← Chapters

မသေမျိုးတစ်ဝက်အဆင့်

Vol. 33 Ch. 482

မသေမျိုးတစ်ဝက်အဆင့်

Vol. 33 Ch. 482

အချိန်ကို နည်းနည်းနောက်ပြန်ရစ်ကြည့်မည်။

"ဪ...ဒါက တာအိုလမ်းစဉ်ဂိုဏ်းလား။ အတော်ခမ်းနားတာပဲ"

မိန်ထိုက် ဂိတ်တံခါးရှေ့ရပ်၍ တအံ့တဩ ရေရွတ်နေသည်။

"သွားစို့ မိန်ထိုက်"

အကြီးအကဲစစ်ခုန်က ပြောသည်။

သူတို့နှစ်ယောက် ဝါးတောနှင့် စမ်းချောင်းကိုဖြတ်၍ ပွဲတော်ကျင်းပသည့် ဂိုဏ်းအတွင်းပိုင်းနယ်မြေ အဓိကနေရာသို့ ရောက်လာသည်။

မြစ်ဝိညာဉ် ရေထဲမှခေါင်းပြူ၍ ဂိုဏ်းထဲဝင်လာသူမှန်သမျှ အရည်အချင်းမီမမီ အကဲဖြတ်နေသည်။

"ဒီနှစ်ပွဲတော်က ခါတိုင်းထက် ပိုစည်ကားတာပဲ"

ပါရမီရှင်လူငယ်များ၊ စွမ်းအားမြင့်ပုဂ္ဂိုလ်များကို စောင့်ကြည့်ရင်း သူ့မျက်နှာတွင် ကျေနပ်သည့်အပြုံးမျိုး ပေါ်လာသည်။

သူသည် ကောင်းကင်ကောင်းချီးခံ စမ်းချောင်းဝိညာဉ်ဖြစ်သည်။ ဝိညာဉ်အလင်းတစ်ခု ပိုင်ဆိုင်သည်။ ရှန်ထန်တာအိုရှင်က ဉာဏ်အလင်းပေးခဲ့သဖြင့် အသိဉာဏ်အစစ်ဖြစ်ပေါ်ခဲ့သည်။

ဘိုးဘေးကို ကျေးဇူးဆပ်သည့်အနေဖြစ် သူ့သဘောဆန္ဒအလျောက် ဂိုဏ်းစောင့်ဝိညာဉ်ဖြစ်လာသည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ အနိမ့်အမြင့်များကို ကိုယ်တွေ့မြင်ခဲ့သည်။

သို့သော် မိန်ထိုင်တို့နှင့်အတူ မဖိတ်ကြားဘဲ ရောက်လာသည့် ဧည့်သည်တစ်စု ဝင်သွားသည်ကို သူမသိလိုက်။

ထိုလူစု ဝါးတောကိုဖြတ်သွားချိန်တွင် အရိပ်အယောင်လုံးဝမမြင်ရ။ ကိုယ်ဒြပ်မရှိသလို ဖြစ်နေသည်။ ဘယ်သူမှ သတိမထားမိ။

"စွမ်းအားမြင့် မြစ်စောင့်ဝိညာဉ်တစ်ယောက် တာအိုလမ်းစဉ်ဂိုဏ်းမှာရှိတယ်လို့ ကြားဖူးတာကြာပြီ။ ဒီနေ့မှ လက်တွေ့မြင်ရတယ်။ တကယ်နာမည်ကျောက်ထိုက်ပါတယ်။ ဒါပေမယ့် မင်းငါနဲ့တွေ့တာ ကံဆိုးတာပဲ"

နိုင်ငံ့ဆရာ လှောင်ပြုံးပြုံး၍ သူ့အဖွဲ့သားများကို ဂိုဏ်းထဲသို့ခေါ်သွားသည်။

ဂိုဏ်းအတွင်းပိုင်းသို့ရောက်ပြီးနောက် ဖုံးကွယ်ထားသည့်အစွမ်းကို ဖျက်လိုက်သည်။ ပွဲတော်တွင် ကျင့်ကြံသူများစွာရှိသည်။ သူတို့ကိုမမြင်နိုင်သော်လည်း တိုးတိုက်မိနိုင်သည်။ ဆက်၍ကိုယ်ရောင်ဖျောက်ထားလျှင် အန္တရာယ်ဖြစ်လာမည်။

လမ်းတစ်လျှောက် ကူးဖြတ်ခြင်းကျင်ကြံသူအတော်များများ သူမြင်ခဲ့သည်။ လူအလုံအလောက်ခေါ်လာမိ၍ တော်သေးသည်ဟု သူ့ဘာသာတွေးနေသည်။ မဟုတ်လျှင် တာအိုလမ်းစဉ်ဂိုဏ်းကိုဖျက်ဆီးနိုင်ဖို့ လွယ်မည်မဟုတ်။

"ကျုပ်တို့ဘယ်အချိန်လှုပ်ရှားရမှာလဲ ဆရာ"

ယင်ယန်အရှင်က သိစိတ်အာရုံမှ လှမ်းမေးသည်။

"မလောပါနဲ့။ ပွဲတော်က အခုမှစတာ။ တာအိုလမ်းစဉ်ဂိုဏ်းက သတိမပြတ်ရှိနေတယ်။ အရင်ဆုံး ဒီပွဲမှာ စုစည်းခြင်းနဲ့ ကူးဖြတ်ခြင်းအဆင်တွေ ဘယ်လောက်ရှိလဲ အရင်စနည်းနာဖို့လိုတယ်။ နှစ်ဘက်အင်အားကို တွက်ချက်ပြီးမှ ဘယ်အချိန်တိုက်ခိုက်မလဲဆိုတာ ဆုံးဖြတ်မယ်။

မသေမျိုးဂိုဏ်းတွေရဲ့ အဆင့်အတန်းအရ ဂိုဏ်းတစ်ဂိုဏ်းမှာ အနည်းဆုံး ကူးဖြတ်ခြင်းအဆင့်တစ်ယောက်နဲ့ ကူးဖြတ်ခြင်းအဆင့်တိုက်ခိုက်နည်းတစ်ခုတော့ ရှိကြတယ်။ တာအိုလမ်းစဉ်ဂိုဏ်းက ဒီပွဲအတွက် တိုက်ခိုက်စွမ်းအား အပြည့်အဝသုံးနိုင်မှာမဟုတ်ဘူး။ ဂိုဏ်းရတနာတိုက်လို အရေးကြီးတဲ့နေရာတွေ့အတွက် အစောင့်ထားရဦးမှာ။

ခုနကမြင်ခဲ့တဲ့ မြစ်ဝိညာဉ်မှာ ကူးဖြတ်ခြင်းအဆင့်နဲ့တန်းတူယှဉ်နိုင်တဲ့ နည်းလမ်းတစ်ခု ရှိလိမ့်မယ်။ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတွေလည်း ဂိုဏ်းရဲ့နေရာစုံမှာ လူဖြန့်ထားမှာ။ ငါတို့ လျက်တပြက်တိုက်ခိုက်မယ်ဆိုရင် သူတို့လာကူဖို့ အချိန်မရနိုင်ဘူး။ လာရင်လင်း နောက်ကျသွားလိမ့်မယ်"

"ဒေါင် ဒေါင် ဒေါင်"

ခေါင်းလောင်းသံ တာအိုလမ်းစဉ်ဂိုဏ်းတွင် ပဲ့တင်ထပ်သွားသည်။ ခေါင်းလောင်းသံဆယ့်နှစ်ချက်ထိုး၍ ပွဲတော်စတင်ကြောင်း အချက်ပေးခြင်းဖြစ်သည်။

သူတို့လူစု အသံတိတ်သွားသည်။ ပူဇော်စင်မြင့်ပေါ် တစ်လှမ်းချင်းတက်သွားသည့် သူတို့ပစ်မှတ်ကို စောင့်ကြည့်နေသည်။

"တကယ်ရှေးဆန်တဲ့ပူဇော်နည်းပဲ။ ရှေးဟောင်းခေတ်ကထင်တယ်"

နိုင်ငံ့ဆရာ နည်းနည်းအံ့ဩသွားသည်။ သူတို့သည် မဟာယုခေတ် ကျင့်ကြံသူများဖြစ်သည်။ ရှေးဟောင်းခေတ်နှင့် ခေတ်တစ်ခေတ်စာကွာသည်။

တာအိုလမ်းစဉ်ဂိုဏ်းသည် မဟာယုနှောင်းပိုင်းခေတ်တွင် တည်ထောင်သည်။ သို့သော် ယခုလို ရှေးဟောင်းခေတ်ပူဇော်နည်းမျိုးကို ကျွမ်းကျင်နေသည်။

"ဒီတာအိုလမ်းစဉ်ဂိုဏ်းက နည်းနည်းတော့ စိတ်ဝင်စရာကောင်းသားပဲ"

ယင်ယန်အရှင်က ပုံမှန်လေသံဖြင့် မှတ်ချက်ပေးသည်။ ဤလူစုတွင် နိုင်ငံ့ဆရာပြီးလျှင် သူသည်အဆင့်အတန်းအမြင့်ဆုံးဖြစ်သည်။

ရှေးဟောင်းခေတ်ပူဇော်နည်းဆိုသည်မှာ ဘာမှထူးထူးခြားခြားမဟုတ်။ ထိုအခမ်းအနားအကြောင်း ရှေးဟောင်းမှတ်တမ်းတစ်ချို့တွင် ဖတ်နိုင်သည်။

မည်သို့ဆိုစေ အပြည့်အဝမရှာဖွေရသေးသည့် ရှေးဟောင်းအမွေအနှစ်နယ်မြေ များစွာရှိနေသည်။

"သာမန်ကောင်လေးတစ်ယောက်က ငါတို့မဟာယုအစီအစဉ်ကို ထပ်ကာထပ်ကာ ဝင်နှောက်ယှက်တယ်။ သူသေကြောင်းကြံနေတယ်ဆိုတာ နားမလည်သေးတဲ့ပုံပဲ"

အခမ်းအနားပြီးဆုံးသွားချိန်တွင် နိုင်ငံ့ဆရာ၏နဖူးကြောများ ပြေလျော့သွားသည်။ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်ပေါ်လာသည်။

"ဆရာဆိုလိုတာက..."

နိုင်ငံ့ဆရာ သူ့လူစုကို တစ်ချက်ဝေ့ကြည့်သည်။

"မင်းတို့သတိထားမိလား။ ဒီလိုပူဇော်အခမ်းအနားမျိုးနဲ့ယှဉ်ကြည့်ရင် ဒီမှာရှိနေတဲ့ အဆင့်မြင့်ကျင့်ကြံသူအရေအတွက်က တဖြေးဖြေးနည်းသွားပြီ။ တာအိုလမ်းစဉ်ဂိုဏ်းကို ငါအထင်ကြီးလွန်းမိခဲ့ပုံပဲ။

ဒီအဆင့်မြင့်ကျင့်ကြံသူတွေက ဝတ္တရားအရ အခမ်းအနားလာတက်ကြတာဖြစ်မယ်။ အခုအခမ်းအနားပြီးသွားတော့ တာအိုလမ်းစဉ်ဂိုဏ်းက စီစဉ်ထားတဲ့ ပွဲတော်ရဲ့ပျော်စရာအစီအစဉ်တွေ လူငယ်တွေရဲ့ပြိုင်ပွဲတွေကို သူတို့စိတ်မဝင်စားလို့ ပြန်သွားကြပြီ"

အားလုံး ဝမ်သာသွားကြသည်။ အဆင့်မြင့်ကျင့်ကြံသူများ လျော့သွားလျှင် သူတို့လှုပ်ရှားရ ပိုလွယ်ကူမည်။ ဖိအားများစွာ လျော့ကျသွားမည်။

"ကံကြမ္မာက မဟာယုကို တကယ်မျက်နှာသာပေးနေတာပဲ"

နိုင်ငံဆရာ ကျေနပ်စွာပြုံးနေသည်။ ထိုသို့ဆိုလျှင် တာအိုလမ်းစဉ်ဂိုဏ်း ဇာတ်သိမ်းတော့မည်။

"ဒါပေမယ့် ငါတို့ပေါ့ဆလို့မဖြစ်ဘူး။ ဝိညာဉ်အာရုံသုံးရင် မသင့်‌တော်ဘူး။ တာအိုလမ်းစဉ်ဂိုဏ်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လူဖြန့်ပြီး စုံစမ်းပါ။ ပြီးရင် ငါ့ဆီပြန်သတင်းပို့ပါ"

နိုင်ငံ့ဆရာက မြေပြင်ကို လက်ညှိုးထိုးပြသည်။

"ငါဒီနေရာမှာ မင်းတို့ကို စောင့်နေမယ်"

"ဟုတ်ကဲ့"

အားလုံး လူစုခွဲကြသည်။ နိုင်ငံ့ဆရာတစ်ယောက်သာ ကျန်ခဲ့သည်။

"သူတို့ တော်တော်နဲ့ ပြန်လာကြမှာမဟုတ်ဘူး။ ငါလည်း နည်းနည်းစုံစမ်းစစ်ဆေးကြည့်မှထင်တယ်"

သူသတိရှိသည်။ သူတပည့်များပို့လာသည့် အချက်အလက်များ ခိုင်မာမှုရှိမရှိ သူစုံစမ်းထားသည်များနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ရမည်။

"လူအစည်ဆုံးနေရာက ဈေးလမ်းပဲဖြစ်မယ်။ အဲဒီကိုသွားကြည့်ရမှာပဲ"

ဈေးလမ်းသို့ သူဦးတည်လိုက်သည်။

"ဈေးလမ်းက ကျဉ်းပေမယ့် စုစည်းခြင်းကျင့်ကြံသူတွေ အများကြီး ပုန်းအောင်းနေကြတာပဲ"

နိုင်ငံ့ဆရာ မျက်လုံးများမှေးစင်းသွားသည်။ သူ့ကျင့်စဉ်စွမ်းအားက မြင့်မားသည်။ တစ်ချက်ကြည့်ရုံဖြင့် သာမန်ဟု ထင်ရသည့် ဆိုင်ရှင်များ စားပွဲထိုးများသည် အဆင့်မြင့်ကျင့်ကြံသူများဖြစ်ကြောင်း ရိပ်မိသည်။

"စုစည်းခြင်းဆင့်တွေကတော့ သိပ်ပြဿနာမရှိနိုင်ပါဘူး"

ကူးဖြတ်ခြင်းအခြေခံအဆင့်ခြောက်ယောက်ကို တစ်ကိုယ်တော်သတ်ဖြတ်ခဲ့သူဖြစ်သည်။ စုစည်းခြင်းအဆင့် ကျင့်ကြံသူများကို သူမျက်လုံးထဲမထည့်။

"သခင်၊ အသားကင်စားမလားရှင့်"

ညှို့ငင်အားကောင်းသည့် ရှောင်ဝူ၊ ရှောင်လျို၊ ရှောင်ချီ သရဲမသုံးယောက်က အသားကင်ဆိုင်တံခါးဝတွင် ဖောက်သည်များကို မဲဆွယ်နေသည်။ ဆွဲဆောင်ဖို့ အကောင်းဆုံးကြိုးစားနေကြသည်။

အသားကင်ဆိုင်က လူစည်နေသည်။ ဆိုင်ရှင်ဖြစ်သည့် သခင်လျိုနှင့် သခင်ကောင်းတို့က ခေါင်းသုံးလုံး လက်ခြောက်ခုသုံး၍ ဇယ်ဆက်သလို အလုပ်လုပ်ကြသဖြင့် အသားကင်အရည်အသွေးက သိသိသာသာပိုကောင်းလာသည်။

"လမ်းဖယ်ပေးပါ၊ လမ်းဖယ်ပေးပါ။ ကျုပ်က အသားလာပို့တဲ့လူပါ"

သားသတ်ရုံပိုင်ရှင် အော်ဟစ်လိုက်သည်။ ဖောက်သည်များကို သူဝင်သာအောင် လမ်းဖယ်ခိုင်းသည်။

အသားကင်ဆိုင်လုပ်ငန်းက ကောင်းလွန်းနေသည်။ အသားများ ကြိုတင်ပြင်ဆင်ထားသည့်တိုင် လုံးဝမ‌လောက်။

ထာဝရအရှင်က တင်ပျဉ်ခွေထိုင်၍ ဆိုင်မြင်ကွင်းအားလုံးကို ပြုံး၍ကြည့်နေသည်။

ယနေ့ရောင်းအားသည် ဆယ်ရက်စာရောင်းအားနှင့် ညီမျှသည်။

လုယန်က အသားကင်ဆိုင်နာမည်ကို ယာယီပြောင်းလဲထားသည်။ အပြင်မှကျင့်ကြံသူများ ဆိုင်နာမည်ကို မှတ်မိလျှင် သတင်းပျံ့သွားမည်။

"နောက်တစ်ခေါက်"အသားကင်ဆိုင်တစ်ခု တာအိုလမ်းစဉ်ဂိုဏ်းတွင်ရှိကြောင်း ကိုးငရဲဂိုဏ်းသိသွားလျှင် လှည့်စားဖို့ ခက်ခဲလာမည်။

ရှောင်ဝူအော်သံကြောင့် နိုင်ငံ့ဆရာ လှမ်းကြည့်သည်။ အသားကင်ဆရာနှစ်ယောက်နှင့် သားသတ်ရုံပိုင်ရှင်ကိုကြည့်၍ သူရင်ထိတ်သွားသည်။

"စုစည်းခြင်းအဆင့်ဝိညာဉ်သုံးယောက်လား။ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ကူးဖြတ်ခြင်းကျင့်ကြံသူတစ်ယောက် ဒီမှာရှိနေတာလား"

ကူးဖြတ်ခြင်းအဆင့်သာလျှင် စုစည်းခြင်းဝိညာဉ်များကို သန့်စင်နိုင်စွမ်းရှိသည်။

ပုံမှန်အားဖြင့် ထိုဝိညာဉ်များသည့် သန့်စင်သူနှင့် ဝေးဝေးမနေနိုင်ကြ။ ထို့ကြောင့် ကူးဖြတ်ခြင်းအဆင့်သန့်စင်သူသည် ဤဆိုင်တွင် ပုန်းအောင်းနေခြင်းသာဖြစ်ရမည်။

"ကံကြမ္ဓာက ငါ့ဘက်မျာပဲ"

နိုင်ငံ့ဆရာ ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလိုက်သည်။

ဈေးလမ်းတွင် စနည်းနာရန် သူတွေးထားသည်။ ယခု မမျှော်လင့်ဘဲ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ကို စောစောစီစီး သုတ်သင်နိုင်တော့မည်။

သူ့အရိယဖလပုံတူသည် ဖုံးကွယ်ခြင်း စွမ်းအားနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှိသည့် မြစ်ဝိညာဉ်ကို ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ်သည်။

(**ကျိုးကြောင်းဆက်စပ်မှု(ကံကြမ္မာ)အရိယဖလ ဖြစ်သည်။ မှော်ပညာသုံး၍ ကိုယ်ယောင်ဖျောက်ခြင်းမဟုတ်။ သူတို့အကြောင်း တစ်ခြားလူများ မေ့လျော့သွားအောင်လုပ်ခြင်းဖြစ်သည်)

အရိယဖလစွမ်းအားဖြင့် ဤဆိုင်မှ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူကို တိတ်ဆိတ်သတ်ဖြတ်နိုင်မည်မှာ သေချာနေသည်။

ဆိုင်ထဲသို့ သူလျှောက်သွားသည်။ အေးအေးလူလူရှိနေသည့် ထာဝရအရှင်ကို သူမြင်ရသည်။

ထာဝရအရှင်လည်း သူ့ကိုမြင်သည်။

"မသေမျိုးတစ်ဝက်အဆင့်လား"

နှစ်ယောက်လုံး ပြိုင်တူ အသံထွက်လာကြသည်။

********************************

All Chapters