← Chapters

အခန်း (၁၁၉-၁၂၁)

Vol. 3 Ch. 119-121

အခန်း (၁၁၉-၁၂၁)

Vol. 3 Ch. 119-121

Chapter 119

March 12, 2024 by Nay Chi Lynn

အပိုင်း (၁၁၉) - ဒုတိယသခင်မလေးလု စက်တော်ခေါ်နေတာကို မနှောင့်ယှက်ခဲ့သင့်ပါဘူး။

သူမနောက်ရှိ နှာမှုတ်သံက ပို၍ပို၍ နီးကပ်လာပြီး တဟုန်ထိုး ပြေးလာသံကို ကြားနေရသည်နှင့်အမျှ သူမ လက်သီးဆုပ်လိုက်မိသည်။ ထိုအရာကြီးက သူမဆီဦးတည်ကာ လာနေပုံပေါ်၏။

သူမ အထိတ်တလန့်ဖြင့် တုန့်ဆိုင်းမနေဘဲ ခုန်ချလိုက်ပြီး အလျင်အမြန် ကြုံ့ကြုံ့လေး ဆောင့်ကြောင့်ထိုင်လိုက်သည်။

တစ်ချိန်တည်းမှာပဲ တောဝက်ရိုင်းအကြီးကြီးတစ်ကောင်က အပြေးလာနေ၏။

၎င်းက နဂိုကတော့ လုလျန့်ဝေကို အစွယ်နှင့်ကော်ထိုးဖို့ ရည်ရွယ်ထားခြင်းဖြစ်သည်။ သို့သော် ပစ်မှတ်က မထင်မှတ်ထားစွာပင် ပျောက်သွား၍ သူ အချိန်မှီ အရှိန်မလျှော့လိုက်နိုင်ပေ။ ရလာဒ်အနေဖြင့် ကမ်းပါးစွန်းပေါ်မှ အရှိန်လွန်၍ ထိုးကျသွားတော့သည်။

လုလျန့်ဝေမှာ တောဝက်ကြီး ကမ်းပါးအောက်ခြေသို့ ကျသွားသည်ကို ကြည့်နေရင်း စိတ်အေးစွာ သက်ပြင်းချလိုက်မိသည်။

နောက်ထပ်သားရဲတစ်ကောင် ထပ်ပေါ်လာမည်ကိုကြောက်၍ သူမ ကမ်းပါးစွန်း၌ မနေရဲတော့ဘဲ ကျောက်တုံးပေါ်တွင်သာ ထိုင်နေလိုက်တော့သည်။

ထိုအချိန်တွင် လုံယန်မှာ ကမ်းပါးအောက်ခြေ၌ ချူးယီးကို ရှာတွေ့သွားပြီဖြစ်သည်။

သို့သော် ချူးယီးမှာ မြွေအမြီးဖြင့် အရိုက်ခံလိုက်ရပြီး ဒဏ်ရာအပြင်းအထန်ရသွား၍ ကမ်းပါးပေါ်မှ ပြုတ်ကျသွားခဲ့ခြင်းဖြစ်၏။

လုံယန် သူ့ကို ရှာတွေ့သောအခါ သူ သတိလစ်နေပြီဖြစ်သည်။

လုံယန် အပေါ်ရှိ ကမ်းပါးစွန်းသို့ တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ကာ နွယ်ပင်အနည်းငယ်ကို ခုတ်လိုက်သည်။ ထိုနွယ်ပင်များဖြင့် ချူးယီးကို သူ့ကျောထက် သိုင်းချည်လိုက်ပြီးနောက် ချောက်ကမ်းပါးနံရံပေါ် တစ်လှမ်းချင်းစီ ကုတ်ကပ်တက်သွားလိုက်၏။

သူ့ကျောပေါ်၌ အရွယ်ရောက်ပြီးယောင်္ကျားတစ်ယောက်လည်း ရှိနေသဖြင့် သူ အနည်းငယ် ရုန်းကန်ပြီးမှ ချောက်ကမ်းပါးပေါ် တက်နိုင်ခဲ့သည်။

သူ အပေါ်သို့ပြန်ရောက်သောအခါ သူ့မျက်လုံးများက အလျင်အမြန်ပင် လုလျန့်ဝေ၏ တည်နေရာကို လိုက်ရှာသည်။ သို့သော် ကမ်းပါးပေါ်၌ အစားခံထားရသော မြွေကြီး၏တစ်ပိုင်းတစ်စများမှလွဲ၍ ဘာမှမရှိချေ။

မြွေကြီး၏ အလောင်းကိုမြင်သော် သူ့နှလုံးသား ဆတ်ခနဲပြုတ်ကျသွားရပြီး လုလျန့်ဝေ မကောင်းတာတစ်ခုခု ဖြစ်နေပြီဟု ထင်လိုက်မိ၏။

သူ့ရင်ထဲ နောင်တများ ပြည့်သွားရသည်။ သူမလို မိန်းမပျိုလေးကို သူ ဘာလို့ တစ်ယောက်တည်းထားခဲ့မိရတာလဲ။

ဤနေရာတွင် ကြမ်းတမ်းရိုင်းစိုင်းသော သားရဲများ အချိန်မရွေး ပေါ်လာနိုင်သည်။ သူမကို ဒီမှာတစ်ယောက်တည်းထားခဲ့ခြင်းက သားရဲပါးစပ်ထဲတွန်းပို့ခြင်းနှင့် ဘာများကွာခြားမည်နည်း။

ချူးယီးကို အောက်ချပြီးနောက် သူ ကမ်းပါးတစ်ခုလုံးအနှံ့လိုက်ရှာတော့သည်။

သူ အကြိမ်အတော်များများ အော်ခေါ်ပြီး တခြားနေရာသို့ သွားရှာရန်ပြင်စဉ်မှာပဲ သူ့နောက်ရှိ ကမ်းပါးစွန်းမှ စိတ်ရှုပ်နေပုံရသောအသံလေးတစ်သံ ထွက်လာသည်။

လုံယန် တစ်ခဏမျှ ကြောင်အသွားရသည်။ ထို့နောက် သူ ချက်ချင်း လှည့်ကြည့်လိုက်သောအခါ မျက်နှာချင်းဆိုင်ရှိ ကမ်းပါးစွန်း၏ အောက်မှ ခေါင်းမည်းမည်းလေးတစ်လုံး ထွက်လာပြီး ချစ်စရာမိန်းကလေးတစ်ယောက်၏မျက်နှာလေး ပေါ်လာသည်ကို မြင်လိုက်ရသည်။

အများအားဖြင့် ကြယ်လေးများလို တလက်လက်တောက်နေလေ့ရှိသော ထိုဆွဲဆောင်မှုရှိသည့် မျက်လုံးလေးများမှာ အခုတော့ အနည်းငယ် ငိုင်နေပုံပေါ်သည်။

လုလျန့်ဝေ သူမမျက်လုံးများကို ပွတ်သပ်လိုက်ပြီး ကျော့ရှင်းစွာပင် သမ်းဝေလိုက်၏။

“နောက်ဆုံးတော့ အရှင်ပြန်လာပြီပဲ၊ ချူးယီးကို ရှာတွေ့ခဲ့လားဟင်။”

သူမ ပြောနေရင်းဖြင့် လက်များခြေထောက်များပါသုံး၍ ချောက်ကမ်းပါးစွန်းပေါ် တွယ်တက်လာသည်။

တက်နေတုန် လမ်းတစ်ဝက်တွင် ရုတ်တရက် သူမလက်မောင်းများအောက်မှ အားတစ်ခုက သူမကို ကမ်းပါးအပေါ်ဆွဲတင်လိုက်သည်။

လုလျန့်ဝေမှာ ဟန်ချက်ညီအောင် အနိုင်နိုင်ရပ်နေရစဉ် လုံယန်၏ အေးစက်ကာ ကြောက်စရာကောင်းသော မျက်လုံးများထဲ၌ အပြုံးရိပ်ဖျော့ဖျော့ကို တွေ့လိုက်ရသည်။ သူက ကျီစယ်လိုစွာဖြင့် ပြော၏။

သူမ ထိုကိစ္စကို ဒီတိုင်းကျော်သွားလိုက်ချင်သော်လည်း လုံယန်ကတော့ သူမဂုဏ်သိက္ခာကို ဂရုမစိုက်ဘဲ ဤကိစ္စကို လူသိရှင်ကြား ဖော်ထုတ်ဖို့ လိုလားနေ၏။

အန္တရာယ်ရှိသော သားရဲများထံမှ ပုန်းအောင်းရန် သူမ လုံယန်နှင့် ချူးယီးတို့ ပြန်အလာကိုစောင့်ရင်း ကျောက်တုံးပေါ်တွင်သာ ထိုင်နေရန် ဆုံးဖြတ်လိုက်သည်။ ဘာမှလုပ်စရာမရှိသောကြောင့် သူမ ပျင်းလာပြီး မသိလိုက်ခင်မှာပဲ အိပ်ပျော်သွားတော့သည်။

လုံယန် သူမအား ခေါ်နေသည်ကိုသား မကြားခဲ့လျှင် သူမ ယခုထိ အိပ်ပျော်နေလောက်ဦးမည်ဖြစ်သည်။

သူမ ငြင်းလိုက်ချင်သော်လည်း ထိုအမျိုးသား၏ အကြည့်များမှာ အင်မတန်စူးရှလွန်း၍ သူမ မလိမ်နိုင်ဘဲ အဆုံးမှာတော့ ဝန်ခံလိုက်ရလေသည်။

“ခုနက တောဝက်တစ်ကောင် ရောက်လာတာ၊ ကျွန်မ အခြားသားရဲတွေလည်း ရှိနေမှာ စိုးရိမ်တာနဲ့ အဲ့မှာပဲ ပုန်းနေရင်းနဲ့ အရှင်မင်းကြီးတို့ ပြန်လာတာကို စောင့်နေတာပါ၊ ပြီးတော့ မတော်တဆ အိပ်ပျော်သွားတာ။”

သူမမျက်နှာထက်ရှိ အပြစ်ရှိစိတ် တစ်စွန်းတစ်စကို ကြည့်ရင်း လုံယန် မဆိုစလောက် ပြုံးလိုက်ကာ စနောက်လိုစွာ ပြောသည်။

“တကယ်ပဲ ကိုယ့်အပြစ်ပါ၊*ဒုတိယသခင်မလေး စက်တော်ခေါ်နေတာကို မနှောင့်ယှက်သင့်ပါဘူး။”

(T/N - ဒီမှာ တရုတ်မူရင်းမှာလည်း ဘုရင်တွေသုံးတဲ့ ‘ငါကိုယ်တော်’(ကျန့် - 朕) မဟုတ်ဘဲ ‘ကိုယ်’ (ဝေါ် - 我) လို့သုံးထားပါတယ်)

လုလျန့်ဝေ အနည်းငယ် မျက်နှာနီမြန်းသွားပြီး သူမစိတ်ထဲမှ တွေးလိုက်မိသည်။ ‘သူနှိုးလိုက်လို့ တော်ပါသေးတယ်၊ မဟုတ်လို့ ငါ ဒီထက်ပိုအိပ်ပျော်သွားရင် ကမ်းပါးပေါ်က ပြုတ်ကျနေလောက်ပြီ။’

“ချူးယီး ဒဏ်ရာတွေက တော်တော်ပြင်းတယ်၊ မင်းကိုပဲ ကုပေးဖို့ တောင်းဆိုရတော့မှာပဲ။”

လုံယန်က သတိမေ့နေဆဲဖြစ်နေသော ချူးယီးအကြောင်း စဉ်းစားမိပြီး တည်ကြည်စွာ ပြောလိုက်သည်။

ဆက်ရန်__

Chapter 120

March 12, 2024 by Nay Chi Lynn

အပိုင်း (၁၂၀) - သွေးဆောင်ခြင်း။

ထိုစကားများကိုကြားသော် လုလျန့်ဝေ ချက်ချင်းပင် သူမရှက်ရွံ့မှုကို မေ့သွားပြီး ချူးယီး လှဲနေသောနေရာသို့ အလျင်အမြန် လျှောက်သွားလေသည်။

လုံယန်က သူမနောက်မှ လိုက်သွားသည်။ သူမ ထိုနေရာတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ချူးယီး၏ ဒဏ်ရာများကို ကျွမ်းကျွမ်းကျင်ကျင် စစ်ဆေးနေသည်ကို လုံယန် ကြည့်နေရင်းဖြင့် နောက်ထပ်တဖန် သူ့စိတ်ရှုပ်ထွေးမှုများကို မဖုံးကွယ်ထားနိုင်တော့ပေ။

သူမ အရည်အချင်းများက စစသင်ခါစလူနှင့် လုံးဝမတူပေ။

ချူးယီးအား အလေးအနက် အကဲခတ်နေသည့် လုလျန့်ဝေကို သူ အတွေးနက်လျက် ကြည့်နေသည်။

သူ့တကိုယ်လုံးရှိ ပြင်ပဒဏ်ရာများအပြင် ချူးယီး၏ ကိုယ်တွင်းအဂ်ါများလည်း ထိခိုက်သွားသည်။ သူ့သွေးကြောကို စမ်းရပုံအရ သူ့စွမ်းအင်နှင့် သွေးတို့က အနည်းငယ် ကသောင်းကနင်းဖြစ်နေသည်၊ မြွေကြီး၏အမြီးနှင့် အရိုက်ခံရသောကြောင့် ဖြစ်နိုင်သည်။

ထို့အပြင် သူ့ဘက်ဖက်ပခုံးကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည်။ ဒဏ်ရာက အင်မတန်နက်၏၊ ခပ်ချွန်ချွန်အရာတစ်ခုနှင့် ခြစ်မိထားဟန် တူသည်။

ချူးယီး ကမ်းပါးစွန်းပေါ်က ပြုတ်ကျစဉ်က ဘေးစွန်းရှိ ချွန်မြသော ကျောက်တုံးများနှင့် တွန်းမိတိုက်မိခြင်းဖြစ်လိမ့်မည်ဟု လုလျန့်ဝေ ခန့်မှန်းလိုက်သည်။

သူမ သူ့ဒဏ်ရာကို အရင် သန့်ရှင်းပေးလိုက်ပြီး သူမအိတ်ထဲမှ သွေးထွက်ခြင်းကို ထိန်းပေးသည့် ဆေးများနှင့် ပတ်တီးများကို ထုတ်လိုက်သည်။

လုံယန်၏ အကူအညီဖြင့် သူမ သူ့ဒဏ်ရာများကို ယာယီသွေးတိတ်စေရန် ပတ်တီးစည်းပေးထားလိုက်သည်။

ချူးယီး၏ ဒဏ်ရာများကို ကုသပေးပြီးနောက် လုလျန့်ဝေ ထရပ်လိုက်သောအခါ လုံယန်၏ကိုယ်ပေါ်၌ သွေးကွက်အနည်းငယ်ကို တွေ့လိုက်ရသည်။

“အဝတ်အစားချွတ်လိုက်ပါ အရှင်။”

ပြောပြီးနောက် သူမ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဆေးများနှင့် ပတ်တီးများကို ယူကာ သူ့ဆီလျှောက်လာသည်။

လုံယန်မှာ တစ်ခဏမျှ ကြောင်အသွားပြီး သူမထံ ခပ်နောက်နောက်အကြည့်ဖြင့် ကြည့်လာ၏။

ထိုမိန်းကလေးက အမြဲလိုလို သွေးဆောင်နိုင်ဆုံးသောစကားများ ပြောသည်ပင်။

သူ စိတ်ရွှင်စွာဖြင့် ခေါင်းယမ်းမိလိုက်ပြီးနောက် သူ့လက်ချောင်းသွယ်သွယ်များဖြင့် အလျင်အမြန် ခါးစည်းကို ဖြေလိုက်ကာ ဝတ်ရုံကို လျှော၍ချွတ်လိုက်သည်။

သူ့ကို စစ်ဆေးကြည့်ပြီးနောက် သူ့လက်မောင်းရှိ ပြင်ပဒဏ်ရာ အချို့အပြင် သူ့ဒဏ်ရာဟောင်းကလည်း ပြန်ပွင့်သွားသည်ကို လုလျန့်ဝေ တွေ့လိုက်ရသည်။ ၎င်းမှလွဲ၍ အခြားနေရာတွင် ဒဏ်ရာအသစ် မရှိပေ။

သူမ ပြီးစီးသွားသောအခါ သူ့ဝတ်ရုံကို သာမန်ကာလျှံကာ ပြန်ဝတ်ပေးလိုက်၏။

“ပြီးပါပြီ။”

လုံယန် သူ့ဘက်ဖက်လက်မောင်းရှိ ပတ်တီးများကို ကြည့်လိုက်ပြီးနောက် အေးအေးဆေးဆေးပင် အကျီပြန်ဝတ်လိုက်သည်။

သူမ ပစ္စည်းများ သိမ်းဆည်းပြီးနောက် လုလျန့်ဝေမှာ နေဝင်နေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ သူတို့ ယခုမှ တောင်အောက်မဆင်းလျှင် ညကို တောင်ပေါ်၌သာ ကုန်ဆုံးရပေတော့မည်။

ရိုင်းစိုင်းရက်စက်သောသားရဲများကို အမှတ်ရသွားပြီးနောက် သူမ လုံယန်အား ချက်ချင်းပေးလိုက်သည်။

သည်ကနေ့ခရီးတွင် သူတို့ သားရဲကောင်များစွာနှင့် ကြုံခဲ့ရပြီးဖြစ်သည်။ ညကို တောထဲတွင်သာ ကုန်ဆုံးလိုက်ပါလျှင် သူတို့ သားရဲများ၏ညစာ ဖြစ်သွားပေလိမ့်မည်။

ထိုအတွေးဖြင့် လုလျန့်ဝေ တောထဲတွင် မနေရဲချေ။ သူမ သားရဲများ၏အစာ မဖြစ်ချင်ပါ။

“ဒါပေမယ့် အရှင်မင်းကြီး ချူးယီးကို သယ်သွားမှာလား။”

လုလျန့်ဝေ အနည်းငယ် သံသယဝင်မိသည်။

သူမ ခုနက လုံယန်၏ကျောထက်ရှိ ဒဏ်ရာကို မြင်သောအခါက သူ ချူးယီးအား ကမ်းပါးအောက်ခြေမှ သယ်လာရာတွင် မတော်တဆ အားအများကြီးထည့်ကာ ဖိမိ၍ ဒဏ်ရာပြန်ပွင့်သွားခြင်းဖြစ်မှန်း သူမ သတိထားမိလိုက်သည်။

ဤနေရာမှ တောင်ခြေအထိ အကွာအဝေးက မတိုလှပေ။ လုံယန်၏ ခန္ဓာကိုယ်က ခံနိုင်လိမ့်မည်လား။

ချူးယီးက ပိန်ပါးသည့်ပုံပေါ်သော်လည်း အရွယ်ရောက်ပြီး ယောင်္ကျားတစ်ယောက်သာ ဖြစ်သည်ပင်။ ထိုအပြင် ထိုမျှရှည်သည့်အရပ်ဖြင့် သူ့အလေးချိန်က သေချာပေါက် ပေါ့မည်မဟုတ်။ဆန့်ကျင်ဘက်အနေဖြင့် လုံယန်ကတော့ သိပ်များများစားစားစဉ်းစားမနေ။

သူ ချူးယီးရှေ့ ထိုင်ချလိုက်ပြီး သူ့ကို ပခုံးပေါ်ထမ်းတင်ရန် ပြင်နေသည်ကို လုလျန့်ဝေ ကြည့်နေရင်းဖြင့် သူမ မျက်မှောင်မကြုံ့မိဘဲ မနေနိုင်။

ထမ်းစင်လေးသာ ရှိခဲ့ရင်....။

ရုတ်တရက် သူမ အတွေးတစ်ခုပေါ်လာပြီး မျက်လုံးများ တောက်ပသွားသည်။

“အရှင်မင်းကြီး၊ ကျွန်မ အကြံရပြီ။”

ဆက်ရန်__

Chapter 121

March 12, 2024 by Nay Chi Lynn

အပိုင်း (၁၂၁) - မင်းကလွဲပြီး တခြားသူမရှိဘူး လုလျန့်ဝေ။

“ဟမ်?”

လုံယန် သူမကို လှည့်ကြည့်လိုက်သည်။ သူမ၏ စိတ်လှုပ်ရှားနေသော မျက်နှာသေးသေးလေးကို မြင်သော် သူ မျက်ခုံးပင့်မိ၏။

“ဒါလေ။”

လုလျန့်ဝေက သူ့ဓားမြှောင်ကို ထုတ်ကာ ဝှေ့ယမ်းလိုက်သည်။

“အရှင်မင်းကြီးရဲ့ ဓားမြှောင်က သစ်ကိုင်းတချို့လောက်ကို အလွယ်တကူ ခုတ်လို့ရနိုင်တဲ့အထိ ထက်တယ်လေ။”

သူမ၏ထို အကြံကို လုံယန် သတိမထားမိသေးခင်မှာပဲ တစ်မုဟုတ်ချင်းမှာပင် သူမက တစ်ချောင်းချင်းစီက ကလေးတစ်ယောက်၏ လက်မောင်းလောက် တုတ်သည့် သစ်ကိုင်းတစ်ပုံကြီးကို ခုတ်ယူလိုက်ပြီး နွယ်ပင်အပုံလိုက်ကိုလည်း ခုတ်လိုက်သည်။

လုလျန့်ဝေ မြေပေါ်ထိုင်ကာ အလုပ်ရှုပ်နေသည်ကို သူ ကြည့်နေရင်းဖြင့် လုံယန် တစ်စုံတစ်ရာ တွေးမိလိုက်ပုံရသည်။ သူ လျှောက်လာပြီး သူမဘေးတွင် ထိုင်ချကာ စတင်ကူညီတော့သည်။

သိပ်မကြာခင်မှာပဲ ရိုးရှင်းသော ထမ်းစင်တစ်ခု အသင့်ဖြစ်သွားသည်။

“အဲ့လိုပြောလို့ရပါတယ်၊ ဒါပေမယ့် ကျွန်မကတော့ ရိုးရိုးထမ်းစင်လို့ ခေါ်တယ်။”

လုံယန်က သူမကို စူးစူးနင့်နင့် စိုက်ကြည့်လိုက်ပြီးနောက်မှ ရှေ့သို့လှမ်းလာသည်။

“ကျွန်မကို ကူပြီး ချူးယီးကို ထမ်းစင်ပေါ် တင်ပေးပါဦး။”

လုံယန် မျက်ခုံးပင့်လိုက်ပြီး သူမ၏ မလေးမစားအပြုအမူကို မှတ်ချက်မပေးသေးပေ။

ချူးယီးကို ထမ်းစင်ပေါ်သို့ မ,တင်ပေးပြီးနောက် လုလျန့်ဝေက ထမ်းစင်၏ အခြားတစ်ဖက်၌ ချည်ထားသော နွယ်ကြိုးကို သူ့ထံ ကမ်းပေးလိုက်သည်။ ထို့နောက် သူမက တောင်အဆင်းလမ်းကို လက်ညှိုးထိုးလိုက်ပြီး ပြုံးလျက် ပြော၏။

“တစ်လောကလုံးမှာ ငါကိုယ်တော့်ကို အမိန့်ပေးရဲတာ မင်းကလွဲပြီးမရှိဘူး လုလျန့်ဝေ။”

ထောက်! လုလျန့်ဝေ နာသွား၍ ခေါင်းပင် နောက်လန်သွားပြီး သူမနဖူးကို ပွတ်သပ်လိုက်သည်။ ထိုနေရာက နီမြန်းနေလေပြီ။

လုလျန့်ဝေက ပွတ်သပ်နေခြင်းကို ရပ်လိုက်ပြီး စိတ်တိုစွာ ပြန်ခံပြောလိုက်၏။

“အသားနုတယ်ပြောရအောင် အရှင်မင်းကြီးလည်း ကျွန်မထက် သာမနေပါဘူးနော်။”

လုံယန် တန့်သွားပြီး သူမကို မျက်လုံးစွေ၍ တစ်ချက်ကြည့်လိုက်သည်။

“ဪ ဟုတ်လား၊ အဲ့လိုဆိုရင်တောင် ကိုယ်တော့်အသားက တစ်ချက်ထိရုံနဲ့ အဲ့လောက်နီမသွားဘူး။”

လုလျန့်ဝေက မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သည်။

“မယုံပါဘူး။”

“လုလျန့်ဝေ၊ မင်းက ဧကရာဇ်ရှေ့မှာ မလေးမစားပြုမူနေတာပဲ!”

လုလျန့်ဝေ အသိပြန်ဝင်လာပြီး သူ့အား အသေအချာ ဒူးတစ်ဖက်ထောက်၍ အရိုအသေပေးလိုက်၏။

“ကျွန်‌တော်မျိုးမ စည်းကျော်သွားပါတယ်၊ ခွင့်လွှတ်ပေးပါ အရှင်မင်းကြီး။”

လုံယန်က သူမကို အေးတိအေးစက် ကြည့်နေပြီးနောက် ရုတ်တရက် ခပ်ဖွဖွရယ်လိုက်သည်။

“မင်းကို နောက်နေတာပါ၊ ဘာလို့ ဒီလောက်သတိကပ်နေရတာလဲ။”

“လန့်လို့သေတော့မှာပဲရှင်၊ အရှင်မင်းကြီး ကျွန်မကို အပြစ်ပေးတော့မယ် ထင်သွားတာ။”

သူမ၏ ယဉ်ကျေးနေသောအမူအရာကို မြင်သော် ယခုနက လုံယန်၏ မျက်နှာအမူအရာ ပျောက်ပြယ်သွားသည်။ ခုနက သူတို့ ဝံပုလွေများကို သတ်ဖြတ်နေစဉ်က သူမ ပြောခဲ့သည်ကို ပြန်သတိရမိသော် သူ့မျက်လုံးများ နက်မှောင်သွားသည်။

လေထု ရုတ်တရက် ပြောင်းသွားသည်ကို မြင်သောအခါ လုလျန့်ဝေမှာ မနေနိုင်ဘဲ သူ့ကို မျက်လုံးပင့်၍ကြည့်မိသည်။ သူ့အကြည့်များက အောက်စိုက်နေပြီး သူ့၏ ထူထဲနက်မှောင်သော မျက်တောင်ရှည်များက သူ့မျက်လုံးထဲရှိ ခံစားချက်များကို ဖုံးကွယ်လို့ထားသည်။ သူ့အမူအရာက အေးစက်နေပုံပေါ်၏။

သူမရှုထောင့်မှကြည့်လျှင် သူ့၏ တိကျပြတ်သားသော ဘေးတစ်စောင်းပုံရိပ်က အေးစက်မှုများ ထုတ်လွှတ်နေပြီး သူ့နှုတ်ခမ်းပါးများက ခပ်တင်းတင်းစေ့ပိတ်လို့ထား၏။ သူ့အား ချဉ်းကပ်လို့မရနိုင်သည့်ပုံ ပေါ်စေသည်။

လုံယန် သူ့အတွေးများကို ဘေးဖယ်လိုက်ကာ သူမကို တစ်ချက်ကြည့်လိုက်သည်။

ထိုသို့ဖြင့် သူ ထမ်းစင်ကို ဆွဲကာ တောင်ဆင်းလမ်းကို စတင်လေသည်။

လုလျန့်ဝေက ဆေးပစ္စည်းများဖြင့် ပြည့်နေသော အဝတ်ထုပ်အကြီးကြီးကို ကျောပေါ်၌ ပင်ပင်ပန်းပန်း သယ်လာသည်။ သူမ သယ်လာသည့် အခြားအထုပ်တစ်ထုပ်ကို လက်မောင်းတွင် ချိတ်ထားရင်းဖြင့် သူမ လုံယန်နောက်သို့ ခက်ခက်ခဲခဲ လိုက်လာ၏။

ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရုတ်တရက် လုံယန်က ရပ်လိုက်သည်။

လုလျန့်ဝေလည်း သူဘာလုပ်မှန်းမသိသော်လည်း လိုက်ရပ်လိုက်သည်။ အံ့ဩစရာကောင်းသည်မှာ သူက နောက်လှည့်လာပြီး လက်တစ်ဖက်ဆန့်ကာ သူမကျောပေါ်ရှိ အဝတ်ထုပ်ကို ပေါ့ပေါ့ပါးပါးပင် ယူသွားလေသည်။

All Chapters