ကပ်ဘေးဓားနှင့် တိုက်ပွဲ
Vol. 24 Ch. 297
ယွမ်ရှောင်သည် ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်တွင် တပ်ဆင်ထားသော ဓားစက်ကွင်းခုနစ်ခု၏ နတ်ဆိုးစွမ်းရည်များကို အသက်သွင်းလိုက်သောအခါ ခန်းမတစ်ခုလုံး တုန်ခါသွား၏။
"နောက်ဆုတ်ကြ"
နန်းကုန်းရှီသည် ရောက်ရှိလာသော တပည့်များကို တိုက်ပွဲစက်ကွင်းမှ လွတ်မြောက်စေရန် အမိန့်ပေးခဲ့ပြီး စုလန်လန်နှင့် ရောင်ယွဲ့ ဦးဆောင်ကာ နောက်ဆုတ်သွားခဲ့ကြသည်။ ယွမ်ရှောင်၏ ဓားအော်ရာက အရေအတွက်တစ်သောင်းကျော်အထိ ရောက်နေပြီး ကောင်းကင်နယ်မြေတွင် အများဆုံးသည် ငါးထောင်သာ ရှိသောကြောင့် သူတို့အားလုံး တုန်လှုပ်အံ့သြနေကြသည်။ ဓားသွားအထက်တွင် မိုးပြာရောင်ဖီးနစ်၊ မြေအောက်မြစ် စသော ပုံရိပ်များ ထင်ဟပ်နေကာ ပိန်းပိတ်အောင် နက်မှောင်သည့် လတစ်စင်းသည် သရဲတစ္ဆေများ ဝန်းရံတောက်ပနေသည်။
"ကြောက်စရာကောင်းလိုက်တာ"
နတ်ဆိုးစွမ်းရည်တစ်ခုချင်းစီက ထာဝရ ပျော်ရွှခြင်းဧကရာဇ်၏ တစ္ဆေတစ်ရာ ညချီတက်ပွဲထက် အဆပေါင်းများစွာ အစွမ်းထက်နေသည်။ ကြမ်းကြုတ်ရက်စက်သော နတ်ဆိုးကြီး ခုနစ်ကောင် ထွက်ပေါ်လာသကဲ့သို့ အရှိန်အဝါ ပြင်းထန်နေကာ ရုန်းကျင့်ကြံသူတစ်ယောက်ဖြစ်သော ဖုလုံရှန်းပင် မပေါ့ဆရဲတော့ပေ။ ဓားအော်ရာအလွှာတစ်သောင်းကျော်နှင့် ငရဲနတ်ဆိုးဓားစက်ကွင်း ခုနစ်ခု ပိုင်ဆိုင်ထားခြင်းသည် ဓားအစောင့်အရှောက်ထက် ပို၍ သာလွန်နေသောကြောင့် မည်မျှအလေးထားခံရကြောင်း သိသာနေသည်။ သို့ရာတွင် သူက ကပ်ဘေးဓားကို ယူဆောင်လာခဲ့ပြီး ဓားအပျက်အစီးနယ်မြေ၏ ဓားအစောင့်အရှောက်တိုင်း မည်သူ၏ ဓားဝိညာဥ်ကိုမဆို အလွယ်တကူ ဖိနှိပ်နိုင်သည်။ သူက ကြယ်ပြာကိုသာ စိုးရိမ်နေခဲ့ပြီး ဝင်ရောက်စွက်ဖက်မည့်ဟန် မရှိသောအခါ စိတ်အေးသွား၍ စီးချင်းတိုက်ပွဲအပေါ် အာရုံစိုက်ထားလိုက်၏။
"ဒီကောင်က လင်းချန်ထက် ပိုပြီးသန်မာတယ်။ သူ့ကို သတ်နိုင်ရင် ကပ်ဘေးတံဆိပ်ငရဲအတွက် အကျိုးဆောင်မှုကြီးပဲ"
ဖုလုံရှန်း၏ တိုက်ခိုက်လိုစိတ်က တောက်လောင်နေကာ ကပ်ဘေးတံဆိပ်ငရဲ၏ အမွေခံလောင်းလျာဖြစ်သောကြောင့် အဘိုးကြီးချူ၏ သေဆုံးမှုကြောင့်ပင် နောက်တွန့်မသွားခဲ့ပေ။ ထို့အပြင် ဤနေရာ၌ ယွမ်ရှောင်၏ နောက်လိုက်များရှိနေသောကြောင့် သူက အားသာချက်အဖြစ် အသုံးချရန် ကောက်ကျစ်စွာ ကြံစည်နေခဲ့သည်။ ဤအကြံကြောင့် သူက ပို၍ရဲတင်းလာကာ အသေအချာတွက်ချက်ပြီးနောက် မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်လိုစိတ်ဖြင့် ပြန်လည်တိုက်ခိုက်လိုက်သည်။
"ရုန်းကျင့်ကြံသူတစ်ယောက်က ဓားသမားတစ်ယောက်ကို ဘာကြောင်နေရမှာလဲ"
သူ၏ ဘယ်လက်တွင် ရောင်စုံတံဆိပ်တစ်ခု တောက်ပလာကာ မရေမတွက်နိုင်သော ရုန်းများ ဖြစ်တည်လာခဲ့ပြီး ဓားအော်ရာကဲ့သို့ အသုံးဝင်သည်။ သူက အသက်ငယ်ငယ်ဖြင့် ရုန်းပေါင်းငါးထောင်ကျော် ပိုင်ဆိုင်ထားပြီး ငရဲကိုးထပ်၏ ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်ကာ ထောင်ချီအသက်တံဆိပ်အတွင်း မီး၊ ရေ၊ လေ၊ မြေနှင့် မိုးကြိုးစွမ်းအင်များ ပါဝင်၍ ယွမ်ရှောင်၏ ဓားဝိညာဥ်နှင့် အရှိန်အဝါချင်း ပြိုင်ဆိုင်နေခဲ့၏။ သူ၏ ယုံကြည်မှု တိုးမြင့်လာကာ ညာလက်အတွင်း နှစ်ပေရှည်သော ဓားတစ်လက် ဆင့်ခေါ်ရင်း အေးစက်စက် ကြုံးဝါးလိုက်သည်။ ၎င်းဓားက လက်ဖဝါးအရွယ် ဗြက်ရှိပြီး သစ်သားဓားတစ်လက်နှင့် ဆင်တူသော်လည်း အနီရောင်ရုန်းများ ပြည့်နှက်နေသည်။
"အစွမ်းအထက်ဆုံးက ဓားတစ်လက်ကိုင်ထားတဲ့ ရုန်းကျင့်ကြံသူပဲ"
ငရဲကိုးထပ်အတွင်း ထိပ်တန်းရတနာသုံးခုအနက် ပါဝင်သော ကပ်ဘေးဓားသည် သတ္တုအဆင့် ကုန်ကြမ်းများဖြင့် သွန်းလုပ်ထားကာ ဓားတစ်လက်ဖြစ်နေသည့်တိုင်အောင် ကပ်ဘေးတံဆိပ်ငရဲ၏ အဖိုးတန်ရတနာဖြစ်သည်။ ရုန်းကျင့်ကြံသူများက အသက်တံဆိပ်ကို ကျင့်ကြံပြီး ဓားကျင့်ကြံသူများသည် ဓားဝိညာဥ်ကို ပိုင်ဆိုင်သော်လည်း အစွမ်းအထက်ဆုံး ရတနာဓားမှာ ကပ်ဘေးတံဆိပ်ငရဲ၏ ပိုင်ဆိုင်မှုဖြစ်သောကြောင့် ထာဝရဓားအကျဥ်းထောင်အတွက် ပြက်ရယ်ပြုစရာ ဖြစ်လာ၏။ ၎င်းသည် မည်သည့်ဓားဝိညာဥ်ကိုမဆို ဖျက်ဆီးနိုင်သည်ဟု ကောလဟာလများရှိပြီး ဓားလမ်းစဥ်အတွက် မျက်နှာပျက်စရာ တည်ရှိမှုပင်။
ဖုလုံရှန်းက ကပ်ဘေးဓားကို ထုတ်ဖော်လိုက်သောအခါ အရှိန်အဝါမြင့်တက်လာပြီး ထောင်ချီအသက်တံဆိပ်နှင့်အတူ အဘိုးကြီးချူထက်ပင် ပို၍ အစွမ်းထက်လာပုံပေါ်သည်။
"နောက်ထပ်ဝေးဝေး ဆုတ်ကြ"
အခြေအနေကို ရိပ်စားမိသော သခင်မသုံးယောက်က လူငယ်ဓားကျင့်ကြံသူများနှင့်အတူ ထပ်မံနောက်ဆုတ်သွားကာ ယွမ်ရှောင်အပေါ် မျှော်လင့်ထားကြသည်။
"နှစ်ထောင်ချီကြာအောင် ကပ်ဘေးဓားကို ဘယ်ဓားဝိညာဥ်မှ မယှဥ်နိုင်ခဲ့ဘူး။ ဓားကျင့်ကြံသူတွေက တကယ့်ကို အားနည်းလွန်းတယ်။ တုံးအတယ်။ ဝိညာဥ်ကိုများ လက်နက်အဖြစ် သုံးပြီး တိုက်ခိုက်ရဲတယ်။ ပန်းပဲဆရာတွေနဲ့ ရတနာတွေက ဘာလုပ်ဖို့လဲ"
ဖုလုံရှန်းက လှောင်ပြောင်လိုက်ပြီး ယွမ်ရှောင်မှာ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့သည်။
"အင်မော်တယ်အယောင်ဆောင်ကောင် မင်းကို တကယ့်ဓားအစစ်က ဘာလဲဆိုတာ ပြမယ်"
သူက ကပ်ဘေးဓားကို တင်းကြပ်စွာ ဆုပ်ကိုင်၍ ရုန်းများဖြင့် ဆက်သွယ်လိုက်သောအခါ နဂါးတစ်ကောင်၏ ဟိန်းသံမျိုး ထွက်ပေါ်လာခဲ့သည်။ သူ၏ ဘယ်လက်ရှိ ထောင်ချီတံဆိပ်သည် ခဏအတွင်း စွမ်းအင်များကို တိုးမြှင့်ပေးလိုက်ပြိး ရုန်းပေါင်းငါးထောင်ကျော်သည်လည်း ယွမ်ရှောင်ထံ အလင်းတန်းများပမာ တဝုန်းဝုန်း ဝင်ရောက်သွားကြ၏။ သူ၏ စွမ်းအားအရ ရုန်းကျင့်ကြံသူများမှာ အမှန်တကယ် အစွမ်းထက်ကြောင်း သိနိုင်ပြီး ထောင်ချီတံဆိပ်သည် တာအိုဂါထာများအတွက် အခြေခံအဖြစ် ဆောင်ရွက်ကာ စွမ်းအားတိုးမြှင့်ပေးနေခဲ့သည်။ ထို့နောက် ကပ်ဘေးဓားသည် ဓားမြှောင်အဖြစ် ကျုံ့ဝင်သွားပြီး လူသတ်လိုသော ရည်ရွယ်ချက်ဖြင့် ခန့်မှန်းရခက်သော လမ်းကြောင်းအတိုင်း ပြေးထွက်လာကာ သေခြင်းတရား၏ အငွေ့အသက်များ ခြုံလွှမ်းလာသည်။ ၎င်းက ဓားမြှောင်အသွင်သာ ဖြစ်သော်လည်း ရုန်းများခြံရံ၍ ယွမ်ရှောင်၏ လည်ချောင်းကို ထိုးဖောက်ရန် နီးကပ်လာသည်။
"ဝိညာဥ်ဓားသိုင်း အမြစ်မဲ့မြက်ဓားကွက်။ မင်းအမေက ဓားအပျက်အစီးနယ်မြေကို သစ္စာဖောက်ပြီး အပြင်လူကို သင်ပေးရဲတယ်ပေါ့"
ယွမ်ရှောင်က တစ်ချက်ကြည့်လိုက်ရုံဖြင့် ကုမျိုးနွယ်၏ ဓားသိုင်းဖြစ်ကြောင်း မှတ်မိသွားကာ ထိုက်ကျိဓားသိုင်းထက် ပို၍ အဆင့်မြင့်ပြီး ဓားအပျက်အစီးနယ်မြေ၏ အဖိုးတန်ဓားသိုင်းများအနက် ပါဝင်သည်။ ဖုလုံရှန်းသည် ဓားချက်တွင် ထောင်ချီတံဆိပ်၏ အစွမ်းကို ပေါင်းစပ်ထားသဖြင့် အစွမ်းထက်လှသော်လည်း ကံဆိုးသည်မှာ ပြိုင်ဘက်အနေဖြင့် လူရွေးမှားသွားခဲ့သည်။
ယွမ်ရှောင်သည် လက်တစ်ချက်ယမ်းလိုက်ရုံဖြင့် ဖုလုံရှန်း၏ သိုင်းကွက်ထက် ဆယ်ဆပို၍ အစွမ်းထက်သော အမြစ်မဲ့မြက်ဓားကွက် ထွက်ပေါ်လာသည်။ ၎င်းသည် မရေမတွက်နိုင်သော သေလွန်ဝိညာဥ်များ ခြံရံနေပြီး ကောင်းကင်သင်္ချိုင်းဓားနှင့် ဓားစက်ကွင်းခုနစ်ခု ပြည့်စုံစွာ ပေါင်းစပ်တိုက်ခိုက်လိုက်သောကြောင့် ရိုးရိုးရှင်းရှင်း ပြောရလျှင် ဖုလုံရှန်း၏ ဓားချက်အရှိန်အဝါက သင်္ချိုင်းတစ်ခုဆိုလျှင် သူ၏ ဓားစွမ်းအားသည် မြေအောက်ဘုံတစ်ခုလုံးပင်။ အရှိန်အဝါရော စွမ်းအားအရပါ အဆင့်အတန်းချင်းတူညီမနေဘဲ အစစ်အမှန်ဖျက်ဆီးနိုင်စွမ်းကို ကောင်းကင်သင်္ချိုင်းဓားက ပိုင်ဆိုင်ထား၏။
"ထန်"
ဓားနှစ်လက် ရင်ဆိုင်မိသွားသောအခါ နားကွဲမတတ်ကျယ်လောင်သော ထိခတ်သံတစ်ခု မြည်ဟီးကာ ယွမ်ရှောင်၏ ဓားချက်သည် ဖုလုံရှန်း၏ ဓားကွက်ကို အပြည့်အဝချေဖျက်သွားသည်။ ထို့အပြင် ကပ်ဘေးဓားထံမှ ငိုသံတစ်ချက် ထွက်ပေါ်လာကာ ပိုင်ရှင်၏ခြေရင်းရောက်သည်အထိ လွင့်ထွက်လာသဖြင့် အံ့သြနေစဥ် ဖုလုံရှန်း၏ နှာခေါင်းတည့်တည့်သို့ လက်သီးတစ်ချက် ခပ်ကြမ်းကြမ်း ဝင်ရောက်လာသောကြောင့် ကြယ်မြင်လမြင် ဖြစ်သွားခဲ့၏။ ထိုအခိုက်အတန့်တွင် အရှိန်မသေသေးသော ဓားမြှောင်သည် မျက်လုံးများထံ အတိအကျ တိုးဝင်လာနေသောကြောင့် သူက ထောင်ချီတံဆိပ်စွမ်းအားဖြင့် တစ်ကိုယ်လုံး ကာကွယ်လိုက်ရသည်။
"ဘုန်း ဘုန်း ဘုန်း"
တရစပ်ပေါက်ကွဲသံအောက်တွင် ဖုလုံရှန်း တစ်ကိုယ်လုံး ခန်းမအပြင်ဘက်အထိ ဒရွတ်တိုက် လွင့်ပျံသွားခဲ့ပြီး ကိုယ်တွင်းအင်္ဂါများ ဗြောင်းဆန်ကာ အနက်ရောင်သွေးတစ်လုတ် အန်ထွက်လာခဲ့၏။ တစ်ဖက်လူက ကပ်ဘေးဓားကို ထိပ်တိုက်ရင်ဆိုင်၍ ဖိနှိပ်ပြလိုက်သောကြောင့် အံ့သြမှုသည် နာကျင်မှုကို ကျော်လွန်သွားခဲ့သည်။
"လာစမ်း"
သူက ကပ်ဘေးဓားကို ပြန်လည်ဆင့်ခေါ်၍ ဓားရှည်အသွင်ပြောင်းကာ အစွမ်းကုန်ပိုင်းချလိုက်သည်။
"ဒါက ဘယ်သူလဲကွ။ အတော်အစွမ်းထက်တာပဲ"
"ဒါတောင်မှ ခန်းမအပြင်ဘက်ကို ကန်ထုတ်ခံလိုက်ရတယ်"
"အရှင်ယွမ် အရှင်ယွမ်"
ဤတိုက်ပွဲသည် မဟာကျောင်းတော်ရှိ ကျင့်ကြံသူအားလုံးကို ဆွဲဆောင်နိုင်ခဲ့ပြီး အဝေးတစ်နေရာတွင် ရှိနေသော ဓားကျင့်ကြံသူအားလုံးသည် ယွမ်ရှောင်ကို အော်ဟစ်အားပေးနေကြလေသည်။