← Chapters

အဆင့်မတက်သူများကို သေချာစောင့်ကြည့်

Vol. 33 Ch. 487

အဆင့်မတက်သူများကို သေချာစောင့်ကြည့်

Vol. 33 Ch. 487

ဖိုင်နယ်ပွဲတက်လာသည့် ချီအဆင့်များသည် အခြေတည်အဆင့်တက်ဖို့ အတွေးတစ်ချက်သာ လိုတော့သည့်လူများဖြစ်သည်။

သူတို့ထဲတွင် လွန်ခဲ့သည့်တစ်လလောက်ကတည်းက အခြေတည်အဆင့်သို့ တက်နိုင်သူများပါသည်။ သို့သော် ယခုချိန်အထိ ထိန်းထားသည်။ တိုက်ပွဲတွင် အဆင့်တက်ဖို့ ဆုံးဖြတ်ထားကြသည်။

ပထမပွဲ ပြိုင်ပွဲဝင်နှစ်ယောက်က ချန်ချန်းရှိနှင့် စုယွီတောင်ဖြစ်သည်။

ချန်ချန်းရှီက အခြေတည်ဆင့်တက်ပြီး နိုင်တော့မည်ဟု ထင်နေသည်။ သူ့ပြိုင်ဘက်လည်း သူ့လိုရည်ရွယ်ချက်မျိုး ရှိနေမည်ဟု ထင်မထား"

"ဒီလူငယ်နှစ်ယောက်က ဝှက်ဖဲကိုယ်စီရှိကြတာပဲ။ ဘယ်သူနိုင်မလဲမသိဘူး"

ဂိုဏ်းအကြီးအကဲများ သူတို့ချင်း တီးတိုးပြောနေကြသည်။ ထိပ်ဆုံးသို့ရောက်လာမည့်လူကို မှန်းဆနေသည်။

နှစ်ယောက်လုံးက ကျင့်စဉ်အဆင့်တူ အခြေခံစွမ်းအားတူသည်။ နောက်ဆုံးအချိန်တွင် အလှည့်အပြောင်း ဖြစ်သွားနိုင်သည်။

"နှလုံးချုပ်ဂိုဏ်းက ငါ့တပည့်ပဲ နိုင်မှာပါ"

နှလုံးချုပ်ဂိုဏ်းချုပ်က ရှေ့တိုးလာပြီး ကြေညာသည်။ သူ့တပည့် ချန်ချန်းရှီကို အားပေးသည်။

"ဪ..မင်းက ငါ့လေဟာနယ်ဖျက်ဂိုဏ်းကို အထင်သေးတာလား"

လေဟာနယ်ဖျက်ဂိုဏ်းချုပ် မျက်လုံးမှေးစင်းသွားသည်။ သူ့လေသံက အဓိပ္ပါယ်ပါသည်။ စုယွီတောင်သည် သူ့ဂိုဏ်းတပည့်ဖြစ်သည်။

နှလုံးချုပ်ဂိုဏ်းချုပ်က တည်ငြိမ်စွာပြုံးလျက်

"အခြေအနေမှန်ကို ပြောရုံပါပဲ။ အထင်သေးတဲ့သဘော မပါပါဘူး"

"ဒါဆို လောင်းကြမလား။ မဟာယုကျင့်ကြံသူတွေကို နိုင်တဲ့လူယူကြေးလေ"

(မဟာယုကျင့်ကြံသူများထံမှ မေးမြန်းစစ်ဆေး၍ ရတနာများရှာဖွေပြီး ရလာမည့်အကျိုးအမြတ်ကို ရည်ညွှန်းဟန်ရှိပါသည်)

"ကောင်းပြီလေ။ လောင်းကြတာပေါ့။ ဘာကြောက်စရာအကြောင်းရှိလဲ"

ထိုနှစ်ဂိုဏ်းက အမြဲတမ်းပြိုင်ဘက်များဖြစ်ခဲ့သည်။ အင်အားချင်းလည်း တန်းတူဖြစ်သည်။ နောက်ဆုတ်သွားသည့်လူသည် နောင်တစ်ချိန် လှောင်ရယ်ခံရလိမ့်မည်.

ချီအဆင့်တိုက်ပွဲများက ထင်ထားသည်ထက်ပိုကြမ်းတမ်းနေသည်။ အကြမ်းဖျင်းတွက်ချက်မှုအရ ပြိုင်ပွဲဝင် ၉၆ ရာနှုန်းခန့် တိုက်ခိုက်ရင်း အဆင့်တက်ခဲ့သည်။ ထိုအုပ်စု၏ ပျမ်းမျှတိုက်ခိုက်စွမ်းအား မြင့်တက်လာသည်။

နောက်ဆုံးတွင် ချီထိန်းချုပ်ဂိုဏ်း၏တပည့်စစ်က အနိုင်ရသွားသည်။

"တိုက်ပွဲမှာ အဆင့်မတက်ခဲ့တဲ့လူတွေကို ရေးမှတ်ထားပါ။ သူတို့ဟာ အဓိကစောင့်ကြည့်ရမယ့်လူတွေပဲ"

ကျန်းချွင် သူ့တပည့်များကို ညွှန်ကြားသည်။ ထိုလူများသည် ကျင့်စဉ်ပြန်စသည့် ရှေးဟောင်းကျင့်ကြံသူများဖြစ်နိုင်သည်ဟု သူသံသယရှိသည်။

"ဟုတ်ကဲ့"

ကိုယ်ရောင်ဖျောက်ထားသည့် လော်ရွှေတပ်ဖွဲ့ဝင်က အကြောင်းပြန်သည်။ ထိုတပ်ဖွဲံဝင်များသည် ကိုယ်ရောင်ဖျောက်မှော်ပညာများ လေ့ကျင့်ထားသည်။ သူတို့ကို အာရုံခံဖို့ ခက်ခဲသည်။

သို့သော် မနေ့က လော်ရွှေတပ်ကို တာအိုလမ်းစဉ်ဂိုဏ်းသို့ ကျန်းချွင်ခေါ်လာချိန်တွင် မြစ်ဝိညာဉ်က သူတို့ကို မြင်သည်။

ကျန်းချွင် ကျေနပ်စွာခေါင်းငြိမ့်လိုက်သည်။ ရလာဒ်မြန်မြန်ပေါ်သဖြင့် ကျေနပ်နေသည်။

"ဒါနဲ့...မနေ့က အကြီးအကဲတို့ဆီ ကျုပ်လာလည်သေးတယ်။ တစ်ယောက်မှမတွေ့ဘူး။ အားလုံး ဘယ်ရောက်နေကြတာလဲ"

ပူဇော်ပွဲအခမ်းအနားပြီးချိန် ဂိုဏ်းချုပ်များနှင့်တွေ့ဖို့ သူသွားသည်။ သို့သော် အကြီးအကဲထောင်ယာနှင့် စကားပြောနေသည့် လော်ဟုန်ရှားကိုသာ သူတွေ့ရသည်။

ထိုနှစ်ယောက်က သိစိတ်အာရုံမှ ဆက်သွယ်ပြောဆိုနေသည်။ ကျန်းချွင်က ထိုအဖြစ်ကို (မိန်းကလေးချင်း) ချစ်ခွန်းခြွေနေသည်ဟု အထင်မှားခဲ့သည်။ ထို့ကြောင့် အနှောက်အယှက်မပေးရဲခဲ့။

ထာဝရနတ်မယ်စိတ်တွင် သူလည်း 'အကြီးအကဲ'ထဲတွင်အကျုံးဝင်သည်ဟု ယူဆ၍

"မဟာယုကျင့်ကြံသူတွေ ဂိုဏ်းထဲကို ခိုးဝင်ပြီး ပွဲတော်ကိုနှောက်ယှက်မယ်လို့ သတင်းရခဲ့လို့ပါ"

ချိုးကျင်အန်းက အလိုက်သင့် ဝင်ပြောသည်။

"ဂိုဏ်းချုပ်လုဆီက သတင်းကြားလို့ ရတနာသေတ္တာတစ်ခုထဲ ဝင်ပုန်းနေပြီး မဟာယုကျင့်ကြံသူတွေ ထောင်ချောက်ထဲဝင်လာတဲ့မယ့်အချိန်ကို ငါတို့စောင့်နေခဲ့တာပါ"

ကျန်းချွင် တွေးရခက်သွားသည်။ ဘာကြောင့် ထိုသတင်းကို လော်ရွှေတပ်က မသိရသနည်း။ ဘာကြောင့် ရတနာသေတ္တာထဲ ဝင်ပုန်းနေရသနည်း။

ယန်တိန့်က ထပ်ပြောသည်။

"တူတော်ချွင်၊ မင်းမသိဘူးထင်တယ်။ ရတနာသေတ္တာဆိုတာက လသံလွင်မသေမျိုးနန်းတော်က အဓိပဓိရတနာပါ။ စိတ်ကိုညှို့နိုင်တဲ့အစွမ်းရှိတယ်။ အဆင့်မြင့်ကျင့်ကြံသူတွေကို သေတ္တာထဲ မျှားခေါ်ဖို့လွယ်တယ်လေ"

"အဲလောက်တောင် စွမ်းအားရှိတယ်ပေါ့"

ကျင်းချွင် အံ့အားသင့်သွားသည်။ သူရတနာမျိုး သူတစ်ခါမှမကြားဖူး။ မသေမျိုးငါးဂိုဏ်း၏ ပညာရပ်များက အဆင့်မြင့်လှသည်။

"ဒါဆို ကျုပ်ကျတော့ ဘာကြောင့် စိတ်မညှို့ခံရတာလဲ"

"မင်းရဲ့ကျင့်စဉ်စွမ်းအားက နိမ့်လွန်းလို့ပါ"

ကျန်းချွင် "...."

"အခု မဟာယုကျင့်ကြံသူတွေ ဘယ်မှာလဲ"

"ရတနာသေတ္တာထဲမှာ"

လော်ဟုန်ရှား သူ့သေတ္တာကို ပုတ်ပြသည်။ သူ့နည်းနည်းမကျေမနပ်ဖြစ်နေသည်။ သေတ္တာ၏ တန်ဖိုးနှင့်အတူ သူ့အဆင့်အတန်းပါ မြင့်တက်လာသလိုဖြစ်နေသည်။ လမ်းတစ်လျှောက်တွင် လူအတော်များများက သေတ္တာကို သေချာစောင့်ရှောက်ဖို့ အကြံပေးသည်။

အန္တရာယ်ကြုံလျှင် အကူခေါ်ဖို့ ပြောကြတယ်။ ချက်ချင်းပြေးလာပြီး ကူညီမည်ဟု ကတိပေးကြသည်။

ထိုလူအားလုံးက သေတ္တာ၏တန်ဖိုးကို စိတ်ဝင်စားနေကြခြင်းသာဖြစ်သည်။

"သူတို့အားလုံးကို ဖမ်းမိပြီပေါ့"

ကျန်းချွင် ရှက်သွားသည်။ ကျင့်စဉ်ပြန်စသည့်ဟု သံသယရှိသည့်လူများကို ရှာနိုင်သဖြင့် သူ့ကိုယ်သူ ဂုဏ်ယူနေခဲ့သည်။ သို့သော် တာအိုလမ်းစဉ်ဂိုဏ်းက မဟာယုအုပ်စုတစ်ခုလုံးနီးပါး ရှင်းလင်းပြီးဖြစ်သည်။

မသေမျိုးနတ်မယ် တည်ငြိမ်စွာခေါင်းငြိမ့်သည်။

"အားလုံးနီးပါးပဲဆိုပါတော့။ နိုင်ငံ့ဆရာတော့‌ ပျောက်နေတုန်းပဲ။ သူက မသေမျိုးတစ်ဝက်အဆင့်လို့ပြောတယ်။ ဘယ်နေရာမှာ ပုန်းနေသလဲမသိဘူး။ ဒါပေမယ့် ဒီကိစ္စကို ရှောင်ယွမ်က တာဝန်ယူမယ်လို့ ပြောပါတယ်"

မသေမျိုးတစ်ဝက်အဆင့်ဟု ကြားချိန်တွင် ကျန်းချွင် စိုးရိမ်လာသည်။ သို့သော် ယွမ်ကျိဖြေရှင်းမည်ဟုသိရသဖြင့် သူစိတ်အေးသွားသည်။

...နေပါဦး၊ ခုနက ဂိုဏ်းချုပ်လု ယွမ်ကျိကို ဘယ်လိုခေါ်လိုက်တာလဲ...

ကျန်းချွင် တုန်လှုပ်သွားသည်။ ဂိုဏ်းချုပ်လုနှင့် ရင်းနှီးမှုယူဖို့ သူ့အဖေပြောခဲ့သည်မှာ အံ့ဩစရာမရှိတော့။ ဂိုဏ်းချုပ်လုနှင့် ယွမ်ကျိက သူထင်ထားသည်ထက် ပိုရင်းနှီးနေသည်။

ကိုယ်တော်ကျဲ့ရှားက ပုတီးစိပ်နေရာမှရပ်လျက် ထာဝရနတ်မယ်နှင့် တစ်ခြားလူများကို လှည့်ကြည့်သည်။ သူဝစီပိတ်ကျင့်နေသည့်အဖြစ်ကို သူ့ဘာသာ ကျေနပ်မိသည်။

အော်မီတော်ဖော်...ဘုန်းကြီးများသည် လိမ်ပြော၍မရ။

အခြေတည်အစောပိုင်းအဆင့်နှင့် အလတ်တန်းအဆင့် ပြိုင်ပွဲဝင်များလည်း တိုက်ခိုက်ရင်း အဆင့်တက်ကြသည်။ သို့သော် ချီအဆင့်ပြိုင်ပွဲလောက်တော့မများ။

အခြေတည်အစောပိုင်းဆင့် အလတ်တန်းဆင့်များ ပြည့်စုံသည့်အနေအထားထိ ပါရမီရှင်အားလုံး ကျင့်ကြံထားကြသည်မဟုတ်။

အနိုင်ရသူနှစ်ယောက်က လုယန်မသိသည့် ဂိုဏ်းဝင်များဖြစ်သည်။ ထာဝရနတ်မယ်ပင် ထိုဂိုဏ်းနားမည်များကို မကြားဖူး။

ဒုတိယအဆင့်ဂိုဏ်းတစ်ခုနှင့် တတိယအဆင့်ဂိုဏ်းတစ်ခုဖြစ်သည်။

မသေမျိုးငါးဂိုဏ်းက ဤပထမအုပ်စုသုံးခုတွင် ပြိုင်ပွဲဝင်တစ်ယောက်မှ မလွှတ်ခဲ့။ သူတို့တပည့်များသည် အနည်းဆုံး အခြေတည်နောက်ဆုံးအဆင့်ရှိသည်။

ပထမအုပ်စုသုံးခုတွင် တစ်ယောက်ယောက်ထည့်ရမည်ဆိုလျှင် သူတို့၏ထမင်းချက်အကူများကို ထည့်ရပေလိမ့်မည်။

"ခုနကလူတွေကို မင်းတို့မှတ်ထားလား"

ကျန်းချွင်က သူ့နောက်ဘက်မှ ကိုယ်ရောင်ဖျောက်ထားသည့် လောာရွှေ့တပ်ဖွဲ့ဝင်ကို သိစိတ်အာရုံမှ လှမ်းပြောသည်။

"အားလုံးမှတ်ထားပါတယ်"

"ပြန်ရောက်ရင် သူတို့နောက်ခံကို စုံစမ်းပါ"

ချိုးကျင်အန်းက ဘေးဖယ်ပေးပြီး ကိုယ်ရောင်ဖျောက်ထားသည့် လော်ရွှေအစောင့်ကို စေတနာဖြင့် ပြောသည်။

"မင်းကိုယ်ရောင်ဖျောက်မနေပါနဲ့တော့လား။ အားလုံးက မင်းဒီနားမှာပုန်းနေမှန်း သိနေကြတာပဲလေ။ ပြီးတော့ ဝိညာဉ်အာရုံနဲ့ဆက်သွယ်တာကိုလည်း ငါတို့အားလုံးကြားနေရတာပဲ။ ဒီအတိုင်းပဲ တိုက်ရိုက်ပြောပါလား"

ချိုးကျင်အန်းတို့အားလုံး လော်ရွှေအစောင့်ကိုမြင်ရသည်။ ကျန်းချွင်နှင့် ဆက်သွယ်သည့်စကားကို ကြားနေရသည်။ ဘာကြောင့် ခိုးကြောင်ခိုးဝှက်ပုံစံမျိုး လုပ်နေကြသည်မသိ။

လော်ရွှေ့အစောင့် မတတ်သာပဲ လူလုံးထွက်ပြလိုက်ရသည်။

တိုက်ပွဲအတွေ့အကြုံကို အဓိကသုံးသပ်၍ သံသယကျင့်ကြံသူများကို စစ်ထုတ်နေခြင်းဖြစ်သည်။ တိုက်ပွဲအတွေ့အကြုံကြွယ်သူများ၊ အားနည်းချင်ယောင်ဆောင်နေသူများ သို့မဟုတ် ခန္ဓာကိုယ်ပူးကပ်ခံထားရသူများသည် ကျင့်စဉ်ပြန်စသည့် ရှေးဟောင်းကျင့်ကြံသူများ ဖြစ်ဖို့များသည်။

ဤပွဲအတွက် ဆုကြေးများ ရက်ရက်ရောရောပေးထားသည်။ အားနည်းချင်ယောင်ဆောင်နေသည့် စွမ်းအားကြီးကျင့်ကြံသူများကိုလည်း ဆွဲဆောင်နိုင်စွမ်းရှိသည်။

ထို့ကြောင့် တိုက်ပွဲအတွေ့အကြုံကြွယ်သူနှင့် ခန္ဓာကိုယ်ပူးကပ်ခံရသူများကိုသာ အဓိကစောင့်ကြည့်ရမည်။

မဟာရှားသည် ရှေးဟောင်းကျင့်ကြံသူများကို ဆန့်ကျင်သည်မဟုတ်။ ကျင့်စဉ်ပြန်စသည့်ကိစ္စကလည်း တရားမဝင်လုပ်ရပ်မဟုတ်။ အလွန်ဆုံး မှတ်တမ်းမဝင်သည့်အဆင့်သာ ရှိမည်။ ကောင်းကောင်းမွန်မွန် မှတ်ပုံတင်ရုံဖြင့် အဆင်ပြေသည်။

သို့သော် ရှေးဟောင်းကျင့်ကြံသူအများစုက မဟာရှားစည်းမျဉ်းများကို မလိုက်နာကြ။ သတ်ဖြတ်ခြင်း အဆိပ်ခတ်ခြင်းလို ရှေးဟောင်းနည်းလမ်းများ မဟာရှားခေတ်သို့ သယ်ဆောင်လာကြသည်။

ထို့ကြောင့်လည်း ဥပဒေမဲ့ရမ်းကားသည့် ဤနှစ်ချို့လူသားများကို အပြစ်ပေးရသည်။

နိုးထလာသည့် ရှေးဟောင်းကျင့်ကြံသူများသာ ကောင်းကောင်းမွန်မွန်နေလျှင် မဟာရှားအနေဖြင့် အရေးစိုက်စရာအကြောင်းမရှိ။

လုယန်သည်လည်း အတော်သံသယဖြစ်စရာကောင်းသည်။ ကူးဖြတ်ခြင်းအဆင့်ဖြစ်သည့် ဝါ့ရင့်ကိုယ်တော် ကျဲ့ရှားကို အနိုင်ယူနိုင်ခဲ့သည့် သူ့တိုက်ပွဲအတွေ့အကြုံနှင့် စွမ်းရည်သည် ပုံမှန်သဘောသဘာဝနှင့် ဆန့်ကျင်နသည်။

သို့သော် သူသည် ယွမ်ကျိ၏ ဆရာတူမောင်လေးဖြစ်သည်။ ယွမ်ကျိလည်း အရင်က အလားတူလုပ်ရပ်မျိုး လုပ်ဖူးသည်။ ထို့ကြောင့် လုယန်ကို မူမမှန်ဟု ဘယ်သူမှ သံသယမဝင်ကြ။

******************************************

All Chapters