← Chapters

ဘာကြောင့်ရတနာသေတ္တာထဲတွင် လူများနေသနည်း

Vol. 33 Ch. 481

ဘာကြောင့်ရတနာသေတ္တာထဲတွင် လူများနေသနည်း

Vol. 33 Ch. 481

"အဘိုးပါး၊ ဒီစာအုပ်ဟောင်းက..."

လုယန်မျက်နှာ ကြောင်တက်တက်ဖြစ်နေသည်။ ခုနကပြောသည့်စကားများကို သူနားစွန်နားဖျားကြားလိုက်သည်။ စာအုပ်ဟောင်းတွင် ဆေးတစ်ရာဘုရင်အကြောင်းများပါသည်ဟုဆိုသည်။

ဆေးတစ်ရာဘုရင်ဆိုတာ အဘိုးမဟုတ်ဘူးလား...

ကိုယ့်အတ္ထုပ္ပတ္တိကို ကိုယ့်ဘာသာရေးနေတာလား...

လောင်ပါးက လုံးဝရှက်ရွံ့ဟန်မရှိပဲ ပွင့်ပွင့်လင်းလင်းဝန်ခံသည်။

"ဟန်ရွှေ့မြို့တော်တိုက်ပွဲမှာ ငါတို့ကောင်းကင်ရုံးတော်ဂိုဏ်း စွမ်းအားပြခဲ့တဲ့အကြောင်း တွေးမိလို့ပါ။ ငါ့ကိုယ်ငါ ကြော်ငြာထုတ်ဖို့ အခွင့်ကောင်းပဲလေ"

ဟန်ရွှေ့မြို့တော်တွင် ပေါ်လာသည့် ပဲဝါကောင်းကင်အဓိပဓိသည် ယွမ်ကျိသရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သူထင်နေသည်။

"အပြင်လောကကို သတင်းနည်းနည်းဖြန့်ဖို့ စီစဉ်ထားတာ။ ဒါမှ ငါတို့ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ စွမ်းအားနဲ့ လျှို့ဝှက်နက်နဲမှုကို သိသွားကြမှာလေ။

ဒီစာအုပ်ကိုကြည့်ပါ...အတော်ဟောင်းနေပြီမဟုတ်လား။ ကျိုးရှင်းဆီကနေ အချိန်မှော်ပညာနဲ့ ဆက်စပ်တဲ့ ရတနာတစ်ခု ငါငှားပြီး ဒီစာအုပ်ကို အဟောင်းပုံစံဖြစ်အောင် သေချာလုပ်ထားတာ"

ဉာဏ်နီဉာဏ်နက်များသည့် တာအိုလမ်းစဉ်ဂိုဏ်း မောင်နှမကိုးဖော်ထဲမှ တစ်ယောက်ဖြစ်၍ သူ့လုပ်ရပ်များကို လောင်ပါးသေချာသတိထားသည်။ တစ်ခြားလူများကိုလှည့်စားဖို့ အမြဲတမ်း ပီပီပြင်ပြင်လုပ်သည်။

အချိန်မှော်ပညာသည် သင်ယူလေ့လာဖို့ အလွန်တရာခက်ခဲသည်။ နားလည်နိုင်သည့်ဉာဏ်ရည်မပြည့်ဝလျှင် သင်ယူဖို့မဖြစ်နိုင်။

"မဟုတ်ဘူး...ကျိုးရှင်းက အဲလောက်မစွမ်းပါဘူး။ အဝတ်စတစ်ခု သူအမှတ်မထင် ဖန်တီးဖြစ်ခဲ့တာ။ အဲဒီ့အဝတ်စနဲ့ ပစ္စည်းတွေကို အုပ်လိုက်ရင် အချိန်သက်တမ်းကို ပြောင်းလဲနိုင်တယ်။ သူက ဒီရတနာကို အရမ်းတန်ဖိုးထားတာ။

ငါနဲ့ ချင်ကျိုးနန်အတူသွားတာမဟုတ်ရင် သူငှားမှာမဟုတ်ဘူး"

ကပ်စေးနည်းကော်တစ်ရာ ကျိုးရှင်းအကြောင်း လောင်ပါး မကြေမနပ်ပြောသည်။

သူဆေးစိုက်ခင်းစောင့်ကြပ်ချိန်တွင် ကျိုးရှင်းထက်ပင် ပို၍ကပ်စေးကုပ်ကြောင်း သူ့ကိုယ်သူမစဉ်းစားမိ။ တစ်ယောက်ယောက် ဆေးတစ်ပင်နှစ်ပင်လာခူးလျှင် သူ့အသက်ကို ယူတော့မလိုပင်ဖြစ်သည်။

"မဟာအကြီးအကဲချင်လည်း ဒီကိစ္စထဲ ပါတယ်ပေါ့"

လုယန် လုံးဝမအံ့ဩမိ။

ပုံမှန်ဟုပင် သူခံစားသည်။

"သွားစို့၊ ကျွန်မတို့မသိတဲ့ လူတွေအားလုံးကို ဖမ်းမယ်"

ယွမ်ကျိက လောင်ပါး၏လုပ်ရပ်ကို စိတ်ထဲမထား‌တော့။ ထိုကိစ္စက ပွဲတော်အတွက် အန္တရာယ်မရှိသလို တာအိုလမ်းစဉ်၏ ဂုဏ်သရေကိုလည်း မထိခိုက်။

ထို့ပြင် လောလောဆယ် ထိုထက်အရေးကြီးသည့်ကိစ္စများ လုပ်စရာရှိသေးသည်။

သူမရင်းနှီးသည့်ကျင့်ကြံသူအားလုံးကိုဖမ်းပြီး သူတို့ဘာကြောင့် ရောက်လာသည်ကို အဖြေရှာချင်သည်။

"သွားစို့"

ယွမ်ကျိပါလာသဖြင့် လုယန်လည်း ပိုရဲတင်းလာသည်။ ယာယီဂိုဏ်းချုပ်၏ ကိုယ်စားလှယ်အနေဖြင့် စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ချို့ ဖမ်းသည့်ကိစ္စသည် ဘာမှရေးကြီးခွင်ကျယ်မဟုတ်။

ယွမ်ကျိတို့မှောင်နှမ အလင်းချုပ်သေတ္တာကိုကိုင်၍ တာအိုလမ်းစဉ်ဂိုဏ်းထဲ လှည့်ပတ်ရှာသည်။ မရင်းနှီးသည့် ကျင့်ကြံသူအားလုံးကို သေတ္တာထဲ ဖမ်းထည့်သည်။

ကူးဖြတ်ခြင်းအဆင့်များကိုပင် ချမ်းသာမပေး။

အလင်းချုပ်သေတ္တာသည် လသံလွင့်မသေမျိုးနန်းတော်တွင် နှစ်တစ်သိန်းကြာအောင် လက်ဆင့်ကမ်းလာသည့် အဓိပဓိရတနာဖြစ်သည်။ နန်းတော်သခင်၊ မဟာအကြီးအကဲအဆက်ဆက် စွမ်းအင်ဖြည့်ခဲ့သဖြင့် အလွန်တရာ စွမ်းအားကြီးသည်။

ကူးဖြတ်ခြင်းအဆင့်များကိုပင် လှောင်ပိတ်နိုင်သည့်အစွမ်းရှိသည်။

သို့သော် ကူးဖြတ်ခြင်းအဆင့်များသည် သေတ္တာထဲမှ အလွယ်တကူဖောက်ထွက်နိုင်စွမ်းရှိသည်။

....

ယင်ယန်အရှင်တစ်ကိုယ်လုံး အလင်းတန်းတစ်ခု လွှမ်းခြုံနေသည်။ သူ့သရုပ်မှန် ပေါ်သွားပြီဟုထင်လိုက်သည်။ မျက်လုံးများက ကြမ်းတမ်းရက်စက်သည့်အသွင်သို့ ပြောင်းသွားသည်။ အတင်းရုန်းထွက်နေသည်။

သို့သော် အလင်းချုပ်သေတ္တာ၏ စွမ်းအားကို မယှဉ်နိုင်ဘဲ အထဲသို့စုပ်ယူခံလိုက်ရသည်။

အထဲရောက်သည်နှင့် မဟာရှားကျင့်ကြံသူများက သူ့တပည့်များအား ရိုက်နှက်နေသည်ကို မြင်လိုက်ရသည်။ အသေရိုက်နှက်ခံရခြင်းမဟုတ်သော်လည်း အရှက်ခွဲခံနေရသည့်အဖြစ်က ဆိုးဝါးသည်။

သူ့တပည့်များ အတင်းကြိုးစား၍ ပြန်တိုက်ခိုက်သည်။ သို့သော် သူတို့အပေါ် ပိုပြင်းထန်သည့် ရိုက်ချက်များသာ ကျလာသည်။

မဟာယုစုစည်းခြင်းကျင့်ကြံသူ ဆယ့်ခုနစ်ယောက်ခန့်လည်း ရိုက်နှက်ခံထားရပြီး မြေပေါ်တွင် လဲကျနေသည်။ သူတို့ကံကြမ္မာကို မသိနိုင်သေး။

"သောက်လခွမ်း၊ ငါတို့ခိုးဝင်လာတာ သိသွားကြပြီပဲ"

ထိုလုပ်ရပ်သည် တာအိုလမ်းစဉ်ဂိုဏ်း၏ ခရီးဦးကြိုဆိုသည့်ပုံစံ မဖြစ်နိုင်။

မဟာရှား၏ နာမည်ကျော်စွမ်းအားရှင်အများစု ဤနေရာတွင် ရှိနေသည်။ သူတို့အကြောင်း တစ်နည်းနည်းဖြင့် သတင်းပေါက်သွားခြင်းဖြစ်မည်။

ထို့ကြောင့် တာအိုလမ်းစဉ်ဂိုဏ်းက သူတို့ကို အငိုက်ဖမ်းပြီး အလစ်တိုက်ခိုက်ရန် သေတ္တာထဲသို့ အားလုံးကိူဖမ်းထည့်ခြင်းဖြစ်မည်။

"အတော်ပြောင်မြောက်တဲ့ အကြံအစည်ပဲ"

ယင်ယန်အရှင်၏စကားသံက အေးစက်နေသည်။ နိုင်ငံ့ဆရာသုံးသပ်ခဲ့သည်မှာ မှန်သည်။ တာအိုလမ်းစဉ်ဂိုဏ်းသည် မဟာယုနိုင်ငံပြန်လည်တည်ဆောက်သည့်ကိစ္စတွင် အဟန့်အတားကြီးတစ်ခုဖြစ်သည်။

သို့သော် သူအရေးမစိုက်။ ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်ကျင့်ကြံသူဖြစ်သည့် သူ့အနေဖြင့် ဤသေတ္တာအစုတ်အပြတ်ထဲတွင် ပိတ်လှောင်မခံနိုင်။

လက်နှစ်ဘက်ကို ဖျတ်ခနဲလှုပ်ရှားလိုက်သည်။ ယင်ယန်ယင်ယန်စက်ဝန်းက သူ့လက်ဝါးထဲတွင် ပေါ်လာပြီး ဖြေညှင်းစွာ စတင်လည်ပတ်သည်။ အဆုံးစမဲ့အဖျက်စွမ်းအားများ ပါဝင်သည်။

ထိုယင်ယန်စက်ဝန်းကို မြင်သည်နှင့် တိုက်ခိုက်ရန်ပြင်နေသည့် ချိုးကျင်အန်းနှင့်ယန်တိန့် ချက်ချင်းနောက်ဆုတ်သွားသည်။

ထိုလူသည် စုစည်းခြင်းအဆင့်မဟုတ်နိုင်။

ယင်ယန်အရှင်၏နှုတ်ခမ်းများ ကွေးညွှတ်သွားသည်။ စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ချို့က ကိုယ့်အဆင့်ကိုယ်မသိဘဲ သူ့ကိုလာဝိုင်းရဲသည်...

သို့သော် ရုတ်တရက် အန္တရာယ်အငွေ့အသက်ကို သူခံစားလိုက်ရသည်။ ဘုန်းကြီးအိုတစ်ယောက် ဖြေညှင်းစွာလျှောက်လာသည်။ ကရုဏာရိပ်လွှမ်းလျက် မဟာဗုဒ္ဓအလင်းများ ဖြာထွက်နေသည်။

နောက်ထပ်အကြီးအကဲတစ်ယောက်လည်း မြေပေါ်မှထလာသည်။ ခရမ်းရောင်စွမ်းအင်များ ထိုးထွက်လာပြီး ဖဲကြိုးတစ်ချောင်းကဲ့သို့ သူ့လက်ထဲတွင် ကိုင်ထားသည်။ ချီထိန်းချုပ်ဂိုဏ်း၏ဘိုးဘေး ချီတစ်ခုအရှင်ဖြစ်သည်။

မြေပေါ်တွင် ပြန့်ကျဲနေသည့် သစ်သားစများ လေထဲသို့ပျံတက်လာပြီး သစ်သားရုပ်ထုတစ်ခုအဖြစ် ပြောင်းသွားသည်။ ရုပ်သေးဂိုဏ်း၏ အဓိပဓိအကြီးအကဲ ရုပ်သေးအရှင်ဖြစ်သည်။

စွမ်းအားမြင့်ပုဂ္ဂိုလ်များ တစ်ယောက်ပြီးတစ်ယောက် ထရပ်လာသည်။ စုစည်းခြင်းအဆင့်ကိုကျော်လွန်နေသည့် စွမ်းအင်ရောင်များ ထိုးထွက်နေသည်။

တာအိုလမ်းစဉ်ဂိုဏ်း နှစ်တစ်သိန်းနှစ်သောင်းပြည့်ပွဲတော်ဖြစ်၍ ကူးဖြတ်ခြင်းအဆင့်များကိုလည်း ဖိတ်ခေါ်ထားသည်။

သူတို့အားလုံး ကိုယ်တော်ကျဲ့ရှားကို လှောင်ပြောင်ရန် ရောက်လာသည်။ သူ့ကိုရှာမတွေ့၍ လော်ဟုန်ရှားဆီသွားသည်။ အားလုံး သေတ္တာထဲဖမ်းခေါ်ခံရသည်။ ကိုယ်တော်ကျဲ့ရှား၏ ရိုက်နှက်ခြင်းခံကြရသည်။

ယခု ကူးဖြတ်ခြင်းအဆင့် အတော်များများရှိနေသည်။ ဘယ်သူမှမသိသည့် ကူးဖြတ်ခြင်းအဆင့်တစ်ယောက် ရုတ်တရက်ပေါ်လာသဖြင့် သေချာစစ်ဆေးမေးမြန်းကြရမည်။

"အားလုံးတိုက်ကြ"

လူပါချန်း အော်ဟစ်လိုက်သည်။ ကူးဖြတ်ခြင်းအဆင့်များ ပြိုင်တူဝင်တိုက်ကြသည်။

ယင်ယန်အရှင်မျက်နှာတွင် စိတ်ပျက်သည့်အရိပ်များ ပေါ်လာသည်။

တာအိုလမ်းစဉ်ဂိုဏ်း၏ ကြိုတင်ပြင်ဆင်မှုက ကောင်းလွန်းနေသည်။

သူထောင်ချောက်ထဲ တိုးဝင်မိခြင်းဖြစ်သည်။

....

"အားလုံးနီးပါးဖမ်းပြီးပြီ"

ယွမ်ကျိနှင့်လုယန် ပွဲတော်ထဲတွင် သုံးလေးပတ်လျှောက်ကြည့်သည်။ ယခု ရင်းနှီးသည့်မျက်နှာများသာ ကျန်တော့သည်။

"အထဲဝင်ပြီး စစ်မေးကြည့်ရအောင်"

ယွမ်ကျိ ယုံကြည်မှုအပြည့်ရှိသည်။ လူအတော်များများ သူဖမ်းခဲ့သည်။ တစ်ယောက်မပြောလျှင် တစ်ယောက်ပြောလိမ့်မည်။ အားလုံးလိမ်ညာနေဖို့ မဖြစ်နိုင်။

အလင်းတန်းတစ်ခု သူတို့နှစ်ယောက်ကို လွှမ်းခြုံသွားသည်။ သေတ္တာထဲသို့ ရောက်လာသည်။

"မိတ်ဆွေတို့၊ နောက်ထပ်လူတွေ ဝင်လာပြန်ပြီ။ တိုက်ခိုက်ကြ"

လူဝင်လာသည်ကို မြင်သည်နှင့် လူပါချန်းက အားလုံးကို အတူတိုက်ခိုက်ရန် အော်ဟစ်နှိုးဆော်သည်။

ရှေ့ဆုံးမှ သူပြေးဝင်သွားသည်။ သူ့နောက်ဘက်မှလူများက ခြောက်ခြားစရာအာရုံတစ်ခု ခံစားမိကြဟန်ဖြင့် ခြေလှမ်းရပ်သွားသည်ကို သူသတိမထားမိ။

"ယွမ်...ယွမ်ကျိ"

လူပါချန်းလည်း နားလည်သွားသည်။ ချက်ချင်းခြေလှမ်းရပ်လိုက်သည်။

"ဘာလို ဒီလောက်လူများနေတာလဲ"

ယွမ်ကျိလည်း အံ့အားသင့်နေသည်။ သေတ္တာထဲတွင် လူစိမ်းကျင့်ကြံသူများသာ ရှိနေမည်ဟု သူထင်ခဲ့သည်။

လုယန်ဘေးပတ်လည်ကို မသိမသာ မျက်လုံးဝေ့ကြည့်သည်။

သူတို့ဖမ်းခဲ့သည့် ကူးဖြတ်ခြင်းအဆင့်သုံးယောက်အပါအဝင် လူစိမ်းကျင့်ကြံသူအားလုံး ကြိုးတုပ်ခံထားရသည်။

တစ်ယောက်က အဖြစ်အပျက်ကို ရိုးသားစွာ ပြန်ပြောပြသည်။

"ကျုပ်ဝန်ခံမယ်။ အားလုံးပြောပြပါ့မယ်။ နိုင်ငံ့ဆရာအမိန့်အတိုင်း လိုက်နာရတဲ့ မဟာယုကျင့်ကြံသူတွေပါ။ ပွဲတော်ကို အခွင့်အကောင်းယူပြီး တာအိုလမ်းစဉ်ဂိုဏ်းထဲ ခိုးဝင်ခဲ့တာ။ လုယန်ကိုသတ်ပြီး တစ်ဂိုဏ်းလုံးကို ဖျက်ဆီးဖို့ပါ။ ကျုပ်အဖော်တွေအားလုံးလည်း ခင်ဗျားတို့ဖမ်းခေါ်လို့ ဒီကိုရောက်နေပါပြီ"

လုယန်မျက်နှာတွင် ထူးဆန်းသည့်အမူအရာပေါ်နေသည်။ သူဘယ်လိုအမူအရာမျိုး ပြရမည်မသိ။

ထိုလူစိမ်းများသည် မဟာယုကျင့်ကြံသူများဖြစ်သည်။ ထိုသို့ဖြစ်မည်ကို နည်းနည်းကြိုတွေးထားပြီးဖြစ်သည်။ သို့သော် ဘာကြောင့် ထိုလူများက သူ့ကိုသတ်ဖို့ကြိုးစားနေသနည်း။

သူကို ကောင်းကင်ရုံးတော်၏ ယာယီဂိုဏ်းချုပ်ဖြစ်ကြောင်း သိသွားကြ၍လော။

"ရှင်တို့ဘာလို့ဒီကိုလာတာလဲ"

ယွမ်ကျိလည်း တွေးမရ။

ထိုသို့မေးလာမည်ကို သိထားပြီးသည့်ဟန်ဖြင့် လူပါချန်းက ရှေ့တိုး၍ ရှင်းပြသည်။

"ပြောရရင် အရှည်ကြီးပါ။ မဟာယုကျင့်ကြံသူတွေ တာအိုလမ်းစဉ်ဂိုဏ်းထဲ ခိုးဝင်လာမယ်လို့ ကျုပ်တို့သတင်းရခဲ့တယ်။ ဒါကြောင့် တာအိုမိတ်ဆွေတွေနဲ့အတူ အလစ်တိုက်ခိုက်ဖို့ ဒီမှာစောင့်နေကြတာပါ"

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ အဲလိုပါ"

"ကျုပ်တို့အကြာကြီးစောင့်နေခဲ့ရတာ။ အခုမှ သူတို့ကိုဖမ်းမိတယ်"

အားလုံးက ခေါင်းငြိမ့်၍ လုပါချန်းစကားကို သက်သေခံကြသည်။

တစ်ခြားဘာပြောရမည်နည်း။ မိုင်ထောင်ချီဖြတ်ကျော်၍ ရောက်လာကြပြီး မသေမျိုးလေးဂိုဏ်း၏ ဂိုဏ်းချုပ်များကို လှောင်ပြောင်မိ၍ ရိုက်နှက်ခံရသည်ဟု ပြောရမည်လော။

သူတို့ ထိုသို့သိက္ခာကျမခံနိုင်။

မဟာယုကျင့်ကြံသူများကို လော်ဟုန်ရှားက ဖမ်းထည့်ခဲ့သည်ဟု သူတို့ထင်နေကြသေးဟန်ရှိသည်။

စီနီယာများကို လေးစားသည့်အနေဖြင့် သူတို့လိမ်နေသည်ကို ယွမ်ကျိ ထုတ်မပြောတော့။

ချိုးကျင်အန်းနျင့်တစ်ခြားလူများလည်း ထုတ်မပြောကြ။ ရိုက်ပြီးနှက်ပြီးဖြစ်၍ မျက်နှာသာနည်းနည်းပေးရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့စကားကိုကြားပြီးနောက် မဟာယုကျင့်ကြံသူများ နောင်တကြီးစွာ ရသွားသည်။

တကယ်အလစ်အငိုက် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ကျင့်စဉ်စွမ်းအားအမြင့်ဆုံဖြစ်သည့် ယင်ယန်အရှင်က အလျှော့မပေးသေး။ အခြေအနေက အဆုံးဝါးဆုံးအဆင့်မရောက်သေးဟု သူယူဆသည်။

"မင်းတို့လူအင်အားပိုများလည်း ဘာဂရုစိုက်စရာရှိလဲ။ နိုင်ငံ့ဆရာလှုပ်ရှားတာနဲ့ မင်းတို့အားလုံး ဇာတ်သိမ်းမှာပဲ"

****************************************

All Chapters