူမသာ သခင်မကျန်းရဲ့ ကြောက်စရာကောင်းတဲ့ လုပ်ရပ်ကို သိရင် သားတော်ရဲ့ အပြူမူကို သူနားလည်မှာပါ….”
မြို့စားကတော်ဟောင်းက သူ့သားရဲ့ စကားကို ကြားတဲ့အခါမှ ငြင်းပယ်တာမျိုး မလုပ်ခဲ့ဘူး။ ရွှမ်းအာရော ဝေဝေရောက သူ့သမီးတွေပင်။
သူဟာ သခင်မကျန်းကို မနှစ်သက်ပေမဲ့ ရွှမ်းအာက အပြစ်ကင်းသည်။ သူမက ငယ်ငယ်ထဲက လိမ်မာပါးနပ်တဲ့ကလေးမလေးပင်။ ဒါကြောင့်သူက သူမကို ကောင်းကောင်းဆက်ဆံသည်
မြို့စားကတော်ဟောင်းတောင်မှ သူမကို မနှစ်သက်ဖို့ ခက်ခဲသည်။ထို့ပြင်လုမိသားစုမှာက မြေးတွေ အများကြီးမရှိဘူး။
နောက်ရက်အနည်းငယ်အတွင်း လုလျန့်ဝေဟာ မြို့စားကတော်ဟောင်းကို ဂါရဝသွားပြုတဲ့ အချိန်ကလွဲရင် တချိန်လုံး ဆေးကုသဆောင်ထဲမှာ ဘဲ တကုပ်ကုပ်လုပ်နေခဲ့သည်။ လုထင်ချန်ဟာ နန်းတော်တာဝန် ပြီးလို့ အိမ်ပြန်လာတဲ့အခါမှာတော့ သူဟာ ညနေဆည်းဆာ စံအိမ်ကို တိုက်ရိုက်လာခဲ့သည်။
လုလျန့်ဝေက အပြင်ထွက်လာတဲ့အခါမှာတော့ ခြံဝင်းထဲမှာ မတ်တပ်ရပ်နေတဲ့ လုထင်ချန်းကို တွေ့လိုက်သည်။ သူ့ဟာ ချပ်ဝန်တန်ဆာကို ဝတ်ဆင်ထားဆဲဖြစ်ပြီး မက်မွန်ပင်ကို မှီပြီးရပ်နေသည်။
ခုချိန်ဟာမက်မွန်ပန်းတွေပွင့်တဲ့အချိန် ဖြစ်တာမို့ သူ့ရဲ့ ယောက်ျားပီသတဲ့ရုပ်ရည်ဟာ မက်မွန်ပန်းတွေနဲ့ အပြိုင်အဆိုင်ဖြစ်နေသည်။
သူက ပြုံးပြီးတော့ သူမကိုကြည့်ကာ ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်တယ်။
“ မိုးကောင်ကင်တခုလုံးတောင်မှောင်နေပီလေ ကောင်မလေးရဲ့…. အဲ့တာက စောသေးလို့လား…”
သူမက တနေကုန်ဆေးကုသဆောင်ထဲမှာဘဲ နေခဲ့တာမို့ အချိန်ကုန်သွားတာကိုတောင် မသိလိုက်ဘူး။
ဆက်ရန်...
အခန်း(၇၉): သူအများကြီးမျှော်လင့်ထားမိတယ်။
February 24, 2024
Duan Fei Lin (段飞林)
“ အကိုတော် ညစာ စားပြီးပြီလား….”
သူမလှေကားမှဆင်းလာပြီးနောက်မှာ သူဟာဝိုင်ကရားကို ကိုင်ထားတာကို တွေ့လိုက်တယ်။
သူ ဝိုင်ခွက်ကို ကိုင်လိုက်ပီး သူမကို ပြောလိုက်သည်။
“ ညီမတော်ကိုလာရှာတာက ညစာ မစားရသေးလို့လေ…..”
“ ညီမတော်ကို ချက်ပြုတိပေးဖို့ပြောတာက အရမ်းမလွယ်လွန်းဘူးလား…..”
သူမက စိတ်ဆိုးတဲ့ပုံစံနဲ့ ပြောလိုက်သည်။
လုဟန်ထျန်းက ရယ်လိုက်သည်။
“ ညီမတော်ကို စားတော်ကဲလို လုပ်ခိုင်းတာသာ အဖေသိရင် အကို့ကို အရှင်လတ်လတ် အရေခွံ ဆုတ်လိမ့်မယ်….”
သူပြောပြီးတာနဲ့ သူ့ရဲ့ အခြားလက်တစ်ဖက်ကနေ အစားသောက်ထည့်ထားတဲ့ ဗူးတစ်ဗူးက မျက်လှည့်ပြသလိုထွက်လာသည်။
“ ညီမတော်က ချက်ပြုတ်နေဖို့ မလိုတော့ပါဘူး… အကိုတော်ပြန်လာတဲ့လမ်းမှာ မူးယစ်ရနံ့နန်းဆောင် ကိုဖြတ်လာတာမို့ အစားသောက်တစ်ချို့နဲ့ ဝိုင်တွေယူလာခဲ့တယ်…. အကိုတော်တို့ တူတူသောက် ကြရအောင်….”
သူမဟာ ထိုနန်းဆောင်အကြောင်းကြားလိုက်တာနဲ့ ရင်ခုန်သံတွေမြန်လာသည်။ သူမရဲ့အတွေးကို မသိစေဘဲနဲ့ သူ့လက်ထဲက ဝိုင်ကရားကို ကောက်ယူ ကာ ပြောလိုက်သည်။
“ အကိုတော်…. ညီမ အရင်နေ့က လမ်းထွက်လျှောက်တော့ မူးယစ်ရနံ့နန်းဆောင်ကို ရောက်ခဲ့တယ်… အဲ့ဒီမှာ ညီမဘယ်သူနဲ့ တိုက်မိတယ် ထင်လဲ….”
လုဟန်ထျန်းက သူမနောက်ကလိုက်သွားပြီးတော့ ပြန်ဖြေလိုက်သည်။
“ မူယစ်ရနံ့ နန်းဆောင်က အစားသောက်တွေက ထိပ်တန်းဖြစ်တာမို့လို့ အဲ့ဒီကို အဆင့်မြင်အရာရှိ တွေနဲ့ ဆွေကြီးမျိုးကြီးတွေက ဆင်းသက်လာတဲ့ သူတွေဘဲ လာကြတာ…. ညီမလေးနဲ့တိုက်မိတဲ့ သူက သိတဲ့သူတွေထဲကဘဲဖြစ်တာ မဆန်းပါဘူး….”
လုလျန့်ဝေက ဝိုင်ကရားကို စားပွဲပေါ်တင်ပြီး ပန်းကန်နဲ့တူရယ် ဝိုင်ခွက်တွေရယ်ကို ကျူယွီအား ယူခိုင်းလိုက်သည်။
“ အကိုတော်…. အဲ့ဒီနေ့က ညီက လုယွင်ရွှမ်းကို တွေ့ခဲ့တာ…. သူမက ယောက်ျားလို ဝတ်စားထားတာ….. နောက်ပီး ချန်ရှုပင်လဲ ပါတယ်… အကိုတော် ထူးဆန်းတယ်လို့ မခံစားမိဘူးလား….. သူမသာ အဲ့ဒီမှာပုံမှန်လာစား နေကြဆိုရင် ပုန်းလျှိုးကွယ်လျှိုး လုပ်ဖို့ လိုလို့လား… သူမက မဟုတ်တာ တစ်ခုခုလုပ်ဖို့ ဖြစ်နိုင်တယ် မလား….”
လုဟန်ထျန်းက ထိုင်ကပြီးနောက်မှာ သူမစကားကြောင့် အံ့ဩသွားသည်။
“ သေချာပါတယ် အကိုတော် …. ဒါပေမဲ့ သူကညီမကို သတိမထားမိလိုက်ဘူး….”
“ ညီမ….. ရွှမ်းအာက ငယ်ငယ်ထဲက အကြံစည်ကြီးတဲ့ သူတစ်ယောက်ဘဲ…. သူနဲ့မဆက်သွယ်တာ ကောင်းတယ်… သူ့နဲ့အဝေးဆုံး မှာနေရင်တော့ အကောင်းဆုံးဘဲ….”
သူ့မျက်လုံးထဲမှာ ဝေဝေက အရမ်းရိုးသားပြီး လုယွင်ရွှမ်းကတော့ ဒုက္ခပေးတတ်တဲ့သူမျိုးလို့ မြင်သည်။ လုယွင်ရွှမ်းဟာ သူ့ရဲ့ ညီမဖြစ်ပေမဲ့ သူမကိုမနှစ်သက်ဘူး။ သူမပါတဲ့ကိစ္စတွေမှာဆို သူဟာ ပါဝင်ဖို့ အမြဲငြင်းဆန်ခဲ့သည်။
“ ညီမတော် သိပါတယ်….. အကိုတော်ကို ပြောပြတာ က ဒီကိစ္စက နဲနဲ ထူးဆန်းနေလို့ပါ…..”
သူမ လုယွင်ရွှမ်းကိုတွေတဲ့ကိစ္စကို ပြောပြတာ ကစားသောက်ဆိုင်မှာ မကောင်းတဲ့ အရာ တစ်ခုခု ဖြစ်တော့မယ်လို့ သူ့ကို အရိပ်အမြွက် သတိပေးချင် တာပင်။ ဒါပေမဲ့ အများကြီး ပြောလိုက်ရင်လဲ သူမအပေါ် သံသယဝင်မှာကို သူမစိုးရိမ်မိသည်။
ကျူယွီပန်းကန်နဲ့ခွက်တွေကို ယူလာတဲ့အခါမှာ တော့ မောင်နှမ နှစ်ယောက်ဟာ စတင်စားသောက်ကြသည်။
“ အကိုတော်…. ဒီဝိုင်က အရမ်းပြင်လွန်းတယ်…. ညီမ ထပ်မသောက်နိုင်တော့ဘူး….”
သူမပြောပြီးတာနဲ့ သူမရဲ့ ခန္ဓာကိုယ်ဟာ ဘေးကိုထိုးကျ သွားတဲ့အခါ လုဟန်ထျန်းက အလျင်အမြန်ဘဲ ဖမ်းလိုက်သည်။
“ နှစ်ခွက်လေးဘဲသောက်ရသေးတာကို အဲ့လောက်တောင် မူးသွားတာလား….”
လုဟန်ထျန်းဟာ လက်ထဲက ကောင်မလေးကို ကြည့်ရင်း ငိုရခက်ရယ်ရခက်ဖြစ်နေသည်။
သူတို့မောင်နှမဟာ မိသားစုစားပွဲတွေမှာ တူတူထိုင်စားလေ့ရှိပေမဲ့ အခုနှစ်ယောက် သီးသန့်တော့ မစားခဲ့ဖူးဘူး။ ဒါကြောင့်မို့ သူ့ညီမလေးက ဘယ်လောက်သောက်နိုင်လဲဆိုတာ လုဟန်ထျန်းကမသိဘူး။
သူတို့နှစ်ယောက်ဟာ ငယ်ငယ်ထဲက ခပ်ခွါခွါနေကြသည်။ အခက်အခဲတချို့ရှိပေမဲ့ နောက်ဆုံးမှာတော့ သူတို့ရဲ့ဆက်ဆံရေးဟာ တိုးတက်လာခဲ့သည်။ လုဟန်ထျန်းဟာ နေ့စဉ် သူ့တာဝန်အရ နန်းတော်ကို သွားရတာမို့ သူမနဲ့ တူတူနေဖို့ အချိန်မရှိဘူး။
ဒါကြောင့် သူဟာ ယစ်မူးရနံ့ နန်းဆောင်ကို ဖြတ်လာတဲ့ အခါမှာတော့ သူတို့နှစ်ယောက်ဟာ ထမင်းလက်ဆုံမစားတာ ကြာနေတာကို သတိရပြီး အစားအသောက်တချို့ကို ယူလာခဲ့တာပင်။ သူဟာ အတော်လေးသောက်နိုင်တာမို့ သူ့ညီမကိုလဲ သောက်နိုင်မယ်လို့ ထင်ခဲ့တာ ဖြစ်သည်။ နောက်ဆုံးမှာတော့ သူဟာ အများမျှော်လင့်မိ ထားခဲ့တယ်။
ဆက်ရန်...
အပိုင်း(၈၀): အကောင်းဆုံးမဖြစ်နိုင်ရင်တောင် လွယ်လွယ်နဲ့တော့အရှုံးမပေးဘူး။
February 24, 2024 by Duan Fei Lin (段飞林)
သူက ခေါင်းခါလိုက်သည်။ ထို့နောက် သူမရဲ့ အိပ်ယာကိုပို့ပေးပြီးတဲ့အခါ မပြန်ခင်မှာဘဲ ကျူယွီအား သူမကို ဂရုစိုက်ဖို့ ညွှန်ကြားခဲ့သည်။
လုလျန့်ဝေဟာ နောက်နေ့မနက် နိုးလာတဲ့အခါမှည ခေါင်းအနည်ငယ်ကိုက်နေခဲ့သည်။ ထိုအချိန်မှာကျူယွီက အမူးပြေဟင်းရည် တစ်ပန်းကန်ကို ကိုင်ပြီး ဝင်လာသည်။
“ သခင်မလေး…… သခင်လေးက ဒီအမူးပြေ ဟင်းရည်ကို လုပ်ပေးဖို့ မနေ့ညက အထူးမှာကြား ခဲ့ပါတယ်….”
လုလျန့်ဝေကူရာကယ်ရာမဲ့စွာ ခံစားရပြီး သူမရဲ့ နဖူးကို လက်ချောင်းတွေနဲ့ဖိလိုက်သည်။
ဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်က အရမ်းအားနည်းသည်။ သူမဟာမနေ့ညက နှစ်ခွက်ဘဲ သောက်တာကို အမူးလွန်သွားပြီး ခေါင်းပါကိုက်နေသည်။ သူမ အမူးပြေဟင်းရည်ကို ယူလိုက်ကာ ဘာမှ မပြောဘဲ သောက်ချလိုက်သည်။
“ သခင်မလေး….. မနေ့ညနေက အရှေ့နန်းဆောင် ကနေ ဖိတ်ခေါ်စာ ရောက်လာပါတယ်…. သခင်မလေး ဆေးကုသာဆောင်မှာ အလုပ်ရှုပ်နေလို့ ကျွန်မ မနှောင့်ယှက်ရဲလို့ မပြောခဲ့မိပါဘူး…. နောက်တော့ သခင်လေး ရောက်လာတာနဲ့ ကျွန်မလဲ မေ့သွားပါတယ်….”
လုလျန့်ဝေက သူမလက်ထဲက စာကို ယူပြီးဖတ်လိုက်ကာ စားပွဲပေါ်တင်လိုက်သည်။
ဒါဟာ လုယွင်ရွှမ်းက အရှေ့နန်းဆောင်ကို ဒီနေ့ လာလည်ဖို့ဖိတ်တဲ့စာဖြစ်သည်။
“ သခင်မလေး သွားမှာလား….”
“ သွားကြမယ်…. ဒါက အိမ်ရှေ့စံမင်းသမီး ကိုယ်တိုင် ဖိတ်ထားတာဆိုတော့ မသွားရင် အပြစ်ပေးခံရလိမ့်မယ်….”
ကျူယွီဟာသူမရဲ့ စကားကို ကြားတော့ အနည်းငယ် ဝမ်းနည်းသွားပြီးပြောလိုက်သည်။
“ သခင်မလေး….. ဒီပွဲကို မတက်ချင်ဘူးဆိုရင် ကိုယ်ကိုယ်ကို အတင်းလုပ်မယူပါနဲ့….. ကျွန်မတို့ ဖျားနေတယ်လို့ အကြောင်းပြလို့ ရပါတယ်….”
“ လုယွင်ရွှမ်းက ငါ့ကိုဖိတ်ခေါ်ဖို့ နှစ်လိုဖွယ်ပန်းပွဲတော်ကို ရုတ်တရက် ကျင်းပလိုက်တာ…. ဒီတခါ နေမကောင်းဘူးလို့ အကြောင်းပြလိုက်လဲ နောက်တခါ ထပ်ပီး ဖတ်ခေါ်ဖို့ ကြိုးစားနေအုံးမှာဘဲ…..”
သူမမျှော်လင့်ထားသလိုပါဘဲ အစေခံ တစ်ယောက်က ရောက်လာပြီး အိမ်ရှေ့မင်းသမီးက သူမကိုလာကြိုဖို့ လွှတ်လိုက်ကြောင်းနှင့် မြင်းရထားက အိမ်တော်တံခါးဝမှာ ရောက်နေပီ ဖြစ်ကြောင်း သတင်းပို့လာသည်။
ဖြစ်နေပြီ…. မင်းသူမကို အရင်ကလို ဆက်ဆံလို့ မရတော့ဘူး… မင်းသူမကို ငါ့ရှေ့မှာ ဝေဖန်တာက ပြသနာမရှိပေမဲ့…. အဲ့ဟာက မင်းပါစပ်ဖျားမှာ အကျင့်ပါသွားပြီး သူမရှေ့မှာသာ ပြောထွက်မိရင် သူမအတွက်မင်းကို အပြစ်ရှာဖို့လွယ်သွားလိမ့် မယ်……..နောက်ပြီး…..”
ကျူယွီက ဒီစကားတွေကို ဂရုမစိုက်ပေနဲ့ သူမက နာခံကာခေါင်းငြိမ့်လိုက်သည်။
“ ကျွန်မနားလည်ပါတယ်သခင်မလေး…. ကျွန်မက သခင်မလေး ရှေ့မှာဘဲ ပြောရဲတာပါ…. ကျွန်မ အဲ့လောက်မမိုက်မဲပါဘူး…”
“ သခင်မလေး….. ကျွန်မထင်တာက ပထမ သခင်မလေးကအရှေ့နန်းတော်ကို ရုတ်တရက် ဖိတ်လိုက်တာက သူမရဲ့ အာဏာကို ပြချင်လို့ ဖြစ်ရမယ်…… သခင်မလေး လှလှပပ ဝတ်စားပြီး အချိန်ယူလိုက်သင့်တယ်… ဒါဆိုရင် ကျွန်မတို့ အကောင်းဆုံး မဖြစ်ရင်တောင် လွယ်လွယ်တော့ မရှုံးတော့ဘူးမဟုတ်လား…..”
“ မင်းပြောတာက နဲနဲတော့မှန်ပါတယ်…. ဒါပေမဲ့ ငါက တအားတွေပြင်ဆင်သွားရင် တခြားသူတွေက အိမ်ရှေ့မင်းသားအပေါ်မှာ ငါက စိတ်မကုန်သေးလို့ ဆိုပီး ထင်နေကြလိမ့်မယ်…”
လုလျန့်ဝေက ပြောလိုက်ပြီး သူမရဲ့ အကြံကို တခါထဲ ငြင်းလိုက်သည်။
သူမက မျက်ခုံးကျုံ့ကာ ရည်ရွယ်ချက်ရှိရှိကြည့်ပြီး ကျူယွီကို မေးလိုက်သည်။
ကျူယွီဟာ သူမသခင်မလေးရဲ့ လှပတဲ့မျက်နှာမှာ မကျေနပ်တဲ့အမူရာကိုတွေ့လိုက်တော့ တံတွေးမြိုချ လိုက်သည်။
“ ကျွန်မဘာကိုမှ မစိုးရိမ်တော့ပါဘူး…. သခင်မလေးက အိမ်ရှေ့စံအပေါ် ဘာစိတ်မှ မရှိတော့တာ အရင်ထဲကပါ….”
ထို့နောက် သူမဟာ ကျူယွီကို လျစ်လျှူရှုပြီး အခန်းပြင်ကို ထွက်လိုက်သည်။ အိမ်တော်တံခါးဝမှာ ဟောင်ရှု့က မြင်းရထားဘေး မှာ ရပ်နေသည်။ သူမ ရှေ့ကိုချက်ချင်း လျှောက်လာပြီ ကြိုဆိုလိုက်သည်။
“ ဒုတိသခင်မလေး ထွက်လာပြီလား….. အိမ်ရှေ့စံ မင်းသမီးက ကျွန်မကို အရှေ့နန်းတော်ဆီ ဒုတိယသခင်မလေးကို ခေါ်လာဖို့ အထူး ညွှန်ကြားလိုက်တာပါ….”