← Chapters

သမိုင်းမရှိသည့်သမိုင်း ဖန်တီးခြင်း

Vol. 33 Ch. 494

သမိုင်းမရှိသည့်သမိုင်း ဖန်တီးခြင်း

Vol. 33 Ch. 494

"ဂိုဏ်းသခင်လေးလုက အင်းအားကြီးတဲ့ပြိုင်ဘက်ပဲ"

ပိုင်မင်တို့လူစု ပြိုင်ပွဲစင်ပေါ်မှလုယန်ကို အလေးအနက်မျက်နှာဖြင့် စိုက်ကြည့်နေကြသည်။

"ရင်ဆိုင်ဖို့မလွယ်လောက်ဘူး"

ယန်ထန်ကျိလည်း ကောင်းကင်ရုံးတော်ဂိုဏ်း၏ဖိအားသာမက လုယန်ထံမှဖိအားကိုပါ ခံစားနေရသည်။

မသေမျိုးငါးဂိုဏ်းနှင့် တော်ဝင်ရုံးတော်၏ သဘောထားများက ကောင်းကင်ရုံးတော်ဂိုဏ်း ဘယ်လောက်စွမ်းအားကြောင်း သက်သေခံနေသည်။

လန်ထင်မျက်လုံးတွင် ရှုပ်ထွေးသည့်အရိပ်များ ပြည့်နေသည်။ ဂိုဏ်းသခင်လေးလု၏ ဟန်ပန်သည် သူသိထားသူတစ်ယောက်နှင့် အတော်တူနေသည်။

လုယန်၏ပြိုင်ဘက်နှစ်ယောက် ထိပ်တန်းဂိုဏ်းဖြစ်သည့် မိုးကြိုးမီးတောက်ဂိုဏ်းတပည့်စစ် မိဝမ်လီနှင့် ပြိုင်ဘက်ကင်းပါရမီရှင် ဂိုဏ်းမဲ့ကျင့်ကြံသူ စုမိုဖြစ်သည်။ လုယန်၏ သက်တောင့်သက်သာရှိနေသည့်အမူအရာကိုကြည့်၍ သူတို့နဖူးတွင် ချွေးသီးများဖြစ်ပေါ်လာသည်။

"မညှာနဲ့။ အတူတိုက်ခိုက်ကြမယ်"

စုမိုက အသံဩဩဖြင့် မိုဝမ်လီကို အမိန့်ပေးသည်။ သူ့လိုမာနကြီးသူတစ်ယောက်အတွက် နှစ်ယောက်ပေါင်းတိုက်ခိုက်ရသည်မှာ ရှက်စရာကောင်းသည်။ သို့သော် ပြိုင်ဘက်က ကောင်းကင်ရုံးတော်ဂိုဏ်း၏ သခင်လေးဖြစ်နေသည်။ ထိုပြိုင်ပွဲအနိုင်ရဖို့ သူ့မာနကို ချိုးနှိမ်ထားရမည်။

မိုဝမ်လီမျက်မှောင်ကျုံ့သွားသည်။ ဘယ်လောက်ပါရမီထူးသူဖြစ်စေ ဂိုဏ်းမဲ့ကျင့်ကြံသူတစ်ယောက်က သူ့ကိုလာအမိန့်ပေးနေစရာအကြောင်းမရှိ။

"မင်းနိုင်ချင်ရင် ငါပြောတာနားထောင်ပါ"

စုမို မျက်မှောင်ကျုံ့သွားသည်။ ထိုဂျူနီယာ မောက်မာသည်ဟု ခံစားရသဖြင့် ဒေါသမပါသည့် စွမ်းအင်ရောင်တစ်မျိုး ထုတ်လွှတ်လိုက်သည်။

ထိုစွမ်းအင်ရောင်ကြောင့် မိုဝမ်လီ တုန်လှုပ်သွားသည်။

စုမိုတွင် သူ့ဆရာ၏ဟန်ပန်မျိုး မြင်နေရသလိုရှိသည်။

"မင်းမှာအစီအစဉ်ရှိဖို့ပဲလိုပါတယ်"

မိုဝမ်လီ စိတ်မပါ့တပါ လက်ခံလိုက်ရသည်။

မိုဝမ်လီ အခြေအနေနားလည်သွားကြောင်း သိရသဖြင့် စုမိုမျက်နှာ တင်းမာမှုနည်းနည်းလျော့သွားသည်။ သိစိတ်အာရုံမှ လှမ်းပြောသည်။

"စစ်ပွဲဆောင်ပုဒ်လိုပဲ။ အချိန်ဆွဲရင် အပြောင်းအလဲဖြစ်နိုင်တယ်။ ဒီတော့ ငါတို့မြန်မြန်တိုက်ခိုက်ဖို့လိုတယ်။

မင်းက မိုးကြိုးပညာမှာ အဆင့်မြင့်နေပြီ။ ဓားပညာဟာ ထိပ်ဆုံးတိုက်ရေးပညာဆိုရင် မိုးကြိုးပညာဟာ ဒုတိယပဲ။ ငါက ငါ့ရွှေသန္ဓေနဲ့ သူ့ကိုထိန်းချုပ်မယ်။ မင်းက ငါ့နောက်မှာနေပြီး စွမ်းအားစုစည်းထားပါ။ အသင့်ဖြစ်တာနဲ့ ခွန်အားပြည့်တိုက်ခိုက်ပါ"

"ဟုတ်ပါပြီ။ ဒါပေမယ့် မင်းရွှေသန္ဓေက သူ့ကိုထိန်းထားနိုင်မှာ သေချာလို့လား"

စုမိုပြန်မဖြေ။ သူကျင့်စဉ်ပြန်စကတည်းက ပြိုင်ဘက်၏ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်သည့် ဝါးမျိုခြင်းရွှေသန္ဓေကို ပင်ပင်ပန်းပန်းတည်ဆောက်ခဲ့သည်။ ထိုသန္ဓေစွမ်းအားနှင့်တွေ့သူမှန်သမျှ ခဏတာ ထိတ်လန့်သွားကြလိမ့်မည်။

ရွှေသန္ဓေအဆင့်တိုက်ပွဲတွင် ထိုခဏတာသည် တိုက်ပွဲရလာဒ်ကို ဆုံးဖြတ်နိုင်သည်။

စုမို၏ ခြေနှစ်ချောင်း လေးကိုင်းသဖွယ်တင်းမာလာပြီး လုယန်ဆီ ပြေးဝင်သွားသည်။ သူ့အမြန်နှုန်းကပင် မိုဝမ်လီထက် သာလွန်နေသည်။

လုယန်နှင့် ရင်ဆိုင်‌တွေ့သည်နှင့် စုမို အခက်ကြုံရသည်။ ပြိုင်ဘက်က တိုက်ပွဲအတွေ့အကြုံကြွယ်သည်။ လိုသလိုလှုပ်ရှားနိုင်သည်။ အတွေ့အကြုံအားကိုး၍ အသာစီးတိုက်ခိုက်ဖို့ လုံးဝမဖြစ်နိုင်။

ဘာကြောင့် ထိုဂိုဏ်းသခင် တိုက်ပွဲအတွေ့အကြုံ ထိုမျှရှိနေရသနည်း။ အဆင့်တူများကို တိုက်ခိုက်ရင်းရလာသည့် အတွေ့အကြုံမျိုးမဟုတ်။ စွမ်းအားမြင့်ပုဂ္ဂိုလ်များစွာကို တိုက်ခိုက်ရင်းရလာသည့် အတွေ့အကြုံမျိုးဖြစ်သည်။

မည်သို့ဆိုစေ သူ့ပြိုင်ဘက်သည် ကောင်းကင်ရုံးတော်ဂိုဏ်း၏ သခင်လေးဖြစ်သည်။ သူ့ကိုလမ်းညွှန်ပေးသည့် စွမ်းအားရှင်များ မုချရှိလိမ့်မည်။ ထို့ကြောင့် တိုက်ပွဲအတွေ့အကြုံ အံ့ဩစရာကောင်းလောက်အောင် ပြည့်စုံနေခြင်းဖြစ်သမည်။

သို့သော် သူအရေးမစိုက်။ သူ့ရည်ရွယ်ချက်က ထိန်းချုပ်ဖို့ဖြစ်သည်။ ထိန်းချုပ်နိုင်လျှင် လုံလောက်သည်။

"ဝါမျိုခြင်းစွမ်းအား"

စုမို တီးတိုးရေရွတ်လျက် သူ့ရွှေသန္ဓေကိုဆင့်ခေါ်သည်။ ရွှေသန္ဓေ လျင်မြန်စွာလည်ပတ်လာသည်။ လုယန်နှင့်ထိတွေ့တိုင်း သူ့သန္ဓေက ဝိညာဉ်စွမ်းအားကို စုပ်ယူလိမ့်မည်။

အမြဲတမ်းထိရောက်ခဲ့သည့် စွမ်းအားဖြစ်သည်။

သို့သော် သူ့ရွှေသန္ဓေကို အသက်သွင်းသည်နှင့် လုယန် ပါးစပ်အနည်းငယ်ဟလာသည်ကို မြင်လိုက်ရသည်။ ဘာလုပ်ချင်မှန်းမသိ။

မကြာမီ စုမို အဖြေသိလိုက်ရသည်။ ပြိုင်ဘက်၏ဝိညာည်စွမ်းအားကို သူဝါးမျိုနေသလို ပြိုင်ဘက်ကလည်း သူ့စွမ်းအားကို စုပ်ယူနေသည်။ အဝင်အထွက်ညီမျှနေသည်။

ဘယ်လိုဖြစ်နိုင်မည်နည်း။

ထိုပြိုင်ဘက်လည်း ဝါးမျိုခြင်းရွှေသန္ဓေပိုင်ရှင်လေလော...

စုမို အံတင်းတင်းကြိတ်လိုက်သည်။ တစ်ခြားဘာကိုမှ ဂရုမစိုက်တော့။ သူ့နောက်ဘက်မှ ပြင်းထန်သည့်မိုးကြိုးစွမ်းအားကို ခံစားမိနေသည်။ မိုဝမ်လီ၏ မိုးကြိုးစွမ်းအား အသင့်ဖြစ်နေသည်။

"ဘေးဖယ်တော့"

မိုဝမ်လီ အံတင်းတင်းကြိတ်လိုက်သည်။ စုစည်းထားသည့် မိုးကြိုးစွမ်းအားက ပြင်းထန်လွန်းသည်။ ထိန်းထားရသည်ပင် ပင်ပန်းလှသည်။ သူ့လက်နှစ်ဘက် တုန်ခါနေသည်။

စုမို ဘေးသို့အမြန်ရှောင်လိုက်သည်။ သူ့နောက်မှ ပြင်းထန်သည့်မိုးကြိုးစွမ်းအား ‌ပေါက်ကွဲထွက်လာသည်။ လျှပ်စီးတန်းများက ငွေဖြူရောင်အလုံးတစ်ခုအဖြစ် ထိုးထွက်သွားသည်။

"ဘုန်း"

လျှပ်စီးအလင်းများ လုယန်ကို လွှမ်းခြုံသွားသည်။

သို့သော် စုမိုနှင့် မိုဝမ်လီတို့ အောင်ပွဲမခံနိုင်မီ စူးရှသည့်အသံတစ်ခု ကြားလိုက်ရသည်။ ဓားရောင်တစ်ချက် လင်းလက်သွားသည်။ မိုးကြိုးစွမ်းအင်လုံးနှစ်ခြမ်းကွဲသွားသည်။

လျှပ်စီးလုံး ပေါက်ကွဲသွားပြီးနောက် ဓားကိုင်ထားသည့် လူရိပ်တစ်ခု အေးအေးလူလူထွက်လာသည်။

"စွမ်းအားက မဆိုးပါဘူး။ ဒါပေမယ့် ပြန့်ကျဲလွန်းနေတယ်။ တစ်နေရာတည်းကိုစုပြီး တိုက်ခိုက်ရင် ငါအခက်တွေ့ခဲ့လောက်တယ်"

လုယန် ပုံမှန်လေသံဖြင့် မှတ်ချက်ပေးသည်။

ဤသခင်လေးက ထိပ်တန်းတိုက်ခိုက်ရေးလမ်းစဉ်မှ ဓားကျင့်ကြံသူတစ်ယောက်ဖြစ်နေသည်။

မိုဝမ်လီ မင်သက်မိနေဆဲဖြစ်သည်။ စုမိုက အမြန်လှုပ်ရှား၍ ရှောင်တိမ်းလိုက်သည်။ တိုက်ပွဲတွင် ငေးကြောင်နေချိန်မရ။

မိုဝမ်လီကို သူသတိပေးရန်ပြင်နေစဉ် နောက်ထပ်ဓားရိပ်တစ်ခု လင်းလက်သွားသည်။ မိုဝမ်လီ စင်အောက်သို့ ကျသွားပြီဖြစ်သည်။

"တစ်ယောက်ကျသွားပြီ"

ဓားဦးက ကျောက်သားကြမ်းခင်းပေါ် ဒရွတ်တိုက်ဆွဲလာသည်။ ထူးဆန်းစူးရှသည့်အသံတစ်မျိုးထွက်လာသည်။ စုမို ကျောရိုးထဲစိမ့်တက်သွားသည်။

ထို့နောက် သူဒေါသထွက်လာသည်။ နှစ်နှစ်ထောင်ကျင့်ကြံမှုအတွေ့အကြုံဖြင့် ပိုမြင့်မားသည့်အဆင့်ရောက်အောက်ရည်ရွယ်ပြီး ကျင့်စဉ်ပြန်စခဲ့သည့် သူ့လိုလူက ပြိုင်ဘက်အမြင်တွင် ကစားစရာလိုဖြစ်နေသည်။

ကျင့်စဉ်ပြန်စသည့် မဟာစွမ်းအားရှင်တစ်ယောက်၏ဒေါသစွမ်းအား ဘယ်လောက်ကြောက်စရာကောင်းသည်ကို ထိုပြိုင်ဘက်သိအောင်ပြရမည်။

.......

"ကောင်းကင်ရုံးတော်ဂိုဏ်းက အနိုင်ရသွားပါတယ်"

ဒိုင်လူကြီးက ရလာဒ်ကြေညာသည်။

စင်မြင့်ပေါ်မှလုယန် ဓားကိုပြန်သိမ်းသည်။ သူ့ဟန်ပန်က ခံ့ညားသည်။ ဒိုင်လူကြီးများ၏ထိုင်ခုံဆီ သူလှမ်းကြည့်သည်။

"ကဲ..ဒါဆို ကျုပ်ဆက်ပြီးယှဉ်ပြိုင်ဖို့ အရည်အချင်းမီပြီလား"

"ပြောထားတဲ့အတိုင်းပဲပေါ့။ ခင်‌ဗျားဆက်ပြိုင်လို့ရပါတယ်။...ဒါပေမယ့် မေးချင်တာတစ်ခုရှိတယ်"

"မေးပါ ဂိုဏ်းချုပ်လု"

"ခုနက စုမိုဟာ ဝါးမျိုခြင်းရွှေသန္ဓေနဲ့ ခင်ဗျားရဲ့ဝိညာဉ်စွမ်းအားကို စုပ်ယူတယ်။ ခင်‌ဗျားကလည်း သူ့ဝိညာဉ်စွမ်းအားကို စုပ်ယူခဲ့တယ်။ အဲဒါ ထောင်ထျဲ့မျိုးနွယ်ရဲ့ ဗီဇနတ်စွမ်းအားဖြစ်တဲ့ ရှေးအကျဆုံး 'ကောင်းကင်မျို'ပညာလား"

လုယန် ဂိုဏ်းချုပ်လုကို အံ့ဩဟန်ဖြင့်ကြည့်သည်။

"ဂိုဏ်းချုပ်လုက တကယ်အမြင်စူးရှတာပဲ"

"ရှေးအကျဆုံး ကောင်းကင်မျိုပညာတဲ့လား။ လက်ရှိခေတ်ကျင့်စဉ်နဲ့ ဘယ်လိုကွာတာလဲ"

ချိုးကျင်အန်းက ဝင်မေးသည်။

လုယန်က မဖြေ။ ဂိုဏ်းချုပ်လုအဖြေကို စောင့်နေသည်။

ဂိုဏ်းချုပ်လုက အားလုံးကြားနိုင်လောက်သည့်လေသံဖြင့် ပြောသည်။

"ခင်ဗျားသိလား၊ ကျုပ်လည်း ကောင်းကင်မျိုပညာကို ကျင့်ကြံထားတယ်။ ဒီပညာလေ့လာရင်းနဲ့ ထောင်ထျဲ့မျိုးနွယ်ရဲ့ လျှို့ဝှက်ချက်တစ်ခုကို သိခဲ့တယ်။

ရှေးဟောင်းခေတ်မှာ ထောင်ထျဲ့မျိုးနွယ်ဟာ အလွန်ကြမ်းတမ်းတယ်တဲ့။ သားရဲတွေက ဗီဇစိတ်အရ သက်ရှိတွေကို စားသောက်ကြတယ်။ ဒါပေမယ့် ထောင်ထျဲ့မျိုးနွယ်က အဲလိုမဟုတ်ဘူး။ သက်ရှိတွေကိုမစားဘူး။

လောကရဲ့ဝိညာဉ်စွမ်းအင်ကို စားသောက်ကြတယ်။ မြေကြီးနဲ့ကြယ်တွေကိုစားကြတယ်။ ဒါကြောင့် မိုးမြေရဲ့အကြမ်းတမ်းဆုံးသားရဲလို့ သူတို့ကိုသတ်မှတ်ကြတယ်။

ဝိညာဉ်စွမ်းအင်နဲ့ မြေကြီးတွေကို ရှေးအကျဆုံး ကောင်းကင်မျိုပညာနဲ့ စားသောက်ကြတယ်။

မူလကောင်းကင်မျိုပညာက စွမ်းအားကြီးလွန်းလို့ မျိုးနွယ်အားလုံးက လိုချင်လာတယ်။ ဒီဖိအားတွေကြောင့် ထောင်ထျဲ့မျိုးနွယ်က ကောင်းကင်ပညာကို ပြုပြင်လိုက်လို့ လက်ရှိကောင်းကင်မျိုပညာဖြစ်လာတယ်။

အားလုံးကိုဝါးမျိုနိုင်တယ်လို့ ကြွေးကြော်ပေမယ့် သူ့စွမ်းအားက မူလပညာရဲ့စွမ်းအားထက် အများကြီးနိမ့်ကျနေတယ်"

ဂိုဏ်းချုပ်လု ဆက်ပြောသည်။

လက်ရှိထောင်ထျဲ့မျိုးနွယ်တွေတောင် ရှေးအကျဆုံးကောင်းကင်မျိုပညာအကြောင်း မသိကြတော့ဘူး။ ဂိုဏ်းသခင်လုက ဒီပညာထုတ်သုံးမယ်လို့ ကျုပ်မထင်ထားဘူး။ ဒဏ္ဍာရီတွေက တကယ်မှန်နေတဲ့ပုံပဲ။ ကောင်းကင်ရုံးတော်ဟာ တကယ်အင်အားအကြီးဆုံးရှေးဟောင်းအင်အားစုပဲ"

အောက်ဘက်မှလူအုပ်ကြီး မင်သက်မိသွားသည်။ ထောင်ထျဲ့မျိုးနွယ်နှင့်ပတ်သက်၍ ထိုလျှို့ဝှက်ချက်မျိုး ရှိနေမည်ဟုထင်မထား။

....

သိစိတ်နယ်မြေတွင် ထာဝရနတ်မယ်က စိတ်လှုပ်ရှားနေဟန်ဖြင့် ခြေထောက်နှစ်ဘက်ကို လွှဲယမ်းနေသည်။ ပန်းသွေးရောင်ခြေချောင်းများက နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်။

"ဘယ်လိုလဲ...ဘယ်လိုလဲ...ငါသရုပ်ဆောင်တာ ကောင်းတယ်မဟုတ်လား"

"ကောင်းပါတယ်....အဲဒီ့အတိုင်းဆက်လုပ်ပါ"

*********************************

All Chapters