← Chapters

အခန်း (၈၄-၈၆)

Vol. 2 Ch. 84-86

အခန်း (၈၄-၈၆)

Vol. 2 Ch. 84-86

အပိုင်း ၈၄တစ်စုံတစ်ခုကို ထည့်ထားချငိး)

February 25, 2024 by Duan Fei Lin (段飞林)

လုယွင်ရွှမ်းရဲ့ အကြည့်တွေဟာ တင်းမာနေပြီးတော့ သူမရဲ့ အမူအရာဟာလဲ ကြောက်စရာကောင်းနေသည်။ အရင်ကလူတွေရှေ့မှာ ရှိနေကြသူမရဲ့ အိန္ဒြေသိက္ခာ ပြည့်စုံတဲ့ပုံစံ ဟာပျောက်ကွယ်နေသည်။

သူမက ဟောင်ရှု့ကို ကြည့်ပြီး ဒေါသတကြီး ပြောလိုက်သည်။

“သောက်ရူးမ လုလျန့်ဝေက ဒီအိမ်ရှေ့စံမင်းသမီး ရှေ့မှာ မောက်မာရဲတယ်တဲ့လား…. “

“ ဟုတ်တယ်သခင်မလေး… ဒုတိယသခင်မလေးက သခင်မကျန်းအခြေအနေကို လူတွေရှေ့မှာ အသံကျယ်ကျယ်နဲ့ တမင်တကာကို လုပ်ပြောလိုက်တာ….”

“ အဲ့အရူးမက ငါ့ကို လူတွေ ရယ်စရာ ဖြစ်အောင် တမင်လုပ်နေတာ….”

“ ဒုတိယသခင်မလေးက ဒီနေရာကို မြို့စားမင်း အိမ်တော်လို့ထင်နေတာလား မသိဘူး…. သူက အိမ်ရှေ့မင်းသမီး စံမြန်းတဲ့နေရာမှာ ဒီလိုမောက်မာ ရဲတာ…. ကျွန်မသူ့ကို သင်ခန်းစာနဲနဲလောက်ပေး လိုက်ရမလား သခင်မလေး…..”

“ နင်က ဘယ်လိုလုပ်မှာလဲ…..”

ဟောင်ရှု့ရဲ့ မျက်လုံးထဲမှာ ယုတ်မာတဲ့ အရိပ်အယောင်ဟာ ဖြတ်သန်းသွားသည်။

“ ဒုတိယ သခင်မလေးရဲ့ ဂုဏ်သိက္ခာက ဒီမှာရော ဟိုမှာရော ပျက်နေပြီးသားလေ သခင်မလေး…. အဲ့ဒါကို ကျွန်မက နဲနဲလောက် လောင်စာထပ်ထည့်ပေး လိုက်လဲ သူမကို အများကြီး မထိခိုက်ဘူး…..”

“ ဒါဆို နင်ပြောတဲ့အတိုင်းဘဲလုပ်လိုက်…. ဒါပေမဲ့ ဒီနေရာမှာ မလုပ်တာတော့ အကောင်းဆုံးဘဲ….”

လုလျန့်ဝေက သူမရဲ့ညီမ မဟုတ်ဘူးဆိုရင်တောင် အရှေ့နန်းတော်မှာ တခုခုဖြစ်ရင် သူမကို သံသယ ဝင်လာနိုင်သည်။

လုလျန့်ဝေက ဥယျာဉ်ထဲက ထောင့်တစ်ထောင့်ရဲ့ ထိုင်ခုံမှာ ထိုင်လိုက်သည်။

သူမဟာ ဒီအမျိုးသမီးတွေကိုမသိဘူး။ နောက်ပြီး ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်ဟာလဲ လူမသိသူမသိ နေတဲ့သူမို့ သူမနဲ့ဘယ်သူမှ လာ စကားမပြောကြသလို သူမကလဲ ထိုသူတွေနဲ့မပက်သက်ချင်ဘူး။ သူမက တိတ်ဆိတ်ငြိမ်သက်တာကို ပိုနှစ်သက်သည်။

သူမ လုယွင်ရွှမ်းကိုတမင် စိတ်ဆိုးအောင်လုပ်ပြီး ထွက်ခွါသွား စေခဲ့သည်။ ဒါမှဒီ ပန်းပွဲတော်မှာ သူမကို ဒုက္ခမပေးနိုင်မှာ။

အနားမှာလုယွင်ရွှမ်း မရှိတာမို့ သူမဟာ ပန်းတွေကို လိုက်လံကြည့်ရှုနေသည်။ လုယွင်ရှမ်းဟာ ပွဲပြီးတဲ့အထိ ဒုက္ခမပေးတာက ဒါပထမဆုံးပင်။ သူမအတွက်က ထူးခြားဖြစ်စဉ် ဖြစ်နေတာမို့ ကျေနပ်နေသည်။ လုယွင်ရွှမ်းရဲ့ အကျင့်စရိုက် အရဆိုရင် အကြောင်းတစ်စုံတစ်ရာမရှိဘဲ သူမကို ဒီပွဲတော်ကို လာဖို့မဖိတ်ဘူး။ သူမက တစ်စုံတစ်ခုကို ကြိုတင်ပြင်ဆင်ထားလို့သာ ဖိတ်ခေါ်ခဲ့တာပင်။

လုယွင်ရွှမ်းဟာ ပွဲပြီးတဲ့အထိ ငြိမ်နေခဲ့သည်။ သူမက လုယွင်ရွှမ်းကို စိုက်ကြည့်လိုက်သည်။ လုယွင်ရွှမ်းဟာ သခင်မကျန်းကိစ္စကို ဂရုမစိုက်ဘူး။ သူမကို စိတ်ရှုပ်စေတာက သခင်မကျန်းကြောင့် သူမအရှက်ရစေခဲ့တာကိုပဲ ဖြစ်သည်။

ပွဲတော်ပြီးသွားတဲ့အခါမှာ လုလျန့်ဝေက လုယွင်ရွှမ်းကို နှုတ်ဆက်ပြီး အရှေ့နန်းတော်က ပြန်လာခဲ့သည်။ သူမက ထိုနေရာမှထွက်လာတဲ့အခါ နန်းတွင်းအပျိုတော် တစ်ယောက်က သူမကို စောင့်နေတာကို တွေ့လိုက်ရသည်။

နောက်ပြီး ထိုအပျိုတော်က သူမဆီ အမြန်လျှောက်လာသည်။

“ ဒုတိယသခင်မလေး….. သခင်လေးလုက သခင်မလေးကို အိမ်တော်အတူတူပြန်ဖို့ကို ဒီကစောင့်နေဖို့ မှာခိုင်းလိုက်ပါတယ်….”

“ နောက်တစ်နာရီလောက် ဖြစ်နိုင်ပါတယ်…. သခင်လေးလုက သူ့ရဲ့တာဝန်ချိန်ပြီးတာနဲ့ သခင်မလေးကို လိုက်ပို့မယ်လို့ ကျွန်မကို ညွှန်ကြားလိုက်ပါတယ်…..”

လုလျန့်ဝေက တစ်ချက်စဉ်းစားလိုက်ပြီး ကျူယွီဘက်ကို လှည့်ကာ ပြောလိုက်သည်။

“ ငါ့ကို ဒီမှာ စောင့်နေ…. ခဏနေ ပြန်လာခဲ့မယ်….”

“ သခင်မလေး…. ကျွန်မလိုက်ခဲ့တာ ပိုကောင်းမယ် ထင်တယ်….”

ထိုအချိန်မှာဘဲ ဟောင်ရှု့ဟာ နန်းတော်ကနေ ပြေးထွက်လာသည်။ သူမ လုလျန့်ဝေဆီ ရောက်တဲ့အခါ ဟောဟဲဆိုက်နေသည်။ အဲ့ဒီနောက် သူမပြုံပီး ပြောလိုက်သည်။

“ ဒုတိယသခင်မလေး….. အိမ်ရှေ့စံမင်းသမီးက မြို့စားကတော်ဟောင်းကို တစ်ခုခုပေးစရာရှိလို့…. အဲ့ဒါသခင်မလေးက ကူညီပြီး ပေးပေးဖို့ ပြောခိုင်းလိုက်လို့ပါ….”

ဆက်ရန်....

အပိုင်း(၈၅) : ဖြစ်လာသမျှအကျိုးဆက်တွေကိုခံနိုင်‌ရည်ရှိဖို့‌တော့လိုအပ်တယ်။

February 25, 2024 by Duan Fei Lin (段飞林)

ကျူယွီက မနေခဲ့ချင်ပေမဲ့လည်း နောက်ဆုံးမှာတော့ သူမက နေခဲ့ရသည်။ လုလျန့်ဝေက နန်းတွင်အပျိုတော်နောက်ကို လိုက်လာခဲ့သည်။

“ ဒုတိယ သခင်မလေး… သခင်လေးလု တာဝန်ကျနေတဲ့ နေရာက ရှေ့နားမှာပါ…. ကျွန်မတို့ ခဏနေ ရောက်တော့မှာ…”

“ကောင်းပြီလေ…..”

ခဏလောက်လျှောက်ပြီးတဲ့အခါ လူတွေ စကားပြောနေတဲ့ အသံကို ကြားလိုက်ရသည်။ ထိုအသံတွေက ယောက်ျား အသံတွေပင်။

လုလျန့်ဝေက အာရုံစိုက်လိုက်သည်။ အဲ့ချိန်မှာဘဲ နန်းတွင်းအပျိုတော်က အစွန်နားကို တိုးသွားတယ်လို့ ထင်လိုက်ရသည်။ သူမက ရေကန်အစွန်း နားကို ရုတ်တရက်ချော်ကျသွားပြီး လုလျန့်ဝေရဲ့ လက်ကို ဖမ်းဆွဲလိုက်သည်။

“ ဒုတိယ သခင်မလေး….”

သူမက ဒီအခြေနေကိုသုံးပြီးတော့ လုလျန့်ဝေကို ရေထဲဆွဲချ ချင်တာပင်။ ကံဆိုးစွာနဲ့ သူမက ထိုသို့မလုပ်ခင်မှာဘဲ သူမရဲ့ လက်လစ်ခုလုံးထုံကျင်သွားသလို ခံစားလိုက်ရသည်။ အဲ့ဒီနောက်မှာ သူမဟာတွန်းချခံလိုက်ရပြီး ရေထဲကို ပြုတ်ကျတဲ့ အသံထွက်ပေါ်လာသည်။ သူမရဲ့မျက်နှာဟာ လူသေတစ်ကောင်လို ဖြူဖျော့သွားပြီး အော်လိုက်သည်။

“ ဒုတိယသခင်မလေး ကယ်ပါအုံး…. ကျွန်မ ရေမကူးတတ်ဘူး….”

လုလျန့်ဝေက ရေကန်ဘေးမှာ ရပ်ပြီး သူမကို စိုက်ကြည့် နေသည်။သူမဟာရေကူးတတ်ပေမဲ့ သူမကို ဒုက္ခရောက်အောင် လုပ်ချင်တဲ့သူကိုကယ်ဖို့ အစီစဉ်မရှိဘူး။ ဒါပေမဲ့ သူမဟာ အပျိုတော်မိန်းကလေးကို သူမလုပ်ခဲ့တာရဲ့ အကျိုးဆက်ကို ခံစားစေချင်ပေမဲ့ သေခိုင်းဖို့တော့ အစီစဉ်မရှိဘူး။

သူမ လှည့်မကြည်လိုက်ခင်မှာဘဲ လူတချို့ ရေထဲ ခုန်ဆင်းသွားကြသည်။ နန်းတော်အစောင့်တွေဟာ လူကယ်ဖို့ ရေထဲဆင်း သွားတယ်ဆိုတာ သူမချက်ချင်း နားလည်လိုက်သည်။

တကယ်လို့ သူမသာရေထဲကျသွားရင် ထိုမိန်းကလေးကလဲ အကူညီတောင်းမှာပါ။ အဲ့ဒီအခါကျရင် ယောက်ျားတွေက သူမကိုကယ်ဖို့ ရေထဲဆင်းလာကြမှာပင်။

သူမရဲ့ မျက်လုံးတွေက အေးစက်သွားသည်။ အေးစက်တဲ့အပြုံးတစ်ခုက သူမဆီမှာပေါ်လာပြီး နန်းတော် အစောင့်တွေကယ်တင်လာတဲ့ မိန်းကလေးကို ကြည့်လိုက်သည်။

သူမက လုလျန့်ဝေကို ရေထဲတွန်းချပြီး တစ်စုံတစ်ယောက်ကို ကယ်စေပြီးတော့ သူမကို သိက္ခာကျအောင် လုပ်ချင်တာပင်။

သူမသာ ရေထဲကိုမတော်တဆ ကျခဲ့ပြီး ယောက်ျားတွေ အများကြီးက ဝိုင်းကယ်မယ်ဆိုရင်တော့ သူမကို မသနားတဲ့ အပြင် ဝိုင်းပီး ကဲ့ရဲ့ကြမှာပင်။

သူမဟာရေတွေ စိုရွှဲနေတဲ့ မိန်းကလေးကို ကြည့်လိုက်သည်။ ထိုမိန်းကလေးရဲ့ အဝတ်စားတွေဟာ ရေစိုနေတာကြောင့် အသားမှာကပ်နေပြီးတော့ သူမရဲ့ ခန္ဓာကိုယ် ကောက်ကြောင်းကို အတိုင်းသားမြင်နေရသည်။

ထိုအချိန်မှာ အေးစက်စက်မိန်းမ တစ်ယောက်ရဲ့ အသံက ထွက်ပေါ်လာသည်။ လုလျန့်ဝေက သတိပြန်ဝင်လာပြီး အသံပိုင်ရှင်ဘက်ကို လှည့်လိုက်သည်။

သူမဟာအသက်နှစ်ဆယ်အောက် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမဟာနန်းတွင်း ဝတ်စုံကို ဝတ်ဆင်ထားပြီ ဘေးနားမှာလည်းနန်းတွင်း အစေခံတွေပါရှိသည်။

ထိုအမျိုးသမီးက လူတိုင်းကိုကြည့်လိုက်ပြီးနောက် လုလျန့်ဝေဆီမှာ ရပ်တန့်သွားသည်။

လုလျန့်ဝေက ထိုအမျိုးသမီးက ဘယ်သူလဲဆိုတာ စဉ်းစားနေတုန်းမှာဘဲ သူမနောက်က အစေခံက အော်လိုက်သည်။

“ ကြင်ယာတော်ရှေ့မှာရောက်နေတာတောင် မင်းက ဒူးထောက်ပြီး အရိုအသေ မပေးဘူးလား….”

နန်းတွင်းစစ်သားတွေနဲ့ အပျိုတော်က ချက်ချင်းဒူးထောက် လိုက်သည်။

“ ကျွန်တော်တို့ နိမ့်ကျတဲ့ အစေခံတွေက ကြင်ယာတော်ကို နှုတ်ခွန်းဆက်သပါတယ်….”

အော်လိုက်တဲ့ အစေခံအမျိုးသမီးက လုလျန့်ဝေကြောင်ကြည့်နေတာကို မြင်တော့ထပ်ပြောလိုက်သည်။

“ မင်းကဘယ်လိုတောင် အတင့်ရဲတာလဲ…. ကြင်ယာတော် ရှေ့မှာတောင် အရိုအသေမပေးဘူးလား….”

ဆက်ရန်

အပိုင်း (၈၆) - ဖော်ပြမရနိုင်စွာ မခံချိမခံသာ ခံစားရခြင်း

February 27, 2024

“ဒီဂါရဝပြုမှုက လုံလောက်ပြီလို့ ကျွန်မ ယူဆပါတယ်။”

လုလျန့်ဝေက အေးအေးဆေးဆေးပင် ပြန်ဖြေသည်။

နန်းတွင်းအပျိုတော်က ဒါကိုကြားသော် သူမမျက်နှာက မသိမသာ တွန့်ချိုးလို့သွားသည်။

“နင်ဒါဘာသဘောလဲ၊ ကြင်ယာတော်ကို ဘယ်နှယ့် မလေးမစားပြုမူရဲရတာလဲ”

ကြင်ယာတော်မျက်နှာထက်ရှိ အပြုံးမှာ မှေးမှိန်သွားသည်။သူမဟာ လုလျန့်ဝေကို ကြည့်ကာ စိမ်းကားစွာ ပြောသည်။

“မင်းက ဘယ်မိသားစုကလဲ။”

လုလျန့်ဝေက အေးတိအေးစက်ပင် ပြန်‌ေဖြလိုက်သည်။

“မဟာမြို့စားမင်းအိမ်တော်ကပါ။”

ကြင်ယာတော်က ဒါကိုကြားသော် အနည်းငယ်အံ့အားသင့်သွားရသည်။နန်းတွင်းအပျိုတော်သည် အနည်းငယ်ဒေါသထွက်နေခဲ့သော်လည်း သူမရဲ့ ခုနက မောက်မာမာန်တက်နေမှုတို့ ပျောက်ဆုံးသွားသည်။

မြို့စားအိမ်တော်မှာ ညီလာခံအပြင် တာ့ရှန့်တစ်ပြည်လုံး တွင်သူတို့ရဲ့ အဆင့်အတန်းကို လှုပ်ကိုင်၍မရသော ဖြစ်တည်မှုတစ်ခု ဖြစ်သည်။ မြို့စားမင်းကတော်ဟောင်း နှင့် မြို့စားတို့သည် ညီလာခံအတွင် အရေးပါသောနေရာကို ချုပ်ကိုင်ထားသည်။ ထို့အပြင် ဆက်ခံသူ လုထင်ချန်မှာ ဧကရာဇ်ရဲ့မြှောက်စားခြင်းကိုခံရပြီး လက်ရှိတွင် အရာရောက်သောပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသည်။

ယခုလိုအချိန်တွင် ဘယ်အရူးကသာ မြို့စားမင်းအိမ်တော်ကို အပြစ်ပြုစော်ကားဖို့ ကြိုးစားမှာလဲ။နန်းတွင်းအပျိုတော်သည် အခြေအနေကို အကဲခတ်နိုင်သည်အထိ ဉာဏ်ပြေးပြီး သူမပါးစပ်ကို ပိတ်ထားလိုက်သည်။

အားလုံးက လုလျန့်ဝေကို စက်ဆုပ်အထင်သေးကြသော်လည်း သူမနောက်ကွယ်၌သာ သူမကို လှောင်ရဲရယ်ကြလေသည်။

မည်သို့ပင်ဆိုစေကာမူ လုလျန့်ဝေသည် မြို့စားမင်းရဲ့ ချစ်မ၀သောရတနာလေးဖြစ်နေသည်ပင်။သူမကို စော်ကားခြင်းက မြို့စားမင်းအိမ်တော်တစ်ခုလုံးကို စော်ကားခြင်းနှင့် ညီမျှသည်။

ချင်မိသားစုမှ မိဖုရားသည် ဧကရာဇ်ရဲ့မွေးနေ့တော် ဧည့်ခံပွဲတွင် လုလျန့်ဝေအား အပြစ်ပြုခဲ့မိပုံပေါ်သည်။ သူမ ထိုအကြောင်းကြောင့် ချင်မိသားစုတစ်ခုလုံးကို ဧကရာဇ်ထံမှ လျစ်လျူရှုခံရအောင် လုပ်လိုက်မိသည့်အပြင် ရုတ်ချည်းပင် မည်သည့်အကြောင်းကြောင့်မှန်း မသိရဘဲ ရူးသွပ်သွားခဲ့လေသည်။ ၎င်းကိုဖုံးရန် ချင်မိသားစုတစ်စုလုံးမှာ အကြောင်းအရင်း မသိရဘဲ ညတွင်းချင်း တော်ဝင်နန်းမြို့တော်မှ ပြောင်းရွှေ့သွားခဲ့ရသည်။

သက်သေမရှိသော်လည်း ထိုအဖြစ်က မြို့စားမင်းအိမ်တော်နှင့် သက်ဆိုင်နေလိမ့်မည်ဟု အားလုံးက တိတ်တဆိတ် ထင်ကြေးပေးခဲ့ကြသည်။

ကြင်ယာတော်မျက်လုံးထဲ လက်ခနဲဖြစ်လို့သွားသည်။သူမမျက်နှာထက် အပြုံးတစ်ပွင့်ပေါ်လာပြီး ဂါရဝပြုရာမှ ထစေသည့်အနေဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။

“ဆိုတော့ မင်းက ဒုတိယသခင်မလေးလုကိုး၊ မြန်မြန်ထပါ။”

ထိုအခါမှသာ လုလျန့်ဝေက မတ်မတ်ပြန်ရပ်လိုက်သည်။ကြင်ယာတော်က ရှေ့သို့တိုးလာကာ လုလျန့်ဝေလက်ကို ချစ်မြတ်နိုးစွာဖြင့် ဆွဲကိုင်လိုက်သည်။ သူမက ဘေးဘီ‌ဝဲယာကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ပြောလိုက်သည်။

“ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ၊ ဒုတိယသခင်မလေးလုက ဘာဖြစ်လို့ ဒီနေရာမှာ ရှိနေရသလဲ။”

လုလျန့်ဝေရ ထိုအမျိုးသမီး ‌အမူအရာပြောင်းလဲသွားခြင်းကို မမြင်သည့်အလား သူမကို တစ်ချက်ကြည့်လိုက်သည်။

“ကြင်ယာတော်၊ ကျွန်မက အိမ်ရှေ့စံမင်သားကြင်ယာတော်ရဲ့ ဖိတ်ကြားမှုအရ အရှေ့နန်းဆောင်ကို ပန်းအလှရှုစားဖို့ သွားခဲ့ပါတယ်၊ ကျွန်မ ပြန်တော့မလို့ပါပဲ၊ ဒါပေမယ့် ကျွန်မအစ်ကိုက အမှာတော်ပါးတစ်ယောက် လွှတ်ပြီး အတူတူပြန်ကြဖို့ ကျွန်မကို ဒီမှာစောင့်နေပါလို့ ပြောလို့ပါ။”

သူမ ခဏမျှ ရပ်သွားပြီးနောက် မြေပေါ်တွင် တုန်ယင်လျက် ဒူးထောက်နေသော နန်းတွင်းအပျိုတော်လေးအား ကြည့်လိုက်ပြီးနောက် သနားကရုဏာသက်သော အမူအရာဖြင့် ပြောလေသည်။

“ဒီမိန်းကလေးက ကျွန်မကို လမ်းပြပေးနေတုန်း မတော်တဆ ရေကန်ထဲ ပြုတ်ကျသွားပါတယ်၊ အခု ရာသီဥတုက နည်းနည်းအေးလာပြီမို့ သူ အအေးမိသွားနိုင်ပါတယ်၊ နန်းတွင်းသမားတော်‌ခေါ်ပြီး သူ့ကို တစ်ချက်ပြပေးဖို့ ကျွန်မ မယ်မယ့်ကို တောင်းဆိုချင်ပါတယ်ရှင်။”

ကြင်ယာတော်က ထိုနန်းတွင်းအပျိုတော်လေးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ ထိုကလေးမကို သိပ်တော့ဂရုမစိုက်လှပေ၊ သို့သော် သူမ မြို့စားမင်းရဲ့သမီး တောင်းဆိုသည်အား ဖြည့်ဆည်းပေးရမည်ကို ဝမ်းမြောက်လှသည်။

ခုနလေးက စကားဝင်ပြောခဲ့သော နန်းတွင်းအပျိုတော်က ချက်ချင်းပြန်ဖြေလိုက်ပြီး ထိုအပျိုတော်လေးဆီသို့ လျှောက်သွားလေသည်။

ထိုနန်းတွင်းအပျိုတော်လေးက ခေါင်းကိုငုံ့ထားကာ လက်မောင်းများဖြင့် ကိုယ့်ကိုကိုယ်ပွေ့ပိုက်ထားလျက် အင်မတန်ချမ်းနေပုံပေါ်သည်။

ဒီနေ့ သူမရဲ့အားထုတ်မှုများက သဲထဲရေသွန်ဖြစ်ခဲ့ရလေပြီ။ သူမ လုလျန့်ဝေကို ချောက်ချရန် ရှုံးနိမ့်ခဲ့သည်သာမက မိမိပါ မလိုအပ်ဘဲနစ်နာသွားရသည်။သူမရင်ထဲ အလိုမကျမှုများ ပြည့်လို့နေသည်။

မည်သို့ဆိုစေကာမူ ယခု အခြေအနေများက ဒီလိုဖြစ်လာပြီဆိုတော့ သူမတတ်နိုင်တာ ဘာမှမရှိတော့ချေ။လုလျန့်ဝေကို အချေအမြစ်မရှိ စွပ်စွဲဖို့တဲ့လား။

သူမက နန်းတွင်းအပျိုတော်လေးတစ်ယောက်သာဖြစ်သည်၊ သူမကို ဘယ်သူမှယုံမည်မဟုတ်ပေ။

သူမ တုံ့ဆိုင်းစွာဖြင့် ချိုက်ယွိနောက်သို့ လိုက်ပါသွားတော့သည်။သူမ မထွက်သွားခင် လုလျန့်ဝေအား နောက်ဆုံး တစ်ချက်ကြည့်လိုက်သော် လုလျန့်ဝေရဲ့ နက်မှောင်ရွှန်းလဲ့သောမျက်လုံးများဖြင့် ရင်ဆိုင်လိုက်ရသည်။

ပုံမှန်နှင့်မတူစွာ တည်ငြိမ်နေသောမျက်လုံးများက တစ်စုံတစ်ရာကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ နန်းတွင်းအပျိုတော်လေးရဲ့ရင်ထဲ ဖော်မပြနိုင်စွာ မခံချိမခံသာ ခံစားလိုက်ရလေသည်။သူမလက်မောင်းရှိ စူးစူးရွရွခံစားချက်မှာ ယာယီပျောက်နေခဲ့ပြီးနောက် ပြန်ပေါ်လာပုံရသည်။

သူမ လုလျန့်ဝေအား ရေထဲတွန်းချခံနီး သူမလက်မောင်းမှာ စူးရှရှတစ်စုံတစ်ရာဖြင့် အထိုးခံခဲ့ရမှန်း သူမ သေချာသိသည်။

‘သေလိုက်ပါတော့၊ လုလျန့်ဝေက ဘာမှအသုံးမကျတဲ့ဆန်ကုန်မြေလေး ဖြစ်ရမှာ မဟုတ်ဘူးလား’

သူမတာဝန်က ရိုးရှင်းသည်ဟု တွေးထားခဲ့သည်၊ သို့သော် ဒီလိုကြည့်မလှရှုမလှသောကိစ္စကြီး ဖြစ်သွားရလေသည်။

All Chapters