← Chapters

အခန်း (၁၂၂-၁၂၄)

Vol. 3 Ch. 122-124

အခန်း (၁၂၂-၁၂၄)

Vol. 3 Ch. 122-124

အပိုင်း (၁၂၂) - ရုတ်တရက် ငေးသွားရတယ်။

လုလျန့်ဝေ၏ အံ့အားသင့်နေသောအကြည့်များအောက်တွင် လုံယန်က ထိုအဝတ်ထုပ်ကို သူ့ပခုံးပေါ် ထမ်းတင်လိုက်သည်။

သူမ စိတ်ကို အမြန်ပြန်စုစည်းလိုက်ပြီး သူ့ကိုတားရန်ကြိုးစားလိုက်၏။

“ဒါပေမယ့် အရှင်မင်းကြီး ကျောက ဒဏ်ရာရထား...”

လုံယန်က အထုပ်ကို ဒဏ်ရာရထားသော ညာဖက်ကို တကူးတက ရှောင်၍ ထမ်းလိုက်၏။

“ကိစ္စမရှိဘူး၊ မဖိမိပါဘူး၊ မင်းမြန်မြန်လျှောက်၊ မကြာခင် မှောင်လာတော့မယ်။”

“ဟုတ်ကဲ့။”

ဤသည်ကိုမြင်သော် လုလျန့်ဝေလည်း ဤကိစ္စကို ဒီတိုင်းထားထားလိုက်ရတော့သည်။

ယခင်ဘဝတုန်းက သူမ ဆေးပင်များ ယူရန် တောထဲတောင်ထဲ မကြာခဏ သွားလာခဲ့ရသည်ဖြစ်၍ အတော်ကျန်းမာရေးကောင်း၏။ သူမ၏ လက်ရှိခန္ဓာကိုယ်မှာတော့ ယခင်ခန္ဓာကိုယ်နှင့် လုံးဝမယှဉ်နိုင်ပါချေ။

တစ်နေ့လုံး ခရီးနှင်ခဲ့ပြီးနောက်မှာ သူမ အမှန်ပင် ပြိုင်းနေပြီဖြစ်သည်။ လုံယန်မှာ ချူးယီးကိုလည်း ဆွဲလျက် သူ့ပခုံး‌တွင်လည်း အဝတ်ထုပ်တစ်ထုပ် ထမ်းထားသည့်တိုင် သူ့ခြေလှမ်းများက အားအင်အပြည့်ဖြင့် မြန်ဆန်နေသေးသည်။ သူ့ကို အပြင်းအထန်နာမကျန်းဖြစ်နေသူဟု မှန်းဆဖို့ရာ မဖြစ်နိုင်ပေ။

သို့သော် သူ့နောက်ကျောရှိ အဝတ်ထုပ်ကြီးကြောင့် လုံယန်၏ မင်းမျိုးမင်းနွယ်အရှိန်အဝါက အတော်လေးပင် ပျောက်သွားပြီး ထိုအစား ရယ်ချင်စရာကောင်းနေ၏။

လုလျန့်ဝေ၏ နှုတ်ခမ်းစွန်းများ အနည်းငယ်ကွေးတက်သွားပြီး ရယ်တော့မလိုလုပ်လိုက်သော်လည်း နောက်ဆုံးမှာတော့ ရယ်ချင်စိတ်ကို ထိန်းချုပ်ထားလိုက်သည်။

ထို့နောက် သူတို့ သားရဲအနည်းငယ်နှင့် ထပ်ကြုံရသော်လည်း ၎င်းတို့က အင်မတန်ကြမ်းတမ်းရိုင်းစိုင်းလှသည် မဟုတ်သဖြင့် လုံယန့်ထံမှ တစ်ချက်တည်းနှင့် ပွဲသိမ်းခံလိုက်ရသည်။

သုံးယောက်သားမှာ မမှောင်ခင်လေးအတွင်း တောင်ခြေသို့ ရောက်ခဲ့ကြလေသည်။

ခြေကုန်လက်ပန်းကျနေပြီဖြစ်သော လုလျန့်ဝေမှာ မြေကြီးပေါ်၌ တန်းထိုင်ချလိုက်သည်။ သူမက ကိုက်ခဲနေသောခြေဖဝါးကို နှိပ်နယ်နေရင်း မတ်တပ်ပြန်ထရမည်ကို တွန့်ဆုတ်နေ၏။

၎င်းကိုမြင်သော် လုံယန်လည်း နံဘေးရှိ ကျောက်တုံးတစ်တုံးပေါ် ထိုင်ချလိုက်သည်။

သူက လုလျန့်ဝေ၏ ဟောဟဲလိုက်နေသောအခြေအနေနှင့် ခြားနားစွာပင် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ခပ်မှန်မှန် အသက်ရှူနေသည်။

တစ်ခဏလောက် အနားယူပြီးနောက်တွင် လုံယန် သူမ၏ ပင်ပန်းနေသောမျက်နှာလေးကို မမြင်ရက်သော်လည်း သူမကို သတိပေးလိုက်သည်။

“အခုနေပြန်ရင် ညမရောက်ခင် မြို့တော်ကို ပြန်ရောက်နိုင်လောက်တယ်။”

၎င်းကိုကြားသောအခါ လုလျန့်ဝေ သူမ၏ ကိုက်ခဲနေသောခြေထောက်များကို လျစ်လျူရှုလိုက်ပြီး ချက်ချင်းထရပ်လာသည်။

သူမမျက်လုံးများက ဆည်းဆာရောင်အောက်တွင် ထူးထူးခြားခြားအလင်းတစ်မျိုးဖြင့် တောက်ပလို့နေသည်။ အင်မတန်ညှို့ငင်နိုင်လွန်း၍ လုံယန် အကြည့်မလွှဲနိုင်ပါချေ။

သူ သူမအား တစ်ခဏမျှ နူးနူးညံ့ညံ့ ငေးကြည့်နေပြီးနောက် ထရပ်လိုက်သည်။

လန့်သွားသော လုလျန့်ဝေက သူ့ကို သံသယဖြင့် ကြည့်လိုက်၏။ လုံယန်က သူမကို ဘာလို့ညင်ညင်သာသာ ကြည့်နေတာပါလိမ့်၊ ၎င်းက သိပ်တူလွန်းသည်...။

သူမ တစ်ခဏမျှ တန့်သွား၏။ ၎င်းက လုဟယ့်ထျန်း သူမကိုကြည့်ပုံနှင့် သိပ်တူလွန်းပါသည်။

ဟုတ်ပါသည်လေ၊ သူက အသက် ၃၀ ကျော်ပင်ရှိနေသော်လည်း ကလေးမရှိသေး။ ‌ရှေးဟောင်းခေတ်တွင် လူနေမှုအဖွဲ့အစည်းက ၎င်းကို အတော်လေး သနားစရာကောင်းသည်ဟု ယူဆကြသဖြင့် သူ ကလေးလိုချင်သည်မှာ သဘာဝကျပါသည်။

ထိုအတွေးဖြင့် သူမ သူ့ကို တစ်ချက်ပြုံးပြလိုက်ပြီး ယခု သူ့ကို ပိုကောင်းကောင်းနားလည်လာပြီဟု ခံစားလိုက်ရသည်။

လုံယန် မြင်းများကို ပြန်ခေါ်လာချိန်တွင် သူမအပြုံးကို မြင်လိုက်ရ၏။ သူ ရုတ်တရက် ငေးခနဲဖြစ်သွားရပြီး သူ့မျက်လုံးများ မှေးကျဉ်းသွားသည်။

လုလျန့်ဝေမှာ သူမအပြုအမူများက ဧကရာဇ်အရှင်အား နားလည်မှုလွဲသွားစေသည်ကို သတိမထားမိပါ။ သူမ ရှေ့တိုးလိုက်ပြီး သူ့ဆီမှ သူမမြင်းကိုယူလိုက်ကာ မြင်းကုန်းနှီးကို ပြန့်အောင်ဖြန့်ရင်း စတင်အလုပ်ရှုပ်နေတော့သည်။

မြင်းပေါ်တွင် အဝတ်အိတ်ကို ချိတ်လိုက်ပြီးနောက် သူမအိတ်ကို မြင်းကျောပေါ်၌ ချည်လိုက်သည်။ အားလုံးပြီးသွားပြီး သူမ လုံယန့်အား ကူညီကာ ချူးယီးကို မြင်းပေါ်တင်ပေးရန်ပြင်စဉ် ချူးယီးက ဘယ်ကိုရောက်လို့ ဘာတွေဖြစ်နေမှန်းမသိဘဲ ကြောင်တောင်တောင်ဖြင့် နိုးလာသည်ကို တွေ့လိုက်ရသည်။

လုလျန့်ဝေက အမြန်သွား၍ နောက်တစ်ကြိမ် သူ့သွေးကြောကို စမ်းလိုက်သည်။ အနည်းငယ် အားနည်းနေသည်မှလွဲ၍ အခြားမူမမှန်တာမရှိသည်ကို မြင်သောအခါ သူမ မေးလိုက်၏။

“တစ်နေရာရာက နေရတာ မသက်မသာဖြစ်တာမျိုး ရှိလား။”

ချူးယီးက ခေါင်းခါသည်။

လုလျန့်ဝေက သူငိုင်နေဆဲဖြစ်သည်ကို မြင်သောအခါ ရှင်းပြ၏။

“ချူးယီး၊ ရှင် ချောက်ထဲ ပြုတ်ကျသွားတာ၊ အရှင်မင်းကြီးက ရှင့်ကိုကယ်ခဲ့တာလေ။”

ချူးယီး မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်ရှုပ်နေရာမှ ထိတ်လန့်တကြားဖြစ်ခြင်းသို့ ပြောင်းလဲသွားသည်။ သူ ထမ်းစင်ပေါ်မှ အလျင်စလိုထလိုက်ပြီး လုံယန်ရှေ့တွင် ဒူးထောက်လိုက်၏။

“ကျွန်တော်မျိုးအသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။”

ဆက်ရန်__

Chapter 123

March 13, 2024 by Nay Chi Lynn

အပိုင်း (၁၂၃) - သူ အတွေးထဲ နစ်သွားမိတယ်။

လုံယန်က လုလျန့်ဝေကို တစ်ချက်လှမ်းကြည့်လိုက်သည်။

လုလျန့်ဝေက လျှာလေးတစ်လစ်ထုတ်လျက် လွတ်ရာ‌လွတ်ကြောင်း ဘေးတစ်ဖက်၌ သွားရပ်နေလိုက်သည်။

လုံယန်က ထိုမိန်းမပျိုလေး မြင်းကိုနှင်၍ ထွက်သွားသည်ကို ကြည့်နေပြီးနောက် အကြည့်လွှဲလိုက်ပြီး သာမန်ကာလျှံကာသာ ပြောလိုက်သည်။

“ထတော့၊ မိုးမမှောင်ခင် ပြန်ရောက်ဖို့လို‌တယ်။”

“ဟုတ်။”

ချူးယီး အလျင်အမြန် ထရပ်လိုက်သည်။ ထိုအရွယ်ရောက်ပြီးအမျိုးသားမှာ အမှန်တော့ မျက်လုံးထောင့်စွန်းများ နီရဲနေပြီး ငိုတော့မည့်ပုံပေါ်နေသည်။

သူ အင်မတန် ရင်ထဲထိသွားရပါသည်။ သူ့သခင်က များသောအားဖြင့် အေးစက်ကာ ဘာကိုမှဂရုမစိုက်ပုံပေါ်သော်လည်း သခင်က အရေးကြီးသောအခြေအနေတွင် မိမိအသက်ကိုပင် ဂရုမထားဘဲ ချောက်ကမ်းပါးမှ ခုန်ချကာ သူ့အား ကယ်တင်ပေးလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

သူ့သခင်က အပေါ်ယံသာ အေးစက်ပြီး အတွင်းစိတ်ကတော့ နွေးထွေးသူဖြစ်ကြောင်း သူထင်ထားသည်မှာ မှန်ခဲ့ပေသည်။ ဧကရာဇ်အရှင်ထံတွင် မည်သူ့ထက်မဆို ပိုနွေးထွေးကာ နူးညံ့သည့်နှလုံးသားတစ်ခု ရှိပေသည်။

သူ အတွေးထဲ နစ်မျောနေစဉ် နွေးထွေးမှုတစ်စက်မှမပါသည့် အေးစက်စက်အကြည့်တစ်ချက် သူ့အပေါ်ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ သူ ဆတ်ခနဲလန့်သွားပြီး စိတ်ထဲရှိ မလျော်ကန်သောအတွေးများကို ဖယ်ထုတ်လိုက်ကာ အလျင်အမြန် မြင်းပေါ်တက်လိုက်၏။

လုလျန့်ဝေက သူမ၏ မြင်းဇက်ကြိုးကိုဆွဲလိုက်ကာ လုံယန်ကို ပြောလိုက်သည်။

“လမ်းခရီးမှာ ဂရုစိုက်ပါ အရှင်မင်းကြီး၊ ကျွန်တော်မျိုးမ အရင်ပြန်နှင့်ပါတော့မယ်။”

လုံယန်မှာ တစ်ခုခု ပြောချင်သည့်နှယ် မျက်လုံးများ လှုပ်သွားချိန်တွင် အရှေ့မှ အလျင်စလို လာနေသည့် မြင်းခွာသံများကို ရုတ်တရက် ကြားလိုက်ရသည်။

လုလျန့်ဝေလည်း ၎င်းကိုကြားလိုက်ပြီး ချက်ချင်းပင် မကောင်းသောခံစားချက်တစ်ခုခု ရလိုက်၏။ သူမ အလျင်အမြန်ပင် လုံယန်ဘက်သို့ လှည့်လိုက်ကာ ပြောသည်။

လုံယန် သူမရည်ရွယ်ချက်ကို နားလည်သည်။ လာနေသောသူမှာ မြို့စားမင်းအိမ်တော်မှ ဖြစ်တန်ရာ၏။

သူ့ကိုသာ လုလျန့်ဝေနှင့်အတူ တွေ့သွားခဲ့လျှင် အကြီးအကျယ် ဂယက်ရိုက်ပေတော့မည်။

“သူတို့ ဘယ်သူမှန်း မသေချာမချင်း ချဉ်းကပ်မသွားနဲ့။”

သူ သူမကို သတိပေးလိုက်ပြီး မြင်းကိုနှင်ကာ ချူးယီးနှင့်အတူ တောအုပ်ထဲ ဝင်သွားတော့သည်။

သူတို့ သိပ်ဝေးဝေး မသွားခဲ့ကြပေ။ သူတို့ တောအုပ်အဝတွင် ရပ်နေကြပြီး အသစ်ရောက်လာကြသူများက မြို့စားမင်းအိမ်တော်မှ မဟုတ်ဘဲ မတော်တဆတစ်ခုခု ဖြစ်လာခဲ့လျှင် လုလျန့်ဝေကို ချက်ချင်းဝင်ကယ်ရန် စီစဉ်ထားသည်။

လုလျန့်ဝေ သူစိုးရိမ်သည်ကို နားလည်၏။ ထိုလူများ ဘယ်သူမှန်း သူမ သေချာမသိမချင်း သူတို့အနား ချဉ်းကပ်သွားမည်မဟုတ်ပေ။

သူမ မူလနေရာတွင်သာ ရပ်နေလိုက်သည်။ မကောင်းသည့်ကိစ္စများ ဖြစ်လာလျှင် သူမ ချက်ချင်း တောအုပ်ထဲဝင်ပြေးကာ ပုန်းနေလိုက်မည်။

မည်သို့ဆိုစေ ကောင်းကင်က မှောင်လာပြီဖြစ်ကာ ဤသည်က လူသူမနီး ခေါင်ဖျားသော တောင်တစ်တောင်ပင် ဖြစ်၏။ ခန့်မှန်း၍မရနိုင်သော အန္တရာယ်များ ရှိလာနိုင်သည်။

လုလျန့်ဝေ သတိအပြည့်ကပ်ထားစဉ်တွင် သူမမြင်ကွင်း၌ အမည်းရောင်စစ်သံချပ်ကာဖြင့် အမျိုးသားတစ်ယောက် ပေါ်လာသည်။ ထိုသူက လေနှင့်အတူလွင့်နေသော ဝတ်ရုံနက်ကိုပါ ဝတ်ဆင်ထားသေး၏။

ထိုလူ၏မျက်နှာက အင်မတန်လေးနက်နေသည်။ သူ ပြုံးမနေသောအချိန်တွင် အလွန်အာဏာရှိ အစွမ်းထက်ပုံပေါ်၏။ သူ့ကို မြင်သောလူ ဘယ်သူမဆို လေးစားရိုကျိုးကြရမည်ဖြစ်သည်။

လုလျန့်ဝေ၏ သတိများ ချက်ချင်းပြေလျော့သွားပြီး သူမ ရှေ့သို့သွားကာ နှုတ်ဆက်လိုက်၏။

လုလျန့်ဝေကို ကာကွယ်ရန် သူလွှတ်ထားသော သက်တော်စောင့်များမှာ တစ်ခုခုက ‌မူမမှန်နေကြောင်း အလျင်အမြန်ပင် သတိထားမိသွားခဲ့ကြသည်။ သို့သော် ကျူးယွိက သူတို့ သခင်မလေးအခန်းထဲ ဝင်ရောက်ခြင်းကို ဆင်ခြေအမျိုးမျိုးပြ၍ တားဆီးနေခဲ့၏။ သူမ အချိန်အနည်းငယ် ဆွဲထားနိုင်ခဲ့ပြီး လုဟယ့်ထျန်းဆီ သတင်းရောက်ချိန်တွင်တော့ လုလျန့်ဝေမှာ ရှန့်ထော်တောင်ထွဋ်ပေါ် ရောက်နေနှင့်ပြီဖြစ်လေသည်။

လုလျန့်ဝေက သူမဘာသာ ရှန့်ထော်တောင်ထွဋ်သို့ ထွက်သွားသည်ဟူသော သတင်းကိုကြားသောအခါ လုဟယ့်ထျန်းမှာ အင်မတန်ပင် ထိတ်လန့်သွားရသည်။ သူ ချက်ချင်းပင် စစ်တပ်တာဝန်များကို ပစ်ထားခဲ့ပြီး သူ့ကိုယ်ပိုင်သက်တော်စောင့်များကို စုစည်းကာ လုလျန့်ဝေအား အလောတကြီး ရှာဖွေကြရတော့သည်။

သူ့အဖိုးတန်သမီးလေးအား ကျရောက်လုဆဲအန္တရာယ်များမှ ကာကွယ်ရန် အင်မတန်နောက်ကျသွားမည်ကို သူကြောက်မိသည်။

တိုက်ခိုက်ရေးနယ်ပယ်မှလူများပင်လျှင် အန္တရာယ်များသည်ဟု သတင်းဆိုးဖြင့် ကျော်ကြားသော ရှန့်ထော်တော်ထွဋ်သို့ ခြေချရမည်ကို အလွန်သတိကြီးကြီးထားလေ့ရှိကြသည်။ သူမက မိန်းကလေးငယ်ငယ်လေးသာဖြစ်ပါ၏၊ သို့သော် ထိုတောင်သို့ သွားကာ စူးစမ်းရဲသည်အထိ အတင့်ရဲလှသည်။ ၎င်းက သူမကိုယ်ကို သေတွင်းထဲပို့နေခြင်းနှင့် တူပေ၏။

သူသည် ဘယ်တုန်းကမှ အယူသီးသောလူ မဟုတ်ခဲ့ပေ။ သို့သော် သူ သူမအား ရှာဖွေနေစဉ်အတွင်း သူစဉ်းစားလို့ရနိုင်သည့် နတ်ဘုရားတိုင်းအား လုလျန့်ဝေကို ကာကွယ်ပေးပါရန် တရစပ် ဆုတောင်းနေမိခဲ့သည်။ သူမသာ အကောင်းအတိုင်း ရှိနေပါလျှင် သူ့သက်တမ်း ၁၀ နှစ်ကိုပင်ပေးရန် ဆန္ဒရှိ၏။

သူ့၏ ခပ်မြင့်မြင့်ချိတ်ဆွဲခံထားရသော နှလုံးသားမှာ သူ့သမီးဖြစ်သူ၏ နူးနူးညံ့ညံ့ အသံချိုချိုလေးကို ကြားလိုက်ရသောအခါမှသာ အေးချမ်းသွားရလေသည်။

သူ မျှော်လင့်ထားသော စိတ်အေးသွားရမှုများ အလုံးလိုက်အရင်းလိုက် ခံစားလိုက်ရသောအခါ သူ မြင်းပေါ်မှပြုတ်ကျမတတ်ပင် ဖြစ်သွားရ၏။

သူ မြင်းဇက်ကြိုးကို ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း သူ့အနားချဉ်းကပ်လာသော သူ့သမီးကို ကြည့်နေမိသည်။ သူ့မျက်လုံးများက စိုးရိမ်ပူပန်စွာဖြင့် သူမကို စစ်ဆေးအကဲခတ်နေ၏။ သူမ အဝတ်အစားများကသာ အနည်းငယ်ညစ်ပတ်နေပြီး သူမပုံစံက ဖရိုဖရဲဖြစ်နေသော်လည်း ထိခိုက်ဒဏ်ရာမရှိသည်ကို တွေ့တော့မှသာ သူ လုံးလုံးလျားလျား စိတ်အေးနိုင်လေသည်။

ဆက်ရန်__

Chapter 124

March 13, 2024 by Nay Chi Lynn

အပိုင်း (၁၂၄) - သမီးလေးရှိနေရုံနဲ့ ဘဝကပြည့်စုံပြီ။

သူ့စိုးရိမ်ပူပန်မှုများ လျော့သွားသောအခါ လုဟယ့်ထျန်း၏မျက်နှာမှာ တည်ကြည်လေးနက်လာသည်။ သူ့သမီးလိမ္မာလေးအား ချက်ချင်းဆွဲခေါ်၍သာ ကောင်းကောင်းရိုက်နှက်ပစ်လိုက်ချင်၏။

“လုလျန့်ဝေ၊ မင်း သိပ်သတ္တိရှိနေတာပါရောလား၊ ဘယ်လိုလုပ် ဒီနေရာကို လာရဲရတာလဲ၊ တောရိုင်းကောင်တွေ စားခံရမှာ မကြောက်ဘူးလား ဟမ်။”

လုလျန့်ဝေက မြင်းဇက်ကြိုးကိုဆွဲ၍ မြင်းပေါ်မှ ခုန်ချလာပြီး ခပ်ဟဟ ရယ်လိုက်သည်။

“အဖေကြည့်လေ ကျွန်မ ဒီမှာ အန္တရာယ်ကင်းကင်းနဲ့ရပ်နေတာပဲကို၊ အဖေ့သမီးက နံလွန်းလို့ သားရဲတွေတောင် ကျွန်မကိုမြင်တော့ ရှောင်ကွင်းသွားကြတာလေ။”

လုဟယ့်ထျန်းမှာ အော်မရယ်မိစေရန် သူ့၏ မာကျောအေးစက်သောမျက်နှာထားကို ထိန်းထားနိုင်ခဲ့သည်။

သူ့၏ ဤသမီးက အင်မတန်လုပ်ရဲကိုင်ရဲလေသည်။ သူမက မယုံနိုင်လောက်အောင်ပင် အန္တရာယ်များကို မျက်ကွယ်ပြုလျက် ဤကြောက်ဖို့ကောင်းသောနေရာသို့ ရောက်လာခဲ့သည်။ ဤသို့ စွန့်စားရသောကိစ္စမျိုး လုံးဝ ထပ်မလုပ်ရန် သူမအား သင်ခန်းစာကောင်းကောင်းပေးကိုပေးရမည်ဖြစ်သည်။

သူ တန့်သွား၏။ သူ သူမအား တစ်ည ဒူးထောက်နေရန် ပြောချင်သော်လည်း သူ့သမီး၏ သေးသွယ်နူးညံ့သော ပုံစံလေးကို မြင်သောအခါ သူမကို ပြင်းပြင်းထန်ထန် အပြစ်မပေးရက်တော့ဘဲ ကသိကအောက်ဖြင့် စကားကို ပြောင်းပြောလိုက်ရသည်။

ရယ်ဖို့မသင့်လျော်မှန်း လုလျန့်ဝေ သိပါသည်။ သို့သော် သူ သူမအား ရှီချန်တစ်ဝက်စာ ဒူးထောက်နေရန် အပြစ်ပေးသည်ကို ကြားသော် နောက်ဆုံးတော့ သူမ အသံထွက်အောင်ပင် ရယ်မိသွား၏။

“အဖေကတော့ တကယ် ကျွန်မအဖေအရင်းပါပဲ၊ အဖေ အမြဲ ကျွန်မကို အကောင်းဆုံးဆက်ဆံပေးမှာ ကျွန်မသိသားပဲ။”

လုဟယ့်ထျန်း ထပ်ဒေါသမထွက်လာခင်မှာပဲ သူမ အလျင်အမြန် သူ့လက်မောင်းကို ဖက်၍ လွှဲယမ်းလိုက်သည်။

လုဟယ့်ထျန်းမှာ သူ့သမီး၏ ချစ်စရာကောင်းသောအပြုအမူလေးများကို မြင်သောအခါ သူ ဘယ်လောက် သွေးအေး၊ နှလုံးသားမဲ့ခြင်းက အရေးမပါတော့ချေ၊ သူ အရည်ပျော်သွားရပြီး မြင်းပေါ်မှ ပြုတ်ကျလုနီးနီး ဖြစ်သွားရသည်။

သို့သော် သူ့နောက်၌ သက်တော်စောင့်များ ရှိနေသည်ကို အမှတ်ရသွားပြီး သူတို့အား ဤသို့ရှက်စရာကောင်းသော မြင်ကွင်းမျိုး မြင်ခွင့်မပေးနိုင်သဖြင့် သူ မြင်းဇက်ကြိုးကိုသာ တင်းတင်းကိုင်ထားရပြီး သူ၏ ဂုဏ်သိက္ခာရှိသောပုံရိပ်ကို အကောင်းဆုံးကြိုးစားထိန်းသိမ်းထားရလေသည်။

လုလျန့်ဝေ သူမအိတ်ကို ဖွင့်လိုက်ပြီး သူ့အား ရတနာများဆက်သနေသကဲ့သို့ လေသံအနေအထားဖြင့် ပြောသည်။

“အဖေ၊ ကျွန်မယူလာတာတွေ ကြည့်ပါဦး၊ ဒါတွေက ငွေအများကြီးရှိရင်တောင် ဝယ်လို့မရတဲ့ အာဟာဖြည့်စွက်ဆေးတွေနော်၊ ကျွန်မ တကူးတက ဒီနေရာကိုလာပြီး အဘွားနဲ့ အဖေတို့အတွက် ဒါတွေလာခူးတာလေ၊ အဘွားနဲ့အဖေတို့ ကျန်းကျန်းမာမာနဲ့ အသက်အရှည်ကြီးနေနိုင်ဖို့ မျှော်လင့်တယ်။”

လုဟယ့်ထျန်းမှာ မျက်လုံးများနီမြန်းလာရပြီး တည်ကြည်သောအမူအရာကို ဆက်ထိန်းမထားနိုင်တော့ချေ။ သူ မြင်းပေါ်မှ ခုန်ချလိုက်သည်။ သူ့သမီးက ယခု အရွယ်ရောက်နေပြီဖြစ်၍သာမဟုတ်ပါက သူ သူမကို ခပ်မြင့်မြင့်ချီမ,ပစ်လိုက်မည်ဖြစ်၏။

အဆုံးမှာတော့ သူ နှမြောတသစွာဖြင့် သူမ ဆံပင်လေးများကိုသာ ဆွဲဖွလိုက်ပြီး သူမကို ဆုံးမလိုက်သည်။

“ဒီကလေးမကတော့လေ၊ မင်းအဘွားနဲ့အဖေက ကျန်းမာတုန်းပါပဲကွာ၊ မင်းအသက်ကိုစွန့်စားပြီး ဒီနေရာကို ဆေးပင်လာခူးစရာ မလိုပါဘူး။”

“ဒီတောထဲက ဆေးပင်တွေက ဈေးတွေမှာ ရောင်းနေကြတာနဲ့ မယှဉ်နိုင်ဘူး အဖေရဲ့၊ ဒီ တောရိုင်းမှာပေါက်တဲ့ ပါဝင်ပစ္စည်း ဆေးဝါးတွေမှာ အာဟာရပိုများများပါတယ်၊ အိမ်ပြန်ရောက်ရင် အဖေနဲ့ အဘွားတို့ နေ့တိုင်း ကြိုသောက်ပေးဖို့ မမေ့နဲ့နော်။”

လုဟယ့်ထျန်းမှာ ခံစားချက်များအပြည့်ဖြစ်နေတော့သည်။ သူ တစ်ခဏချင်းမှာပင် သမီးရှိရုံနှင့်တင် ဘဝက ပြည့်စုံနေပြီဟု ခံစားလိုက်ရ၏။ သူ သူမကို ချစ်မြတ်နိုးအလိုလိုက်ခဲ့သည်များက အချည်းနှီးမဖြစ်ခဲ့ပေ။ သူမက အကြီးများအပေါ် ဝတ္တရားကျေပွန်သိတတ်ရကောင်းမှန်း သင်ယူလာနိုင်ပြီဖြစ်သည်။

သူမအဖေမှာ အင်မတန်နွေးထွေးလှသောမျက်နှာထားဖြင့် တိတ်တဆိတ်ရပ်နေသည်ကို မြင်သောအခါ လုလျန့်ဝေ၏ နှလုံးသားမှာလည်း အရည်ပျော်သွားရသည်။

သူ သူမအား အလွန်စိတ်ပူနေခဲ့ပါသော်လည်း သူမအား ကြီးလေးသောအပြစ် မပေးရက်ပေ။

သူမ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီးနောက် ရုတ်တရက် လက်နှစ်ဖက်ကို ဖွင့်ဟဆန့်တန်းလိုက်သည်။

ထိုသို့ပြောပြီး သူမ လုဟယ့်ထျန်း သဘောတူသည်ကို မစောင့်ဘဲ သူ့ခါးကို ဖက်လိုက်၏။

လုဟယ့်ထျန်း တောင့်တင်းသွားသည်။ သို့သော် မကြာခင်မှာပဲ ဝမ်းသာကြည်နူးသွားရပြီး တုံးတုံးအအဖြင့် တစ်ချက်ရယ်လိုက်သည်။

သူ့သမီးလေးကို ပွေ့ဖက်ထားရသည်မှာ ကမ္ဘာကြီးတစ်ခုလုံးကို ဖက်ထားရသကဲ့သို့ ခံစားရပါ၏။

ထိုသို့ နွေးထွေးသောမြင်ကွင်းလေး ဖြစ်ပေါ်နေစဉ်တွင် လုံယန်မှာ အနီးအနားရှိ တောအုပ်ထဲမှနေ၍ ပွေ့ဖက်နေကြသော ထိုသားအဖကို ကြည့်နေသည်။ အကြောင်းရင်းတချို့ကြောင့် သူ့စိတ်ထဲ မသက်မသာ ခံစားလိုက်ရ၏။

ထိုအဘိုးကြီး လုဟယ့်ထျန်းမှာ အမှန်ပင် အရှက်မရှိ။ သူ့လက်အောက်ငယ်သားတွေရှေ့မှာ ဘယ်လိုလုပ် ပွင့်ပွင့်လင်းလင်းကြီး သူ့သမီးနဲ့ ပွေ့ဖက်နေနိုင်ရတာလဲ။ ၎င်းက အတော်စည်းမရှိကမ်းမရှိနိုင်လွန်းပါသည်။

ပြန်ရောက်သောအခါ တော်ဝင်ကြီးကြပ်ရေးအဖွဲ့အား လုဟယ့်ထျန်းကို သတိပေးစာတစ်ခု ထုတ်ခိုင်းရမည်။

All Chapters