← Chapters

အခန်း (၁၅၁-၁၅၃)

Vol. 4 Ch. 151-153

အခန်း (၁၅၁-၁၅၃)

Vol. 4 Ch. 151-153

Chapter151

မတော်တဆသိသွားချင်း

လင်ချင်းယွမ် အံကြိတ်ပြီးတော့ လုလျှန့်ဝေ ကိုကြည့်လိုက်တယ်

“လုလျှန့်ဝေ မင်းအစေခံတွေကိုမင်းဒီလိုဘဲသင်ပေးထားတာလား?”

လုလျှန့်ဝေကမထိတထိပြန်ပြောလိုက်တယ်

“ဘာဖြစ်လို့လဲ?မင်းကဒီအတွက်မကျေနပ်ဘူးလား?မင်းကြည့်ရတာတော်တော်အထင်လွဲနေပုံဘဲ သူက အစေခံမဟုတ်ဘူး သူကငါ့အဖေရဲ့သက်တော်စောင့်တွေရဲ့ခေါင်းဆောင်ဘဲ မင်းကတောင်ကျေးဇူးတင်ရအုံးမှာသူကစိတ်ပါလက်ပါမင်းကိုကူညီတာကို မင်းသူ့အကူအညီကိုမငြင်းခင်အထိပေါ့.ဟူးးးဘယ်လောက်တောင်အဓိပ္ပာယ်မဲ့လိုက်လဲ”

သူမပြောပြီးပြီးချင်းမှာဘဲ သူမခေါင်းကိုလှုပ်ပြပြီးတော့, ဝမ်ဟယ်

“အစ်ကိုတော် သွားကြရအောင်!”

ရင်ထဲမှာနွေးနွေးထွေးထွေးခံစားရပြီး ဝမ်ဟယ်ကချက်ချင်းဘဲခေါင်းငြိမ့်ပြလိုက်တယ်.သူတို့မထွက်သွားခင် လင်ချင်းယွမ်ကို ခြောက်ဖို့တော့မမေ့ခဲ့ဘူး

“ငါတို့မြန်မြန်ထွက်သွားသင့်ပြီထင်တယ်.ငါခံစားမိနေတယ် မျက်နှာဖုံးနဲ့လူကလွယ်လွယ်နဲ့တော့အရှူံးပေးမှာမဟုတ်ဘူး.သူကျိန်းသေပြန်လာလိမ့်မယ””

လုံလောက်ပြီ,လင်ချင်းယွမ်ရဲ့အသားရောင်ကဖြူဖတ်ဖြူရော်ဖြစ်လာပြီး လုလျှန့်ဝေ ရဲ့လက်မောင်းကိုမြန်မြန်ဆန်ဆန်ဖက်ကိုင်လိုက်ပြီးတော့

“လုလျှန့်ဝေ ကိုယ်နဲ့ရင်းနှီးတဲ့သူကိုအနောက်မှာချန်ထားခဲ့လို့မရဘူးလေ”

လုလျှန့်ဝေ ကျိတ်ရယ်ပြီးတော့သူ့ရဲ့လက်ကိုတွန်းထုတ်လိုက်တယ်,သူရဲ့ပုံစံစိတ်မဝင်စားတဲ့ပုံစံနဲ့

“ ငါတို့တွေဘယ်တုန်းကတစ်ယောက်ကိုတစ်ယောက်ရင်းနှီးသွားကျတာလဲငါတော့မမှတ်မိဘူး.အချက်အလက်အရပြောရရင်တောင်မှအရင်တုန်းကရှိရင်ရှိခဲ့ဖူးမယ်”

လင်ချင်းယွမ်ကို ကြည့်ရတာမသက်မသာပုံဖြစ်နေပြီ.သူ သူမကို လုယွင်ရွှမ်း အတွက်အသုံးချခဲ့တာကိုမှတ်မိပြီးသံသယရှိတဲ့စိတ်နဲ့ ဗလုံးဗထွေးတွေနဲ့

“ထားလိုက်ပါတော့ဒီနေ့ဖြစ်တဲ့အဖြစ်အပျက်နဲ့ပက်သက်ပြီးသိလိုက်ရတာကတစ်စုံတစ်ယောက်ရဲ့လျှို့ဝှက်ချက်ကိုသိရင်အသတ်ခံရမှာကအနှေးနဲ့အမြန်ဘဲအဲ့တာကြောင့်သေတော့မယ်သူနှင့်တော့ဖက်ပြီးတော့အငြင်းအခုံမလုပ်ချင်တော့ဘူ””

သူမပြောလိုက်တဲ့စကားတွေက လင်ချင်းယွမ်ကြောက်ပြီးတော့မျက်ရည်ထွက်လာတဲ့အထိလုံလောက်သွားတယ်

“ငါမသေချင်သေးဘူး...ငါ့ကိုသေအောင်တစ်ယောက်ထဲပစ်မထားခဲ့ပါနဲ့”

“နင်ကနင်သေမှာမို့ဝမ်းနည်းကြေကွဲနေတာလားမသေချင်သေချင်ရင်မြန်မြန်ထ”

ပြောပြီးတာနဲ့တပြိုင်နက် သူမကိုဂရုမစိုက်တော့ဘဲ ကျူးယွီ ဝမ်ဟယ် နဲ့အတူတူထွက်လာခဲ့တယ်

ဒီဟာကိုမြင်တွေ့တဲ့ လင်ချင်းယွမ် ကဆက်မငိုနေတော့ဘဲမျက်ရည်တွေကိုသုတ်ပြီး သူတို့နောက်အလျှင်အမြန်လိုက်ပါတော့တယ်

သူလမ်းလျှောက်ပုံကအားနည်းတဲ့ခြေထောက်နှင့်လမ်းလျှောက်တဲ့ပုံမျိုးမဟုတ်တော့ဘူး

လုလျှန့်ဝေက မြို့တော်ဝန်အိမ်ကိုချက်ချင်းမပြန်ဘဲအေးဆေးငြိမ်သက်သောလက်ဖက်ရည်ဆိုင်ကိုအရင်ဝင်လိုက်သည်

အငြင်းခုံတွေနှင့်ဒဏ်ရာတွေကိုလည်းဆေးထည့်ပြီးပြီ လင်ချင်းယွမ်ကိုကြည့်ရတာအသားရောင်လည်းအရမ်းမဖြူဖျော့နေဘဲနဲ့ပိုပြီးတော့လည်းစိတ်တည်ငြိမ်လာပြီဘယ်လိုဘဲဖြစ်ဖြစ်ပြောလိုက်တဲ့အကြောင်းအရာကြောင့်နည်းနည်းတော့စိတ်လှုပ်ရှားနေသေးတယ်

“ငါဘယ်တော့ကမှမထင်ထားခဲ့ဘူး ချန်ကျူပင်း က လုယွင်ရွှမ်း နှင့် ငါ့ကိုဖောက်ပြန်လိမ့်မယ်လို့သူကသူမအတွက်ပိပိရိရိနဲ့လုပ်ခဲ့တာ”

“အရင်တစ်ခေါက်နင်ငါ့ကိုပြောသလို ရေမွှေးအဆောင်နားသွားချောင်းကြည့်ကြည့်ဖို့ပြောတယ်လေငါကလည်းနင်ပြောတာကိုမယုံချင်ဘူးလေဒါပေမယ့်ဒီနေ့ငါမနေနိုင်ဘဲအဲ့အဆောင်နားသွားချောင်းကြည့်တာ သူနဲ့ လုယွင်ရွှမ်း ကိုတူတူမြင်ရုံတင်မကဘူးသူတို့ သူတို့ရဲ့အစေခံတွေကိုအမိန့်တွေပေးနေတာကိုလည်းငါကြားခဲ့တယ် ငါလည်းလန့်ပြီးတော့ထပြေးတဲ့အချိန်မှာသူကငါ့ကိုဖမ်းမိသွားတယ်”

လင်ချင်းယွမ် ကစိတ်ပျက်တဲ့ပုံနဲ့ပြောပြတယ်

လုလျှန့်ဝေ ကသူမကိုကြည့်ပြီးသူမရဲ့ခံစားချက်ကိုနားလည်လိုက်တယ်

“မင်းတကယ်သေချာလားအဲ့မျက်နှာဖုံးနှင့်သူက ချန်ကျူပင်း ဆိုတာကို”

သူမပြောစကားကြောင့် လင်ချင်းယွမ်မျက်နှာမှာနာကျင်နေတဲ့အရိပ်အရောင်ပေါ်လာပြီးသူမကပြင်းပြင်းထန်ထန်ပြန်ပြောလိုက်တယ်

“သူကငါ့ကိုအသံမထွက်စေချင်ဘူးငါကလည်းမလွတ်နိုင်တော့ဘူးလို့ထင်လို့ သူကမျက်နှာကိုကာထားပေမယ့် သူဝတ်ထားတဲ့ဝတ်စုံကိုသူမလဲရသေးဘူး ငါသူ့ကိုအဲ့ဝတ်စုံနဲ့ရေမွှေးအဆောင်ထဲမှာတွေ့ခဲ့တာ”

“ပြီးတော့ငါတို့တွေကငယ်ငယ်ထဲကတူတူကြီးပြင်းလာတာသူ့မျက်နှာကာထားရင်တောင်သူ့မျက်လုံးကိုငါမှတ်မိတယ်သူက ချန်ကျူပင်း ဘဲလုံးဝသေချာတယ်ငါအစက သူနဲ့ လုယွင်ရွှမ်း နဲ့ပေါင်းပြီးငါ့ကိုဖောက်ပြန်တာကိုငါစိတ်မဆိုးဘူး ငါ့ကိုသတ်ဖို့ကြိုးစားလို့ကိုငါစိတ်ဆိုးနေတာ...”

Chapter 152

March 23, 2024 by Nay Chi Lynn

Chapter 152

စားပွဲအောက်မှလုပ်ဆောင်ချက်

လင်ချန်းယွမ် ရဲ့အသံကသောကတွေဒေါသတွေနဲ့တုန်ယီနေပြီးလုလျှန့်ဝေ ကသူမကိုတော်တော်လေးထောက်ထားနေပြီဒါပေမယ့်လည်းဒီမိန်းမကလက်ခံရလောက်အောင်ကောင်းမနေဘူး။ချန်ကျူပင်းကသူတွေ့ဖူးထဲသမျှထဲမှာအယုတ်မာဆုံးဘဲ

သူကသူမကိုမချစ်ရုံဘဲဆို အဲ့လောက်ဆိုးမှာမဟုတ်ဘူး။ခုက သူကသူမကိုသတ်ပါသတ်ချင်နေတာ

“သူ့ပုံစံအမှန်ကိုသိလိုက်ရတာလည်းနင့်အတွက်ကံကောင်းတယ်”

လုလျှန့်ဝေရဲ့အသံကပိုချိုသာလာတယ်

လင်ချင်းယွမ်ရဲ့အမူအရာက သူရဲ့စကားတိုင်းပျော့ပျောင်းလာပေမယ့်သူ သူရဲ့ပါးစပ်ကိုရွဲ့ပြီးတုန်တုန်ရီရီနဲ့မေးလိုက်တယ်

“နင်ကငါ့ကိုစိတ်သက်သာရအောင်ပြောပေးနေတာလား”

လုလျှန့်ဝေကသူမကိုထပ်ပြီးတော့မတိုက်ခိုက်တော့ဘဲ ခေါင်းလေးငြိမ့်ပြလိုက်တယ်

လင်ချင်းယွမ်က နည်းနည်းလေးတော့ခံစားမိသွားတယ်

သူမက လုယွင်ရွှမ်းကိုအရင်ဆုံးသူငယ်ချင်းအဖြစ်သတ်မှတ်ထားတာဒါပေမယ့်သူမယောကျာ်းနဲ့ရင်းနှီးလာပြီးတဲ့နောက်ပိုင်းအထူးသဖြင့်ရေမွှေးဆောင်မှာကြားလိုက်ရတဲ့စကား သူမကြားခဲ့တယ် လုယွင်ရွှမ်းကချန်ကျူပင်းကိုသူမကိုသတ်ခိုင်းဖို့အမိန့်ပေးနေတာကို။

“ငါသံသယတော့ရှိတယ်ရေမွှေးဆောင်မှာတရားမဝင်တာတစ်ခုခုလုပ်နေတယ်လို့၊တစ်ခါကအမျိုးသမီးငယ်ငယ်လေးတစ်ယောက်အဲ့မှာစားသောက်ဖို့လာတာတွေ့ဖူးတယ်နောက်တော့သူမကိုအနောက်ပေါက်ကနေတရွတ်တိုက်ဆွဲထုတ်သွားတာတွေ့လိုက်တယ် ချန်ကျူပင်း ကသူ့အစေခံတွေကိုအဲ့အမျိုးသမီးကိုနောက်တစ်နေရာပို့ဖို့အမိန့်ပေးနေတာကိုလည်းကြားခဲ့တယ်”

လုလျှန့်ဝေ ချက်ချင်းဆိုသလို

“ဘယ်နေရာလဲအဲ့နေရာက”

“အဲ့အချိန်တုန်းကငါကြောက်နေတော့ဘာမှရှင်းရှင်းလင်းလင်းမကြားခဲ့ရဘူး”

လုလျှန့်ဝေ ကခဏလောက်တော့တိတ်ဆိတ်သွားတယ်သူမသတိထားမိလိုက်တယ် ဝမ်ဟယ်ကသူ့ကိုစိုက်ကြည့်နေတာကိုမြင်တော့ သူမရဲ့မျက်လုံးတွေတဖျက်ဖျက်လက်ပြီးတော့လက်ဖက်ရည် သူ့အတွက်တစ်ခွက်ငှဲ့ပြီး ဝမ်ဟယ့်ကိုလက်ဖက်ရည် လက်ခံဖို့တောင်းဆိုတယ်

“အစ်ကိုတော်ဟယ် ဒီနေ့တစ်နေ့လုံးအတွက်ကျေးဇူးတင်ပါတယ်လက်ဖက်ရည်တစ်ခွက်လောက်သုံးဆောင်ပါအုံး”

သူမရဲ့ချီးမွှမ်းမှုတွေကလွှမ်းမိုးသွားပြီးတော့ဝမ်ဟယ်က သူလက်ကိုထုတ်ပြီးတော့လက်ဖက်ရည်ကိုလက်ခံခဲ့တယ်

“ကျေးဇူးပါ ဒုတိယမင်းသမီး”

“ရပါတယ်”

သူလက်ဖက်ရည်တစ်ခွက်လုံးသောက်နေတာကိုကြည့်ပြီးတော့သူမဖြည်းညင်းစွာမေးလိုက်တယ်

“အစ်ကိုတော်ဟယ် ဝမ်းဗိုက်ဘယ်ဘက်မှာနာကျင်နေလား”

ဝမ်ဟယ် ကနားမလည်တဲ့အကြည့်နဲ့ကြည့်ပြီးတော့ကြည့်နေတုန်းမှာဘဲနာကျင်မှုကိုခံစားရပြီးသူ့ရဲ့ပုံစံကပြောင်းသွားပြီးတော့

“ဒါဘာသဘောလဲ ဒုတိယမင်းသမီး”

လုလျှန့်ဝေကသူ့ကိုကြည့်ပြီးတော့

“မင်းတွေးနေသလိုမျိုးပါဘဲ”

ဝမ်ဟယ်ရဲ့မျက်နာကခက်ထန်လာပြီးတော့

“မင်းဘာလို့ဒီလိုလုပ်တာလဲ ဒုတိယမင်းသမီး”

“မင်းကငါ့ဖခင်ကိုအမှုထမ်းနေတာအဲ့တော့ဒီနေ့အဖြစ်အပျက်တွေကိုဖခင်သိလို့မရဘူးဒါကြောင့်ခုလိုငါလုပ်လိုက်ရတာပါ ငါ့ကိုခွင့်လွှတ်ပေးပါ အစ်ကိုတော်ဟယ်”

လင်ချင်းယွမ် ကစိတ်ရှုပ်ထွေးတဲ့အကြည့်နဲ့နှစ်ယောက်လုံးကိုကြည့်နေတယ်

ဝမ်ဟယ်ကအသံတိုးတိုးနဲ့ပြောတယ်

“မြို့တော်ဝန်ကိုဒီအကြောင်းမသိစေချင်ရင်မင်းငါ့ကိုပြောသင့်တယ်လေဘာလို့လက်ဖက်ရည်ထဲမှာအဆိပ်ခပ်ရတာလဲ”

လုလျှန့်ဝေကမယုံကြည်စွာဖြင့်

“မင်းကငါ့ဖခင်ကိုအမှုထမ်းနေတာလေငါပြောတဲ့စကားကိုနားထောင်မယ်လို့ငါမယုံဘူး”

ဝမ်ဟယ်က တချိန်ထဲမှာစိတ်တိုပြီးတော့ကူကယ်ရာမဲ့နေပြီ။

“ဒုတိယမင်းသမီး ကငါ့ကိုမညာပါနဲ့ငါမင်းကိုတစ်ချိန်လုံးထိုင်ကြည့်နေတာလက်ဖက်ရည်ထဲအဆိပ်ခပ်ဖို့အချိန်မရှိပါဘူး”

လုလျှန့်ဝေ ကတည်ငြိမ်စွာနဲ့ပြောတယ်

“မင်းငါ့ကိုကြည့်နေလည်းငါစားပွဲခုံအောက်မှာလုပ်ဆောင်နေတာကိုမင်းမတ်တပ်ရပ်တဲ့နေရာကနေဆိုမမြင်ရဘူးလေတချို့အဆိပ်တွေကလက်ဖက်ရည်ထဲထည့်လိုက်စရာမလိုဘူးလက်ဖက်ရည်အိုးနှုခမ်းဝမှာလိမ်းလိုက်ရုံနဲ့ရတယ်”

လင်ချင်းယွမ် ကသူတို့ပြောတာကိုနားလည်သွားတော့စိုးထိတ်သွားတယ်

သူမက လုလျှန့်ဝေ ကိုမယုံကြည့်တဲ့အကြည့်နဲ့ကြည့်ပြီးတော့

သူ့ကြည့်ရတာကဒီပုံစံကိုပထမဆုံးမြင်ဖူးတာထင်တယ်

Chapter 153

March 23, 2024 by Nay Chi Lynn

Chapter 153

မင်းအနောက်ကိုငါလိုက်ခဲ့မယ်

လုလျှန့်ဝေ အထင်အမြင်သေးပြီးမေးလိုက်တယ်

“နင်ဒီလိုသိရတာအချိန်မနှောင်းသေးပါဘူး။ငါ့ကိုနောက်ပိုင်းအတိုက်အခံအရမ်းမလုပ်သင့်ဘူးထင်တယ်နော် အဲ့လိုမှမဟုတ်ရင်တော့မတော်တဆအဲ့လိုမျိုးဖြစ်သွားနိုင်တယ်နော်”

လင်ချင်းယွမ် ကခဏလောက်သူမကိုစိုက်ကြည့်နေပြီးတော့တစ်ခုခုကိုသတိရသွားတယ်သူ့ကိုကြည့်ရတာကချက်ချင်းကြောက်သွားပြီးတော့တွန့်ဆုတ်ဆုတ်နဲ့ပြောလိုက်တယ်

“နင်က ဘုရင်မင်းမြတ်မွေးနေ့မှာ ဓလေ့ထုံတမ်းတွေကိုသစ္စာဖောက်တဲ့ ချင်ဝမ်ရူ နောက်ကွယ်ကလူလား”

လုလျှန့်ဝေ ကမငြင်းဘဲ ဝမ်ဟယ်ကိုလှည့်ကြည့်လိုက်တယ်

“မင်းခုခံစားမိပြီလားခုလောက်ဆိုမင်းရင်ဘတ်နားလောက်မှာနေလို့သက်သာနေမှာမဟုတ်ဘူး”

ဝမ်ဟယ်မျက်နာကအရင်ကထက်ပိုဆိုးလာပြီး သူမပြောတာကိုကြားပြီးနောက်သူ့ရင်ဘတ်နားကိုဖိကြည့်တာအရင်ကနဲ့မတူတာကိုခံစားမိလိုက်တယ်

လုလျှန့်ဝေ ရဲ့မျက်လုံးထဲမှာလျှက်တစ်ပြတ်တွေ့လိုက်ရတော့သူမသဘောပေါက်သွားတယ်

သူမကတကယ်တော့ ဝမ်ဟယ်ကိုအဆိပ်ခက်ခဲ့တာမဟုတ်ဘူးဒါ့အပြင်သူမဘာအဆိပ်မှသူမယူမလာခဲ့ဘူး ဝမ်ဟယ်ကလုဟယ့်ထျန်းကိုသစ္စာရှိတာနဲ့တင် သူ့ကိုလက်နဲ့တောင်ထိလို့မရဘူးဆိုတာကလုံလောက်နေပြီ

သူမဒီလိုလုပ်ရတာက လုဟယ့်ထျန်း ကိုမပါစေချင်လို့ အကယ်၍သူသာ လုယွင်ရွှမ်း ဒီလိုလူဆိုးမျိုးဆိုတာကိုသိသွားရင်သူဝမ်းနည်းနေရုံတင်မကဘဲ သူမကိုတားဖို့ကြိုးစားနေမှာ

လုယွင်ရွှမ်းအတွက်ကလည်းရပ်တန့်လို့ကိုရမှာမဟုတ်ဘူး သူ့လုပ်ရပ်ကတော်တော်ကျော်လွန်နေပြီ ပြီးတော့သူမက လုဟယ့်ထျန်း ရဲ့သမီးဖြစ်သည့်အားလျော်စွာ အိမ်ရှေ့စံကိုထောက်ပံ့ပေးဖို့သူ့ဖခင်ကိုပြောမှာဘဲပြီးတော့အိမ်ရှေ့စံကိုထောက်ပံ့တဲ့သူအဖြစ်သူကရှိနေမှာ

ဒီဟာကတော့ လုလျှန့်ဝေ တွေ့ချင်တာအရာတော့မဟုတ်ဘူး

လုဟယ့်ထျန်းကအဲ့လောက်လွယ်လွယ်တော့အယုံသွင်းလို့ရမှာတော့မဟုတ်ဘူးဒါပေမယ့်သူကတော့သူချစ်တဲ့သူကိုမျက်စိစုံမှိတ်ကာကွယ်မှာ လုယွင်ရွှမ်းကို မကာကွယ်ပေးရင်တောင် သူကသူမလုပ်ရပ်တွေကိုဒီတိုင်းတော့ထိုင်ကြည့်နေမှာမဟုတ်ဘူး

လုယွင်ရွှမ်း လက်အောက်မှာလုပ်ကြံသတ်ဖြတ်ရေးသမားတွေလည်းရှိတယ်သူမက လုဟယ့်ထျန်းကိုရအောင်မသိမ်းသွင်းနိုင်ရင် သူမကသူ့ကိုလုပ်ကြံသတ်ဖြတ်လောက်တယ်

လုဟယ့်ထျန်း ကအတိုက်ခိုက်ကောင်းတယ်ဆိုလည်းအမြဲတမ်းတော့သူလည်းသတိရှိနေနိုင်မှာမဟုတ်ဘူး။

လုလျှန့်ဝေ ကဒီလိုမျိုးအဖေကိုတော့တော်တော်သဘောကျတယ်သူ့ကိုမထိခိုက်စေချင်ဘူး

လင်ချင်းယွမ်လုပ်ရပ်တွေကို သူ့ကိုအဲ့တာကြောင့်မပြောပြတာအကောင်းဆုံးဘဲ

လုလျှန့်ဝေကရယ်စရာတွေးမိပြီးတော့ပြန်ပြောလိုက်တယ်

“မင်းသမီးလင် ကငါ့အနောက်ကိုမလိုက်ခဲ့ဘူးလို့တွေးနေတာတော့မဟုတ်ပါဘူးနော်”

“ဒီအကြံအဉာဏ်လည်းကောင်းတာဘဲ ငါ့ကိုနင့်အိမ်မှာရက်အနည်းငယ်လောက်ပေးနေပါ နင်နဲ့စကားတွေပြောပြီးတော့နင်လည်းမပျင်းရတော့ဘူးပေါ့”

သူမသွားတွေကြိတ်ပြီးတော့သူမ မထင်ထားဘူး လုလျှန့်ဝေ ကငြင်းလိုက်မယ်လို့ သူမရှက်လည်းမရှက်နိုင်တော့ဘဲနဲ့ သနားစရာကောင်းတဲ့မျက်နာလေးနဲ့

“သူတို့ကသူတို့လျှိုဝှက်ချက်တွေသိသွားတော့ငါ့ကိုအလွှတ်ပေးမှာမဟုတ်ဘူးနင်ကငါသေသွားမှာကိုဒီတိုင်းထိုင်ကြည့်နေတော့မှာလား”

လင်ချင်းယွမ် ကသူ့မရဲ့ခေါင်းကိုစားပွဲခုံပေါ်မှာမှောက်ပြီးစိတ်ပျက်လက်ပျက်ငိုနေပြီ သူမငိုနေလျှက်

“ဘာလို့ငါကဒီလိုအဖြစ်ဆိုးနဲ့အဆုံးသတ်ရတာလဲအစက ခင်ပွန်းကသစ္စာဖောက်တယ် ခုတော့လိုက်သတ်တာခံနေရတယ်ဘာလို့ငါ့ဘဝကဒီလိုဖြစ်နေတာလဲ”

လုလျှန့်ဝေ ကထိုင်ပြီးတော့ လင်ချင်းယွမ် ငိုနေတာကိုကြည့်လို့အပြီးမှာတော့စိတ်မရှည်စွာနဲ့ပြောလိုက်တယ်

“နင်တကယ်အိမ်မပြန်ချင်ဘူးလားငါဘယ်သွားသွားငါ့နောက်လိုက်မှာလား”

ဒီလိုပြောသံကိုကြားရတော့ငိုနေတာချက်ချင်းတိတ်ပြီးတော့ခေါင်းမော့ပြီး လုလျှန့်ဝေ ကိုတောက်ပတဲ့မျက်လုံးတွေနဲ့ကြည့်နေတာလန့်စရာတောင်ကောင်းတယ်

“ခုချိန်မှာငါ့ကိုကယ်တင်နိုင်တာနင်တစ်ယောက်ဘဲရှိတယ်အဲ့တော့နင်ဘယ်သွားသွားငါကလိုက်ခဲ့မှာ”

“အဲ့တာဆိုရှင်းရှင်းဘဲပြောမယ် နင်မျက်နှာဖုံးနဲ့လူရဲ့နာမည်ကိုလမ်းကြားထဲမှာအကျယ်ကြီးပြောပြီးပြီသူကနင့်ကိုဘဲသတ်ချင်တာမဟုတ်ဘူး ငါနဲ့ ကျူးယွီ နဲ့ကိုလည်းသတ်ချင်နေတာ အဲ့တော့ငါ့နောက်လိုက်မယ်ဆိုတာသေချာပြီလား”

All Chapters