← Chapters

အခန်း (၉၃-၉၅)

Vol. 2 Ch. 93-95

အခန်း (၉၃-၉၅)

Vol. 2 Ch. 93-95

အပိုင်း (၉၃) - ခရီးထွက်ဖို့ မစောင့်နိုင်တော့ဘူး။

March 1, 2024 by Duan Fei Lin (段飞林)

လုလျန့်ဝေ နှုတ်ခမ်းကိုက်လိုက်မိသည်။ သူမ ဒီကိစ္စကို သိပ်မကျေနပ်ပေ။လုံယျန်က သူမကို ဘာလို့ထိုနေရာသို့ မသွားခိုင်းမှန်း သူမ နားမလည်ဘူး။

သူ့နှင်းကိုက်နာအဆိပ်ကို မဖြေချင်တော့ဘူးလား။

နှင်းကိုက်နာအဆိပ်ဖြေဆေးအတွက် အဓိကဆေးပင်က ရှန့်ထော်တောင်ထိပ်တွင်သာ ရှာတွေ့နိုင်သည်ဆိုသော်လည်း သူမကိုယ်တိုင် ထိုသို့သွားရန် စိတ်အားထက်သန်နေခြင်းမှာ လုံယျန်ရဲ့ပြဿနာတစ်ခုတည်းကြောင့် မဟုတ်ပါ။ ထိုနေရာမှာ အံ့ဩဆန်းကြယ်ဖွယ် ဆေးပင်ဆေးမြစ်များ အမျိုးစုံလင်စွာ ရှိသည်ဟု လုလျန့်ဝေ ကြားဖူးထားသည်။ သူမ တချို့တလေးလောက် ယူလာခွင့်ရလျှင် ကောင်းပေလိမ့်မည်။

ရှန့်ထော်တောင်ထိပ်သို့ သွားရန် သူမ အစောကတည်းက စိတ်ဆုံးဖြတ်ထားပြီးဖြစ်ပြီး သေချာပေါက်ပင် သူမ အစီအစဉ်ကို လက်လျှော့မည်မဟုတ်ပါ။

သူမ လုံယျန်ကို တည့်တည့်စိုက်ကြည့်လိုက်သည်။ သူမရဲ့တောက်ပရွှန်းလဲ့နေသော မျက်ဝန်းလှလှများထဲ အခိုင်အမာစိတ်ဆုံးဖြတ်ထားမှုတို့ ပြည့်နှက်လို့နေသည်။ သူမပြောလာသော စကားများမှာမူ ဧကရာဇ်ကို တွေဝေသွားစေပုံပေါ်သည်။

“အရှင်မင်းကြီး အဆိပ်ဖြေချင်တယ်မဟုတ်ဘူးလား။”

လုံယျန် သူမကိုပေးသော အကြောင်းပြချက်က သူမကို နားမလည်နိုင်အောင် စိတ်ရှုပ်သွားစေသည်။

သူမက သူ့အတွက် ဆေးပင်ရရန် စိတ်ပါလက်ပါ သွားပေးလိုသည်ပင်၊ သို့ဖြစ်၍ လုံယျန်က ဘာကြောင့် သူမကို တားဖို့ကြိုးစားနေရတာလဲ။

သူမ နားလည်ထားမှုအရ ဧကရာဇ်အရှင်သည် ခံ့ညားအေးစက်သော လူအများရဲ့အထက်တွင်ရှိသည့် ဖြစ်တည်မှုတစ်ဦး ဖြစ်သည်။

သူလိုချင်တာ ရဖို့ လူဘယ်နှယောက်ပဲ စတေးရပါစေ သူ ဂရုမစိုက်ပေ။လုလျန့်ဝေ သူမ ဦးနှောက်ကို မည်မျှအလုပ်ပေးစေကာမူ အကြောင်းအရင်းရှာ‌မရချေ။သူပေးသည့် အကြောင်းပြချက်တွင် ဖိအားပေးခံရခြင်းတစ်ခုခု ရှိမည်ဟု သူမ ခံစားရသည်။

ဒါ့ထက်လုံယျန်တွင် ကြီးကျယ်မြင့်မြတ်ကာ စေတနာထားတတ်သည့် အကျင့်စရိုက်မရှိမှန်း သူမ အစောကတည်းက သိထားသည်။ အမှန်တော့ သူက ကိစ္စများ ကိုင်တွယ်ရာတွင် မြန်ဆန်ကာ သူ့နည်းလမ်းများနှင့် ဆုံးဖြတ်ချက်များမှာလည်း ရက်စက်သည်။ ယခုလို စိတ်ပျော့နေသည့်အပြုအမူမှာ လုံယျန်နှင့် မတူပင်။

လုံယျန် အကြည့်များက သူမရဲ့အရောင်တောက်တောက် နူးညံ့သည့် နှုတ်ခမ်းများထံမှ ရှောင်ဖယ်သွားသည်။

မိန်းမပျိုလေးရဲ့ အရောင်လွင်လွင် ခပ်ဖူးဖူးနှုတ်ခမ်းလေးများမှာ သွားဖြူဖြူညီညီလေးတစ်တန်းဖြင့် ကိုက်ထားခံရသည်။ မိန်းကလေးမှာ သူမ မည်မျှလှပနေမှန်း မသိ၊ ထိုအခိုက်အတန့်တွင် သူမသည် ပရောပရီလုပ်နေဟန် အမူအရာလေးဖြင့် တုံးတုံးအအပုံလေး ပေါ်နေကာ တော်တော်လေးလည်း ချစ်စရာကောင်းနေသည်။

သူ အကြည့်လွှဲဖို့ အနည်းငယ်ခက်ခဲသလို ခံစားရသည်။

မိန်းမပျိုလေးရဲ့ အသံက သူ့နားနားကပ်ပြောနေသလို ထင်ရသည်။ သူ အနည်းငယ် ငိုင်နေမိသည်။

လုံယျန်က သူရဲ့ မက်မွန်စေ့များနှင့်တူသည့် ကျဉ်းမြောင်းကာ စိတ်ခံစားချက်အပြည့်ပါဝင်နေသော မျက်လုံးများကို ပင့်၍ကြည့်လာသည်။ ထိုမျက်လုံးများထဲ ဖော်ပြလို့မရနိုင်သည့် ခံစားချက်တစ်ခုနှယ် ဝဲဂယက်ထနေသလို မြင်ရသည်။ သူ့အသံက အနည်းငယ် မြင့်သွား၍ ခြိမ်းခြောက်နေသည့် အာဏာအရှိန်အဝါတစ်မျိုး ထုတ်လွှတ်နေသည်။

လုလျန့်ဝေ မသိမသာ ကြောင်အ,သွားသည်။ သို့သော် ထိုခံစားချက်က မကြာခင်မှာပင် သူ့ကို ကြည့်လိုက်သည်နှင့် စိတ်ရှုပ်ထွေးမှုများနှင့် အစားထိုးခံလိုက်ရသည်။

လုံယျန်က မျက်မှောင်ကြုံ့လိုက်ကာ သူ့မျက်လုံးထဲရှိ ခံစားချက်များကို ဖုံးကွယ်ရန် မျက်လွှာချလိုက်သည်။သူ့ သွယ်လျလျလက်ချောင်းများက မျက်ခုံးများအကြားကို ပွတ်သပ်နေရင်း ဒီတစ်ကြိမ်တွင်တော့ သူ့အသံက နူးညံ့လို့နေသည်။

“မင်းသာ တစ်ခုခုဖြစ်သွားရင် မြို့စားမင်း‌ကတော်ဟောင်းနဲ့ မြို့စားမင်းတို့ကို ကိုယ်တော် ဘယ်နှယ့်မျက်နှာပြရပါ့မလဲ။”

သူမ တစ်စုံတစ်ရာ စဉ်းစားမိသည့်နှင့်အမျှ သူမမျက်လုံးလှလှလေးများက လခြမ်းကွေးလေးများနှယ် ကွေးတက်သွားပြီး အတော်လေး ရဲတင်းစွာဖြင့် ပြန်ဖြေသည်။

“မပူပါနဲ့ အရှင်မင်းကြီး၊ ကျွန်မ ရှန့်ထော်တောင်ထိပ်ကို သွားမယ့်အစီအစဉ်ကို ဘယ်သူ့ကိုမှ မပြောထားဘူး၊ အဲဒီအချိန်ကျရင် ကျွန်မ အပန်းဖြေစံအိမ်တစ်ခုကို အနားယူဖို့သွားတယ်လို့ပဲ ပြောထားမှာပါ။”

သူမက သူမမိသားစုအား လိမ်ညာရန် ပြင်ဆင်ထားပြီးကြောင်း လုံယျန် သိလိုက်သောအခါ သူ စိတ်တိုရမည်လော ရယ်ပဲရယ်ရမည်လော မသိတော့ချေ။ သူ နှာရှုံ့လိုက်ကာ ပြောသည်။

“မင်း သွားသာသွားပြီး ပြန်မလာခဲ့ရင် ဘာတွေဖြစ်လာမလဲ တွေးထားရဲ့လား။”

လုလျန့်ဝေ အနည်းငယ် တိတ်ဆိတ်သွားသည်၊ သို့သော် သူမ ခေါင်းယမ်းလိုက်ပြီး ယုံကြည်ချက်ရှိစွာ ပြန်ဖြေသည်။

“ကျွန်မ သေချာပေါက် ပြန်လာနိုင်မှာမို့ အဲဒီလို တစ်ခါမှ မတွေးခဲ့ဖူးဘူး။”

သူမ ယခင်ဘဝက ဆေးပင်ခူးရန် မကြာခဏ သွားဖူးပြီး တောအုပ်အိုကြီးများနှင့် တောင်တန်းနက်နက်များကို ခဏတိုင်း ရောက်ဖူးခဲ့သည်။ ဘယ်အခေါက်ကများ အန္တရာယ်မရှိဖူးလို့လဲ။ သို့သည်တိုင် သူမ တစ်ခါမှ မအောင်မြင်ခြင်း မရှိခဲ့ပေ။

ဆေးပင်ခူးရာတွင် သူမမှာ အတွေ့အကြုံအများကြီး ရှိသည်။ လာမည့် ရှန့်ထော်တောင်ထိပ်ဆီသို့ခရီးအတွက် သူမ အတော်လေး ယုံကြည်ချက်ရှိသည်။

လုံယျန်မှာ သူမအမူအရာမှ ဖြာထွက်နေသော စိတ်ပါဝင်စားမှုများကြောင့် အနည်းငယ်အံ့အားသင့်သွားသည်။

သူသိသလောက်ဆိုလျှင် လုလျန့်ဝေမှာ လုဟယ်ထျန်း ဖူးဖူးမှုတ်အလိုလိုက်ခံရမှုအောက် ကြီးပြင်းလာခြင်းဖြစ်သည်။ သူမ ငယ်စဉ်ကတည်းက တစ်ခါမှ အလုပ်ကြမ်းမလုပ်ဖူးဘဲ သူမဘာသာ အိမ်မှ တစ်ယောက်တည်း ခရီးရှည်ကြီးလည်း မထွက်ဖူးခဲ့ပေ။

ရှန့်ထော်တောင်ထိပ်ကဲ့သို့ အန္တရာယ်များသောနေရာအကြောင်း ကြားလျှင် လူအများစုမှာ ကြောက်ရွံ့ထိတ်လန့်သွားကြမည်သာဖြစ်သည်။ ထိုနေရာသို့ ကိုယ်တိုင်သွားဖို့ရွေးခြယ်မည်ကို မပြောနှင့်ဦး။လုလျန့်ဝေမှာတော့ လုံးဝမကြောက်သည့်အပြင် အဘယ်ကြောင့် ခရီးထွက်ရန် မစောင့်နိုင်တော့ပုံပင်ပေါ်နေရတာလဲ။

“ကြည့်ရတာ မင်း တကယ်သွားချင်နေတဲ့ပုံပဲ၊ ရှန့်ထော်တောင်ထိပ်မှာ မင်းလိုချင်တာတစ်ခုခုများ ရှိနေလို့လား။”

သူ့အတွက်ကြောင့်နှင့် သူမက ရှန့်ထော်တောင်သို့သွားကာ အန္တရာယ်များကို လိုလိုလားလား ရင်ဆိုင်ပေးလိမ့်မည်ဟု သူ မယုံပေ။

သူမတွင် ရှန့်ထော်တောင်ထိပ်သို့ သွားလိုရသည့် အခြားသောရည်ရွယ်ချက်တစ်ခု ရှိနေကာ သူ အဆိပ်‌ဖြေရန်အတွက် ဆေးပင်ခူးဖို့က ဒုတိယဦးစားပေးသာဖြစ်သည်ဟု သူ ထင်နေပါသည်။

ဆက်ရန်__

အပိုင်း (၉၄) - သူ့သခင်က တစ်ခုခုတော့ မူမမှန်ဘူး။

March 1, 2024 by Duan Fei Lin (段飞林)

သူ့စူးရှသောမျက်လုံးများ သူမပေါ်က ဖြတ်သွားသည့်အခါ လုလျန့်ဝေမှာ အနည်းငယ်ရှက်မိသွားသည်။

သူမရဲ့ ဖြောင့်မတ်မှန်ကန်သော သစ္စာရှိသည့်လုပ်ရပ်မှာ အမှန်တကယ်တော့ သူ့အတွက် လုပ်ပေးခြင်းမဟုတ်မှန်း သိသွားရင် သူမကို ရာဇဝတ်မှုကျူးလွန်မှုနဲ့ စွပ်စွဲလိမ့်မလား။

သူ့ရဲ့အားလုံးကို ထိုးဖောက်မြင်နိုင်ဟန်ရှိသော အကြည့်စူးစူးများအောက် လုလျန့်ဝေမှာ သူမရဲ့ တကယ့်အတွေးများကို ဖုံးမထားနိုင်တော့ဟု ခံစားလိုက်ရသည်။ သူမ ပွင့်ပွင့်လင်းလင်းသာ ချပြရန် ဆုံးဖြတ်လိုက်တယ်။

“အရှင်မင်းကြီးပြောတာ မှန်ပါတယ်၊ ကျွန်မ ရှန့်ထော်တောင်ကို သွားရတာက အဓိကအနေနဲ့ ဆေးမြစ်ဆေးပင် တချို့တလေ ခူးယူချင်လို့ဖြစ်ကြောင်းပါ၊ နှင်းကိုက်နာအဆိပ်အတွက် လိုအပ်တဲ့ဆေးပင် ယူတာက လမ်းကြုံသွားတဲ့ကိစ္စတစ်ခုပါပဲရှင်။”

လမ်းကြုံ တဲ့လား။

လုံယျန်မှာ သူမကအဆင်သင့်စွာ ဝန်ခံလိုက်သည်ကို မအံ့ဩပေ၊ သို့သော် တစ်ချိန်တည်းမှာပဲ သူမ တည့်တိုးဆန်စွာ ရှင်းပြလိုက်ခြင်းကြောင့် အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။

သို့သော် သူဘာလို့မပျော်ရွှင်ရခြင်းကိုတော့ အတိအကျ ခေါင်းစဉ်တပ်မပြောနိုင်ပါချေ။

သူက ဧကရာဇ်ဖြစ်သည်၊ သူ့ထံတွင် ချွင်းချက်မရှိသော အာဏာရှိသည်။ သူ့အနားရှိ လူအားလုံးသည် သူ့အမိန့်ကို သတိတကြီး ဂရုတစိုက် နာခံကြရမည်ဖြစ်ပြီး သူ့ကိုသာ အဓိကဦးစားပေးအဖြစ် ထားရှိရမည်ဖြစ်သည်။ ယခုတော့ သူနှင့်ကွာခြားသော တစ်စုံတစ်ယောက်နှင့် ကြုံနေရပြီ၊ မမျှမတ ဆက်ဆံခံရခြင်းကို သူ မနေနိုင်ဘဲ သတိထားမိလိုက်သည်။

သူ မျက်လုံးများကိုပင့်ကာ သူ့နံဘေးတွင်ရပ်နေသည့် မိန်းမပျိုလေးကို ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းများ အနည်းငယ် တင်းကြပ်စွာ စေ့သွားပြီး စိတ်မကျေနပ်မှုကို ခပ်ရေးရေး ဖော်ပြလို့‌ေနသည်။

ဒီကလေးမကတော့ ပွင့်လင်းလိုက်တာမှ လုံးဝ သဘောကျချင်စရာကောင်းမနေဘူးပဲ။ဒီတော့ သူမအမြင်မှာ သူ့ကို အဆိပ်ဖြေပေးခြင်းက အရေးပေါ်ကိစ္စ မဟုတ်ဘဲ ကြုံကြိုက်လို့ လုပ်ပေးလိုက်တဲ့ကိစ္စတစ်ခုပဲ ဖြစ်နေတာပေါ့လေ။

လုလျန့်ဝေမှာ ဧကရာဇ်အရှင်က ဘာတွေတွေးနေသည်ကို မသိ။ သို့သော် သူ့မျက်နှာထက် ဖြစ်တည်လာသည့် မသာမယာအရိပ်အယောင်ခပ်ပါးပါးက သူ့လက်ရှိစိတ်အခြေအနေအကြောင်း သူမကို အသိပေးလိုက်သည်။

သူမ တစ်ခုခု မှားပြောမိလိုက်လို့လား။

သူမမှာ ဧကရာဇ်ကို မြန်မြန်ဆန်ဆန် စည်းရုံးပြီး ထိုမလိုအပ်သော အတွေးများကို ထားခဲ့ဖို့ရာ ချက်ချင်းလက်ငင်း ခရီးစ,ထွက်လိုခြင်းသာ ဖြစ်သည်။ သူမက ပြောလိုက်သည်။

“အရှင်မင်းကြီး၊ အရှင့်ရဲ့နိမ့်ကျ‌တဲ့လက်အောက်ငယ်သားက ရှန့်ထော်တောင်ကို ခရီးထွက်ဖို့ စိတ်ဆုံးဖြတ်ထားပြီးကြောင်းပါ၊ခရီးရဲ့ ရည်ရွယ်ချက်က အရှင်မင်းကြီးအတွက် လုံးလုံးမဟုတ်နိုင်ပေမယ့် အရှင်မင်းကြီး ကျွန်တော်မျိုးမကို မတားဖို့ မျှော်လင့်ပါတယ်။”

လုံယျန်ရဲ့မျက်လုံးအကြည့်များက ဦးတည်ချက်မဲ့သွားလျက်။ သူမရဲ့ ‘အရှင်မင်းကြီး’ နှင့် ‘နိမ့်ကျတဲ့လက်အောက်ငယ်သား’ ဟု အထပ်ထပ်ပြောနေသံများက သူ့နားထဲ နားကလော်နေသည်။သူ့နှုတ်ခမ်းဖျားများထက် အေးစက်မှုများ စွန်းထင်းလျက်ပင်။

“မင်း သေလမ်းကို လျှောက်ချင်ရင်လည်း ငါကိုယ်တော် မတားဘူး၊ ခြေလှမ်းတော့ ကြည့်လျှောက်ပေါ့!”

လုလျန့်ဝေ သူ့စကားများကို တစ်စက်ကလေးမှ မကြိုက်ပါ။

သူမ ထိုခွေးလေးလို ဧကရာဇ်ကို တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ သူ စကားကောင်းကောင်းမွန်မွန် မပြောတတ်ဘူးလား။

သေလမ်းကို လျှောက်နေတယ်ဆိုတာ ဘာသဘောလဲ။

ဖွီ! ဖွီ!

မည်သို့ဆိုစေကာမူ သူမ ရှန့်ထော်တောင်ကို သွားခြင်းမှာ သူ့နှင်းကိုက်နာအဆိပ်ဖြေဆေးအတွက် ဆေးပင်ယူရန်လည်း ဖြစ်သည်။ သူမအား သေလမ်းလျှောက်သလေးဘာလေးနှင့် ဘာလို့ နမိတ်မရှိနမာမရှိများ ပြောနိုင်ရတာလဲ။

လုလျန့်ဝေ အတော်လေး စိတ်ဆိုးသွားသည်။ သူမ သူ့ဘက်လှည့်ကာ ခါးအနည်းငယ်ညွှတ်လိုက်ရင်းဖြင့် ပြောသည်။

“ရှန့်ထော်တောင်ဆီသွားတဲ့ခရီးမှာ အရှင်မင်းကြီးအတွက် ဆေးပင်ကို အောင်အောင်မြင်မြင် ခူးလာနိုင်ဖို့ ကျွန်မ ဆုတောင်းပါတယ်ရှင်၊ အခြားအမိန့်ပေးစရာများ မရှိတော့ရင် ကျွန်မ နန်းတွင်းကနေ ပြန်သင့်ပါပြီ။”

ထိုသို့ဖြင့် သူ စကားတစ်လုံးမှ မပြောနိုင်ခင် သူမ မတ်မတ်ရပ်ကာ အယောင်ပြကျိုးနွံမှုဖြင့် စာကြည့်ဆောင်ထဲမှ ထွက်သွားတော့သည်။

လုံယျန်မှာ နေရာတွင်သာ အတောင့်လိုက် ကျန်ခဲ့သည်။

အချိန်အတန်ကြာအထိ သူ ထိုအခြေအနေအား စိတ်ရှုပ်စရာလည်းကောင်းသလို အပျင်းပြေရသည်ဟုလည်း ခံစားမိလေသည်။

ထိုမိန်းကလေးက ထိုးနှက်ချက်တစ်ခုကိုပင် မခံနိုင်၊ အလျင်အမြန် ပြန်ခံပြောသည်ပဲ။

သူမကို သေလမ်းလျှောက်နေသည်ဟု သူ ပြောခဲ့သည်၊ သို့နှင့် သူမက ဆေးပင်ကို အောင်အောင်မြင်မြင် ခူးလာနိုင်ဖို့ ဆုတောင်းပါသည်ဟု သူ့အား ပြန်ပက်သည်။မပြောဘဲ ကျန်နေခဲ့သောစကားများမှာ ဆေးပင်သာ ရှာမတွေ့နိုင်လျှင် သေမည့်သူက သူသာဖြစ်သည်ဟု အရိပ်အမြွက်ပြခြင်း ဖြစ်နိုင်သည်။

လုံယန်ျမှာ မိမိ အကြီးအကျယ် ဒေါသထွက်သွားလိမ့်မည်ဟု ထင်ထားခဲ့သည်၊ သို့သော် အံ့ဩဖို့ကောင်းစွာပင် သူ့ကိုယ်ကို ထင်ထားသလောက် သူ ဒေါသမထွက်ခဲ့။ ထိုအစား ဤအဖြစ်ကို အနည်းငယ် စိတ်ပျော်စရာကောင်းသည်ဟု ခံစားမိသေးသည်။

ကျောက်ချန်က တံခါးအပြင်ဘက်တွင်သာ ရှိနေသည်။ သူ ထိုအမိန့်ကိုကြားသောအခါ ချက်ချင်းပြန်ဖြေလိုက်သည်။

သူ သွားဖို့ပြင်စဉ်တွင် သူ့သခင်က ဆက်ပြောသည်ကို ကြားလိုက်ရသည်။

“သိုလှောင်ခန်းကို သွား၊ ပစ္စည်းကောင်းကောင်းတချို့ရွေးပြီး သူနဲ့ ထည့်ပေးလိုက်ချေ၊ များများထည့်ပေးလိုက်။”

ကျောက်ချန် အံ့ဩသွားပြီး အချိန်အတန်ကြာမှ စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားရသည်။ သူ ခပ်မြန်မြန်ပြန်ဖြေလိုက်သည်။

ကျောက်ချန်မှာ သိုလှောင်ခန်းသို့ သွားနေရင်းနှင့်စိတ်ရှုပ်ထွေးနေဆဲဖြစ်ပြီး သူ့ဘာသာ ပွစိပွစိ ရေရွတ်နေသည်။

သခင်က အကောင်းကြီးကနေ ဘယ်လိုလုပ် ဒုတိယသခင်မလေးလုကို လက်ဆောင်တွေ ချီးမြှင့်ချင်ပြန်ပြီလဲ။ အကောင်းစားထဲက ရွေးပြီး ရက်ရက်ရောရော ချီးမြှင့်ဖို့တောင် သူ့ကို အမိန့်ပေးလိုက်သေးတယ်။

ထူးဆန်းတယ်.... တကယ်ထူးဆန်းတယ်။

သူ့သခင်က တစ်ခုခုတော့ မူမမှန်တော့ဘူး

ဆက်ရန်__

Chapter 95

March 3, 2024 by Nay Chi Lynn

အပိုင်း (၉၅) - ဧကရာဇ်က ကျွန်မကို သတိပေးချင်တာလား။

ဒုတိယသခင်မလေးလုကို တောင်ပင်လယ်ပုလဲများ ချီးမြှင့်ခဲ့သည်မှာ မကြာသေးဘူးမဟုတ်ပါလား။

သူ့သခင်သည် လူတစ်ယောက်အား တစ်ခါထက်ပို၍ လက် ဆောင်ပဏ္ဏာချီးမြှင့်ရသည်အထိ ဘယ်တုန်းကမှ မရက်ရောခဲ့။

သူ့သခင်လို ဧကရာဇ်အရှင်က သဘောတော်တွေ့ပြီး ဆက်တိုက် လက်ဆောင်တွေ ချီးမြှင့်နေရအောင်အထိ ဒုတိယသခင်မလေးလု ဘာတွေများလုပ်လိုက်ပါသနည်း။

ကြည့်ရသည်မှာ ဒုတိယသခင်မလေးလု နန်းတွင်းဝင်တိုင်း သူ့သခင်က လက်ဆောင်များ ပုံပေးနေပုံပေါ်သည်။ ထိုသို့သာ ဆက်ဖြစ်နေလျှင် သိုလှောင်ခန်းက မကြာမှီပင် ပြောင်သလင်းခါသွားပေတော့မည်။

ကျောက်ချန် နည်းနည်းလေး စိတ်ပူမိသည်။

လုလျန့်ဝေမှာ သူမမြင်းလှည်းက ပစ္စည်းများဖြင့် ပြည့်နေသည်ကိုကြည့်ရင်း အနည်းငယ် ကြောင်တောင်တောင်ဖြစ်နေသည်။ သူမ ဇဝေဇဝါဖြင့် မေး၏။

“အိမ်တော်ထိန်းကျောက် တခြားနေရာတွေကို လက်ဆောင်သွားပို့မလို့လားဟင်။”

ကျောက်ချန်မှာ နာကျင်နေသော အကြည့်များကို လက်ဆောင်များထံမှ ဖယ်လိုက်ပြီး ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်လေသည်။

“ကျွန်တော်က အရှင်မင်းကြီးအမိန့်နဲ့ ဒုတိယသခင်မလေးလုကို အိမ်တော်ပြန်လိုက်ပို့ပြီး ဒီလက်ဆောင်တွေကိုလည်း အိမ်တော်ကို ပို့ပေးဖို့ပါ။”

လုလျန့်ဝေ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်၏။ သူမ နားကြားမှားသွားသည်ဟု ထင်လိုက်သည်။

ဧကရာဇ်နှင့် သူမ စာကြည့်ဆောင်ထဲတွင် စကားပြောခဲ့ကြသည်မှာ ကောင်းကောင်းအဆုံးမသတ်ခဲ့ရပေ။ လုံယန်က သူမကို ပြစ်ဒဏ်ပေးမည်ဟု သူမ ထင်ထား၍ စိတ်ကိုပင် ပြင်ဆင်ထားသေး၏။

သို့သော်ငြား သူမ အပြစ်ဒဏ်မှ ရှောင်လွှဲနိုင်ခဲ့ရုံသာမက မြင်းလှည်းတစ်စီးလုံးအပြည့် လက်ဆောင်များပင် ရလိုက်သေးသည်။

သူမ တုံ့ဆိုင်းနေပြီးနောက်မှ ကျောက်ချန်ကို ကြည့်လိုက်သည်။

“အရှင်မင်းကြီးက ကျွန်မကို သတိပေးချင်လို့ ဒီလက်ဆောင်တွေ ပေးသနားတော်မူလိုက်တာလားရှင့်။”

ကျောက်ချန် ထိုစကားများကို ကြားစဉ်က မြင်းလှည်းပေါ် တက်နေရင်းတန်းလန်းဖြစ်၍ ခြေချော်ကာ လှည်းပေါ်မှ ပြုတ်ကျလုနီးပါးပင် ဖြစ်သွားရသည်။

ကံကောင်းစွာပင် သူ သိုင်းပညာကျွမ်းကျင်မှုကြောင့် အချိန်မှီ ဟန်ချက်ပြန်ထိန်းနိုင်သွားခြင်းဖြစ်၏။

သူ လုလျန့်ဝေအား နားမလည်နိုင်စွာ ကြည့်လိုက်သည်။ ထိုသို့သော ‘သတိပေးချက်’မျိုးဆိုလျှင်တော့ သူကိုယ်တိုင်ပင် လိုလိုလားလား လိုချင်ပါသေး၏။ တစ်နေ့ကို ၁၀ ခု ၁၂ ခုလောက် ရရင် ပိုတောင်ကောင်းသေးသည်။

သူ့၏ ဖြူဖျော့ဖျော့ ခပ်ဖိုင့်ဖိုင့်မျက်နှာ မသိမသာ လှုပ်သွားသည်ကို လုလျန့်ဝေ တွေ့လိုက်ရသည်၊ သူက တစ်ခုခု ပြောချင်နေသော်လည်း ဖိအားပေး၍ အတင်းအကြပ် ပါးစပ်ပိတ်ထားရသည့်အလား။ ရုတ်တရက် သူမ ဘယ်လောက်တောင်တုံးအစွာ မေးခဲ့မိကြောင်း လုလျန့်ဝေ သတိထားမိသွားရ၏။သူမ ခပ်ခြောက်ခြောက် ရယ်လိုက်ပြီး လက်ဆောင်ပုံကြီးထဲမှ သေတ္တာတစ်လုံးကို ယူလိုက်ကာ ကျောက်ချန်အား ပေးလိုက်သည်။

လက်ဆောင်များ ရွေးခဲ့သည်မှာ သူဖြစ်သည်။ သေတ္တာထဲတွင် ဘာပါသလဲ တစ်ချက်ကြည့်ရုံနှင့်သူသိသည်။

ထိုသေတ္တာတွင် အရည်အသွေးအကောင်းစားဂျင်ဆင်း ပါဝင်သည်။ ၎င်းက နှစ်ပေါင်း ၂၀၀ မဟုတ်လျှင်တောင် ၁၀၀ လောက်တော့ ရှိလောက်မည်။ ဂျင်ဆင်းက အင်မတန်အဖိုးတန်၏။ ပိုက်ဆံရှိလျှင်ပင် ဝယ်ရခက်လေသည်။

ကျောက်ချန် တစ်ခဏမျှ တုံ့ဆိုင်းလို့နေသည်။ လက်ခံရမည်လော၊ လက်မခံဘဲနေရမည်လော။

သူ ငြင်းလိုက်လျှင် သူ့သခင်၏ သိုလှောင်ခန်းထဲ အရည်အသွေးကောင်း ဂျင်ဆင်းတစ်ခု လျော့သွားပေလိမ့်မည်။ ယူထားလိုက်လို့ သူ့သခင် သိသွားပါက သူ ရလာဒ်ကို ခံစားရလောက်မည်လား။

ကျောက်ချန်မှာ ဤခက်ခဲလှသော ဆုံးဖြတ်ချက်ကြီးအတွက် တစ်ခဏမျှ ရုန်းကန်စဉ်းစားခဲ့ရပြီးနောက် ပင်ပန်းကြီးစွာပင် ငြင်းဆန်လိုက်လေသည်။

“ဒုတိယသခင်မလေးခင်ဗျာ၊ ဒါတွေက အရှင်မင်းကြီးက သခင်မလေးကို ပေးထားတာပါ၊ ကျွန်တော် လက်မခံရဲပါဘူး။”

လုလျန့်ဝေက သူ့ကို တစ်ချက်အကဲခတ်ပြီးနောက် သူအလေးအနက် ငြင်းနေခြင်းဖြစ်ကြောင်း အတည်ပြုပြီးသွားသောအခါ သေတ္တာကို ဘေးသို့ပစ်လိုက်သည်။

သေတ္တာမှာ ဘုတ်ခနဲဖြင့် လက်ဆောင်ပုံထဲ ပြုတ်ကျကာ ပျောက်ကွယ်သွားတော့သည်။

သူမ ဘေးသို့ ပေါ့ပေါ့ပါးပါးပစ်လိုက်သည့် သေတ္တာမှာ ထိပ်တန်းအကောင်းစားဂျင်ဆင်း ပါနေသည်ကို ဒုတိယသခင်မလေးလု သိပါမည်လော။

လုလျန့်ဝေက မြင်းလှည်းကို အရှေ့နန်းဆောင်ဆီ မောင်းစေကာ ကျူးယွိကို ဝင်ကြိုပြီးမှ နန်းတွင်းထဲက ထွက်လာခဲ့သည်။

လုလျန့်ဝေက ကျူးယွိလက်ထဲရှိ သေတ္တာကို လှမ်းကြည့်လိုက်သည်။

“အဲဒါ အိမ်ရှေ့စံမိဖုရားက အဘွားအတွက် ပေးလိုက်တာလား။”

ဤနေရာတွင် ကျောက်ချန်ရှိနေသဖြင့် သူမ လုယွင်ရွှမ်းအကြောင်း မပြောဘဲ ပါးစပ်ပိတ်ထား၏။

လုလျန့်ဝေက ခေါင်းညိမ့်လိုက်ကာ ဘာမှပြောမလာပေ။

သည်ကနေ့ ဖြစ်ပျက်ခဲ့သည်များမှာ ဘာသက်သေမှ မရှိသော်လည်း နန်းတွင်းအပျိုတော်လေးကိစ္စက လုယွင်ရွှမ်းလုပ်ခြင်းပင်ဖြစ်ရမည်။

သူမ တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်၏။ အားလုံးက လုယွင်ရွှမ်း၏ အကွက်ချကြံစည်မှုများပင်။

သူမအား မည်သို့သောထောင်ချောက်များ စောင့်ကြိုနေပါလိမ့်ဟု သူမ တွေးမိသေး၏၊ နေ့တစ်ဝက်လောက် စောင့်အပြီးမှာတော့ ဒီလို ဖြစ်ကတတ်ဆန်း ဗြုတ်စဗျင်းတောင်းအကြံအစည်တစ်ခုသာ ဖြစ်နေတော့သည်။

လုယွင်ရွှမ်းသည် သူမအား ရေကန်ထဲ ပြုတ်ကျကာ ယောင်္ကျားတစ်သိုက်၏ ကယ်ဆယ်ခြင်း ခံရစေချင်သည်။ ထိုအခါတွင် လုယွင်ရွှမ်းကာ သူမ ဂုဏ်သိက္ခာ ညစ်နွမ်းသွားပါပြီဟုဆို၍ သတင်းများ လိုက်ဖြန့်ပေလိမ့်မည်။ ထိုသို့ပေလော။

လုလျန့်ဝေ ခေါင်းယမ်းကာ သက်ပြင်းချမိလေသည်။

All Chapters