အခန်း (၁၆၀-၁၆၂)
Vol. 4 Ch. 160-162
160
March 25, 2024 by Nay Chi Lynn
Chatper 160 ငါ့ကိုမင်းအစ်မကိုယ်တိုင်ရောဂါလာစမ်းသပ်ပေးဖို့လိုရင်လိုအပ်လိမ့်မယ်
လုဟယ့်ထျန်း လုလျန့်ဝေကိုကြည့်နေတဲ့အကြည့်တွေက တဖြည်းဖြည်းလန့်ပြီးတော့ အဆင်မပြေတဲ့ပုံစံဖြစ်သွားသည်။
“အဖေ ဘာဖြစ်လို့လဲ”
လုလျန့်ဝေက သူ့အဖေကစိုးရိမ်တဲ့အကြည့်တွေပြောင်းလဲသွားတာကိုရိပ်မိသွားသည်။
လုဟယ့်ထျန်း ကပြန်ပြောလိုက်သည်
“ဘာမှမဖြစ်ပါဘူး ဘာလို့အိမ်ထဲပြန်မဝင်သေးတာလဲ”
“ဟုတ်ကဲ့”
လုလျန့်ဝေကပြန်ဖြေပြီးတော့ အိမ်ရာထဲသို့ဝင်သွားပါသည်။
လမ်းခဏလောက်လျှောက်ပြီး လှည့်ကြည့်လိုက်တော့ လုဟယ့်ထျန်း ကရပ်နေတဲ့နေရာကနေမရွေ့သေးတာကိုတွေ့ပြီးတော့ သူ့ရဲ့မျက်လုံးတွေထဲမှာတစ်ခုခုကိုခက်ခဲနေတယ်ဆိုတာကိုသဘောပေါက်သွားသည်။
“ငါသွားတော့မယ်”
အဲ့လိုပြောပြီးပြီးခြင်းအိမ်ထဲကထွက်သွားသည်။
လုလျန့်ဝေ သူရဲ့တော်ဝင်ဆန်ဆန်ပုံစံဖြင့်ထွက်ခွာသွားတာကိုကြည့်ပြီးတော့ စိတ်ထဲနည်းနည်းတော့စဉ်းစားရကြပ်သွားသည်။
ခုရက်ပိုင်း အဖေရဲ့ပုံစံတွေကထူးဆန်းနေတာသတိထားမိတယ်
သူမတွေးတာမမှားရင် သူကသူမအကြောင်းမဟုတ်ဘဲတခြားလူကြောင်းကိုတွေးနေတာဖြစ်မယ်
သူ့အဖေဘယ်သူ့အကြောင်းကိုတွေးနေလဲဆိုတာ မပြောဘဲနဲ့သိလိုက်တယ်
သူရုတ်တရက်ကြီးသိချင်သွားတယ် လုဟယ့်ထျန်းနှင့် မဒမ်လင်း တို့ကြားဘာကိစ္စတွေဖြစ်ခဲ့လဲဆိုတာကို
ဘယ်လိုဖြစ်ဖြစ် ဒီအကြောင်းကမပြောဖို့တားမြစ်ထားတာဘဲ ဘယ်သူမှဒီကိစ္စကိုစပြောဖို့ခွင့်မပြုထားဘူး
လုလျန့်ဝေက ဒီအကြောင်းကိုတွေးပြီး စိတ်ပြောင်းအောင် နံ့သာမွှေးကြိုင်ဆောင်ထဲသို့ဝင်သွားသည်
နံ့သာမွှေးကြိုင်ဆောင်ထဲမှာ ဆေးဖက်ဆိုင်ရာစာအုပ်တွေအများကြီးရှိတယ် အဲ့ထဲမှာရှိတာတွေကသူမတစ်ဘဝလုံးမဖတ်ဖူးတဲ့စာအုပ်တွေဘဲ
နန်းတော်ထဲမှာတော့ နိုင်ငံနှင့်သက်ဆိုင်တာတွေကိုဘဲလေ့လာသင်ယူဖူးသည်
လုယန် ကသမားတော်လင် ကိုယ်တိုင်ကြိုပေးထားတဲ့ဆေးတွေသောက်သုံးပြီးခြင်းမှာဘဲ ကျောက်ချန် ကအစီရင်ခံဖို့ဝင်လာသည်။
“အရှင် မြို့တော်ဝန်အိမ်က တစ်စုံတစ်ယောက်က အရှင်နှင့်တွေ့ဖို့တောင်းဆိုနေပါတယ်”
လုယန် နည်းနည်းအံဩသွားသည် တစ်ဖက်ခြမ်းမှာ ရပ်နေတဲ့ လုထင်ချန်း ကိုကြည့်ပြီးတော့ လုထင်ချန်း ရဲ့မျက်နာမှာလည်းအံဩမှုတွေနဲ့ ဒါကဖြစ်နိုင်ပါတယ် ဘယ်သူကမှ လုဟယ့်ထျန်းက ဘုရင်ကြီးနှင့် တွေ့ဖို့လာခဲ့မယ်ဆိုတာကိုမထင်ကြတာကို
“သူ့ကိုဝင်ခွင့်ပေးလိုက်ပါ”
ကျောက်ချန် အလျင်အမြန်နဲ့ထသွားပါသည်
အဲ့အချိန်မှာဘဲ သမားတော်လင်က ဘုရင်မင်းမြတ်ရဲ့ဘေးမှာထိုင်နေပြီးတော့ ဂရုတစိုက် လုယန်ရဲ့သွေးခုန်နှုန်းကိုရှာဖွေစမ်းသပ်နေပါတယ် ခဏအကြာမှာတော့သူကမှုတ်ဆိတ်မွှေးကိုပွတ်ပြီးတော့
“ရက်အနည်းငယ်လောက်ကျန်းမာရေးဂရုစိုက်လိုက်ရင် ဘုရင်ကြီးရဲ့သွေးခုန်နှုန်းသိသိသာသာတိုးတက်လာမှာဘဲဖြစ်တယ် ပိုပြီးတော့လည်း ကျန်းမာလာပြီ ကြည့်ရတာတော့ ဒုတိယမင်းသမီးလု ရဲ့ဆေးတွေက ဘုရင်ကြီးအတွက်အထောက်အကူပြုတယ်ထင်တယ်”
ဒီစကားကိုကြားရပြီးနောက် လုထင်ချန်း အမူအရာကသက်တောင့်သက်သာရှိသွားသည်။
သူ ဝေဝေ ကိုယုံပေမယ့်လည်း သူကခုမှဆေးဘက်ဆိုင်ရာနဲ့ပက်သက်ပြီးသင်ယူနေဆဲမှာ အမှားတစ်ခုခုဖြစ်ပြီး ဘုရင်ကြီးရဲ့အပြစ်ပေးခံရမှာကို စိတ်ပူနေခဲ့သည်
ခုတော့သူအပြည့်အဝသက်ပြင်းချနိုင်ပြီ သမားတော်လင် ပြောစကားရပြီးနောက်မှာတော့
ဝေဝေမှာကြည့်ရတာ ဆေးဘက်ဆိုင်ရာနှင့်ပက်သက်ပြီး ပါရမီပါသည်နှင့်တူသည် ဒါမဟုတ် သူ့အမေရဲ့ပါရမီပါလာတာနှင့်တူသည်
“ဘုရင်ကြီး မနေ့က ကျွန်တော်ညီမကဘုရင်မင်းမြတ် နေထိုင်ကောင်းရဲ့လားလို့မေးခဲ့ပါတယ်။သူမ ကဘုရင်မင်းမြတ်အတွက်ဆေးတွေကိုကိုယ်တိုင်ကြိုခဲ့ပြီး ဘုရင်မင်းမြတ်ရဲ့ကျန်းမာရေးကအရမ်းမစိုးရိမ်ရတော့ရင်သူက ဘုရင်ကြီးအတွက်အားဆေးကို လက်ဆောင်အဖြစ်ပေးချင်နေပါတယ်”
လုယန်ရဲ့ အမူအရာကတစ်ခုခုကိုလျှိူ့ဝှက်ချင်သောမျက်လုံးဖြင့်သူ့မျက်ခုံးကိုပင့်ပြီးတော့ ပုံမှန်သံဖြင့်
“ငါ့ကျန်းမာရေးကတော်တော်ကောင်းနေပြီဒါပေမယ့်မင်းညီမကဆေးကိုယ်တိုင်ဖော်စပ်လာတယ်ဆိုတော့ငါရဲ့ခန္ဓာကိုယ်နှင့်လိုက်မလိုက်ကြည့်ရအုံးမယ်ငါ့ကိုမင်းညီမကိုယ်တိုင်ရောဂါလာရှာဖွေဖို့လိုရင်လိုအပ်လိမ့်မယ်”
ဘယ်လိုဘဲဖြစ်ဖြစ် လုထင်ချန်းကတစ်ခုခုမမှန်နေသလိုခံစားနေရလည်း မျက်မှောင်နည်းနည်းကြုံ့ပြီး ကို့ယို့ကားယားပုံစံဖြင့်
“ဘုရင်မင်းမြတ် ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော့ညီမ ကနန်းတော်ထဲဝင်ဖို့ အဆင်မပြေလောက်ဘူး”
ဒီအချိန်မှာတော့ ဘုရင်မင်းမြတ်တစ်ခုခုမပြောခင်မှာဘဲ သမားတော်လင် က လုယန်အတွက် စကားလမ်းကြောင်းဖွင့်ပေးသည်
“လူယုံတော်လု မင်းအတွက်အရမ်းတော့မခက်ခဲလှပါဘူး တစ်စုံတစ်ယောက်ကိုနန်းတော်ထဲခေါ်လာခဲ့ဖို့ဆိုတာက ဒုတိယမင်းသမီးလု ကို မင်းရဲ့လက်အောက်ခံတပည့်အနေနဲ့ ခေါ်လာလို့လည်းရတာဘဲ”
အမှန်အတိုင်းပြောရရင် သမားတော်လင် ကလုလျန့်ဝေ ဖော်စပ်လာမည့်ဆေးတွေကိုအရမ်းသိချင်နေပြီ
သူကဘုရင်ကြီးခန္ဓာကိုယ်ထဲအဆိပ်တွေကိုကုပေးလာတာကြာပြီ သူလုပ်တာဆိုလို့အဆိပ်တွေမတိုးလာနိုင်အောင်ခဏထိန်းထားခြင်းဘဲဖြစ်သည်သူကမနိုမ်နှင်းနိုင်ဘဲအဆိပ်တွေထလာတဲ့အချိန်မှာတော့ တစ်ညထဲနဲ့ဆံပင်တွေဖြူကုန်ပြီးသူလည်းဘာမှမတတ်နိုင်ခဲ့ပါဘူး
ဘာဘဲဖြစ်ဖြစ် လုလျန့်ဝေ ပေါ်လာခြင်းကသူ့ကိုစိတ်အဆုံးအဖြတ်အသစ်တစ်ခုပေးနိုင်မှာဘဲ
လုထင်ချန်း ကသမားတော်လင်ခံစားနေရတာကိုချက်ချင်းနားလည်ပြီး အဲ့တာကြောင့်သူပြောနေတာတွေကိုအရမ်းတွေးမနေတော့ဘူး။
ဘာဘဲဖြစ်ဖြစ် လုယန် ကသမားတော်လင် ရဲ့အကြံပေးချက်ကိုယူပြီးတော့ချက်ချင်းဘဲ လုထင်ချန်းကို
“ငါ့အထင် သမားတော်လင်ရဲ့ အကြံကတော်တော်ကောင်းတာဘဲ”
Chapter 161
March 26, 2024 by Nay Chi Lynn
Chapter 161
သူနည်းနည်းမသက်မသာခံစားလိုက်ရတယ်
လုထင်ချန်း ကပြောတာကိုသိပ်တော့လက်မခံချင်ဘဲ တစ်ခုခုပြောဖို့ပြင်နေချိန် ကျောက်ချန် ကပြန်ရောက်လာတယ်
“ဘုရင် မြို့တော်ဝန်ရောက်ပြီ”
“သူ့ကိုဝင်ခွင့်ပြုလိုက်”
လုယန် ခေါင်းငြိမ့်ပြပြီးခွင့်ပြုလိုက်သည်
မကြာခင်မှာ လုဟယ့်ထျန်း အပြင်ကနေဝင်လာသည် ဘုရင်ကြီးကိုတွေ့ပြီးတဲ့နောက် မကြိုဆိုတဲ့အကြည့်တွေနှင့်ကြည့်နေတဲ့ လုထင်ချန်း ရှိနေတာကို သတိထားမိသွားသည်။
သမားတော်လင်က ဆေးကြိုခွက်ကိုယူပြီးအပြင်သို့ထွက်သွားသည်
လုဟယ့်ထျနရဲ့နှလုံးသားကအကြည့်တစ်ချက်မှာတင်နစ်မြုပ်သွားသည် ကျီချင်ယွင် ကဒီမနက်သူ့ကိုပြောခဲ့တာကိုခေါင်းထဲမှာပေါ်လာသည်
ဘုရင်မင်းမြတ်တကယ် နေထိုင်မကောင်းတာများလားဒါမှမဟုတ် အဲ့ကောလဟာလကအခြေအမြစ်မရှိလို့လား
အတွေးထဲမှာနစ်မြောသွားပြီးပူပန်စွာဖြင့်ပြောလိုက်သည်
“ငါနေကောင်းပါတယ် ငါ့ကိုစိတ်ပူပေးတဲ့တွက်ဝမ်းသာပါတယ် မြို့တော်ဝန်”
ဘယ်လိုဘဲဖြစ်သူရဲ့စကားတွေက လုဟယ့်ထျန်းရဲ့စိုးရိမ်မှုတွေကိုတော့ပျောက်မသွားစေဘူး
ဘုရင်မင်းမြတ်ကသူတကယ်နေထိုင်မကောင်းရင်တောင်ဝန်ခံလောက်မှာမဟုတ်ဘူး
ဒါပေမယ့်လည်း ဘုရင်မင်းမြတ်ကတစ်ခါတစ်လေကြီးလေးတဲ့ဆုံးဖြတ်ချက်တွေချရတယ်ဆိုတာကို သို့ပေမယ့်လည်း သူကအရေးပါတဲ့ဆုံးဖြတ်ချက်တွေကိုတော့ ရှန်နိုင်ငံကြီးပြောင်းလဲဖို့အတွက်သူ့လက်ထက်မှာတော့ပြုလုပ်ခဲ့သည်
ယနေ့ခေတ်မှာ ရှန်နိုင်ငံတော်ကြီး ကြီးပွားချမ်းသာနေတာဘုရင်မင်းမြတ်ရဲ့ကျေးဇူးတော်တွေဘဲ
နန်းတက်မင်းသားသို့မဟုတ် ရှင်းကျန် မင်းသားတောင် ဘုရင်ကြီးရဲ့အောင်မြင်မှုတွေကိုမကျော်ဖြတ်နိုင်ဘူး
လုယန်ကအစီရင်ခံစာရေးတဲ့စုတ်တံ ကိုချပြီးတော့ ငြိမ်သက်စွာမေးလိုက်သည်
လုယန် ကဒီအရာရှိကိုအမြဲတမ်းလေးစားသည်ရှန်နိုင်ငံတော်ကြီးကို သစ္စာတည်တဲ့သူကိုပေါ့
သူရဲ့အကြည့်တွေက လုဟယ့်ထျန်းရဲ့ဆုံးဖြတ်ချက်ခိုင်မာပြီးတည်ကြည်တဲ့ဥပဓိရုပ်ပေါ်ကျရောက်နေသည်
သူသတိထားမိတာက လုလျန့်ဝေ ကသူနှင့်မတူဘူးဆိုတာကိုဒါပေမယ့် လုထင်ချန်း ကိုယ်လုံးကိုယ်ပေါက်ကတော့သူနဲ့ခပ်ဆင်ဆင်ဘဲ
သူက မဒမ်လင်း ကိုသူငယ်ငယ်ကတွေ့မြင်ဖူးသည် လုလျန့်ဝေ ကသူမနှင့်တော်တော်ဆင်သည်
“ဘုရင်မင်းမြတ် ကျွန်တော်မျိုးဒီနေ့နန်းတော်ကိုလာရတဲ့ကိစ္စက နန်းတက်မင်းသားနှင့်ဆက်စပ်နေတဲ့ကိစ္စပါ”
ဒီစကားတွေပြောပြီးပြီးချင်းမှာ လုထင်ချန်း က မျက်မှောင်ကြီးကြုံ့ပြီးတော့ မနေနိုင်ဘဲ
လုဟယ့်ထျန်းက သူဘာကိုစိတ်ပူနေလဲဆိုတာကို သိတယ်။မျက်စပစ်ပြီးစိတ်အေးအေးထားဖို့လုပ်ပြလိုက်သည်
“ကျေးဇူးပြုပြီး အထင်မလွှဲပါနဲ့ အရှင်မင်းမြတ် နန်းတက်မင်းသားကို ကျွန်တော်မျိုးသမီးနဲ့လက်ဆက်စေချင်တာ ကျွန်တော်မျိုးတွေးတာမသင့်တော်လှပါဘူး”
ခဏအကြာမှာတော့ လုယန်ပုံစံကအေးစက်စက်ဖြစ်သွားပြီး လုဟယ့်ထျန်း ကိုအေးအေးဆေးဆေးကြည့်ပြီးတော့ သူရဲ့အမှုအရာကမသိမ့်မွေ့တော့ဘူး
လုဟယ့်ထျန်း ဘုရင်မင်းမြတ်ရဲ့အပြုအမှုပြောင်းလဲသွားတာကိုခံစားမလိုက်သည် ဘုရင်မင်းမြတ်ရဲ့အကြည့်တွေကသူ့အပေါ်ကျရောက်လာတာကို နည်းနည်းမသက်မသာခံစားရသည်။
ငယ်ငယ်ထဲက လုဟယ့်ထျန်း ကသူ့ဖခင်နှင့်စစ်ပွဲများစွာလိုက်ပြီးတော့အကြိမ်မရေတွက်နိုင်လောက်အောင်စစ်ပွဲထဲမှာအသက်ရှင်အောင်ကျန်ရစ်သူဖြစ်သည် တော်ရုံတန်ရံလူဆိုသူ့ကိုအဲ့လိုခံစားနိုင်အောင်မလုပ်နိုင်ဘူး သူ့ဖခင်အသက်ရှင်စဉ်တုန်းကတောင်သူ့ကိုသိပ်ကြောက်လေ့မရှိဘူး ဘုရင်မင်းမြတ်က သူ့ထက်နှစ်အနည်းငယ်သာငယ်မည်ဒါပေမယ့် သူပထဆုံးအကြိမ်နဲ့သူခြိမ်းခြောက်တာကိုခံစားလိုက်ရသည်
ဒီမသက်မသာပုံစံကိုခဏတာသာကြာလိုက်ပြီးသူ့ပုံစံကိုသေချာပြန်တည်ဆောက်လိုက်ပြီးတော့
“ကျွန်တော်မျိုးရဲ့အမြင်ကတော့ကျွန်တော်မျိုးတို့ အရှေ့နန်းဆောင်ကို အရည်အချင်းနှင့်ဂုဏ်သိက္ခာရှိတဲ့အမျိုးသမီးများကို မင်းမှုထမ်းမိသားစုတွေစီမှ တစ်ဦးစီ ရွေးချယ်ပြီး တိုးချဲ့သင့်တယ်ထင်ပါတယ်”
လုထင်ချန်းက သူ့အဖေရဲ့အကြံကိုအနည်းငယ်အံဩသွားသည်
ဘယ်လိုဘဲဖြစ်ဖြစ် လုယန် ရဲ့အမူအရာကပိုကြည်လင်လာပြီး သူထောက်ခံသလိုနှင့်
“ငါလည်းတွေးနေတာ နန်းတက်မင်းသားလည်း ဇနီးအနည်းငယ်တော့ရှိသင့်တယ်လို့”
လုဟယ့်ထျန်း လည်းသူ့တင်ပြချက်ကမငြင်းခံရတော့အလွန်အံဩသွားသည်
သူထင်တာ ဘုရင်မင်းမြတ်အကြောင်းအရာအများကြီးမေးလိမ့်မယ်လိို့ အားလုံးပြီးနောက် အရှေ့နန်းဆောင်ကိုတိုးချဲ့ခြင်းက နန်းတက်မင်းသားရဲ့ အာဏာလည်းပိုပြီးတော့ကြီးထွားလာနိုင်တယ်
သူကဘုရင်မင်းမြတ်နှင့်ငြင်းခုံရမယ်လို့တွေးပြီးလာပေမယ့် ဘုရင်မင်းမြတ်ကလွယ်လွယ်ကူကူနဲ့လက်ခံပေးလိုက်တာကို သူကြိုးစားခဲ့သမျှကအရာထင်လာခဲ့ပြီ
သူ့ကိုသူခနဲ့တဲ့တဲ့ပြုံးပြီးတော့ ဘုရင်မင်းမြတ်ရဲ့စိတ်ထားကခန့်မှန်းရခက်ခဲလွန်းသည်
Chapter 162
March 26, 2024 by Nay Chi Lynn
Chapter 162
အရှင်နားလည်မှုကြီးကြီးမားမားလွဲနေပြီ
လုယန်ကိစ္စတွေပြန်လည်မစခင်စဉ်းစားတွေးတောပြီး
“နန်းတက်မင်းသား ကလည်းဒုတိယမိဖုရားရဲ့သားတော်ဘဲဒါကြောင့်ခုရွေးမယ့်မိန်းကလေးတွေထဲကသူမထက်အဆင့်အတန်းမြင့်လို့တော့မရဘူးဒါပေမယ့် ငါတို့က နန်းတက်မင်းသားအတွက်လည်းမတရားတာမျိုးမဖြစ်စေချင်ဘူးအရည်အချင်းနှင့်ဂုဏ်သိက္ခာမျိုးတွေနဲ့ရွေးမယ့်အစား အလှအပနဲ့လည်းရွေးချယ်သင့်တယ်”
ကျောက်ချန် ဘေးမှာနေရင်းဒီစကားတွေကြားရတော့ချွေးတွေပြန်နေသည်
တစ်မျိုးမျိုးနဲ့တော့သူ့အရှင်တစ်ခုခုကိုကြီးကြီးမားမားအထင်လွဲနေပြီ
နန်းတက်မင်းသမီးထက်အဆင့်မမြင့်ရဘူးလား
သခင်ဘယ်တုန်းကသူစိမ်းတွေအတွက်စဉ်းစားပေးဖူးလို့လဲ
သူ့သခင်က အဓိကဖြစ်သူတွေရဲ့ဇနီးတွေရဲ့သမီးများအတွက်သက်သက်ဆိုတာသူရိပ်မိနေသည်
ဒီထင်မြင်ချက်ကသူ့နှလုံးသားထဲမှာထင်ရှားနေသည်
ဒီလိုမျိုးကြည့်ရတော့လည်း သခင်ကနန်းတက်မင်းသားနှင့်နန်းတက်မင်းသမီးကို ဂရုစိုက်ပေးနေတဲ့ဦးလေးပုံစံမျိုးဖြစ်နေသည်
လုဟယ့်ထျန်းလည်း ဘုရင်ကြီးရဲ့ဆိုလိုရင်းကိုနားလည်ပြီးချက်ချင်းဘဲ
“ဘုရင်မင်းမြတ်ရဲ့သနားကြင်နာမှုအတွက်ကျေးဇူးတင်ပါသည် ဘုရင်မင်းမြတ်ကို ကျွန်တော်မျိုး၏သမီးကိုယ်စားကျေးဇူးတင်ပါသည်”
ဘယ်လိုဘဲဖြစ်ဖြစ် နန်းတက်မင်းသားရဲ့အာဏာချဲ့ခြင်းကိုကာကွယ် နေတယ်လို့ခံစားမိနေသည်
ဒုတိယဇနီးတွေရဲ့သမီးတွေဖြစ်ဖြစ် ကိုယ်လုပ်တော်တွေဖြစ်ဖြစ် ထည့်သွင်းစဉ်းစားတယ်ဆိုတာ အရေးတော့မကြီးလှဘူး ရာထူးကြီးအိမ်တော်တွေမှာ သူတို့ထဲကသမီးတစ်ယောက်ယောက် အရှေ့နန်းဆောင်ထဲကိုရောက်တာနဲ့ရာထူးကြီးအိမ်တွေက ပုန်ကန်ဖို့ကြိုးစားကြမှာဘဲ
လုယန် ကသူ့ကိုယ်သူ လုချီရန်မှ ကာကွယ်ရန် စိတ်ပူနေမှာမဟုတ်ဘူး
သူလုချီ ကိုနန်းတက်မင်းသားအဖြစ်ကြေငြာစဉ်က သူနတ်ရွာစံပြီးနောက်ထီးနန်းကိုတရားဝင်လွှဲပေးမည်လို့အစီစဉ်ချထားသည်
ဘယ်လိုဘဲဖြစ်ဖြစ် သူ့ခန္ဓာကိုယ်ထဲကအဆိပ်အတောက်ကကူသနိုင်သည်
“ဆိုလိုရင်းကတော့ဒါအကုန်ဘဲ မင်းအတွက်ဒီကိစ္စ ကိုင်တွယ်ရမှာခက်ခဲနေရင် ငါဝန်ကြီးဋ္ဌာနကို ဓလေ့တုံတမ်းတွေအတိုင်း အရှေ့နန်းဆောင်ကိုတက်ရောက်ရန်ရာထူးကြီးအိမ်ယာများမှ အမျိုးသမီးများကိုရွေးချယ်စေခိုင်းလွှတ်လိုက်မယ်”
သူဒီအကြံဉာဏ်တွေကိုသူပေးပေမယ့်လည်းသူကိုယ်တိုင်ဒီကိစ္စတွေကို ကိုယ်တွယ်ဖို့ခက်ခဲလိမ့်မည်
လုယန် ကတချိန်လုံးငြိမ်သက်နေတဲ့ လုထင်ချန ဘက်ကိုကြည့်လိုက်ပြီး
“ထင်ချန် မင်းဒီနေ့နန်းတော်မှာလုပ်စရာဘာမှမရှိတော့ဘူး ငါကိုယ်တော် ကိုယ်စား မြို့တော်ဝန်နဲ့အိမ်ကိုအတူတူပြန်လိုက်ပါ”
လုယန်ကအဓိပ္ပာယ်ရှိတဲ့မျက်လုံးတွေနဲ့သူကို့ကြည့်လိုက်သည်
လုထင်ချန်း သဘောပေါက်လိုက်သည် မင်းကြီးကိုဘာကိုဆိုလိုချင်မှန်း မနက်ဖြန်သူနှင့်အတူ ဝေဝေ ကိုပါနန်းတော်ထဲခေါ်ဆောင်လာဖို့ဖြစ်သည်
နန်းတော်ကထွက်ထွက်ချင်းမှာဘဲ တစ်ချိန်လုံးထိန်းချုပ်ထားရတဲ့အသံတွေနဲ့ လုထင်ချန်းက
“အဖေ ဘာလို့ လုယွင်ရွှမ်းအတွက် ခက်ခဲအောင်လုပ်ရတာလဲ”
လုဟယ့်ထျန်းက သူ့ကိုမျက်စောင်းထိုးပြီး ထင်ချန်း လုယွင်ရွှမ်း အပေါ်ထားတဲ့စိတ်ထားကိုသူသိနေပြီးသားဖြစ်သည်။
“ဒါပေမယ့် အဖေ မင်းကြီးဆီလျှောက်တင်ခဲ့တဲ့ အကြောင်းအရာကသိသာလွန်းတယ်”
သူကမင်္ဂလာမဆောင်ရသေးတာကိုသတိရသွားသည် လုဟယ့်ထျန်း နားလည်သည် သူတော့သိမှာမဟုတ်ဘူး ဒီနေ့အရာရှိတွေတရားစီရင်ကွင်းမှာသူရှေ့မှာပြောတဲ့စကားတွေကို အဲ့တာကြောင့် ပေါ့ပေါ့ပါးပါးပြန်ပြောလိုက်သည်။
“ဒါဆို အဖေက နန်းတက်မင်းသားနဲ့ခြေလှမ်းတူအောင်လုပ်နေတာလား”
အပြင်လူတွေကတော့ ရွှမ်းလေးနဲ့ လုချီ မင်္ဂလာပွဲက မြို့တော်ဝန်မိသားစုက နန်းတက်မင်းသားနဲ့ခြေလှမ်းတော်တော်တူနေပြီလို့ထင်နေကြလိမ့်မယ် ဒါပေမယ့် ဒီမိသားစုက မင်းသားရဲ့ ဘက်တော်သားလို့အထင်မခံရသေးဘူး ဒါပေမယ့် အနှေးနဲ့အမြန်ဖြစ်လာမှာပါ
ဘာလို့လဲဆိုတော့ ဒီလက်တွဲမှုကြောင့် တရားရေးရာ အရာရှိတွေက တိတ်တိတ်လေး နန်းတက်မင်းသားနဲ့ပူပေါင်းနေကြပြီ
လုဟယ့်ထျန်း ရဲ့ဒီနေ့လုပ်ဆောင်ချက်ကဒီအတွက်လည်းပါဝင်နေမယ်လို့ထင်သောကြောင့်
လုထင်ချမ်းက ဒီအကြောင်းကိုကြားလိုက်ရတော့ သူ့အဖေအနည်းငယ်စိတ်သက်သာရာရသွားသည်
သူ့အဖေလည်း တရားစီရင်ကွင်းမှာပျံ့နေတဲ့ကောလဟာလတွေကိုကြားပြီးပြီထင်တားဘဲ ဒါပေမယ့်ဘာမှဝင်မပြောဘဲအားလုံးကိုလျစ်လှူရှူထားတာဘဲ ငါထင်တာက ယွင်ရွှမ်း ကိုဂရုစိုက်နေသေးတယ်လို့ ငါစိတ်မပူသင့်တာတွေကိုပူနေတာဘဲ