← Chapters

အခန်း (၁၇၂-၁၇၄)

Vol. 4 Ch. 172-174

အခန်း (၁၇၂-၁၇၄)

Vol. 4 Ch. 172-174

Chapter 172

March 29, 2024 by Nay Chi Lynn

Chapter 172

သူကအဲ့တာကိုလုံးဝတောင့်ခံနိုင်လိမ့်မယ်

လုချီ ဖြစ်ပျက်နေတာကိုတွေ့ပြီးတော့သူရဲ့မျက်လုံးတွေကိုမှိတ်ပြီးတော့လုယွင်ရွှမ်းကိုတင်းကြပ်စွာဖက်ထားလိုက်တယ်

“ရွှမ်းလေး မင်းစိတ်ပူစရာမလိုဘူးနော်ဒီမိန်းမတွေအရှေ့ဆောင်ထဲဝင်လာတိုင်အောင်သူတို့ကအဆောင်အယောင်သက်သက်ဘဲကိုသူတို့ကိုလုံးဝမထိဘူးနော်...”

သူပြောပြီးပြီးခြင်းမှာဘဲ အနမ်းတွေသူမရဲ့မျက်နာပေါ်ပစ်ချလိုက်သည်

လုယွင်ရွှမ်း ကရှက်သယောင်နဲ့သူ့ရဲ့အနမ်းတွေကိုရှောင်ဖို့ကြိုးစားနေပါတယ် လုချီပိုမွှန်သွားအောင်လုပ်ခြင်းသာဖြစ်သည်

သမားတော်ချုပ်လင်း ကတစ်ဖက်မှာငြိမ်စွာထိုင်နေသည်သူအသက်ကိုအောင့်ထားတယ်လုလျန့်ဝေကလုယန်ရဲ့နှလုံးခုန်နှုန်းကိုစမ်းသက်နေသည်

လုလျန့်ဝေကလုယန်ရဲ့ဘေးကပ်လျက်မှာထိုင်နေသည်သူမရဲ့ကိုယ်အမူအရာကသေချာအာရုံစူးစိုက်နေသည်ခဏအကြာတောင့်သူမရဲ့လက်ကိုဖယ်ပြီးတော့အပြုံးလေးကသူမမျက်နှာမှာပေါ်လာသည်

“ဂုဏ်ပြုပါတယ်မင်းကြီး မင်းကြီးရဲ့ခန္ဓာကိုယ်ကအားတော်တော်ပြည့်နေပြီဖြစ်သည်ဒီဆေးကို၂ရက်လောက်သောက်ပြီးရင်တော့ ဒီအဆိပ်အတောက်ဖယ်တဲ့ဆေးသောက်လို့ရပါပြီ”

သူမပြောပြီးပြီးခြင်းမှာဘဲသူမကြွေထည်ပုလင်းလေးကို လုယန်ရဲ့လက်ထဲထည့်ပေးလိုက်သည်

“ဒီဆေးလုံးတွေကပေါင်းခံဖို့ကမလွယ်ကူဘူးပြီးတော့ပါတဲ့ဆေးရွက်ပင်တွေကလည်းရဖို့မလွယ်ကူဘူးမင်းကြိးဒီဟာကိုသေချာစောင့်ရှောက်ဖို့လိုတယ်အိုပြီးတော့ဒီအဆိပ်တော့ဖယ်ဆေးသောက်ပြီးရင်မင်းကြီးရဲ့အနည်းငယ်တော့နာကျင်မှုခံစားရမယ်မင်းကြီးဒါကိုတော့နည်းနည်းခံစားရမယ်နာကျင်မှုကိုမခံစားနိုင်ရင်တော့..”

သူမမျက်လုံးလေးတွေကိုစုပြီးတော့နည်းနည်းမှီပြီးတော့

“အဲ့တာဆိုတစ်ယောက်ယောက်မင်းကိုချုပ်ထားဖို့လိုတယ်”

သူမအသံတိုးတိုးနဲ့ပြောသောကြောင့်သမားတော်ချုပ်လင်းကသူမပြောတာကိုမကြားရဖြစ်နေတယ်သူရဲ့နားကိုစွန့်ထားပြီးတော့စိတ်လှုပ်ရှားသောကြောင်သူထိုင်နေတဲ့ပုံတောင်အနည်းငယ်ပျက်သွားသည်

“ဒုတိယမင်းသမီးလု မင်းကြီးနာကျင်မှုကိုမခံစားနိုင်ရင်ဘာလုပ်သင့်လဲ”

သူလည်းမတတ်နိုင်ဘဲမေးလိုက်သည်

လုလျန့်ဝေ လှည့်ကြည့်ပြီးသူမမျက်လုံးကိုကြုံပြီးတော့ပြုံးလျှက်

“မင်းကြီးရဲ့စိတ်ခွန်အားနဲ့ဆိုသူဒါကိုခံစားနိုင်မှာသေချာပါတယ်မင်းသူ့အတွက်အရမ်းစိုးရိမ်နေပါပြီ”

သမားတော်ချုပ်လင်း

လုယန်ကသူမရဲ့နောက်တောက်တောက်ပြုံးနေတာကိုသတိထားမပြီးသူပြုံးမိသွားသည်

ဘယ်လိုဘဲဖြစ်ဖြစ်သူမနဲ့ကျောက်ချန် ဘုရင့်နန်းဆောင်ရှေ့မှာပြောနေတဲ့အကြောင်းအရာကိုပြန်မှတ်မိပြီးချက်ချင်းရုပ်ပြန်တည်သွားသည်

လုလျန့်ဝေ သူဘယ်လောက်ထူးဆန်းနေလည်းဆိုတညကိုသတိမထားမိဘူးသူလုပ်စရာရှိတာလုပ်ပြီးတာနဲ့သူချက်ချင်းမတ်တပ်ရပ်လိုက်သည်

အဲ့အချိန်မှာဘဲ လုထင်ချန်းအလျင်အမြန်ပြေးဝင်လာသည်

သူနန်းဆောင်ထဲဝင်လာထဲကသူ့မျက်နာပေါ်မှာစိုးရိမ်နေတဲ့အရိပ်အယောင်ပေါ်နေတယ်သူလုယန်ကိုဂါရဝပေးပြီးတော့လုလျန့်ဝေရဲ့အရှေ့သွားပြီးတော့ခေါင်းအစခြေအဆုံးစေ့စေ့စပ်စပ်ကြည့်ပြီးမှဘဲသူစိတ်ပူတာပျောက်သွားတော့တယ်

“လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဒီနေရာကိုခုဏလေးတင်ကျူးကျော်ဝင်ရောက်လာတယ်ဆိုနင်အဆင်ပြေရဲ့လား”

လုလျန့်ဝေ ကရယ်ပြပြီးတော့ခေါင်းခါပြတယ်လုပ်ကြံသတ်ဖြတ်ရေးသမားကကျောက်ချန်အယောင်ဆောင်ထားတာဖြစ်တယ်သူ့မျက်လုံးမှာငြုပ်သီးမှုန်တွေနဲ့နီရဲသွားတာကိုပြန်မှတ်မိသွားတော့သူမနေနိုင်ဘဲရယ်မိသည်

“ငါအဆင်ပြေပါတယ်အဲ့တစ်ယောက်ကလုပ်ကြံသတ်ဖြတ်ရေးသမားမဟုတ်ဘူး”

လုထင်ချန်း နားမလည်ဖြစ်နေသည်ဒါပေမယ့်သူမရဲ့ထူးဆန်းတဲ့ရယ်နေတဲ့ပုံကြောင့်သူ့မျက်ခုံးကိုပင့်ပြီးတော့မေးလိုက်သည်

သူမရင်ဘတ်ထဲသားရေအိတ်ကိုထုတ်ပြီးတော့သားရေအိတ်ထဲကအမဲရောင်အလုံးလေးကိုထုတ်လိုက်သည်

အဲ့တာကြည့်ရတာအားဆေးနဲ့တူနေတယ်ဒါပေမယ့်အနံ့ကစူးရှုပြီးတော့ချောင်းဆိုးနိုင်တယ်တကခြားအားဆေးတွေနဲ့မတူဘူး

သူကထလာပြီးတော့မောင်နမနှစ်ယောက်နဲ့မျက်နာချင်းဆိုင်နေပါတယ်

လုလျန့်ဝေ မျက်လုံးကြုံ့ပြီးတော့ငြုပ်သီးဘောလုံးလေးကိုမင်းကြီးထံပေးပြီးကြည့်စေသည်

လုယန်သူမရဲ့အမူအရာကိုကြည့်လိုက်သည်သူ့ရဲ့မျက်ခုံးကိုအသာအယာခဏလောက်ပင့်ပြီးတော့ဘောလုံးကိုယူပြီးတော့စေ့စေ့စပ်စပ်ကြည့်သည်

လုယန်သူ့ကိုကြည့်ပြီးတော့သူနားလည်ရန်ခက်တဲ့အကြည့်တွေနဲ့

“နင်ကနန်းတော်ထဲကိုဒီလိုပစ္စည်းတွေယူဆောင်ပြီးဝင်လာတယ်ပေါ့”

ပီတိဖြစ်နေတဲ့မျက်နှာကနေ လုလျန့်ဝေ ချက်ချင်းရပ်သွားသည်သူမကရယ်ပြီးတော့

“အရှင်မင်းကြီးအထင်မလွဲပါနဲ့ဒီအစေခံမျိုးမကအရှင်မင်းကြီးကိုထိခိုက်ဖို့မရည်ရွယ်...”

လုယန် စကားဖြတ်ပြောလိုက်သည်သူကသူမကိုစချင်ရုံသက်သက်ဘဲအပြစ်ပေးဖို့စိတ်ကူးထားချင်လည်းမရှိပါ

လုထင်ချန်းကတော့ဒီဘောလုံးသေးသေးလေးကအားပြင်းလည်းသူမသိသေးပါဘူးသူပြောနိုင်တယ်အဲ့တာကအဲ့ကရတဲ့အနံ့ကိုကြည့်ပြီးကစားစရာမဟုတ်ဘူးဆိုတာကိုတော့သိတယ်သူလုယန်နှင့်လုလျန့်ဝေ တို့ပြောနေတာကိုကြားပြီးသူမသဲမကွဲခန့်မှန်းတယ်ဘာတွေဖြစ်နေကြတာလဲ

Chapter 173

March 30, 2024 by Nay Chi Lynn

Chapter 173

ခုလုံးဝထုတ်ဖော်လိုက်ပြီ

လုထင်ချန်း ထင်ထားတာကမင်းကြီးက ဝေဝေကိုအပြစ်ပေးဖို့အမိန့်ပေးမယ်ထင်ထားတာသူမထင်ထားဘူးမင်းကြီးကဒီပြဿနာကိုအပေါ်ယံပေါ့ပေါ့ပါးပါးလေးဘဲထားမယ်လို့

သူစိတ်သက်သာရာရသွားပါပြီ

သူ့ကိုလည်းအပြစ်တင်ရမှာဘဲသူတို့နန်းတော်ကိုဝင်လာချိန်မှာသူသတိထားမိတယ်သူ့မှာမင်းကြီးကိုကုပေးဖို့ဆေးပါတယ်ဆိုတာကိုအဲ့တာကြောင့်လည်းသူကသူ့ရဲ့အခွင့်အရေးကိုသုံးပြီးသူတို့စစ်ဆေးတားကိုတားခဲ့သည်

ဒီအချိန်မှာဘဲ တစ်ဖက်မှာရပ်နေတဲ့သမားတော်ချုပ်လင်း ကလုလျန်ဝေကိုစိတ်မရှည်ဖြစ်နေသည်

“ဒုတိယမင်းသမီးကျွန်တော်ကိုဒီဆေးဖော်စပ်တဲ့နည်းလမ်းနဲ့ပါဝင်ပစ္စည်းအချိုးအစတွေကိုမျှဝေပေးနိုင်မလား”

ဒီအဆိပ်နှင်းကိုက် တဲ့ဟာကိုသူလေ့လာနေတာနှစ်ပေါင်းမနည်းရှိနေပြီအဲ့တာထက်အဲ့တာနဲ့ပက်သက်တဲ့ဖြေဆေးကိုသူအခုထိရှာလို့မတွေးသေးပါအဲ့အဆိပ်ကထုပ်ဖို့ခက်တဲ့လို့သတ်မှတ်ထားတာဖြစ်တယ် လုလျန့်ဝေကအဲ့အဆိပ်ကိုကုဖို့ဖြေဆေးကိုဖော်စပ်နိုင်တာကိုမြင်ရတော့သူလက်တွေယားလာပြီးမင်းကြီးလက်ထဲကဖြေဆေးကိုယူပြီးတော့လေ့လာစမ်းသပ်ချက်ပြုလုပ်နေချင်ပြီဖြစ်သည်

လုလျန့်ဝေကသူ့ရဲ့စိတ်အားထက်သန်မှုကိုသိတယ်အဲ့တာကြောင့်ချက်ချင်းဘဲ

“ငါမင်းအတွက်ချရေးပေးထားမယ်”

သမားတော်ချုပ်လင်းကတော်တော်ကျွမ်းကျင်တဲ့သမားတော်တစ်ဦးဖြစ်သည်ဒါပေမယ့်အဆိပ်ကိုကုတာကတော့သူကျွမ်းကျင်တဲ့ဘက်တော့မဟုတ်ဘူးသူမရဲ့စကားသံကိုကြားလိုက်ရတော့ဝမ်းသာမိသွားတယ်သူမသာမိန်းကလေးမဟုတ်ရင်သူပြေးသွားပြီးတော့လက်ကိုတင်းတင်းကျပ်ကျပ်ဆုတ်ကိုင်ပြီးကျေးဇူးတင်ကြောင်းပြောနေမိမှာဖြစ်တယ်

“ဒါကအံဩစရာဘဲ ဒုတိယမင်းသမီးလုကျေးဇူးအများကြီးတင်ပါသည်”

“သမားတော်လင်းကအရမ်းကြင်နာနေပါပြီ”

ဒီဟာကသူမတော်တော်ကြိုးစားအားစိုက်ထုတ်ထားတာ

ပြီးတော့ သမားတော်ချုပ်လင်းကကျွမ်းကျင်တဲ့သမားတော်တစ်ယောက်ပြီးတော့စိတ်ထားမွန်မြတ်တဲ့လူဖြစ်တယ်အဲ့တော့သူ့ကိုအဆိပ်ဖြေဆေးရဲ့ဆေးညွှန်းပေးလိုက်လို့လည်းကိစ္စမရှိဘူး

ဆေးညွှန်းရေးပေးပြီးလုလျန့်ဝေသမားတော်ချုပ်လင်းကိုပေးပြီးတဲ့အချိန်ကိုကြည့်လိုက်တာတော်တော်နောက်ကျနေပြီဖြစ်သည်သူမက လုထင်ချန်းကိုမင်းကြီးစီသူမပြန်တော့မယ့်အကြောင်းသတင်းပို့ခိုင်းပြီးတော့သူမကိုနန်းတော်ပြင်ပသို့လိုက်ပို့ပေးရန်ဖြစ်သည်ဒါပေမယ့်သူမလှည့်ကြည့်လိုက်တော့သူမ မထင်ထားတာက လုထင်ချန်းကဘုရင့်နန်းဆောင်ထဲမှာမရှိတော့တာကိုသိလိုက်ရတာဘဲ

သူမဘာလုပ်ရမလဲသူမနန်းတော်ထဲကထွက်သွားပြီးအိမ်ပြန်ချင်နေပြီ

လုယန်ကဒါကိုသတိထားမိသွားတော့မသိမသာလေးပြုံးနေသည်

ကံကောင်းချင်တော့သူကလုထင်ချန်းကိုအကြောင်းပြချက်တစ်ခုရှာပြီးနန်းတော်ကနေထွက်သွားခိုင်းပြီးပြီဖြစ်သည်အဲ့တာမှမလုပ်ရင်ဒီကောင်မလေးကနန်းတော်ထဲကထွက်သွားဖို့လုပ်မှာ

သူသူ့ရဲ့ခုံပေါ်မှာထိုင်နေပြီးသူမရဲ့စိတ်မရှည်မှုကိုမသိချင်သလိုလုပ်နေပြီးသူ့ရဲ့စာအုပ်ကိုစိတ်ပြေနပြေဖတ်နေသည်

လုလျန့်ဝေတစ်ခုခုတော့ထူးဆန်းနေတယ်ဆိုတာခံစားမိတယ်သူကမင်းကြီးမဟုတ်ဘူးလားမင်းကြီးကတစ်နေ့တစ်နေ့ကိစ္စပေါင်းအမြောက်အမြားနဲ့အလုပ်ရှုပ်နေရမှာမဟုတ်ဘူးလား

သူဘယ်လိုများအလုပ်မလုပ်ဘဲဒီမှာတစ်ချ်န်လုံးနေနေတာလဲ

ဒီအချိန်မှာဘဲလုယန်ကခေါင်းမော့ပြီးတော့သူမကိုလှမ်းကြည့်လိုက်တယ်

“လုထင်ချန်းနန်းတော်ကအနေစောကြီးထွက်ခွာသွားတယ်နဲ့တူတယ်အချိန်လည်းတော်တော်နောက်ကျနေပြီနန်းတော်ကအလုပ်သမားတွေကိုညစာပြင်ဖို့ပြောထားလိုက်မယ်ဒုတိယမင်းသမီးလု ငါနဲ့အတူတူညစာစားပေးပါ”

သူ့ကိုကမ်းလှမ်းတာကိုလုလျန့်ဝေနည်းနည်းထူးဆန်းနေသည်

ဘုရင်ကသူနဲ့ညစာစားဖို့တကယ်ခွင့်တောင်းနေတာလား

လုယန်က သူမရဲ့လက်ခံမှုကိုမစောင့်နေဘဲသူစကားပြောပြီးပြီးချင်းမှာဘဲသူ့ရဲ့အစေခံတွေကိုညစာအတွက်ပြင်ဆင်ခိုင်းသည်

လုယန်ကအဲ့တာကိုသတိထားမိလိုက်သည်ပြီးတော့သူ့ရဲ့ပါးစပ်လေးမှာအပြုံးလေးတွေရစ်ဝဲပြီးပေါ်နေသည်

“နောက်ထပ်ဟင်းအမယ်၂မျိုးထပ်ဖြည့်ချင်လို့လား”

လုလျန့်ဝေနည်းနည်းနောက်ဆုတ်ပြီးတော့

လုလျန့်ဝေ ဟင်းတွေရဲ့နာမည်ကိုကြားပြီးနောက်မှာဘဲချက်ချင်းဘဲတံတွေးတွေကိုမြိုချနေရသည်

ဘာလို့လဲဆိုတော့ဒီဟင်းလျာတွေကစွဲမက်စရာကောင်းပြီးသူမကိုယ်တိုင်လည်းကြိုက်နှစ်သက်သောကြောင့်ဖြစ်သည်

သူမဒီဟင်းလျာတွေကိုချက်ဖို့ကြိုးစားလိုက်တိုင်းထွက်လာတဲ့အရသာကိုစိတ်ကျေနပ်မှုမရဘူးဖြစ်နေသည်

သူမ မသိတာကပါဝင်ပစ္စည်းတွေကြောင့်ဘဲလားဒါမှမဟုတ်သူမကဟင်းချက်တဲ့အချိန်မှာအပူကိုကျွမ်းကျင်အောင်မပေးနိုင်သေးလို့လားဆိုတာမသိဘူးဖြစ်နေသည်

ဒီဟင်းလျာ၂ခုကိုတော်ဝင်စာဖိုးမှူးတွေပြုလုပ်ထားတာကိုသူမစိတ်ထဲအမြဲစားချင်နေသည်ပြီးတော့သူမဒါတွေဘယ်တော့များမှထပ်မြည်းရမလဲဆိုသိချင်မိနေသည်

အချိန်ကြာလာတာနဲ့သူမလည်းအဲ့တာတွေကိုမေ့သွားပါတယ်သူမှမမျှော်လင့်ထားဘူးအဲ့တာတွေကိုထပ်မြည်းခွင့်ရမယ်ဆိုတာကို

ချက်ချင်းဆိုသလို သူမရဲ့မျက်လုံးတွေအရောင်တွေတောက်လာသည်

လုယန်တိတ်တိတ်လေးရယ်ပြီးထပ်ပြုလုပ်လာတဲ့ဟင်းပွဲနှစ်ပွဲကိုနေရာချစေသည်

သူရဲ့အစားသောက်ကြိုက်ပုံကလုံးဝပေါ်ထွက်လာပြီဖြစ်သည်

လုယန်သူမဘက်ကိုလှည့်တဲ့အခါမှာသူမအနည်းငယ်ရှက်ရှက်လေးနဲ့ထိုင်နေတာကိုတွေ့ရသည်သူရဲ့သေးသွယ်လှတဲ့မျက်နာလေးကိုအောက်စိုက်ပြီးတော့မျက်နာလေးနည်းနည်းနီသွားသည်။လုယန်လည်းသူမဘာတွေတွေးနေလဲဆိုကိုသိချင်သွားသည်

Chapter 174

March 30, 2024 by Nay Chi Lynn

Chapter 174

အရှင်မင်းကြီးစီစဉ်နေတာက...

ပြီးခဲ့တဲ့မင်းကြီးရဲ့မွေးနေ့အခမ်းအနားမှာဒီကောင်မလေးက စားရတာကိုသဘောကျကြောင်းသူသတိထားမိခဲ့သည်သူမကြည့်ရတာပိန်ပြီးသေးသွယ်နေတယ်ဒါပေမယ့်သူမတော်တော်တော့စားချင်စိတ်ပြင်းပြတယ်ထို့ကြောင့်သူမကြိုက်တဲ့ ငါးနှုတ်ခမ်းသားစွတ်ပြုတ်နှင့်ဒရယ်သားဆေးခြောက်တို့ကိုလည်းသူမရှာတွေ့ခဲ့တာဖြစ်သည်။

လုလျန့်ဝေလည်းမွေးနေ့အခမ်းအနားမှာဘာဖြစ်သွားလည်းမှတ်မိသွားသည်

မှတ်မိထားတာတွေကသူ့အတွေးထဲဝင်လာပြီးတော့ရှက်ပြီးခေါင်းငုံနေမိသည်

အဲ့မှာအရသာရှိတဲ့ဟင်းပွဲပေါင်းများစွာရှိခဲ့သည်ဒါပေမယ့်ဒီဟင်းနှစ်မျိုးကိုဘဲကွက်ပြီးတော့သူအသေချာမှတ်မိနေသည်။အဲ့အချိန်တုန်းကသူမတော်တော်ကြိုက်နှစ်သက်ခဲ့တာကိုမှတ်မိသွားသည်။

ဘာဘဲဖြစ်ဖြစ်ကျောက်ချန်ကဒီဟင်းပွဲနှစ်ပွဲကိုသူမစားပွဲပေါ်လာချပေးသည်။ပြီးတော့မင်းကြီးကိုယ်အပ်နှင်းမယ့်ဟင်းပွဲကိုသူမကိုချပေးလိုက်တာသတိထားမိတာကြောင့်သူမဒီဟင်းပွဲတွေကိုကြိုက်နှစ်သက်တာနည်းနည်းလျှော့သွားသည်သူမစားလိုက်တဲ့အခါမှညအရသာနည်းနည်းရှိပေမယ့်ဖယောင်းခြောက်ကိုဝါးစားနေရသလိုဘဲလို့တွေးမိလိုက်သည်။

ဒါကသိသာလွန်းသည်ဘာလို့ဆို လုယန်သူမကိုပေးလိုက်တဲ့ဟင်းပွဲက သူ့ရဲ့ဟင်းပွဲဖြစ်နေသောကြောင့်ဖြစ်သည်။

တော်ဝင်စားဖိုဆောင်ထဲကအစေခံတွေအားလုံးကကျွမ်းကျင်ကျသည်ပြီးတော့ဟင်းပွဲတွေတစ်ပွဲပြီးတစ်ပွဲရောက်ချလာသည်

ဒီဟင်းပွဲတွေကတော်ဝင်စားဖိုဆောင်မှုအထူးပြင်ဆင်ချက်ပြုတ်ထားတွေဖြစ်သည်

ငါးနှုတ်ခမ်းစွတ်ပြုတ်နှင့်ဒရယ်သားဆေးခြောက်ဟင်းပွဲကိုတော့မချသေးပါဘူးဘာလို့လဲဆိုတော့သူတို့ကနောက်ဆုံးမှချက်ဖို့မှာထားသောကြောင့်ဖြစ်သည်ပြီးတော့စားဖိုဆောင်ကလည်းအဲ့တာကိုချက်ဖို့အချိန်လိုသည်။

အစေခံတွေကဟင်းပွဲတွေကိုချပေးပြီးတာနဲ့ထွက်သွားကြသည်

စားပွဲအရှည်ကြီးမှာအသားနှင့်ဟင်းသီးဟင်းရွက်ဟင်းပွဲတွေအပြည့်ဖြစ်နေသည်အားလုံးကိုချက်ပြုတ်ထားတာကအလွန်အရသာရှိမယ့်ပုံပေါက်နေသည် ဒါကလုလျန့်ဝေကိုအထူးသဖြင့်သွားရည်ယိုစေသည်

လုလျန့်ဝေခေါင်းလေးကိုမော့ပြီးသူရဲ့မျက်လုံးနက်နက်တွေနဲ့နားမလည်နိုင်သောအကြည့်တွေနဲ့ဆုံမိသွားသည်သူမခဏလောက်တုံ့နှေးနေပေမယ့်လေးစားစွာနဲ့ဘဲ

သူမရဲ့ထိုင်ခုံကိုအနောက်ဘက်တိုးပြီးလမ်းလျှောက်သွားသည်

သူမရဲ့သံဝတ်ချပ်တွေကလေးလို့လားမသိသူမလှမ်းလျှောက်နေတာအနည်းငယ်မြန်နေသည်။လုယန်နားကိုရောက်ခါနီးမှာဘဲခြေထောက်တွေကခွေလဲခါနီးဖြစ်သွားသည်

သူမ ထင်သလိုမနာကျင်ပေမယ့်သူမရဲ့အတွေးတွေကိုစုပြီးမတုန့်ပြန်ခင်မှာသူမကိုသရော်တဲ့အသံတစ်ခုသူမခေါင်းပေါ်ကကြားလိုက်ရသည်

လုလျန့်ဝေသူမခေါင်းကိုမော့လိုက်ချ်ိန်မှာမင်းကြီးရဲ့ပြုံးနေတဲ့မျက်လုံးတွေကိုဆုံမိလိုက်သည်။

သူမကသူရဲ့လက်မောင်းထဲမှာရောက်နေတာကိုသတိထားမိလိုက်တော့သူမရဲ့မျက်နာတစ်ခုလုံးနီရဲသွားသည်စိတ်လှုပ်ရှားစွာဖြင့်သူမကိုသူမအဝေးသို့အလျင်အမြန်တွန်းထုတ်လိုက်သည်

“ဒီအစေခံမလေးကအရှက်ရစေမိပါတယ်”

လုလျန့်ဝေကလုယန်ပြောတာကိုမမှတ်ခင်မှာခဏစဉ်းစားသွားပြီးမှတ်မိတဲ့အချိန်မှာတော့သူမစိတ်နည်းနည်းဆိုးတဲ့ပုံဖြင့်ပြန်ဖြေလိုက်သည်

“ကျွန်မမမေ့ရဲပါဘူးမင်းကြီးဒီအစေခံမ....ကျွန်မကဒါကိုသင့်တော်တယ်လို့မမြင်မိပါဘူး”

သူကလုပ်ရိုးလုပ်စဉ်တွေစွန့်လွှတ်ဖို့မတိုင်ခင်သူကသူမကိုခွင့်ပြုချက်ပေးသည်

သူမတကယ်လည်းမမေ့ဘူးသူမလုယန်နဲ့တွေ့လိုက်တိုင်းသူမကသူ့ရဲ့အာဏာနဲ့လုပ်ပိုင်ခွင့်နဲ့အခြိမ်းခြောက်ခံရသည်အဲ့တာကြောင့်သူမှာစည်းမျဉ်းတွေကိုဆန့်ကျင့်ဖို့သတ္တိမရှိဘူးဖြစ်နေသည်

လုယန်ကတုံ့ဆိုင်းမနေဘဲ

“ဘာမှမသင့်တော်စရာမရှိဘူးမြန်မြန်ထိုင်အစားအသောက်တွေအေးတော့မယ်”

“ကောင်းပါပြီ မင်းကြီး”

လုလျန့်ဝေထိုင်လိုက်သည်

ဘာဘဲဖြစ်ဖြစ်ခုဏကဖြစ်ပျက်ခဲ့တာတွေကြောင့်သူမ,စားချင်စိတ်ပျောက်သွားသည်

သူမနည်းနည်းစိတ်ရှုပ်နေတယ် ဘာလို့လုယန်ကသူမကိုအစေခံလို့မရည်ရွယ်လည်းဆိုတာကိုတွေးမိနေတယ်

သူမကအစေခံမလေးဘဲလေ...

လုယန်က သူ့ရဲ့မျက်ခုံးကိုပင့်ပြီးတော့ကြည့်လိုက်တယ်။သူမကမျက်မှောင်ကြုံ့နေပြီးတော့ပါးစပ်လေးပြည့်ရုံလောက်သာဟင်းပွဲတွေကိုယူပြီးထမင်းဖြူသက်သက်စားနေတာကိုသတိထားမိလိုက်သည်

လုယန်စားနေတဲ့တူကိုချပြီးသူမကိုခံစားချက်မဲ့စွာကြည့်နေသည်

လုလျန့်ဝေမှာရွေးချယ်စရာမရှိတော့ဘူးဟင်းပွဲတွေအားလုံးကိုလိုက်မြည်းရပါတော့သည်ဟားပွဲကဟင်းပွဲတွေကိုဆက်မမြည်းနိုင်ချိန်မှာတော့သူမဒီတိုင်းမေးလိုက်သည်

“မင်းကြီး ကျွန်မကိုအစားအစာတွေနဲ့သေစေချင်နေတာလား ကျွန်မငါးနှုတ်ခမ်းစွတ်ပြုတ်နှင့်ဒရယ်ဆေးခြောက်အတွက်နေရာလေးချန်ထားချင်ပါသေးတယ်”

All Chapters