← Chapters

အခန်း (၈၁-၈၃)

Vol. 2 Ch. 81-83

အခန်း (၈၁-၈၃)

Vol. 2 Ch. 81-83

အပိုင်း(၈၁) : ၀မ်းနည်းဖွယ်ရာများကိုလိုလိုလားလားနဲ့လက်ခံခြင်း

February 24, 2024

လုလျန့်ဝေဟာ ဟောင်ရှု့ရဲ့ ကြင်နာတတ်တဲ့ အပြုမူကို မျက်ခုံးပင့်ပြီး ကျူယွီကို ကြည့်လိုက်သည်။

ကျူယွီရဲ့နှုတ်ခမ်း မဲ့သွားသည်။ သူမဟာ ဟောင်ရှု့လုပ်သလိုမျိုး ဟန်မဆောင်တတ်ဘူး။ ဟောင်ရှု့က ဒုတိယသခင်မလေးကို ဘယ်တုန်းကမှ မနှစ်သက်ဘူး။ ဒါပေမဲ့ သူမရဲ့မျက်နှာပေါ်က အပြုံးကိုကြည့်လိုက်ရင်တော့ လုလျန့်ဝေဟာ သူမရဲ့ သခင်မလေးလို့ ထင်လိမ့်မယ်။

သူမဟာလဲ သူ့ရဲ့သခင်မ လုယွင်ရွှမ်းလိုဘဲ ဟန်ဆောင်ကောင်းသည်။

“ အစ်မဟောင်ရှု့….. အစ်မကို ဒုက္ခများ စေခဲ့ပြီ…. ကျွန်မဘဲ လုပ်လိုက်ပါ့မယ်….”

ကျူယွီဟာ သူ့သခင်မလေးရဲ့ စကားတွေကို မှတ်မိတာမို့ အလိုက်သင့်ပြောလိုက်သည်။ ဟောင်ရှု့က ဟန်ဆောင်တယ်ဆိုရင် သူမကလဲ သူ့ထက်တော့ နောက်မကျဘူး။

သူမက အပြစ်ကင်းစင်တဲ့ အပြုံးနဲ့ ဟောင်ရှု့ အနားကပ် လာတာကို အနည်ငယ်တွန်းလိုက်သည်။ ထို့နောက် လုလျန့်ဝေရဲ့ လက်မောင်းကိုဖက်ပြီးပြောလိုက်သည်။

“ သခင်မလေး…. ရထားပေါ်တက်ဖို့ ကျွန်မ ကူညီပါရစေ……”

“ ကောင်းပြီ…..”

ဟောင်ရှု့က နောက်မှာရပ်နေပီး ကျူယွီကို ကြည့်နေခဲ့သည်။

ကျူယွီက အခြေနေတွေကို ပေါ့ပေါ့တန်တန် ဖြေရှင်းတတ်တဲ့ သူပင်။အဘယ်ကြောင့်ဆိုသော် သူမသခင်မလေးဟာ မဟာမြို့စားမင်းရဲ့ အလိုလိုက်ခံရလို့ပင်။ သူမဟာ စကားတွေကို ကရားရေလွှတ် ဂရုမထားဘဲ ပြောတတ်တာမို့ သူ့သခင်မလေးရဲ့ ငြိုငြင်မှုကို ရမယ်လို့မထင်ထား ခဲ့ဘူး။ အဲ့လိုလုပ်တဲ့ အပြုအမူက တခြားသူတွေရဲ့ အမြင်မှာ ဒုတိယသခင်မလေးရဲ့ နိုင်ထက်စီးနင်းလှုပ်မှု ကြောင့် သူမရဲ့ အစေခံကတောင် ပထမသခင်မလေးကို မလေးစား တော့ဘူးလို့ ထင်မြင်စေသည်။

သူမက ကျူယွီရဲ့ တုံးတုံးအအ ပုံလေးကို ပိုသဘော ကျတာပင်။ ဒါပေမဲ့ သူမရဲ့ လုပ်ရပ်ဟာ တခြား သူတွေရဲ့ အမြင်မှာ ဒုတိယသခင်မလေးဟာ ရွံရှာဖွယ်ကောင်းပြီး ပထမသခင်မလေးက သနားဖို့ကောင်းတယ်လို့ ထင်စေသည်။

ဒီနေ့တော့ကျူယွီဟာ အရင်ကနဲ့မတူတဲ့ ပုံစံ ဖြစ်သွားသည်။ဒါကသူမဟာ ပထမသခင်လေးရဲ့ လက်ရှိအိမ်ရှေ့စံ မင်းသမီးဆိုတဲ့ ပုံရိပ်ကို သတိထားလာတာ ဖြစ်နိုင်သည်။ ဟောင်ရှုံက ထိုအတွေးနဲ့တင် ကျေနပ်နေသည်။

ဒုတိယခင်မလေးက မဟာမြို့စားမင်းရဲ့ အချစ်ဆုံး သမီး ဖြစ်တော့ရော ဘာဖြစ်လဲ။ သူမရဲ့ သခင်မလေး ဟာ အနာဂတ်တိုင်းပြည်ရဲ့ မိခင်ဖြစ်လာမဲ့ သူပင်။

ရထားတွဲက အရှေ့နန်းတော်ကို တိုက်ရိုက် ဦးတည်ပြီး ထွက်သွားသည်။ ဂိတ်ဝရောက်တဲ့ အခါမှသာ ရထားဟာ ရပ်လိုက်ရသည်။ လုလျန့်ဝေဟာ ရထားပေါ်ကဆင်းလာပြီး လင်းချင်ယွမ်ရှေ့ကို ခုန်ချလိုက်သည်။

သူမက နောက်ကိုပြန်ဆုတ်လိုက်ပြီး အဓိပ္ပါယ်ပါတဲ့ အကြည့်တစ်ခုဟာ သူမ မျက်လုံးမှာပေါ်လာသည်။ လုလျန့်ဝေက သူမကိုတချက်ကြည့်လိုက်ပြီးနောက် အရှေ့နန်းတော်ထဲကို ချက်ချင်းဝင်သွားသည်။

လင်းချင်ယွမ်အံ့ကြိတ်ကိုကာ သူမနောက်ကျော်ကြည့်လိုက်သည်။ ထို့နောက် သူမကို အမှီလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

ဒါပေမဲ့ လုလျန့်ဝေဟာ အနည်ငယ်မြန်နေတာကြောင့် အမှီလိုက်ဖို့ခက်ခဲနေတာကြောင့် သူမက လှမ်းခေါ်လိုက်သည်။

လုလျန့်ဝေက သူမရဲ့ခြေလှမ်းတွေကို ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။ လင်းချင်ယွမ်ဟာ သူမရဲ့ခြေလှမ်းကိုနှေးပြီး မျက်လွှာချထားသည်။ သူမ ဘာတွေးနေလဲ ဆိုတာကို ပြောပြဖြို မဖြစ်နိုင်ဘူး။ အနားရောက်လာတဲ့အခါမှာတော့ သူမကအမြန်ပြော လိုက်သည်။

“ လုလျန့်ဝေ…. အရှင်မင်းကြီးရဲ့ မွေးနေ့ပွဲတုန်းက နင်ငါ့ကို ပြောခဲ့တဲ့စကားက ဘာကို ဆိုလိုတာလဲ….”

“ အဲ့နေ့က ငါပြောခဲ့တာတွေက အများကြီးဘဲ…. နင်က ဘယ်ဟာကိုမေးတာလဲ…..”

လင်းချင်ယွမ်က လက်ကိုင်ပုဝါကို ဆုပ်ကိုင်ထားပြီး ပြောလိုက်သည်။

လုလျန့်ဝေက ခေါင်းယမ်းလိုက်တယ်။

“ ငါတကယ်မသိတော့ဘူး….. ဘယ်သူကများ ကိုယ်ပြောခဲ့တဲ့ စကားတိုင်းကို မှတ်မိနေမှာလဲ….”

လင်းချင်ယွမ်ဟာ သူမကို စိုက်ကြည့်နေမိသည်။

လုလျန့်ဝေက သူမကိုလျစ်လျူရှုကာ ထွက်သွားဖို့ ပြင်လိုက်တဲ့အခါ လင်းချင်ယွမ်က သူမရဲ့ လက်မောင်းကို ဖမ်းဆွဲလိုက်သည်။

“ နင်ငါ့ကို မရှင်းပြရင် ထွက်သွားဖို့ မစဉ်းစားနဲ့….”

“ တကယ်က နင့်မှာအဖြေရှိပြီးသားဘဲ…. အဲ့အဖြေ ကို နင်မယုံနိုင်တာဘဲရှိတာ….. သိပြီးသားကိစ္စကို ငါ့ကိုဘာလို့လာမေးနေတာလဲ….”

လင်းချင်ယွမ်ရဲ့ မျက်နှာက ဖြူဖျော့သွားသည်။

လုလျန့်ဝေက သူမကို ကရုဏာသက်စွာ ကြည့်လိုက်သည်။

စာအုပ်ထဲမှာ လင်းချင်ယွမ်ဟာ ဇာတ်ရံ အဆင့်လောက်ဘဲ ရှိသည်။ သူမဟာ ချန်ရှု့ပင် အပေါ်မှာ နက်ရှိုင်းတဲ့ ခံစားချက်ရှိပေမဲ့ သူကတော့ အဓိကအမျိုးသမီး ဇာတ်ကောင် လုယွင်ရွှမ်း အပေါ်မှာဘဲ ရှိနေသည်။

လုယွင်ရွှမ်းဟာ သူ့ရဲ့ အချစ်ကို အသိမှတ်မပြုပေမဲ့ သူဟာ သူ့ရဲ့ကံမကောင်းမှုကို လက်ခံပြီး သူ့မှာ ရှိတဲ့အရာ အားလုံးကို ပေးချင်တာပင်။

ဆက်ရန်....

အပိုင်း(၈၂) :ဘယ်လိုတောင်အရှက်မဲ့ရတာလဲ။

February 24, 2024

ချင်ယွမ်ရဲ့ မျက်နှာဟာ ဖြူဖျော့နေတဲ့ အရိပ်ယောင်ရှိနေပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ ပြန်ပြောသည်။

“ ဒါမဖြစ်နိုင်ဘူး……”

လုလျန့်ဝေဟာ သူမကိုကရုဏာသက် ပေမဲ့ သူမဟာ ကြင်နာတတ်တဲ့ ဇာတ်ကောင်မဟုတ်ဘူး။ သူမဟာ လုလျန့်ဝေကို မွေးနေ့ ပွဲမှာ မကောင်းကြံစည်ခဲ့သည်။

“ နင်မယုံရင် ယစ်မူးရနံ့ နန်းဆောင်ကို သွားကြည့်လိုက်…. အဲ့တာဆို နင်ပိုနားလည်သွား မယ်….”

လုလျန့်ဝေက ထိုစကားကို ပြောပြီးတာနဲ့ ချက်ချငါး ထွက်သွားသည်။ဒါဟာ နှစ်လိုဖွယ်ပန်းပွဲတော် ဖြစ်တာမို့ စားသောက်ပွဲဟာ ဥယျာဉ်ထဲမှာ ကျင်းပမှာပဲ ဖြစ်သည်။ ဒီဥယျာဉ်ဟာ တော်ဝင်ဥယျာဉ်နဲ့ ယှဉ်လို့မရပေမဲ့ ပန်းအမျိုးစားတွေကတော့ စုံစုံလင်လင် ရှိသည်။

အခုချိန်ဟာ နွေဦးကာလဖြစ်တာမို့ ဥယျာဉ်ထဲက ပန်းတွေဟာ အပြိုင်အဆိုင်ဖူးပွင့်နေကြသည်။

ထိုပန်းတွေကိုသာ တခါထဲ ခူးယူရမယ်ဆိုရင် အရမ်းလှမှာဘဲ ဖြစ်သည်။ သူမဟာ ဟောင်ရှု့နောက်ကို လိုက်လာပြီး ဥယျာဉ်ထဲ ရောက်တဲ့အခါမှာတော့ အထက်တန်းလွှာ အမျိုးသမီး များစွာကို တွေ့လိုက်ရသည်။

သူတို့တွေဟာ တစ်နေရာတည်းမှာ စုစည်းနေကြပြီး ပန်းတွေရဲ့အလှနဲ့ မျိုးစိတ် အကြောင်း ဆွေးနွေး နေကြသည်။

လုယွင်ရွှမ်းရဲ့ မျက်နှာပေါ်မှာ ဣန္ဒြေသိက္ခာရှိတဲ့ အပြုံးတစ်ခုရှိနေသည်။ လူတွေက သူမကို ဝန်းရံနေကြသည်။

သူမက လုလျန့်ဝေအဝေးမှလာနေတာကို မြင်တဲ့အခါ သူမရဲ့မျက်လုံးတွေဟာ တစုံတစ်ရာကြောင့်လင်းလက် သွားသည်။ သူမက လူအုပ်ကြီးဆီကနေမထွက်ခွာခင် လုလျန့်ဝေ အနားကို ရောက်လာအောင် စောင့်နေလိုက်သည်။

“ ညီမလေး….. နင်ဘာလို့နောက်ကျနေတာလဲ အစ်မက မလာတော့ဘူးလို့တောင် ထင်နေတာ….”

“ အစ်မတော်က ဒီကိုလာဖို့ ဆင့်ခေါ်မှတော့ ညီမလေးက ဘယ်လိုများ ငြင်းပယ်ရဲမှာလဲ….”

လုယွင်ရွှမ်းဟာ အချိန်ကိုက် သူမရဲ့ လက်ကို ကိုင်လိုက်သည်။

“ ညီမလေး…. မင်းကာအပြင်လူမှမဟုတ်တာ.. နောင်ကျရင် ထုံးတမ်းအစဉ်လာတွေ လုပ်ဖို့မလိုပါဘူး….”

“ တကယ်လား အစ်မတော်…..”

သူမဟာ အနည်းငယ်အံ့ဩသွားခဲ့တယ်။ ယဉ်ကျေးတဲ့ စကားတွေဟာ တခြားသူတွေ အမြင်ကြည်စေဖို့ ပြောခဲ့တာမို့ ဘာမှမဟုတ်ဘူး။

ဒါပေမဲ့ တခြားတက်ရောက်လာတဲ့လူတွေကို ဝိုင်းကြည့်နေတာမို့ သူမဟာ အနည်ငယ် စိတ်အနှောင့်ယှက် ဖြစ်တယ်ဆိုရင်တောင် ခေါင်းငြိမ့်လိုက်ရသည်။

“ ဒါပေါ့…. တကယ်ပြောတာ…”

လုယွင်ရွှမ်းဟာ ဒီကိစ္စကြောင့် ဆိုရွားတဲ့ ခံစားချက်တွေ ဝင်လာသည်။ တကယ်လို့ လုလျန့်ဝေသာ နောက်ကျရင် သူမကို ဒူးထောက်ပြီး အရိုအသေမပေးရင် သူမဟာ သာလွန်တဲ့ပုံရိပ်ကို ဘယ်လိုများ ပြသနိုင်မလဲ။

“ ညီမလေးက အိမ်ရှေ့စံမင်းသားကြောင့် ပျော်ရတယ်မလား….. စိတ်မပူနဲ့နော်… သူက မကြာခင်ရောက်လာလိမ့်မယ်…. “

လုယွင်ရွှမ်းဟာ သူမရဲ့လက်ကို ပုတ်ပြီး ဘေးနားက လူတွေကြားလောက်တဲ့ အသံနဲ့ပြောလိုက်သည်။

နားထောင်နေတဲ့သူတွေရဲ့ အာရုံစူးစိုက်မှုဟာ လုလျန့်ဝေ အပေါ်မှာ ကိုယ့်အဆင့်တန်းနဲ့ မသင့်မတော် နေတဲ့သူလို့ ပိုခံစားလာရသည်။

အဲ့ဒီ့လုလျန့်ဝေက ဘယ်လိုတောင် အရှက်မဲ့နေလို့ အခုထိ အိမ်ရှေ့စံကို လက်မလျော့နိုင်သေးတာလဲ။ လုလျန့်ဝေက သူမရဲ့ လှပတဲ့ မျက်နှာကို ကြည့်ကာပြောလိုက်သည်။

“ အစ်မတော်ရဲ့ ဒူးထောက်ပြီး အရိုအသေး မပေးခိုင်းတာကြောင့်ဘဲ ညီမက အရမ်းပျော်နေပါပြီ… ဒါနဲ့ အစ်မတော်က ဒီလို အချိန်ကြီးကျမှ နှစ်လိုဖွယ် ပန်းပွဲတော်ကို ဘာလို့လုပ်တာလဲ….”

“ ညီမတော်က ဘာလို့ အဲ့လိုပြောတာလဲ…. အစ်မတော်က ဒီပွဲတော်ကို လုပ်ဖို့ အကြောင်းပြချက် လိုသေးလို့လား…. “

“ အစ်မတော်က အိမ်ရှေ့စံမင်းသမီး ဖြစ်တာမို့ အစ်မတော် ပျော်မယ်ထင်တဲ့ဟာကို အကုန်လုပ်လို့ရပါတယ်…. ဒါပေမဲ့ အခုအန်တီကျန်း ဒုက္ခရောက်နေတာတောင် အစ်မတော်က မစိုးရိမ်ဘူးလား….”

“အန်တီကျန်း ဒုက္ခရောက်နေတယ် ဟုတ်လား… သူမ ဘာဖြစ်လို့လဲ…..”

“ အစ်မတော် က အရှေ့နန်းတော်မှာဘဲ နေနေတာဆိုတော့ မြို့စားမင်းအိမ်တော်က ကိစ္စတွေကို ဘယ်လိုလုပ်သတိထားမိမှာလဲ….”

“ ဟုတ်သားဘဲ…. အစ်မတော်က အခုချိန်မှာ ကြီးမြတ်တဲ့ အိမ်ရှေ့စံမင်းသမီး ဖြစ်နေပီဘဲ… မြို့စားမင်းအိမ်တော်လို နေရာသေးသေးလေးက ကိစ္စတွေကြောင့် ဘာလို့ စိတ်ရှုပ်ခံနေရမလဲ….”

“ ငါကအဲ့လိုဆိုလိုတာမဟုတ်ဘူး”

“ အန်တီကျန်းက အဖေရဲ့ စည်းကို ကျော်မိသွားတယ်….. ဟူးးးးးးး အန်တီကျန်းက ဘုရားကျောင်းမှာ အေးအေးဆေးဆေး တရားထိုင်ပြီးတော့ သူမရဲ့ အမှားတွေကို မကြာခင် အသိတရားရနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်….”

လုလျန့်ဝေဟာ လုယွင်ရွှမ်းရဲ့ စကားကို ဖြတ်ပြီး အလျင်အမြန် ပြောလိုက်သည်။

ဆက်ရန်....

အပိုင်း(၈၃): နာမည်ဆိုးဖြင့်ကျော်ကြားလာခြင်း

February 24, 2024

ဘုန်းးးးးးးးးး။

လုယွင်ရွှမ်းဟာ ရုတ်တရက် မြေပေါ်ကိုလဲကျသွားသ ်။ ကံကောင်းစွာနဲ့ ဟောင်ရှု့က အချင်အမြန် လှမ်းဖမ်းလိုက်နိုင်ခဲ့သည်။

လုလျန့်ဝေက စိုးရိမ်တဲ့ အမူအရာနဲ့ သူမကို ကြည့်လိုက်သည်။

“ အစ်မတော်….. ဘာဖြစ်သွားတာလဲ…..ညီမလေးကို မခြောက်လှန့်ပါနဲ့….”

လုယွင်ရွှမ်းဟာ သူမကို စိုက်ကြည့်နေပြီး လုလျန့်ဝေရဲ့ ထိတ်လန့်ကြောက်ရွံ့နေတဲ့ ရုပ်ကို မြင်တဲ့အခါမှာတော့ သူမရဲ့လည်ချောင်ထဲမှာ ချိုမြမြသွေးတွေကို ခံစားမိလိုက်သည်။ တခြားလူတွေက သူမအနားကို ဝိုင်းလာကြသည်။

“ အိမ်ရှေ့စံမင်းသမီး …. စိတ်ကိုထိန်းတော်မူပါအုံး..”

လုယွင်ရွှမ်းဟာသူမရဲ့ အိမ်ရှေ့စံမင်းသမီးဆိုတဲ့ အိန္ဒြေနဲ့ သိက္ခာကိုထိန်းသိမ်းချင်ပေမဲ့ အခုချိန်မှာ သူမက ထိုသို့လုပ်နိုင်ဖို့ ခွန်အားမရှိဘူး။ ဒါက လုလျန့်ဝေယူလာတဲ့ သတင်းကြောင့်ဘဲ ဖြစ်သည်။

သူမရဲ့အမေ ဒုက္ခရောက်နေတာတောင် သူမကိုဘယ်သူကမှ အကြောင်းမကြားတာလဲ။ လုဟန်ထျန်းက သတင်းမပေါက်ကြားအောင် ညွှန်ကြားထားခဲ့တာမို့ သူမက မသိနိုင်ခဲ့ဘူး။

လုယွင်ရွှမ်းဟာ ဆွဲထူခံလိုက်းပြီး အားတင်ကာ ပြုံးရင်း ပြောလိုက်သည်။

“ ငါ အဆင်ပြေပါတယ်…..”

“ အစ်မတော် တကယ်အဆင်ပြေလို့လား…. ကျွန်မတို ့တော်ဝင်သမားတော်ကို ခေါ်ပြီး ကြည့်ခိုင်း လိုက်ရင်ကောင်းမယ်ထင်တယ်….”

လုလျန့်ဝေက စိုးရိမ်နေတဲ့ ပုံစံနဲ့ပြောလိုက်သည်။

လုယွင်းရွှမ်းဟာ သူမရဲ အင်္ကျီလက်ထဲမှ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ အများရဲ့အမြင်မှာတော့ ညီမနှစ်ယောက်ဟာ အရမ်းကို ရင်းနှီးချစ်ခင်နေကြတဲ့ပုံစံပင်။

လုယွင်ရွှမ်းဟာ လုလျန့်ဝေရဲ့လက်ကို ဆုပ်ကိုင်းကာ အလျင်မြန်ပြောလိုက်သည်။

“ ဟုတ်ပါတယ် အမတော်…. အဲ့ဒါတကယ်ပါ…. အဖေက အမတော် စိတ်ပူနေမှာဆိုးလို့ အသိမပေးဝာာ….. ဒီတခါ အန်တီကျန်းက အဖေ့ပေါ်မှာ တော်တော်စည်းကျော်ခဲ့တယ်… အဲ့ဒါကြောင့် အဖေက သူ့ကို အဲ့လိုလုပ်လိုက်တာပါ…. ဒါပေမဲ့ အရမ်းကြီး မစိုးရိမ်ပါနဲ့ အမတော်….”

သူမဟာ အန်တီကျန်းက ဘာလုပ်ခဲ့လို့ အဖေက အရမ်းစိတ်ဆိုးသွားလဲဆိုတာ မသိခဲ့ဘူး။ အခုချိန်မှာ သူမက အရမ်းစိတ်ပူနေပေမဲ့ ဘေးနားက လူတွေကြောင့် သူမကိုယ်သူမ တည်ငြိမ်နိုင်ဖို့ ကြိုးစားနေသည်။

သူမဟာ သခင်မကျန်းကို သူ့အဖေရဲ့ တရားဝင် ဇနီး ဖြစ်လာအောင်စည်းရုံးဖို့ စီစဉ်နေတုန်း ရှိသေးသည်။

လုလျန့်ဝေရဲ့ စိုးရိမ်တဲ့ အသံထွက်လာပြီး သူမရဲ့ အတွေးတွေကို နှောင့်ယှက်လိုက်သည်။

“ အစ်မတော်ရဲ့ ကျန်းမာရေးက ပိုအရေးကြီး ပါတယ်…. အစ်မတော် မဆင်မပြေရင်တွန်းအားမပေးပါနဲ့…. ဒီမှာ လူတွေအများကြီးရှိတာမို့ ညီမလေး အဆင်ပြေသလို နေတတ်ပါတယ်….”

“ ကောင်းပြီလေ….. အဲ့ဒါဆို ဒီက

ကိစ္စတွေကို အဆင်ပြေအောင်လုပ်ဖို့ ညီမလေးနဲ့ဘဲ ထားခဲ့တော့မယ်….”

“ ဟုတ်ကဲ့…. ဂရုစိုက်ပါ အမတော်……”

ထို့နောက်လုယွင်ရွှမ်းဟာ ဟောင်ရှု့လက်ကို ကိုင်ကာ ထွက်ခွာသွားပါတယ်။

သူမအခန်းထဲပြန်ရောက်တဲ့အခါမှ ဆက်ပြီးဟန်မဆောင်တော့ဘဲ စားပွဲပေါ်က အထက်တန်းစား ကြွေထည်စ္စည်းတွေကို ကြမ်းပြင်ပေါ်ကို ပေါက်ခွဲ လိုက်သည်။

ဟောင်ရှု့ကထိတ်လန့်သွားသည်။ သူမဟာ လုယွင်ရှမ်း အခုလိုဖြစ်တဲ့ အကြောင်းကို သိတာမို့ အလျင်အမြန်ဘဲ သူမကို စိတ်ထိန်းဖို့ ချော့လိုက်သည်။

“ သခင်မလေး…. စိတ်ကိုထိန်းပါအုံး…. ကျွန်မတို့က အခုဘာဖြစ်နေတယ်ဆိုတာ မသိသေးတာမို့ ဒီအခြေအနေကို ဖြေရှင်းဖို့ သတင်းအတိအကျကို ကျွန်မ စုံစမ်းလိုက်ပါ့မယ်…..”

All Chapters