← Chapters

မိန်ထိုက်၏သရုပ်မှန်

Vol. 33 Ch. 490

မိန်ထိုက်၏သရုပ်မှန်

Vol. 33 Ch. 490

"ရွှေသန္ဓေအခြေခံအဆင့် ပထမအုပ်စု ပထမပွဲစဉ်မှာ အနိုင်ရသွားသူကတော့ ဂိုဏ်းမဲ့ကျင့်ကြံသူ ကျွမ်းရွှမ်ဖြစ်ပါတယ်"

ဒိုင်လူကြီးက ပထမပွဲရလာဒ် ကြေညာသည်။ အနိုင်ရသူက မထင်မရှားကျင့်ကြံသူဖြစ်သည်။

ဂိုဏ်းကြီးတပည့်ဖြစ်စေ ဂိုဏ်းငယ်တပည့်ဖြစ်စေ ကျင်စဉ်ရင်းမြစ်များကို သူတို့ဂိုဏ်းကထောက်ပံ့သည်။

ဂိုဏ်းမဲ့ကျင့်ကြံသူများက ထိုသို့မဟုတ်။ ကျင့်စဉ်ရင်းမြစ်မရှိ။ ငွေကြေးဥစ္စာ၊ အပေါင်းအသင်း၊ ကျင့်ကြံသည့်နေရာ အစစအရာရာ ရှားပါးသည်။ အကြီးအကဲများ၏ လမ်းညွှန်မှုမရှိသဖြင့် တစ်ချက်လွဲချာ်သည်နှင့် လမ်းမှာရောက်သွားနိုင်သည်။ လမ်းမှန်ပေါ် ပြန်လှည့်နိုင်ဖို့ ခက်ခဲသည်။

ထို့ကြောင့်လည်း ဂိုဏ်းမဲ့ကျင့်ကြံသူများ၏ ကျင့်စဉ်အဆင့်နှင့် အရည်အချင်းသည် ဂိုဏ်းကျင့်ကြံသူများထက် များစွာနိမ့်ကျလေ့ရှိသည်။

မြို့တော်အဆင့် ပြည့်နယ်အဆင့် ဂိုဏ်းကျင့်ကြံသူများစွာကို အနိုင်ယူပြီး တာအိုလမ်းစဉ်ဂိုဏ်းအထိ ရောက်လာနိုင်သည်မှာ လွယ်ကူသည့်ကိစ္စမဟုတ်။

"သူ့နာမည် မှတ်ထားလိုက်။ ဒီကောင်အတော်သံသယဖြစ်စရာကောင်းတယ်"

ကျန်းချွင်က လော်ရွှေအစောင့်ကိုပြောသည်။

ကျွမ်းရွှမ်၏ အစောပိုင်းတိုက်ပွဲမှတ်တမ်းများကို ပြန်စစ်ဆေးသည်။ ဖိုင်နယ်အဆင့်သို့ လွယ်ကူချောမွေ့စွာ ရောက်လာသူဖြစ်သည်။ ပွဲတစ်ပွဲအနိုင်ယူဖို့ သိုင်းငါးကွက်ထက်ပိုမသုံးခဲ့။ ဖိုင်နယ်ပွဲ၏ ပထမပွဲမှာပင် ငါးကွက်ဖြင့် ပြိုင်ဘက်ကို အနိုင်ယူခဲ့သည်။

ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးသည်။

"ဟုတ်ကဲ့"

လော်ရွှေ့အစောင့်လက်ထဲမှ နာမည်စာရင်းက စာမျက်နှာတစ်ဝက်ခန့် ပြည့်နေပြီဖြစ်သည်။

"နောက်တစ်ခါဆို မင်းကိုငါ သေချာပေါက်အနိုင်ယူမယ်"

ရှုံးသွားသည့်ကျင့်ကြံသူက ဇွဲမာန်အပြည်ရှိသည်။ စိတ်ဓာတ်လုံးဝမကျ။ နောက်တစ်ပွဲယှဉ်ဖို့ပင် ချိန်းဆိုနေသည်။

ကျွမ်းရွှမ်က ပြိုင်ဘက်ကို အေးစက်စက်ကြည့်သည်။

"ပျင်းစရာကောင်းတယ်"

"မင်း..."

ရှုံးသည့်ကျင့်ကြံသူ မျက်နှာနည်းနည်းပျက်သွားသည်။ ကျွမ်ရွှမ်က မောက်မာလွန်းနေသည်။

ပြိုင်ဘက်အမူအရာကို အရေးမစိုက်ဘဲ ကျွမ်းရွှမ် စင်ပေါ်မှခုန်ဆင်းသွားပြီး ပျင်ပျင်းရိရိ သမ်းတစ်ချက်ဝေသည်။

ပြိုင်ပွဲဆုကြေးများသာ မက်မောစရာမရှိလျှင် ထိုကောင်လေးများနှင့် ကစားဖို့ သူစိတ်ဝင်စားမည်မဟုတ်။

အနိုင်ရသည်က အဓိပ္ပါယ်မရှိ။ ဘာစိန်ခေါ်မှုမှမရှိ။

သိပ်မကြာမီ ဒုတိယပွဲကို ကျွမ်းရွှမ် ဆက်ပြိုင်ရသည်။ ပြိုင်ဘက်က ယဉ်ကျေးသည့်ဟန်ပန်နှင့် ဓားကိုင်ကျင့်ကြံသူဖြစ်သည်။ လူရည်မွန်ဓားပညာကျင့်ကြံသည် စာပေကျင့်ကြံသူ ဖြစ်ဟန်ရှိသည်။

"ကျုပ်က ဓားမျှော်စင်က မိန်ထိုက်ပါ။ ကျုပ်ကို အလင်းပြပါဦး"

မိန်ထိုက် ဓားကိုလက်နှစ်ဘက်ဖြင့်ကိုက်၍ ဓားဦးချွန်ကို အောက်သို့စိုက်ပြီး မဝံ့မရဲပြုံး၍ ဦးညွှတ်အရိုအသေပေးသည်။

ကျွမ်းရွှမ်ပုံစံက အိပ်ရေးမဝသေးသည့်လူတစ်ယောက်လိုဖြစ်နေသည်။

ယခုလို ယဉ်ကျေးသည့်ကျင့်ကြံသူများကို သူလုံးဝမကြိုက်။ ထိုလူများသည် သွေးဆာသည့်အရိပ်မျိုးမရှိ။ ယှဉ်ပြိုင်လက်ရည်စမ်းဖို့သာ ကောင်းသည်။ အသေအရှင်တိုက်ပွဲမျိုးကြုံလျှင် အရင်သေကြသည်။

စုစည်းခြင်းအဆင့်တွင် စာပေကျင့်ကြံသူတစ်ချို့နှင့် သူတိုက်ခိုက်ခဲ့ဖူးသည်။ ထိုကျင့်ကြံသူမျိုးသည် နန်းတွင်းရုံးတော်တွင်သာ စကားစစ်ထိုး၍နေသင့်သည်။ တိုက်ပွဲမဝင်သင့်။

"ဝှစ်"

အစိမ်းရောင်ဓားရိပ်တစ်ခု ဖျတ်သန်းသွာားသည်။ ကျွမ်းရွှမ် အလိုလို ခေါင်းငဲ့၍ရှောင်သည်။ ဓားရိပ်က သူ့လည်ပင်းကို ပွတ်ထိသွားသည်။ အပေါ်ယံပြတ်ရှရာတစ်ခု ပေါ်လာသည်။ သိပ်မကြာမီ သွေးစိမ့်ထွက်လာသည်။

"ဓားညာကို ဒီအဆင့်ထိ ကျင့်ကြံထားတယ်ပေါ့"

တစ်ခြားပြိုင်ပွဲဝင်ကျင့်ကြံသူများ အံ့ဩသွားကြသည်။ မိန်ထိုက်၏ ပထမတိုက်ပွဲကို တစ်ချို့က မကြည့်လိုက်ရ။ ယခုမှ သူတကယ်စွမ်းအားကြီးမှန်း နားလည်လာသည်။

"ရွှေသန္ဓေအခြေခံအဆင့်နဲ့ ဒီဓားစွမ်းမျိုးရှိတယ်ပေါ့။ တာအိုရှင်ဝစီပိတ်နဲ့ ယှဉ်နိုင်လောက်တယ်"

(**ကျင့်စဉ်အဆင့်တူအနေဖြင့်ယှဉ်ကြည့်ခြင်းကို ဆိုလိုပါသည်)

ကျင့်ကြံသူလောကမှ အကြီးအကဲများ အံ့အားသင့်နေသည်။ ဝစီိပတ်နှင့်ယှဉ်နိုင်သည့် ဓားပါရမီရှင်မျိုး အလယ်ပိုင်းတိုက်နယ်တွင် မမြင်ခဲ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။

"ဒီကျွမ်းရွှမ်ကလည်း ထူးခြားတယ်။ အစကတည်းကနေခုထိ သူ့စွမ်းအား အပြည့်အဝထုတ်မသုံးသေးဘူး"

တစ်ခြားအကြီးအကဲတစ်ယောက်က ခေါင်းငြိမ့်သည်။ တကယ်ထူးခြားသည့်ပွဲဖြစ်သည်။ အစောပိုင်းပွဲစဉ်များသည်ပင် အမြင်ကျယ်စရာဖြစ်ခဲ့သည်။ ယခု ရွှေသန္ဓေအခြေခံအဆင့်တိုက်ပွဲက ပို၍စိတ်ဝင်စားစရာကောင်းသည်။

"တိုက်ပွဲက ပြင်းထန်လောက်တယ်"

အရပ်မြင့်မြင့်ကျင့်ကြံသူတစ်ယောက်က ပြောသည်။ သူ့အကြည့်က ရေခဲလိုအေးစက်သည်။

ပထမပွဲတွင် ဟွမ်မင်ကို သူရှုံးသွားသည်။ ကျွမ်ရွှမ်တိုက်ခိုက်သည့် ပုံစံကို သူလေ့လာခဲ့သည်။ ထို့နှစ်ယောက် ရင်ဆိုင်တွေ့လျှင် မီးပွားများ သေချာပေါက် လွင့်ပျံလာလိမ့်မည်။

"ငါ့ရဲ့လိပ်အသက်ရှူပညာ တောက်ပခွင့်မရတာ ဆိုးတာပဲ"

ပြိုင်ပွဲစင်ကြမ်းပြင်သို့ ကျွမ်းရွှမ်လည်ပင်းတွင်ဆွဲထားသည့် ကျောက်စိမ်းတံဆိပ် ပြုတ်ကျလာသည်။

အစိမ်းရောင်ဓားရိပ်က သူ့လည်ပင်းသားကိုသာ ပွတ်ထိသွားသည်မဟုတ်။ တံဆိပ်ဆွဲထားသည့် ကြိုးကိုပါ ဖြတ်သွားသည်။

ကျွမ်းရွှမ် ခါးကုန်း၍ တံဆိပ်ကို တည်ငြိမ်စွာ ကောက်လိုက်သည်။ သူ့စကားသံက တိုးညှင်းအက်ကွဲနေသည်။ သို့သော် ခံစားချက်ကင်းမဲ့သည်။

"မိတ်ဆွေကျွမ်းရွှမ်၊ အခုခင်ဗျား အတည်တိုက်ခိုက်ချင်ပြီလား"

မိန်ထိုင်မျက်လုံးများ အရောင်တောက်နေသည်။ တိုက်ခိုက်ဖို့ စိတ်အားထက်သန်နေသည်။

ကျွမ်းရွှမ်က သူ့အမေးကို ပြန်မဖြေဘဲ သူ့ဘာသာရေရွတ်သည်။ သို့သော် မိန်ထိုက်ကို ရည်ညွှန်းနေသယေင်ရှိသည်။

"ဒီကျောက်စိမ်းတံဆိပ်က အရမ်းအရေးပါတဘ်။ ငါ့ဆရာသေခါနီးမှာ ပေးသွားတာ။ ငါက မိဘမဲ့တစ်ယောက်လို့ ဆရာကပြောတယ်။ သူငါ့ကိုတွေ့တဲ့အချိန်မှာ ဒီတံဆိပ်ကို ငါကိုင်ထားတယ်တဲ့။ ဒါဟာ ငါ့မိဘတွေချန်ခဲ့တဲ့ တစ်ခုတည်းသောသဲလွန်စပဲ။ ငါအမြဲတမ်း ကိုယ်နဲ့မကွာထားခဲ့တာ။ မြေကြီးကို ဘယ်တော့မှထိခွင့်မပေးခဲ့ဘူး။

မင်းက ဒါကိုပြုတ်ကျအောင်လုပ်ခဲ့တဲ့ ပထမဆုံးလူပဲ။ နဂါးတစ်ကောင်မှာ ပြောင်းပြန်အကြေးခွံတစ်ခုရှိတာ မင်းသိလား။ အဲဒါကိုထိတဲ့လူမှန်သမျှ သေရမယ်"

ကျွမ်းရွှမ်လည်ပင်းထဲမှ သားရဲအော်သံမျိုး ထွက်ပေါ်လာသည်။ ကြားရသူတိုင်း ကြက်သီးထလာသည်။ ဖျတ်ခနဲသူခေါင်းမော့၍ မိန်ထိုက်ကို စိုက်ကြည့်သည်။ မျက်လုံးများက ရူးသွပ်နေသည့် သားရဲတစ်ကောင်လို ဖြစ်နေသည်။

"သူ့စွမ်းအင်ရောင်က..."

ချီထိန်းချုပ်ဂိုဏ်းသခင် နည်းနည်းအံ့အားသင့်သွားသည်။ ယခု ကျွမ်းရွှမ်၏ စွမ်းအင်ရောင်က နတ်ဝိညာဉ်အခြေခံအဆင့်နှင့် တန်းတူဖြစ်နေသည်။

ကျွမ်းရွှမ်သည် ‌ရွှေသန္ဓေအဆင့်သာဖြစ်သည်။

သူဒေါသတကြီး မိန်ထိုက်ထံ ခုန်ဝင်သွားသည်။ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသည့် အနက်ရောင်စွမ်းအင်များ ထိုးထွက်နေသည်။ ဘယ်လိုပညာသုံးနေသည်ဖြစ်စေ သူ့ကို ဘယ်သူမှရင်ဆိုင်ချင်မည်မဟုတ်။

"ဘုန်း"

ဓားစွမ်းအင်ရောင်တစ်ခုကြောင့် ကျွမ်းရွှမ် စင်ပေါ်မှလွင့်ထွက်၍ အောက်ဘက်မြေပြင်ပေါ်ကျသွားသည်။

"ဟူး...တကယ့်သီသီလေးပဲ"

မိန်ထိုက် ရင်ဘတ်ကိုလက်ဖြင့်ပုတ်နေသည်။ သူတုန်လှုပ်နေဆဲဖြစ်သည်။

စိတ်တည်ငြိမ်လာပြီးနောက် စင်မြင့်အစွန်းသို့လျှောက်သွား၍ မင်သက်မိနေသည့် ကျွမ်းရွှမ်ကိုကြည့်၍ သူ့ဓားဖြင့်ဦးညွှတ်အရိုအသေပေးသည်။

"စွမ်းအင်ရောင်မြင့်တိုင်း ကျင့်စဉ်စွမ်းအားမြင့်တာမဟုတ်ဘူးဆိုတာ မိန်ထိုက် ဒီနေ့ သင်ခန်းစာရသွားပါပြီ"

ကျွမ်းရွှမ် ငေးကြောင်နေသည်။ ဘာဖြစ်သွားသည်ကို သူနားမလည်။ မိန်ထိုက်ကို တစ်စစီဆုတ်ဖြဲဖို့ ဒေါသတကြီး သူခုန်ဝင်သွားသည်။ ဘယ်လိုဖြစ်ပြီး သူရှုံးသွားသည်မသိ။

......

"မင်းတို့ဓားမျှော်စင်က ဒီတပည့်ကို ဘယ်ကနေခေါ်လာတာလဲ"

လူပါချန်း စစ်ခုန်ကို တအံ့တဩမေးသည်။

တစ်ခြားလူများ မရိပ်မိသော်လည်း ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ဖြစ်၍ သူရိပ်မိသည်။ မိန်ထိုက်၏ ဓားချက်တွင် စကြာဝဠာ(လေဟာနယ်) စွမ်းအားပါသည်။ အပြောင်းအလဲများစွာပါဝင်သည်။ ရွှေသန္ဓေအဆင့်တစ်ယောက် ထုတ်သုံးနိုင်သည့်အတိုင်းအတာထက် များစွာ ကျော်လွန်နေသည်။

နတ်ဝိညာဉ်အဆင့်ဓားပညာရှင်တစ်ယောက်ပင် ထိုဓားချက်မျိုးထုတ်သုံးနိုင်လျှင် ပါရမီရှင်ဟု ခေါ်နိုင်သည်။

အမြဲတမ်းကြွားလုံးထုတ်တ်သည့် လူပါချန်း၏ အမူအရာကိုကြည့်၍ စစ်ခုန် အတော်ကျေနပ်သွားသည်။

"ဟားဟား။ ငါမင်းကိုပြောသားပဲ။ မိန်ထိုက်ဟာ ငါတို့ဓားအဓိပဓိအမွေကိုရထားတဲ့ တစ်ဦးတည်းသောတပည့်ဆိုတာလေ"

......

"ဒီဓားချက်က တကယ်လေးစားစရာပဲ။ ငါ့ဓားစွမ်းအားလည်း အဲလောက်ပဲရှိတာ"

သိစိတ်နယ်မြေတွင် ပိတ်လှောင်ခံထားရသည့်လုယန်က နတ်မယ်ဖွင့်ပေးထားသည့် ပြတင်းပေါက်ငယ်လေးတစ်ခုမှ ပြိုင်ပွဲစင်ကို အကဲခတ်နေသညည်။

မိန်ထိုက်၏လှုပ်ရှားပုံက တကယ်အံ့ဩစရာကောင်းသည်။

မိန်ထိုက်ကြောင့်သာမဟုတ်လျှင် သူ့ကိုယ်သူ ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်းပင် မေ့သွားလောက်သည်။

"ဒီကောင်လေးက လူသားမဟုတ်လောက်ဘူး"

နတ်မယ်က မိန်ထိုက်ကို နောက်တစ်ကြိမ်ထပ်ကြည့်ပြီးနောက် စိတ်ဝင်စားမှုခမ်းသွားသည်။

သူစိတ်မဝင်စားသော်လည်း လုယန်စိတ်ဝင်စားသွားသည်။ အကြောင်းရင်းကို ချက်ချင်းမေးသည်။

"သူက အသိဉာဏ်ရလို့ သက်ရှိဖြစ်လာတဲ့ ဓားဝိညာဉ်တစ်ခုဖြစ်လောက်တယ်။ နောက်ပိုင်းမှ တစ်ယောက်ယောက်က သူ့အတွက် ခန္ဓာကိုယ်တစ်ခုဖန်တီးပြီး သူ့ကိုဝင်ခိုင်းခဲ့တာ။ ဝိညာဉ်နှင့်အသွေးအသားတွေ ပေါင်းစပ်သွားတော့ သက်ရှိလူတစ်ယောက်လို ဖြစ်လာတယ်လေ"

လုယန် စဉ်းစားသည်။ ပြိုင်ပွဲဝင်ပါရမီရှင်အားလုံး၏ အချက်အလက်ကို သူရထားသည်။ မိန်ထိုက်သည့် ဓားမျှော်စင်အဓိပဓိ၏ အသိမှတ်ပြုခံရပြီး ပညာအမွေကို ဆက်ခံခဲ့သည်ဟု ဖော်ပြထားသည်။

"သူက ဓားအဓိပဓိရဲ့ ဓားဝိညာဉ်များလား"

ထိုသို့ဆိုလျှင်တော့ အားလုံးအဓိပ္ပါယ်ရှိပါသည်။

All Chapters