အသုံးတော်ခံရသူများ
Vol. 24 Ch. 301
အဆုံးမဲ့ငရဲပြည်အတွင်း ရေကန်တစ်ခုသည် နတ်ဆိုးတိုက်ကြီးနှင့် ဆက်သွယ်ထားသော ဝင်ပေါက်ဖြစ်၍ နက်မှောင်နေကာ အုပ်စုနှစ်ခု စောင့်ကြပ်နေကြသည်။ တစ်ဖက်က အရိပ်အတွင်း ရပ်နေကြပြီး အရေအတွက်အတိအကျ မသိနိုင်သော်လည်း ရှည်လျားသော အရပ်များကြောင့် မိစ္ဆာမျိုးနွယ်ဝင်များ ဖြစ်သည်။ ကျန်တစ်ဖက်တွင် အဘိုးကြီးငါးယောက်နှင့် ကုချင်ကန် ရပ်နေပြီး အေးစက်စက် မျက်နှာထားဖြင့် ဝင်ပေါက်ကို ငေးကြည့်နေခဲ့၏။ မိစ္ဆာမျိုးနွယ်သည်လည်း ရုန်းကျင့်ကြံသူများကို မျက်စိဒေါက်ထောက် စောင့်ကြည့်ရင်း ကောင်းကင်မြေသတင်းကို စောင့်မျှော်နေကြသည်။ အချိန်တစ်ခုကြာ တိတ်ဆိတ်ပြီးနောက် ဝင်ပေါက်က တုန်ခါလာသဖြင့် သူမ၏ သားဖြစ်သူ ဖုလုံရှန်းကို ယုံကြည်ချက်အပြည့်နှင့် စောင့်ကြိုရန် ပြင်ဆင်ထားသည်။
ထွက်လာသူမှာ အဆုံးမဲ့ငရဲပြည်၏ ပါရမီရှင် ဖုန်းယုနှင့် ကပ်ဘေးတံဆိပ်ငရဲ၏ တရားသူကြီးတစ်ယောက်ဖြစ်သော ကုန်းရန်ရွှယ် ဖြစ်နေခဲ့ပြီး ကုန်းရန်ရှန်းနှင့် မောင်နှမတော်စပ်သည်။
"သခင်မ"
သူမက ရောက်ရောက်ချင်း ကုချင်ကန်ရှေ့မှောက်တွင် ဒူးထောက်ကာ မျက်ရည်များ စီးကျလာခဲ့သည်။
"ဘာကြောင့် ငိုနေရတာလဲ...."
ကုချင်ကန်မှာ စကားမဆုံးခင် သူမ သယ်ဆောင်လာသော လူသားတီကောင်ကို မြင်သွားခဲ့ပြီး လူရုပ်မပေါ်လောက်အောင် နှိပ်စက်ခံထားရသော်လည်း မိခင်ပီပီ ချက်ချင်း မှတ်မိခဲ့သည်။ သူမမှာ တောင့်တင်းသွားကာ အတွင်းစိတ်ထိခိုက်၍ အနက်ရောင်သွေးများ အန်ချလိုက်ရပြီး လဲကျလုမတတ် နာကျင်သွား၏။
"ရှန်းအာ"
သူမက နာနာကျင်ကျင် မြည်တမ်းရင်း ရှေ့တိုးသွားကာ ဒဏ်ရာများ ပြင်းထန်လွန်းသောကြောင့် အင်မော်တယ်တစ်ယောက်ပင် ဖုလုံရှန်းကို ကုသပေးနိုင်မည်မဟုတ်ရာ အနာဂတ်ပျောက်သွားပေသည်။
"ဖုန်းယု ဘာဖြစ်ခဲ့တာလဲ"
အမှောင်အတွင်းမှ ခပ်သြသြအသံတစ်ခုက စုံစမ်းလာသောအခါ ဖုလုံရှန်းနှင့် အဘိုးကြီးချူ လူခွဲထွက်သွားကာ လင်းချန်တို့ အုပ်စုနှင့် ကြုံခဲ့ရကြောင်းနှင့် တိုက်ပွဲအတွင်း အဘိုးကြီးချူ သေဆုံး၍ ကပ်ဘေးဓားလုယူခံလိုက်ရကြောင်း ဖုန်းယုမှ ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သည်။
"သေချာလား"
"အကြီးအကဲကုန်းရန် အသိပါပဲ"
သူက ရုန်းကျင့်ကြံသူတစ်ယောက် မဟုတ်သောကြောင့် ကုချင်ကန် ယုံကြည်မည်မဟုတ်ရာ သက်ဆိုင်သူထံ လွှဲပြောင်းပေးခဲ့သည်။
"ပြောစမ်း"
ကုချင်းကန်က မျက်ရည်များ တသွင်သွင် စီးကျရင်း သားဖြစ်သူကို ထွေးပွေ့ထားရာမှ ကုန်းရန်ရွှယ်ကို စိုက်ကြည့်ကာ အမိန့်ပေးသည်။
"မင်းသားလေး တကယ် ထွက်သွားခဲ့ပါတယ်။ လင်းချန်နဲ့ တိုက်ပွဲကိုတော့ စစ်မင်းသမီး မြင်ခဲ့တာပါ။ ဒါပေမယ့် မိစ္ဆာတွေ လက်ချက် မဟုတ်နိုင်ပါဘူး။ ဘယ်အစွမ်းထက်မိစ္ဆာမှ အပြင်မထွက်ခဲ့ပါဘူး။ တရားခံက ယွမ်ရှောင်နဲ့ လင်းချန် တစ်ယောက်ယောက် ဖြစ်နိုင်ပါတယ်"
ကုန်းရန်ရွှယ်က အံကြိတ်၍ တင်ပြလိုက်သည်။ တံဆိပ်ပြိုင်ပွဲမှ ထိပ်တန်းခြောက်ယောက်အထိ ဆုံးရှုံးလိုက်ရခြင်းသည် ကပ်ဘေးတံဆိပ်ငရဲအတွက် ထိုးနှက်ချက်ပြင်းထန်ပြီး ကပ်ဘေးဓား လုယူခံလိုက်ရခြင်းမှာလည်း အနာပေါ်တုတ်ကျသလိုပင်။
"ငါ့သမီးတော်က မြင်ခဲ့တယ်လို့ ပြောတာလား"
အမှောင်အတွင်းမှ အသံရှင်က ဖြတ်မေးသည်။
"ဟုတ်ပါတယ်။ အရှင်သမီးတော် ဝင်ရောက်ကယ်တင်ပေးခဲ့လို့ မဟုတ်ရင် ဖုလုံရှန်းက နတ်ဆိုးအစာ ဖြစ်သွားပါလိမ့်မယ်"
ဖုန်းယုက လျှောက်တင်နေစဥ် ကုချင်ကန်မှာ မိုးရွာသည့်အလား သည်းထန်စွာ ငိုကြွေးနေပြီး ကံဆိုးသည်မှာ ဖုလုံရှန်းသည် ဆွံ့အ နားမကြား မျက်မမြင်ဖြစ်နေသည့်အပြင် လက်နှစ်ဖက်အဖြတ်ခံထားရသောကြောင့် တရားခံကို ဖော်ထုတ်ပေးနိုင်စွမ်း မရှိတော့ပေ။
"ကုချင်လန်က ငါ့ညီမပဲ။ ဘာကြောင့် တူဖြစ်သူကို ဒီလောက်ရက်ရက်စက်စက် လုပ်မှာလဲ"
သူမသည် ကုန်းရန်ရွှယ်၏ လည်ပင်းကို ရုတ်တရက် ဆုပ်ကိုင်ကာ လေထဲသို့ မြှောက်တင်၍ အေးစက်စက် မေးခွန်းထုတ်သည်။
"သခင်မ၊ မင်းသားလေးက လင်းချန်ကို စော်ကားခဲ့တယ်လို့ ပြောပါတယ်။.ကုမျိုးနွယ်က အမည်ခံဓားအင်မော်တယ် လင်းချန်ကို ကိုးကွယ်နေတာ လူတိုင်း သိပါတယ်။ ကုချင်လန်က သခင်မကို တကယ်ရော ချစ်ခင်ရဲ့လား။ သခင်မကြောင့် သူမက မှေးမှိန်နေရတာမဟုတ်ဘူးလား။ လက်ထပ်ထားတဲ့ ယောကျ်ားချင်းတောင်မှ မိုးနဲ့မြေလို ကွာခြားပါတယ်"
ကုန်းရန်ရွှယ်က အားနည်းစွာ အကြောင်းပြချက်ပေးလိုက်ပြီး ကုချင်ကန်မှာ ကုမျိုးနွယ်နှင့် လင်းချန် ပူးပေါင်းထားကြောင်း သိထားသော်လည်း ဖုလုံရှန်းအပေါ် ရက်စက်ခြင်းကို မယုံနိုင်ဖြစ်နေသည်။ ထိုစကားများက သူမ၏ စိတ်ကို သံသယဝင်လာစေခဲ့ပြီး ကုချင်လန် မနာလိုဖြစ်မည်ဆိုလည်း ဖြစ်လောက်စရာပင်။
"လူတိုင်း ခြင်္သေ့အမတ်နဲ့ ကုန်းရန်ရှန်းက လက်ရှိ လင်းချန်ရဲ့ တည်နေရာကို တွေ့ထားပြီးပြီ။ ကပ်ဘေးဓားကို ရှာတွေ့ရင် တရားခံကို သိရလိမ့်မယ်"
ဖုန်းယုက ဖြတ်ပြောလိုက်ပြီး မိစ္ဆာမျိုးနွယ်၏ သဘောထားမှာ လင်းချန်ဖြစ်စေ၊ ယွမ်ရှောင်ဖြစ်စေ အမည်ခံ ဓားအင်မော်တယ်နှစ်ယောက်လုံးကို သတ်ပစ်ရန်ဖြစ်၏။
"ဟား ဟား ဟား"
ကုမျိုးနွယ်၏ လုပ်ရပ်သာ အမှန်တကယ်ဖြစ်နေလျှင် ကုချင်ကန်၏ စိတ်ဓာတ် ပျက်ယွင်းသွားနိုင်ပြီး အဆိုးရွားဆုံးမှာ မိစ္ဆာမျိုးနွယ်ကို စောင့်ကြည့်နေရသဖြင့် ထာဝရဓားအကျဥ်းထောင်သို့ ချက်ချင်း မသွားနိုင်ခြင်းဖြစ်သည်။ ခံရခက်လွန်းသော ဝေဒနါနှင့် နာကျင်မှုကြောင့် သူမမှာ အရူးတစ်ပိုင်းဖြစ်သွားကာ မျက်ရည်များစီးကျနေရာမှ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။
"ကပ်ဘေးတံဆိပ်ငရဲကိုသွားပြီး အရှင်မင်းကြီးကို သတင်းပို့လိုက်"
သူမ၏ အမိန့်အတိုင်း အကြီးအကဲတစ်ယောက်သည် အသက်တံဆိပ်ကို စီးနင်း၍ ချက်ချင်းထွက်ခွာသွားခဲ့သည်။
"အသုံးမကျတဲ့ အမှိုက်တွေ ငါ့သားကို မကာကွယ်နိုင်ဘူး။ တစ်မိသားစုလုံး သတ်ပစ်မယ်"
ရူးသွပ်နေပြီဖြစ်သော ကုချင်ကန်သည် ကုန်းရန်ရွှယ်၏ လည်မျိုထံ ဓားမြှောင်ဖြင့် ပစ်ခတ်ကာ သေမိန့်ပေးလိုက်သောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ကုန်သည်။
"အဘိုး အဖေ ဒီကိစ္စမှာ ပတ်သက်နေရင် ငါ့အဆိုးမဆိုကြနဲ့"
သူမက ဖြည်းညှင်းစွာ ဒူးထောက်၍ ဖုလုံရှန်းကို ပွေ့ချီထားရင်း မုန်းတီးစွာ ကြုံးဝါးလိုက်လေသည်။
နတ်ဆိုးတိုက်ကြီးရှိ တောင်ကြားတစ်ခုအတွင်း သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေကာ ဒေသခံနတ်ဆိုးအားလုံးကို လင်းချန်နှင့် နောက်လိုက်များက သတ်ဖြတ်ပစ်ခဲ့သည်။ ထို့နောက် သူသည် ဓားကျင့်ကြံသူများ ခြံရံ၍ ဂူတစ်လုံးထံ ချီတက်သွားကာ ကုချင်လန်က စပ်စုလိုက်သည်။
"သခင်လေးလင်း ကောင်းကင်မြေရဲ့ ဗဟိုချက်ကို တွေ့ပြီလား"
လင်းချန်က မျက်မှောင်ကြုတ်၍ အတွေးနက်နေပြီး ဤဂူသည် နတ်ဆိုးတိုက်ကြီး၏ ဗဟိုချက်ဖြစ်နိုင်သော်လည်း အမှန်တကယ်၌ မှားယွင်းနေသည်။ သူ၏ အတိတ်ဘဝမှ ရတနာရှာသော အတွေ့အကြုံများဖြင့်ပင် မဖြေရှင်းနိုင်သဖြင့် မူလအကြံအစည်ဖြစ်သော ကောင်းကင်မြေကို စုပ်ယူရန်မှာ ကျရှုံးသွားရ၏။ နောက်လိုက်ဓားကျင့်ကြံသူများက သံသယဖြင့် ခိုးကြည့်နေသောကြောင့် အရှက်ရသကဲ့သို့ ခံစားနေရပြီး ယွမ်ရှောင်ထံ ရှုံးနိမ့်ရခြင်းကြောင့် ဖြစ်နိုင်သည်။ ကောင်းကင်မြေက သူ့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်ကာ ပြန်လည်မွေးဖွားလာပြီး ဓားကျွန်ဘဝမှ လွတ်မြောက်ခဲ့သော်လည်း နောက်တစ်ကြိမ်ကျရှုံးခဲ့ရသဖြင့် ဒေါသူပုန်ထနေခဲ့၏။
"ဒီလောကကြီးမှာ ဘယ်လိုလုပ် ယွမ်ရှောင်လို ပါရမီရှင်က ရှိနေရတာလဲ"
သူက အတွေးနက်လေလေ ပို၍ စိတ်ပျက်လေလေဖြစ်ကာ ဒေါသတကြီးဖြင့် နောက်လိုက်များကို မောင်းထုတ်လိုက်သည်။
"ထွက်သွားစမ်း။ ကုချင်လန်နဲ့ ဖုန်းရှ နေခဲ့"
"ဟုတ်ကဲ့"
ဓားကျင့်ကြံသူသုံးဆယ်ကျော်က ဂူအပြင်ထွက်သွားပြီး လှပသော မိန်းမနှစ်ယောက် ကျန်ရစ်နေခဲ့ကာ သူတို့၏ လင်ယောကျ်ားများ ဖြစ်သော ချင်စန်းနှင့် စွန်းဟိုင်မှာ တုံ့ဆိုင်းနေခဲ့သည်။ ကုချင်လန်က လင်ယောကျ်ားဖြစ်သူ ချင်စန်းကို ထွက်သွားရန် မျက်လုံးဖြင့် အချက်ပြလိုက်သဖြင့် ရွေးချယ်စရာမရှိဘဲ ထွက်ခွာသွားရပြီး စွန်းဟိုင်လည်း အလားတူပင်။
"သခင်လေးလင်း ဘာအလိုမကျတာများ ရှိလို့လဲ"
ဂူအတွင်း လင်းချန်နှင့် မိန်းမနှစ်ယောက်သာ ကျန်ရစ်ခဲ့ပြီး ကျောက်တုံးတစ်ခုအပေါ် စိတ်ပျက်စွာ ထိုင်ချလိုက်သော လင်းချန်ကို ကုချင်လန်က နူးညံ့စွာ မေးလိုက်ခြင်းဖြစ်သည်။
"ပြဿနာမရှိပါဘူး။ ငါ နည်းနည်းပျင်းနေလို့။ စိတ်ခံစားမှုအသစ် လိုချင်တယ်"
သူ၏ အကြည့်က ပြင်းထန်စွာဖြင့် ထိုမိန်းမနှစ်ယောက်၏ ခန္ဓာကိုယ်အောက်ပိုင်းသို့ ကျရောက်နေသည်။
"အဝတ်တွေ ချွတ်လိုက်စမ်း"
"ဟုတ်ကဲ့"
ထိုအမိန့်အောက်တွင် သူတို့က ဦးညွှတ်၍ အဝတ်အစားများကို စိတ်ပါလက်ပါ ချွတ်ချလိုက်သောအခါ ကောင်းကင်မြေ၏ ဗဟိုချက်ကို ရှာမတွေ့သည့်အတွက်နှင့် ယွမ်ရှောင်ကို ရှုံးနိမ့်ခဲ့ရသည့်အတွက် ခံစားနေရသော အရှက်ကွဲမှုများ လင်းချန်စိတ်အတွင်းမှ ခဏတာ ပျောက်ကွယ်သွားခဲ့လေသည်။