← Chapters

အခန်း (၁၃၁-၁၃၃)

Vol. 3 Ch. 131-133

အခန်း (၁၃၁-၁၃၃)

Vol. 3 Ch. 131-133

အပိုင်း (၁၃၁) - စိတ်ထင့်နေတယ်။

၎င်းကိုကြားသော် မောင်နှမနှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

အိမ်တော်ထိန်းချန်မှာ အပန်းဖြေစံအိမ်၏ အိမ်တော်ထိန်းပင်ဖြစ်၏။

နေ့ခင်းပိုင်းတွင် လုလျန့်ဝေက သူ့အား မြို့ထဲသွားကာ ဆေးကုန်ကြမ်းများဝယ်ရန်ပင် ခိုင်းလိုက်သေး၏။

သည်လောက်နောက်ကျနေတဲ့အချိန်ကြီးမှာ သူက ခိုးကြောင်ခိုးဝှက်နဲ့ အိမ်ကထွက်သွားပြီး ဘာလုပ်တာပါလိမ့်။

…

ညကောင်းကင်အောက်တွင် အမျိုးသားတစ်ယောက်သည် အပန်းဖြေစံအိမ်နှင့် ဆန့်ကျင်ရာဘက်သို့ မြင်းကိုအသားကုန်နှင်နေ၏။

ထိုလူမှာ အိမ်တော်ထိန်းချန်မှလွဲ အခြားမဟုတ်။

သူ အနည်းငယ်စိတ်လှုပ်ရှားနေသည်။

သူက ပထမသခင်မလေး၏ လက်အောက်က အလုပ်လုပ်သူ ဖြစ်သော်လည်း ဤသည်မှာ သူ့၏ ပထမဆုံးအကြိမ် သူမအတွက် တာဝန်ထမ်းဆောင်ပေးခြင်း ဖြစ်သည်။

ယခင်က ဒုတိယသခင်မလေးက အပန်းဖြေစံအိမ်ကို လာလည်ခဲ၍ သူဆန္ဒရှိလျှင်တောင် ပထမသခင်မလေးက သူ့အား အသုံးချရန် အခွင့်အရေး မရှိခဲ့ပေ။

လွန်ခဲ့သည့်ရက်အနည်းငယ်က ဒုတိယသခင်မလေး အပန်းဖြေစံအိမ်သို့ ရောက်လာသောအခါ သူ သူမ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ကံမကောင်းစွာပင် မြို့စားမင်း၏ သက်တော်စောင့်များက ဒုတိယသခင်မလေးလုအား မျက်စိဒေါက်ထောက် စောင့်ကြပ်နေကြ၍ သူ အချက်အလက်များ ပိုနှိုက်မထုတ်နိုင်ခဲ့ချေ။

သူ စတင်၍ မျှော်လင့်ချက်မဲ့လာသောအခါမှ ဒုတိယသခင်မလေးလုက သူ့အား ဆေးများသွားဝယ်ခိုင်းခဲ့သည်။

ဒုတိယသခင်မလေးလုက ဘာအရည်အချင်းမှမရှိတဲ့ ကျပ်မပြည့်သူ မဟုတ်လား။ သူမက ဘာလို့ ရုတ်တရက်ကြီး ဆေးကုန်ကြမ်း အဲ့လောက်အများကြီး ဝယ်ခိုင်းရသလဲ။ တစ်စုံတစ်ယောက် ဖျားနာလို့လား။

ဤကိစ္စတွင် တစ်ခုခုကတော့ မသက်ာစရာကောင်းနေသဖြင့်နေ့လယ်ပိုင်းက ဆေးများသွားဝယ်စဉ်က သူ ကျွေ့ရှန်းအဆောင်သို့ အပြေးသွားပြီး ထိုအကြောင်းအား ပထမသခင်မလေးထံ သတင်းပေးခဲ့သည်။ သို့သော် သူ့တောင်းဆိုချက်ကို ကြားပြီးနောက် ဆိုင်ရှင်က သူ့အား ညဘက်၌ နေရာတစ်ခုသို့ သွား၍ ကိုယ်တိုင် ပထမသခင်မလေးနှင့် စကားပြောရန် လမ်းညွှန်လိုက်သည်။

ပထမသခင်မလေးက ယခု အိမ်ရှေ့စံကြင်ယာတော် ဖြစ်နေပြီဖြစ်သဖြင့် အနာဂတ်တွင် သူမ ဧကရီဖြစ်လာမည်မှာ မုချ‌ပင်။

သူမထံ သစ္စာခံရသည်ကို သူ ‌သေချာပေါက် ဝမ်းမြောက်မိပါသည်။

ထို့ကြောင့်ပင် လုလျန့်ဝေနှင့် လုထင်ချန်းတို့ စံအိမ်၌ ရှိနေသည်ကို သူ သိသည့်တိုင် သူ စွန့်စား၍ ညဘက် ခိုးထွက်လာခဲ့သည်။

သူ အိမ်ရှေ့စံကြင်ယာတော်၏ သူကောင်းပြုမည့်စာရင်းထဲ ပါရန် သူမအတွက် တစ်ခုခု ဖြစ်မြောက်အောင် စွမ်းဆောင်ပေးနိုင်ဖို့ လိုပေသည်။

သည်ကနေ့ သူသိခဲ့ရသောကိစ္စက အတော်ထူးဆန်းလွန်းသဖြင့် အိမ်ရှေ့စံကြင်ယာတော်အတွက် အသုံးဝင်လောက်သည်ဟု သူ ခံစားမိသည်။

သူ မြင်းကိုဇက်ကုန်ဖွင့်စီးလာခဲ့ရင်းဖြင့် မကြာမှီမှာ သူဦးတည်ရာနေရာသို့ ရောက်ရှိလာသည်။

နေရာက လုမိသားစုအပန်းဖြေစံအိမ်နှင့် သိပ်မဝေးပေ၊ တော်ဝင်အပန်းဖြေစံအိမ်ပင် ဖြစ်၏။

ကျွေ့ရှန်းအဆောင်၏ ဆိုင်ရှင်က သူ့အား ညဖက်ကျ ဤနေရာသို့လာ၍ အိမ်ရှေ့စံကြင်ယာတော်နှင့်တွေ့ရန် ပြောခဲ့သည်။

အိမ်ရှေ့စံကြင်ယာ‌တော် အထဲ၌ ရောက်နေနှင့်လောက်ပြီဖြစ်သည်။အိမ်တော်ထိန်းချန် ဤနေရာသို့ ပထမဆုံး ရောက်ဖူးခြင်းပင်။သူ မြင်းပေါ်ကဆင်းပြီးနောက် တော်ဝင်အပန်းဖြေစံအိမ်၏ တံခါးဝသို့ အမြန်လျှောက်သွားလိုက်သည်။ မကြာခင်မှာပင် တံခါးများပွင့်လာပြီး အစေခံတစ်ယောက်က သူ့ကို ကြိုဆို၏။သူ အံ့ဩသွားသည်မှာ အိမ်ရှေ့စံကြင်ယာတော်သာမက အိမ်ရှေ့စံမင်းသားပါ ရှိနေခြင်းဖြစ်၏။

၎င်းကိုမြင်သော် အိမ်တော်ထိန်းချန်မှာ မနေနိုင်ဘဲ စိုးရိမ်တကြီးဖြင့် စိတ်လှုပ်ရှားလာမိသည်။အစေခံ၏ စကားများကို ပြန်အမှတ်ရမိ၍ သူ ရှေ့သို့တိုးသွားကာ နှုတ်ဆက်လိုက်သည်။

လုယွင်ရွှမ်းမှာ မျက်နှာထက် ဇာပဝါအုပ်ထားဆဲဖြစ်သည်။ လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူမမျက်နှာရှိ အညိုအမည်းရာများနှင့် ရောင်ကိုင်းနေခြင်းများ အတော်လေးပျောက်ကွယ်သွားသော်လည်း ယခင်က ဒဏ်ရာများ၏ မြင်နိုင်သော ဒဏ်ရာဒဏ်ချက်များ ကျန်နေဆဲဖြစ်၏။

ရုပ်ရည်သွင်ပြင်အား အလွန်ဂရုစိုက်သော လုယွင်ရွှမ်းကဲ့သို့သောသူတစ်ယောက်အတွက်မူ ပြစ်ချက်လေးတစ်ခုပင်လျှင် လက်မခံနိုင်စရာဖြစ်သည်။ ထိုအကြောင်းကြောင့် လွန်ခဲ့သည့်ရက်များအတွင်း သူမမျက်နှာပေါ်မှ ဇာပဝါကို တစ်ကြိမ်မျှပင် မဖယ်ရှားခဲ့ပေ။

သူမ၏ညာဘက်တွင် ထိုင်နေသော အမျိုးသားကို လှမ်းကြည့်လိုက်ရင်း စိတ်ထဲ တထင့်ထင့်ခံစားလိုက်ရသည်။ဤရက်အနည်းငယ်အတွင်း အိမ်ရှေ့စံအရှင့်သားသည် သူ ချော်လဲကာ ဒဏ်ရာရသွားပြီး လုလျန့်ဝေ၏ သွယ်ဝိုက်သောအဓိပ္ပာယ်ပါသည့် စကားများကို ကြားပြီးကတည်းက မိမိကို မြင်ချင်နေသည်မဟုတ်ပေ။

သူက အလုပ်များကိုသာ အကြောင်းပြ၍ သူမထံ လာကြည့်ဖို့ ငြင်းပယ်ခဲ့သည်။သည်ကနေ့တော့ လုယွင်ရွှမ်းသည် လုလျန့်ဝေ၏ လျှို့ဝှက်ချက်အကြောင်း ကျွေ့ရှန်းအဆောင်မှ သတင်းလက်ခံရရှိခဲ့၏။သူမ ချက်ချင်းပင် ဤကိစ္စကို အခွင့်အရေးအဖြစ် အသုံးချ၍ လုံချီအား သူမနှင့်အတူ တော်ဝင်အပန်းဖြေစံအိမ်သို့ လိုက်ခဲ့ရန် ဖိတ်ခေါ်လေသည်။

လုံချီက ပထမတော့ ငြင်းဆန်သည်။ သို့သော် လုလျန့်ဝေနှင့်ပတ်သက်သည်ဟု ကြားပြီး နောက်ဆုံးတော့ သူ လက်ခံလိုက်၏။လုယွင်ရွှမ်း သူ့တုံ့ပြန်ချက်ကို အနည်းငယ်သံသယဝင်မိသည်။

လုံချီက လုလျန့်ဝေကို ဘယ်သူ့ထက်မဆို ပိုမုန်းနေတာမဟုတ်ဘူးလား။ ဒီကိစ္စက သူမနဲ့ ပတ်သက်နေတယ်လို့ ကြားတာနဲ့ သူ့စိတ်ဝင်စားမှုက ဘာလို့ ရုတ်တရက် ထိုးတက်လာရသည်လဲ။

သူမ စိတ်ထင့်နေမှုကို ဖိနှိပ်ထားရင်း လုံချီနှင့်အတူ တော်ဝင်အပန်းဖြေစံအိမ်သို့ သူမ ထွက်လာခဲ့သည်။မည်သို့ပင်ဖြစ်စေ လုံချီ သူမနှင့်လိုက်လာဖို့ သဘောတူသ၍ သူမ သူ့ဒေါသကို ဖြေလျှော့ဖို့ နည်လမ်းရှာမည်ဖြစ်သည်။

ထိုအတွေးဖြင့် သူမ အိမ်တော်ထိန်းချန်အား ခပ်ဖွဖွ လက်ဝှေ့ယမ်းပြလိုက်သည်။

“ကြောက်စရာမလိုဘူး၊ ရှင်သိသမျှ အကုန်သာပြော၊ သတင်းက စိတ်ဝင်စားဖို့ကောင်းရင် ကောင်းကောင်းဆုချီးမြှင့်မယ်။”

ဆက်ရန်__

Chapter 132

March 16, 2024 by Nay Chi Lynn

အပိုင်း (၁၃၂) - သူမမှာ အရှက်ရောရှိသေးရဲ့လား။

ထိုစကားများကို ကြား‌သောအခါ အဆုံးမှာတော့ အိမ်တော်ထိန်းချန်၏ စိုးရိမ်စိတ်များ ပြေလျော့သွားသည်။ ထိုအစား သူ အနည်းငယ် ဝမ်းမြောက်ပျော်ရွှင်လာ၏။

“ကြင်ယာတော်၊ ဒီရက်ပိုင်းအတွင်း ဒုတိယသခင်မလေးလုရဲ့ အပြုအမူတွေ အတော်လေးထူးဆန်းနေတာ ကျွန်တော် သတိထားမိပါတယ်၊ ဒီနေ့က သူက ကျွန်တော့်ကို စာရင်းတစ်ခုပေးပြီးတောင် ဆေးပစ္စည်းတွေ ဝယ်ခိုင်းခဲ့ပါသေးတယ်။”

ပြော‌ရင်းဖြင့် သူ ဆေးစာရင်းတစ်ခု ထုတ်လိုက်သည်။

“ဒါ ကျွန်တော် ကူးရေးထားတဲ့ ဆေးအညွှန်းပါ၊ ကြည့်ကြည့်ပါဦး ကြင်ယာတော်။”

ဟုန်ရှို့က ချက်ချင်းရှေ့တိုးသွားကာ ယူလိုက်ပြီး လုယွင်ရွှမ်းထံ ကမ်းပေးလိုက်သည်။

လုယွင်ရွှမ်းမှာ ထိုနယ်ပယ်တွင် ကျွမ်းကျင်ခြင်း မရှိသော်လည်း အမျိုးသမီးလင်၏ ဖန်းဟွာခြံဝန်းထဲမှ ဆေးပညာနှင့်ဆိုင်သော စာအုပ်အနည်းငယ် ဖတ်ထားဖူးသဖြင့် သူမ ဆေးပညာနှင့်ပတ်သက်ရာတွင် အတိုင်းအတာတစ်ခုလောက်အထိ ဗဟုသုတ ရှိထားလေသည်။

သူမ ထိုဆေးစာရင်းကို ဖတ်ကြည့်ပြီးနောက် သူမမျက်နှာမှာ အံ့ဩသောအမူအရာ ဖြစ်ပေါ်လာသည်။ သူမ ပြောစရာစကားမဲ့စွာဖြင့် လုံချီဘက်သို့လှည့်ကာ ပြော၏။

လုံချီက ဆေးပညာနှင့် အကျွမ်းတဝင်မရှိပေ။ သို့သော် သူ ဆေးစာရင်းစာရွက်ကို လှမ်းယူကြည့်လိုက်သည်။

သို့သော် စာရင်းထဲတွင်ပါသော အမယ်များအားလုံးက သာမန်အသုံးများသော အင်အားပြန်ဖြည့်သည့်ဆေးများသည် ဖြစ်နေသည်ကို အံ့ဩသွာ တွေ့လိုက်ရသည်။

“လုလျန့်ဝေက ဒီဆေးအမယ်တွေကို ဘာလုပ်ဖို့ လိုချင်တာတဲ့လဲ။”

“အဲဒီဆေးတွေအားလုံးက ကာမအားတိုးဖို့ အသုံးပြုတဲ့ဆေးတွေပါရှင်။”

စကားအဆုံး၌ လုံချီက သူမအား ထိတ်လန့်စွာ ကြည့်လာသည်။

လုယွင်ရွှမ်းမှာ လုလျန့်ဝေအစား အရှက်ရနေသည်ကို ပြချင်သည့်အလား ရှက်ရွံ့နေသောမျက်နှာထား ရှိနေ၏။

သူမ တုံ့ပြန်မှုကိုမြင်သော် လုံချီ လုလျန့်ဝေအား ပို၍ပင် နက်နက်ရှိုင်းရှိုင်း စက်ဆုပ်မိတော့သည်။

ထိုမိန်းကလေးမှာ သေမင်းတံခါးဝမှ သီသီလေး ပြန်ထွက်လာနိုင်ပြီးနောက် ဘဝသစ်စတော့မည်ဟု သူ ထင်ခဲ့သော်လည်း ကြည့်ရသည်မှာတော့ သူမက အရင်အတိုင်း စရိုက်မကောင်းသောအမျိုးသမီးသာ ဖြစ်နေသေး၏။

လက်မထပ်ရသေးတဲ့ မိန်းမပျိုတစ်ယောက်ဖြစ်ပြီး အဲ့လိုဆေးတွေ ဝယ်တာ သူမမှာ အရှက်ရောရှိသေးရဲ့လားမသိ။

လုယွင်ရွှမ်းက သူ့မျက်နှာအမူအရာကို သေသေချာချာ အကဲခတ်နေပြီး သူ့မျက်နှာထက်ရှိ ဖုံးကွယ်မရသော လှောင်ပြောင်အထင်‌သေးရိပ်တို့ကို မြင်မှသာလျှင် စိတ်အေးစွာ သက်ပြင်းချမိသည်။

တစ်ချိန်တည်းမှာပဲ သူမ ခုနက သံသယဝင်ခဲ့မှုများအတွက် မိမိကိုယ်ကို ရယ်ချင်မိ၏။

လုံချီ၏ လုလျန့်ဝေအား အထင်သေးစက်ဆုပ်သည့် အတိုင်းအတာအရ သူမ သေသွားလျှင်တောင် လုလျန့်ဝေအပေါ်ထားသည့် သူ့အမြင်ကို ပြောင်းလဲလောက်မည်မဟုတ်ချေ။ ထို့ကြောင့် သူ ရုတ်တရက်ကြီး သူမအား အဘယ်ကြောင့် ကွဲပြားခြားနားစွာ ဆက်ဆံပါမည်နည်း။

သူမစိတ်ထဲရှိ အထုံးများကို ဖြေရှင်းပြီးသည့်နောက် လုယွင်ရွှမ်း ပို၍စိတ်သက်သာလာကာ ပျော်ရွှင်လာသည်။ သူမက ကြမ်းပြင်၌ ဒူးထောက်နေသော အိမ်တော်ထိန်းချန်ကို ကြည့်၍ ပြောလိုက်သည်။

“ဒီရက်ပိုင်းအတွင်း ဒုတိယသခင်မလေးလု ဘယ်သူတွေနဲ့ အဆက်အဆံရှိသလဲ၊ ဒါမှမဟုတ် အပန်းဖြေစံအိမ်ကို တစ်ယောက်ယောက် လာသေးလား။”

ဧကန္တ လုလျန့်ဝေက စံအိမ်ထဲမှာ မဖွယ်မရာ အမျိုးသားတစ်ယောက်ယောက်ကို ဖွက်ထားလို့များ အဲဒီဆေးအမယ်တွေ လိုချင်ရတာလား။

အိမ်တော်ထိန်းချန်က အပန်းဖြေစံအိမ်၏ အိမ်တော်ထိန်းဖြစ်ပြီး စံအိမ်၏ ကိစ္စအားလုံးအတွက် တာဝန်ရှိသူ ဖြစ်သော်လည်း လုလျန့်ဝေနှင့်ပတ်သက်၍ အခြားမည်သည့်အချက်အလက်မှ စုဆောင်းထားခြင်းမရှိပေ။

ထို့ကြောင့် သူ လုယွင်ရွှမ်း၏မေးခွန်းကို ကြားသောအခါ ဦးနှောက်ကို အသည်းအသန်အလုပ်ပေး၍ အဖြေစဉ်းစားရလေသည်။

သူ ဘာအချက်အလက်မှ မစုဆောင်းနိုင်ခဲ့ကြောင်း အိမ်ရှေ့စံကြင်ယာတော် သိသွားလို့မဖြစ်ပေ။ ထိုသို့သာဖြစ်သွားလျှင် အနာဂတ်တွင် သူမက သူ့ကို ဘယ်လိုလုပ် တန်ဖိုးထားတော့မလဲ။

စိတ်ထဲ ထိုသို့တွေးနေရင်းဖြင့် သူ စိတ်လှုပ်ရှားစွာ အထစ်ထစ်အငေါ့ငေါ့ ပြန်ဖြေသည်။

“ကျွန်တော် ဒုတိယသခင်မလေးရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့တာပါ၊ ဒါပေမယ့် နေ့တိုင်း စံအိမ်ကိုလာလည်တဲ့ ဆက်ခံသူကလွဲလို့ ဘယ်သူမှမလာပါဘူး။”

လုယွင်ရွှမ်း မျက်မှောင်ကြုံ့လိုက်သည်။ သို့သော် သူမစိတ်ထဲ ရုတ်တရက် အတွေးတစ်ခုဝင်လာပြီး နားလည်စွာဖြင့် သူမမျက်လုံးများ တောက်ပသွား၏။

“ကောင်းပြီ၊ နားလည်ပြီ၊ ရှင် ဆုတော်ငွေ သွားယူလို့ရပြီ၊ ဒုတိယသခင်မလေးနဲ့ ဆက်ခံသူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို ကောင်းကောင်းစောင့်ကြည့်ဖို့ မှတ်ထား၊ ထူးဆန်းတဲ့အပြုအမူ တစ်ခုခုရှိရင် တတ်နိုင်သမျှအမြန်ဆုံး သတင်းပို့ပါ။”

သူ ထွက်သွားသောအခါတွင် လုယွင်ရွှမ်းက စိတ်လှုပ်ရှားစွာဖြင့် လုံချီ၏လက်ကို ဆွဲယူလိုက်သည်။ သူမမှာ နှုတ်ခမ်းရှိ အပြုံးကိုပင် မဖုံးဖိနိုင်သည်အထိ အလွန်ပျော်ရွှင်နေလေသည်။

“အရှင့်သား၊ ကျွန်မ ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြံ‌တစ်ခု တွေးမိသွားလဲ မှန်းကြည့်ကြည့်။”

ဆက်ရန်__

Chapter 133

March 16, 2024 by Nay Chi Lynn

အပိုင်း (၁၃၃) - တစ်စမှ မကျန်စေရ။

လုံချီက သူမ ဆွဲကိုင်ထားသော သူ့လက်ကိုကြည့်ရင်း အနည်းငယ် ရင်ထဲထိသွားရသည်။

“ဘာလဲ။”

လုယွင်ရွှမ်းမှာ သူမစိတ်လှုပ်ရှား၍ သူ့လက်အား ကိုင်ထားမိသည်ကို ထိုအခါမှ သတိထားမိသွားပုံပေါ်၍ ရှက်ရွံ့စွာဖြင့် ပါးလေးများ နီမြန်းသွားသည်။

သူမ လက်ကိုပြန်ရုတ်လိုက်ရန်ပြင်သော်လည်း လုံချီက ပြန်ဆွဲထား၏။

သူမ မျက်နှာ အလွန်နီရဲနေလျက် နှုတ်ခမ်းများကို ဆွဲဆန့်ကာ ရှက်ကိုးရှက်ကန်းဖြင့် ပြောသည်။

“လုထင်ချန်း အသက် ၁၉ နှစ်ပြည့်ပြီးတာတောင် အိမ်ထောင်ပြုဖို့အကြောင်း မပြောသေးတာ မဆန်းတော့ပါဘူး၊ ကျွန်မ အခု တွေးကြည့်တော့မှပဲ သူ့မှာ လူသိမခံနိုင်တဲ့ရောဂါတစ်မျိုး ရှိနေပုံရတယ်...”

သူမ လူသိမခံနိုင်သည့်ရောဂါဟု ပြောလိုက်သောအခါ လုံချီ၏မျက်လုံးများ လက်ခနဲဖြစ်သွားသည်။

လုယွင်ရှန်းလည်း ရုတ်တရက် အတွေးပေါက်သွားပုံရပြီး တစ်ခဏမျှ တိတ်ဆိတ်သွား၏။

မည်သို့ပင်‌ဖြစ်စေ လုလျန့်ဝေက ထိုဆေးများကို ထိုလူ(လုံယန်)အတွက် ပြင်ဆင်ပေးနေသည်ဟု သူတို့ မယုံပါ။

ယင်ရှီးအဆိပ်မိသွားပြီးနောက် ထိုအမျိုးသားမှာ အမှန်ပင် မြုံသွား၍ အမျိုးသမီးများနှင့် ပတ်သက်လျှင်လည်း ကာမရာဂ မထကြွနိုင်တော့ပေ။ မည်သို့ဆိုစေကာမူ ထိုအဆိပ်ကို နှစ်ပေါင်းများစွာ တောင့်ခံနေရပြီးနောက် သူ့ခန္ဓာကိုယ်ကလည်း အစောကတည်းက ချုံးချုံးကျနေပြီဖြစ်သည်။ ယခု သူက အခွံလွတ်ကြီးတစ်ခုထက် မပိုပါချေ။

မည်သည့် အားဖြည့်ဆေးက ဘယ်လောက်ပင်စွမ်းနေပါစေ သူ့အခြေအနေကို မကယ်နိုင်တော့ပေ။

ထိုအကြောင်းရင်းကြောင့် သူတို့နှစ်ယောက်လုံး၏စိတ်ထဲ တစ်ချိန်တည်းမှာ သူ့ကို ဖြတ်ခနဲ ပြေးမြင်မိသော်လည်း ထိုအတွေးကို ချက်ချင်းပယ်ချလိုက်ကြခြင်းဖြစ်လေသည်။

“ကြည့်ရတာ လုလျန့်ဝေက အဲဒီဆေးတွေကို လုထင်ချန်းအတွက် ပြင်ပေးနေတဲ့ပုံပဲ။”

လုထင်ချန်းက သူမအား ဘယ်တုန်းကမှ ညီမတစ်ယောက်လို မဆက်ဆံခဲ့ဖူးပေ။ သူ့မျက်လုံးထဲတွင် လုလျန့်ဝေတစ်ယောက်တည်းကသာ သူ့ညီမလေးဖြစ်၏။

သူမနှင့် လုထင်ချန်းတို့က အမေတစ်ယောက်တည်းမှ မွေးခြင်း မဟုတ်သော်လည်း သူ၏ လုလျန့်ဝေအပေါ် ချစ်ခင်မှုကြောင့် သူမလည်း တစ်ချိန်က သူ့ဆီက အာရုံစိုက်ခံချင်ခဲ့ဖူး၏၊ တစ်ချက်လေး ဖြတ်ခနဲကြည့်ရုံထက် မပိုလျှင်တောင်မှပေါ့။

သို့သော် လုထင်ချန်းကတော့ သူမအား ဘယ်တုန်းကမှ မကြည့်ခဲ့ပေ။ သူမ မည်မျှပင် အာရုံစိုက်ခံရဖို့ ကြိုးစားပါစေ၊ သူက သူမအား အကြည့်လေးတစ်ချက်ပင် မစွန့်ကျဲပါ။

သူမ ငယ်စဉ်ကတည်းက ထိုအရှက်ရမှုက ရင်ထဲ၌ အမြစ်တွယ်နေခဲ့သည်။ တစ်နေ့တွင် သူမ လုထင်ချန်းနှင့် မိမိအပေါ်ထားသည့် သူ့မုန်းတီးမှုတို့ကို ‌‌သူမခြေထောက်အောက်၌ ရွှံ့နွံထဲ နင်းခြေပစ်မည်ဟု သူမ အမြဲစိတ်ကူးယဉ်ခဲ့ဖူးသည်။

အဘယ်ကြောင့်ဆိုသော် ထီးနန်းပလ္လင်ပေါ်ရှိ အမျိုးသားက သိပ်ကြာကြာနေရတော့မည်မဟုတ်၍ ဖြစ်သည်။

ထိုအမျိုးသား သေဆုံးသည်နှင့် လုံချီက နန်းတက်လိမ့်မည်။ သူမ သေချာပေါက် သူ့ဧကရီ ဖြစ်လာမည်ဖြစ်ပြီး နှစ်ယောက်သား လက်ချင်းတွဲကာ တိုင်းပြည်၏ စည်ပင်ကြွယ်ဝမှုများကို အုပ်စိုးမည်ဖြစ်သည်။

သူမ ထိုလူ၏ ရောဂါကို သိထားပြီး လိုအပ်သည့် လမ်းညွှန်ဆေးပင်ကိုလည်း သိပါသည်။ အချက်အလက်များအရ လမ်းညွှန်ဆေးပင်သည် ရှန့်ထော်တောင်ထွဋ်၌ ပေါက်ရောက်သည်။ သို့သော် ကံမကောင်းစွာပင် မိမိ၊ လုံချီနှင့် ဆုံးပါးသွားပြီဖြစ်သော အမျိုးသမီးလင်တို့ကသာ ထိုလျှို့ဝှက်ချက်ကို သိထားသူများ ဖြစ်ကြ၏။

သို့သော် အမျိုးသမီးလင် ဆုံးပါးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ သူမ ပြန်လည်ရှင်သန်လာသည် မဟုတ်သ၍ ယင်ရှီးအဆိပ်အတွက် ဖြေဆေးကို ဘယ်သူမှရှာနိုင်မည်မဟုတ်ချေ။

ထိုကိစ္စတွင် သူမ ယင်ရှီးအဆိပ်၏ ဖြေဆေးကို အမျိုးသမီးလင် ချန်ခဲ့သော ဆေးစာအုပ်များမှတစ်ဆင့် လေ့လာခဲ့ရခြင်းဖြစ်သည်။

ထိုကျပ်မပြည့်သော လုလျန့်ဝေက ဤကိစ္စများအကြောင်း ဘာမှမသိ၊ သို့မဟုတ်ပါလျှင် သူမ ဤဖြေဆေးကို အသုံးချ၍ သူမ၏ သနားစရာကောင်းသောဘဝမှ ခြေလှမ်းကျယ်ကျယ် ခုန်ထွက်လိမ့်မည်ဖြစ်သည်။

လုလျန့်ဝေမှာ ဤသို့သောကံမျိုး မပါသည်ကတော့ နှမြောစရာပင်။

လုံယန်ကသာ အိမ်ရှေ့စံအရှင့်သား၏ ဖခင်အရင်း ဖြစ်ခဲ့လျှင် သူမ လုံချီ၏အဆင့်အတန်းနှင့် အိမ်ရှေ့စံရာထူး တည်မြဲရန် သူ့အား ဆေးစာအုပ်များ ပေးဖို့ စဉ်းစားပေးဦးမည်ဖြစ်သည်။

သို့သော် လုံယန်က လုံချီ၏ ဦးလေးသာ ဖြစ်သည်လေ။ သူ့ရောဂါပျောက်ကင်းသွားလျှင် လုံချီ၏ အဆင့်အတန်း ထိခိုက်လာနိုင်ချေရှိသည်။ လုံယန်မှာသာ သူကိုယ်တိုင်၏သွေးသားဆက်ခံသူ ရှိလာလျှင် သူက တုံ့ဆိုင်းမှုမရှိဘဲ လုံယန်၏ ထီးနန်းဆက်ခံသူရာထူးကို ဖြုတ်ချကာ သူ့သားကိုသာ ပေးလိမ့်မည်ဖြစ်သည်။

သူမက လုံချီရဲ့ နန်းတက်တဲ့လမ်းကို ဘယ်လိုလုပ် ထိခိုက်စေနိုင်ပါ့မလဲ။ထို့ကြောင့်ပင် ယင်ရှီးအဆိပ်၏ ကုသနည်းကို သိနေသော်လည်း သူမ လုံယန်အား ဘယ်တော့မှ ပြောပြမည်မဟုတ်ပေ။

လုံချီလည်း ဤသည်ကို တွေးမိသွားဟန်တူပြီး အသံတိုးတိုးဖြင့် ပြောသည်။

“ရွှမ်းအာ၊ ကိုယ်တို့ အချိန်ဆွဲလေလေ ပြဿနာပိုများလေလေ ဖြစ်လိမ့်မယ်၊ ဆေးစာအုပ်တွေကို မီးသာရှို့ပစ်လိုက်တော့။”

အတွေးတူနေသဖြင့် လုယွင်ရွှမ်း ခေါင်းညိမ့်လိုက်သည်။

“မပူပါနဲ့ရှင်၊ ပြန်ရောက်ရင် ကျွန်မ စာအုပ်တွေကို တစ်စမှမကျန်အောင် မီးရှို့လိုက်ပါ့မယ်။”

All Chapters