← Chapters

အခန်း (၁၄၆-၁၄၈)

Vol. 3 Ch. 146-148

အခန်း (၁၄၆-၁၄၈)

Vol. 3 Ch. 146-148

အပိုင်း (၁၄၆) - တကယ်ကို ဘာမှမသိတာ။

သေချာပေါက်ပင် လုံချီကတော့ သူ့ဇနီး၏ အကွက်ချကြံစည်မှုများကို မသိပါချေ။

သူသိသည်မှာ ထိုညက သူ ကိုယ့်ကိုကိုယ် လုံးဝအထိန်းအချုပ်မဲ့ လွှတ်ပေးလိုက်မိကြောင်းပင်။ နောက်တစ်နေ့ သူ ညီလာခံတက်ရန် အိပ်ရာထလာသောအခါ သူ့ခြေထောက်များ ပျော့ခွေနေသလို ခံစားနေရပြီး သူ့မျက်လုံးအောက်တွင်လည်း မျက်ကွင်းများညိုမည်းနေ၏။ တစ်ဖက်တွင်မူ လုယွင်ရွှမ်းမှာလည်း မနေ့ညက သိပ်မအိပ်ခဲ့ရသော်လည်း လန်းဆန်းကာ ဝင်းပနေလျက်ရှိသည်။

ညီလာခံထဲ၌ လုံယန်က လုံချီ၏ ပင်ပန်းနေသောမျက်နှာနှင့် မျက်ကွင်းညိုများကို မြင်သောအခါ သူ စိတ်ပူစွာ မေးလိုက်သည်။

“အိမ်ရှေ့စံ နေမကောင်းဘူးလား။”

သူ ညက ကြမ်းရမ်းခဲ့သည်ကို ပြန်အမှတ်ရမိသော် လုံချီမှာ အနည်းငယ်ရှက်ရွံ့မိသည်။

“ကျွန်တော် အဆင်ပြေပါတယ် ဦးရီးတော်။”

လုံယန်က သူ့မျက်ကွင်းညိုများကို တစ်ခဏမျှ စိုက်ကြည့်ပြီးနောက် ပြောသည်။

လုံယန်မှာ အိပ်ယာပေါ်ကိစ္စများ တစ်ခါမှမရှိခဲ့ဖူးသည်ကို သူ သတိထားမိသောအခါ လုံချီ၏မျက်လုံးများ တောက်ပသွားသည်။

သူ့ဦးရီးတော် တိုင်းပြည်ကိုအုပ်ချုပ်ရာ၌ မည်မျှတော်နေပါစေ၊ ယောင်္ကျားအပြည့်အဝမဖြစ်သေးပါချေတကား။

“မပူပါနဲ့ ဦးရီးတော်၊ ကျွန်တော် မကိုင်တွယ်နိုင်တာ မရှိပါဘူး။”

ညီလာခံပြီးသွားသောအခါ လုဟယ့်ထျန်း ခန်းမထဲမှ ထွက်လာခဲ့သည်။ သူနှင့်အတူ လိုက်ထွက်လာသော မှူးမတ်တချို့က ပြောနေကြ၏။

“မြို့စားမင်းတော့ အာဂသမီးကို ပျိုးထောင်ခဲ့တာပဲဗျာ။”

လုဟယ့်ထျန်းက ခြေလှမ်းများရပ်သွားကာ သူ့ကို မျက်မှောင်ကြုံ့၍ ကြည့်လာသည်။

“မြို့စားမင်းရယ်၊ ညီလာခံထဲ အိမ်ရှေ့စံ ဘယ်လောက်ပင်ပန်းနေလဲ မမြင်ဘူးလား၊ တစ်ချက်ကြည့်ရုံနဲ့ ယောင်္ကျားအားတွေကုန်နေမှန်း သိသာတယ်၊ လက်ရှိ အိမ်ရှေ့နန်းဆောင်မှာ အမျိုးသမီးဆိုလို့အိမ်ရှေ့စံကြင်ယာတော်တစ်ယောက်တည်း ရှိတာလေ၊ အနာဂတ်မှာ ပိုတိုးလာရင်တော့ အိမ်ရှေ့စံ ခံနိုင်မှာမဟုတ်ဘူးဗျ။”

“အိမ်ရှေ့စံကို သည်လောက်ပင်ပန်းသွားအောင် လုပ်နိုင်တာ အိမ်ရှေ့စံကြင်ယာတော်က သိပ်ကျွမ်းကျင်တာပဲဖြစ်မယ်။”

နောက်ဆုံးမှာ လုဟယ့်ထျန်း သူတို့ဆိုလိုသည်ကို နားလည်သွားသောအခါ သူ့ခံ့ညားသောမျက်နှာက ဒေါသကြောင့် အစိမ်းရောင်သန်းသွားပြီး အော်ဟစ်လေ၏။

“ဒီလူတွေတော့ကွာ၊ ညီလာခံထဲ အရေးပါတဲ့အရာရှိတွေဖြစ်ပြီး အိမ်ရှေ့စံကိုယ်ရေး‌ကိုယ်တာ‌တွေကို ဘယ်နှယ့် ဈေးထဲက မိန်းမကြီးတွေလို အတင်းပြောနေရသလဲ၊ ခင်ဗျားတို့တွေအကုန် ကျုပ် တိုင်စာတင်ပစ်လိုက်ရမလား။”

“စိတ်မဆိုးပါနဲ့ မြို့စားမင်းရာ၊ ကျုပ်တို့က အမှန်ကို ပြောပြရုံပါ။”

ထိုသို့ပြောပြီးနောက် သူတို့ ချက်ချင်း လူခွဲသွားကြ၏။ အဆုံးမှာတော့ သူတို့ လုဟယ့်ထျန်း၏ အာဏာနှင့်ရာထူးကို ကြောက်ရွံ့လေးစားကြရဆဲပါပေ။

ထိုအခိုက်တွင် ကျီးချင်းယွမ် လျှောက်လာ၏။ လုဟယ့်ထျန်း၏ ဒေါသမျက်နှာကို မြင်သော် သူ သူ့ပခုံးကိုပုတ်ကာ နှစ်သိမ့်လိုက်သည်။

“လျှာရိုးမရှိလျှောက်ပြောကြတဲ့ လူတစ်စုပါပဲဗျာ၊ ဒေါသထွက်ဖို့ မတန်ပါဘူး။”

လုဟယ့်ထျန်းက သူ့လက်ကို ရိုက်ထုတ်လိုက်ကာ မှုန်သုန်စွာဖြင့် ပြန်ပြောသည်။

“ခင်ဗျား ပြောလည်းပြောတတ်ပါပေတယ်၊ အဲဒီလူတွေ ခင်ဗျားသမီးအကြောင်း ပြောနေကြတာဆိုရင်ရော ခင်ဗျား လွှတ်ပေးပါ့မလား။”

ကျီးချင်းယွမ်၏ မျက်နှာထားမှာ အနည်းငယ် ထူးဆန်းသွားပြီး သူ့အနားသို့ပိုကပ်လိုက်ကာ ပြောလာ၏။

“အိမ်ရှေ့စံနဲ့ အရှင်မင်းကြီးက ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ၊ တော်ဝင်မောင်းမဆောင်က လေလိုသဘောထားခံရလုနီးပါးမှန်း ခင်ဗျားလည်း သိတာပဲ၊ ကျုပ်သမီးက ခုထိ အပျိုစင်ဖြစ်နေတုန်းပဲဗျ။”

လုဟယ့်ထျန်းက မျက်မှောင်ကြုံ့၍ သူ့ကို ကြည့်လိုက်သည်။

“လင်ဟွေ့ နန်းတွင်းဝင်ခဲ့တာပဲ နှစ်တော်တော်ကြာပြီ၊ ခုထိ သူ့ဆီက ဘာသတင်းမှ မကြားရသေးဘူးလေ၊ သူတင်မဟုတ်ဘူး၊ တခြားကြင်ယာတော်တွေလည်း ဘာမှမဖြစ်ကြဘူး၊ ညီလာခံထဲ တိတ်တဆိတ် အတင်းအဖျင်းတွေ ပြောနေကြတာ ကြာပါပြီ၊ အရှင်မင်းကြီးက ဟိုဟာ.. လားလို့ပေါ့... အဟမ်း.. ခင်ဗျားသိပါတယ်၊ မဟုတ်ရင် အရှင်မင်းကြီးက လုံချီကို အိမ်ရှေ့စံခန့်မှာ မဟုတ်ဘူးလေ။”

“အရှင်မင်းကြီးက တွေ့ရခဲတဲ့ မင်းကောင်းမင်းမြတ်တစ်ယောက်ပဲ၊ ကျုပ်တစ်ယောက်တည်းသဘောအရတော့ တာ့ရှန်းပြည်ကြီး သည့်ထက်ပိုပြီး စည်ပင်ဝပြောအောင် အရှင်မင်းကြီးကို ကျန်းကျန်းမာမာ ရှိစေချင်တာပဲဗျာ။”

လုဟယ့်ထျန်းလည်း တိတ်ဆိတ်သွားသည်။ တစ်ခဏမျှကြာပြီးနောက် သူ ကျီးချင်းယွမ်ကိုကြည့်လိုက်ကာ ပြော၏။

“ခင်ဗျားက အိမ်ရှေ့စံရဲ့ယောက္ခမဖြစ်ပြီး ကျုပ်ကို ဒီလိုမေးတာ မသင့်တော်ဘူးမဟုတ်လား။”

လုဟယ့်ထျန်း သူ့အတွေးများကို ထိုသူ့ထံမှ ဖုံးထားရန် အစီအစဉ်မရှိပေ။

“အမှန်အတိုင်းပြောရရင် ကျုပ် ဖြစ်နိုင်ရင်တော့ လုမိသားစုရဲ့ ဘယ်သမီးကိုမှ အိမ်ရှေ့နန်းဆောင်ဆီ မရောက်သွားစေချင်ဘူး။”

ဆက်ရန်__

Chapter 147

March 21, 2024 by Nay Chi Lynn

အပိုင်း (၁၄၇) - ပင်ပန်းလွန်းလို့ ထင်ယောင်ထင်မှားတွေ မြင်နေမိပြီ။

ကျီးချင်းယွမ်က သူဆိုလိုသည်ကို ချက်ချင်းနားလည်လိုက်သည်။ သူ့၏ ခိုင်မာ‌တည်ကြည်သော မျက်နှာထားကို ကြည့်လိုက်ပြီး သူ အကဲစမ်းသည့်အနေဖြင့် မဝံ့မရဲမေး၏။

“အကယ်လို့ အရှင်မင်းကြီးသာ တစ်ခုခုဖြစ်သွားမယ်ဆို ကျုပ်ကတော့ အိမ်ရှေ့စံထက် ရှန်းယန်မင်းသားကပဲ ထီးနန်းဆက်ခံဖို့ ပိုသင့်တော်တယ်လို့ ထင်တယ်။”

လုဟယ့်ထျန်းက သူ့ကို မျက်လုံးစွေကြည့်လိုက်သည်။

“လုမိသားစုက ထီးနန်းလုပွဲမှာ ဝင်ပါမှာမဟုတ်ဘူး၊ ကျုပ်တို့က အရှင်မင်းကြီးကိုအပေါ်မှာပဲ သစ္စာရှိတယ်။”

ထိုစကားများကိုကြားသော် ကျီးချင်းယွမ် စိတ်အေးသွားသည်။

“ကောင်းပါတယ်။”

အတိတ်တုန်းက အုပ်စုများကွဲကြသည့် ပဋိပက္ခများအတွင်း လုမိသားစုသည် အတော်များများက လိုချင်(ကိုယ့်ဘက်ပါစေချင်)နေကြသော အင်အားစုတစ်ခု ဖြစ်ခဲ့သည်။ သို့သော် ၎င်းတို့က မည်သည့်နိုင်ငံရေးအငြင်းပွားမှုမျိုးတွင်မှ ဝင်မပါ ဟူသော မျိုးရိုးစဉ်ဆက်အမိန့်ကို လိုက်နာခဲ့ကြ၏။ ၎င်းတို့က ဧကရာဇ်အရှင်အပေါ်တွင်သာ သစ္စာရှိမည်ဖြစ်သည်။

လုဟယ့်ထျန်းက သူ့ကို တစ်ချက်ကြည့်လိုက်ကာ ခပ်တင်းတင်း သတိပေးလာသည်။

“ခင်ဗျား ကောင်းကောင်းစဉ်းစား၊ ဘက်ရွေးမမှားစေနဲ့၊ မဟုတ်လို့က ခင်ဗျားမိသားစုကိုပါ ပြန်လှည့်လို့မရအောင်အထိ ဆွဲချမိလိမ့်မယ်။”

ကျီးချင်းယွမ်က အသံမာကျောစွာဖြင့် ပြန်ပြော၏။

“ကျုပ်သိပါတယ်၊ ဒါပေမယ့် ကျုပ် ရှန်းယန်မင်းသားရဲ့အရည်အချင်းကို ယုံတယ်။”

မိမိသမီးမှာ ဆက်ခံသူ တစ်ယောက်မှ မွေးမထုတ်ရသေးချေ။ ဧကရာဇ် နတ်ရွာစံပြီး ဧကရာဇ်အသစ် နန်းတက်သောအခါ သူမမှာ ယခင်ဧကရာဇ်နှင့်အတူ လိုက်ပါမြေမြှုပ်ခံရမည်၊ သို့မဟုတ် အအေးနန်းဆောင်သို့ နှင်ခံရမည်ဖြစ်လေသည်။

ရှန်းယန်မင်းသား နန်းတက်သောအခါ မိမိသမီးကို ကောင်းကောင်းဆက်ဆံပါမည်ဟု သူ့ကို ကတိပေးထားပြီးဖြစ်သည်။

သူ ပြောလိုသည်များကို ပြောခဲ့ပြီးသောအခါ လုဟယ့်ထျန်း သူ့ကို ထပ်မတိုက်တွန်းတော့ပေ။

“ခင်ဗျားက ဆုံးဖြတ်ချက်ချပြီးသွားပြီဆိုတော့ ကျုပ် ဘာမှပြောစရာမရှိတော့ပါဘူး။”

ထိုမြင်ကွင်းက လုဟယ့်ထျန်းအား တစ်ခဏမျှ ငေးငိုင်သွားစေသည်။

၎င်းက လွန်ခဲ့သည့် ဆယ်နှစ်ကျော်က မြင်ကွင်းတစ်ခုကို ပြန်အမှတ်ရစေပါ၏။ ထိုအမျိုးသမီးသည်လည်း လိပ်ပြာလေးကဲ့သို့ပင် သူ့ဆီ အပြေးလာခဲ့ဖူးပါသည်။

သူ လက်မောင်းများဖွင့်ဟ၍ သူမကို ခပ်တင်းတင်းပွေ့ဖက်လိုက်ပြီး တီးတိုးခေါ်သည်။

သူမအဖေထံမှ တင်းတင်းကြပ်ကြပ် ဖက်ထားခံရ၍ သူမ အနည်းငယ် မသက်မသာဖြစ်လာသည်။ သူမအဖေ ခေါ်လိုက်သောနာမည်ကို ကြားရသောအခိုက် သူမ ကြောင်အသွား၏။ သေချာပေါက်ပင်၊ သူမ ခေါင်းမော့လိုက်သောအခါ လူအိုကြီးက ပွေ့ဖက်ထားသည့်အထဲ စိတ်နစ်မျောနေသည်ကို တွေ့လိုက်ရသည်။

လုလျန့်ဝေ နှုတ်ခမ်းစွန်းများ တဆတ်ဆတ်လှုပ်သွားသည်။ သူမ မတတ်သာဘဲ ပြောလိုက်ရ၏။

“အဖေ အလုပ်ပင်ပန်းလို့ ထင်ယောင်ထင်မှားတွေ မြင်နေတာလား၊ ကျွန်မက အဖေ့ရွှယ်ဟွာမဟုတ်ဘူးလေ။”

“ဟုတ်မှာပါ၊ ကျွန်မ ခဏ အပြင်သွားဦးမယ်နော် အဖေ့။”

လုဟယ့်ထျန်း သူမကို တားလိုက်ချင်၏၊ သို့သော် ခုနက ဖြစ်ပျက်ခဲ့သည်ကို ပြန်တွေးမိသောအခါ သူ အနည်းငယ် ကသိကအောက် ခံစားလိုက်ရသည်။ အဆုံးမှာတော့ သူ သူမကို “ဂရုစိုက်ဦး။” ဟူ၍သာ သတိပေးလိုက်၏။ ထို့နောက် သူ ဝမ်ဟယ်ကို တစ်ချက်ကြည့်လိုက်သည်။

ဝမ်ဟယ်က ချက်ချင်း အမိန့်နာခံလိုက်ကာ ထွက်သွားသည်။

လုဟယ့်ထျန်းက သူမအား တိတ်တဆိတ် ကာကွယ်စောင့်ရှောက်ဖို့ လူလွှတ်လိုက်သည်ကို လုလျန့်ဝေ မသိ။ သူမ ကျူးယွိနှင့်အတူ ပစ္စည်းတချို့ ဝယ်ခြမ်းပြီးနောက် ပျက်စီးယိုယွင်းနေသော ခြံဝန်းအသေးလေးထဲသို့ ဝင်လာခဲ့သည်။

ထိုခြံဝန်းမှု လူများ သွားလေ့သွားထမရှိသည့် ခေါင်သောနေရာတွင် တည်ရှိ၏။

ထိုအထဲတွင် ဦးဆောင်သူ အသက်ကြီးသူဖုန်းစားတစ်ယောက်နှင့်အတူ သူဖုန်းစားလေးအုပ်စု နေထိုင်ကြ၏။ သို့သော် သက်ကြီးရွယ်အို သူဖုန်းစားကြီးမှာ ကျန်းမာရေးမကောင်း၍ သူ့ကို ဂရုစိုက်ပေးရန် ထိုကလေးများအပေါ် မှီခိုနေရလေသည်။

လုလျန့်ဝေ ရောက်လာသည်ကို မြင်သောအခါ ၈ နှစ် ၉ နှစ်အရွယ်မျှရှိသည့် သူဖုန်းစားလေးတစ်ယောက်က ချက်ချင်းပင် သူမကို ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်လာသည်။

“နင်တို့ကို လာကြည့်တာလေ၊ ဒီရက်ပိုင်းအတွက် ဘယ်လိုနေလဲ၊ ကိစ္စတစ်ခုခု ဖြစ်သေးလား။”

ဤသူဖုန်းစားလေးမှာ ယခင်တစ်ခေါက်က ချန်ရွှိဖျင်ကြောင့် ဒဏ်ရာရသွားသောကလေး ဖြစ်၏။

သူ့ဒဏ်ရာများကို ရွှမ်းဟူခန်းမ၌ ပျောက်ကင်းအောင် ကုသပြီးနောက် သူက သူ‌ဖုန်းစားသိုက်သို့ ပြန်လာခဲ့သည်။ သူ တောင်း၍ရခဲ့သော ငွေကြေးအားလုံးကို သူဖုန်းစားအိုကြီးထံသို့ ပေးပြီးသွားပြီးနောက် သူ နေ့တိုင်း လမ်းမပေါ်၌ ဆက်လက်တောင်းစားရပြန်၏။

လုလျန့်ဝေ သူ့ကို ကူညီချင်သော်လည်း သူမအကူအညီမှာ အငြင်းခံခဲ့ရသည်။

ဆက်ရန်__

Chapter 148

March 21, 2024 by Nay Chi Lynn

အပိုင်း (၁၄၈) - သူ့ကို မိန်းကလေးလို့ ထင်မိမှာ။

ထိုကလေးက ငယ်ရွယ်သော်လည်း ဇကတော့မသေးလှပေ။သူ့‌ခြေသူ့လက်ဖြင့် ကိုယ်တိုင်ပိုက်ဆံရှာနိုင်သည်ဟု သူက ပြောခဲ့၏။

လုလျန့်ဝေ သူ့အပြုအမူလေးကို သိပ်လေးစားပါသည်။ သူမ သူ့ကို တပည့်အဖြစ်မွေးကာ ဆေးပညာနည်းနည်း သင်ပေးချင်သည်။ သူ ဆေးပညာနယ်ပယ်တွင် ထူးချွန်ခဲ့လျှင် နောက်ပိုင်း ထိုအလုပ်ဖြင့် အသက်မွေးနိုင်ပေ၏။

သူဖုန်းစားလေး၏နာမည်မှာ ယို့ယို့ဟု ခေါ်သည်။ သူ့မိသားစုနှင့် ခွဲခဲ့ကစဉ်က သူ ငယ်ငယ်လေးသာ ရှိသေး၏။ သူ့မိသားစုဝင်များက သူ့ကို ယို့ယို့ဟု ခေါ်ခဲ့ကြောင်း ဝေဝေဝါးဝါးမှတ်ဉာဏ်လေးသာ ရှိသော်လည်း သူ့မျိုးရိုးနာမည်နှင့် နေခဲ့သောနေရာကို မမှတ်မိတော့ချေ။ ထို့နောက်တွင် ထိုအချိန်မှစ၍ သူဖုန်းစားအိုကြီးနှင့်အတူ နေရာတကာလှည့်ကာ တောင်းရမ်းစားသောက်ရင်း တော်ဝင်နန်းမြို့တော်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

ယို့ယို့မှာ လုလျန့်ဝေ၏ အပြုအမူနှင့် စကားများကြောင့် အနည်းငယ်ရှက်သွားသည်။ သူ မျက်နှာလေးကို မော့လိုက်ကာ သူမထံ ချိုသာစွာ ပြုံးပြလာ၏။

“ခုတလော တော်တော်လေးအဆင်ပြေပါတယ်ဗျ၊ ကြမ်းကြမ်းတမ်းတမ်း ရိုင်းစိုင်းတဲ့လူတွေနဲ့ မတိုးဘူး။”

သူက အသံကြည်ကြည်လေးဖြင့် ပြန်ဖြေသည်။ သူ ပြုံးလိုက်သောအခါ မျက်နှာထက် ပါးချိုင့်လေးနှစ်ဖက် ပေါ်လာပြီး ပို၍ပင် ချစ်ဖို့ကောင်းသွားစေ၏။

လုလျန့်ဝေသာ သူ့လိင်အမျိုးအစားကို မသိထားလျှင် မိန်းကလေးဟုသာ သေချာပေါက် ထင်မိမည်ဖြစ်သည်။

လုလျန့်ဝေက ကျူးယွိအား ဝယ်လာသောပစ္စည်းများကို သူဖုန်းစားများထံ ခွဲဝေပေးဖို့ အမိန့်ပေးလိုက်ပြီး သူမ သူဖုန်းစားအိုကြီးကို စတင် ရောဂါကုသပေးလေသည်။

အသက် ၆၀ အတွင်း ရောက်နေပြီဖြစ်သော သူဖုန်းစားအိုကြီးမှာ အချိန်ကြာရှည်စွာ ငတ်ပြတ်ခဲ့ရခြင်းကြောင့် ပိန်ပါးကာ ဇရာထောင်းနေလေပြီ။ သူ့ရောဂါက ကြီးကြီးမားမားမဟုတ်၊ သို့သော် အချိန်ကြာ အာဟာရချို့တည့်မှုနှင့် ဆေးဖိုးဝါးခ မပေးနိုင်ခြင်းတို့ကြောင့် ပို၍ဆိုးရွားလာခဲ့သည်။ သို့သည့်တိုင် ကုရတော့မခက်ပါချေ။

သူ့မှာ နေ့စဉ်နေ့တိုင်း အိပ်ယာပေါ်၌သာ လှဲလျောင်းလျက် သူဖုန်းစားငယ်လေးများ၏ ဖေးမမှုကိုသာ မှီခိုနေရသည်။

လုလျန့်ဝေ သူ့ကို စစ်ဆေးပြီးသွားသည်နှင့် ယို့ယို့က စိုးရိမ်စွာ မေး၏။

“ရတာပေါ့၊ ဘိုးဘိုးက ငါစပ်ထားတဲ့ဆေးကို နေ့တိုင်း သောက်ပေးရုံနဲ့ ခဏလေးအတွင်း ပြန်ကောင်းလာမှာ။”

၎င်းကိုကြားသော် သူဖုန်းစားအိုကြီး၏ ပိန်လှီနေသောမျက်နှာထက် ဝမ်းသာရိပ်သန်းလာ၏။

လုလျန့်ဝေက သူ့ကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီး ယို့ယို့ဘက်လှည့်ကာ ပြောလိုက်သည်။

ယို့ယို့မှာ အဘိုးကို ကုသ၍ရနိုင်သည်ဟု ကြားသောအခါ ပျော်လွန်း၍ ခုန်ပေါက်နေ၏။ သူမခိုင်းသည်ကို ကြားပြီးနောက် သူ ချက်ချင်းပြန်ဖြေလိုက်သည်။

ယို့ယို့ထွက်သွားပြီးနောက် သူဖုန်းစားအိုကြီးက သက်ပြင်းချကာ လုလျန့်ဝေကို ကြည့်လိုက်သည်။

သူ့၏ အရိပ်အကဲကြည့်နိုင်စွမ်းကြောင့် လုလျန့်ဝေ နည်းနည်းလေးမှ အံ့ဩမသွားဘဲ မေးလိုက်သည်။

“လူကြီးမင်း၊ ရှင်ဘယ်သူလဲ ဘာတွေကြုံတွေ့ခဲ့ရလဲတော့ ကျွန်မ မသိဘူး၊ ဒါပေမယ့် ရှင် အရင်တုန်းက အဆိပ်မိခဲ့ဖူးတာ ကျွန်မ တွေ့တယ်၊ လက်ကျန်အဆိပ်က လုံးဝ မပျောက်သွားသေးဘူး၊ အဲ့တာကြောင့်မို့ ရှင့်ကျန်းမာရေးက တစ်နေ့ထက်တစ်နေ့ အားနည်းလာရတာ။”

“ကျွန်မ ခုနက ယူလာတဲ့ ဆေးအမယ်တွေက လူကြီးမင်းခန္ဓာကိုယ်ထဲက ကျန်နေတဲ့အဆိပ်တွေကို ဖြေဖို့အတွက် အထူးဆေးအမယ်တွေပဲ၊ ယို့ယို့နဲ့တခြားသူတွေကို နေ့တိုင်း ဆေးကြိုပေးခိုင်းဖို့ မမေ့ပါနဲ့၊ ဒီဆေးကို လုံးဝမရပ်ဘဲ လဝက်ဆက်တိုက် သောက်ရမယ်၊ ရပ်လိုက်တာနဲ့ အလကားဖြစ်သွားမှာပါ။”

အမှန်မှာ သူ ရောဂါကို ကုသဖို့ မျှော်လင့်ချက်များ ဆုံးရှုံးသွားပြီဖြစ်သည်။ ထိုသူဖုန်းစားငယ်လေးများ အသက်ကြီးလာသည်အထိသာ နှစ်အနည်းငယ်လောက် တောင့်ခံထားနိုင်ဖို့ သူ ဆုတောင်းခဲ့သည်။ ထိုအခါမှသာ သူ နောက်ဆံမတင်းဘဲ ဘဝ‌ကူးနိုင်မည်ဖြစ်သည်။

ဤသူဖုန်စားအိုကြီးက သာမန်လူတော့ မဟုတ်လောက်ဟု သူမ ခံစားမိသည်။ သို့သော် မိမိတို့က မတော်တဆ ဆုံကြရသည့် သူစိမ်းတရံများသာ ဖြစ်သဖြင့် သူမ သူများကိစ္စကို မစပ်စုချင်ပေ။

သူမ သူဖုန်းစားအိုကြီး၏အခန်းထဲမှ ထွက်လာသောအခါ ကြိုထားပြီးသားဆေးကို သယ်လာသည့် ယို့ယို့ကို တွေ့လိုက်ရသည်။

သူမ ယိုင်နဲ့နဲ့ခြံဝန်းလေးထဲ အတန်ကြာရပ်နေပြီးနောက် ယို့ယို့ ပြန်ထွက်လာသည်၊ ထို့နောက် သူ့ကို နံဘေးသို့ဆွဲခေါ်ကာ မေးခွန်းများ စမေးလေတော့သည်။

“ယို့ယို့၊ အဲဒီကိစ္စ တိုးတက်မှုရှိလာလား။”

All Chapters