← Chapters

အခန်း (၁၁၃-၁၁၅)

Vol. 3 Ch. 113-115

အခန်း (၁၁၃-၁၁၅)

Vol. 3 Ch. 113-115

Chapter 113

March 10, 2024 by Nay Chi Lynn

အပိုင်း (၁၁၃) - သူ့ရဲ့ မ‌သဲမကွဲညည်းတွားလိုက်သံကို သူမ ကြားလိုက်ရတယ်။

လုံယန်သည် လုလျန့်ဝေထံမှ အတည်ပြုသောအဖြေကို ရလိုက်၍ အံ့ဩသွားသည်။

ချက်ချင်းပင် သူ့ပခုံးကိုကျော်၍ သူမအား လှမ်းကြည့်လိုက်၏။

ထိုအခိုက်တွင် လုပ်ရဲကိုင်ရဲသော မိန်းမပျိုလေးမှာ တုံ့ဆိုင်းခြင်းမရှိဘဲ နောက်သို့လှည့်လိုက်ကာ သူမနောက်တွင်ရှိသည့် ပင်စည်ထူထူဖြင့် သစ်ပင်ကြီးအပေါ် စတင်တွယ်တက်နေလေသည်။

တစ်ဆက်တည်းမှာပင် လုလျန့်ဝေက သူမလက်နှစ်ဖက်ဖြင့် ပင်စည်ကြီးကို ဖက်လျက် ခြေလက်လေးချောင်းစလုံးကို အသုံးပြု၍ အပေါ်သို့ ကျားကုတ်ကျားခဲ တက်နေသည်ကို သူ အံ့အားသင့်စွာ ကြည့်နေလိုက်ရ၏။

သူမလှုပ်ရှားမှုများက အတော်လေး သွက်လက်ကျွမ်းကျင်သည်ဟု သတ်မှတ်၍ရသည်။ ဤသည်က သူမ ပထမဆုံးအကြိမ် သစ်ပင်တက်ခြင်း မဟုတ်သည်မှာ သိသာလေသည်။

ထိုအမျိုးသမီးလေး သစ်ပင်ပေါ် ကုတ်ကပ်တက်သွားသည်ကို ကြည့်ရင်း လုံယန်၏မျက်ဝန်းများထဲ အပြုံးရိပ်တို့ စွန်းထင်းသွားသည်။

သူ ထိုမေးခွန်းကို ရုတ်တရက်စိတ်ထဲပေါ်လာ၍သာ မေးလိုက်ခြင်းဖြစ်သော်ငြား မေးပြီးနောက်တွင် ချက်ချင်းပင် နောင်တရမိလေသည်။

မည်သို့ပင်ဖြစ်စေ လုလျန့်ဝေမှာ မြို့စားမင်း၏ တရားဝင်ဇနီးမှမွေးဖွားသောသမီး ဖြစ်ကာ လုဟယ့်ထျန်းထံမှ အလိုလိုက်အချစ်ခံရပြီး ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။ သူမက အဘယ်သို့ သစ်ပင်တက်တတ်လိမ့်မည်နည်း။

သို့သော် ထိုမိန်းမပျိုလေးမှာ သူ့၏ အံ့ဩစွာကြည့်နေသောမျက်လုံးများရှေ့တွင်ပင် ကျွမ်းကျွမ်းကျင်ကျင် သစ်ပင်တက်နေခဲ့သည်။

လုလျန့်ဝေ... သူမက မျိုးရိုးမြင့်အမျိုးသမီးအများစုနှင့် မတူစွာ အမှန်ပင် တမူထူးခြားပေသည်။

လုံယန်၏ နှုတ်ခမ်းစွန်းများမှာ အပြုံးရေးရေးမျှ ပေါ်လာသည်။ သူ့လက်ထဲရှိ ဓားမှာ ဓားအိမ်မှ ထွက်လာပြီးဖြစ်၏။

လုလျန့်ဝေက သစ်ပင်အပေါ်ဆုံးထိ တက်သွားပြီးနောက် လုံလုံခြုံခြုံ ထိုင်ချလိုက်သည်။ ထိုအခါ သူမ လုံယန်၏ အရည်အချင်းများကို တွေ့လိုက်ရလေသည်။

သူ့၏ ထက်မြနေသော ဓားရှည်မှာ ဓားအိမ်မှ ထုတ်ခဲပြီး ယခုတွင်တော့ သွေးများရွှဲနေလေပြီ။

ရက်စက်ကြမ်းတမ်းသော ဝံပုလွေအနည်းငယ်က သွားချွန်ချွန်များကိုဖြဲကာ လုံယန်ဆီ ခုန်အုပ်လာကြပြီး သူ့ခန္ဓာကိုယ်ကို သွေးချင်းချင်းနီးအောင် အပေါက်များကိုက်ဖောက်ဖို့ ပြင်နေကြသည်။

သို့သော် သူတို့ လုံယန်အား မထိနိုင်သေးခင်မှာပဲ သူတို့သွေးများက တိုက်ပွဲဖြစ်ရာနေရာတွင် ဖြန်းခနဲစင်သွားပြီဖြစ်သည်။

ဤဧကရာဇ်မှာ သူ၏ ရက်စက်မှုနှင့် အကြင်နာတရားမဲ့မှုတို့ကြောင့် ကျော်ကြားမှန်း သူမ သိထားပြီးဖြစ်သည်။ သို့သော် သူမ သူနှင့်ပြောဆိုဆက်ဆံရသော အကြိမ်အနည်းငယ်အတွင်း သူမ သူ့၏ ကြောက်မက်ဖွယ်အရှိန်အဝါဖြင့် ဖိနှိပ်မခံခဲ့ရဟုပင် ပြောလို့ရသည်။ သူမတို့ ပြောဆိုဆက်ဆံသောအကြိမ်ရေအများစုတွင် ဧကရာဇ်က အများကြီးပိုညင်သာကာ လုံယန်၏ ရက်စက်ယုတ်မာသော နည်းလမ်းများကို သူမ မေ့သွားလုနီးပါးပင်။

သိပ်မကြာခင်မှာပဲ ဝံပုလွေအသေကောင်အများအပြား လုံယန်၏ခြေရင်းတွင် စုပုံလာကြသည်။ ဝံပုလွေအများစုမှာ သူ့ဓားချက်အောက်တွင် သေခဲ့ရခြင်းဖြစ်၏။

သူ့တိုက်ခိုက်မှုများမှာ မြန်ဆန်ကာ ‌တိကျသည်။ ထိုဝံပုလွေတိုင်း၏ လည်ပင်းထက်တွင် သူတို့ကို သေစေခဲ့သည့် သွေးသံရဲရဲဓားဒဏ်ရာတစ်ချက် ရှိနေသည်။

ချူးယီး၏ တိုက်ခိုက်မှုများမှာလည်း ရက်စက်ပြင်းထန်သော်ငြား လုံယန်လောက်တော့ မတိကျပေ။

လုလျန့်ဝေ သစ်ပင်ပေါ်ထိုင်နေစဉ်တွင် အောက်ကအမျိုးသားက ရုတ်တရက် သူမကို မော့ကြည့်လာသည်။

လုလျန့်ဝေက သူ့ကို ပြန်ငုံ့ကြည့်လိုက်သော် သူ့နှုတ်ခမ်းများက ခပ်ဖွဖွပြုံးနေသည်ကို မြင်လိုက်ရသည်။ သူ့ပုံစံက အေးအေးဆေးဆေးဖြစ်နေ၏၊ ခုနလေးက ဝံပုလွေများကို သတ်ဖြတ်နေခဲ့သောသူနှင့် လုံးဝကွဲပြားခြား‌နားနေသည်။

သူမ စိတ်နှင့်ကိုယ်မကပ်စွာ ပြန်ဖြေလိုက်ပြီး သစ်ပင်ပေါ်မှတစ်လှမ်းချင်းစီ လျှောဆင်းချလာသည်။

အောက်က တောအုပ်ခြုံပုတ်ထဲ ပုန်းအောင်းနေသော အစိမ်းပုပ်ရောင်မျက်လုံးတစ်စုံကို သူမ မမြင်လိုက်ပေ။

ချူးယီးက သူ့ဓားကြီးကို သန့်ရှင်းသွားအောင် သုတ်လိုက်ပြီး ပခုံးပေါ်ထမ်းတင်ကာ လုလျန့်ဝေနှင့် လုံယန်တို့ရှိရာဆီ လျှောက်လာသည်။

ထိုအခိုက်မှာပင် ခြုံပုတ်များထဲမှ လုလျန့်ဝေဆီ ခုန်ထွက်လာသော ဝံပုလွေတစ်ကောင်ကို သူ မြင်လိုက်ရ၏။

သူနှင့် အတန်ငယ်လှမ်းနေ၍ သူ သတိပေးရန်သာ အော်လိုက်နိုင်သည်။

လုလျန့်ဝေ ထိတ်လန့်သွား၏၊ သို့သော် သူမ မတုံ့ပြန်နိုင်ခင်မှာပဲ သူမကတစ်စုံတစ်ယောက်ရဲ့ ရင်ခွင်အတွင်း ဆွဲသွင်းခံလိုက်ရလေသည်။

ထိုအမျိုးသားထံမှ မသဲမကွဲညည်းတွားလိုက်သံ ထွက်လာသည်ကို သူမ ကြားလိုက်ရသည်၊ ဝံပုလွေ၏အူသံကိုလည်း သူမ ကြားရ၏။

သူမနှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေရင်း သူမ လှည့်ကြည့်လိုက်သောအခါ ခုနက သူမရပ်နေသောနေရာ၌ ဝံပုလွေတစ်ကောင် လဲကျနေသည်ကို မြင်လိုက်ရသည်။ ထိုမြေကြီးမှာ သွေးများလွှမ်းနေလေ၏။

ချူးယီး၏ စိုးရိမ်နေသည့် အော်သံက သူမကို အတွေးကမ္ဘာထဲမှ လှုပ်နှိုးလိုက်သည်။

သူမ ပြန်လှည့်ကြည့်လိုက်သော် အနည်းငယ်ဖြူဖျော့နေသည့် လုံယန်ကို တွေ့လိုက်ရ၏။

သူ့စကားမဆုံးခင်မှာပဲ ချူးယီးက စိတ်ပူစွာ အော်လိုက်သည်။

လုလျန့်ဝေ လန့်ဖြတ်သွားသည်။ သူမ လုံယန်၏ရင်ခွင်ထဲမှ ကမန်းကတမ်းရုန်း၍ ထပြီးနောက် သူ့အနောက်သို့ သွားလိုက်၏။

လုံယန်၏ ညာဘက်ခြမ်းရှိကျောပြင်မှာ အမှန်ပင် သွေးထွက်နေသည်။ သူ့အဝတ်အစားများက ချင်းချင်းနီနေပြီး ပြဲစုတ်‌သွားသော အဝတ်စကို ဖြတ်၍ ဝံပုလွေ၏ သွေးသံရဲရဲ လက်သည်းရာကြီးကို ခပ်ရေးရေးမျှ သူမ မြင်နိုင်လေသည်။

သူမ မျက်မှောင်ကြုံ့လိုက်ပြီး သူမအကြည့်များက အဓိပ္ပာယ်ဖွင့်ဆိုရန် ခက်လှသည်။

အကယ်လို့ လုံယန်သာ သူမကို မကာကွယ်ပေးလိုက်လျှင် ဒဏ်ရာရသွားသူမှာ သူမသာ ဖြစ်လိမ့်မည်။

ဝံပုလွေက တစ်ကိုက်တည်းနှင့်ပင် သူမကို ဂုတ်ချိုးသွားလောက်၏။

ဆက်ရန်__

Chapter 114

March 10, 2024 by Nay Chi Lynn

အပိုင်း (၁၁၄) - အရှင်မင်းကြီး အဝတ်အစားတွေ ချွတ်လိုက်ပါ။

လုံယန် တစ်ခဏမျှ ကြောင်သွားရပြီး လေထုအခြေအနေ တင်းကြပ်နေသည်ကို မြင်သောအခါ သူ ပြောလိုက်သည်။

“ကိုယ်တော် အဆင်ပြေပါတယ်၊ ခြစ်ရာလေးပဲ....”

“အရှင်မင်းကြီး အဝတ်အစားတွေ ချွတ်လိုက်ပါ။”

တစ်ဆက်တည်းမှာပင် မိန်းကလေးသံတစ်သံက ပြောလာသည်။

လေထုအခြေအနေက ရုတ်တရက်ကြီး ငြိမ်ကျသွား၏။

ချူးယီးမှာ တံတွေးမျိုချလိုက်မိပြီး သူ့မျက်နှာက အနည်းငယ် နီရဲလို့လာသည်။

ဒီဒုတိယသခင်မလေးလုက... သိပ်တည့်တိုးဆန်လွန်းနေတာမဟုတ်ဘူးလား။သူ့သခင်ကို တကယ်ကြီး အကျီချွတ်ခိုင်းဖို့ ကြိုးစားနေတယ်ပေါ့။

ဘာကိစ္စ ချွတ်ဖို့လိုတာတုန်း။ ဒီနေရာမှာ တောကြီးမျက်မည်းအလယ် ဖြစ်ကာ လူမသိသူမသိနေရာကြီးဖြစ်၏၊ သူမက သူ့သခင်အပေါ် အကြံအစည်တစ်ခုခု ရှိနေတာလား။

တော်ဝင်သက်တော်စောင့်ဖြစ်တဲ့ သူက သူမအတွက်တော့ အလှဆင်ပစ္စည်းသာသာပဲလား။

ချူးယီးက ရှေ့တိုးလာပြီး သူ့သခင်ရှေ့မှ ကာကွယ်ပေးတော့မည့်အချိန်မှာပဲ လုံယန်က ပြောလိုက်သည်။

“ဒုတိယသခင်မလေး‌လု၊ ဒါက သိပ်သင့်တော်ပုံတော့ မပေါ်ဘူးနော်၊ ကိုယ်တော့်ဒဏ်ရာက သိပ်မပြင်းပါဘူး၊ ဒုက္ခရှာစရာမလို....”

လုံယန်မှာ နောက်ထပ်တဖန် စကားဖြတ်ပြောခံလိုက်ရသည်။

သူ့အမှားကြောင့် သူ့ဘာသာ ဒဏ်ရာရသွားခဲ့လျှင် သူမ ဘာမှမဖြစ်သလို သဘောထားပေး၍ရပါသည်၊ သို့သော် သူက သူမကို ကယ်ဖို့ကြိုးစားရင်း ထိခိုက်သွားခြင်းဖြစ်သည်လေ။ ဤသည်ကို သူမ လျစ်လျူမရှုနိုင်ပေ။

ချူးယီး၏ ပြူးကျယ်နေသော အကြည့်များအောက်တွင် လုလျန့်ဝေက တုံ့ဆိုင်းမှုမရှိဘဲ သွက်လက်စွာပင် လုံယန်၏ အပြင်ဝတ်ရုံကို ဆွဲဖြဲလိုက်သည်။

သူ အင်မတန် အံ့ဩသွားရ၍ လက်သီးဆုပ်ကို ပါးစပ်ထဲထည့်ကိုက်ထားမိရသည်။ထိုအခိုက်တွင် ဒုတိယသခင်မလေးလုက ရဲတင်းကာ သိပ်အားကြီးသည်ဟု သူ ခံစားလိုက်ရ၏။ ဘာတွေဖြစ်ပျက်နေတာပါလိမ့်။ဒုတိယသခင်မလေးလုက သူ့သခင်ကို ဤသို့ဆက်ဆံရဲသည့် သမိုင်းတွင် ပထမဆုံးလူပင် ဖြစ်ရမည်။

သူ့မြင်ကွင်းက ဘာလို့ ရုတ်တရက်ကြီး မှောင်သွားတာတုန်း။ချူးယီးက သူ့ခေါင်းပေါ်ကျလာသော အပေါ်ဝတ်ရုံကို အလျင်စလို ဖယ်ရှားလိုက်သည်။ ထို့နောက် သူ မြင်လိုက်ရသည်မှာ လုလျန့်ဝေက သူ့သခင်၏ ကျန်‌ရှိနေသော အတွင်းဝတ်ရုံကို ကျွမ်းကျင်စွာ ချွတ်ပေးနေခြင်းပင်။

သို့သော် လုလျန့်ဝေက ဤတစ်ကြိမ်တော့ သိပ်မကြမ်းတမ်းတော့ပေ။ သူမ လုံယန်၏ အတွင်းအကျီကို သူ့ကျောရှိဒဏ်ရာ ပေါ်ရုံမျှသာ သာသာလေး တစ်စိတ်တစ်ပိုင်း ချွတ်လိုက်သည်။

သူမ အိတ်ထဲမှ ဆေးအချို့နှင့် ပတ်တီးများကို ထုတ်ယူလိုက်၏။

ချူးယီး ငေးငိုင်နေတုန်းမှာ သူမက ဆေးများက လုံယန်၏ ဒဏ်ရာပေါ်သို့ သွက်သွက်လက်လက် ဖြူးလိုက်ပြီးဖြစ်သည်။နောက်တစ်ဆင့်မှာ ဒဏ်ရာကို ပတ်တီးစည်းရန်ပင်။လုံယန်၏ ဒဏ်ရာက နောက်ကျောတွင်ရှိသည်။ သေစေနိုင်လောက်သည်မဟုတ်သော်လည်း ဒဏ်ရာက အတော်လေးနက်၏။ ၎င်းကို ပတ်တီးစည်းခြင်းက သူ့ခန္ဓာကိုယ်အနောက်မှ ပတ်၍ ပခုံးအောက်သို့သိုင်းကာ စည်းရမည်ဖြစ်သည်။

သို့သော် လုံယန်က အရပ်ရှည်လွန်း၏။ ထိုသို့ပတ်တီးစည်းနိုင်ရန် သူမ ခြေဖျားထောက်ထားရမည်ဖြစ်သည်။ပတ်တီးစည်းရတာ ပိုလွယ်ရန် သူမ သူ့ကို ထိုင်ခိုင်းလို့ရသည်။ သို့သော် ဤမြင်ကွင်းကို ရှုစားနေဟန်ရသော ချူးယီးကို မြင်သောအခါ သူမစိတ်ထဲ အတွေးတစ်ခုဝင်လာသည်။ သူမ သူ့ကို လက်ကလေးတစ်ချောင်းကွေး၍ ခေါ်လိုက်၏။

ချူးယီးမျက်လုံးများ လက်ခနဲဖြစ်သွားသည်။ လုံယန်၏ အပြင်ဝတ်ရုံကို ကိုင်ထားရင်းဖြင့် သူ ရှေ့တိုးလာသည်။

သူ အဘယ်ကြောင့် ရုတ်တရက်တက်ကြွလာသည်ကို လုလျန့်ဝေ နားမလည်နိုင်။ သူမ ခေါင်းယမ်းလိုက်ပြီး လုံယန်၏ အကျီဗလာနှင့် ပခုံးကို ညွှန်ပြလိုက်ကာ သူ့လက်ထဲသို့ ပတ်တီး ထည့်ပေးလိုက်သည်။

ချူးယီးက ပထမ လုံယန်ကို ကြည့်လိုက်ပြီးနောက် သူ့လက်ထဲရှိ ပတ်တီးများကို တစ်လှည့်ကြည့်လိုက်သည်။သူ့မရေရာမှုကိုမြင်သော် လုလျန့်ဝေမှာ နှုတ်ခမ်းထောင့်များ ဆတ်ခနဲလှုပ်သွားရသည်။

ဝံပုလွေအုပ်နှင့် တိုက်ခိုက်နေစဉ် အားကိုးရခြင်းမှလွဲ၍ အချိန်အများစုမှာ ချူးယီးသည် တော်တော်လေး အားမကိုးရပုံ ပေါ်နေသည်။

လုလျန့်ဝေ၏ ထိုကိစ္စအပေါ် အမြင်မှာ မှန်ကန်နေကြောင်း မကြာခင်ပဲ သက်သေပြခံလိုက်ရ‌တော့သည်။

ချူးယီးက လုံယန်၏ ဒဏ်ရာအား ပတ်၍ ပတ်တီးစည်းပေးရန် မဝံ့မရဲကြိုးစားနေသည်ကို သူမ တွေ့ရသည်။ ချူးယီးက အနည်းငယ် အားသုံးမိသွားပုံပေါ်၏၊ ပတ်တီးက ဒဏ်ရာထဲ ဖြတ်ဝင်မိသွားသည်။ သို့သော် လုံယန်၏ ကြည်ရှင်းနေသော နဖူးပြင်မှာ ယခုတော့ ချွေးစများဖြင့် ဖုံးနေပြီဖြစ်သည်။ သူ့၏ ချောမောသောမျက်နှာက အရင်ကထက် ပိုဖြူဖျော့သွားပုံရ၏။

လုံယန်၏ သည်းခံနိုင်မှုမှာ အစွန်ဆုံးထိရောက်နေပြီဟု သူမ ခံစားရသည်။ သူက ဤအားမကိုးရသော သက်တော်စောင့်ကို အခြားတစ်ယောက်နှင့် အစားထိုးရင် ကောင်းမကောင်း စဉ်းစားနေလောက်ပြီဖြစ်နိုင်၏။

ချူးယီးက အင်မတန်မှ စိတ်‌အေးသွားဟန်ဖြင့် မိမိနဖူးမှချွေးများကို သုတ်လိုက်သည်။

ဆက်ရန်__

Chapter 115

March 10, 2024 by Nay Chi Lynn

အပိုင်း (၁၁၅) - လုံယန်သည် အဖျော့တော့ဆုံးသော မျှော်လင့်ချက်လေးကို စွဲမြဲဆုပ်ကိုင်ထားပါ၏။

လုလျန့်ဝေသည် လုံယန့်ကိုယ်ပေါ်တွင် ပတ်ထားသည့် ပတ်တီးက ဘယ်လောက်ရှုပ်ပွနေမှန်း မြင်သောအခါ အင်မတန်ပင် စိတ်အနှောင့်အယှက်ဖြစ်သွားရ၍ ချူးယီး၏ လက်ရာမွန်အား ဝေဖန်ချင်စိတ်ပင် မရှိတော့ပေ။

လုံယန်က ချူးယီးကို တစ်ချက် စူးစူးစိုက်စိုက် ကြည့်လိုက်ပြီးနောက် သူ့လက်မောင်းအောက်ထိ ဆွဲချခံထားရသော အတွင်းဝတ်ရုံကို ပြန်ဝတ်လိုက်သည်။

အကြောင်းအရင်းတစ်ခုခုကြောင့် ချူးယီးမှာ ရုတ်တရက် ဆစ်ခနဲနာသွားသလို မရေမရာခံစားလိုက်ရသည်။

သူ စိတ်ရှုပ်နေလျက်ဖြင့် အသည်းအသန် ပြန်စဉ်းစားနေမိသည်၊ သူ တော်တော်ကောင်းကောင်းလေး ပတ်တီးစည်းပေးခဲ့ပါတယ်နော်၊ ဟုတ်တယ်မလား။

လုလျန့်ဝေက သူမကိုင်ထားသော အပြင်ဝတ်ရုံကို လုံယန်ထံ ကမ်းပေးလိုက်သည်။လုံယန်၏မျက်နှာမှာ နဂိုကထက်ပင် ပိုဖြူရော်သွားပုံပေါ်သည်၊ သွေးအလွန်အကျွံဆုံးရှုံးထားခြင်းကြောင့် ဖြစ်နိုင်၏။သူက သူမကို တစ်ချက်ကြည့်ပြီးနောက် တိတ်ဆိတ်စွာပင် သူမလက်ထဲရှိ အပြင်ဝတ်ရုံကို ယူလိုက်သည်။

သူမ သူ့ဒဏ်ရာကို ကုသထားပေးပြီး ဖြစ်သည့်တိုင် ဧကရာဇ်တစ်ပါးဖြစ်သော လုံယန်သည် သူမအား ဝံပုလွေ၏ တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ပေးခဲ့သည်။ အခြားအဓိပ္ပာယ် မရှိပါလျှင် ဤသည်က သူမ သူ့အပေါ် အသက်တစ်ချောင်း အကြွေးတင်သွားပြီဟု ဆိုလိုခြင်းပင်။

သူမ အချိန်တစ်ခဏမျှ စဉ်းစားနေပြီးနောက် ကျေးဇူးတင်စွာ ‌ပြောလိုက်သည်။

“ဒီနိမ့်ကျတဲ့လက်အောက်ငယ်သား အသက်ရှင်နေရတာ အရှင်မင်းကြီးကျေးဇူးကြောင့်ပါပဲ၊ ကျွန်တော်မျိုးမကို ကယ်တင်ပေးလို့ အရှင်မင်းကြီးကို ကျေးဇူးတင်မိကြောင်းပါရှင်။”

လုံယန်က ခါးစည်းကို ပြန်ပတ်နေရင်းမှ တန့်သွားပြီး မျက်လုံးများပင့်ကာ သူမကို ကြည့်လိုက်သည်။

သူမစိတ်ထဲမှ မနေနိုင်ဘဲ ညည်းတွားမိသည်၊ သူက ဘာများထပ်လိုချင်သေးတာတုန်း။

“အရှင်မင်းကြီး၊ ကျွန်တော်မျိုးမကို ကယ်တင်ပေးတဲ့အတွက် ပြန်ကျေးဇူးဆပ်ဖို့ ကျွန်တော်မျိုးမ ဆန္ဒရှိပါတယ်....”

ချူးယီး မျက်လုံးများ ပြူးကျယ်သွားသည်။ ဒုတိယသခင်မလေးလုက သူ့သခင်ကို ပြန်ကျေးဇူးဆပ်တဲ့အနေနဲ့ လက်ထပ်တော့မှာလား။

ခါးစည်းပေါ်တွင်သာ ရှိသေးသော လုံယန်၏ လက်များမှာ ခါးစည်းကို တင်းတင်းဆုပ်လိုက်မိသည်။ သူ့၏ နားလည်ရခက်သော မျက်လုံးနက်နက်များထဲ အဖျော့တော့ဆုံးသော မျှော်လင့်ချက်လေး စွဲမြဲဆုပ်ကိုင်ထားလေသည်။

“အရှင်မင်းကြီးသာ မငြင်းဆန်ဘူးဆိုရင် ဒီနိမ့်ကျတဲ့လက်အောက်ငယ်သားလေးကို မွေးစားသမီးအဖြစ် လက်ခံပေးပါရှင်၊ အနာဂတ်မှာ အရှင်မင်းကြီးအပေါ် သေချာပေါက် ဝတ္တရားကျေပွန်ပါ့မယ်။”

ချူးယီးမှာ တံတွေးသီးသွားရပြီး ပြင်းပြင်းထန်ထန် ချောင်းဆိုးမိတော့သည်။

ဒုတိယသခင်မလေးလုက အတည်ကြီးပြောနေတာလားဟ။

သို့သည်တိုင် လေထုက ရုတ်တရက် အေးစက်လာမှုအရ ဒါက သူ့သခင်ကို အတော်လေး ဒေါသထွက်သွားစေပုံရသည်။

သူ့သခင်က အမှန်ပင် ဒုတိယသခင်မလေး၏ မွေးစားအဖေ‌ဖြစ်ရန် သင့်တော်သော အသက်အရွယ်ရှိသော်လည်း ဒုတိယသခင်မလေးလု ဤကိစ္စကို ပြောလိုက်ပုံမှာ သခင့်ကို အရွယ်ကျလာပြီဟု သတိပေးလိုက်သည်နှင့် တူနေ၏။

အကြောင်းရင်းတချို့ကြောင့် ချူးယီး သူ့သခင်အတွက် စိတ်မကောင်းသလိုပင် ခံစားလိုက်ရသည်။အရိုးသားဆုံးပြောရလျှင် သူ့သခင်က အသက်တော့ သိပ်မကြီးသေးချေ။ လုံယန်က အသက် ၃၀ သာ ရှိသေးသည်။ သို့သော် ဒုတိယသခင်မလေးလုနှင့် ယှဉ်လျှင်မူ ကြည့်ရတာ... အင်း... ကြည့်ရတာ အမှန်ပင် အသက်ကြီးနေပုံပေါ်သည်။

လုံယန်မှာ မျက်လုံးများ မှေးကျဉ်းလျက် လုလျန့်ဝေကို ကြည့်လိုက်သည်၊ သူ့အကြည့်များက အဓိပ္ပာယ်ဖော်၍မရ။ သူ့လေသံမှာ မြောက်ဝင်ရိုးစွန်းက အမြင့်ဆုံးတောင်ထိပ်ရှိ နှင်းခဲများထက်ပင် အေးစက်နေတော့သည်။

“ငါကိုယ်တော် မွေးစားသမီးယူဖို့ စိတ်ကူးလည်းမရှိဘူး၊ ဘယ်မွေးစားသမီးကမှ ဝတ္တရားကျေပေးဖို့လည်း မလိုဘူး။”

သူ မွေးစားသမီးမလိုချင်လည်း ထားလိုက်ပါလေ၊ သို့သော် လုံယန်၏ မျက်နှာထားက မသာမယာဖြစ်နေသည်ဟု သူမ အဘယ်ကြောင့် ခံစားနေရပါသနည်း။

“အရှင်မင်းကြီးပြောတာ မှန်ပါတယ်၊ ကျွန်တော်မျိုးမ အရှင်မင်းကြီးရဲ့အဆိပ်အတွက် ဖြေဆေး ‌သေချာပေါက် ရှာပေးမှာပါရှင်၊ အရှင်မင်းကြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတာနဲ့ ဆန္ဒရှိသလောက် ကလေးဘယ်လောက်ယူယူ ပြဿနာရှိမှာမဟုတ်ပါဘူး။”

လုလျန့်ဝေက လုံးဝ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

“မင်းက သားဖွားနတ်ဘုရားမလား၊ သည်ကိစ္စတွေမှာ ဗဟုသုတသိပ်များပုံပဲ။”

လုံယန်က အေးစက်စွာဖြင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်၍ အပြင်ဝတ်ရုံ ပြန်ဝတ်လိုက်ကာ သူမကို လျစ်လျူရှုထားသည်။

ခရီးတစ်လျှောက်လုံး လေထုက အနည်းငယ် တင်းကြပ်လေးလံနေသည်။

လုံယန် ဒေါသထွက်နေသည်ကို လုလျန့်ဝေ ရှင်းရှင်းလင်းလင်း ခံစားမိ၏။

သူမ ဤကိစ္စကို အတော်လေး နားမလည်နိုင်ပေ။သူက ဘာကိစ္စ အကြောင်းရင်းမရှိ အသားလွတ် စိတ်ဆိုးနေရတာလဲ။သူမ ရုတ်တရက် တစ်စုံတစ်ရာ တွေးမိသွားပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။

ဧကန္တက သူမက ကလေး လိုချင်သလောက် ယူလည်း ပြဿနာမရှိဟု ပြောခဲ့သည်ကြောင့် သူ့အနာပေါ် တုတ်ကျသလိုဖြစ်သွားပြီး ဒေါသထွက်သွားတာများလား။

ဤသို့ပဲဖြစ်ဟန်တူပါသည်။ လုံယန်မှာ နှစ်ပေါင်းများစွာ ယင်ရှီးအဆိပ်၏ ဒုက္ခပေးခြင်းခံခဲ့ရ၏။ သူ့ခန္ဓာကိုယ်ကလည်း ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ရသည်။ ကာမရာဂ ထကြွဖို့ပင် သူ့အတွက် ပြဿနာကြီး ဖြစ်နေလေရာ ကလေးယူဖို့ဆိုလျှင် ‌ပို၍ပင်ဝေးသေးသည်။

သူမ ခုနက ပြောလိုက်သောစကားက သူ့ကို စိတ်တိုသွားစေသည်မဟုတ်ပါလား။ဤကိစ္စကြောင့် သူမ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။

ဤသည်က သူမအား ယင်ဓာတ်လမ်းညွှန်ဆေးပင်များကို ရှာပြီး လုံယန်၏ ယင်ရှီးအဆိပ်ကို ဖြေပေးရန် ပိုစိတ်ပိုင်းဖြတ်မိသွားစေတော့သည်။

လမ်းတစ်လျှောက်တွင် သူမ ရှားပါးဆေးပင် အများအပြားကို စုဆောင်းမိခဲ့သည်။ ၎င်းတို့အားလုံးက သိပ်မပြင်းထန်သော ရောဂါများကို ကုသပေးနိုင်သည့်ဆေးများ ဖြစ်ကြ၏။ သို့သော် အခုအထိတော့ သူမ လိုချင်သော ယင်ဓာတ်လမ်းညွှန်ဆေးပင်များကို ရှာမတွေ့‌သေးချေ။

ရှန့်ထော်တောင်ထွဋ်က အမှန်တကယ်ပင် ရတနာများစွာရှိသော ကျော်ကြားသည့် တောင်ဖြစ်နေသည်မှာ မဆန်းပါတော့ချေ။ ရှားပါးကာ အဖိုးတန်သောဆေးပင်များအပြင် လင်ဇီး၊ ဂျင်ဆင်းတို့လို နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့် အင်အားဖြည့်ဆေးပင်များလည်း ရှိသေး၏။

All Chapters