← Chapters

အခန်း (၁၀၇-၁၀၉)

Vol. 3 Ch. 107-109

အခန်း (၁၀၇-၁၀၉)

Vol. 3 Ch. 107-109

အပိုင်း (၁၀၇) - ဒုတိယသခင်မလေးလုက သိပ်ရဲတင်းတယ်။

နောက်ဆုံးတော့ လုလျန့်ဝေ သက်တော်စောင့်များ၏ စောင့်ကြည့်မှုအောက်မှ လွတ်မြောက်လာပြီး အပန်းဖြေစံအိမ်မှ လစ်ထွက်လာပြီးနောက် သူမ မရပ်မနားဘဲ ရှန့်ထော်တောင်ထွဋ်ဆီ ခရီးနှင်ခဲ့လေသည်။

ထိုအခိုက်တွင် မူလလုလျန့်ဝေ၏ မြင်းစီးစွမ်းရည်က အတော်လေးကောင်းနေသည်ကို သူမ ကျေးဇူးတင်မိသည်၊ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များဖြင့် သူမ ‌ရှန့်ထော်တောင်ထွဋ်သို့ တစ်‌ယောက်တည်းသွားရာတွင် အခက်အခဲ မရှိခဲ့ပေ။

သူမမှာ အချိန်အများကြီးမရှိ။ သူမ ပိုနှောင့်နှေးနေသ၍ သက်တော်စောင့်များက သူမ ပျောက်သွားသည်ကို သတိထားမိနိုင်ချေ ပိုများလေသည်။

သူမ အလျင်အမြန်လှုပ်ရှားရန် လိုအပ်ပြီး ရှန့်ထော်တောင်ထွဋ်သို့ တတ်နိုင်သမျှ အမြန်ဆုံးရောက်ဖို့လို၏။

ထိုအခါတွင် သက်တော်စောင့်များ ရှာဖွေတွေ့ရှိသွားပြီး သူမကို လိုက်ရှာလျှင်တောင် သူမ ‌စိုးရိမ်စရာလိုတော့မည်မဟုတ်ပေ။

သူမ အဖေ၊ အစ်ကိုနှင့် အဘွားတို့ မေးလာပါလျှင် သူမ ရှန့်ထော်တောင်ထွဋ်သို့ လာကာ အံ့ဖွယ်ဆေးပင်တစ်မျိုး လာရှာသည်ဟု ပြော၍ရမည်ဖြစ်သည်။ သူမ ရှည်လျားထွေပြားလှသော ဆူပူကြိမ်းမောင်းမှုများမှ မလွတ်မြောက်နိုင်သော်လည်း သူမ လိုချင်သော ဆေးပင်ကို ရှာတွေ့သ၍ ပြဿနာမရှိပါချေ။

“သွားစမ်း! ကျာ့!”

သူမ ကျာပွတ်ကို ဝှေ့ယမ်းလိုက်ကာ မြင်းကို ဇက်ကုန်ဖွင့်၍ ဒုန်းစိုင်းနှင်လေတော့သည်။

ရှန့်ထော်တောင်ထွဋ်မှာ တော်ဝင်နန်းမြို့တော်မှ သိပ်မဝေးပေ၊ သို့သော် ၎င်းက လူများခြေချခဲသည့် ‌ခေါင်လှသောနေရာတွင် တည်ရှိလေသည်။

ထို့အပြင် ရှန့်ထော်တောင်ထွဋ်၏ အန္တရာယ်များလှပါသည်ဟူသော နာမည်ဆိုးကလည်း ထိုနေရာသို့ စူးစမ်းလည်ပတ်ချင်သော စွန့်စားသူများကို တားဆီးထားလေသည်။

အပြေးနှင်နေသောမြင်းမှာ ရုတ်တရက် ဇက်ကြိုးဆွဲခံလိုက်ရလေသည်။

သူမ နောက်ပြန်လှည့်ဖို့ အရမ်းနောက်ကျသွားပြီလားဟင်။

ထို့အပြင် လုံယန်၏ အုပ်ချုပ်မှုအောက်၌ တိုင်းပြည်မှာ အင်မတန် ငြိမ်းချမ်းနေပြီး လူများက စိတ်ချမ်းသာကျေနပ်စွာဖြင့် အလုပ်လုပ်ကြသည် နေထိုင်ရှင်သန်ကြသည်၊ အထူးသဖြင့် တော်ဝင်နန်းမြို့တော်အနီးတဝိုက်တွင် ဖြစ်၏။ ဤနေရာတွင် ဓားပြများ ကြီးစိုးသည်ဟူ၍ မကြားဖူးပေ။

ထိုအမျိုးသားက ခေါင်းပေါ်၌ ကောက်ရိုးဦးထုပ် ဆောင်းထားလျက် အနည်းငယ် ကွေးနေသော တစ်ဖက်သွားဓားရှည်အကြီးကြီးကို လွယ်ထားသည်။ သူ့အဝတ်အစားများမှာ ဖုန်မှုန့်များ ပေကျံနေ၏။ သူက ဇာတ်လမ်းပုံပြင်များထဲ ဖော်ပြထားသော ဓားပြများနှင့် တူလှပေသည်။

လုလျန့်ဝေက အံ့ဩနေမှုကို ထိန်းချုပ်ဖိနှိပ်ထားလျက် အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

သူမ ရှန့်ထော်တောင်ထွဋ်သို့ သွားရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ ရုတ်တရက် ‌ပေါ်ထွက်လာသော ဤလူကြောင့် သူမအစီအစဉ်ကို ဖျက်ပစ်ရန် မဖြစ်နိုင်ပေ။

သူမ ဤတစ်ကြိမ် မသွားနိုင်ပါလျှင် သူမ မိသားစုမှ သိရှိသွားပြီးနောက် နောက်တစ်ကြိမ် ထပ်ရှာနိုင်ဖို့ မဖြစ်နိုင်ပါတော့ချေ။

“ဒီနေရာတဝိုက်က အရာအားလုံးကို ငါပိုင်တယ်၊ မင်း ဖြတ်သွားချင်ရင် ငွေကြေး ထားခဲ့ရလိမ့်မယ်။”

လန့်သွားသော လုလျန့်ဝေမှာ မြင်းဇက်ကြိုးကို ခပ်တင်းတင်းဆုပ်ကိုင်မိလိုက်သည်။ ဒီလူက တကယ်ပဲ ဓားပြဖြစ်နေတာလား။

သူမ မျက်လုံးများ မှေးကျဉ်းလိုက်၏။ တမုဟုတ်ချင်းပင် သူမ ကျာပွတ်ကိုမြှောက်ကာ မြင်း၏ကျောထက် ခပ်ပြင်းပြင်း ရိုက်ချလိုက်လေသည်။

ထိုမြင်းမှာ နာကျင်စွာ အော်ဟစ်လိုက်၍ ခွာများကို မြင့်မြင့်မြှောက်လိုက်ပြီး လျှပ်စီးလိုအရှိန်ဖြင့် ရှေ့သို့ တဟုန်ထိုး ပြေးလေတော့သည်။

ကောက်ရိုးဦးထုပ်နှင့်လးက ခေါင်းငုံ့နေစဉ် ထိုမိန်းကလေး၏ ရုတ်တရက် အော်ဟစ်လိုက်သံကို ကြားရသည်။

တစ်စုံတစ်ရာ မူမမှန်နေသည်ကို မြင်သော် သူ မော့ကြည့်လာပြီး သူ့၏ ထီမထင်ဟန်မျက်နှာပေးက ချက်ချင်းပြောင်းသွားတော့သည်။

ထိုမိန်းကလေးက သူ့အား မြင်းဖြင့် ဖြတ်တိုက်တော့မည်ကို မြင်သော် သူ အလန့်တကြား ထခုန်လိုက်မိပြီး သူ့အေးတိအေးစက်အမူအရာလည်း ပျောက်သွားသည်။ သူ ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ပြေးလေတော့၏။

“သခင်ရေ၊ ဒုတိယသခင်မလေးလုက သိပ်အတင့်ရဲတာပဲ၊ ကျွန်တော့်ကို သတ်တော့မယ်ဗျ!”

ထိုကောက်ရိုးဦးထုပ်နှင့်အမျိုးသားကို သူမ မသိတာ သေချာပါသည်။ သူ့မျက်နှာကို ရှင်းရှင်လင်းလင်း မမြင်ရသော်လည်း သူ့အသံနှင့် ရင်းနှီးမနေပေ။ သူမ ဘယ်တုန်းကမှ ထိုအသံကို မကြားဖူးခဲ့။

သို့သော် သူကတော့ သူမ ဘယ်သူဖြစ်ကြောင်း သိနေသည်။ ထို့အပြင် သူပြောသော ထို သခင် က မည်သူနည်း။

အရှေ့ရှိ လမ်းဆုံတွင် အညိုရောင်မြင်းကောင်းမြင်းချောကြီး ရပ်လို့နေသည်။ ထိုမြင်းပေါ်၌ နက်ပြာရောင်ဝတ်ရုံဖြင့် အမျိုးသားတစ်ယောက် ထိုင်နေကာ သူမကို အေးစက်စက် လှမ်းကြည့်နေ၏။

သူမ မြင်းဇက်ကြိုးကို ဆွဲကာ အလျင်အမြန် တုံ့ပြန်လိုက်၏။

သို့သော် မြင်းက ပြေးနေသည်မှာ အင်မတန်မြန်လွန်းသည်။ သူမ မြင်းဇက်ကြိုးကို ဆွဲလိုက်စဉ်က အနည်းငယ် နှေးကျသွားသော်လည်း ထိုအမျိုးသားရှေ့သို့ ရောက်ကာမှ လုံးလုံးရပ်သွားလေသည်။

သူမ မျက်နှာချင်းဆိုင်ရှိ မြင်းပေါ်က အမျိုးသားကို ကြည့်နေရင်း လုလျန့်ဝေမှာ နားမလည်နိုင်စွာ စိတ်ရှုပ်ထွေးနေမှုများကို ဖုံးကွယ်မထားတော့ပေ။

“အသင်က ဘယ်လိုလုပ် ဒီကိုရောက်နေတာပါလဲ။”

ဆက်ရန်__

Chapter 108

March 8, 2024 by .

အပိုင်း (၁၀၈) - သူက ကျန်းမာရေးမကောင်းဘူး မဟုတ်လား။

လုံယန်၏ မာကျောအေးစက်သောအကြည့်များက သူမက သူ့ကို ငိုင်ကြည့်နေသည်အား မြင်သောအခါ ရုတ်တရက် နွေးထွေးလာသည်။ သူ့မျက်လုံးများထဲ အပြုံးရိပ်ကလေး ခိုကပ်နေ၏။

“လုလျန့်ဝေ၊ မင်း နည်းနည်းနောက်ကျတယ်၊ ငါကိုယ်တော် စောင့်နေတာ အတော်လေးကြာပြီ။”

လုလျန့်ဝေ ကြောင်သွားပြီးနောက် အံ့အားသင့်သွားသည်။

“အရှင်မင်းကြီးက ကျွန်မကို စောင့်နေတာလား။”

နောက်ဆုံးတော့ သူမမှာ မိမိကိုယ်ကို ဒီ နိမ့်ကျတဲ့ လက်အောက်ငယ်သားကျွန်တော်မျိုးမဟု နှိမ့်ချသုံးနှုန်းနေသည်ကို ရပ်လိုက်သဖြင့် လုံယန်၏ မျက်လုံးများထဲ ပျော်ရွှင်မှုတစ်စွန်းတစ်စ မြင်နိုင်လေသည်။

“အင်း။”

လုလျန့်ဝေမှာ အင်မတန်ရှော့ခ်ရသွား၏။

“အရှင့်မှာ နေ့တိုင်း အရေးကြီးကိစ္စတွေ ရှိနေတာကို ဘာလို့များ....”

“မင်းမေးခွန်းတွေ သိပ်များလွန်းတယ်၊ ဒီ့ထက်ပို နှောင့်နှေးနေရင်ဖြင့် မင်းအဖေနဲ့အစ်ကို မင်းပျောက်သွားတာ သတိထားမိရော့မယ်၊ အဲ့ဒီအချိန်ကျ ရှန့်ထော်တောင်ထွဋ်ကို သွားလို့ရမှာမဟုတ်တော့ဘူးနော်။”

လုံယန်က မျက်မှောင်ကြုံ့၍ သူမစကားကို ဖြတ်ပြောလိုက်သည်။

လုလျန့်ဝေမှာ ထိုသတိပေးချက်ကို ကြားသောအခါ သူမစိတ်ထဲရှိ မေးခွန်းများအားလုံးကို ဖိနှိပ်ထားလိုက်သည်။ သူမ ခေါင်းညိမ့်လိုက်၏။

ထိုသို့ဖြင့် သူမ စကားဆုံးသည်နှင့် ကျာပွတ်ဖြင့် မြင်းကို ရိုက်လိုက်ကာ ရှန့်ထော်တောင်ထွဋ်ဆီသို့ အရှိန်အပြည့်ဖြင့် နှင်လေတော့သည်၊ လုံယန်ကိုတော့ လျစ်လျူရှုထားခဲ့၏။

“သခင်၊ အဲဒီအမျိုးသမီးက တကယ်ပဲ ဒုတိယသခင်မလေးလုပါလားခင်ဗျာ။”

လုံယန်က သူမဆီမှ အကြည့်ဖယ်လိုက်၍ သူ့ကို သာမန်ကာလျှံကာ တစ်ချက် ကြည့်လာသည်။ သူ ထိုလူ၏ ရူးကြောင်ကြောင် မေးခွန်းကို ပြန်မဖြေဘဲ သူ့အသံမှာလည်း မာကျော၍ အေးစက်နေပြီဖြစ်သည်။ လုလျန့်ဝေနှင့် စကားပြောခဲ့စဉ်က နွေးထွေးမှုမျိုး မကျန်တော့ပေ။

“မင်းက လိုက်မလာဘဲ ဒီမှာ ဘာရပ်လုပ်နေသေးတာလဲ။”

ကောက်ရိုးဦးထုပ်နှင့်လူမှာ ရင်ထဲ ဖြန်းခနဲအေးစက်သွားသဖြင့် လန့်သွား၏။ သူ့၏ ပြေးလွှားနေသော အတွေးစများကို ရပ်လိုက်ပြီး မြင်းကိုနှင်ကာ သူ့သခင်နောက်သို့ လိုက်သွားလေတော့သည်။

လုလျန့်ဝေမှာ တစ်ခဏကြာပြီးနောက် နောက်မှ လုံယန်က သူမအား မှီလာသည်ကို မြင်လိုက်ရသည်။ မကြာခင်မှာပင် သူက သူမနှင့် ဘေးချင်းယှဉ်၍ စီးနေပြီဖြစ်သည်။

သူမ အနည်းငယ်အံ့ဩစွာဖြင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွား၏။ လုံယန်က ကျန်းမာရေးမကောင်းဘူး မဟုတ်လား။ ဘယ်လိုလုပ် ဒီလောက်မြန်မြန်နဲ့ သူမကို အမှီလိုက်လာနိုင်တာလဲ။

သူမရှုထောင့်မှနေ၍ သူ့၏ ဘေးတစ်စောင်းမျက်နှာကိုသာ မြင်ရသည်။

သူ့မျက်နှာကောက်ကြောင်းမှာ ပြီးပြည့်စုံလှသည်ဟု ပြော၍ရသည်။ ထီးနန်းပလ္လင်တွင် ထိုင်ခဲ့သည်မှာ နှစ်များကြာခဲ့ပြီကြောင့် ဖြစ်နိုင်သည်၊ သူ့မျက်နှာကောက်ကြောင်းအား အေးစက်တည်တင်းနေစေသည့် ဂုဏ်သိက္ခာအရှိန်အဝါတစ်မျိုး ရှိနေ၏။

၎င်းက သူ တိတ်ဆိတ်နေချိန်တွင် ပို၍သိသာသည်။ သူ့အာဏာနှင့် အဆင့်အတန်းကိုပြရန် ဒေါသထွက်ပြစရာမလိုပေ။ လူကို အသက်ရှုကြပ်စေသည့် ဖြုံလောက်စရာ ဖိအားတစ်မျိုး သူ့ထံတွင် ရှိနေသည်။

သူ့ ဆိုးရွား‌သော ကျန်းမာရေးအခြေအနေကြောင့် မသိမသာ မျက်နှာဖြူဖျော့နေသည်သာ မဟုတ်လျှင် အေးစက်တည်တံ့ကာ ရှိန်ချင်စရာ ကြောက်ဖို့ကောင်းသည့် ဤအမျိုးသားမှာ သိပ်ကြာကြာ အသက်ရှင်ရတော့မည်မဟုတ်ကြောင်း လုလျန့်ဝေ ယုံမည်မဟုတ်ပေ။

သူမ စိတ်ထဲမှ သက်ပြင်းချမိသည်။ ဤရှန့်ထော်တောင်ထွဋ်သို့ ခရီးတွင် ယင်ရှီးအဆိပ်အတွက် အဓိကလိုအပ်သည့် ဆေးပင်ကို အောင်အောင်မြင်မြင် ရှာတွေ့၍ သူ့အသက်ကို ကယ်တင်ပေးနိုင်ရန် သူမ မျှော်လင့်မိပါသည်။

ထိုအတွေးဖြင့် သူမ လက်ထဲရှိ ကျာပွတ်ကို ကိုင်မကာ မြင်းကို အတင်းအကြပ် ရိုက်လိုက်၏။

မြင်းက နာကျင်မှုကို ခံစားလိုက်ရသည်နှင့်အမျှ ပိုတိုး၍ ဒုန်းစိုင်းနှင်လေသည်။

လုလျန့်ဝေမှာ ဤသို့အရှိန်အပြည့်ဖြင့် စီးနှင်ရသည့်ခံစားချက်ကို ကြိုက်နှစ်သက်စပြုလာပြီဖြစ်သည်။

သို့သော် သူမမျက်နှာရှိ အပြုံးမှာ အလျင်အမြန်ပင် တောင့်တင်းနေပုံ ပေါ်လာသည်။

အဘယ်ကြောင့်ဆိုသော် သူမ မြင်းကို အရှိန်မြှင့်ရန် ဘယ်လောက်ပဲ ကြိုးစားပါစေ၊ သူမ သေခါနီးဟုသတ်မှတ်ထားသော လုံယန်သည် သူမနံဘေးတွင် အမြဲတမ်း ယှဉ်၍စီးနိုင်နေလေသည်။ သူမ သူမကို ကျော်လည်းတက်မသွားသလို နောက်တွင်လည်း ကျန်မနေခဲ့ပေ။

လုံယန်၏ လူမမာပုံစံကြောင့်သာ မဟုတ်လျှင် သူမ လုံယန်ကို ရောဂါရှိကြောင်း မှားယွင်းသတ်မှတ်ခဲ့ပြီး ထိုလူမှာ အစကတည်းက အဆိပ်ခတ်ခံထားရခြင်းမရှိလောက်ဟုပင် သံသယဝင်မိမည်ဖြစ်သည်။

မြင်းကို အစွမ်းကုန်ထုတ်၍ အရှိန်မြှင့်နေသော လုလျန့်ဝေနှင့်ယှဉ်လျှင် လုံယန်ကတော့ အတော်လေး အေးဆေးနေပုံရသည်။

မြင်းအား ဇက်ကုန်ဖွင့်မောင်းသည်ကို လူတစ်ယောက်က အဘယ်သို့ အလွယ်လေး အေးအေးဆေးဆေး စီးနိုင်ပုံပေါ်နေရသနည်း။

သူမ အံကျိတ်လိုက်၏။ လုံယန်ကို ဖုန်လုံးထဲတွင် မထားခဲ့နိုင်ဟု သူမ မယုံပါ။

မည်သို့ဆိုစေကာမူ မြင်းကိုအရှိန်အပြည့်မောင်းခြင်း၏ ရလာဒ်မှာ လုလျန့်ဝေ ချွေးတရွှဲရွှဲဖြစ်လာခြင်းပင်။ ထို့အပြင် လေအေးအေးတိုက်ခတ်လာစဉ် ချမ်း၍ တုန်တက်သွားခြင်းမှလည်း သူမ ရှောင်လွှဲ၍ မရပါချေ။

ဆက်ရန်__

Chapter 109

March 8, 2024 by .

အပိုင်း (၁၀၉) - သူ စိတ်ရှည်လက်ရှည်နှင့် အတန်ကြာ သည်းခံနေခဲ့ရလောက်သည်။

ဤသို့ဆက်သွားနေလျှင် ရှန့်ထော်တောင်သို့ ရောက်သောအချိန်၌ သူမ အအေးမိကာ ဖျားပေတော့မည်။

သို့သော် သူမ မြင်းကို အရှိန်လျှော့ခြင်းဖြင့် ခရီးကို မနှောင့်နှေးစေလိုပေ။

သူမ ထိုအတွေးနှင့် ရုန်းကန်နေစဉ် လုံယန်၏မြင်းက သူမနံဘေးကို ကပ်လာနေသည်ကို သတိမထားမိလိုက်ပေ။

မြင်းနှစ်ကောင်က ပေဝက်မျှသာ ကွာတော့သောအချိန်တွင် ရုတ်တရက် လုံယန်က သူမဆီ လက်လှမ်းလာသည်။

လုလျန့်ဝေမှာ မြင်းနှင်ရာတွင် အာရုံစိုက်နေ၍ လုံယန်၏ အပြုအမူကို သတိမထားမိပေ။ တမုတ်ဟုတ်ချင်းပင် သူမခါး၌ တစ်စုံတစ်ရာဖြင့် တင်းကြပ်လာသည်ကို ခံစားမိလိုက်သည်။ နောက်တစ်ခဏ သူမ သိလိုက်သည်မှာ သူမ အလေးချိန်က မြောက်တက်သွားပြီး လူတကိုယ်လုံး မြင်းကုန်းနှီးပေါ်မှ မ,တင်ခံလိုက်ရခြင်းပင်။

သူမ မျက်နှာအမူအရာ ဆတ်ခနဲပြောင်းသွားပြီး အော်လိုက်ရန်ပြင်သောအခါ သူမမှာ ရုတ်တရက် လုံယန်၏ရှေ့၌ ထိုင်နေပြီဖြစ်သည်ကို သိလိုက်ရသည်။

လုလျန့်ဝေမှာ အံ့ဩမှုကြီးကြောင့် စိတ်နှင့်ကိုယ်နှင့် ပြန်မကပ်သေးပေ။ သူမနောက်ကျောက ယောင်္ကျားပီသစွာ သန်မာသော ရင်အုပ်နှင့် ပွတ်တိုက်မိသည်ကို ခံစားလိုက်ရပြီး တစ်စုံတစ်ရာကို သတိထားမိသွားသည့်အလား မျက်နောင် တဖျတ်ဖျတ်ခတ်လာ၏။ သူမ တကိုယ်လုံး အလျင်အမြန် တောင့်တင်းသွားရတော့သည်။

လုံယန် ဘာတွေလုပ်နေတာတုန်း။

သူမ အကြည့်များကို နောက်သို့ပို့လိုက်သောအခါ နဂိုက သူမ စီးလာသည့်မြင်း၏ ဇက်ကြိုးကို ကောက်ရိုးဦးထုပ်နှင့်လူက ထိန်းကိုင်လျက် ဦးဆောင်နှင်သွားသည်ကို မြင်လိုက်ရသည်။

“မင်းကို ကိုယ်တော်နဲ့အတူ ခေါ်သွားမယ်၊ ဒီလိုဆို ပိုမြန်မြန်ရောက်နိုင်လောက်တယ်။”

လုလျန့်ဝေမှာ ခပ်နွေးနွေး ရှိုက်သက်လေက သူမ နားဖျားထက် ပွတ်တိုက်ဖြတ်သန်းသွားသည်ကို ခံစားမိသည်။ သူက သူမနားနားသို့ကပ်လျက် ပြောနေသည့်အလား။

နှစ်ယောက်အကြားက သက်တောင့်သက်သာမဖြစ်စွာ နီးကပ်နေသည့် အကွာအဝေးကြောင့် သူမတစ်ကိုယ်လုံး နေရထိုင်ရခက်နေ၏။

သူမ အနည်းငယ် ခေါင်းမော့ကြည့်လိုက်သောအခါ သူက သူမကိုမကြည့်ဘဲ ရှေ့တည့်တည့်သို့သာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှသာ သူမ စိတ်အေးစွာဖြင့် သက်ပြင်းချမိလေသည်။

သူမ သူ့၏ အေးစက်တောင့်တင်းသော မေးရိုးကို ကြည့်လိုက်မိသည်။ သူမ သူ့အား ရပ်ရန် ပြောလိုက်ချင်သော်လည်း စကားလုံးများက လည်ချောင်းထဲ တဝဲလည်လည် ဖြစ်နေပြီးနောက် သူမ ပြန်မျိုချလိုက်လေသည်။

ထားလိုက်ပါလေ၊ သူက သူမအား ခရီးတစ်လျှောက် တင်ခေါ်သွားရန်သာ စဉ်းစားနေခြင်း ဖြစ်လောက်ပေမည်။

သွားနေသည့်အရှိန်ကိုလည်း သူမ ခံစားမိ၏။ သူမမြင်းပေါ်တွင် ရှိစဉ်ကထက် အမှန်ပင် ပိုမြန်ပေ၏။

ခုနက သူမ မြင်းကို အသားကုန်အရှိန်မြှင့်ကာ စီးနေစဉ်က ပျော်ရွှင်ဝမ်းမြောက်နေခဲ့သည်ကို ယခုတော့ သူမ နည်းနည်းလေး ရှက်လာရပြီဖြစ်သည်။

လက်စသတ်တော့ သူမ အစွမ်းကုန်တင်ထားသည့်အရှိန်မှာ မြန်သည်ဟုပင် သတ်မှတ်၍မရပါတကား။ အမှန်ပြောရလျှင် လုံယန် စီးနှင်နိုင်သောအရှိန်နှင့် သေးသေးလေးပင် မနီးစပ်ပါချေ။

သူ သူမအား တင်ခေါ်သွားချင်သည်မှာ မဆန်းတော့ပေ။ သူက သူမမြင်း၏အရှိန်ကို စိတ်ရှည်လက်ရှည်ဖြင့် အတန်ကြာ သည်းခံနေခဲ့ရလောက်ပေမည်။

သူမ ထိုအခြေအနေအတွက် အကြောင်းအရင်းမျိုးစုံ စဉ်းစားနေရင်း သူမကိုယ်ပေါ်ထက် အနွေးဓာတ်တစ်ခု ခံစားလိုက်ရသည်။ ထို့နောက်တွင် သူမတစ်ကိုယ်လုံးမှာ ဝတ်ရုံဖြင့် လွှမ်းခြုံခံလိုက်ရပြီး လျင်မြန်သောအရှိန်ဖြင့် စီးနှင်နေခြင်းကြောင့် တိုက်ခတ်‌လာသော လေးအေးအေးထံမှ အကာအကွယ်ရနေလေသည်။

သူမခါးတစ်ဝက်မှ တောင့်တင်းသန်မာသောလက်တစ်စုံက ပွေ့ဖက်လာသည်။

လုလျန့်ဝေ၏ခေါင်းထဲ ဗလာကျင်းသွားတော့သည်။ ထိုအမျိုးသားထံမှ လာသော သန့်ရှင်းမွှေးပျံ့သည့်ရနံ့က သူမအနံ့ခံအာရုံတွင် ပြည့်လို့သွားသည်။ သူမစိတ်ထဲ ရုတ်တရက် ရီဝေလာပြီး တုံ့ပြန်မှုများ အနည်းငယ်နှေးကွေးလာသည်။

သူ့ရင်ခွင်ထဲရှိ မိန်းမပျိုလေးက တိတ်ဆိတ်ကာ လိမ်လိမ်မာမာလေးဖြစ်လာသောအခါ လုံယန်၏နှုတ်ခမ်းစွန်းများ တွန့်ကွေးတက်သွား၏။

သူတို့နောက်မှ စီးလာ‌သော ကောက်ရိုးဦးထုပ်နှင့်လူမှာ သူ့သခင်၏ အပြုအမူများကို မြင်‌သောအခါ မြင်းပေါ်ကပြုတ်ကျမလိုပင် ဖြစ်သွားရသည်။

အခြားအမျိုးသမီးများကို သူ့အနား အကပ်ပင်မခံသော မိမိသခင်ဖြစ်သူက ဒုတိယသခင်မလေးလုအား သူ့ရင်ခွင်ထဲထည့်ထားသည်ကို မိမိ မျက်မြင်တွေ့နေရပေသည်။

သူမရှိတဲ့အတောအတွင်း ဘာတွေဖြစ်ပျက်သွားပြီး သူ ဘာတွေများလွတ်သွားပါလိမ့်။

သူ မျက်တောင် တစ်ချက်ခတ်လိုက်ပြီး ‌ထို့နောက် ဒုတိယအကြိမ် ထပ်ခတ်လိုက်သည်။ သူ့ရှေ့ရှိ ထူးဆန်းသောမြင်ကွင်းက ပျောက်ကွယ်မသွားသေး။ ကြည့်ရတာ သု ထင်ယောင်ထင်မှား မြင်နေတာ မဟုတ်ပုံပင်။

သူ့သခင်က အမှန်တကယ်၊ အမှန်တကယ်ကို အမျိုးသမီးတစ်ယောက်အား ရင်ခွင်ထဲ ထည့်ဖက်ထားခြင်းဖြစ်ပါသည်။

လုလျန့်ဝေမှာ အချိန်မည်မျှကုန်သွားမှန်း မသိလိုက်။ မြင်း ရပ်သွားမှသာ ငိုက်နေသော လုလျန့်ဝေ ဖြည်းဖြည်းချင်း နိုးလာလေသည်။

သူမ တကယ်ကြီးပင် လုံယန်၏လက်မောင်းများကြား အိပ်ပျော်သွားမှန်း သတိထားမိသောအခါ ရှက်ရွံ့မှုနှင့် ကသိကအောက်ဖြစ်မှုတို့မှလွဲ ဘာမှမခံစားရတော့ချေ။ သူမ တွင်းတစ်တွင်းသာတူးပြီး ပုန်းနေချင်မိတော့သည်။

သူမ ရှက်လွန်း၍ တွန့်လိမ်နေစဉ် သူမခန္ဓာကိုယ် ရုတ်တရက် လှစ်ခနဲပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။ လုံယန်က သူမကို မြင်းပေါ်မှ ချီ၍ အောက်ချပေးနေခြင်းပင်။

လုလျန့်ဝေ၏မျက်နှာမှာ မီးပင်ထတောက်လာတော့မည့်အလား။

“ကျွန်မ..ကျွန်မဘာသာ ဆင်းနိုင်ပါတယ်၊ အောက်ချပေးပါ...”

မိန်းမပျိုလေး၏ ဖြူဖွေးသွယ်လျသော လက်ချောင်းလေးများက သူ့ရင်ဘတ်အား တွန်းနေသည်ကို တွေ့သောအါ လုံယန် ခဏရပ်သွားသည်။ သူက အပြုံးမမည်လုစွာ ပြုံးရင်းဖြင့် သူမကို မြေပေါ်သို့ချပေးလိုက်သည်။

သူမမှာ ခေါင်းကို မသိမသာငုံ့၍ အတော်လေးရှက်နေပုံပေါ်ပေသည်။

All Chapters