← Chapters

ဂိုဏ်းသခင်လေးလု

Vol. 33 Ch. 493

ဂိုဏ်းသခင်လေးလု

Vol. 33 Ch. 493

"ကောင်းကင်ရုံးတော်ဂိုဏ်းလား"

ဧည့်သည်များအားလုံး လူငယ်စကားကြောင့် အံ့အားသင့်သွားကြသည်။

ပြီးခဲ့သည့်နှစ်လအတွင်း အဆင့်နိမ့်ကျင့်ကြံသူများကြား လူပြောအများဆုံးကိစ္စက ပြိုင်ပွဲတွင် အနိုင်ရလောက်သည့် ပါရမီရှင်များအကြောင်းဖြစ်သည်။ အဆင့်မြင့်ကျင့်ကြံသူများကြားတါင် လူပြောအများဆုံးကိစ္စက ဟန်ရွှေ့မြို့တိက်ပွဲတွင် ပေါ်လာခဲ့သည့် ကောင်းကင်ရံးတော်ဂိုဏ်းနှင့် ပဲဝါအရှင်အကြောင်းဖြစ်သည်။

ရှေးဟောင်းခေတ် မသေမျိုးလေးယောက်ပြီးလျှင် အများရှေ့တွင် လူလုံးထွက်ပြခဲ့သည့် ပထမဆုံးမသေမျိုးဖြစ်သည်။

မဟာချန်၊ မဟာယုခေတ်တို့တွင်လည်း မသေမျိုးများနှင့်ပတ်သက်သည့် ဒဏ္ဍာရီများရှိသည်။ မဟာရှားခေတ်တွင်လည်း ထိုသို့ပင်ဖြစ်သည်။ နန်းတော်တားမြစ်မြေတွင် မသေမျိုးတစ်ယောက်ရှိသည်ဟု ပြောကြသည်။ သို့သော် ဘယ်သူမှမမြင်ဖူးကြ။

ပဲဝါအရှင်ပေါ်လာသဖြင့် ကျင့်ကြံသူလောကတွင် ဂယက်ထသွားသည်။ စုစည်းခြင်းအဆင့် ကူးဖြတ်ခြင်းအဆင့်များအားလုံး ပဲဝါအရှင်အကြောင်း ကောင်းကင်ရုံးတော်ဂိုဏ်းအကြောင်း ဆွေးနွေးပြောဆိုကြသည်။

ပဲဝါအရှင်နှင့် ကောင်းကင်ရုံးတော်ဂိုဏ်းအကြောင်း ထင်မြင်သုံးသပ်ချက်များစွာရှိသည်။ သို့သော် ဘယ်ဟာမှမတိကျ။

ကောင်းကင်ရုံးတော်ဂိုဏ်းသည် မကြားသေခင်ကမှ နိုးထလာသည့် ရှေးဟောင်းခေတ်အွဲ့အစည်းတစ်ခုဟု တစ်ချို့ကပြောကြသည်။ တစ်ချို့ကလည်း ရှေးဟောင်းခေတ်ကတည်းက ထိုဂိုဏ်းရှိနေခဲ့ခြင်းဖြစ်ပြီး သမိုင်းကြောင်းနောက်ကွယ်တွင် ပုန်းကွယ်၍ နိုင်ငံများဖြစ်ပေါ်ခြင်း ကျဆုံးခြင်းကိစ္စများကို ကြိုးကိုင်ခြယ်လှယ်နေသည့်အဖွဲ့အစည်းဟု ပြောကြသည်။

ယနေ့ မထင်မှတ်ဘဲ နန်းတော်ကျင်းပသည့် ပြိုင်ပွဲတွင် ကောင်းကင်ရုံးတော်ဂိုဏ်းက မဖိတ်ခေါ်ပဲရောက်လာသည်။ အတော်အတင့်ရဲသည်။

ဉာဏ်ရည်ထက်မြက်သူတစ်ချို့က ယမ်းနံ့များ ကြိုရနေပြီဖြစ်သည်။

ကောင်းကင်ရုံးတော်ဂိုဏ်းက မကောင်းသည့်ရည်ရွယ်ချက်ဖြင့် ရောက်လာသည်။

"မင်းဘယ်သူလဲ"

လုယန်ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသည့် ယာယီဂိုဏ်းချုပ် ထာဝရနတ်မယ်က ခပ်တင်းတင်းမေးခွန်းထုတ်သည်။

ကောင်းကင်ရုံးတော်လူငယ် စင်မြင့်ထက်တွင်ရပ်နေသည်။ စွမ်းအားရှင်များစွာ ဝိုင်းနေသော်လည်း ကြောက်ရွံ့ဟန်လုံးဝမရှိ။ လက်နှစ်ဘက်ဆုပ်၍ ကျယ်ကျယ်အော်ပြောသည်။

"ဒါက ဂိုဏ်းချုပ်လုဆိုတဲ့ နာမည်ကျော်လုယန်ထင်ပါရဲ့။ ...ဂိုဏ်းချုပ်လု၊ ခင်ဗျားဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျော်ကြားပြီး အခြေခံခိုင်မာတယ်။ ဒီပွဲမှာ ခင်ဗျားဝင်ပြိုင်ရင် ပထမနေရာကို အလွယ်တကူရမှာပဲ။ တိုက်တိုက်ဆိုင်ဆိုင် ကျုပ်တို့မျိုးရိုးနာမည်ချင်းတူနေတယ်။ ကျုပ်လည်း လုမျိုးရိုးပဲ။ ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးပါ"

နတ်မယ်က မြှောက်ပင့်ချီးကျူးစကားကို အရေးမစိုက်ဘဲ မျက်လုံးများမှေးစင်းသွားပြီး အေးစက်စက်ပြန်ပြောသည်။

"ဪ..ဂိုဏ်းသခင်လေးလုလား။ ဒါနဲ့ဘာလို့များ ခင်ဗျားက ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်း ပြိုင်ပွဲကို ဝင်နှောက်ယှက်တာလဲ။ အထက်မှာရပ်နေတဲ့လူတွေကရော ဘယ်သူလဲ"

စင်မြင့်အထက်တွင် အနက်ရောင်တိမ်တိုက်များ ဝဲပျံနေသည်။ တိမ်တိုက်ပေါ်တွင် လူငါးယောက် နတ်ဘုရားများကဲ့သို့ အပြုံးအရယ်ကင်းသည့်မျက်နှာဖြင့် ရပ်နေကြသည်။

"ကျုပ်က ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ကာကွယ်သူ မြေအောက်ဘုရင်ပါ"

မြေအောက်ဘုရင်ထံမှ အနက်ရောင်စွမ်းအင်များ ထွက်ပေါ်နေသည်။ ရှေးဟောင်းဂူသင်္ချိုင်းတစ်ခုမှ နိုးထလာသယောင်ထင်ရသည်။ အလောင်းစွမ်းအင်များဖြင့် လောကကို ဒုက္ခမျိုးစုံပေးတော့မည့်အသွင်ရှိသည်။

"ကျုပ်က ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ကာကွယ်သူ ဆေးတစ်ရာဘုရင်ပါ"

ဆေးနံ့တစ်မျိုး ဆေးတစ်ရာဘုရင်ထံမှ လွင့်ပျံလာသည်။ တစ်ကြိမ်ရှူရှိုက်ရုဖြင့် ထိုဆေးနံ့ရှိသည့် ဆေးလုံးသည် ထူးခြား‌ကြောင်း သိနိုင်သည်။ ဆေးဘုရင်လေးများနှင့် အချိန်ကြာမြင့်စွာ ထိတွေ့ခဲ့ခြင်းမရှိလျှင် ထိုရနံ့မျိုး ဖြစ်ပေါ်လာမည်မဟုတ်။

"ကျုပ်က ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ကာကွယ်သူ သံမဏိကောင်းကင်ဘုရင်ပါ"

သံမဏိဘုရင်သည် ဗုဒ္ဓဂိုဏ်းဇာတ်လမ်းများထဲမှာ ရွှေခန္ဓာအရဟတ်တစ်ယာက်နှင်တူသည်။..ထိုရွှေခန္ဓာပိုင်ရှင်အရဟတ်၏ မူလအသွင်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

သံမဏိဘုရင်၏ ခန္ဓာကိုယ်က သန်မာသည် စွမ်းအားကြီးသည်။ ဟာကွက်လုံးဝမရှိ။ ခန္ဓာကျင့်ကြံမှု၏ အမြင့်ဆုံးအခြေအနေကို ကိုယ်စားပြုသည်။

"ကျုပ်က ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ကာကွယ်သူ ရတနာများရှင်ဘုရင်ပါ"

ရတနာဘုရင်၏ခါးတွင် ရတနာများသီကုံးထားသည့် ကြိုးတစ်ချောင်း တွဲလောင်းကျနေသည်။ ထိုထဲတွင် အထင်ရှားဆုံးက ကူးဖြတ်ခြင်းအဆင့်များပင် မနာလိုဖြစ်ကြရမည့် ထိပ်တန်းအဆင့်မှော်ရတနာဖြစ်သည်။ ထိုရတနာတွင် ဝိညာဉ်ရှိနေပြီးဖြစ်သည်။ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်၏ဝိညာဉ်ကို သန့်စင်ထားခြင်းဖြစ်သည်။ တကယ်ကြောက်စရာကောင်းသည်။

"ကျုပ်က ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ကာကွယ်သူ ‌ရွှေမီးတောက်ဘုရင်ပါ"

ရွှေရောင်မီးတောက်များ သူ့ခန္ဓာကိုယ်မှ မကြာခဏထိုးထွက်နေသည်။ ထိုမီးတောက်များသည် မီးတောက်စစ်တစ်ရာ့ရှစ်မျိုးထဲမှမဟုတ်။ မီးတောက်စစ်တစ်ရာ့ရှစ်မျိုးကို ပေါင်းစပ်၍ ပိုအဆင့်မြင့်အောင် ဖန်တီးထားသည့် မီးတောက်မျိုးဖြစ်သည်။

လူငါးယောက်လုံး တောင်ကုန်းအရွယ်အစားရှိသည်။ တိုင်းတာခန့်မှန်း၍မရ။ စွမ်းအင်ရောင်များက ရှေးဆန်သည်။ ရှေးဟောင်းခေတ်မှလူများလို ဖြစ်နေသည်။

သို့သော် ထိုဘုရင်ငါးယောက်သည် သန်မြန်ဖျတ်လတ်ဆဲဖြစ်ကြောင်း သိသာသည်။ အိုမင်းသည့်အသက်အရွယ်မရောက်သေး။ သူတို့၏ လက်ရှိအခြေအနေသည်ပင် စွမ်းရည်အမြင့်ဆုံးအနေအထား ဟုတ်ချင်မှဟုတ်မ်ည။

"ဒီငါးယောက်က ကူးဖြတ်ခြင်းအဆင့်ကို မရောက်သေးဘူးလို့ ခံစားရတယ်။ ဘိုးဘေးတွေ ဘာလို့သူတို့ကိုမနှိပ်ကွပ်ကြတာလဲ"

ချီထိန်းချုပ်ဂိုဏ်းချုပ် တီးတိုးရေရွတ်သည်။ ထိုငါးယောက်၏ စွမ်းအင်ရောင်ကို သူအာရုံခံမိသည်။ ကူးဖြတ်ခြင်းအဆင့်များမဟုတ်။

ချီတစ်ခုအရှင်က သူ့ကိုဒေါသဖြင့် စိုက်ကြည့်သည်။ သူချက်ချင်းပါးစပ်ပိတ်သွားသည်။ သူလျှာသရမ်းမိသည့်အဖြစ်ကို ချက်ချင်းသိသွားသည်။

ထို့နောက် ချီတစ်ခုအရှင်က သိစိတ်အာရုံမှရှင်းပြသည်။

"မင်းတစ်ယောက်ပဲ ဉာဏ်ကောင်းတယ်ထင်နေလား။ ဒီမှာရှိနေတဲ့ ကူးဖြတ်ခြင်းအဆင့်တွေအားလုံး မင်းလောက်အာရုံခံမကောင်းဘူးထင်နေတာလား"

"ရှင်းပြပါဦးဘိုးဘေး"

"တာအိုလမ်းစဉ်ဂိုဏ်းကိုဝင်ဖို့ မြစ်ဝိညာဉ်ရဲ့စမ်းသပ်ချက်ကို ဖြတ်ကျော်ရတယ်ဆိုတာ မင်းသိတယ်မဟုတ်လား။ မြစ်ဝိညာဉ်မှာ ကူးဖြတ်ခြင်းအဆင့်နဲ့တန်းတူ စွမ်းအားထုတ်သုံးနိုင်တဲ့ နည်းလမ်းတွေရှိတယ်။ သူ့ကိုဖြတ်ကျော်ပြီး ဂိုဏ်းထဲကို ခိုးဝင်လာတယ်ဆိုတာ စုစည်းခြင်းအဆင့်ထက် ကျော်လွန်နေလို့ပဲပေါ့။

ကောင်းကင်ရုံးတော်ဂိုဏ်းက အခုမြင်နေရတဲ့လူတွေပဲ ခေါ်လာတယ်လို့ မင်းထင်နေလား။ ငါ့အထင် အနည်းဆုံး မသေမျိုးတစ်ဝက်အဆင့်တစ်ယောက်တော့ အရိပ်ထဲမှာ ပုန်းနေလိမ့်မယ်။

ပြီးတော့ တာအိုလမ်းစဉ်ဂိုဏ်းမှာ မသေမျိုးတစ်ဝက်အဆင့်တွေကို ရင်ဆိုင်နိုင်တဲ့ နည်းလမ်းတွေရှိတယ်လို့ ပြောထားတယ်။ ဒါပေမယ့် အခုထိ သူတို့မလှုပ်ရှားဘူး။ ဒါကိုကြည့်ရင် အခြေအနေက အတော်ဆိုးဝါးတဲ့ပုံပဲ။ ပဲဝါအရှင်လည်း ဒီကိုရောက်နေတဲ့သဘောပဲ။ ငါတို့မျက်စိရှေ့မှာတင် ရှိနိုင်တယ်။ ဘယ်သူမှ သူ့ကိုသတိမထားမိကြဘူးလေ"

ချီထိန်းချုပ်ဂိုဏ်းချုပ် ကြက်သီးထသွားသည်။ ကျောရိုးထဲမှ စိမ့်တက်လာသည်။

"တောင်းပန်ပါတယ်"

မြေအောက်ဘုရင်က အသံဩဩဖြင့်ပြောသည်။ ဘုရင်များ၏ ခေါင်းဆောင်ဖြစ်ဟန်ရှိသည်။

ဘုရင်ငါးယောက် ကောင်းကင်မှဆင်းလာသည်။ ဘေးပတ်လည်မှလူများ ချက်ချင်းလမ်းဖယ်ပေးကြသည်။ အနားသို့လုံးဝမကပ်ရဲ။

ကြောက်စရာကောင်းသည့် သူတို့စွမ်းအင်ရောင်ကို ခံစားမိသဖြင့် တစ်ချို့ပါရမီရှင်များ မတ်မတ်မရပ်နိုင်လောက်အောင် ဖြစ်နေသည်။

ဂိုဏ်းသခင်လေးလုက နတ်မယ်၏ ဒေါသအကြည့်ကို အရေးစိုက်ဟန်မရှိဘဲ ပြုံး၍ပြောပြန်ပြောသည်။

"ရှေးဟောင်းခေတ်ကတည်းက ကျုပ်အိပ်နေခဲ့တာ။ နိုးလာတာ သိပ်မကြာသေးဘူး။ ကျုပ်နဲ့အဆင့်တူပြိုင်ဘက်မျိုး တစ်ခါမှမတွေ့ဖူးဘူး။ ခင်ဗျားတို့ဂိုဏ်းက ပြိုင်ပွဲတစ်ခုလုပ်နေတယ်ကြားလို့ ကျုပ်အပျော်တမ်းဝင်ပြိုင်တာပါ။ မဖိတ်ခေါ်ဘဲရောက်လာတဲ့အတွက် ဂိုဏ်းချုပ်လု ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

ရှေးဟောင်းခေတ်ကတည်းက အိပ်နေသည်တဲ့လား...

ဧည့်သည်များ နောက်တစ်ကြိမ် အံ့ဩရပြန်သည်။

သို့ဆိုလျှင် ကောင်းကင်ရုံးတော်ဂိုဏ်းသည် တကယ်ရှေးဟောင်းခေတ်မှလာခြင်းဖြစ်သည်။

စင်ပေါ်မှ ပါရမီရှင်နှစ်ယောက်ကို ဂိုဏ်းသခင်လု တစ်ချက်လှမ်းကြည့်သည်။

"ဒီနှစ်ယောက်လည်း ကျုပ်လို ရွှေသန္ဓေအလတ်တန်းအဆင့်ပဲ။ သူတို့နဲ့ကျုပ်ယှဉ်ပြိုင်မယ်။ ကျုပ်ရှုံးရင် ကျုပ်တို့ဂိုဏ်းချက်ချင်းထွက်သွားမယ်။ ကျုပ်နိုင်ရင် အဲဒါကျုပ်စွမ်းအားရဲ့သက်သေပဲ။ ပြိုင်ပွဲမှာ ဆက်ယှဉ်ပြိုင်မယ်။ ခင်ဗျားဘယ်လိုသဘောရလဲ"

"နှစ်ယောက်တစ်ယောက် စိန်ခေါ်နေတာလား။ ဂိုဏ်းသခင်လုက တကယ်ယုံကြည်ချက်ရှိတာပဲ"

နတ်မယ် အေးစက်စက်နှာခေါင်းရှုံ့သည်။

"ခင်ဗျားစိန်ခေါ်တာကို ခွင့်ပြုမပေးရင် မဟာရှားက သဘောထားသေးသိမ်ရာရောက်မှာပေါ့။...ကောင်းပြီလေ။ ဒီပွဲမှာခင်ဗျားနိုင်ရင် ဆက်ပြိုင်ခွင့်ရမယ်။ ရှုံးရင်တော့ တာအိုလမ်းစဉ်ဂိုဏ်းကနေ ချက်ချင်းထွက်သွားပါ"

စကားဆုံးခါနီးတွင် နတ်မယ်လေသံက ပိုကျယ်လောင်လာသည်။ လူသတ်ရိပ်အငွေ့အသက်များပါလာသည်။

အောက်ဘက်မှ ငြိမ်နေသည့် ပါရမီရှင်များ ဝမ်သာသွားကြသည်။ အော်ဟစ်အားပေးချင်သည်။ ဂိုဏ်းသခင်လေးလုက မောက်မာလွန်းသည်။ သူတို့ကို မျက်လုံးထဲမထည့်။ သို့သော် အင်အားကြီးသည့် ကောင်းကင်ရုံးတော်ဂိုဏ်းနှင့် ရင်ဆိုင်နေရသော်လည်း ဂိုဏ်းချုပ်လုက ကြောက်ရွံ့ဟန်မရှိ။ တန်ပြန်ခြိမ်းခြောက်စကားပင် ပြောလိုက်သေးသည်။

ထိုသတ္တိတစ်ခုတည်းကပင် တစ်ခြားလူအားလုံးထက် သာလွန်သည်။

"ကောင်းပါတယ် ဂိုဏ်းချုပ်လု။ ဂိုဏ်းချုပ်လုစကားကို ကျုပ်ချိုးကျင်အန်း ‌ထောက်ခံတယ်။ ဟိုရှေးဟောင်းခေတ်ကတည်းကစလို့ အောင်နိုင်သူဟာ ဘုရင်ပဲ။ မင်းတို့ရှုံးရင် လာရာလမ်းအတိုင်း ပြန်ကြပါ"

မသေမျိုးငါးဂိုဏ်းခေါင်းဆောင်များနှင့် အိမ်ရှေ့မင်းသားက ထာဝရနတ်မယ်စကားကို ထောက်ခံရန် ထရပ်လာကြသည်။

လူအုပ်ကြီး ထိပ်သီးအင်အားစုခြောက်ခုကို ကြည့်နေကြသည်။ မသေမျိုးငါးဂိုဏ်းနှင့် တော်ဝင်ရုံးတော် အတူပူးပေါင်း၍ ရန်သူကိုကာကွယ်နေသည့်အဖြစ်ကြောင့် အားလုံးအားရကျေနပ်ပြီး လက်သီးတင်းတင်းဆုပ်မိကြသည်။

မုန်ကျင်းကျိုးတစ်ယောက်သာ ဖြစ်စဉ်အစမှအဆုံးထိ ဂိုဏ်းသခင်လေးလုဆိုသူကို အမြင်ကပ်သည့်မျက်လုံးဖြင့် စိုက်ကြည့်နေသည်။

အိမ်ရှေ့မင်းသာ အတော်စိတ်ပူပန်နေသည်။ ထိုအလုပ်မျိုး ပထမဆုံးလုပ်ဖူးခြင်းဖြစ်၍ အမှားအယွင်းမရှိစေဖို့ ဆုတောင်းနေသည်။

သို့သော် မသေမျိုးငါးဂိုဏ်းမှလူများက ထိုကိစ္စမျိုးနှင့် အတော်ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ ဖြစ်နေသည်။

***********************************

All Chapters