ခန္ဓာကိုယ်ဖောက်ခွဲခြင်း
Vol. 33 Ch. 484
နိုင်ငံဆရာ ထာဝရအရှင်နှင့်သူ့ကြားမှ ကံကြမ္မာအဆက်အသွယ်ဖြတ်လိုက်သည်။ ထာဝရအရှင် သူ့အကြောင်းမေ့သွားသည်။ သူရှိနေသည်ကို အာရုံမခံနိုင်။
"လမီးတောက်စစ်"
သူ့စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။ မီးတောက်တစ်ခု မှုတ်ထုတ်လိုက်သည်။ ဝိညာဉ်များကို ချေမွဖျက်ဆီးရန် အထူးတီထွင်ထားသည့် မီးတောက်ဖြစ်သည်။ နေမီးတောက်စစ်ကဲ့သို့ နာမည်ကျော်သည်။ ထိုမီးတောက်ကို သူ့သန့်စင်ထားသဖြင့် မသေမျိုးတစ်ဝက်အဆင့်ပင် ခုခံနိုင်ဖို့ခက်သည်။
လမီးတောက်စစ်က အရိုးစားအဆိပ်ကဲ့သို့ ထာဝရအရှင်၏ ဝိညာဉ်ကို တိုက်စားသည်။
"ငါမှတ်မိပြီ"
နိုင်ငံ့ဆရာ တိုက်ခိုက်လိုက်သည့်အချိန်တွင် ကံကြမ္မာနှောင်ဖွဲ့မှု ပြန်ဖြစ်ပေါ်လာသည်။ အတိတ်က ဖြစ်ခဲ့သည့်အကြောင်းအရာအားလုံးကို ထာဝရအရှင် ပြန်မှတ်မိလာသည်။
ထာဝရအရိယဖလသန္ဓေစွမ်းအားကို အသက်သွင်း၍ သူ့ဝိညာဉ်ကို ပြန်ကုသပြီး လမီးတောက်စစ်ကို သန့်စင်သည်။
"ထင်တဲ့အတိုင်းပါလား။ မီးတောက်စစ်တစ်ခုတည်းနဲ့တော့ မင်းကိုအသေမသတ်နိုင်ဘူးပဲ"
ကြိုတင်မျှော်လင့်ထားသော်လည်း နိုင်ငံ့ဆရာ အံ့ဩနေဆဲဖြစ်သည်။ တစ်ဘက်လူက ဘယ်လိုနည်းလမ်းသုံးသည်ကို သူခွဲခြားမသိ။
လမီးတောက်စစ်ကို တန်ပြန်တိုက်ခိုက်နိုင်သည့် နည်းလမ်းများရှိသည်။ သို့သော် နည်းလမ်းတိုင်းက အရင်းအနှီးကြီးသည်။ ထာဝရအရှင်သုံးသည့် နည်းလမ်းများလောက် မရိုးရှင်း။
"ဒီစွမ်းအားက အရိယဖလသန္ဓေနဲ့ဆက်စပ်နေတာများလား"
တိုက်ပွဲက နိုင်ငံ့ဆရာထင်ထားသည်ထက်ပိုခက်ခဲသည်။ ဝိညာဉ်ခန္ဓာသာရှိသည့် ထာဝရအရှင်ကို အလွယ်တကူရှင်းပစ်နိုင်မည်ဟု သူထင်ခဲ့သည်။ သို့သော် ထာဝရအရှင်က သူ့ဝိညာဉ်သူ အချိန်မရွေးပြန်ကုသနိင်သည်။
သူ့ဝိညာဉ်ကို တိုက်ခိုက်ရအခက်အခဲဆုံးဖြစ်နေသည်။
သာမန်ကျင့်ကြံသူများသည် မှော်စွမ်းအားတိုက်ပွဲများတွင် မှော်ပညာများ ရုပ်စွမ်းအားများသုံးကြသည်။ စုစည်းခြင်းအဆင့်တွင် နောက်ထပ်စွမ်းအားတစ်မျိုး ထပ်တိုးလာသည်။ 'စည်းမျည်း'ဖြစ်သည်။ သို့သော ထိုအဆင့်စည်းမျဉ်းများသည် အဆင့်နိမ့်ကျင့်ကြံသူများအပေါ်သာ လွှမ်းမိုးနိုင်သည်။ အဆင့်တူချင်းတွင် သိပ်အကျိုးမထူးလှ။ နှစ်ဘက်လုံးက စည်းမျဉ်းစွမ်းအားသုံးနိုင်သောကြောင့်ဖြစ်သည်။
သို့သော် ကူးဖြတ်ခြင်းအဆင့်တစ်ယောက် အရိယဖလသန္ဓေတည်ဆောက်နိုင်သည်နှင့် အရာအားလုံး သိသိသာသာပြောင်းလဲသွားသည်။ အရိယဖလသည် ကျင့်ကြံသူ၏ အတုမဲ့စည်းမျဉ်းဖြစ်သည်။ မသေမျိုးတစ်ဝက်အဆင့်များကြား စွမ်းအားကွာခြားချက်က အရိယဖလပင်စွမ်းရည်အမျိုးအစားနှင့် အရိယဖလကိုနားလည်နိုင်စွမ်းပေါ်မူတည်သည်။
မသေမျိုးတစ်ဝက်အဆင့် တိုက်ပွဲများတွင် ပြိုင်ဘက်၏အရိယဖလကို နားလည်ဖို့ အရေးကြီးဆုံးဖြစ်သည်။
"ဆင်းရဲချိုးဖျက်ခြင်းမသေမျိုးခန္ဓာ"
ကြီးမားသည့် ဓမ္မခန္ဓာတစ်ခု မြေပြင်မှ ထိုးထွက်လာသည်။ လေဟာနယ်ကို ထိုးခွဲ၍ ကြယ်များကို ဆွတ်ယူနိုင်မတတ် မြင့်မားသည်။ ဓမ္မခန္ဓာသည် မသေမျိုးအမှတ်သညဖြစ်သည်။ ဖျက်ဆီး၍မရ။
နိုင်ငံ့ဆရာ အရိယဖလကို နောက်တစ်ကြိမ်အသက်သွင်း၍ ထာဝရအရှင်နှင့် ကံကြမ္မာအဆက်အသွယ် ဖြတ်လိုက်ပြန်သည်။
"သောက်လခွမ်း၊ ဒီလိုထပ်..."
ထာဝရအရှင် အံတင်းတင်းကြိတ်လိုက်သည်။ ထိုစွမ်းအား၏ စည်းမျဉ်းသဘောသဘာဝကို သူနားမလည်နိုင်သဖြင့် သူအရေးနိမ့်နေသည်။ မှော်စွမ်းအားကို ချက်ချင်းသုံး၍ စာလုံးများရေးလိုက်သည်။
အခြေအနေကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ သို့သော် ကံကြမ္မာအရိယဖလ အသက်သွင်းလိုက်သည်နှင့် ထိုစာလုံးများ ဝေဝါးသွားသည်။ ဖတ်၍မရတော့။
စကားတစ်ဝက်တစ်ပျက်ဖြင့် သူရပ်သွားသည်။ မျက်လုံးများ ငေးကြောင်လာသည်။ နိုင်ငံ့ဆရာအကြောင်း မေ့သွားပြန်သည်။
"ဝှီး"
ငွေအပ်တစ်ချောင်း ရုတ်တရက် ပျံထွက်လာသည်။ ဓမ္မခန္ဓာကိုဖြတ်သန်း၍ ထာဝရအရှင်၏ နဖူးကိုစိုက်ဝင်သွားသည်။
ထာဝရအရှင် နာကျင်စွာ ညည်းညူလိုက်သည်။ သူ့ခန္ဓဦကိုယ် အားနည်းလာသည်။ ဆင်းရဲဖျက်မသေမျိုးဓမ္မခန္ဓာ ကြေမွပျက်စီးသွားသည်။
နိုင်ငံ့ဆရာပေါ်လာသည်။ ထာဝရအရှင်၏မှတ်ဉာဏ်လည်း ပြန်ပေါ်လာသည်။
"ဒါက သန့်စင်ထားတဲ့ ရွှေငွေသန္ဓေစွမ်းအင်တွေနဲ့လုပ်ထားတဲ့ ဝိညာဉ်ဖျက်အပ်ပဲ"
နိုင်ငံ့ဆရာတိုက်ခိုက်မှုများက ဝိညာဉ်ကိုသာ ပစ်မှတ်ထားခဲ့သည်။
"သိသွားလည်း မင်းဘာမှမတတ်နိုင်တော့ပါဘူး။ ဝိညာဉ်ဖျက်အပ်က မင်းရဲ့ဝိညာဉ်သုံးခု လိပ်ပြာခုနစ်ပါးကို တစ်ခုစီခွဲထုတ်နိုင်တယ်။ ဒီတစ်ခါ မင်းဝိညာဉ်ကို ဘယ်လိုပြန်ဖြည့်မလဲ ကြည့်ရသေးတာပေါ့"
နိုင်ငံ့ဆရာ လှောင်ပြုံးပြုံးသည်။ သူရင်နာနေသည်။ ဝိညာဉ်ဖျက်အပ်သည် သန့်စင်ဖို့ အလွန်တရာခက်ခဲသည်။ သုံးချောင်းသာ သူသန့်စင်နိုင်သည်။ နိုင်ငံ့ဆရာရာထူးယူဖို့ စွမ်းအားပြသခဲ့စဉ်က တစ်ချောင်းသုံးသည်။
ယခု လက်ကျန်တစ်ချောင်းသာရျိတော့သည်။ နောက်ထပ်သန့်စင်ဖို့လည်း မဖြစ်နိုင်သလောက်ရှိသည်။
ဝိညာဉ်ဖျက်အပ်၏ အာနိသင်က ချက်ချင်းအစွမ်းပြသည်။ တစ်ကိုယ်လုံး တစ်စစီဆွဲဆုတ်ခံရသလို ထာဝရအရှင်ခံစားရသည်။ သူ့ကိုယ်ထဲမှ ကြီးမားသည့်အားလှိုင်းတစ်မျိုးကြောင့် သူ့ခန္ဓာကိုယ် ပေါက်ကွဲလုမတတ်ဖြစ်နေသည်။
ဝိညာဉ်အစိတ်အပိုင်းဆယ်ခု လွင့်ပျံထွက်လာသည်။ သူ့ဝိညာဉ်သုံးခုနှင့် လိပ်ပြာခုနစ်ပါးဖြစ်သည်။
ဘယ်အစိတ်အပိုင်းကို ထာဝရအရှင် ပြန်ဖြည့်မလဲ နိုင်ငံ့ဆရာ စောင့်ကြည့်နေသည်။
အသက်သုံးရှူစာ ကြာပြီးသည်ထိ ဝိညာည်အစိတ်အပိုင်းဆယ်ခုက လေထဲတွင်လွင့်မျောနေဆဲဖြစ်သည်။ နိုင်ငံ့ဆရာ စိတ်သက်သာရာရသွားသည်။ ဝိညာဉ်ခွဲထုတ်လိုက်သည်မှာ မှန်သွားဟန်ရှိသည်။
ပြိုင်ဘက်က ဝိညာဉ်ကို ပြည့်အားမဖြည့်နိုင်တော့။
"လမီးတောက်စစ်"
ထာဝရအရှင်၏ ဝိညာ်သုံးခုထဲမှ တစ်ခုဆီဦးတည်လိုက်သည်။ အစိတ်အပိုင်းတစ်ခုချင်း ဖျက်ဆီးဖို့တွေးထားသည်။
ရုတ်တရက် ထိုဝိညာဉ်အစိတ်အပိုင်း မျက်လုံးပွင့်သွားပြီး ထာဝရအရှင်၏စကားသံ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
"ငါကဘာလို့ပြန်ဖြည့်နေမှာလဲကွ။..ဖောက်ခွဲမယ်"
နိုင်ငံ့ဆရာမျက်လုံးပြူးသွားသည်။ အန္တရာယ်အငွေ့အသက်ကို သူရလိုက်သည်။ မသေမျိုးတစ်ဝက်အဆင့်တစ်ယောက် ဝိညာဉ်သုံးခုထဲမှတစ်ခုကို ကိုယ့်ဘာသာဖောက်ခွဲရဲသည်ဟု သူတစ်ခါမှ မကြားဖူး။
ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်းသာဖြစ်သည်။
ထိုဝိညာဉ် ပေါက်ကွဲထွက်သွားသည်။ နိုင်ငံ့ဆရာလွင့်ထွက်သွားပြီး မြေပြင်သို့ ဘုန်းခနဲရိုက်မိသည်။ သူ့ဝိညာဉ် ထိခိုက်သွားသည်။
"ပြီးသွားပြီလို ထင်နေတာလား"
နောက်ထပ် ဝိညာဉ်အစိတ်အပိုင်းတစ်ခု ပေါက်ကွဲသွားသည်။ ဝိညာဉ်မုန်တိုင်းတစ်ခု ထိုးထွက်လာသည်။ မုန်တိုင်းအော်သံနှင့်အတူ လေဟာနယ်တစ်ခုလုံး အနက်ရောင်မြူများ ပေါက်ကွဲထွက်သွားသည်။
အာရုံခြောက်ပါးလုံး သုံးမရတော့။
"နောက်တစ်ခါလာပြီ"
"ဘုန်း"
တတိယဝိညာဉ်အစိတ်အပိုင်း ပေါက်ကွဲထွက်သွားသည်။
ပေါက်ကွဲသံများကြားမှ ထာဝရအရှင်၏စကားသံ ပဲ့တင်ထပ်၍ပေါ်လာသည်။
"ငါ့ထာဝရမျိုးဆက်ရဲ့ခေါင်းဆောင်က ရှေးဟောင်းမသေမျိုးငါးယောက်ထဲမှာ စွမ်းအားအကြီးဆုံး။ ခေတ်အဆက်ဆက် ပြိုင်ဘက်ကင်းကွ။ အခု ပြန်ရှင်သန်လာပြီ။ မသေမျိုးလမ်းစဉ်ရဲ့ ထိပ်ဆုံးအဆင့်ကို ငါတက်မှာ။ ဘယ်သူ့အရိယဖလက ပိုအားကောင်းသလဲ ကြည့်ရသေးတာပေါ့"
"သောက်လခွမ်း"
နိုင်ငံ့ဆရာ အရိယဖလကို အမြန်အသက်သွင်း၍ ကံကြမ္မာအချိတ်အဆက် ဖြတ်တောက်လိုက်သည်။
"နောက်တစ်ကြိမ် ဖောက်ခွဲမယ်"
လိပ်ပြခုနစ်ပါးအနက် လိပ်ပြာတစ်ခုထံမှ ထာဝရအရှင်၏အသံ ပေါ်လာပြန်သည်။ နိုင်ငံ့ဆရာ ကျောရိုးထဲ စိမ့်တက်သွားသည်။
ကံကြမ္မာကြိုးကို သူဖြတ်ခဲ့ပြီးဖြစ်သည်။ ထာဝရအရှင် သူ့ကိုမေ့သွားသင့်သည်။ ဘာကြောင့် သူ့ကိုတိုက်ခိုက်နေသနည်း။
"ဘုန်း ဘုန်း ဘုန်း"
သူအဖြေမရှာနိုင်မီ ပေါက်ကွဲသံများ စပေါ်လာသည်။
လိပ်ပြာခုနစ်ပါး တစ်ခုပြီးတစ်ခု ပေါက်ကွဲသည်။ ထိုမြင်ကွင်းမျိုး နိုင်ငံ့ဆရာ တစ်ခါမှမမြင်ဖူး။ သူ့ခန္ဓာကိုယ်က မုန်တိုင်းထန်သည့် ပင်လယ်ပြင်မှ လှေငယ်တစ်စီးလိုဖြစ်နေသည်။
ထာဝရအရှင်က နိုင်ငံ့ဆရာသုံးမည့်အကွက်ကို ကြိုတွေးပြီးဖြစ်သည်။ ကျန်ခဲ့သည့် သဲလွန်စမှန်သမျှ သူ့မေ့သွားမည်။ မှတ်ဉာဏ်ပျောက်ကွယ်သွားမည်။ နိုင်ငံ့ဆရာအကြောင်း ဘာမှသိတော့မည်မဟုတ်။
နိုင်ငံ့ဆရာ ကံကြမ္မာအရိယဖလကို အသက်မသွင်းမီ သူ့ဝိညာဉ်အစိတ်အပိုင်းများအတွက် ညွှန်ကြားချက်တစ်ခုသာ ချန်ခဲ့သည်။
လိပ်ပြာခုနစ်ပါးထဲမှ ခြောက်ပါးကို ဖောက်ခွဲဖို့ဖြစ်သည်။
ဝိညာဉ်သုံးခုနှင့် လိပ်ပြာခြောက်ခု။ စုစုပေါင်း ဝိညာဉ်အစိတ်အပိုင်းကိုးခု ပေါက်ကွဲသည့်စွမ်းအားဖြစ်သည်။ နိုင်ငံ့ဆရာ၏ မသေမျိုးဝိညာဉ် တုန်ခါသွားသည်။ မင်သက်မိနေသည်။
သူအခြေအနေမကောင်းတော့။ ကူးဖြတ်ခြင်းအဆင့်တိုက်ခိုက်မှုများကို ခုခံနိုင်သည့် ရတနာဝတ်စုံက ပေါက်ကွဲမှုကိုးခုဒဏ်ကြောင့် စုတ်ပြတ်သတ်လျက် သုံးစားမရအောင် ဖြစ်နေသည်။
နောက်ဆုံးကျန်နေသည့်လိပ်ပြာကို သူစိုက်ကြည့်နေသည်။
မင်းဘာလုပ်မလဲ ကြည့်ရသေးတာပေါ့...
ထို့နောက် သူကြည့်နေစဉ်မှာပင် ထာဝရအရှင်၏ ဝိညာဉ်သုံးခု လိပ်ပြာခုနစ်ပါး အပြည့်အစုံပြန်ပေါ်လာသည်။ မူလအတိုင်း ပြန်ဖြစ်လာသည်။
နိုင်ငံ့ဆရာ၏ထူးခြားချက်က ပြိုင်ဘက်ကို တဖြေးဖြေးအားလျော့အောင် တိုက်ခိုက်၍ အနိုင်ယူခြင်းဖြစ်သည်။ ကံကြမ္မာအရိယဖလဖြင့် ပြိုင်ဘက်ကို သူ့အကြောင်းမေ့လျော့အောင်လုပ်၍ အလစ်အငိုက်တိုက်ခိုက်သည်။
ထိုသို့ လေးငါးကြိမ်တိုက်ခိုက်လျှင် မသေမျိုးတစ်ဝက်အဆင့်ပင် မခံနိုင်။
သို့သော်...
ထာဝရအရှင်၏အရိယဖလသည် အားအင်ယုတ်လျော့မည်ကို စိုးရိမ်စရာမလိုကြောင်း သူမသိ။
.......
ယင်ယန်အရှင်က ယွမ်ကျိတို့ကို သေလူများကဲ့သို့ ကြည့်နေသည်။
"မင်းတို့ လူအင်အားပိုများလဲ ဘာအရေးစိုက်စရာရှိလဲ။ နိုင်ငံ့ဆရာလှုပ်ရှားတာနဲ့ မင်းတို့အားလုံး ဇာတ်သိမ်းမှာပဲ။
နိုင်ငံ့ဆရာဟာ အရိယဖလသန္ဓေပိုင်ဆိုင်တဲ့ မသေမျိုးတစ်ဝက်အဆင့် စွမ်းအားရှင်ပဲ။ မင်းတို့ငါ့ကို အခုလွှတ်ပေးရင် သူက မင်းတို့အသက်ကို ချမ်းသာပေးချင်ပေးနိုင်ပါတယ်"
သူ့လေသံက ခြိမ်းခြောက်ရိပ်ပါသည်။ ကူးဖြတ်ခြင်းအဆင့် ဘယ်လောက်များသည်ဖြစ်စေ အရိယဖလသန္ဓေစွမ်းအားကို ယှဉ်နိုင်မည်မဟုတ်။
*********************************