အခန်း (၁၄၃-၁၄၅)
Vol. 3 Ch. 143-145
အပိုင်း (၁၄၃) - ကိစ္စကို ဖုံးကာမှ ပိုဆိုးသွားစေတယ်။
မြို့စားမင်းမယ်တော်က လုလျန့်ဝေ၏လက်ကို ပုတ်လိုက်သည်။ သူမမြေးအား စိတ်တိုင်းကျမှုက သူမမျက်လုံးများထဲ ပို၍ ထင်ရှားလာ၏။
“သိပ်တွေးပေးတတ်တာပဲကွယ်။”
အဒေါ်လန်က မြို့စားမင်းမယ်တော်လက်ထဲမှ ဂျင်ဆင်းကို ယူလိုက်ပြီး ပြုံးလိုက်၏။ သူမက ခပ်ဖွဖွ တစ်ချက်ရယ်လိုက်ပြီး ချီးကျူးလိုက်သည်။
“ဒုတိယသခင်မလေးလုက မြို့စားမင်းမယ်တော်အတွက် သိပ်စဉ်းစားပေးတတ်တာပါပဲ၊ မပူပါနဲ့ ကျွန်မ နေ့တိုင်းကြိုပေးပါ့မယ်နော်၊ ဒုတိယသခင်မလေးလုရဲ့စေတနာတွေ အလကားမဖြစ်စေရပါဘူး။”
လုလျန့်ဝေ အနည်းငယ်ပင်ရှက်သွားမိသည်။
“ကျွန်မ အဘွားအပေါ်သိတတ်တာ ဖြစ်သင့်တာပါပဲရှင်။”
ပြောရင်းဖြင့် သူမစိတ်ထဲ တစ်စုံတစ်ရာ တွေးမိသွားပြီး လုယွင်ရွှမ်းကို ကြည့်လိုက်သည်။
“ဟုတ်သားပဲ မမ၊ ဒီနေ့ ဘယ်လိုလုပ် လာလည်ဖို့အချိန်ရတာလဲ။”
လုယွင်ရွှမ်းမှာ သူမလက်သည်းများကို လက်ဖဝါးထက် အညှာအတာမရှိ ထိုးစိုက်ထားရင်းဖြင့် မကျေနပ်မှုများကို ဖိနှိပ်ထားရသည်။လုလျန့်ဝေ ထိုအရူးအပေါ်ထားသည့် အဘွား၏ချစ်မြတ်နိုးမှုများက လျှံကျတော့မည့်အလားပင်။
လုယွင်ရွှမ်းကရော ဘယ်တုန်းကများ လက်ဗလာနဲ့ လာလည်ဖူးလို့လဲ။ သူမလည်းပဲ အဘွားကို အဖိုးတန် အရည်အသွေးကောင်း ဆေးဝါးများ လက်ဆောင်ပေးခဲ့ဖူးပါသည်။ သို့သော် အဘွားသည် လက်ရှိ လုလျန့်ဝေအား ပြသသကဲ့သို့ ပျော်ရွှင်ကျေနပ်မှုမျိုးကို သူမထံ ဘယ်တုန်းကမှ မပြခဲ့ဖူးပါ။
လုယွင်ရွှမ်း၏မျက်နှာထားမှာ အနည်းငယ်တောင့်တင်းလို့နေသည်။ သူမ တစ်ခုခုပြောဖို့ပြင်လိုက်သည့်အခါ မြို့စားမင်းမယ်တော်က သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်၏။
“ညည်းအစ်မက ကိုယ်လုပ်တော်ကျိန့်ကိစ္စကြောင့် ရောက်နေတာလေ။”
“ဪ မဆန်းတော့ပါဘူး၊ ကျွန်မဖြင့် မမက အဘွားကို အဖော်လုပ်ပေးဖို့ တကူးတကလာလည်တယ်ထင်လိုက်တာ။”
ဤကျပ်မပြည့်သည့် လုလျန့်ဝေက သူမနှင့် အဘွားတို့ကြား ကုန်းတိုက်ရန် အဓိကရည်ရွယ်ချက်ဖြင့် တမင်သက်သက် ထိုစကားကို ပြောလာခြင်းဖြစ်၏။
“ငါ ဒီကိုလာတာ ကိုယ်လုပ်တော်ကျိန့်ကြောင့်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် အဓိကရည်ရွယ်ချက်ကတော့ အဘွားကို အဖော်ပြုပေးဖို့ပဲ။”
ထိုရှင်းလင်းချက်ကြောင့် ကိစ္စကို ဖုံးကာမှ ပိုဆိုးသွားစေသည်မှာ အသိသာကြီးပင်။မြို့စားမင်းမယ်တော်က လုယွင်ရွှမ်းကို လုံးဝမတုံ့ပြန်ပေ။လုလျန့်ဝေ နှုတ်ခမ်းစွန်းများ မသိမသာ ကော့တက်သွားသည်။လုယွင်ရွှမ်းမှာ မနာလိုမှုနှင့် ဒေါသတို့ဖြင့် မျက်နှာကြီးက စိမ်းတလှည့် နီတလှည့် ဖြစ်နေ၏။ သူမမှာ အိမ်ရှေ့နန်းဆောင်သို့ ပြန်ရန်အချိန်ကျသည်အထိ ကိုယ်လုပ်တော်ကျိန့်ကိစ္စကို အစဖော်ခွင့် မရလိုက်ပေ။စကားဝိုင်းသည် သူမ ထိုကိစ္စအကြောင်း ထပ်ပြောလျှင် အဘွားထံမှ မကျေမနပ်ငြိုငြင်ခံရမည့်အဆင့်သို့ ရောက်လာလေတော့သည်။
သူမ လုပ်ရမည့်ကိစ္စ မပြီးမြောက်ခဲ့၍ စိတ်အခြေအနေက အတော်လေးလံထိုင်းမှိုင်းနေ၏။ သို့သော် ထိုအခြေအနေမဟန်လှသည့်အချိန်မှာပဲ နန်းတွင်းအပျိုတော်တစ်ယောက်က သတင်းစကားပါးရန် ရောက်လာလေသည်။
“အိမ်ရှေ့စံအရှင့်သားက စာလိပ်တချို့ ပြင်ရေးစရာရှိသေးတာမို့ ဒီည မလာရောက်နိုင်တော့တာမို့ ကြင်ယာတော်မိဖုရားကို စောစောအနားယူစေချင်ကြောင်း ပြောလိုက်ပါတယ်။”
ထိုနန်းတွင်းအပျိုတော်မှာ စကားဆုံးသည်နှင့် ခွမ်းခနဲအသံကို ကြားလိုက်ရပြီး သူမနဖူးမှာ ပန်းအိုးဖြင့် ပေါက်ခံလိုက်ရတော့သည်။ သွေးသံရဲရဲနှင့်ဒဏ်ရာမှာ သူမမျက်နှာနှင့် ခေါင်းအား ချက်ချင်းပင် သွေးများဖြင့်ဖုံးသွားစေတော့သည်။
နန်းတွင်းအပျိုတော်က ကြောက်လန့်သွားသည်။ သူမမှာ သွေးများကို လက်ဖြင့်သုတ်ဖယ်ရန်ပင် ကြောက်ရွံ့နေသဖြင့် အတုန်တုန်အယင်ယင်ဖြင့်သာ ဒူးထောက်နေနိုင်လေသည်။
“ကြင်ယာတော်မိဖုရား စိတ်လျှော့ပါရှင်၊ ကျွန်တော်မျိုးမ မလုပ်ရဲပါဘူး။”
နန်းတွင်းအပျိုတော်မှာ အဘယ်ကြောင့် ဒီလိုဖြစ်သွားမှန်း နားမလည်သော်လည်း အလျင်စလိုဖြင့် ရှင်းပြဖို့ကြိုးစားသည်။
လုယွင်ရွှမ်းမှာ သူမ ဒီနေ့ မြို့စားမင်းအိမ်တော်၌ ခံစားခဲ့ရသည့် အရှက်ကွဲအလှောင်ပြောင်ခံခဲ့ရမှုများကို ဖိနှိပ်မထားနိုင်တော့ဘဲ ပေါက်ကွဲထွက်ဖို့ တစ်ယောက်ယောက်လိုနေ၏။
“ကျွန်တော်မျိုးမ မလုပ်ပါဘူးရှင်၊ သတ္တိဆယ်ဆပိုရှိလာရင်တောင် အဲ့လိုအတွေးမျိုး မရှိရဲကြောင်းပါ။”
“ကြင်ယာတော်မိဖုရား၊ ကျွန်မတို့က အခု အိမ်ရှေ့နန်းဆောင်မှာပါ၊ မျက်လုံးတွေအများကြီးက ကြည့်နေကြပါတယ်၊ တစ်ခဏတာ ပြင်းထန်နေတဲ့ခံစားချက်တွေ လွှမ်းမိုးမခံပါနဲ့ရှင်၊ မကောင်းတဲ့ရည်ရွယ်ချက် ရှိတဲ့လူတွေ မမြင်သွားရအောင် သတိထားရပါမယ်...”
သူမ စကားမဆုံးခင်မှာ ဖြောင်းခနဲအသံဖြင့် သူမမျက်နှာပေါ် ရိုက်ချက်တစ်ချက် ကျရောက်လာ၏။
ဟုန်ရှို့မှာ နာကျင်စွာဖြင့် သူမမျက်နှာကို လက်ဖြင့်အုပ်လိုက်မိပြီး လုယွင်ရွှမ်းအား မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
ဟုန်ရှို့မှာ အပျိုပေါက်အရွယ်တည်းက လုယွင်ရွှမ်းအနား ခစားခဲ့ခြင်းဖြစ်ပြီး သခင်မဖြစ်သူ၏ စိတ်သဘောထားကို ကောင်းစွာနားလည်သည်။ လုယွင်ရွှမ်းသည် လူအများအမြင်တွင် ဂုဏ်သိက္ခာရှိကာ ကြင်နာတတ်သောအမျိုးသမီးတစ်ယောက်ပုံရိပ်ကို ပြသ၏။သို့သော် မမြင်ကွယ်ရာတွင်မူ သူမ စိတ်အလိုမကျတိုင်း အစေခံများအပေါ် ဒေါသဖြေလေသည်။
သူမတို့ မြို့စားမင်းအိမ်တော်၌ နေနေစဉ် အစောပိုင်းနေ့ရက်များက လုယွင်ရွှမ်းကြောင့် အစေခံအတော်များများ သေသည်အထိ နှိပ်စက်ခံခဲ့ရ၏။ သို့သော် လုယွင်ရွှမ်းနှင့် ဟုန်ရှို့တို့သည် အပြင်လောကကိုတော့ ထိုအစေခံများမှာ ပစ္စည်းခိုးခြင်းကြောင့် ထုတ်ရောင်းခံလိုက်ရသည်ဟု ပြောထားကြသည်။
သို့သော် လုယွင်ရွှမ်း၏ နည်းလမ်းများက မည်မျှရက်စက်ကာ အကြင်နာမဲ့ပါစေ၊ ဟုန်ရှို့မှာ သူမအယုံကြည်ရဆုံး အစေခံဖြစ်သဖြင့် ဟုန်ရှို့ကိုတော့ ဆံချည်တစ်မျှင်မှပင် ထိခိုက်အောင် မလုပ်ပါချေ။ သူမ တစ်ခါတစ်ရံ စိတ်လွတ်သည်အထိ ဒေါသပေါက်ကွဲသွားသည်မျိုး ရှိသော်လည်း ယနေ့ကဲ့သို့ တစ်ခါမှ စည်းမကျော်ခဲ့ဖူးပါချေ။
ဆက်ရန်__
Chapter 144
March 20, 2024 by Nay Chi Lynn
အပိုင်း (၁၄၄) - နှိပ်စက်ညှင်းပန်းမှုကို ဘယ်လိုလုပ်ခံနိုင်မလဲ။
ဟုန်ရှို့မှာ အံ့ဩပြီး ထိတ်လန့်သွားသည်။
သည်ကနေ့ သူမ မြို့စားမင်းအိမ်တော်မှနေ၍ ပြန်ရောက်သည်အထိ လုယွင်ရွှမ်းနောက်မှ လိုက်လာခဲ့သဖြင့် ဘာတွေဖြစ်ခဲ့မှန်း သူမ သေချာပေါက် သိထားသည်။
ကြည့်ရတာ အိမ်ရှေ့စံကြင်ယာတော်က ဒုတိယသခင်မလေးလုကြောင့် အင်မတန်ဒေါသထွက်ခဲ့ရပုံပေါ်သည်။ အိမ်ရှေ့စံအရှင့်သားဆီမှ ထိုသို့သတင်းစကားနှင့်ပါ ထပ်ပေါင်းသော် အားလုံး စုပုံသွားပြီး သခင်မဖြစ်သူ၏စိတ်ထဲ ပေါက်ကွဲလွယ်သောဒေါသကို မီးညှိပေးလိုက်လေတော့သည်။
ဟုန်ရှို့မှာ အကြောင်းရင်းမရှိ အရိုက်ခံလိုက်ရသဖြင့် နစ်နာသလိုခံစားမိရသည်။ သို့သော် သူမ တာဝန်သိစိတ်ဖြင့် ဆက်ပြောသည်။
“ကြင်ယာတော်မိဖုရား၊ အိမ်ရှေ့စံအရှင့်သားက အလုပ်များနေတာမို့ မလာနိုင်မှတော့ အဲဒီအစား ကြင်ယာတော်က သွားမတွေ့နိုင်စရာအကြောင်းမှ မရှိဘဲ၊ ကြင်ယာတော်မိဖုရားကိုယ်တိုင် အားဖြည့်စွပ်ပြုတ်လေးဖြစ်ဖြစ် ချက်ပေးပြီး ယူသွားရင် အကောင်းဆုံးပေါ့ရှင်၊ အိမ်ရှေ့စံအရှင့်သား ဝမ်းသာသွားမှာ သေချာပါတယ်။”
နောက်ဆုံးမှာတော့ ထိုစကားကို ကြားသောအခါ လုယွင်ရွှမ်းမျက်နှာထက်ရှိ စိတ်အလိုမကျမှုတို့က အနည်းငယ် လျော့ကျသွားသည်။ သူမမှာ စိုးရိမ်စွာ နောင်တအပြည့်ဖြင့် ဟုန်ရှို့၏မျက်နှာကို လက်လှမ်းကာ ပွတ်သပ်ပေးလာ၏။
“နင် နာနေလား၊ ငါအမှန်တော့ နင့်ကို ရိုက်လိုက်ဖို့ မရည်ရွယ်ပါဘူး၊ ဒီအဆင့်မရှိတဲ့အစေခံမကြောင့် သိပ်ဒေါသထွက်သွားလို့။”
ဟုန်ရှို့မှာ မျက်ခမ်းစပ်များ မဆိုစလောက် နီရဲသွားလျက် ခေါင်းခါလိုက်သည်။
လုယွင်ရွှမ်း ခုနကလောက် ဒေါသမထွက်တော့သည်ကို မြင်သောအခါ သူမ သတ္တိများ စုဆောင်း၍ အကြံပေးလိုက်သည်။
“ဒါပေမယ့် သခင်မလေး၊ ဒေါသကို ထိန်းထားဖို့ကြိုးစားရပါမယ်။”
လုယွင်ရွှမ်းမှာ ပေါက်ကွဲပြီးနောက် ဒေါသတစ်ဝက်မျှ ကျသွားပြီဖြစ်သည်။ အဆုံးတော့ စိတ်တည်ငြိမ်အောင် လုပ်နိုင်သွား၏။
သူမအကြည့်များက ကြမ်းပေါ်၌ တုန်ယင်စွာဒူးထောက်နေသည့် နန်းတွင်းအပျိုတော်ထံ ကျရောက်သွားသည်။ ခုနက သူမမျက်နှာထက်ရှိ ကြောက်စရာအကြည့်မှာ ယခုမူ ညင်သာသောအပြုံးတစ်ပွင့်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ သူမ အပျိုတော်အနား ကပ်သွားပြီး ကိုယ်တိုင် သူမကို ထူပေးလိုက်ကာ သာယာစွာ ပြောသည်။
“ခုနက မတော်တဆ မင်းကို ထိခိုက်အောင်လုပ်လိုက်မိတာ တောင်းပန်ပါတယ်၊ သွား ဟုန်ရှို့နောက်လိုက်သွားချေ၊ သူ မင်းဒဏ်ရာကို ဆေးထည့်ပေးလိမ့်မယ်။”
နန်းတွင်းအပျိုတော်လေးက အိမ်ရှေ့စံကြင်ယာတော်၏ အကြည့်များနှင့် ဆုံသောအခါ သူမ စိတ်ထဲမှ မကြောက်မိဘဲမနေနိုင်၊ သို့သော် သူမ လေးစားမှုအပြည့်ဖြင့် ကိုယ်အမူအရာကို ဆက်ထိန်းထား၏။
“ကြင်ယာတော်မိဖုရားကို ကျေးဇူးတင်ပါတယ်ရှင်၊ ကျွန်တော်မျိုးမက အရေပြားကြမ်းပြီး အသားထူပါတယ်၊ မမဟုန်ရှို့ ဆေးထည့်ပေးဖို့မလိုကြောင်းပါ။”
လုယွင်ရွှမ်းက သူမကို လျစ်လျူရှုလိုက်ပြီး ဟုန်ရှို့ကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်သည်။
ဟုန်ရှို့နားလည်သွား၏၊ ဒီအပျိုတော်ကို အိမ်ရှေ့နန်းဆောင်တွင် ဆက်ထားထားလို့ မရတော့ကြောင်း သူမ သိလိုက်သည်။
ဟုန်ရှို့ ရှေ့သို့တိုးသွားပြီး အပျိုတော်ကို လက်မောင်းမှ မကိုင်ကာ ထူပေးလိုက်သည်။ ထိုမိန်းကလေး၏ ပုံပန်းသွင်ပြင်မှာ သွေးများပေရေနေသော်လည်း လှပသောမျက်နှာကောက်ကြောင်းရှိမှန်း သူမ သတိထားမိလိုက်သည်။
“ကြင်ယာတော်မိဖုရားက သဘောကောင်းပြီး အစေခံတွေကို သနားကြင်နာတတ်ပါတယ်၊ ကြင်ယာတော်မိဖုရားရဲ့ အကူအညီကို မငြင်းပါနဲ့၊ လာ ငါနဲ့လိုက်ခဲ့။”
သူမ မတုံးပေ။ အိမ်ရှေ့စံကြင်ယာတော်၏ ယခုနှင့် ခုနလေးက အပြုအမူတို့မှာ တောင်နှင့်မြောက်လို ဆန့်ကျင်ဘက်ဖြစ်၍ သူမ သတိကပ်ထားခဲ့ရ၏။ သို့သော် သူမမှာ နိမ့်ကျသော် နန်းတွင်းအစေခံအပျိုတော်လေးသာ ဖြစ်၍။ အိမ်ရှေ့စံကြင်ယာတော်ကို အဘယ်သို့ ငြင်းဆန်ရဲပါမည်နည်း။
ဟုန်ရှို့က သူမကို ဖေးမခြင်းတစ်ဝက် ဆွဲခေါ်ခြင်းတစ်ဝက်ဖြင့် အခန်းထဲမှ ဆွဲခေါ်ထုတ်သွားသည်အထိ သူမ သတိတကြီးဖြင့် စိတ်လှုပ်ရှားကြောက်ရွံ့နေဆဲ ဖြစ်သည်။
သိပ်မကြာခင်မှာ ဟုန်ရှို့ပြန်ရောက်လာ၏။
လုယွင်ရွှမ်းက အခန်းထဲရှိ အိပ်ရာပျော့ပျော့ပေါ်၌ ထိုင်နေသည်။ သူမက မျက်လုံးပင့်၍ ဟုန်ရှို့ကို ကြည့်လိုက်ပြီး ခပ်ပြတ်ပြတ်မေး၏။
သူမ တစ်စုံတစ်ရာ တွေးမိသွားပြီး အသံနှိမ့်ကာ ခပ်တိုးတိုးပြောလိုက်သည်။
“အဲဒီက သတင်းရောက်လာပါတယ်၊ ဧည့်သည်အများစုရဲ့ အကြိုက်တွေက ထူးထူးဆန်းဆန်းမို့ မိန်းကလေးအတော်များများ ပျက်စီးကုန်ပါပြီ။”
လုယွင်ရွှမ်းက ၎င်းကိုကြားသော် မျက်မှောင်ကြုံ့သည်။
“ပျက်စီးပါစေပေါ့၊ လွတ်နေတဲ့နေရာတွေ ဖြည့်ဖို့ မိန်းကလေးတွေ ပိုရှာလိုက်လေ။”
ဟုန်ရှို့က အတော်လေး ကသိကအောက်ဖြင့် ပြန်ဖြေသည်။
“မိန်းကလေးငယ်ငယ်လေးတွေက အများကြီးရှိပါတယ်၊ ဒါပေမယ့် သခင်မလေး၊ လှလှပပ မိန်းကလေးငယ်လေးတွေကတော့ ရှာရခက်ပါတယ်ရှင်။”
ဆောင်ကြာမြိုင်ရှိ ဧည့်သည်အများစုသည် အတော်ကြမ်းတမ်းသောနည်းလမ်းများ သုံးလေ့ရှိကြ၏။ ထိုသို့သောမိန်းကလေးငယ်လေးများက ထိုနှိပ်စက်ညှင်းပန်းမှုများကို မခံနိုင်သည်မှာ သိသာသည်၊ ၎င်းတို့အများစုမှာ ပြန်ပြင်လို့ မရနိုင်တော့သည်အထိ ခြေကုန်လက်ပန်းကျကာ ပျက်စီးသွားကြရပြီဖြစ်သည်။
ထို့အပြင် တော်ဝင်နန်းမြို့တော်က ဧကရာဇ်အခြေစိုက်အုပ်ချုပ်သောနေရာ ဖြစ်၏။ သူတို့အကြံများ ဆောင်ရွက်ရာတွင် အင်မတန်ဂရုစိုက်ဖို့လို့သည်။ ထိုငယ်ရွယ်လှပသော မိန်းမပျိုလေးများကို ပွင့်ပွင့်လင်းလင်းကြီး ဖမ်းဆီးခေါ်ယူဖို့ သေချာပေါက် မဖြစ်နိုင်ချေ။
လုယွင်ရွှမ်း အတော်လေးစိတ်ရှုပ်နေရသည်။ သူမ ထိုဆောင်ကြာမြိုင်များ ထောင်ထားခြင်းမှာ လွှမ်းမိုးမှု အားကောင်းသော ညီလာခံမှူးမတ်များကို အိမ်ရှေ့စံအရှင့်သားဖက်ပါအောင် ဆွဲဆောင်ဖို့ရန်သာမက အနာဂတ်အစီအစဉ်များအတွက် ရန်ပုံငွေရရန်လည်း ပါဝင်သည်။ မည်သို့ဆိုစေကာမူ တော်ဝင်ညီလာခံတွင် စီစဉ်စရာများစွာရှိပြီး ၎င်းတို့အားလုံးမှာလည်း ငွေကြေးပမာဏ ကြီးကြီးမားမား လိုအပ်လေသည်။
ဟုန်ရှို့မှာ ထိုမေးခွန်းအတွက် ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။ ၎င်းကိုကြားသော် သူမ ချက်ချင်းပြန်ဖြေ၏။
“တော်ဝင်နန်းမြို့တော်က ဧကရာဇ်စောင့်ကြည့်မှုအောက် ရှိနေတာဆိုတော့ ကျွန်မတို့ လုပ်သမျှကိစ္စတိုင်း အတော်လေးသတိထားမှရပါမယ်၊ ဒါပေမယ့် တခြားနေရာမှာဆိုရင်တော့ ကျွန်မတို့အစီအစဉ်တွေ အကောင်အထည်ဖော်ဖို့ ပိုလွယ်ကူမှာပါ။”
ဆက်ရန်__
Chapter 145
March 20, 2024 by Nay Chi Lynn
အပိုင်း (၁၄၅) - မနက်ဖြန် ညီလာခံတက်ရမှာကို မသက်ရောက်ပါဘူး။
ဤစကားကို ကြားသောအခါ လုယွင်ရွှမ်းမျက်လုံးများ တောက်ပသွားသည်။
“ဒီအကြံ သိပ်ကောင်းတယ်၊ ကောင်းပြီလေ၊ ငါတို့ နင့်အကြံအတိုင်း အခြားနေရာတွေမှာ ဆောင်ကြာမြိုင်နည်းနည်း ထောင်ထားလိုက်မယ်၊ တော်ဝင်နန်းမြို့တော်မှာ မဟုတ်သ၍ ငါတို့လိုသလောက် မိန်းမလှလေးတွေရဖို့ မခက်ပါဘူး၊ တော်ဝင်နန်းမြို့တော်က ဆောင်ကြာမြိုင်တွေမှာ လူလိုရင် တခြားနယ်က မိန်းကလေးတွေကို ရွှေ့လာလိုက်ရုံပဲ။”
ဟုန်ရှို့က ခေါင်းညိမ့်လိုက်သည်။
“ကျွန်မလည်း အဲ့လိုပဲ တွေးထားတာပါ။”
ဤခက်ခဲသောပြဿနာကို ဖြေရှင်းပြီးနောက် လုယွင်ရွှမ်း၏ စိတ်အခြေအနေက အများကြီးပိုကောင်းလာသည်။ သူမ အိပ်ရာပျော့ပျော့ပေါ်မှ ဆင်းလာပြီး တက်တက်ကြွကြွ စိတ်အေးသောအမူအရာဖြင့် ပြော၏။
“လာ၊ အိမ်ရှေ့စံအရှင့်သားကို သွားတွေ့ကြမယ်၊ ဪ ဟုတ်သား၊ ငါ မီးဖိုချောင်ကို အာဟာရဖြည့်စွပ်ပြုတ် လုပ်ဖို့ မှာထားသေးတယ်၊ သွားယူလိုက်ချေ၊ ပြီးရင် တစ်ခါတည်း အတူတူယူသွားမယ်။”
ဟုန်ရှို့က ချက်ချင်းပြန်ဖြေသည်။
လုံချီက ညီလာခံစာလိပ်များ ဖတ်ရှုနေ၏။
လတ်တလောတွင် ဦးရီးတော်က နောက်ဆုံးတော့ သူ့တာဝန်အချို့ကို လက်လွှတ်လိုက်ကာ လုံချီအား သိပ်အရေးမပါသည့် ညီလာခံစာလိပ်တချို့ကို ကိုင်တွယ်ခွင့်ပေးလာသည်။
ညီလာခံစာလိပ်များက သိပ်အရေးကြီးလှသည် မဟုတ်သော်လည်း ဦးရီးတော်ပေးထားသော တာဝန်ဖြစ်၍ သူ မပေါ့လျော့ရဲပေ။
သူ ညနက်သည်အထိ ညီလာခံစာလိပ်များကို ဖတ်ရှုနေစဉ် အစေခံတစ်ယောက်က အပြင်ဘက်မှ သတင်းပို့လာ၏။
လုံချီ မျက်ခုံးတန်းနှစ်ခုကြားရှိ နေရာကို နှိပ်နယ်နေမိ၏။ သူ အနည်းငယ် အံ့ဩသွားသည်။ ဒီလောက်နောက်ကျနေတာကို ရွှမ်းအာက ဘာလို့ရောက်လာရသလဲ။
မကြာခင်မှာပဲ လုယွင်ရွှမ်းက ခြင်းတောင်းတစ်လုံး ကိုင်လျက် ဝင်ရောက်လာသည်။
သူမက အစားအသောက်ခြင်းတောင်းကို စားပွဲပေါ်တင်လိုက်ပြီး လုံချီကို နူးညံ့စွာ ကြည့်လာသည်။
“အရှင့်သား ဒီလောက်နောက်ကျနေတဲ့အချိန်အထိ စီမံခန့်ခွဲရေးကိစ္စတွေ ကိုင်တွယ်နေရတာပဲ၊ ကျွန်မ အရှင့်သားအတွက် အာဟာရဖြည့်စွပ်ပြုတ်လေး ကြိုလာပေးခဲ့တယ်၊ ပူနေတုန်း သုံးဆောင်လိုက်နော်။”
လုံချီ တစ်ခဏမျှ ကြောင်အ,သွားသည်။ ဒီလောက်ဉာဉ့်နက်နေပြီဖြစ်သော်လည်း လုယွင်ရွှမ်းက သူ့အတွက် ဒီလောက်စိုးရိမ်ပေးလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူ့နှလုံးသားထဲ နွေးထွေးသွားရသည်။ သူ ထရပ်လိုက်ကာ သူမလက်ကို ဆွဲကိုင်လိုက်သည်။
“ရွှမ်းအာက သိပ်တွေးပေးတတ်တာပဲ၊ ဒါပေမယ့် နောက်တစ်ခေါက်တော့ ဒါမျိုးမလုပ်ပါနဲ့၊ ညနက်နေပြီ၊ မင်းစောစောအိပ်ရာဝင်သင့်ပြီလေ။”
“ကျွန်မ မပင်ပန်းပါဘူး၊ စွပ်ပြုတ်လေး ပြုတ်ရုံပါပဲ၊ အရှင့်သားက ကျန်းမာရေး ပိုဂရုစိုက်သင့်တာပါနော်၊ ဒီလောက်နောက်ကျတဲ့အချိန်အထိ စာလိပ်တွေ ဖတ်နေသေးတယ်၊ မနက်ဖြန်မှ ဖတ်လို့မရဘူးလားရှင်။”
“ဒီစာလိပ်တွေကို မနက်ဖြန် ဦးရီးတော်ဖတ်ဖို့ ပေးရမှာလေ၊ ဒါပေမယ့် ကိုယ် ပြီးနေပါပြီ။”
လုယွင်ရွှမ်းက ခေါင်းညိမ့်သည်။ သူမက တာဝန်သိတတ်သော ဇနီးတစ်ယောက်ကဲ့သို့ စွပ်ပြုတ်ကို ပန်းကန်လုံးတစ်ခုထဲ ခပ်ထည့်လိုက်ကာ လုံချီ၏လက်ထဲ ထည့်ပေးလိုက်၏။
“အရှင့်သား ဒါလေးကို ပူတုန်းသောက်လိုက်နော်၊ သောက်ပြီးရင် အနားယူပါတော့ရှင်။”
လုံချီသည် သူကိုင်ထားသော အာဟာရဖြည့်စွပ်ပြုတ်ပန်းကန်ကို ကြည့်ကာ ရင်ထဲ ခံစားသွားရသည်။ ထို့နောက် သူ အလုတ်အနည်းငယ် သောက်လိုက်၏။ လုယွင်ရွှမ်းက ထွက်သွားတော့မည့်အလား ခြင်းတောင်းထဲ ပစ္စည်းများ သိမ်းဆည်းနေသည်ကို မြင်သော် သူ မျက်မှောင်ကြုံ့လိုက်သည်။
“ဟုတ်ကဲ့၊ နောက်ကျနေပြီလေ၊ ကျွန်မ အရှင့်သား အနားယူတာကို မနှောင့်ယှက်ချင်လို့ပါ။”
လုံချီက ပန်းကန်လုံးကို ချကာ သူမလက်ကို ကိုင်လိုက်သည်။
“မလိုပါဘူး၊ ခဏလေး လမ်းလျှောက်ရတာပါရှင်၊ အရှင့်သား သွားလိုက်ပြန်လိုက်နဲ့ ဒုက္ခများပါတယ်၊ ဒါ့အပြင် အရှင့်သား အနားယူတာ အနှောင့်အယှက်ဖြစ်မှာပေါ့။”
လုယွင်ရွှမ်းက လုံချီကို အလိုမကျစွာ ကြည့်လိုက်ပြီး ခြင်းတောင်းကို ကိုင်ကာ ထပြန်ရန်ပြင်လေသည်။
လုံချီက သူမ၏ ရုပ်ရည်လှလှလေးကို ကြည့်ပြီး ရုတ်တရက် သူ့ကိုယ်ထဲ ဆန္ဒများ တောက်လောင်လာသည်ကို ခံစားလိုက်ရသည်။ သူ သူမလက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားပြီး အသံအက်အက်ဖြင့် တီးတိုးပြောလိုက်သည်။
လုယွင်ရွှမ်း၏ လှပသောမျက်နှာလေး နီရဲသွားပြီး ခပ်နွဲ့နွဲ့ဖြင့် ငြင်းဆန်သည်။
“ဉာဉ့်နက်နေပြီလေ၊ ပြီးတော့ အရှင့်သား မနက်ဖြန် ညီလာခံတက်ဖို့ စောစောထရဦးမှာ...”
ထိုမြင်ကွင်းကြောင့် လုံချီ၏နှလုံးသား လှုပ်ယမ်းသွားရပြီး အသံနိမ့်နိမ့်ဖြင့် ရယ်လိုက်၏။
“ဘာတွေတွေးနေလဲ ရွှမ်းအာရဲ့၊ ကိုယ်က ကိုယ်နဲ့အတူတူ အနားယူဖို့ တောင်းဆိုရုံပါ၊ မနက်ဖြန် ညီလာခံတက်မှာကို မသက်ရောက်ပါဘူး။”
သူမကို ငြင်းဆန်ဖို့ အခွင့်အရေးမပေးတော့ဘဲ စကားဆုံးသောအခါ သူ သူမကို ရင်ခွင်ထဲထည့်၍ ပွေ့ချီလိုက်ပြီး အိပ်ခန်းဆီသို့ တန်းသွားလေတော့သည်။
လုယွင်ရွှမ်း သူ့ပွေ့ဖက်မှုထဲ လှဲလျောင်းနေရင်း သူမအကြံအစည် အောင်မြင်သွားသဖြင့် သူမမျက်လုံးထဲ အောင်မြင်မှုအရိပ်တို့ ဖြတ်ခနဲလက်သွားလေသည်။
ကြည့်ရတာ ဆေးက အလျင်အမြန် ထိရောက်မှုရှိလာသည့်ပုံပင်။
ယခု အိမ်ရှေ့စံအရှင့်သားသည် ရာဂစိတ်ဖြစ်ပေါ်နေလေပြီ။
လုယွင်ရွှမ်းမှာ သူမ တတ်နိုင်သမျှအမြန်ဆုံး ကလေးရဖို့လိုသည်ဟု တွက်ချက်ထားသည်။ ထိုမှသာလျှင် သူမနေရာက ခိုင်မာမည်ဖြစ်သည်။ အိမ်ရှေ့စံအရှင့်သားက အခြားအမျိုးသမီးများကို ကိုယ်လုပ်တော်အဖြစ် ယူဖို့ ဆုံးဖြတ်လိုက်လျှင်တောင် သူမမှာ ကလေးရှိလာလျှင် ဘာမှကြောက်စရာလိုတော့မည်မဟုတ်ချေ။