အခန်း (၁၆၃-၁၆၅)
Vol. 4 Ch. 163-165
Chapter 163
March 26, 2024 by Nay Chi Lynn
Chapter 163
အဆုံးမရှိအောင်လှပလွန်းတဲ့မျက်နာလေး
သူကသူ့မွေးစားညီမ လုယွင်ရွှမ်းကို သဘောမကျဘူးသူနဲ့မွေးတဲ့အမေမတူရုံတင်မဟုတ်ဘဲသူမက အကြံသမားဆိုတာငယ်ငယ်ထဲကသိလို့ဘဲ
သူမေ့မရဘဲမှတ်မိနေတာကတော့ သူမကအမြဲ ဝေဝေ ကိုချောက်တွန်းလေ့ရှိသည်ပြီးတော့သူကအဲ့တာကိုအမြဲတမ်းသေသေသပ်သပ်လုပ်နိုင်သည်
သူကသူ့ညီမကိုနောက်ဆုံးမှာဒဏ်ရာရအောင်လုပ်မှာကိုမကြာခဏစိတ်ပူနေမိသည်
သူ့အဖေနှင့်အဖွားကြောင့်သာမဟုတ်ရင် သူက လုယွင်ရွှမ်း ကိုထပ်သည်းခံနိုင်မှာမဟုတ်ဘူး
ခုတော့သူက အရှေ့နန်းဆောင်မှာလက်ထပ်တော့မယ်ဆိုရင် အဲ့အဓိပ္ပာယ်ကသူမက လုမိသားစု ကနေခွဲထွက်မယ်ဆိုတာဘဲ အဲ့တော့မှာဘဲသူရဲ့စိုးရိမ်ပူပန်မှုတွေအနည်းငယ်လျှော့သွားသည်
ဒီနေ့သူ့အဖေရဲ့လုပ်ရပ်အတွက်သူအလွန်ဝမ်းသာနေသည်
အစောထဲက လုယွင်ရွှမ်း ကိုယ်တိုင် နန်းတက်မင်းသားနဲ့လက်ထပ်သင့်တာ အဲ့တာကသူ့အတွက်လိုအပ်နေတဲ့အရာဘဲ နန်းတက်မင်းသားကတော့ သူ့ကို မြို့တော်ဝန် အိမ်ကိုဘယ်လိုမှ ထောက်ပံ့ခိုင်းမှာတော့မဟုတ်ဘူး
“အဖေ ညီမလေးကျွန်တော့်အတွက်ပြင်ပေးရင်နောက်တစ်ခါအဖေ့အတွက်ချန်ထားပေးပါ့မယ်”
လုဟယ့်ထျန်းလည်းအစက မျက်ခုံးပင့်ပြီးအံဩသွားတဲ့ပုံဖြင့် နောက်ကြသူ့မျက်နာမှာဂုဏ်ယူနေတဲ့ပုံကိုတွေ့သောအခါချက်ချင်းဘဲ
“တော်စမ်းပါ! ဘာလို့မင်းမနက်စာကိုငါကဂရုစိုက်ရမှာလဲ ငါစားချင်ရင် ဝေဝေ ကိုငါ့အတွက်သီးသန့်လုပ်ပေးမှာ”
လုထင်ချန်းမသိမသာလေးပြုံးပြီးဘာမှတော့ပြန်မပြောတော့ဘူး
နောက်တစ်နေ့မှတော့ လုလျန့်ဝေက လုထင်ချန်းရဲ့ အဆောင်ရှိရာကိုသွားတဲ့အချိန်နေတောင်နည်းနည်းဘဲထွက်သေးတယ်
လုထင်ချန်း ကအဲ့အချိန်ထဲကနိုးနေပြီဖြစ်သည် သူ့မရောက်လာတာကိုတွေ့တဲ့အချိန်မှာ သူ့မှာကိုချပ်ဝတ်စုံကိုလှမ်းပေးလိုက်သည်
ဘာမှမပြောဘဲ လုလျန့်ဝေလည်း အဝတ်အစားလဲဖို့အိပ်ခန်းထဲသို့ဝင်သွားသည်
သူ့မကိုအဲ့တာတွေနဲ့ကြည့်ရတာရယ်စရာတော့ကောင်းသည်
လုလျန့်ဝေ သူ့ကိုသူမှန်ထဲမှာကြည့်ပြီးပြောစရာစကားပျောက်သွားသည် သူ့ပုံစံကကလေးတစ်ယောက်က လူကြီးတွေဝတ်စုံကိုယူဝတ်ထားသလိုဘဲ
သူကအဝတ်အစားတွေကိုဆွဲပြီး မသက်မသာနဲ့ထွက်လာသည်
လုထင်ချန်း ကစိတ်မရှည်သလိုနဲ့
“မင်းကဘာတွေအချိန်ဆွဲနေတာလဲ”
“ဒီလိုမျိုးကမင်းတစ်ယောက်ထဲမဟုတ်ဘူး နန်းတော်ကိုဖြစ်သလိုဝင်လို့မရဘူး”
လုလျန့်ဝေကသေသေချာချာပြန်ပြောသည်
သူပြောပြောချင်းမှာဘဲ သူ့လက်ဖဝါးနဲ့သူ့မခေါင်းလေးကိုရိုက်ပြီးတော့ ခတ်ပြတ်ပြတ်ပြောပြီးတော့
လုလျန့်ဝေ ကခေါင်းဆောင်းကိုဝတ်ပြီးတော့သူ့ကိုစိတ်ဆိုးတဲ့အကြည့်နဲ့ကြည့်လိုက်သည်
မောင်နှမတွေ ခြံဝန်းထဲမှာတစ်ယောက်နှင့်တစ်ယောက်ကျီစယ်နေပေမယ့်သူတို့အပြင်ကိုထွက်တာနဲ့ နောက်တာကိုရပ်ပြီးတော့ သူ့တို့သွားစရာလမ်းကိုသူတို့သွားသည်
မနက်ပိုင်းအစည်းအဝေးတက်ပြီးပြန်လာသော လုယန် သည်မနက်စာစားရန် နန်းဆောင်သို့ပြန်လာခဲ့သည်
ဘယ်လိုဘဲဖြစ်ဖြစ် သူ့ကိုဆေးယူလာပေးတာ သမားတော်လင် လည်းမဟုတ်သလို ကျောက်ချန်လည်းမဟုတ်ဘူး အဲ့တာကချပ်ဝတ်တွေဝတ်ထားတဲ့နန်းတော်စောင့်ဖြစ်သည်
“ဘဏ္ဍာထိန်း ဇောင်က မင်းကြီးမနက်အစည်းအဝေးပြီးရင်သောက်ဖို့ဆေးတွေကိုမီးဖိုပေါ်မှာနွေးနေအောင်သောက်ဖို့နွေးထားတာပါမင်းကြီးမနက်စာသုံးဆောင်ပြီးရင်သောက်လို့ရပါပြီ”
လုယန် အံ့ဩသွားတယ်မိန်းကလေးတစ်ယောက်ရဲ့အသံကိုကြားလိုက်ရတော့
ပြီးတော့ နန်းတော်စောင့်တွေကသူ့မလက်ထဲက ဆေးခွက်ကိုမင်းကြီးထံယူဆောင်လာပေးသည်
ဆေးခွက်သောက်လို့ပြီးပြီမှာတော့ သူ့မရဲ့ခေါင်းကိုမော့လိုက်သည်
သံချပ်ဝတ်စုံကြီးကြီးတွေရဲ့အောက်မှာ အဆုံးမရှိအောင်လှပတဲ့မျက်နာလေး ရှိနေတယ် သူမကသူ့ရဲ့မျက်စိနက်လေးကိုညင်ညင်သာသာလေးမျက်တောင်ခတ်လိုက်ပြီးတော့ ဒူးထောက်ပြီးတော့
သူ့ရဲဆေးခွက်ကိုယူပြီးတော့တစ်ခါထဲသောက်ပစ်လိုက်သည်
လုလျန့်ဝေ ကသူမရဲ့ဘေးမှာရပ်ပြီးတော့ သူမသူ့ဆေးခွက်ကိုချတာကိုကြည့်နေတယ် သူမရုတ်တရက်ကြီးသူပြောတာကိုကြားလိုက်တယ်
“လုလျန့်ဝေ ဒီဆေးထဲမှာဆေးမြစ်တစ်မျိုးပါဝင်တာလား”
Chapter 164
March 27, 2024 by Nay Chi Lynn
Chapter 164
ငါနဲ့လမ်းလျှောက်ပြီးစကားလေးပြောရအောင်
လုလျန့်ဝေ ခေါင်းခါပြတယ်
“မပါပါဘူး”
“ဒါဆိုဘာလို့ချဉ်နေတာလဲ”
လုယန် မျက်မှောင်ကြုံ့ပြီးတော့ချဉ်တဲ့အရသာဆေးကြောင့်နည်းနည်းစိတ်ပျက်သွားသည်
လုလျန့်ဝေကတအံ့တဩနဲ့ မင်းကြီးကိုကြည့်လိုက်သည်
“ဘာလဲ”
သူမရဲ့အကြည့်ကိုခံစားမိပြီး လုယန်အေးအေးဆေးဆေးပြန်ပြောလိုက်သည်
လုလျန့်ဝေ ကသူ့မရဲ့မျက်လုံးလေးကိုပင့်ပြီးတော့စဉ်းစားနေသည်
သူမထင်တာ မင်းကြီး ကဆေးရဲ့ချဉ်တဲ့အရသာနဲ့အကျွမ်းတဝင်ဖြစ်နေပြီလို့ထင်တာ
သူရဲ့ ခန္ဓာကိုယ်အခြေအနေကိုကြည့်ပြီးတော့ သူတစ်နှစ်ပက်လုံးဆေးတွေသောက်သုံးနေရတာဘဲ
ဘယ်လောက်ဘဲဆေးတွေသောက်နေသောက်နေ သူချဉ်တဲ့အရသာကိုတော့မခံနိုင်ဘူးနှင့်တူသည်။
“ကျွန်တော်မျိုးမ ပြောချင်တာကဆေးတိုင်းကတော့ချဉ်တဲ့အရသာတော့ပါတယ်အဲ့တာကြောင့်အဲ့တာလေးကိုသည်းခံပြီးတော့ အကယ်၍အရမ်းချဉ်နေရင် ဆေးသောက်ပြီးရင်တော့ချိုတဲ့အသီးတွေစားလို့ရပါတယ်”
သူ့မကိုကြည့်ရတာကလေးတစ်ယောက်ကိုချော့နေသလိုပုံဖြစ်နေတာကြောင့် လုယန်လည်းမနေနိုင်ဘဲရယ်မိလိုက်သည်
သူတစ်ခုခုပြောဖို့ပြင်နေတုန်းမှာ သူမကပြောလိုက်သည်
“အရှင်မင်းကြီးရဲ့လက်ကိုအရှေ့ဆန့်ထုတ်ပေးလို့ရမလားသွေးခုန်နှုန်းစမ်းချင်လို့ပါ”
လုယန်ကသူ့မကိုကြည့်ပြီးတော့ချက်ချင်းထရပ်လိုက်ပြီးတော့
“လောဖို့မလိုပါဘူး အပြင်မှာရာသီဥတုကလည်းသာယာနေတယ် ငါနဲ့အပြင်ထွက်ပြီးလမ်းလျှောက်စကားပြောရအောင်”
လုလျန့်ဝေက မင်းကြီးရဲ့အမူအရာထူးဆန်းနေတာကိုသိပေမယ့်လည်း ဘုရင့်အမိန့်ကိုတော့သူလွန်ဆန်လို့မရဘူးလေသူ့နောက်သို့လိုက်သွားခဲ့သည်
သူမကိုနန်းတော်ကိုခေါ်လာပြီးတော့ သူ့အစ်ကိုကြီးက ဘုရင့်နန်းဆောင်ကိုပို့ပေးပြီး ဘဏ္ဍာစိုး ဇောင်လက်ထဲအပ်ခဲ့ပြီး သူ့တပ်သားတွေနဲ့ ကင်းလှည့်ဖို့ထွက်သွားသည်
တံခါးတစ်ဖက်ရဲ့အပြင်ဖက်မှာ
ကျောက်ချန်း ချူရီ ချူယွီ တို့ကခေါင်းချင်းဆိုင်ပြီးတိုးတိုးနဲ့ပြောနေကြသည် သူတို့ရဲ့သခင်ထွက်လာတာကိုတွေ့တဲ့ချိန်မှာတော့ သူတို့ချက်ချင်းသတိအနေအထားဖြင့်ခေါင်းတွေငုံ့နေကြပြီးတော့လေထုထဲမှာလည်းလေးနက်ခြင်းတွေနဲ့ပြည့်နေသည်
လုယန်က သူတို့သုံးယောက်ကိုစိုက်ကြည့်ပြီးတော့ ထွက်သွားသည်
သုံးယောက်လုံးသက်သာသွားတဲ့သက်ပြင်းလေးတွေချနေကြသည်
ပြီးတာနဲ့ လုလျန့်ဝေထွက်လာပြီးတော့မြင်လိုက်ရတာ ဇောက်ချန် နှင့်တခြားနှစ်ယောက်စာရွက်လိုမျိုးကိုင်ထားတာမျိုးတွေ့လိုက်သည်
သူမကတော့ဒီသုံးယောက်စုပြီးတော့လောင်ကစားလုပ်နေတာကိုရိပ်မိတယ် ဒါပေမယ့်သူ့မှာသက်သေရှိမနေဘူး
သူမ သူတို့တွေကိုကြည့်ပြီးတော့ဟန်ဆောင်ပြုံးပြုံးပြလိုက်သည်
ကျောက်ချန်း ရင်တုန်သွားသည်ပြီးတော့သူကသူမနားကပ်ပြီးတော့တိုးတိုးလေးဖြင့်
“ဒုတိယမင်းသမီး...”
“အတွေ့အကြုံတော်တော်များတာဘဲ ဘဏ္ဍာစိုး ကျောက် မင်းအိတ်ကပ်ထဲ မှာအချိန်ခဏလေးနဲ့တော်တော်ပြည့်နေပြီနော်”
လုလျန့်ဝေ စိုက်ကြည့်ပြီးတော့ပြောလိုက်တယ်
ကျောက်ချန်း တည်တည်ငြိမ်ငြိမ်နဲ့ပြန်ပြောလိုက်တယ်
“မနောက်ပါနဲ့ ဒုတိယမင်းသမီးရယ် ကျွန်တော်ကဒီထဲမှာအမွဲဆုံး ချူရီ ဘာလို့ငါ့ပိုက်ဆံကိုယူသွားတာလဲ”
ကျောက်ချန်း က ချူရီကိုရုတ်တရက်လှမ်းကြည့်လိုက်သည်
ချူရီကသူ့လက်ထဲမှာပိုက်ဆံတွေကိုင်ပြီးတော့သွားပေါ်အောင်ပြုံးပြီးတော့
သူသိသင့်တယ် ချူရီ ကလောင်းကစားသမားသိက္ခာမရှိဘူးဆိုတာ သူရှူံးတိုင်းအမြဲ သူရှုံးထားတဲ့ပိုက်ဆံတွေကိုပြန်လုတတ်တယ်
လုလျန့်ဝေက ပျော်ပျော်ရွှင်ရွှင်ခေါင်းခါပြလိုက်တယ် သူမထင်ထားဘူး လုယန် အနားကလူတွေက ဒီလိုရယ်ရလိမ့်မယ်လို့
တခြားတစ်ဖက်မှာတော့ ချူယွီ ကသူတို့နှစိယောက်နဲ့မတူဘဲ ပိုရင့်ကျက်နေတဲ့ပုံမျိုးဖြစ်သည်
ဒါကိုမြင်တဲ့ လုယန် ကလုလျန့်ဝေ ကိုဦးဆောင်ပြီးတော့ တော်ဝင်ပန်းခြံထဲသို့ခေါ်ဆောင်သွားသည်
ကျောက်ချန်း ချူရီကိုပြိုင်မငြင်းတော့ဘဲ လက်အမှုအရာဖြင့်ပြလိုက်သည်
“မင်းပိုက်ဆံပြန်လိုချင်ရင် ဖြစ်နိုင်ပါတယ်..”
“ဒါပေါ့ဖြစ်နိုင်တာပေါ့-ပိုက်ဆံကငါ့လက်ထဲရောက်နေပြီးသားလေ”
ဒီနောက်လိုက်ကိုတော့တစ်ညလောက်တော့ကောင်းကောင်းရိုက်ရမယ်
သူအသက်ပြင်းပြင်းရှူပြီးတော့ လက်ကိုဆက်ခနဲလှုပ်လိုက်သည်
“ဒါကတော့မှန်တယ် ဒါပေမယ့်ငါမင်းကိုပေးဖို့သဘောမတူထားဘူးလေ အဲ့တာကြောင့် မင်းဆီကနေမရမကပြန်အောင်ယူရမှာဘဲ”
ဘယ်လိုဘဲဖြစ်ဖြစ် ကျောက်ချန်းအကြောင်းကိုကျောက်ချန်း နီးပါသူသိတယ် သူကပြောတဲ့အတိုင်းကိုတကယ်လုပ်တတ်သည်
သူကပိုက်ဆံတွေစုပြီးတော့အနာဂတ်မှာဇနီးချောချောလေးနဲ့မိသားစုကိုပိုင်ဆိုင်ချင်တာ
သူကပိုက်ဆံတွေကိုစီစီစစ်စစ်ရှာလေ့ရှိသည် ကျောက်ချန်းက ဒီကိစ္စကိုအလျော့တော့ပေးမှာမဟုတ်ဘူး
Chapter 165
March 27, 2024 by Nay Chi Lynn
Chapter 165
ဒီကောင်လုပ်တာအရှက်မရှိစရာဘဲ
သူအနည်းငယ်တွေးတောပြီးတော့ပြောလိုက်တယ်
“ကောင်းပြီလေ မင်းဒီလောက်တွန့်တိုနေမှတော့ ငါကဘယ်လိုလုပ်ငါ့ဆဌကပိုက်ဆံကိုလာယူတာကိုတားလို့ရမှာလဲ”
သူ့သွေးတွေဒေါသတွေနဲ့ဆူပွက်လာသည်သူကသူ့ကို ကပ်စေးနည်းလို့ခေါ်လိုက်တာလား
အဲ့ကောင်ကအရှက်မရှိဘူးလား
နောက်ထပ်အသက်ပြင်းပြင်းရှူပြီးတော့ ကျောက်ချန်း ကမျက်နာကိုအတင်းပြုံးပြီးတော့
“ငါသိချင်တာကလေ အဲ့နေ့ကတောင်ထိပ်ပေါ်မှာလေ”
အဲ့အချိန်သူ့ကိုယ်ကိုနည်းနည်းစောင်းပြီးတော့အနားကပ်ပြီး
“အဲ့နေ့ကသခင်နဲ့ ဒုတိယမင်းသမီးကြားတစ်ခုခုဖြစ်သွားသေးလား”
ဒါကိုကြားတော့ ချူရီက သူ့ကိုအံဩစွာကြည်ပြီး
“ငါမထင်ထားဘူးမင်းလို ကုန်းကုန်းက ဒီလိုညစ်ညစ်ပတ်ပတ်စိတ်ရှိမယ်လို့”
ကျောက်ချန်း ကချူရီကိုသတ်ပစ်ချင်လောက်နေပြီ
“မင်းကြည့်ရတာမင်းပိုက်ဆံမင်းပြန်မလိုချင်ဘူးနဲ့တူတယ်”
သူတိုးတိုးနဲ့ခြိမ်းခြောက်လိုက်သည်
ချူရီ ကကိုယ်ခံပညာမှာသူထက်သာပေမယ့်လည်း ကာမသုခမရတာကြာတဲ့လူတစ်ယောက်ရဲ့စိတ်နဲ့ရမ္မက်ကိုတော့သူယှဉ်နိုင်မှာမဟုတ်ဘူးဆိုတာသိတယ်
သူမင်္ဂလာဆောင်ဖို့စုထားတဲ့ငွေအတွက် သူ သူ့ကိုအတည်ဖိအားပေးနေသည်
“မင်းဒီလိုပြောမှတော့ တစ်ခုခုတော့ပါဝင်ပက်သက်နေပြီ....”
ကျောက်ချန်း မျက်လုံးပင့်ပြီးတော့မြန်မြန်ဘဲမေးလိုက်သည်
ချူရီကသူ့ကိုအထင်သေးတဲ့အကြည့်ဖြင့်
“မင်းကြီးရဲ့ဒီအကြောင်းတွေကိုမေးတာ မင်းခေါင်းပြတ်သွားမှာမကြောက်ဘူးလား”
“မင်းကိုမင်းစိုးရိမ်သင့်တယ် မင်းမပြောရင် မင်းရဲ့မင်္ဂလာဆောင်ဖို့စုငွေလေးတွေပျောက်ဆုံးသွားမှာနော်”
“မင်း မင်းကြီးရဲ့ခံစားချက်တွေကို လိုက်ခန့်မှန်းနေစရာမလိုဘူး မင်းကြီးက သူ့ခွင့်ပြုချက်နဲ့သူမ ကိုတစ်ခါမကတော့ဖက်ပြီးပြီ အတိအကျပြောရရင်ပေါ့”
အဲ့အကြောင်းပြောပြီးမှာတော့သူသတိပေးဖို့တော့မမေ့ဘူး
“မင်းတခြားလူတွေကိုဒီအကြောင်းပြောရဲပြောကြည့် နောက်တစ်ခါသင်းကွပ်ခံရမယ်”
ချူရီ လစ်ကခနဲပြောလိုက်သည် ကျောက်ချန်းတအံတဩနဲ့ရပ်နေသည်
မင်းကြီးက မိန်းမလိုက်စားတဲ့မဟုတ်ဘူး သူ့နားမိန်းမတွေလာကပ်ရင်တောင်သဘောကျတာမဟုတ်ဘူး ခုသူကလိုလိုရရ ဖက်ခဲ့တယ်ပေါ့
အရမ်းအံဩပြီးတဲ့နောက် ကျောက်ချန်းမျက်နာမှာ အားရဝမ်းသာပုံပေါ်လာသည်
မင်းကြီးက ဒုတိယမင်းသမီးကိုတကယ်နှစ်သက်နေတာနဲ့တူတယ် ပြီးတော့ဒီလိုမျိုးကသူ့ဘဝမှာဒါပထမဆုံးအကြိမ်ဘဲ
အဲ့ဒီအတွေးတွေနဲ့ တော်ဝင်ပန်းခြံကို လျင်လျင်မြန်မြန်သွားသည်
သူကမင်းကြီးနဲ့ ဒုတိယမင်းသမီးကြားနှစ်ယောက်ထဲရှိနေအောင်ဖန်တီးပေးဖို့လုပ်သည်
တော်ဝန်ပန်းခြံထဲမှာ ချူယွီက မင်းကြီးနှင့်ဒုတိယမင်းသမီးနောက်ထပ်ကြပ်မခွာ လိုက်နေသည်
ရုတ်တရက်ကြီးခြုံထဲမှာလှုပ်ရှားနေတာကိုတွေ့လိုက်သည် အလင်းရဲ့အမြန်ဖြင့်သူ့ဓားကိုလွှဲပြီးတော့ခြုံကိုခုတ်ပစ်လိုက်သည် နောက်မှာတော့ ရောင်စုံအရွက်တွေကလေထဲဝဲနေပြီးတော့ လူတစ်ယောက် ကခြုံကြားထဲမှာထိုင်နေတာကိုတွေ့လိုက်သည်
ကျောက်ချန်း မြန်မြန်ထပြီးတော့ မင်းကြီးကဒီအခြေအနေကိုမရိပ်မိသောအခါ ချူယွီ ကိုသစ်ပင်အောက်ဆွဲခေါ်လိုက်သည်
ကျောက်ချန်းကသူ့ကိုလေးလေးနက်နက်ကြည့်လိုက်သည်
ချူယွီ ငြိမ်နေပြီးတော့သူဘာဆက်ပြောမလဲစောင့်နေသည်
“မင်း ကဒုတိယမင်းသမီးကိုလုပ်ကြံသတ်ဖြတ်ဖို့ဟန်ဆောင်ရမယ် ဒါပေမယ့် သူဆံပင်တစ်ချောင်းတောင်မထိခိုက်စေနဲ့ ကြားလား”
ကျောက်ချန်းကစိတ်ပျက်တဲ့ပုံဖြင့်သူ့မျက်နာကိုသုတ်ပြီးတော့
“ဒါက မင်းကြီး ကဒုတိယမင်းသမီးရဲ့အချစ်ကိုရယူဖို့အခွင့်အရေးဘဲ မင်းကြားဖူးတယ်မလား သူရဲကောင်းက မိန်းမပျိုလေးကိုဒုက္ခကြားမှဝင်ကယ်တာကို”
ကျောက်ချန်းက ချက်ချင်းဘဲ ချိုချိုသာသာပြုံးပြပြီးတော့
“ငါကဝတယ်လေ ဒုတိယမင်းသမီးကငါဆိုတာကို ချက်ချင်းသိသွားမှာလေ”
ကျောက်ချန် ကလည်းပင်းထဲလေကိုရှိုက်သွင်းပြီး ဒီကောင်လေးကဘာလို့ဒီစကားတွေကိုနားမလည်ရတာလဲ
“မင်းကြီးပျော်ဖို့အတွက် မင်းလုပ်မှာလားမလုပ်ဘူးလား”
သူ့ရဲ့နူးနူးညံ့ပြောတာမရတော့ သူကနောက်ဆုံးတော့အားထည့်ပြီးပြောပြီ