← Chapters

အခန်း (၁၆၉-၁၇၁)

Vol. 4 Ch. 169-171

အခန်း (၁၆၉-၁၇၁)

Vol. 4 Ch. 169-171

Chapter 169

March 28, 2024 by Nay Chi Lynn

Chapter 169

လုယန် ကအနောက်မှာရပ်နေတယ်

“လူအိုကြီးလား”

လုလျန့်ဝေ ကဟွန့်ဆိုပြီတော့ သူ့ကိုကြည့်နေပြီးတော့သူမ မသိဘူးသူရဲ့ဘယ်နေရာကအိုနေတယ်လို့ပြောချင်တာလည်းမသိဘူး ဒါပေမယ့်...

သူမ ရီပြုံးပြုံးလိုက်ပြီးသူ့ကိုကြည့်လိုက်တယ်

“ဘဏ္ဍာစိုးကျောက် နင်ကမင်းကြီး နဲ့အသက်အတူတူဘဲထင်တယ်နော်နင်သာလူအိုကြီးဆိုအဲ့တာဆိုမင်းကြီးကဘာဖြစ်သွားပြီလဲ”

ကျောက်ချန် မျက်နာပေါ်ကအကြည့်ကရပ်တန့်သွားပြီးကြောက်စရာကောင်းတာကိုစဉ်းစားမိသွားတယ်

သူ့ရဲ့ခေါင်းကို ဒရမ်တီးနေသလိုရုတ်တရက်ခါပြီးတော့

“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူးကျွန်တော်မျိူးကမအိုပါဘူးကျွန်တော်တို့ရဲ့မင်းကြီးဆိုကျွန်တော်တို့ထက်ငယ်ရွယ်ပြီးတော့ပိုပြီးတော့သန်မာတယ်မင်းကြီးကခုသူ့ရဲ့အကြီးအကျယ်ဆုံးအချိနိရောက်နေတော့သူက၁၈နှစ်လူငယ်ထက်တောင်ပိုငယ်ရင်ငယ်နေအုံးမယ်”

လုလျန့်ဝေ ထူးဆန်းတဲ့မျက်လုံးနဲ့သူ့ကိုကြည့်လိုက်တယ်

သူမနားမလည်ဘူးဘာလို့သူအမောတကောရှင်းပြနေတာလဲဆိုတာကို

ဒီခေတ်မှာဆိုသူက အသက်၃၀ ဘဲရှိသေးတယ်သူရဲ့အကြီးအကျယ်ဆုံးအချိန်မှာတော်တော်ငယ်နေတယ်လို့အသတ်မှတ်ခံရနိုင်တယ်တော်ဝင်မျိုးနွယ် ရင့်ကျက်ပြီးတော့ကြည့်ကောင်းတယ်ချမ်းသာပြီးတော့ဆွဲဆောင်မှုရှိတယ်မိန်းမပျိုလေးတွေကိုဆွဲဆောင်နိုင်မှာအသေအချာဘဲ

ရှေးခေတ်ကာလမှာဆို အသက်၃၀အရွယ်ရှိတဲ့ဘယ်ယောက်ကျာ်းမဆိုမိန်းမယူလို့ရမယ့်အရွယ်ရောက်နေတဲ့သားတစ်ယောက်တော့ရှိနေကြပြီအကယ်၍အားလုံးသာပုံမှန်ဆို လုယန်က အဘိုးတောင်ဖြစ်နေလောက်ပြီ

“ဘဏ္ဍာစိုးကျောက် အရမ်းပုံကြီးချဲ့နေပြီ မင်းကြီးကအိုတော့မအိုသေးဘူး ဒါပေမယ့်...”

သူ့ကို ၁၈ နှစ်နဲ့နှိုင်းရဖို့ကတော့နည်းနည်းချဲ့ကားလွန်းတယ်

ဘဏ္ဍာစိုးကျောက် ကသူမရဲ့စကားနောက်ကဆိုလိုခြင်းကိုသိလိုက်ပြီးသူအလောတကြီးနဲ့ချွေးတွေထွက်နေပြီးတော့

“ကျွန်တော်ပြောတဲ့ထဲမှာချဲ့ကားပြောထားတာမပါပါဘူးချဲ့ကားထားတာမရှိပါဘူးကျွန်တော်တို့မင်းကြီးက...”

အလွန်အမင်းကြောက်ဖို့ကောင်းတဲ့အသံတစ်ခုကိုသူ့ရဲ့အနောက်ကကြားလိုက်တယ်ကျောက်ချန်လန့်ပြီးတော့စကားပြောတာရပ်လိုက်တယ်

သူ့အနောက်ပြန်လှည့်လိုက်တဲ့အချိန်မှာ မင်းကြီးကနန်းဆောင်ပေါက်ဝမှာရပ်နေတာကိုတွေ့ခဲ့သည် မင်းကြီးအဲ့မှာရပ်ပြီးသူ့တို့ကိုကြည့်နေတာနည်းနည်းတော့ကြာလောက်ပြီထင်တယ်

ကျောက်ချန်ရင်တုန်သွားသည်သူက မင်းကြီးရဲ့အသက်နဲ့ပက်သက်ပြီးပြောဆိုနေတာကိုမင်းကြီးများကြားသွားမလားဆိုပြီးတော့

ကျောက်ချန်ရင်တွေတုန်ပြီးတော့မင်းကြီးကိုတော့အားတက်သရောနဲ့ပြန်ဖြေလိုက်တယ်

လုလျန့်ဝေ လည်းလုယန်ရဲ့အသံကိုကြားရတော့ရုတ်တရက်လန့်သွားတယ်

ဘာလို့လဲဆိုတော့သူမကသူ့ရဲ့အသက်ကိုတိတ်တဆိတ်ဝေဖန်နေတော့အပြစ်ရှိသလိုနည်းနည်းခံစားမိသောကြောင့်ပါ

သူ့မှာကအပြစ်ရှိသလိုခံစားနေရချိန်သူ့ရဲ့နာမည်ကိုမင်းကြီးကခေါ်လိုက်တဲ့အချိန်မှာ

လုလျန့်ဝေမနှေးဘဲချက်ချင်းလမ်းသွက်သွက်လျှောက်သွားလိုက်သည်ဒူးလေးထောက်ပြီးခေါင်းလေးမော့ပြီးမင်းကြီးကိုကြည့်နေသည်။

သူမကနည်းနည်းကပ်နေတော့မင်းကြီးရဲ့နက်မှောင်နေတဲ့ဆံပင်နှင့်နားသယ်မွှေးတို့ကိုသတိထားမိသွားသည်မဲနက်နေတာကကျီးကန်းတစ်ကောင်ရဲ့အမွှေးလိုဘဲအနက်ရောင်ကိုနည်းနည်းလေးဆိုနေတယ် သူရဲ့မျက်ခုံးမွှေးအဆုံးလေးမှာလည်းရေစက်လေးတွေကိုတွေ့ရတယ်သူ့ရဲ့မျက်နာကရေးနည်းနည်းစိုနေတာကြည့်ရရင်မျက်နာသစ်ထားတာနဲ့တူတယ်

သူကအဲ့မှာတစ်ချိန်လုံးတောင့်တောင့်ကြီးရပ်နေသည်ဖိအားတွေကြောင့်အနားမှာရှိတဲ့နေထုကလည်းအသက်ရှူကျပ်လာစေသည်

သူကသူမကိုခံစားချက်တွေရှုပ်ထွေးနေတဲ့မျက်လုံးများနဲ့ကြည့်လိုက်သည်သူဘာတွေတွေးနေလဲဆိုတာဘယ်သူမှလည်းအဓိပ္ပာယ်မဖော်နိုင်ဖြစ်နေသည်

လုလျန့်ဝေ သူမရဲ့အတွေးတွေကိုစုစည်းပြီးတော့သူ့ကိုဘာမှမပြောဘဲကြည့်လာတာအတော်အတန်ကြာမှာတော့သူမနေနိုင်တော့ဘဲလှမ်းပြောလိုက်ပါသည်

“အရှင်မင်းကြီး”

လုယန်လည်းသတိပြန်ဝင်လာပြီးတော့သူမြင်တွေ့လိုက်ရတာကမိန်းမပျိုငယ်လေးတစ်ယောက်သတိရှိရှိနဲ့ပြုမှုနေတာကိုပါသူအတတ်နိုင်ဆုံးသူ့ရဲ့အသံကိုညင်သာအောင်လုပ်ပြီးတော့

“မင်းငါ့ရဲ့ကျန်းမာရေးအခြေအနေကိုမစစ်ဆေးပေးတော့ဘူးလား”

လုလျန့်ဝေ မြန်မြန်တုံ့ပြန်ပြီးတော့မြန်မြန်လမ်းလျှောက်ပြီး

“ဟုတ်ကဲ့ ခုချက်ချင်းလုပ်လိုက်ပါမယ်”

သူမသူ့ကိုကျော်ပြီးတော့ပြောပြောပြီးခြင်းမှာဘဲအထဲကိုပြေးဝင်သွားပါသည်

သူမလောလောနဲ့ကြောင့်သူ့မထပ်ပြီးတော့မေ့သွားပြန်တယ်သူမကမင်းကြီးကိုလည်းဖြတ်လျှောက်ခွင့်မရှိသလိုမင်းကြီးရဲ့အရှေ့ကနေလည်းလမ်းလျှောက်ခွင့်မရှိဘူး

ကောင်မလေးပြေးဝင်သွားတာကိုတွေ့တဲ့ပုံကိုမြင်တော့ လုယန် ရဲ့အေးစက်စက်မျက်နာပေါ်မှာ မတတ်နိုင်ဘဲအပြုံးလေးပေါ်လာပါတော့တယ်

သူအထဲပြန်မဝင်ခင်အပြင်မှာကြာကြာရပ်မနေဘဲအစောင့်တွေအားလုံးကိုလှည့်မကြည့်ဘဲချက်ချင်းပြန်လွှတ်လိုက်သည်

“ငါမပြောဘဲမင်းဘာလုပ်ရမလဲသိသင့်တယ် ချူယွီ မင်းကဒီကိစ္စကိုတာဝန်ယူလိုက်”

Chapter 170

March 29, 2024 by Nay Chi Lynn

Chapter 170

ဒီလိုနှိပ်စက်မှုမျိုးဆိုခံစားနိုင်မှာမဟုတ်ဘူး

မင်းကြီးပြောတာကြားပြီးနောက် ချူယွီက သူရဲ့ဓားကိုဆက်ခနဲလုပ်လိုက်ပြီး ကျောက်ချန်းကိုသွားပေါ်အောင်ရယ်ပြနေသည်

“ငါတို့ဘာလုပ်သင့်လဲ လူအိုကြီးကျောက် မင်းကိုကူညီဖို့ငါ့ကိုလိုလား”

ကျောက်ချန် မင်းကြီးရဲ့အမိန့်ကိုကြားပြီးနောက်မှာသူ့ရဲ့ဒူးထဲမှာအားမရှိဘဲမြေပေါ်သို့ပြုတ်ကျမတတ်ဖြစ်နေပါတယ် ဒါပေမယ့် ချူရီစီကကောင်းတဲ့အခြေအနေတစ်ခုကိုတွေ့လိုက်ရတော့ကျောက်ချန်ကိုယ့်ကိုအားနဲ့မတ်တပ်ပြန်ရပ်နေပါတယ်

သူ့မျက်နှာကိုသူသုတ်ပြီးတော့ချူရီမျက်နာပေါ်ကပျော်ရွှင်ကြည်နူးနေတဲ့အကြည့်ကိုမသိချင်ယောင်ဆောင်ပြီးတော့တရုတ်လူမျိုးပီကင်းတွေရဲ့အော်ပရာသီချင်းတစ်ပုဒ်ထဲမှစာသားကိုဆိုနေပါသည်

“ငါ့ရဲ့ခွန်အားတွေကိုတောင်ပေါ်မှာနုတ်ခဲ့တယ်ငါ့ရဲ့အရိပ်တွေကိုကမ္ဘာပေါ်မှာလွှမ်းခဲ့တယ် ကလန် ကလန် ကလန်”

(စာသားတွေက ဂိုက်ရှားသီချင်းထဲက ဖြစ်ပါတယ် ရေးစပ်ထားသူက Xiang Yu သူ Liu Bang ရဲ့အဖွဲ့တွေအောက်မှာဖမ်းမိခံရချိန်ကကြောက်လန့်ဝမ်းနည်းပြီးရေးဖွဲ့ထားတာဖြစ်တယ်)

သူသီချင်းဆိုနေလျက်စစ်ဆေးမေးမြန်းခြင်းအခန်းထဲသို့ဝင်သွားသည်

ဒီသီချင်းဆိုသံကတစ်ယောက်ယောက်ကိုဒေါသထွက်စေနိုင်တယ်

ချူရီအော်လျက်

“ငါသည်းမခံနိုင်တော့ဘူး”

ပြောပြီးတော့ပြေးထွက်ပျောက်သွားသည်

သူပြေးတာကိုတွေ့လိုက်တဲ့ ကျောက်ချန် ကသီချင်းဆိုတာကိုချက်ချင်းရပ်လိုက်သည် ပြီးတော့သူရဲကောင်းသဖွယ်စစ်ဆေးခြင်းအခန်းထဲသို့ဝင်သွားသည်

သူစစ်ဆေးမေးမြန်းခြင်းအခန်းထဲသို့ရောက်တဲ့အခါသူမထင်ထားဘူး ချူယွီကနှိပ်စက်ခြင်းထိုင်ခုံမှာထိုင်နေမယ်လို့ ချူယွီရဲ့လက်ထဲမှာလည်းဓားကိုင်ထားပြီးသူ့ကြည့်ရတာ ကျောက်ချန်ကိုစောင့်နေတာနဲ့တူတယ်

ကျော်ချန်ရဲ့ခြေထောက်တွေကဒယိမ်းထိုးပြီး ချူယွီရှေ့ပြုတ်ကျသွားသည်

“အဟမ်း ချူယွီ မင်းကြီးကမင်းကိုငါ့ကိုအပြစ်ပေးဖို့မပြောထားပါဘူး..”

ချူယွီ မတ်တပ်ရပ်ပြီးကျောက်ချန်ကိုစိုက်ကြည့်ပြီးတော့ရိုးရိုးချင်းချင်းလေးဘဲပြန်ပြောလိုက်တယ်

“မင်းကြီးက ချူရီကိုအမိန့်ပေးခဲ့တာဒါပေမယ့် ချူရီကမင်းကိုလန့်သွားလို့ငါဒီနှိပ်စက်တဲ့ပစ္စည်းတွေမထိတွေ့တာတောင်တော်တော်ကြာနေပြီချူရီက ငါ့ကိုဒီပစ္စည်းတွေကိုမင်းအပေါ်အသုံးချလို့ရအောင်လုပ်ပေးတာတော့ကောင်းတယ်”

ကျောက်ချန် မျက်နှာကအောက်သို့ကျပြီးတော့ဒါကိုကြားပြီးနောက်မျှော်လင့်ချက်မဲ့သလိုခံစားသွားရတယ်

ဒီငညစ်ကောင်က သူ့မှာကြောက်လန့်ရတာနှင့်ကပ်သီကတ်သတ်လုပ်ရတာကိုဝါသနာပါသည်သူကအပူနှင့်အအေးပစ္စည်းတွေကိုစစ်တေးခြင်းအခန်းထဲမှာသုံးရတာကိုကြိုက်တယ်

ကျောက်ချန် ကျော်တစ်ခုလုံးချမ်းစိမ့်သွားသည် ချူယွီ နှိပ်ဆက်တဲ့ပစ္စည်းတွေရဲ့အရှေ့မှာရပ်နေတာကိုကြည့်ပြီးတော့

ချူယွီကသူ့ကိုလှည့်ကြည့်ပြီးတော့ သူ့ရဲ့အရှေ့မှာချိတ်ဆွဲထားတဲ့ချိန်းကြိုးပုံစံနှိပ်ဆက်ရေးပစ္စည်းကိုလက်ညိုးထိုးပြသည်

ဒီသံချိန်းကြိုးကအသွားနှစ်ဖက်နဲ့နားနဲ့နှာခေါင်းကိုဖောက်လို့ရအောင်ပြုလုပ်ထားတာဒီချိန်းကြိုးက တရားခံရဲ့နှာခေါင်းနဲ့နားကိုတိုက်ရိုက်ထိုးဖောက်နိုင်သည့်ပုံပြုလုပ်ထားတာတော်တော်ကြောက်ဖို့ကောင်းသည်

ကျောက်ချန် ကဒီဟာနဲ့နှိပ်စက်ဖူးတာကိုအရင်ကမြင်ဖူးထားသည်

ဒီအတွေးတွေနဲ့သူ့အရိုးထဲကြောက်သွားပြီးတော့ ချူယွီစီပြေးသွားပြီးတော့

“ချူယွီ ငါမင်းကိုဘယ်လိုဆက်ဆံလဲဆိုတာမင်းသိပါတယ် မင်းတကယ်ဘဲအဲ့ပစ္စည်းတွေနဲ့ငါ့ကိုအနာတရဖြစ်အောင်လုပ်တော့မှာလား”

“မင်းဘာလို့အဲ့လောက်ကြောက်နေတာလဲဒီပစ္စည်းတွေကအဲ့လောက်ကြောက်ဖို့မကောင်းပါဘူး”

ချူယွီကတုံ့ဆိုင်တုံ့ဆိုင်းနဲ့ ကြေးနီရောင်သံတိုင်ရဲနေအောင်မီးရှို့ထားတာကိုလက်ညိုးထိုးပြပြီးတော့

“ငါတို့မင်းကိုတံဆိပ်ရိုက်ပေးမယ်ဆိုရင်ကောဘယ်လိုလဲ”

ကျောက်ချန် ကငိုတော့မယ် ချူယွီကသူတို့ထဲမှာအငယ်ဆုံးပြီးတော့သူကအမှားလုပ်လေ့မရှိဘူးအဲ့တော့သူကဒီနှိပ်စက်မှုတွေကိုတခါမှမခံစားဖူးဘူး

သူ ချူယွီ နောက်ထပ်နှိပ်စက်တဲ့ပစ္စည်းတွေကိုလက်ညိုးထားပြနေတာကိုမနေနိုင်တော့ဘဲအံကြိတ်ပြီးဒေါသဖြင့်

ချူယွီက ကျောက်ချန်ရဲ့ဝပုပုကိုယ်လုံးကိုကြည့်ပြီးတော့

ကျောက်ချန် မနည်းပြုံးနေတယ်သူ့လိုငညစ်ကောင်ကသူ့ကိုအဲ့လိုပျော်တာကိုပျော်စရာအကြောင်းတော့မရှိဘူး

သူငေါ့တော့တော့မပြောခင် လေထဲမှာကြာပွတ်ရဲ့အသံကရှင်းရှင်းလင်းလင်းကြားရပြီး နောက်အကြာမှာတော့ သူ့ရဲ့ဆူးရှတဲ့အသံကိုတောင်ကြားရနိုင်တယ်

ဒီကိစ္စတွေဖြစ်နေတဲ့အချိန်မှာဘဲ အရှေ့နန်းဆောင်မှာတော့ခက်ထန်တဲ့အခြေအနေတစ်ခုကြုံနေသည်

မင်းကြီးကအများပြည်သူတွေရဲမက်အရာရှိတွေရဲ့အရှေ့မှာတော့ဝန်ခုံးရုံးမှာ မင်းကြီးကအမိန့်ပေးတယ်ရိုးရားဓလေ့တွေနဲ့ ကိုက်ညီသောဩဇာရှိသောမိသားစုတွေကျော်ကြားတဲ့မိသားစုကမိန်းမပျိုတွေအကုန်အရှေ့နန်းဆောင်ကိုစေလွှတ်ခိုင်းစေသည်တော်ဝန်ခုံရုံးလည်းပြီးသွားတာနဲ့အမျှသတင်းကလည်းအမြန်ဆုံးပျံ့နှံ့သွားခဲ့သည်

သူမကသူမအခန်းထဲမှာရှိတဲ့ အကောင်းဆုံးအရည်အသွေးနဲ့ကြွေထည်တွေကိုဖျက်စီးပစ်နေပြန်သည်အစေခံတွေလည်းကြောက်လို့အသက်တောင်မရှူနိုင်ဖြစ်နေကြသည်

Chapter 171

March 29, 2024 by Nay Chi Lynn

Chapter 171

သူတို့မှာပြဿနာတစ်စုံတစ်ရာကိုလုပ်နိုင်စွမ်းမရှိဘူး

မကျေချမ်းမှုတွေဒေါသတွေက လုယွင်ရွှမ်းရဲ့မျက်နာပေါ်မှာပေါ်နေတယ် ဟောင်ရှု လည်းသူ့ကိုစိတ်ထိန်းဖို့မပြောနိုင်တော့ပါဘူး

အစေခံတွေထွက်သွားမှ ဟောင်ရှု ကတစ်ယောက်ထဲအခန်းရှုပ်နေတာကိုရှင်းလင်းနေသည်

လုယွင်ရွှမ်း ကလက်သီးကိုကျစ်ကျစ်စုပ်ပြီးတိုးတိုးလေးဆဲလိုက်တယ်

“သေလိုက်စမ်း...”

ဟောင်ရှု လန့်သွားသည်သူလုပ်လက်စတွေကိုချထားပြီးတော့ လုယွင်ရွှမ်း စီကိုချင်းကပ်သွားခဲ့သည် သူမကအသံတိုးတိုးဖြင့်

“နန်းတက်မင်းသမီး စကားလုံးတွေကိုသတိထားသင့်ပါတယ်”

လုယွင်ရွှမ်း ကဘယ်လိုမှသည်းခံမနိုင်တော့ဘူး

“ငါ့စကားလုံးတွေကိုဂရုစိုက်ရမယ်ဟုတ်လားငါဘယ်လိုသူတို့တွေနဲ့ဂရုစိုက်လို့ရမှာလဲ”

သူမနှင့်လုချီက လက်ထပ်ထားတာနှစ်လဘဲရှိသေးတယ်ပြီးတော့အရှင်မင်းကြီးကအရှေ့နန်းဆောင်ကိုမိန်းမပျိုလေးတွေပြည့်အောင်လုပ်ဖို့မစောင့်နိုင်ဖြစ်နေတာလေသူဘယ်လိုလုပ်စိတ်ထိန်းနိုင်မှာလဲ

ဟောင်ရှုလည်းတော်တော်စိုးရိမ်နေတယ်ဒါပေမယ့်သူမရဲ့သခင်မလေးရဲ့နောက်ခံကိုစဉ်းစားမိလိုက်တော့သူနားလည်ပေးနိုင်တယခ

ပြောရရင် မင်းသမီးကဒုတိယဇနီးရဲ့သမီးဒီလိုနန်းတက်မင်းသမီးဖြစ်လာတာလည်းတော်တော်ကိုကံကောင်းလို့ဖြစ်လာတယ်ဒါပေမယ့်လည်းအရင်ခေတ်တွေတုန်းကသာမန်လူတန်းစားတွေတောင်ဘုရင်မဖြစ်ဖူးတာရှိခဲ့တယ်သူတို့တွေကိုတော့နိမ့်ပါးတဲ့သူအဖြစ်ဘဲသတ်မှတ်ထားကြတုန်းဘဲ

အနည်းနဲ့အမြန်ဘဲမိန်းမပျိုအသစ်တွေအရှေ့နန်းဆောင်ထဲကိုရောက်လာကြမှာဘဲနန်းတက်မင်းသမီးခြေလှမ်းကျဲကျဲနဲ့လှုပ်ရှားတတ်ဖို့တော့လိုပြီ

ဟောင်ရှုအခြေအနေတွေကိုသုံးသပ်ပြီးတောါအကြံအဉာဏ် တစ်ချို့ပေးသည်။

“နန်းတက်မင်းသမီးအရမ်းကြီးတုန်လှုပ်စရာမလိုပါဘူးဘာတွေဘဲဖြစ်ဖြစ်မင်းသမီးကိုနန်းတက်မင်းသမီးဘွဲ့ပေးအပ်ထားတာဘဲဘယ်လောက်များတဲ့ကိုယ်လုပ်တော်တော်တွေလာလာမင်းသမီးကိုတော့သူတို့ကျော်နိုင်မှာမဟုတ်ပါဘူး

“အဲ့တာတင်မဟုတ်သေးဘူး ကျွန်တော်မျိုးမကြားမိတာကဝန်ကြီးဌာနအစဉ်အလာတွေနဲ့ဆွေကြီးမျိုးကြီးမိသားစုထဲကအမျိုးသမီးတွေရွေးချယ်တဲ့ဆိုပေမယ့်သူတို့ဇာတ်မြင့်တဲ့သူတွေတော့မဟုတ်ဘူးကျွန်တော်မျိုးမအမြင်ရဆိုရင်မင်းကြီးကမင်းသမီးတို့မိသားစုကိုသတိရှိပြီးတော့ကျွန်တော်မျိုးမတို့ကိုအရှက်မရစေချင်ဘူးလို့ လို့မြင်ပါတယ်

“ကျွန်တော်မျိုးမအမြင်ရဆိုရင်တော့ဒီကိုယ်လိုယ်တော်တွေကအိမ်ရှေ့မင်းသားရဲ့အိပ်ယာကိုနွေးရုံမျှအတွက်ဘဲလို့မြင်ပါတယ်သူတို့တွေကပြဿနာတစ်စုံတစ်ခုဖန်တီးနိုင်စွမ်းလည်းမရှိကြပါဘူး”

ဘယ်လိုဘဲဖြစ်ဖြစ်ကြားလိုက်ရတဲ့စကားတစ်ခွန်းကြောင့်လုယွင်ရွှမ်းကိုရန်စသလိုခံစားလိုက်ရတယ်

“အိမ်ရှေ့စံကသူ့ရဲ့အမျိုးသမီးအဖြစ်ငါတစ်ယောက်ဘဲရှိရမှာဘာလို့သူကတခြားသူတွေနဲ့သွားအိပ်မှာလဲ”

ဟောင်ရှုလည်းဒီတစ်ခါမရှောင်နိုင်တော့ဘဲလက်ကိုလက်ဖက်ရည်ခွက်ကလာစင်သွားသည်လက်ဖက်ရည်တွေသူမကိုစိုပြီးသူမရဲ့အသားတွေအပူလောင်ကုန်တယ်ချက်ချင်းဘဲအပူလောင်ခြင်းရဲ့နာကျင်မှုကိုခံစားနေရတယ်

ဘယ်လိုဘဲဖြစ်ဖြစ်ဒေါသထွက်နေတဲ့ လုယွင်ရွှမ်းအရှေ့မှာဟောင်ရှုကနာကျင်မှုတွေကိုကြိတ်ခံနေရပါတယ်

“နန်းတက်မင်းသမီးနည်းနည်းတော့သည်းခံဖို့လိုတယ်ဒါ့အပြင်မင်းသမီးအခုလုပ်ဖို့လိုအပ်နေတာကနန်းမွေဆက်ခံမယ့်သူနဲ့ကိုယ်ဝန်ရအောင်လုပ်ဖို့ဘဲဒီနည်းလမ်းကဘဲ....နောက်အနာဂတ်မှာဘယ်လောက်လှတဲ့မိန်းမပျိုလေးတွဒီကိုရောက်လာရောက်လာစိတ်ပူစရာမလိုဘဲနေမှာ”

သူမကအမှန်အတိုင်းတော့အိမ်ရှေ့စံဘယ်လောက်အလှကြိုက်ကြိုက်သူ့မှာတော်ဝင်အမွေဆက်ခံမယ့်သူရှိရင်သူဘာကိုမှပူစရာမလိုဘူးလေဘာဘဲဖြစ်ဖြစ် သူ့မရဲ့စကားတွေကလုယွင်ရှန်ကိုဆွပေးသလိုဖြစ်ပြီးကိုသူမကိုသူမပြဿနာဖြစ်မှာမလိုလားတဲ့အတွက်သူမစကားလုံးတွေကိုပြောင်းပြောလိုက်တာဖြစ်တယ်

လုယွင်ရွှမ်း ကသူမရဲ့ဗိုက်ကိုကြင်နာစွာထွေးပိုက်နေသည်

တကယ်တော့လုယွင်ရွှမ်းသိတယ်ဒီလိုနေ့မျိုးရောက်လာမယ်ဆိုတာကိုအဲ့တာကြောင့်လည်းသူမကစွတ်ပြုတ်ထဲမှာအဆိပ်တွေခတ်ထားတာလုချီနဲ့လည်းညတိုင်းအိပ်ရအောင်ဆွဲဆောင်ထားတာဖြစ်တယ်ဘာဘဲဖြစ်ဖြစ်သူမကိုယ်ဝန်မရသေးဘဲအရှေ့နန်းဆောင်ထဲမှာကိုယ်လုပ်တော်တွေနဲ့ပြည့်နေတော့မယ်အဲ့တာကြောင့်သူမစိတ်ကသိကအောက်တော်တော်ဖြစ်နေသည်

သူမကိုလုချီကချစ်ခင်ပြီးအလိုအရမ်းလိုက်ထားသောကြောင့်သူမကိုအရှက်ခွဲမယ်လို့မထင်ထားဘူးအမှန်တရားကသူ့ကိုပါးရိုက်လိုက်သလိုဘဲ

လုချီ ကဘယ်လိုဘဲသူ့ကိုသဘောထားထာသူကနန်းတက်မင်းသားဘဲဘုရင်ကြီးရဲ့အာဏာကသူ့အပေါ်သက်ရောက်နေဆဲဘဲ

ဒီနန်းတက်မင်းသားဘွဲ့ရဖို့တောင်သူ့အတွက်တော်တော်ခက်ခက်ခဲခဲရထားတာ

သူမအတွေးထဲတစ်ခုခုစဉ်းစားမိပြီး ဟောင်ရှုနား နားကပ်ပြီးတိုးတိုးပြောလိုက်သည်

ဟောင်ရှု နားလည်ပြီးတော့အလျင်အမြန်ဆုတ်ခွာသွားသည်

သူကအပြစ်ရှိသလိုခံစားနေရတယ်ဘာလို့လဲဆိုတော့မိန်းမချောလေးတွေမကြာခင်အရှေ့နန်းဆောင်ကိုရောက်လာကြတော့မှာဖြစ်တယ်သူဘယ်လိုမှဟန်ဆောင်မနေနိုင်ဘူး

ဒီအချိန်မှာ ရွှမ်းလေးကဒီကိစ္စနဲ့ပက်သက်ပြီးရင်ကွဲမယ်ဆိုတာသေချာတယ်

ပိုသေချာသွားသည် လုယွင်ရွှမ်းကအိပ်ရာပေါ်မှာနုံးခွေနေပြီးတော့ပါးပေါ်မှာလည်းမျက်ရည်လေးတွေထင်ကျန်နေတယ်

လုယွန်ရွှမ်း အခွင့်အရေးကိုအပိုင်ကိုင်ပြီးတော့သူရဲ့လက်မောင်းထဲသို့ပစ်ဝင်လိုက်သည်သူ့မျက်ရည်စက်လေးတွေနဲ့ခေါင်းခါလျှက်

လုယွင်ရွှမ်း ကသူအင်္ကျီရဲ့အိတ်ထောင်လေးကိုကိုင်ပြီးတော့

“အရှေ့နန်းဆောင်ထဲကိုမိန်းမချောလေးတွေရောက်လာကြတော့မှာလေနင်ကငါ့ကိုမေ့သွားမှာလေငါကြောက်တယ် ငါ...”

အင်္ကျီပြဲသံကိုကြားရသည် သူမကြည့်ရတာစိတ်လှုပ်ရှားပြီးသူမရဲ့အားတွေနဲ့တဟုန်ထိုးသူရဲ့အင်္ကျီကိုဆွဲဖွင့်လိုက်သည်

All Chapters