← Chapters

အခန်း (၁၆၆-၁၆၈)

Vol. 4 Ch. 166-168

အခန်း (၁၆၆-၁၆၈)

Vol. 4 Ch. 166-168

Chapter 166

March 27, 2024 by Nay Chi Lynn

Chapter 166ခံစားသက်ဝင်မျက်လုံးတွေနဲ့သူမကိုကြည့်ခဲ့တယ်

“မလုပ်ဘူး”

ချူယွီ ကခေါင်းကိုမရပ်မနားခါပြသည်သူ့ကိုဂရုမစိုက်ဘဲထွက်လာခဲ့သည်

ကျောက်ချန် ကသစ်ပင်ကိုမှီပြီးတော့သူ့ဘေးနားမှာရပ်ပြီးအားမလိုအားမရတွေဖြစ်နေသည်

သူတစ်ယောက်ထဲသူ သခင်ပေါ်ဒီလောက်ထိဂရုစိုက်တဲ့ သူဆိုတာသူတစ်ယောက်ထဲရှိတာပါလားဆိုပြီးဒေါသတွေထွက်နေသည်

ချူယွီ ကောင်စုတ်လေးကတော့တစ်နေရာရာကိုပြေးထွက်သွားသည် ချူယွီ ကချော့ပြောလို့လွယ်တဲ့သူတော့မဟုတ်ဘူး

သူ့အတွက်တော့တော်တော်ခက်ခဲနေသည်

ခဏလောက်စဉ်းစားပြီးတဲ့နောက်မှာတော့ သူက ချူယွီ နောက်ပြေးလိုက်သွားပြီး သူနဲ့ညှိနှိုင်းဖို့ကြိုးစားသည်

“ကောင်းပြီ အဲ့တာဆိုရင် မင်းလုပ်ကြံသူအဖြစ် ဟန်မဆောင်နဲ့ ဒါပေမယ့် မင်း မင်းကြီးရဲ့အခွင့်အရေးကိုနောက်ယှက်လို့တော့မရဘူး ပြေးမထွက်သွားနဲ့”

ဝဝကစ်ကစ် မျက်နာကြီးကအရှေ့တိုးလာပြီး စိတ်မရှည်စွာခေါင်းငြိမ့်ပြနေတော့

“ကောင်းပြီ”

အဲ့တာပြီးတာနဲ့ ကျောက်ချန်က စိတ်သက်သာရာရပြီးတော့ သူပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်သည်

လုယန် ကတော့ ကျောက်ချန်ရဲ့အစီစဉ်ကိုသတိမထားမိသေးဘူး လမ်းခဏလျှောက်ပြီးအကြာမှာတော့ လုယန် ကသတိထားမိတယ် လုလျန့်ဝေ ငြိမ်သက်နေတာကို နောက်ဆုံးတော့မနေနိုင်တော့ဘဲ သူမကိုလှည့်ကြည့်လိုက်သည်

သူမြင်လိုက်တယ် ဒီကောင်မလေး သူရဲ့ခေါင်းဆောင်းကိုချွတ်ပြီးတော့ သူ့ရဲ့လက်တစ်ဖက်မှာကိုင်ထားပြီး ကျန်လက်တစ်ဖက်နဲ့နဖူးကချွေးတွေကိုသုတ်နေသည် သူ့ကြည့်ရတာ တစ်ခုခုကိုစိတ်ပူနေသလိုဖြစ်နေသည်

လုယန် လမ်းလျှောက်နေတာကိုရပ်ပြီးတော့ သူရဲ့လေးလံတဲ့ချပ်ဝတ်စုံတွေကိုကြည့်ပြီးတော့ သူ့ပါးစပ်ကိုပြင်ပြီး ခနလှည့်ပြီးတော့ပြောလိုက်သည်

“လမ်းဆက်မလျှောက်တော့ဘူး အရင်ဆုံးပြန်ကြရအောင်”

လုလျန့်ဝေ ချွေးသုတ်တာကိုရပ်လိုက်ပြီးတော့သူ့ကိုအံဩစွာကြည့်နေသည် သူဘာလို့အတွေးပြောင်းသွားတာလဲဆိုပြီးအံဩနေသည်

သူ့မ ပန်းခြံပတ်ပတ်လည်ရဲ့ရင်သပ်ရှူမောဖွယ်ရှုခင်းတွေကို ကြည့်ပြီးတော့နည်းနည်းတော့နောင်တရနေသည်

ခုအချိန်ခါက ဧပြီ လကုန်ရောက်နေပြီလေပန်းခြံထဲမှာလည်း ရောင်စုံပန်းလေးတွေကအစုအလိုက်အပြုံလိုက်ပွင့်လန်းနေကြပြီ သူတို့ကိုကြည့်ရတာအသက်ရှူမှားလောက်အောင်လှပနေကြသည်

အဲ့တာကြောင့် သူကပြန်မယ်ပြောလိုက်တာကိုစိတ်ထဲနည်းနည်းထင့်နေပေမယ့် မသိမသာလေးတော့စိတ်သက်သာရာရသွားသည်

“ကောင်းပါပြီ”

လုယန်ကတော့သတိထားမိနေတယ် သူမရု့မျက်လုံးထဲကနောင်တအပိုင်းအစအကြည့်လေးတွေက ဒီရှူခင်းကိုမကြည့်ရတော့မှာကို ဒါပေမယ့်လည်း ဒီလေးလံတဲ့ချပ်ဝတ်စုံတွေကိုပြန်ပြီးတော့လှဲဖို့လည်းလိုအပ်သည်

လုယန် ကသူ့မရဲ့စိတ်လေးကြောင့်ဖြစ်ပေါ်လာတဲ့သူ့အမူအရာလေးကိုကြည့်ပြီးစချင်သောကြောင့် သူရဲ့အသံကိုနှိမ့်ပြီးတော့ညင်သာစွာပြောလိုက်သည်

ဒီတော်ဝင်ပန်းခြံက ကမ္ဘာပေါ်မှာ အလှဆုံးနေရာဖြစ်ရင်တောင်ဖြစ်အုံးမယ် ဘယ်သူကမကြိုက်ဘဲမနေနိုင်မှာလဲ

လုယန်ကသူမကိုနှစ်နှစ်ကာကာအကြည့်တွေနဲ့ကြည်ပြီးတော့ထိထိမိမိပြောလိုက်သည်

“ဒီလိုမျိုးအခွင့်အရေးတွေအနာဂတ်မှာအများကြီးရှိသေးတယ် မင်းအတွက်ဒီနေ့ကနောက်ဆုံးမဟုတ်ပါဘူး”

လုလျန့်ဝေ ကနှုန်ခမ်းကိုတွန့်ပြီးတော့ အနာဂတ်မှာအခွင့်အရေးတွေအများကြီးရှိတယ်ဟုတ်လား

သူ့အတွက်တော့ပြောရတာလွယ်တာပေါ့ဒီနေရာကိုသူပိုင်တာကို ငါ့မိသားစုပိုင်မဟုတ်တော့ဝင်ချင်တိုင်းဝင်သွားချင်တိုင်းမှသွားလို့မရတာကို

သူတော်ဝင်ထဲကဝန်လေးလေးနဲ့မထွက်ခင်နောက်ဆုံးတစ်ခေါက်ကြည့်ခဲ့သည်

ကျောက်ချန် ကအဝတ်အစားတွေလှဲပြီးအကုန်ပြင်ဆင်ပြီးတော့ တော်ဝန်ပန်းခြံထဲသို့တိတ်တိတ်လေးဝင်လာခဲ့သည် သူရောက်လာချိန်မှာတော့ မင်းကြီးနှင့် လုဒုတိယ မင်းသမီးလေးကပန်းခြံထဲကထွက်သွားတာကြာလှနေပြီဖြစ်သည် ချူယွီတောင်ပန်းခြံထဲမှာမရှိတော့ပြီ

တစ်ခုခုကိုရုတ်တရက်စဉ်းစားမိပြီး ဘုရင့်နန်းဆောင်စီအလျင်အမြန်ပြေးသွားသည်

ကြည့်ရတာ မင်းကြီးနှင့် လုဒုတိယမင်းသမီးလေး နန်းဆောင်ကိုပြန်ရောက်နှင့်နေပြီနဲ့တူသည်

သူစိတ်လှုပ်ရှားနေတာကိုမထိန်းနိုင်တော့ဘူး လုဒုတိယမင်းသမီးလေးတစ်ယောက်ထဲဖြစ်နေတဲ့အခွင့်အရေးကတော်တော်ရှားသည် ဘုရင်ကြီးကိုသူ့ကိုအချိန်နည်းနည်းပေးဖို့ပြောလိုက်ရင်လွန်သွားမလား သူ့ကိုစောင့်လိုက်သင့်တယ် သူရဲကောင်းကမိန်းမပျိုလေးအခက်ခဲရောက်နေတာကိုကယ်ပေးတဲ့ပြဇာတ်လိုမျိုးပေါ့

ကျောက်ချန်လည်းလန့်ပြီးတော့အလျင်အမြန်ထွက်ပြေးသည်သူအနောက်ကိုလည်းခြေသံတွေအများကြီးနဲ့လိုက်လာတာကိုလည်းကြားလိုက်သည် အသံအကျယ်ကြီးနဲ့တစ်ပြိုင်နက်အော်ဟစ်လိုက်ကြသည်

ကျောက်ချန် မျက်နာဖုံးကိုလက်နှင့်အုပ်ပြီးညဉ်းတွားနေပြီးတော့သူပြေးနိုင်သလောက်ပြေးနေသည်

ဒီနေရာကဘုရင့်အဆောင်နဲ့နီးတယ် သူဖြတ်လမ်းကနေသွားသည် အစောင့်တွေကိုနောက်မှာချန်ထားခဲ့နိုင်ပြီး နန်းဆောင်ထဲမှာပုန်းနိုင်ဖို့မျှော်လင့်နေသည်

ဘယ်လိုဘဲဖြစ်ဖြစ် နန်းတော်အစောင့်တွေကိုလွယ်လွယ်နှင့်အရူးလုပ်လို့မရဘူး သူလမ်းကြောင်းတွေကိုတော့ကောင်းကောင်းသိသည်ဒါပေမယ့်နေ့တိုင်းကင်းစောင့်လှည့်လည်သွားနေတဲ့နန်းတော်စောင့်တွေအတွက်လည်းဒီနေရာမစိမ်းနေတော့ပြီဖြစ်သည်

Chapter 167

March 28, 2024 by Nay Chi Lynn

Chapter 167 ကောင်မလေးတစ်ယောက်ကိုအနိုင်ပိုင်ခြင်း

ကျောက်ချန် ဘုရင့်နန်းဆောင်ထဲလည်းရောက်တဲ့အချိန်မှာနန်းတော်စောင့်တွေလည်းသူ့ကိုဖမ်းမိသွားသည်

အစောင့်တွေကလူဦးရေပိုများသောကြောင့် ကျောက်ချန် ကိုတံတိုင်းလိုမျိုးဝိုင်းလိုက်ကြသည်

အန္တရယ်ပြုမည့်လက်နက်တွေနဲ့မျက်နာတွေကိုတွေ့လိုက်ရသည့်ကျောက်ချန် သောကရောက်နေသည်။သူတစ်မှမတွေးဖူးဘူး သူကိုယ်တိုင်အစောင့်တွေကိုရင်ဆိုင်ရမယ်ဆိုတာကိုမျက်နှာဖုံးချွတ်ဖို့အတွက်လည်းအချိန်နှောင်းနေမလား

အဲ့အချိန်မှာဘဲ စက်ဆုပ်ရွံ့ရှာဖွယ်အသံတစ်ခုကိုသူကြားလိုက်သည်

“ဟ တစ်ခါမှမမြင်ဖူးဘူး ဒီလိုဝနေတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားကို ဘယ်လိုများနန်းတော်အစောင့်တွေမသိအောင် ဒီလိုဝနေတဲ့ခန္ဓာကိုယ်နဲ့ဝင်လာလည်းသိချင်လိုက်တာ”

ကျောက်ချန် ရဲ့အကြည့်တွေသာမြားတွေအဖြစ်ပြောင်းလဲလို့ရရင် ချူယွီ ကတော့သစ်ပင်ပေါ်က မြားတွေစိုက်နေတဲ့ပျားအုံလိုမျိုးဖြစ်နေတော့မည်

အခြေအနေတွေပိုမဆိုးရွားလာခင် သူ့သခင်ကိုမနောက်ယှက်မိအောင် ကျောက်ချန် ကသူ့မျက်နာမှမျက်နာဖုံးကိုလက်ဖြင့်ဖယ်ပြီးသရုပ်မှန်ကိုပြဖို့အဆင်သင့်ဖြစ်နေသည်

ဘာဘဲဖြစ်ဖြစ်သူတစ်ခုခုလုပ်ဖို့မကြိုးစားခင် ရင်းရင်းနှီးနှီးကြားဖူးတဲ့အသံနှင့်ခြိမ်းခြောက်ပြောဆိုသံကိုကြားလိုက်သည်

“ဂါရဝပြုပါတယ် မင်းကြီး လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက် နန်းတော်ထဲကိုကျူးကျော်လာလို့ပါ”

အစောင့်တစ်ယောက်ကကျယ်ကျယ်လောင်လောင်ရှင်းရှင်းလင်းလင်းမင်းကြီးထံ တင်ပြသည်

ကျောက်ချန် ကျောက်ရုပ်လိုရပ်သွားပြီးအသိဉာဏ်တွေပါလွင့်ထွက်သွားသည်

သူတော့ဇာတ်သိမ်းပြီ မင်းကြီးကသူ့ကိုအရိုးတစ်ချောင်းစီတစစီဖြုတ်ပစ်မှာ

သူကတော့သူရဲ့သနားဖို့ကောင်းတဲ့ကံကြမ္မာကိုကြိုတွေးနေသည်

သူ့မျက်နာကခဏလောက်ဖြူဖပ်ဖြူရော်ဖြစ်နေသည်

ဘယ်လိုဘဲဖြစ်ဖြစ် လုလျန့်ဝေ ကသူ့သခင်ဘေးနားမှာ ရပ်နေတာကိုတွေ့ပြီးဝမ်းသာသွားတယ် သူကသေရမှာဆိုတော့လုပ်စရာရှိတာကိုတော့သူပြီးအောင်လုပ်သွားချင်တယ်

အံ့ကြိတ်စဉ်းစားပြီးတော့ သူ့လက်ထဲမှာကိုင်ထားတဲ့ဓားကိုဆွဲထုတ်ပြီးတော့ ခြေလှမ်းမှားသွားခဲ့တယ် အစောင့်တွေက လုလျန့်ဝေဆီမရောက်ခင်မှာတားနိုင်သည်

ချူယွီက လန့်ပြီးတော့ သူရဲ့ဓါးနဲ့ခတ်ထုတ်လိုက်သည်

သူရဲ့တိုက်ခိုက်မှုကဟန့်တားခံလိုက်ရပြီး သူ့ပါးစပ်ထဲကသွေးတွေထွက်လာသည်

ဒီကောင် ချူယွီ ဘာလို့မင်းကြီးရဲ့ အခွင့်ရေးကောင်းကိုဝင်လုရဲရတာလဲ ဒီကောင့်ကိုပြစ်ဒဏ်ကောင်းကောင်းပေးရမယ်

သူ့ရဲ့အစွမ်းကုန်တိုက်ခိုက်ရေးကိုထုတ်တော့မယ့်အချိန်ရန်သူကရုတ်တရက်ကြီးသူရဲ့တိုက်ခိုက်တဲ့ပုံစံတွေကိုနားလည်နေသလိုဘဲသူရဲ့အစွမ်းကုန်မတိုက်ခိုက်နိုင်အောင်ဟန့်တားထားသည်

ဒီတစ်ခါရန်သူက သူ့ပေါင်ကြားကိုခုန်ကန်လိုက်သည်

သူ့အမူအရာကပြင်းပြင်းထန်ထန်ပြောင်းလဲသွားသည်

သူမထင်ထားဘူး ဒီလုပ်ကြံသတ်ဖြတ်ရေးသမားကညစ်ညမ်းမယ်လို့

သူ သူ့ကိုယ်သူခုခံနေစဉ် လုပ်ကြံသတ်ဖြတ်ရေးသမားက သူ့ကိုဖြတ်ပြီးသူနောက်ရောက်နေသည်

မင်းကြီးနှင့် ဒုတိယမင်းသမီးလု ကသူရဲ့အနောက်မှာရပ်နေသည်

ချူယွီ ကသတိနဲ့ လှည့်ပြီးတော့ သူ့ရဲ့တိုက်လိုက်ခြင်းကိုဟန့်တားလိုက်သည်

ဘယ်လိုဖြစ်ဖြစ် သူသေသေချာချာလွှဲလိုက်ပေမယ့်ကြားလိုက်ရတာကတော့ ဘန်း ဆိုတဲ့အသံဘဲ နောက်ခဏအကြာမှာတော့အငွေ့တွေထွက်လာပြီး ထူးဆန်းတဲ့အနံ့အသက်မျိုးရနေသည်

သတိထားမိပြီးသူရဲ့ပါးစပ်နှင့်နှာခေါင်းကိုအလျင်အမြန်ကာလိုက်ပြီးအရှေ့သို့တိုးထွက်သွားသည်

အငွေ့တွေကိုဖြတ်လာပြီးနောက် ပြည့်ပြည့်ဖြိုးဖြိုးလုပ်ကြံသတ်ဖြတ်ရေးသမားငုတ်တုတ်ထိုင်နေပြီးတော့ချောင်းအသည်းအသန်ဆိုးနေတာကိုတွေ့လိုက်သည်

“စပ်လိုက်တာ ငါကန်းပြီလားမသိဘူး”

သူ့အသံကိုကြားလိုက်ပြီးတဲ့နောက် ရုတ်တရက်ကြောင်သွားပြီးတော့သူ့ကိုမြေပြင်ပေါ်ကနေဆွဲထူလိုက်သည်

သူမျက်နာဖုံးကိုဆွဲချွတ်လိုက်ပြီးတော့ရင်းနှီးတဲ့ ပြည့်ဖြိုးနေတဲ့မျက်နာကိုမြင်တွေ့လိုက်သည်

ချူယွီ အံကြိတ်ပြီးတော့ပြောသည် သူသိသည်ဒီကောင်ကညစ်တီးညစ်ပတ်တဲ့ကောင်ဆိုတာ သူ့ပေါင်ကြားကိုကန်ခဲ့တယ်ဆိုတာကိုခုအဲ့ကောင်ကိုသူထပ်ပြီးတော့သင်းကွပ်ချင်သွားသည်

Chapter 168

March 28, 2024 by Nay Chi Lynn

Chapter 168 သူရင်နည်းနည်းတော်ခုန်သွားသည်

ကျောက်ချန် နာကျင်မှုတွေကြောင့်မျက်ရည်တွေကျလာပြီးတော့ လုလျန့်ဝေကို ကြည့်နေသည်

အငွေ့တွေမြူတွေပျောက်သွားတဲ့အခါမှာတော့ လုလျန့်ဝေ နှင့်လုယန် တို့ပေါ်လာသည်

ကျောက်ချန်မျက်လုံးပြူးပြီးတော့မျက်တောင်မခတ်ဘဲကြည့်နေသည်

ပုံမှန်ဖြစ်တဲ့ ချူယွီတောင် ကျောက်ချန် အမူအရာထူးဆန်းနေတာကိုသိသည်

သူကျောက်ချန်ရဲ့အကြည့်တွေကို လိုက်ကြည့်တော့ လုလျန့်ဝေရဲ့လက်တွေနဲ့ သူတို့ရဲ့သခင်ကြီးမျက်စိကိုကာထားပေးသည်ကိုတွေ့လိုက်သည်

သူတို့ရဲ့သခင် ကထူးထူးဆန်းဆန်းနူးညံ့နေသည် လုလျန့်ဝေရဲ့လက်ဖြင့်သူ့မျက်လုံးကိုအုပ်ထားပြီးတော့ လက်ကိုလည်းတွန်းထုတ်ပြစ်ချင်တဲ့ပုံမပေါ်ဘူးသူရဲ့ပါးစပ်ကအပေါ်သို့တက်ရယ်ပြီးတော့ခုလိုပုံကသူကြည်နူးနေတဲ့စိတ်ခံစားချက်ကိုတွေ့မြင်ရသည်

ချူယွီ ကအလွန်အံဩသင့်သွားသည်

သူတို့သခင်ရဲ့ကြည်နူးဖွယ်ရာပုံစံကိုမြင်ရတာဒါပထမဦးဆုံးဘဲ

ချူယွီကသူအခု ကျောက်ချန်နှင့်တူတူရှိနေတာကိုပါမေ့သွားသည်

လုလျန့်ဝေကလည်း လျင်လျင်မြန်မြန်နဲ့ဘဲ အငွေ့တွေထွက်လာတဲ့အချိန်မှာ သူမကအနောက်လှည့်ပြီးတော့ လုယန် ရဲ့ပုခုံးပေါ်မသိမသာလေးမှီပြီးတော့သူရဲ့မျက်လုံးတွေကိုကာပေးကာ ကျန်လက်တစ်ဖက်ကလည်းသူ့မျက်လုံးတွေကိုကာထားခဲ့သည်။

ဒီဟာက ငရုတ်သီးမှုန့်တွေနဲ့ ဖော်စပ်ထားတဲ့ဆေးလုံးလေး သူမကသူမကိုယ်သူမကာကွယ်ဖို့ရည်ရွယ်ပြီးတော့မနေ့ကအိမ်ပြန်ရောက်တုန်းပြုလုပ်ခဲ့တာဖြစ်သည်

သူ ဆေးလုံးဖော်စပ်နေတုန်း ချန်ကျူပင်း နဲ့မနေ့ကတိုက်ခိုက်ခဲ့တာကိုတွေးခဲ့သည် ဆေးဖော်စ်ပ်ပြီးချိန်မှာတော့အချိန်နောက်ကျနေပြိး စမ်းသပ်ခွင့်မရရှိခဲ့ဖူးဖြစ်သည်

ဒီဟာ ကသူမပထမဆုံးကိုယ်တိုင်တွေ့ရတာဘဲအဲ့တာကဘယ်လောက်အကျိုးသက်ရောက်မလဲမသိဘူးဖြစ်သည် သူကဒီဟာကိုအားကောင်းမယ်လို့တော့ထင်သည် ဘာလို့ဆိုသူအဲ့ထဲမှာငြုတ်သီးမှုန့် များစွာထည့်ထားသောကြောင့်ဖြစ်သည်

လုယန်ကသူ့ရှေ့မှာအမှောင်ထုကိုသာတွေ့ရသည်ဒါပေမယ့် နူးညံ့တဲ့ကောင်မလေးရဲ့မှီထားခြင်းကိုတော့ခံစားမိသည်သူမရဲ့ထူးခြားတဲ့ရေမွှေးအနှံ့လေးကလည်းနှာခေါင်းထဲမှာစွဲကျန်နေခဲ့သည်

ရေမွှေးနှံ့လေးရယ်နူးညံ့တဲ့အထိအတွေ့လေးတွေကသူခန္ဓာကိုယ်ကအကြောလေးများကိုကြာပွတ်နဲ့ရိုက်နေသကဲ့သို့ဖြစ်နေပြီး သူလည်းရုတ်တရက်ရင်တွေခုန်လာပါသည်

သူတံတွေးကိုမြိုချပြီးတော့အကြောင်းအရာတစ်ခုကိုမှတ်မိသွားသည်အဲ့တာကတော့စာသင်ဆောင်ထဲမှာ ကောင်မလေးရဲ့နူးညံ့တဲ့နှုတ်ခမ်းပါးလေးကို သူ့နှုတ်ခမ်းနှင့်နမ်းခဲ့တာကိုဖြစ်သည်

သူ့ရဲ့လက်တွေကရွေ့သွားပြီးတော့သူချက်ချင်းဆိုသလို ကောင်မလေးရဲ့နှုတ်ခမ်းလေးကိုခံစားကြည့်ချင်လာသည်

သူကလက်ကိုမပြီးတော့ ကောင်မလေးရဲ့ခါးတစ်ဝိုက်ကိုလက်နှင့်သိုင်းဖက်လိုက်သည်ပြီးတော့တောက်ပေါက်တဲ့အကြည့်တွေကသူ့မျက်လုံးမှာပေါ်လာသည်

ရုတ်တရက်အလင်းရောင်ကသူရဲ့အမူအရာတွေကိုတားလိုက်ပြီး သူမသက်မသာနဲ့မျက်တောင်ခတ်နေသည်

“ခွင့်လွှတ်ပါ မင်းကြီး မင်းကြီးရဲ့အစေခံကတိုက်ခိုက်ဖို့ပြင်လို့ပါ”

ဒီသာယာကြည်လင်တဲ့ကောင်မလေးတစ်ယောက်ရဲ့အသံကထွက်လာခဲ့သည်

လုယန်ရဲ့ မျက်လုံးလေးတွေကမှောင်သွားပြီးတော့လက်ကိုတစ်ဖြည်းဖြည်းအောက်သို့ချလိုက်သည်

သူ့ရဲ့မျက်လုံးတွေကအလင်းရောင်ကိုပြန်လည်ရရှိလိုက်တဲ့အခါမှာသူ့ရဲ့အကြည့်တွေကဒီမိန်းမပျိုလေးစီဘဲကျရောက်နေတယ်သူ့ရဲ့အသံကဖြည်းဖြည်းချင်းအက်ကွဲတဲ့အသံလေးနဲ့

သူ့စကားပြောလို့ပြီးတဲ့အခါမှာတော့သူကောင်မလေးကိုမကြည့်တော့ဘဲနန်းဆောင်ထဲသို့ပြန်ဝင်လာခဲ့တယ်

လုလျန့်ဝေလည်းခေါင်းခြောက်သွားပြီးတော့သူမက သူနန်းဆောင်ထဲပြေးမတက်ဝင်သွားတာကိုကြည့်နေခဲ့တယ်

ဘယ်လိုဘဲဖြစ်ဖြစ် သူမမင်းကြီးရုတ်တရက်ဘာဖြစ်သွားလဲစဉ်းစားချိန်မရ ကျောက်ချန်ကသူ့မစီနာကျင်နေတဲ့မျက်လုံးတွေနဲ့ချဉ်းကပ်လာပြီးသူရဲ့မျက်လုံးတစ်ခုလည်းနီရဲနေပါတယ်

“ဒုတိယမင်းသမီး လု ကျွန်တော်ကဒီတိုင်းနောက်လိုက်တာပါဒါကိုအရမ်းအတည်မယူပါနဲ့”

“ဒါဆို ဘဏ္ဍာစိုး ကျောက် ကငါ့ကိုနောက်ဖို့သက်သက်လူသတ်သမားအယောင်ဆောင်ပြီးသတ်ဖို့လုပ်တယ်ပေါ့”

ကျောက်ချန်ကခေါင်းငြိမ့်ပြီးသူ့ရဲ့လက်ဖဝါးတွေကိုပွတ်နေပြီးတော့မသက်မသာတဲ့အပြုံးနဲ့

“ဟုတ်ပါတယ် အဲ့လိုဖြစ်သွားတာပါ ဒုတိယမင်းသမီးကျေးဇူးပြုပြီးမင်းကြီးထံမှကျွန်တော့်တို့ကိုညှာတာပေးဖို့တောင်းဆိုပေးပါ”

“ဘဏ္ဍာစိုး ကျောက်ကြည့်ရတာမမှန်ကန်သလိုဘဲ မင်းကိုမင်းကြီးကမျက်နှာသာပေးထားတာဘဲမင်းအတွက်သနားညှာတာဖို့ငါမလိုဘူး”

ကျောက်ချန် မျက်နာပေါ်ကအပြုံးကရပ်တန့်သွားပြီးသူ့ရဲ့မျက်နာအသွင်အပြင်ကရုတ်တရက်ဝမ်းနည်းတဲ့အသွင်ပြောင်းသွားသည်

“ဒုတိယမင်းသမီးလု ဒီနေ့ကျွန်တော်ကပြဿနာအကြီးကြီးရှာထားတာမင်းကြီးကကျွန်တော့်ကိုတစ်စစီလုပ်ပစ်လိမ့်မယ် ဒုတိယမင်းသမီးလု ကျေးဇူးပြုပြီးလူအိုကြီးကိုကယ်တင်ပေးတယ်ဘဲသဘောထားပေးပါ”

All Chapters