← Chapters

အခန်း (၁၁၀-၁၁၂)

Vol. 3 Ch. 110-112

အခန်း (၁၁၀-၁၁၂)

Vol. 3 Ch. 110-112

အပိုင်း (၁၁၀) - သူမမျက်နှာ ပူတက်လာတယ်။

လုံယန်၏အကြည့်များက သူမ၏ နူးနူးညံ့ညံ့ ပန်းရောင်သန်းနေသောမျက်နှာလေးအပေါ် ကျရောက်သွားပြီး တစ်ခဏမျှ တဝဲလည်လည်လုပ်နေသည်။ သူမဆံပင်က လေတိုက်သဖြင့် ပွယောင်းယောင်းဖြစ်နေသည်ကိုမြင်သော် သူ အလိုအလျောက်ပင် လက်ဆန့်ကာ သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေးလိုက်၏။

ထိုအမျိုးသား၏ အပြုအမူများကို သတိမူမိသော် လုလျန့်ဝေမှာ ပို၍ပင် ခေါင်းငုံ့ကျသွားရသည်။

မိသားစုဝင်မဟုတ်သော အမျိုးသားတစ်ယောက် သူမခေါင်းအား ထိတွေ့လာခြင်းကို သူမ အသားကျမနေပေ။

သူမအတွေးများ ‌ဟိုရောက်ဒီရောက်ဖြစ်နေစဉ် ယခင်ပိုင်ရှင်ထံမှ အနွေးဓာတ်တချို့ကျန်နေဆဲဖြစ်သောဝတ်ရုံတစ်ထည်က သူမကိုယ်ပေါ် ရောက်လာသည်။

“မင်း ခုနကတင် လေ‌စိမ်းတိုက်ခံထားရတာ၊ အအေးမမိအောင် ဒါဝတ်ထားလိုက်။”

ထိုသို့ဖြင့် ထိုအမျိုးသား၏ ရှည်ရှည်သွယ်သွယ်လက်ချောင်းများက ဝတ်ရုံ၏ကြိုးပေါ်ရောက်‌လို့လာသည်၊ ကြည့်ရတာ သူမအတွက် ကြိုးချည်ပေးချင်ဟန်။

လုလျန့်ဝေ သူ့ကို ရပ်ခိုင်းလိုက်ချင်သော်လည်း သူမစကားလုံးများကို ပြန်မျိုချလိုက်ရသည်။ သူမ သူ့လက်များမှ အလျင်အမြန်ရှောင်ရှားလိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောသည်။

“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။”

သူမ နမော်နမဲ့နိုင်စွာဖြင့် ကြိုးများချည်လိုက်ကာ နောက်သို့လှည့်လိုက်သည်၊ ထိုအခါ ကောက်ရိုးဦးထုပ်နှင့်လူက တစ်ဖက်တွင်ရပ်လျက် သူမအား အံ့ဩတကြီးကြည့်နေသည်ကို မြင်လိုက်ရ၏။

သူမ မျက်နှာပူတက်သွားပြီး လုံယန်နှင့်‌ ဝေးရာသို့ ခပ်မြန်မြန် ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်သည်။

သူ့မျက်လုံးများထဲ အပြုံးရိပ်ဖျော့ဖျော့ တောက်ပနေသည်ကို မြင်နိုင်၏၊ သို့သော် သူ ကောက်ရိုးဦးထုပ်နှင့်လူဘက်သို့ လှည့်လိုက်သောအခါ ထိုအပြုံးက ပျောက်ကွယ်သွားသည်။ သူ့ပုံစံက ခက်ထန်မာကျောနေကာ သူ့ထံမှ ကြောက်စရာအရှိန်အဝါတစ်မျိုး ထုတ်လွှတ်နေသည်။

“ချူးယီး၊ ဘာငိုင်နေသလဲ၊ လမ်းအခြေအနေ သွားထောက်လှမ်းချေ။”

ချူးယီးက အကြည့်များ ပြန်သိမ်းလိုက်ပြီး တလေးတစား ပြန်ဖြေသည်။ သို့သော် သူ့သခင်ဖြစ်သူက အဘယ်ကြောင့် အမျိုးသမီးတစ်ယောက်အပေါ် ဤမျှညင်ညင်သာသာ ဆက်ဆံနေမှန်း နားမလည်နိုင်စွာ ဘာသာ ပွစိပွစိရေရွတ်နေလေသည်။

သူမြင်ခဲ့ရသောမြင်ကွင်းကြောင့် အမှန်ပင် အံ့ဩသွားခဲ့ရပါ၏။

သူ့သခင်က အမျိုးသမီးတစ်ယောက်ကို ပွေ့ဖက်ခဲ့ရုံသာမက သူမကို ဝတ်ရုံကြိုးပင် ချည်ပေးနေသေးသည်။

ဤသည်မှာ အမျိုးသမီးများကို ကူးစက်ရောဂါကြီးတစ်ခုလို ရှောင်ရှားခဲ့သော၊ ယုံကြည်ချက်ရှိရှိ ဆုံးဖြတ်ချက်ချကာ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သော၊ အာဏာရှင်ဆန်ဆန် ရက်စက်သောနည်းလမ်းများကို ကိုင်စွဲသော သူ့သခင်မှပင် ဟုတ်ပါ၏လော။

ထိုသို့တွေးမိသောအခါ ချူးယီး ကြက်သီးမွေးညင်းပင် ထလာမိသည်။

သူ ထင်ယောင်ထင်မှား တွေးနေမြင်နေသည့်ရောဂါ ရနေသည်ဟုပင် ထင်လာရသည်။ သူ့သခင်ကဲ့သို့သောလူက အမျိုးသမီးများအပေါ် အဘယ်သို့ နူးညံ့လာနိုင်မည်နည်း။

လုလျန့်ဝေက လုံယန်နှင့်ချူးယီးတို့ ပြောနေသည့်စကားများကို ကြားသောအခါ မိမိတို့ ရှန့်ထော်တောင်ထွဋ်တောင်ခြေသို့ ရောက်လာပြီမှန်း သိလိုက်သည်။

လုလျန့်ဝေက သူမရှေ့ရှိ တောင်ကြီးကို ကြည့်လိုက်ပြီးနောက် အိတ်ထဲရှိ ဆေးမှုန့်တချို့ယူကာ သူမကိုယ်ပေါ် ပက်ဖြန်းလိုက်၏။

“ကျွန်မဘာသာ လုပ်ထားတဲ့ ဆေးမှုန့်ပါ၊ ပိုးမွှားတွေ မြွေတွေ မောင်းထုတ်ဖို့ အသုံးဝင်တယ်၊ ရှင်လည်း ကိုယ့်အပေါ် ဖြန်းရင်ဖြန်းထားလေ။”

လုလျန့်ဝေက ဆေးမှုန့်ထုတ်အား သူ့ဆီကမ်းပေးချင်သည်၊ သို့သော် သူက နေရာတွင်သာ မလှုပ်မယှက်နေ၏။ သူက ထိုအားပြင်းသောအရှိန်အဝါကြီးကို ဖုံးထားရန် ကြိုးစားနေသော်လည်း သူ့ထံမှ သဘာဝအလျောက်ပင် ထုတ်လွှတ်နေဆဲဖြစ်သည်။ သူပင် ဘာမှလုပ်စရာမလိုဘဲ သူ့၏ အဆင့်အတန်းမြင့်မားမှုကို ဖော်ပြနေသော သဘာဝအရ လေထုအခြေအနေကို သတိထားမိမည်ပင်။

သူမ တုံ့ဆိုင်းနေပြီး နောက်ဆုံးမှာတော့ ဆေးထုတ်ကို ဖွင့်လိုက်ကာ ဆေးမှုန့်များကို သူ့တကိုယ်လုံး ဖြန်းပေးလိုက်ရလေသည်။

သူမမှာ သူ့အပေါ် ဆေးမှုန့်ဖြန်းပေးရမည်ကို တွန့်ဆုတ်နေသည့်နှယ် မျက်လွှာချထားသည်ကို လုံယန် တွေ့လိုက်သည်။ သူ့နှုတ်ခမ်းစွန်းလေးများက အင်မတန် မသိမသာစွာ ကွေးတက်လို့သွား၏။

ဤမိန်းမပျိုလေးက ညင်သာကာ စကားနားထောင်ပုံပေါ်သော်လည်း အမှန်မှာ အတော်ခေါင်းမာသောဟာလေးဖြစ်၏။

သူ အေးစက်စက် ပြောလိုက်ကာ ရှေ့ဆုံးမှ ဦးဆောင်၍သွား၏။

လုလျန့်ဝေမှာ မနှောင့်နှေးစေရဲဘဲ သူ့နောက်သို့ အလျင်အမြန်လိုက်သွားရလေသည်။

ရှန့်ထော်တောင်ထွဋ်မှာ အင်မတန်အန္တရာယ်များသောနေရာအဖြစ် နာမည်ကြီးပြီး ၎င်းအား စူးစမ်းရန် စိတ်ဝင်စားသူ အများအပြားကို ဦးလှည့်ပြန်သွားစေသော နာမည်သတင်းရှိ၏။ မည်သို့‌ဆိုစေကာမူ အံ့ဖွယ်ဆေးပင်များနှင့် ရှားပါးသတ္တဝါများအတွက် စွန့်စားရဲသူများလည်း ရှိကြလေသည်။

သုံးယောက်သားက ရှန့်ထော်တောင်ထွ‌ဋ်သို့ ဝင်ရောက်လာခဲ့ကြသည်။ အပြင်ဘက်ပိုင်းများမှာ တောသိပ်မထူ၍ သွားရတာ လွယ်ကူသည်၊ သို့သော် အနက်ပိုင်းသို့ ခရီးပေါက်လာသည်နှင့်အမျှ တောက ပို၍နက်နဲထူထပ်လာ၏။ သစ်ပင်များက နေ့အလင်းရောင်ကို ပိတ်ကွယ်ထား၍ ကောင်းကင်ကြီးကိုပင် မမြင်ရလုနီးပါး။ ဤသည်က တောအုပ်ကြီးအတွင်း မှောင်မည်းကာ ခြောက်ခြားစရာခံစားချက် ပေးစွမ်းနေလေသည်။

တောအုပ်ထူထူထဲ ပြန့်ကျဲနေသောအရိုးတစ်ချို့ကိုပင် မြင်နိုင်၏။

ကြည့်ရတာ ရှန့်ထော်တောင်ထွဋ်က သူမ စိတ်ကူးထားသည်ထက် ပို၍အန္တရာယ်များပုံပေါ်သည်။

ထိုအရိုးများက ဤနေရာသို့ လာရောက်စူးစမ်းသူများ၏အရိုးများပင် ဖြစ်ရပေမည်။

ထိုအခိုက်မှာပင် တချွတ်ချွတ်အသံ ကြားလိုက်ရ၏။ ချူးယီးက ချက်ချင်းပင် လုံယန်နှင့်လုလျန့်ဝေတို့ရှေ့၌ ရပ်လိုက်သည်။ သူ့မျက်နှာမှာ ယခင်က နမော်နမဲ့နိုင်သည့်အမူအရာနှင့် ဆန့်ကျင်စွာပင် လေးနက်နေလေသည်။

ဆက်ရန်__

Chapter 111

March 9, 2024 by Nay Chi Lynn

အပိုင်း (၁၁၁) - ဒုတိယသခင်မလေးလုထံမှ အထင်သေးခံရခြင်း။

ချူးယီးတစ်ယောက် သတိအပြည့်ရှိနေစဉ်မှာပဲ အရွယ်ရောက်ပြီးအမျိုးသားတစ်ယောက်၏ လက်မောင်းမျှရှိသော မြွေနက်ကြီးတစ်ကောင်က ရုတ်တရက် ခြုံပုတ်ထဲမှ လျှောခနဲထွက်လာလေသည်။ ၎င်းမှာ လျှာနှစ်ခွကို တစ်လစ်ထုတ်ထားလျက်။ တစ်မုဟုတ်ချင်းပင် ချူးယီး၏ ခြေထောက်နံဘေးသို့ တွားသွား၍ ရောက်လာလေသည်။

ချူးယီး မတုံ့ပြန်နိုင်ခင်မှာပဲ ထိုမြွေကြီးက လျှပ်စီးလိုအလျင်ဖြင့် သူ့ခြေထောက်ပေါ် တွားတက်လာပြီး သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ရန် ကြိုးစားလေသည်။

ချူးယီး အောက်ငုံ့ကြည့်လိုက်ပြီး မြွေကြီးကို မြင်သောအခါ ကြောက်ရွံ့လွန်း၍ လက်များပင် စတင်တုန်ယင်လာလေသည်။ အမှန်တော့ သူကိုင်ထားသည့် ဓားကြီးကိုပင် အ၀ေးသို့ ပစ်ထုတ်မိလုနီးပါး ဖြစ်သွားရသည်။

ထိုသို့သော ခန္ဓာကိုယ်ပျော့စိစိနှင့်သတ္တ၀ါမျိုးကို သူ အကြောက်ဆုံးဖြစ်၏။ ၎င်းတို့၏ အေးစက်စက် တည်ငြိမ်နေမှုကြီးက လူကို ကြက်သီးဖြန်းဖြန်းထစေသည်။

သူ့တစ်ကိုယ်လုံး တောင့်တင်းသွားပြီး လက်ထဲရှိ ဓားကြီးကို မြွေနက်ကြီးထံ ၀ှေ့ယမ်းနေသည်။

တောအုပ်အတွင်း သွေးညှီနံ့ပျံ့လွင့်လာသည်။

ထို့နောက်တွင်မူ ပို၍ပင်ကြောက်ဖို့ကောင်းသောကိစ္စတစ်ခု ဖြစ်ပျက်သွား၏၊

မြွေနက်ကြီး သေသွားသောအခိုက်တွင် ပို၍များပြားသောမြွေများက အရပ်မျက်နှာပေါင်းစုံမှ ပေါ်ထွက်လာကြလေတော့သည်။

၎င်းတို့က တစ်စိတ်တည်းတစ်ကိုယ်တည်း တွားသွားကြရန် သဘောတူညီထားကြသည့်အလား ချုးယီးရပ်နေသောနေရာဆီသို့ ဦးတည်လာကြသည်။

ထိုမြွေတစ်ကောင်ချင်းစီမှာ လူတစ်ယောက်၏ လက်မလောက်သာရှိသော်လည်း သူတို့ခန္ဓာကိုယ်များမှာ မည်းနက်နေကြ၍ ခရမ်းရောက်အစက်အပြောက်များ ရှိသည်။ တစ်ချက်ကြည့်ရုံနှင့်တင် အင်မတန် အဆိပ်ပြင်းသည်မှာ ထင်ရှား၏။

ချူးယီးမှာ လုံးလုံးလျားလျား ယောက်ယက်ခတ်သွားရ၏။

သူ့သခင် သူ့အား ဤနေရာသို့ မလိုက်လာခိုင်းသင့်ဟု လုံး၀မှတ်ယူလိုက်တော့သည်။

ရက်စက်လှပါသည်ဆိုသော ရန်သူများကို သူမကြောက်ပါချေ၊ ထိုအစား သူအကြောက်ဆုံးမှာ ဤသို့သော ခန္ဓာကိုယ်ပျော့ပျော့ဖြင့်သတ္တ၀ါများပင် ဖြစ်သည်။

တစ်ကောင်လောက်ဆိုလျှင် အဆင်ပြေသည်၊ သူ့ကိုယ်သူ အတင်းအကြပ်ဖိအားပေး၍ ကိုင်တွယ်နိုင်ပါသည်။ သို့သော် သူ့ရှေ့ရှိ တွန့်လိမ်တွန့်လိမ်ဖြင့် တစ်ကိုယ်တည်းကဲ့သို့ ထူထဲကျပ်သိပ်စွာ စုစည်းနေကြသော အကောင်ရေအစုလိုက်ကြီးမှာတော့ အိပ်မက်ဆိုးပင်ဖြစ်တော့သည်။

ထို့အပြင် ထိုမြွေများက ခုနက မြွေနက်ကြီးအတွက် လက်စားချေပေးချင်သည့်နှယ် အဘယ်ကြောင့် သူ့ဆီကိုပဲ စုပြုံ၍ တည့်တည့်လာနေသည်ကို သူ နားမလည်နိုင်ပေ။

မြွေများက သူ့ခန္ဓာကိုယ်အား ရစ်ပတ်တော့မည်ကို မြင်သောအခါ ချူးယီးမှာ တောင့်ခဲသွားရတော့သည်။ သူ ထပ်သည်းမခံနိုင်တော့ဘဲ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်မိသည်။

လုံယန် ခပ်ဖွဖွမျက်မှောင်ကြုံလိုက်သည်။ သူ့ဓားက ဖြူစွတ်နေသော အလင်းတစ်ဖျတ် ရောင်ပြန်ဟပ်သွားပြီး ထိုရှုပ်ထွေးလိမ်ပတ်နေသော မြွေအုပ်ကြီးကို ခုတ်ပိုင်းပစ်တော့မည့်အချိန်တွင် လုလျန့်၀ေက ရုတ်တရက် သူ့လက်ကို ပြန်ဆွဲထားလိုက်သည်။

“အရှင်မင်းကြီး၊ ဒီမြွေတွေကို သတ်လို့မဖြစ်ပါဘူး၊ သွေးနံ့ရသွားရင် သူတို့က ပိုကြမ်းတမ်းလာပါလိမ့်မယ်၊ ကျွန်မအထင် ဒါက သူတို့ရဲ့ အစိတ်အပိုင်းသေးသေးလေးပဲ ရှိလောက်ပါဦးမယ်၊ ပိုကြီးတဲ့မြွေတွေက ထွက်မလာသေးဘူး။”

သူ့အော်သံဆုံးသည်နှင့် ထိုမြွေသေးသေးလေးအနည်းငယ်က သူ့ခြေသလုံးပေါ် တွယ်တက်လာကြသည်ကို သတိထားမိသွားပြီး မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ချူးယီး၏ ကြောက်လန့်တကြားအော်သံမှာ ကောင်းကင်ကြီးထိ တက်သွားပြီး တောထဲတွင် နားနေသောငှက်များကို ခြောက်လှန့်မိသွားသဖြင့် ၎င်းတို့မှာ အတောင်တဖျတ်ဖျတ်ခတ်၍ ထပြန်သွားကြလေသည်။

ထိုအခိုက်မှာပင် ထူးဆန်းသည့်အနံ့တစ်မျိုးက ချူးယီးဆီ ပျံ့လွင့်လာပြီး သူ့နား၀ိုင်းနေကြသော မြွေများက ချက်ချင်းပင် ပြန့်ကျဲသွားကြ၏။

ချူးယီးမှာ ဘာတွေဖြစ်သွားမှန်း နားမလည်လိုက်။ ရုတ်တရက် သူ ငယ်ရွယ်နုပျိုသော မိန်းကလေးတစ်ယောက်၏ ရှင်းရှင်းလင်းလင်း ပြောလိုက်သံကို ကြားလိုက်ရသည်။

“မြွေတွေက ရှုန်းဟွမ်မှုန့်ကို အကြောက်ဆုံးပဲ၊ ကိုယ်ပေါ်နည်းနည်းလောက် ဖြူးထားလိုက်ရင် သူတို့ အနံ့ရတာနဲ့ ရှောင်သွားကြလိမ့်မယ်။”

ချူးယီး ပြန်လည်စိတ်စုစည်းလိုက်သည်။ ထိုထူးထူးဆန်းဆန်းအနံ့က... ရှုန်းဟွမ်ရဲ့အနံ့ပေါ့လေ။

ထိုအခိုက်မှာပင် စက္ကူအိတ်လေးတစ်အိတ်က ရုတ်တရက် သူ့လက်ထဲအထည့်ပေးခံလိုက်ရသည်။

ချူးယီး ငုံ့ကြည့်လိုက်ပြီးနောက် သူ့သခင်နှင့် ဒုတိယသခင်မလေးလုတို့ကို မြွေများက အဘယ်ကြောင့် မတိုက်ခိုက်မှန်း ရုတ်တရက် အလင်းပွင့်သွားလေသည်။

ချူးယီး၏ စိတ်၀ိဉာဉ်မှာ ခွန်အားပြည့်ကာ တက်ကြွသွားသည်။ သူ တုံ့ဆိုင်းခြင်းမရှိ စက္ကူအိတ်ကို ဖြဲဖွင့်လိုက်ကာ ထိုဆေးမှုန့်များကို သူ့ကိုယ်အနှံ့ ဖြူးလိုက်လေသည်။

သူ ဖြူးလိုက်ပြီးသောအခါ အစက တောထဲ၌ စုအုံနေကြသော မြွေများမှာ အစပင်မကျန်တော့ဘဲ ပျောက်သွားကြပြီဖြစ်သည်။

သူ့မျက်နှာထက် ၀မ်းသာသွားသောအရိပ်အယောင်များ ပေါ်လာသည်၊ ထို့နောက် သူ ဒုတိယသခင်မလေးလုအား စိတ်အားထက်သန်စွာ လှည့်ကြည့်လိုက်သည်။

လုလျန့်၀ေက သူ့ကို တစ်ချက်ကြည့်လာသည်။ ဤသည်ကို ခြွင်းချက်အနေဖြင့်ထား၍ သူမ ငြင်းဆန်လိုက်ပါသည်။

“ဒါက ဘာမှမဟုတ်ပါဘူး၊ ကျွန်မတို့က တောတွေတောင်တွေထဲ ရောက်နေမှတော့ ပိုးမွှားတွေမြွေတွေက ရှိမှာပါပဲ၊ လူအတော်များများက မြွေမောင်းဖို့ ရှုန်းဟွမ်မှုန့်တွေ ယူလာလေ့ရှိကြပါတယ်။”

ဒုတိယသခင်မလေးလုက သူ့ကို အထင်သေးနေတယ်လို့ ဘာလို့ ရုတ်တရက်ကြီးခံစားလိုက်ရပါလိမ့်။

သူက တစ်ခုခုတွေးမိသည့်အလား လက်ဖ၀ါးနှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး ပြောသည်။

“ဒုတိယသခင်မလေးက အပြည့်အစုံပြင်ဆင်ပြီးတော့ ရှန့်ထော်တောင်ကို လာခဲ့တာပဲ၊ ဒါဖြင့်ရင် တခြားဆေးပစ္စည်းတွေ ပါလာသေးလား”

ဆက်ရန်__

Chapter 112

March 9, 2024 by Nay Chi Lynn

အပိုင်း (၁၁၂) - မင်းက ကိုယ်တော့်ကို အံ့ဩသွားအောင်လုပ်လိုက်တာပဲ။

“ဥပမာအားဖြင့်?”

လုလျန့်ဝေ မျက်ခုံးပင့်လိုက်သည်။

“ဥပမာ သားရဲတွေကို မောင်းထုတ်နိုင်တဲ့ဆေးလိုမျိုးပေါ့။”

ချူးယီးက သူမအား မျှော်လင့်တကြီး ကြည့်လာသည်။

“ဟင့်အင်း။”

လုလျန့်ဝေက ရိုးရိုးရှင်းရှင်းပင် တည့်တိုးဖြေလိုက်သည်။

ချူးယီးမှာ ၎င်းကိုကြားသော် စိတ်ဓာတ်ကျသွားလေသည်။

လုလျန့်ဝေမှာ အတော်လေးအားစိုက်ထုတ်၍ ချူးယီး၏ မြေပေါ်ကျနေသော ဓားကြီးကို မ,ယူလိုက်ပြီးနောက် သူ့လက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။

“နောက်ပိုင်း ကြမ်းကြမ်းတမ်းတမ်းသားရဲတွေနဲ့တွေ့ရင် ရှင့်တာဝန်ပဲ ထားလိုက်မယ်နော်။”

ချူးယီးမှာ ခံပြင်းစွာဖြင့် ဓားကြီးကို ပခုံးပေါ် ထမ်းတင်လိုက်ပြီးနောက် ရှေ့သို့ ဆက်သွားလေသည်။

လုလျန့်ဝေက လုံယန်ကို လှည့်ကြည့်လိုက်၏။

လုံယန်မှာ သူမ ပြောတော့မည့်စကားကို ခံစားမိနေသော်လည်း ခေါင်းညိမ့်လိုက်ပါသည်။

“ဒါဖြင့်ရင် ဘာလို့ ဒီလောက်တောင် မျှော်လင့်ချက်ထားချင်စရာ မရှိရတာလဲနော်၊ မြွေတောင်ကြောက်နေသေးတယ်!”

ဤမျှအသုံးမကျသောသူက ဘယ်လိုလုပ် လုံယန်၏ သက်တော်စောင့် ဖြစ်နေရပါသနည်း။ သူမအတွက်မူ ဤသည်က မယုံနိုင်စရာပင်။ ထို့အပြင် လုံယန်က ထိုသို့လူမျိုးကို အဘယ်သို့ သည်းခံ၍ အနားတွင်ထားထားနိုင်‌ရသနည်း။

သူမ ယခင်က နှစ်ခါမျှ တွေ့ခဲ့ဖူးသော လူငယ်လေးမှာ ထိုမျှ အသက်မကြီးလောက်သေးသော်လည်း ချူးယီးထက်တော့ ပိုအားကိုးရပုံပေါ်လေသည်။

လုံယန်က ချူးယီး၏ အသုံးမကျမှုအား အစောကတည်းက ကျင့်သားနေရပြီးသည့်အလား၊ သူက နည်းနည်းလေးမှ စိတ်အနှောင့်အယှက်ဖြစ်ပုံမပေါ်ပေ။

လုလျန့်ဝေသည် မြွေအုပ်ကြီး၏ ကျူးကျော်မှုနှင့် ရင်ဆိုင်ရစဉ်ကကဲ့သို့ တည်ငြိမ်သောဟန်ပန် ပြန်ပေါ်လာသည်။ သူ ကျီစယ်လိုဟန်ဖြင့် မှတ်ချက်ပြုသည်။

“မိန်းကလေးငယ်ငယ်လေးတွေကရော မြွေကြောက်ကြတာပဲမဟုတ်ဘူးလား၊ ဒုတိယသခင်မလေးလုကတော့ မကြောက်ဘူးပဲနော်။”

လုလျန့်ဝေ သူ့စကားများထဲမှ စနောက်လိုသည့်ရည်ရွယ်ချက်ကို ဖမ်းဆုပ်မိလိုက်သည်။ သူမ သူ့ကို တစ်ချက်ကြည့်လိုက်ကာ ပြန်ချေပလိုက်သည်။

“မိန်းကလေးတွေ အကုန်လုံး မြွေကြောက်တတ်တယ်လို့ ဘယ်သူပြောလဲ။”

လုလျန့်ဝေမှ သူ့မှတ်ချက်ထဲမှ ခြွင်းချက်ဖြစ်မှန်း လုံယန် မြင်နိုင်ပါသည်။ သူ ခဏတန့်သွားပြီးနောက် သူမကို အကြည့်တစ်ချက်ပေးလိုက်ကာ ခေါင်းညိမ့်သည်။

“မင်းပြောတာ မှန်ပါတယ်၊ ဒါပေမယ့်လို့ ဒုတိယသခင်မလေးလု မတိုင်ခင်က သည်လောက်သတ္တိရှိတဲ့ အခြားမိန်းကလေးမျိုး ကိုယ်တော်ဖြင့် မမြင်ဖူးဘူး၊ မင်းက ကိုယ်တော့်ကို အံ့ဩသွားအောင်လုပ်လိုက်တာပဲ လုလျန့်ဝေ။”

သူမက ရှန့်ထော်တောင်ထွဋ်ဆီသို့ သွားရန် ရဲတင်းရုံမျှသာမက သူမ မြင်းကို ဒုန်းစိုင်းနှင်နေသည့်ပုံစံကလည်း အင်မတန်သူရဲကောင်းဆန်သည်။ ထို့အပြင် မြွေသိုက်ကြီးနှင့် ရင်ဆိုင်ရချိန်တွင်လည်း သူမက တည်ငြိမ်ကာ စိတ်ကို စုစည်းထားနိုင်ခဲ့သည်။

ချူးယီးကဲ့သို့သော သိုင်းပညာကျွမ်းကျင်သူပင်လျှင် ထိုမြွေများကို ကြောက်လန့်နေခဲ့သော်လည်း လုလျန့်ဝေလို မိန်းမပျိုလေးသည် အမျိုးသားတစ်ယောက်ထက်ပင် ကျော်လွန်သော သတ္တိကို ပိုင်ဆိုင်ထားလေသည်။

လုလျန့်ဝေက ရှေ့သို့ ဆက်သွားနေ၏၊ သို့သော် သူမ လုံယန်၏ စကားများကို ကြားသောအခါ ခြေလှမ်းများ ရပ်လိုက်သည်။ သူမ ခေါင်းစောင်း၍ လှမ်းကြည့်လိုက်သောအခါတွင် ဧကရာဇ်အရှင်က သူမအား အကဲခတ်ကြည့်နေသည်ကို မြင်လိုက်ရ၏။

သူမ လန့်သွားပြီး အလျင်အမြန် မျက်နှာလွှဲလိုက်ကာ သူမစိတ်ထဲရှိ ထူးဆန်းနေသော ခံစားချက်များကို အကောင်းဆုံးကြိုးစား၍ ဖိနှိပ်ထားလိုက်သည်။

သိပ်မကြာခင်မှာပဲ ချူးယီးသည် အဘယ်ကြောင့် လုံယန်၏ သက်တော်စောင့်ဖြစ်လာနိုင်ခဲ့ကြောင်း အကြောင်းအရင်းကို သူမ ရှာဖွေတွေ့ရှိသွားတော့သည်။

ဝံပုလွေအုပ်စုက သူတို့သုံး‌ယောက်အား အရသာရှိ စားကောင်းသောက်ဖွယ်ကြီးကဲ့သို့ ကြည့်နေကြသည်။

ထို့နောက် ချက်ချင်းပင် အုပ်စုခေါင်းဆောင် ဝံပုလွေက တစ်ချက်အူလိုက်သော် ကျန်ဝံပုလွေများက လျှပ်စီးလိုအရှိန်နှင့် ပြေးလာကြပြီး ထိုသုံးယောက်ကို တိုက်ခိုက်ကာ အမဲဖျက်ရန်ကြိုးစားလေသည်။

သွားချွန်ချွန်များ အထင်းသားဖြင့် ဝံပုလွေအုပ်စုမှာ သားကောင်၏ အားနည်းချက်ကို ရှာ၍ သူတို့၏ အသားစိုင်များကို ဆွဲဖြဲရန် ပြင်နေကြသည်။

လုလျန့်ဝေ ဤနေရာသို့ မလာခင်က ကြုံနိုင်သည့် အန္တရာယ်ပေါင်းစုံအတွက် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်ပင် သူမ သားရဲရိုင်းများအပေါ် အသုံးပြုနိုင်သည့် အဆိပ်ရည်အမျိုးအစားပေါင်းစုံ ယူလာခဲ့၏။

ထိုအဆိပ်ရည်များကို သူမကိုယ်တိုင် ဖော်စပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အားလုံးမှာ ပြိုင်ဘက်ကင်း အာနိသင်ရှိ၍ တစ်ချက်တည်းနှင့် မည်သည့်ရန်သူ၊ မည်သည့်သားရဲကိုမဆို သေစေနိုင်သည်။

သို့သော် သည်လောက်များသည့် ဝံပုလွေများနှင့် တိုးလိမ့်မည်ဟုတော့ သူမ ထင်မထားခဲ့ချေ။

ဤသို့သောအခြေအနေတွင် သူမကိုယ်ပေါ်ရှိ အဆိပ်ရည်များမှာ အနည်းနှင့်အများ‌တော့ အသုံးမဝင်တော့ပေ။

ဤသို့ အရေးကြီးအခိုက်အတန့်တွင် ချူးယီးသည် လေပေါ် ခုန်တက်လိုက်လျက် သူ့လက်ထဲရှိ ဓားကြီး တစ်ချက်ဝှေ့လိုက်သည်နှင့်အမျှ တိုက်ခိုက်လာကြသော ဝံပုလွေအုပ်ကို တားထားပေးလိုက်သည်။

သူ့လှုပ်ရှားမှုများက အင်မတန်ဖျတ်လတ်၏။ သူ လက်များမြှောက်ကာ ဓားကြီးကို ပိုင်းချနေရင်း အကြိမ်အနည်းငယ်အတွင်းမှာပဲ ဝံပုလွေ ဒါဇင်ကျော်မျှကို သတ်ဖြတ်လိုက်ပြီးဖြစ်သည်။

ဤတစ်လျှောက်လုံးတွင် လုံယန်က တည်ငြိမ်နေကာ စိတ်စုစုစည်းစည်းရှိနေသည်။ သူ သူ့နောက်ရှိ လုလျန့်ဝေကို စကားပြောနေစဉ်ပင် ပျာယာခတ်မနေပေ။

လုလျန့်ဝေမှာ ခဏမျှ ကြောင်သွားပြီးနောက် သူဆိုလိုသည်ကို ချက်ချင်းနားလည်လိုက်သည်။ သူမ ခေါင်းညိမ့်လိုက်၏။

“တက်တတ်ပါတယ်။”

All Chapters