အခန်း (၁၅၇-၁၅၉)
Vol. 4 Ch. 157-159
Chapter 157
သူမအသတ်ခံရမှာကိုတော့သူစောင့်နေမှာမဟုတ်ဘူး
အမှန်အတိုင်းဆိုရင် ချန်ကျူပင်းရဲ့စိတ်အားထက်သန်မှု လုလျှန့်ဝေကိုတစ်ယောက်ထဲဖြစ်နေဖို့ ခုတော့တစ်ယောက်ထဲမဟုတ်တော့ဘူး လုယွင်ရွှမ်းကြောင့်
အဲ့တာကြောင့်ဘဲ ချန်ကျူပင်း က လုလျှန့်ဝေ ကိုအမြဲမုန်းတီးနေတာသူ သူမ ကိုသတ်ရဖို့မစောင့်နိုင်တော့ဘူး
တစ်ခါကနန်းတော်စားပွဲ ကျင်းပနေတုန်း ရုတ်တစ်ရက်မုန်တိုင်းကျလာပြီး လူအားလုံး ကျောက်စိမ်းခန်းမထဲတွင်စောင့်နေကြရတယ်
တစ်ချိန်ထဲမှာဘဲ လုယွင်ရွှမ်း ကဗိုက်နာလာသောကြောင့် ကျောက်စိန်းခန်းမ ထဲကနေထွက်လာပြီး ဝါးအိမ်လေးရှိရာတောထဲသို့ထွက်လာခဲ့ပါတယ်
သူမ ပြန်ရောက်လာတဲ့အခါမှာတော့ ကြောင်လေးတစ်ကောင်သူ့အရှေ့ခုန်ထွက်လာသောကြောင့်လန့်သွားခဲ့ပါတယ်
သူမက အကောင်သေးသေးလေးတွေဆိုအရမ်းမုန်းတီးတယ် ကြောင်လိုမျိုးပေါ့ ဒီကြောင်လေးခုန်ထွက်လာတာက သူ့ကိုဒေါသထွက်စေတယ် အဲ့တာကြောင့်ကျောက်တုံး တစ်ခဲကိုယူပြီးကြောင်လေးရဲ့ခေါင်းကိုထုလိုက်သည်
ကြောင်လေးကသေးသေးလေးနဲ့တစ်ကိုယ်လုံးအမွှေးလေးတွေကဖြူစွတ်နေတာဘဲဒါပေမယ့်ကျောက်တုံးနဲ့အထုခံလိုက်ရပြီးတဲ့နောက်မှာတော့သွေးတွေကရေစီးသလိုထွက်လာပြီးတစ်ကိုယ်လုံးကအမွှေးတွေကကော်ဇော်နီလိုပြောင်းလဲသွားသည်သူကချက်ချင်းတော့မသေဘဲရုန်းကန်ငြီးတွားနေရှာသည်
လုယွင်ရွှမ်းစိတ်ငြိမ်သွားတဲ့အခါမှာတော့ သူသတိထားလိုက်မိတာဒီကြောင်လေးအမျိုးအစားကရှားပါးတယ်ဆိုတာကိုသူရုတ်တရက်ခြေသံကြားလိုက်ရတဲ့အခါမှာတော့အမှောင်ထဲဝင်ပြီးပုန်းနေခဲ့သည်
ခြေသံကြားပြီးမှာဘဲသူမရဲ့မြင်ခွင်းမှာပေါ်လာတာက လုလျှန့်ဝေ ဖြစ်နေသည်။
လုယွင်ရွှမ်း နဲ့မတူတဲ့အချက် လုလျှန့်ဝေ ကကြောင်လေးတွေကိုချစ်တတ်သည်
သူမကသွေးတွေအပြည့်နဲ့လှဲကြနေတဲ့ကြောင်လေးကိုလမ်းဘေးမှာမြင်တွေ့တော့ပွေ့ချီပြီး ဆေးကုသမှုပြုလုပ်ပေးချင်ပေမယ့် ကံဆိုးစွာနဲ့ ချန်ကျူပင်း ကအဆင်မပြေတဲ့အခြေအနေမှာပြေးဝင်လာခဲ့သည်
သူကြည့်ရတာကြောင်လေးကိုရှာနေတဲ့ပုံနဲ့သူ ကြောင်လေးသေနေတာကိုပွေ့ချီတာတွေ့သွားသောအခါ
ဒီနေ့မှာ လုယွင်ရွှမ်း ကြေကွဲနေတဲ့ကောင်လေးတစ်ယောက်ရဲ့အသံကိုမှတ်မိနေခဲ့သည်
သူဒီထက်ပိုမှတ်မိနေတော ချန်ကျယပင်း ရဲ့မျက်လုံးထဲမှာလူသတ်ချင်စိတ်တဖြည်းဖြည်းပေါ်လာတာကိုဒါပေမယ့်သူအဲ့တာကိုချက်ချင်းဆိုသလိုသတိရှိရှိဖုံးကွယ်နိုင်ခဲ့သည်
လုလျှန့်ဝေ လည်းအဲ့တုန်းကလန့်သွားခဲ့သည်ဒါပေမယ့်သေသေချာတွေးတောပြီးရှင်းပြလိုက်ခဲ့သည် ချန်ကျူပင်း ကကြောင်လေးကိုပိုက်ပြီးတော့ပြေးထွက်သွားခဲ့သည်
လုယွင်ရွှမ်း ကတော့အမှောင်ထဲကနေဒီဖြစ်စဉ်အကုန်မျက်မြင်သက်သေဖြစ်သည် သူကတိတ်တိတ်လေး လုလျှန့်ဝေ ကိုကျေးဇူးတင်နေသည် သူမအစားမရပ်မနားပြောပြပေးခဲ့လို့
သူမက ဒုတိယဇနီးရဲ့သမီးဖြစ်သည် အကယ်၍ကြောင်လေးကိုသတ်တာ လုယွင်ရွှမ်းမှန်း ချန်ကျူပင်း သိလျှင် သူမကိုအဲ့နေရာမှာအစားထိုးခိုင်းမှာဖြစ်သည်
သူက လုလျှန့်ဝေ နဲ့တော့ပြိုင်ပြီးတော့ငြင်းမှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ သူစိုးရိမ်တယ် လေ သူမက မြို့တော်ဝန်ဇနီးရဲ့ သမီးလေး ပြီးတော့ လုဟယ့်ထျန်းရဲ့အချစ်တော်လေးဖြစ်နေလို့
လုယွင်ရွှမ်း ကသူ့ကိုသူတော်တော်ကံကောင်းသွားတယ်လို့ယူဆခဲ့သည် ဘာဘဲဖြစ်ဖြစ် သူ ချန်ကျူပင်း ရဲ့အနောက်ကိုမှီအောင်လိုက်သည်
ချန်ကျူပင်း က မြို့စားချန်ရဲ့တစ်ဦးတည်းသောသားဖြစ်သည် ဒါပေမယ့်လည်း မြို့စားချန် က တော်ဝင်မိသားစုလောက်တော့အရေးမပါဘူးလေ မြို့စားချန်က တရားစီရင်ရေးမှာတော့အရေးပါတဲ့နေရာကနေပါဝင်နေသည်
ကြောင်လေးသေတာကိုမြင်ရတော့သူရဲ့မုန်းတီးတဲ့စိတ်ကိုဖုံးဖိပြီးသနားစရာသတ္တဝါလေးသေဆုံးသွားလို့ဝမ်းနည်းနေတဲ့အမူအရာဖြစ်ဟန်ဆောင်နေသည်
“ဒီကြောင်လေးကချစ်ဖို့ကောင်းလိုက်တာဘယ်သူကရက်ရက်စက်စက်ဒီလိုမျိုးလုပ်ရက်မျိုးကိုလုပ်ကြတာလဲ”
သူမကကြောင်လေးရဲ့ပိုင်ရှင်သကဲ့ဟန်ဆောင်ပြီးတော့ဝမ်းနည်းပြီးမျက်ရည်များပါကျပြနေပါသည်
အချိန်တွေကုန်သွားတာနဲ့အမျှ ချန်ကျူပင်း ကစပြီးတော့သူမ ကိုသဘောကျစပြုလာခဲ့သည်
အကယ်၍သူမသာ အိမ်ရှေ့စံကို မလိုချင်ခဲ့ရင် ချန်ကျူပင်း နဲ့လက်ထပ်ဖြစ်လောက်မှာ အားလုံးပြီးတဲ့နောက်မှာတော့ သူက မြို့စားအိမ်တော်ရဲ့အမွေစားအမွေခံဖြစ်နေခဲ့သည်ဒုတိယဇနီးရဲ့သာမန်သမီးတစ်ယောက်နဲ့လက်ထပ်မယ်လို့ဆုံးဖြတ်တဲ့မင်္ဂလာပွဲသက်သက်လောက်ဘဲဖြစ်ပါသည်
လောင်ချီ နဲ့ယှဉ်လိုက်ရင်တော့ မြို့စားချန်အိမ်ရဲ့အမွေးစားအမွေခံက မပြောပလောက်တော့ဘူး
ဒါကြောင့်လည်း လုယွင်ရွှမ က လောင်ချီ အိမ်ရှေ့စံဖြစ်တာနဲ့ချက်ချင်း သူ့ကိုမျက်စိကြနေခဲ့တာ လုလျှန့်ဝေ ကိုပိပိရိရိနဲ့တိုက်ထုတ်ဖို့ဆိုရင် သူလောင်ချီနဲ့လက်ထပ်မှဖြစ်မှာ
Chapter 158
March 25, 2024 by Nay Chi Lynn
Chapter 158
သူမသူ့ကိုစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်လိမ့်မယ်
ဘာဘဲဖြစ်ဖြစ် ခုဏကဖြစ်ပျက်ခဲ့တာတွေကိုပြန်စဉ်းစားလိုက်ရင်ကြောက်လန့်နေတုန်းဘဲ
သူမ မထင်ထားဘူး ဒီလောက်နှစ်အကြာကြီးရှိတာတောင် ချန်ကျူပင်းကဒီကြောင်လေးသေဆုံးတာကိုမှတ်မိနေတုန်းဘဲ ပြီးတော့ ခုထိ လုလျှန့်ဝေ ကိုလည်းမုန်းနေဆဲဘဲ
ထပ်ပြီးတော့ သူရဲ့ကံကောင်းမှုကိုသူကျေးဇူးပြန်တင်နေသည် ကြောင်ကလေးကိုထုရိုက်ပြီးထွက်ပြေးလာတာကို ချန်ကျူပင်း မရိပ်မိတာကိုသူမစိတ်သက်သာရာရသလိုသက်ပြင်းလေးချလိုက်သည်
ချန်ကျူပင်းကကျားကွက်ထဲကအပိုင်းအစလေးလိုဘဲ သူအရှုံးမခံနိုင်တဲ့အရာလေးပေါ့ သူပိုပြီးပြောရရင် လုလျှန့်ဝေကို သူမအစားတောက်လျှောက်ပြောဆိုခဲ့တာကိုပါ ဒါတွေဘယ်သူမှတော့သိတော့မှာမဟုတ်ဘူး သူတို့ငယ်စဉ်ကဖြစ်ခဲ့တဲ့အမှန်တရားကိုရောပေါ့ ဒါ့အပြင် ချန်ကျူပင်းကသူမနဲ့သံယောစဉ်ပိုခိုင်မာလာပြီး သူမပြောသမျှကိုအတိအကျလုပ်ပေးသည်
လုယွင်ရွှမ်း ကသူ့ကိုသူကံကောင်းပြီလို့ရေမွှေးဆောင်မှာ တွေးနေချိန် လုဟယ့်ထျန်းကအိမ်မှာနေ ရင်း မနက်ကတရားစီရင်ရေးနေရာမှာဖြစ်ခဲ့တာကိုတွေးပြီးသိပ်ပြီးတော့သဘောမတွေ့ဘူးဖြစ်နေသည်။
ဒါတောင် သူက လုယွင်ရွှမ်း ကို လုလျှန့်ဝေလောက်တုန်နေအောင်မချစ်ဘူး သူမကသူရဲ့သမီးဖြစ်တယ်ဆိုရုံဘဲ
ဒါပေမယ့် လုယွင်ရွှမ်း မကောင်းကြောင်းကိုသူ့ရှေ့မှာပြောရင်မကြိုက်တာတော့အမှန်ဘဲ
မျက်မှောင်ကြုံလျက် သူက သက်ရှည်ခန်းမ ထဲသို့သွားခဲ့သည်။
မြို့စားကတော်က သူမပျော်မရွှင်နဲ့ဝင်လာတာကိုတွေ့သောအခါ
လုဟယ့်ထျန်း ကပြန်မရှင်းပြချင်တဲ့ပုံစံဖြင့် ဒါပေမယ့် မြို့စားကတော်က လုယွင်ရွှမ်း ကိုသူ့မြေးလေးတစ်ယောက်လိုဆက်ဆံတာကြောင့် လုယွင်ရွှမ်းနဲ့ပက်သက်ပြီးဆုံးဖြတ်ချက်ချရမယ်ဆိုရင်တော့ သူ့ကိုအသိပေးမှတော့ရမယ်
“ဒါကတော့ ရှောင်လေးတွက်မကောင်းလောက်ဘူးရှေ့နန်းဆောင်ကိုလက်ဝါးကြီးအုပ်ဖို့ဆိုရင်”
သူစကားမပြောခင် မျက်မှောင်ကြုံ့လျက်
“မင်းဘယ်တော့မှတရားစီရင်ခွင်မှာဝင်မပါပါဘူး ဘာလို့ခုမှရုတ်တရက်အရှေ့နန်းဆောင်ကိုစိတ်ဝင်စားနေရတာလဲ”
လုဟယ့်ထျန်း ကအနည်းငယ်စိတ်ပျက်တဲ့ပုံဖြင့်
“ငါဝင်မပါချင်ပါဘူး ဒါပေမယ့် တချို့ကြားရတာတွေအဆင်မပြေလို့ငါဝင်ပါနေရတာ”
မြို့စားကတော်က အဒေါ် လန် ယူလာပေးသောလက်ဖက်ရည်ကိုတစ်ငုံလောက်သောက်ပြီးတော့စိတ်ကျေနပ်မှုရရှိသွားသည်
“ဒါက ဂျင်ဆင်းကို မရိုမသေလုပ်တဲ့ကောင်မလေးဝေဝေ ပေးထားတာ အရသာကတော်တော်ကွာတယ် အဲ့တာကိုသောက်တာနှစ်ရက်လောက်ရှိသွားပြီအရင်ကထက်အားပိုရှိလာသလိုဘဲ”
“ဟုတ်တယ် ဒီခေတ်မှာဂျင်ဆင်းကိုရှာရတာတော်တော်ခက်ခဲသွားပြီ ဒုတိယမင်းသမီးလုကတကယ်သမီးအလိမ္မာလေးဘဲ”
လုဟယ့်ထျန်းက မိန်းမကြီးနှစ်ယောက် လုလျှန့်ဝေ ကိုချီးမွှမ်းနေတာကိုကြားရပြီး ပျော်ပေမယ့် စိတ်ကုန်တဲ့ပုံနဲ့
“ဘယ်လောက်ကောင်းတဲ့ဂျင်ဆင်င်းဖြစ်ဖြစ် အဲ့တာကိုသောက်ပြီးတာနဲ့နှစ်ရက်အတွင်းအာနိသင်ကမြန်မြန်ဆန်ဆန်ပြတယ်ဆိုတာကဖြစ်နိုင်လို့လား”
အဒေါ်လန် ကတော့ဒီစကားကိုကြားပြီးတော့ရယ်နေသည် ပြီးတော့သူမခေါင်းကိုလှုပ်ရမ်းပြတယ် မြို့စားကတော်ကတစ်ရက်တစ်ရက်ကလေးပိုဆန်လာသည်။
သူမကတကယ်တော့သူမရဲ့သခင်ရှေ့မှာမျက်နာပန်းလှအောင်လှပြနေတာဖြစ်ပါသည်
မထင်မှတ်ဘဲ လုဟယ့်ထျန်းက ဒီဟာကိုအတည်မယူဘဲချက်ချင်းဆိုသလိုသဘောတူခေါင်းငြိမ့်ပြလိုက်ပြီး
“အို မင်းပြောတာကလုံးဝမှန်တာဘဲ ဒီကောင်မလေးနှလုံးသားထဲမှာနင်ဘဲရှိတာအဲ့တာကြောင့်နင်ပျော်နေတာမလား”
သူပြောချင်တာရှိသည် ဒါပေမယ့်မပြောဘဲ သူကြိတ်ပြီးကျေနပ်နေသည်။ သူ့အမေသာ ဒီဂျစ်ကန်ကန် ဝေဝေက သူ့ကို ဂျင်ဆင်းဘဲပေးတာမဟုတ်ဘဲ လင်ဇီးလည်းပေးတာဆိုရင် သူ့အမေသူ့ကိုရိုက်လောက်မလား
မြို့စားကတော်သူတည်ငြိမ်နေတာကိုရိပ်မိသွားသည်
အမြဲတမ်း သူကသူ့အမေကိုမနာလိုဖြစ်နေကြဒီအဖိုးကြီးက ဝေဝေ ကိုသဘောကျတယ် သူကအဲ့ကလေးမရဲ့စိတ်ထဲမှာတစက္ကန့်တောင်ရှိမနေဘူး။ဝေဝေ သာတခြားသူတွေကိုသူ့ထက်ပိုကောင်းအောင်ဆက်ဆံရင် သူဒီတိုင်းတောင်နေနိုင်မှာမဟုတ်ဘဲလဲကျသွားမှာ
ပြီးခဲ့တဲ့တစ်ခေါက်က တင်ချန်က ဝေဝေ ကိုယ်တိုင်ချက်ပေးတဲ့မနက်စာကိုစားပေးလေ့ရှိတယ် အဲ့တာကို ဒီအဖိုးကြီးကမနာလိုပြီးသူ့သားကိုတောင်ဒုက္ခရောက်အောင်မသိမသာလုပ်နေကြ
မြို့စားကတော်အဲ့တာကိုပြန်တွေးမိပြီးခေါင်းခါမိတယ် သူသိတယ် သူ့သားကအဲ့လိုမျိုးကလေးဆန်တာကို သူအပြင်မှာနေတဲ့အာဏာရှိတဲ့မြို့တော်ဝန်ပုံစံနဲ့တော်တော်ကွဲပြားနေတာကို
လုဟယ့်ထျန်းက သူတို့စကားရဲ့ ဆိုလိုရင်းကို မရောက်သေးတာ သတိရသွားတယ် ချက်ချင်းအာရုံစူးစိုက်ပြီး
“အမေ မငြင်းချင်ဘူးဆိုရင် ကျွန်တော်နန်းတော်ကိုသွားပြီးတော့ဘုရင်မင်းမြတ်ကို လျှောက်တင်တော့မယ် သူက အိမ်ရှေ့စံကိုကိုယ်လုပ်တော်တွေ အနည်းငယ်လက်ခံခိုင်းမယ်လို့မျှော်လင့်ရတာဘဲ”
Chapter 159
March 25, 2024 by Nay Chi Lynn
Chapter 159
အရမ်းချစ်ရသောသူဆီသို့
မြို့စားကတော်ကဒီနေ့ တရားစီရင်ခန်းမှာဖြစ်ပျက်လာတာကိုသိပ်တော့မမေးဘူး ဒါပေမယ့် လုဟယ့်ထျန်း ပြောစကားတွေကိုအကဲခတ်လိုက်တာနဲ့အဲ့မှာ လုယွင်ရွှမ်း နဲ့ပက်သက်နေမယ်လို့တော့ရိပ်မိတယ်
သူမကခေါင်းဖြည်းဖြည်းလေးမငြိမ့်ခင်မှတော့ခဏလောက်စဉ်းစားလိုက်တယ်
“မင်းအဲ့လိုဝင်ပါတာကတရားဝင်လို့လားငါတို့ကအိမ်ရှေ့စံရဲ့ကိစ္စတွေမှာအရမ်းဝင်ပါလို့မကောင်းဘူးအကယ်၍အရှေ့နန်းဆောင်က ရွမ်းလေးတစ်ယောက်ထဲပါဝင်ပေမယ့်တခြားသူတွေက မြို့တော်ဝန်မိသားစုက အိမ်ရှေ့စံကိုဖိအားပေးတယ်ထင်နေကြအုံးမယ်ငါတို့ကအိမ်ရှေ့စံနဲ့လျှိူ့ဝှက်ကတိတွေပေးထားတယ်လို့တောင်သူတို့တွေကထင်နေကြအုံးမယ်”
“အဲ့ထက်ပိုဆိုးတာကသူတို့တွေကမြို့တော်ဝန်မိသားစုကဘယ်တော့မှဘက်မလိုက်ဘဲနေပြီးတော့ အိမ်ရှေ့စံကို မှလိုလိုလားလားဆက်ဆံနေတယ်လို့ထင်နေမှာကိုဘဲ တရားရေးအရာရှိတွေကလည်းအန္တရာယ်ရှိနေတုန်းဘဲ သူတို့အိမ်ရှေ့စံကိုထောက်ခံတာလည်းရပ်တန့်သွားကြလိမ့်မယ်”
“ကျနော်ကအမြဲဒီလိုအရာတွေကိုစဉ်းစားသုံးသပ်နေဆဲပါ ဒါပေမယ့် ရွှမ်းလေး ကအရှေ့နန်းဆောင်ကိုလက်ဝါးကြီးအုပ်ချင်တာက ကောင်းတဲ့အချက်တော့မဟုတ်ဘူး။ အဲ့တာကြောင့်လည်း ကျနော်က နန်းတော်ကိုသွားပြီး ဘုရင်မင်းမြတ်ထံပြဿနာကိုလျှောက်လဲပြီး အိမ်ရှေ့စံအတွက်ကိုယ်လုပ်တော်အချို့ကိုရွေးချယ်ပေးဖို့လျှောက်ထားဖို့ကိုစဉ်းစားနေတာ ဒီနည်းလမ်းက မြို့တော်ဝန်မိသားစုလည်းစစ်ဆေးရေးမခံရနိုင်သလို ရွှမ်းလေး ရဲ့လုပ်ရပ်နဲ့အပြောအဆိုတွေကလည်း လိုချင်တပ်မက်မှုမရှိကြောင်းကိုပေါ်လွင်သွားစေတယ်”
“မင်းကဒီလိုမျိုးဆုံးဖြတ်ချက်ချထားရင်တော့အဲ့လိုဘဲဆက်လုပ်ပါ ရွှမ်းလေးကနားလည်ပေးမယ်လို့တော့ငါယုံကြည်တယ်”
လုဟယ့်ထျန်းခေါင်းငြိမ့်ပြလိုက်တယ် သူထွက်သွားဖို့ပြင်နေဆင်မှာ မြို့စားကတော်ကရုတ်တရက်မေးလိုက်တယ်
“ရွှမ်းလေး နေရာမှာ ဝေဝေ ဆိုရင်ကောမင်းဒီလိုဘဲပြတ်သားမှာလား”
လုဟယ့်ထျန်း ကနောက်အနည်းငယ်ဆုတ်ပြီးခေတ္တခဏလောက်တိတ်ဆိတ်သွားသည်။
မြို့စားကတော်ဒါကိုတွေ့ပြီးတော့အဖြေကိုချက်ချင်းသိသွားပြီ ဘာများမသိစရာရှိမှာလဲ
လုဟယ့်ထျန မဖြေခင်မှာဘဲသူဘယ်လိုဖြေမယ်ဆိုတာကိုသိနေပြီ
ဝေဝေ ကသူ့သားရဲ့နှလုံးသားလေးဘဲ ရွှမ်းလေးကိုကမတော်တဆရလာတာ အဲ့တာကြောင့်လည်း လုဟယ့်ထျန်း နဲ့ မဒမ်လင်း တို့ဆက်ဆံရေးကယိုယွင်းပျက်စီးခဲ့ရတယ်
တစ်ခုတော့ထူးခြားတာက ဒီကိစ္စတွေအတွက် သူက ရွှမ်းလေးကိုတော့အပြစ်တော့မတင်ဘူး ရွှမ်းလေးကိုလည်းသမီးတစ်ယောက်လို့သဘောထားတာဘဲ ဒါပေမယ့် ဝေဝေလောက်တော့ သူ့ကိုတုန်နေအောင်ချစ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။
အဲ့တာကလူတွေရဲ့အလိုလိုက်ချင်းဘဲ ဒီထက်ပိုတာက ဝေဝေကမဒမ်လင်း ကိုယ်တိုင်မွေးဖွားခဲ့တာ လုဟယ့်ထျန်းက ဝေဝေ ကိုပေးတဲ့အလိုလိုက်မှုတွေနဲ့ချစ်ခြင်းတွေက မဒမ်လင်းကိုပေးသလိုမျိုးလည်းဖြစ်သည်။
လုဟယ့်ထျန်း သက်ရှည်ခန်းမ ထဲကထွက်လာပြီးပြီးခြင်းမှာဘဲ မြို့စားကတော်ကိုဘာလို့ပြန်မပြောလိုက်လဲဆိုတာကိုသူ့ကိုသူသိနေတယ် အနာဂတ်မှာ ဝေဝေ သာ ရွှမ်းလေး လိုမျိုးကိစ္စကြုံနေရရင် သူခုလိုဆုံးဖြတ်ချက်ချမှာမဟုတ်ဘူးဆိုတာကိုပေါ့
မြို့တော်ဝန် ရဲ့ဂုဏ်သိက္ခာပါထည့်မစဉ်းစားတော့ဘဲ ဝေဝေ ကိုတိုက်ခိုက်လာသမျှကို သူကာကွယ်ပေးမှာဘဲဖြစ်ပါသည်။
ဘာလို့လဲဆိုတော့ ဝေဝေက ရွှယ်ဟွာကိုယ်တိုင်သူ့အတွက်မွေးပေးခဲ့တာကို ရွှယ်ဟွာကသူအရမ်းချစ်ရတဲ့လူဖြစ်နေခဲ့တာကို...
လုလျန့်ဝေ က ကျူလင်း ဝမ်ဟယ်တို့နဲ့ အတူတူ အိမ်ထဲကိုပြန်လာသောအခါလောလောနဲ့ထွက်လာတဲ့ လုဟယ့်ထျန်း နဲ့ဝင်တိုက်မိသည်
လုဟယ့်ထျန်းစိတ်ထဲ ကိစ္စကြီးကြီးမားမား ရှိနေတာကိုသိသောကြောင့် လုလျန့်ဝေ ကစပ်စုချင်သလိုနဲ့
လုဟယ့်ထျန်း က လုလျန့်ဝေ ကိုတွေ့သောအခါရုပ်တည်ကြီးဖြစ်နေရာကအနည်းငယ်နူးညံ့သွားတဲ့အမူအရာနဲ့ပြုံးပြပြီးတော့
“အို ဒါဆိုရင်တော့ကောင်းကောင်းသွားပါအဖေဒါပေမယ့်အိမ်ကိုတော့စောစောပြန်လာဖို့မမေ့ပါနဲ့နော် သမီးဟင်းချက်ပြီးတော့ညစာစားဖို့စောင့်နေမယ်နော်”
လုဟယ့်ထျန်း ရဲ့အကြည့်တွေကရုတ်တရက်ပျော့ပြောင်းသွားပြီးသာမန်ထက်ပိုတဲ့အပြုအမှုတွေနဲ့ လုလျန့်ဝေ ရဲ့ဆံဖင်လေးတွေကိုဖွပြီးတော့
“ကောင်းပြီ အရသာရှိအောင်ချက်ထားနော် မဟုတ်ရင် အရိုက်ခံရမယ်”
လုလျန့်ဝေ လျှာထုတ်ပြပြီးတော့ပြောသမျှကိုနားထောင်ပြီးနောက်
“ကောင်းပြီလေ စားလို့မကောင်းရင် ဒီလအတွက်မုန့်ဖိုးကိုမပေးနဲ့တော့”