← Chapters

အခန်း (၉၆-၉၈)

Vol. 2 Ch. 96-98

အခန်း (၉၆-၉၈)

Vol. 2 Ch. 96-98

Chapter 96

March 3, 2024 by Nay Chi Lynn

အပိုင်း (၉၆) - အတွင်းဒဏ်ရာရတော့မလိုတောင် ဖြစ်သွားရတယ်။

လုလျန့်ဝေ စီးနင်းလာသော မြင်းလှည်းက မြို့စားမင်းစံအိမ်တော် တံခါးဝသို့ ရောက်လာ၍ ဖြည်းဖြည်းချင်းရပ်ရုံသာ ရှိသေးသည်၊ ‌နောက်ထပ် မြင်းလှည်းတစ်စီးက အနောက်မှ မောင်းလာ၏။

လုလျန့်ဝေ လှည်းပေါ်မှ ဆင်းလာသောအခါ အခြားလှည်းပေါ်ရှိ လိုက်ပါသူများလည်း ဆင်းလာကြသည်။

လုလျန့်ဝေက ဆင်းလာသူများကို မြင်သော် မျက်ခုံးပင့်လိုက်သည်၊ သို့သော် သူမ မအံ့ဩနေချေ။

ကိုယ်လုပ်တော်ကျိန့် အဝေးပို့ခံလိုက်ရသည်ကို လုယွင်ရွှမ်း ငြိမ်နေမှသာ ထူးဆန်းပေရော့မည်။

လုံချီ မြင်းလှည်းပေါ်မှ ဆင်းလာပြီးနောက် သူ လုယွင်ရွှမ်းကို ဆင်းရန် ကူပေးသည်။

လုယွင်ရွှမ်းက အတော် နုနယ်အားနည်းသော အရာလေးတစ်ခုအလား သူက အင်မတန်ညင်သာကာ ဂရုတစိုက်ရှိနေ၏။

ကျောက်ချန်သည် လုလျန့်ဝေ၏မြင်းလှည်းထဲမှ ပစ္စည်းများအား အိမ်တော်ထဲသို့ ပို့ရန် မိန်းမစိုးငယ်များကို ညွှန်ကြားနေသည်။ သူ လုံချီကို သတိထားမိသောအခါ သူ့အကြည့်များ အနည်းငယ်လှုပ်ခတ်သွားပြီး အိမ်ရှေ့စံမင်းသားဆီ ချဉ်းကပ်သွားကာ ဦးညွှတ်လိုက်သည်။

လုံချီက ကျောက်ချန်ကို သတိထားမိသော် အနည်းငယ် အံ့အားသင့်သွား၏။ သူ့အကြည့်များက မိန်းမစိုးငယ်များ သယ်နေသော ပစ္စည်းများထံ ဝေ့ဝဲရောက်ရှိသွားသည်။ သူ့မျက်လုံးနက်နက်များထဲ သံသယရိပ်များ တလက်လက်တောက်နေလေသည်။ သို့သော် သူ နှုတ်ဆက်မှုကို အသိအမှတ်ပြုလိုက်သည်။

“အိမ်တော်ထိန်းကျောက် သိပ်ယဉ်ကျေးနေစရာမလိုပါဘူး၊ မင်းတို့ ဒါတွေက....”

လုံချီမှာ မသိလိုက်မသိဘာသာဖြင့် လုလျန့်ဝေထံ အကြည့်ရောက်သွားသည်။

လုယွင်ရွှမ်း၏ လက်ကိုင်ပဝါကို ကိုင်ထားသောလက်မှာ ချက်ချင်းပင် လက်သီးတင်းတင်းဆုပ်မိလျက်သား။

လုံချီနှင့် လုယွင်ရွှမ်းတို့၏ အတွေးများမှာ တစ်ခဏမျှ ရှုပ်ထွေးလို့သွား၏။

“ဝေ့ဝေ့ အိမ်ရှေ့စံအရှင့်သားနဲ့ ကြင်ယာတော်မိဖုရားတို့ကို နှုတ်ဆက်ပါတယ်။”

လုယွင်ရွှမ်းက သူမခေါင်းထဲရှိ ရှုပ်ထွေးနေသောအတွေးများကို အလျင်အမြန် ဘေးဖယ်ထားလိုက်သည်။ သူမ လုလျန့်ဝေအား အင်မတန်မုန်းတီးလှသော်လည်း သူမက အမြဲတစေ ခံစားချက်များကို ဖုံးကွယ်ထားရာ၌ ကျွမ်းကျင်လှသည်။သူမမျက်နှာထက် နွေးနွေးထွေးထွေး အပြုံးတစ်ပွင့်ဖြင့် ရှေ့သို့သွားကာ လုလျန့်ဝေအား မတ်မတ်ရပ်အောင် ဆွဲထူလိုက်သည်။

“ဘာလို့ ဒီလောက်ယဉ်ကျေးနေရတာလဲ ဝေ့ဝေ့ရဲ့၊ လာလာ မြန်မြန်ထလိုက်။”

လုလျန့်ဝေက ဤသည်ကို အခွင့်ကောင်းယူကာ မတ်မတ်ရပ်လိုက်သည်။ သူမ ထွက်သွားရန် ပြင်သော်လည်း လုယွင်ရွှမ်းက သူမကို တင်းတင်းကြပ်ကြပ် ဖမ်းဆွဲကာ တားထား၏။

“ညီမလေးရေ၊ တို့တွေ ဒီမှာ အတူလာဆုံမှတော့ အိမ်ထဲ တူတူဝင်ရအောင်လေ။”

လုလျန့်ဝေက နေရာတွင် ရှိနေသော လူအနည်းငယ်ကို ဝေ့ကြည့်လိုက်ပြီး ငြင်းဆန်ခြင်းမပြုပေ။ သူမ စည်းဝါးလိုက်ကာ ထောက်ခံလိုက်သည်။

လုယွင်ရွှမ်းက သူမကို အနည်းငယ် စိတ်ကောက်သောအကြည့်ဖြင့် ကြည့်သည်။

“ငါတို့က ညီအစ်မတွေပဲလို့ ပြောထားပြီးသား မဟုတ်လားနော်၊ ညီမလေးက သိပ်ယဉ်ယဉ်ကျေးကျေးဆက်ဆံနေရင်ဖြင့် မမတော့ စိတ်ထိခိုက်ရမှာပါပဲ။”

လုလျန့်ဝေမှာ နှုတ်ခမ်းများပင် ဆတ်ခနဲလှုပ်သွားသည်၊ သို့သော် သူမက ချက်ချင်းပင် ကြောက်ရွံ့နေဟန်အမူအရာ တပ်ဆင်လိုက်၏။

“မမ အဲဒီလိုပြောတော့ ကျွန်မနဲ့မထိုက်တန်သလို ခံစားရပါတယ်ရှင်။”

လုယွင်ရွှမ်း၏ အမူအရာမှာ မသိမသာ တောင့်တင်းသွားရသည်၊ သူမ ဆက်သရုပ်မဆောင်နိုင်တော့လုနီးပါးပင်။

သူမက ချက်ချင်းပင် လုလျန့်ဝေ၏လက်ကိုဆွဲလျက် သူမ ညီမဖြစ်သူက သူမအကြံအစည်များကို မဖျက်ဆီးလိုက်စေရန် အိမ်တော်အဝင်ဝသို့ အလျင်အမြန် လျှောက်သွားလိုက်လေသည်။

အိမ်တော်ထဲဝင်ရန် တံခါးဝရှိ တံခါးခုံမြင့်မြင့်ကို ကျော်ရမည်ဖြစ်သည်။ လုလျန့်ဝေ၏မျက်လုံးများက အကြိမ်အနည်းငယ် ဟိုဒီရွေ့သွားပြီးနောက် သူမလက်ချောင်းများကြားထဲ ငွေရောင်အလင်းတစ်စ ပေါ်ထွက်လာသည်။

လုယွင်ရွှမ်းက တံခါးခုံကိုကျော်ရန် ခြေထောက် မ,လိုက်စဉ်တွင် သူမဘယ်ဖက်ခြေထောက် ရုတ်တရက် ထုံသွားသည်ကို ခံစားလိုက်ရသည်။ သူမ ပျာယာခတ်သွား၍ ကိုယ်ဟန်ပျက်သွားကာ ထိတ်လန့်တကြားဖြင့် စူးခနဲ အော်လိုက်မိ၏။ ဟန်ချက်မထိန်းနိုင်သဖြင့် သူမ ရှေ့သို့ ထိုးကျသွားလေသည်။

ဤသို့အဖြစ်မျိုးအတွက် သူမ လုံးဝ မပြင်ဆင်ထားမိပေ။

ပုံမှန်နှင့်မတူစွာ ကျယ်လောင်လှသော ဒုန်းခနဲအသံက လေထုထဲ ပျံ့လွင့်သွားသည်။

ရှိနေကြသူအားလုံးမှာ ထိတ်လန့်၍ အသံတိတ်ကျသွားကြလေသည်။

လုံချီက လုယွင်ရွှမ်း၏အော်သံကို ကြားသောအခါ သူမကို ထိန်းပေးရန် အပြေးအလွှား ရောက်လာသည်၊ သို့သော် သူ လက်ဆန့်ပေးရုံသာ အချိန်မှီလိုက်၏။

ထိုအချိန်တွင် လုယွင်ရွှမ်းက မြေပေါ် ဟပ်ထိုးလဲကျသွားပြီဖြစ်သည်။ လက်ဆန့်ရင်းတန်းလန်းဖြင့် လုံချီမှာ မြေကြီးပေါ်သို့ မျက်နှာစိုက်လျက်ကျသွားသော သူ့ဇနီးဖြစ်သူကို အထိတ်တလန့်ဖြင့် ကြောင်ကြည့်နေရုံသာ တတ်နိုင်လေသည်။

လုလျန်ဝေ့မှာ လုံချီ၏ တုံးအအပုံစံကို မြင်သော် မရယ်မိစေရန် အကောင်းဆုံး ကြိုးစားထိန်းထားရ၏။

တစ်ခဏမျှကြာပြီးနောက် အားလုံး အသိပြန်ဝင်လာကြသည်။ ထိုအခါမှသာ လုယွင်ရွှမ်းကို ထူပေးရန် ကမန်းကတမ်း ပြေးလာကြရာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားလေတော့သည်။

“ကြင်ယာတော်မိဖုရား အဆင်ပြေပါရဲ့လား။”

လုလျန့်ဝေကလည်း ထိတ်လန့်အံ့ဩရာမှ အသိစိတ်ပြန်ကပ်လာပုံဖြင့် စိုးရိမ်တကြီး မေးလေသည်။

လုယွင်ရွှမ်း၏ ရောင်ကိုင်းကာ အညိုအမည်းစွဲနေသော မျက်နှာကြီးကြောင့် ရှိနေကြသူအားလုံးမှာ မနေနိုင်ဘဲ နှုတ်ခမ်းစွန်းများ ယောင်ယောင်လေး တွန့်သွားကြရသည်။

ဤလုယွင်ရွှမ်းမှာ သူမ၏ နဂိုပုံမှန် လှပကျော့ရှင်းကာ သိက္ခာရှိသောပုံစံနှင့် အများကြီးကွာခြားနေလေသည်။

လက်ရှိတွင် သူမမျက်နှာမှာ ဟိုနေရာဒီနေရာ စိမ်းညို့ရောင် ခရမ်းရောင်အညိုအမည်းများဖြင့် နဖူးတွင်လည်း ဘုကြီးတစ်‌လုံး ရှိနေ၏။ ထို့အပြင် သူမနှုတ်ခမ်းများမှာလည်း ကိုယ့်သွားနှင့်ကိုယ် ကိုက်မိထားသေးသည်။ အင်မတန် ရယ်ချင်စရာကောင်းသောမြင်ကွင်းပင်ဖြစ်ပါ၏!

လုယွင်ရွှမ်း၏ လက်ရှိပုံစံကိုကြည့်ပြီး လုလျန့်ဝေမှာ ရယ်ချင်စိတ်ကို အောင့်ထားရလွန်း၍ အတွင်းဒဏ်ရာရလုနီးပါးပင် ဖြစ်သွားရသည်။

ဆက်ရန်__

Chapter 97

March 3, 2024 by Nay Chi Lynn

အပိုင်း (၉၇) - အစ်ကိုကြီး ချီခေါ်မယ်။

ကျူးယွိမှာ ခံစားချက်များ ထိန်းချုပ်ရာ၌ အတော်လေး မကျွမ်းကျင်ပါချေ။ သူမ ဆက်မထိန်းထားနိုင်တော့ဘဲ အသံထွက်ရယ်မိတော့လုဆဲဆဲတွင် လုလျန့်ဝေက သူမကို တစ်ချက် ဆိတ်ဆွဲလိုက်သည်။ ထိုအခါမှသာ သူမ အပြုံးရေးရေးကို အသည်းအသန် ဖုံးလိုက်ရ၏။

သို့သော်လည်း ကျုးယွိမှာ ရွှင်မြူးနေသေးသည်။

မြင်ရတာ အတော်လေးစိတ်ကျေနပ်စရာကောင်းသည်ပင်။ ယခုလိုအခြေအနေတွင် လုယွင်ရွှမ်း‌တစ်ယောက် ဆက်သရုပ်ဆောင်နိုင်ဦးမည်လောကို စောင့်ကြည့်ဖို့သာ ကျန်တော့သည်။

လုံချီက လုယွင်ရွှမ်းကို ပွေ့ဖက်လိုက်သည်။ သူမကို ထိုပုံစံနှင့်မြင်ရတာ သူ ရင်နာလှ၏၊ သို့သော် သူမ၏ ရောင်ကိုင်းနေသောမျက်နှာကြီးကို မြင်သော်အခါ သူ ဒေါသထွက်ရမလား ရယ်ရမလား မသိတော့ချေ။ သူ့၏ ခပ်ချောချောမျက်နှာ အနည်းငယ် တွန့်သွားရသည်။

“ရွှမ်းအာ...”

လက်ရှိတွင် လုယွင်ရွှမ်းမှာ သူမ၏ နဂိုက သိက္ခာရှိလှသောမျက်နှာလေး မည်သို့ဖြစ်သွားမှန်း မသိသေးချေ။ သူမ မျက်နှာနှင့်တည့်တည့်ကျသွား၍ နာကျင်နေသည်ကိုသာ သိသည်။ သူမ လုံချီ၏ရင်ခွင်ထဲ တိုးဝှေ့လိုက်ရင်း သူမ၏ အတော်လေး နစ်နာသွားမှုကို ဖော်ထုတ်ပြသသည်။

“အိမ်ရှေ့စံအရှင့်သား၊ ကျွန်မ မျက်နှာ နာသွားတာပဲရှင်...”

ထိုအခိုက်တွင် ရုတ်တရက် ရယ်သံတဖြတ်ကြားလိုက်ရသည်။ အားလုံး လန့်သွားကာ အသံလာရာဆီသို့ ကြည့်လိုက်သော် အားလုံးက အိမ်နေရင်းပေါ့ပေါ့ပါးပါး ဝတ်စားထားသော လုထင်ချန်းက အိမ်တော်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရ၏။

သူက အံ့ဩကြီးစွာဖြင့် လုယွင်ရွှမ်း၏ မျက်နှာကို ကြည့်နေသည်။

“ကြင်ယာတော်မိဖုရား ဘယ်လိုဖြစ်ရတာပါလဲ၊ မိဖုရားရဲ့ ပြီးပြည့်စုံတဲ့မျက်နှာတော်က ဘယ်နှယ့်လုပ် သည်လိုဖြစ်သွားရပါလိမ့်။”

လုလျန့်ဝေက လုထင်ချန်းအား အရိပ်အခြည်ပြသည့်အကြည့်တစ်ချက် တိတ်တဆိတ်‌ပေးလိုက်သည်။

ရှိနေကြသူများအနက် လုယွင်ရွှမ်းအား ပေါ်ပေါ်ထင်ထင် ရယ်ရဲသူမှာ သူတစ်ယောက်သာရှိသည်ပင်။

မည်သို့ဆိုစေကာမူ သူ့လေသံမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်လို့နေ၍ အခြားသူများ အမှားရှာမတွေ့နိုင်အောင်ရှိရသည်။

လုထင်ချန်း၏ မကောင်းဆိုးဝါးဆန်ဆန် ကျီစယ်ချင်သလိုမျက်နှာထက်ရှိ ဖုံးကွယ်မထားသော ပျော်ရွှင်မှုများကြောင့် လုလျန့်ဝေ မျက်ခုံးပင့်မိရသည်။

သူမရဲ့ ဒီအသစ်စက်စက်ရထားတဲ့အစ်ကိုက လုယွင်ရွှမ်းကို ဘယ်လောက်တောင်မုန်းနေတာပါလိမ့်။

သူမ ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။ သူမ တံခါးခုံအား မျက်စောင်းထိုးရင်းဖြင့် ‌ဒေါသတကြီး စွပ်စွဲတော့၏။

“အားလုံးက အဲဒီတံခါးခုံရဲ့အပြစ်ပဲ၊ ဘာလို့ အကြောင်းရင်းမရှိ အဲ့လောက်အမြင့်ကြီးဆောက်ထားရတာလဲလို့၊ အဲဒါကြောင့် မမက ဟန်ချက်ပျက်ပြီး ချော်လဲသွားရတာ။”

လုထင်ချန်း၏ နှုတ်ခမ်းစွန်းများ မသိမသာလှုပ်သွားသော်လည်း သူက စိတ်အားထက်သန်စွာဖြင့် ထောက်ခံလေသည်။

“မင်းပြောတာ အမှန်ပဲ၊ ဒီတံခါးခုံက တကယ်မြင့်လွန်းတာပဲ၊ ငါ မနက်ဖြန် အဖေ့ကိုပြောပြီး တစ်ယောက်ယောက်ကို ဖြတ်ချခိုင်းလိုက်မယ်၊ မဟုတ်လို့ ကြင်ယာတော်မိဖုရား ထပ်ချော်လဲရရင်တော့ ဒုက္ခများမှာပဲ။”

သူ ပြောရင်းဖြင့် လုလျန့်ဝေထံ လက်ဆန့်ပေးလိုက်သည်။

“ဝေဝေ ဒီကိုလာ၊ အစ်ကိုကြီး မင်းကို အထဲချီခေါ်သွားမယ်၊ ‌မင်း ချော်လဲပြီး မျက်နှာထိသွားရင် မြင်လို့ကောင်းမှာမဟုတ်ဘူးလေ။”

လုလျန့်ဝေက ချက်ချင်းပင် ပျာယာခတ်စိုးရိမ်သွားဟန် အမူအရာဖြင့် သူမမျက်နှာကိုထိကာ အကြောက်ကြောက်အလန့်လန့်အသံဖြင့် ပြောလေသည်။

“အစ်ကိုကြီး မြန်မြန်လာချီဦး၊ ကျွန်မဖြင့် မျက်နှာကြီး ဖူးရောင်မနေချင်ပါဘူးနော်။”

လုထင်ချန်း၏နှုတ်ခမ်းများ မသိမသာကော့တက်လို့သွား၏။ သူ လုလျန့်ဝေကို အေးအေးဆေးဆေးပင် မ,ကာ အိမ်တော်ထဲသို့ ချီခေါ်သွားလေသည်။

ကျောက်ချန်မှာတော့ ထိုမောင်နှမ၏ အပေးအယူမျှနေသောစကားဝိုင်းကို ကြည့်လို့နေ၏။

လုယွင်ရွှမ်းမှာ သူတို့စကားများကြောင့် အံ့ဩရသလို ဒေါသလည်းထွက်မိသည်။ ထိုအခါမှသာ သူမ ရုတ်တရက် တစ်ခုခုကို ခံစားမိလိုက်ပြီး လုံချီအား ကပျာကယာကြည့်လိုက်၏။

ထိုအမျိုးသား၏မျက်လုံးများမှာ နက်စိုလျက် အင်မတန်လှသည်။ သို့သော် ထိုမျက်ဝန်းလှလှများထဲ၌ လက်ရှိတွင် အလွန်ကြည့်ရဆိုးလှသည့် မလှမပမျက်နှာတစ်ခု ရောင်ပြန်ဟပ်လို့နေ၏။

လုယွင်ရွှမ်းမှာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်လို့သွားသည်။

အဲဒါ သူမတဲ့လား။

Chapter 98

March 4, 2024 by Nay Chi Lynn

အပိုင်း (၉၈) - သူမျက်နှာပူရတယ်။

လုလျန့်ဝေမှာ လုံချီအစား စိတ်ရင်းဖြင့် ရှက်မိလေသည်။

သူသည် ထီးနန်းဆက်ခံသူ ဖြစ်သော်လည်း လုံးလုံးလျားလျားပင် လျစ်လျူရှုခံလိုက်ရ၏။ ထိုကိစ္စက သူ့တွင် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု ဘယ်လောက်ကြီးမလဲ မှန်းဆကြည့်ရန် မခက်ပေ။

လုလျန့်ဝေနှင့် လုထင်ချန်းတို့မှာ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံသွားကြသည်၊ သူတို့နှစ်ယောက်လုံးမှာ လုံချီ၏ သနားစရာကောင်းမှုအား အတိုင်းအတာတစ်ခုအထိ ဝမ်းမြောက်နေကြလေ၏။

သို့သော် နန်းတွင်းအစေခံများမှာတော့ စိတ်မအေးနိုင်ကြပေ။ ၎င်းတို့အယောက်တိုင်းသည် ခေါင်းများငုံ့ထားကြ၍ အသက်ရှူမနေဟုပင် ထင်ရသည်။

ဤသို့ ထူးဆန်းနေသော လေထုအခြေအနေကြီးတွင် အဆုံး၌ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သူမှာ ကျောက်ချန်ပင်ဖြစ်သည်။

“အဟမ်းအဟမ်း၊ စိတ်ပူစရာမလိုပါဘူး အရှင့်သား၊ ကျွန်တော်တို့လည်း မကြာခင် နန်းတွင်း ပြန်မှာမို့ အရှင့်သားလည်း အတူလိုက်ခဲ့လို့ရကြောင်းပါခင်ဗျာ။”

လုံချီ၏ မျက်နှာအမူအရာမှာ နည်းနည်းလေး တောင့်တင်းနေကာ ရှက်ရွံ့နေပုံလည်းရသည်။ သူ့လက်များက လက်သီးဆုပ်အဖြစ် ပြောင်းသွားပြီး သူ့အသံကလည်း အင်မတန်မှ သဘာဝကျမနေပါချေ။

ကျောက်ချန်က ဝမ်းမြောက်စွာ ပြုံးလိုက်၏။

သူ့စကားများက လုံချီ၏ ရှက်ဖွယ်လိလိအခြေအနေကို ကူညီဖြေရှင်းပေးရာ မရောက်ပေ၊ ထို့ထက် ကိစ္စများကို ခုနကထက် ပို၍ကသိကအောက်ဖြစ်သွားစေလေသည်။

လုံချီအတွက် ကံဆိုးခြင်းပါပေ၊ သူ အမြဲတစေ လုယွင်ရွှမ်းအား အင်မတန်မှ အလိုလိုက်ချစ်မြတ်နိုးခဲ့သည်။ ယခုတော့ သူ ဤသို့အခြေအနေထိ အရှက်ခွဲခံလိုက်ရ၍ သူ့မှာ အတင်းအကြပ် ကြိတ်မှိတ်သည်းခံရန်သာ တတ်နိုင်တော့သည်။

ကျောက်ချန်၏ မလျော်ကန်သောစကားများကြောင့်လည်း သူ စိတ်အနှောင့်အယှက်ဖြစ်ကောင်းဖြစ်နေနိုင်၏၊ သို့သော် သူ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ၊ ကျောက်ချန်ကိုတော့ ဒေါသပေါက်ကွဲ၍မရပါ။

ကျောက်ချန်က ဧကရာဇ်၏ အနီးကပ်လူယုံတော်အမှုထမ်းဖြစ်နေခြင်းကြောင့်သာ မကပေ၊ ကျောက်ချန်မှာ ထိုရာထူးမရှိလျှင်တောင် ‘ပြုံးနေတဲ့သူကို ပါးမရိုက်ရ’ဟု ဆိုရိုးစကားလည်း ရှိသေးပေသည်။

သူ ကျောက်ချန်အပေါ် ဒေါသပုံချလိုက်လျှင် လုံချီသည် စိတ်သဘောထားသေးသိမ်သူတစ်ယောက် ဖြစ်‌သည်ဟု သူ့ကိုယ်သူသာ ရောင်ပြန်ဟပ်မည်ဖြစ်သည်။

လုထင်ချန်းက မသိမသာ မျက်ခုံးပင့်လိုက်ကာ လုံချီအား တရိုတသေ ပြောသည်။

“အရှင့်သား ကျွန်တော်တို့အိမ်ကိုလာတာ အရေးကြီးကိစ္စ ရှိလို့ပါလား၊ ဝင်ပြီး ထိုင်ပါဦးခင်ဗျာ။”

“နဂိုကတော့ ကျွန်တော်တို့ ကြည့်စရာလိုတာတစ်ခု ရှိပါတယ်၊ ဒါပေမယ့် ကြင်ယာတော်မိဖုရားက ချော်လဲကျပြီး ဒဏ်ရာရသွားတယ်လေ၊ ကျွန်တော် သူ့ကို စိတ်ပူတာနဲ့ အိမ်ရှေ့နန်းဆောင်ကို ပြန်ရပါဦးမယ်၊ ရွှမ်းအာ ပြန်သက်သာလာရင် မြို့စားမင်းမယ်တော်ကို နှုတ်ဆက်ဖို့ သူ့ကို ပြန်ခေါ်လာခဲ့ပါ့မယ်၊ ဆက်ခံသူ ကျွန်တော့်အစား မြို့စားမင်းမယ်တော်ကို အသိပေးပေးပါဦး။”

“အိမ်ရှေ့စံအရှင့်သား မပူပါနဲ့ခင်ဗျာ၊ ကျွန်တော်သေချာပေါက် မြို့စားမင်းမယ်တော်ကို စကားပါးပေးလိုက်ပါ့မယ်။”

လုံချီက ပြန်ဖြေသည်။ သူ့အကြည့်များက လုထင်ချန်းဘေးတွင်ရပ်နေသော လုလျန့်ဝေထံ ဝေ့ဝဲသွား၏။ အကြောင်းရင်းတချို့ကြောင့် သူမ၏ အေးစက်ကြည်လင်နေသောအကြည့်များနှင့် ဆုံသောအခါ သူ့မျက်နှာ ရှိန်းခနဲပူလောင်သွားရပြီး အနည်းငယ် အရှက်ရမိသည်။

မိန်းမစိုးအငယ်များမှာ မြင်းလှည်းထဲမှပစ္စည်းအားလုံးကို ရွှေ့ပြီးသွားကြပြီဖြစ်သည်။ ကျောက်ချန်မှာ အပြုံးပန်းဝေနေသောမျက်နှာဖြင့် လုလျန့်ဝေအား စာရင်းတစ်ခု ကမ်းပေးလာ၏။

“အားလုံးရွှေ့ပြီးသွားပါပြီ ဒုတိယသခင်မလေးလု၊ ဒါ ပစ္စည်းစာရင်းပါခင်ဗျာ၊ တစ်ချက်လောက် စစ်ကြည့်ပေးပါဦး၊ ပြီးရင် ကျွန်တော့်တာဝန်ပြီးဆုံးပြီမို့ နန်းတွင်းပြန်ပါတော့မယ်။”

“အိမ်တော်ထိန်းကျောက် ဒုက္ခများရပါပြီ၊ စာရင်းကတော့ စစ်ကြည့်စရာမလိုတော့ပါဘူးရှင်၊ ကျွန်မ အိမ်တော်ထိန်းကျောက်ကို အကြမ်းရည်လေးသောက်ဖို့ ဖိတ်ချင်သေးပေမယ့် နန်းတွင်းပြန်ဖို့က အလျင်လိုနေတာဆိုတော့ ဆွဲမထားတော့ပါဘူး။”

ကျောက်ချန်မှာ သူမစကား၏ ပထမတစ်ဝက်ကို ကြားလိုက်ရသောအခါ စိတ်ချမ်းသာသွားရသော်လည်း ဒုတိယတစ်ဝက်အတွက်မူ နည်းနည်းလေး မကျေနပ်ပေ။

သူ့မှာ သူမအိမ်သို့ပင် တကူးတက လာပို့ပြီး ဟိုဟာလုပ်လိုက်ဒီဟာလုပ်လိုက်နှင့် အတော်လေး အလုပ်များခဲ့ရသော်လည်း အကြမ်းရည်လေးတစ်ခွက်တောင် မသောက်နိုင်လိုက်ပါချေ။

ဒုတိယသခင်မလေးလုက သူ့ကို ဧည့်မခံချင်တာ အသိသာကြီးပါလား။

သူ့အမူအရာမှာ အနည်းငယ် စိတ်ခုနေဟန်ဖြင့်။

အလျင်မလိုပါဘူးဟူသော စကားများ မထွက်နိုင်သေးခင်မှာပဲ လုထင်ချန်းထံမှ စကားဖြတ်ပြောခံလိုက်ရသည်။

ကျောက်ချန်မှာ နစ်နာခံရသောအကြည့်ဖြင့် သူ့ကို တစ်ချက်ကြည့်လိုက်သည်။

ဤမောင်နှမနှစ်ယောက်က ဒီပုတ်ထဲကဒီပဲများသာဖြစ်ကြောင်း မြင်နိုင်ပါသည်။

သူ အနည်းငယ် စိတ်မကျေနပ်‌သောလေသံဖြင့် ပြန်ဖြေလိုက်သည်။

ထိုသို့ဖြင့် သူ လုံချီဘက်သို့လှည့်ကာ တလေးတစားပြောလိုက်သည်။

“အင်း။”

လုံချီက ခံစားချက်မပါစွာ ပြန်ဖြေပြီး မြင်းလှည်းပေါ် တက်လိုက်သည်။

မြင်းလှည်းက အတော်အတန် အလှမ်းဝေးသွားသောအခါ လုလျန့်ဝေမှာ သူမအမူအရာရှိ အူမြူးနေမှုများကို ဖုံးထားစရာမလိုတော့ပေ။

“ဟားဟား တကယ်ရယ်သေပြီ!”

All Chapters