← Chapters

နောက်လိုက်ဖြစ်ရန်ပင် မထိုက်တန်

Vol. 24 Ch. 307

နောက်လိုက်ဖြစ်ရန်ပင် မထိုက်တန်

Vol. 24 Ch. 307

"ညီလေးယွမ်"

လင်းချန်က တစ်ဖက်လူကို မြင်သောအခါ ခေါင်းငုံ့လိုက်ပြီး စိတ်အတွင်း အေးခဲသွားသည်။

"မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ"

"နိမ့်ကျတဲ့ ဓားကျွန်က သခင့်ကို အရိုအသေပေးပါတယ်။ အဘိုးကြီးကု ကောင်းကင်ကြေးမုံကို ခိုးယူခဲ့တဲ့ သက်သေတွေ ရှာဖွေပြီး ကုမျိုးနွယ်ဝင်တွေကိုလည်း ရုန်းကျင့်ကြံသူတွေနဲ့ ရန်တိုက်ပေးခဲ့ပါတယ်။ သခင်က ဓားအပျက်အစီးနယ်မြေကို ပြန်သွားပြီး အရာရာ သိမ်းပိုက်နိုင်ပါတယ်"

လင်းချန်သည် အဆိုးရွာဆုံး အခြေအနေတွင် မတွေ့ချင်ဆုံး လူတစ်ယောက်နှင့် ရင်ဆိုင်နေရသဖြင့် လက်ချောင်းများ ပြတ်နေသော ညာလက်ကို အင်္ကျီလက်အတွင်း ဝှက်ထားလိုက်သည်။

"ဒါဆိုရင် ကောင်းကင်ကြေးမုံက ဘယ်မှာလဲ"

ယွမ်ရှောင်၏ မေးခွန်းကြောင့် သူ၏ မျက်နှာတစ်ခုလုံး မည်းနက်သွားကာ ချင်စန်းနှင့် စွန်းဟိုင်ကြောင့် အသုံးပြုလိုက်ရကြောင်း ဆင်ခြေပေးကာ သက်သေအဖြစ် ညာလက်ကို ထုတ်ပြလိုက်ရသည်။

"မင်းက သူတို့ရဲ့ မိန်းမတွေနဲ့ ရှုပ်ခဲ့လို့မလား။ တော်တော်ကို ဆိုးရွားတဲ့ အင်မော်တယ်ပဲ"

"ကျွန်တော် အမှားကို သိပါပြီ"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ လင်းချန်၏ အောက်ပိုင်းကို စိုက်ကြည့်ကာ ရုတ်တရက် ရယ်မောနေခဲ့သည်။ လင်းချန်မှာ ဘယ်လက်ကို ကျစ်ကျစ်ပါအောင် လက်သီးဆုပ်ထားမိပြီး အရာရာကို တစ်ဖက်လူ စောင့်ကြည့်နေကြောင်း နားလည်သွားခဲ့သည်။ သို့ရာတွင် ဤမျှအရှက်ခွဲခံနေရသည့်တိုင်အောင် သည်းခံနိုင်စွမ်းကို ယွမ်ရှောင်က ချီးကျူးကာ အနားသို့ ကပ်လာ၍ ကပ်ဘေးဓားကို တောင်းဆိုလိုက်သည်။ လင်းချန်က မရှိကြောင်း ဗြောင်ငြင်းဆန်လိုက်သော်လည်း အနားရှိ ရေကန်တစ်ခုအတွင်းမှ ကပ်ဘေးဓားသည် အလိုအလျောက်ထွက်ပေါ်လာကာ ယွမ်ရှောင်ထံ ရောက်ရှိသွားသဖြင့် မျက်နှာပျက်သွားသည်။ သူ၏ လက်ထဲတွင် လေးလံလှသော ကပ်ဘေးဓားက တစ်ဖက်လူ၏ လက်အတွင်း သစ်သားဓားပမာ ပေါ့ပါးနေသည်ဖြစ်ရာ အညံ့ခံထားကြောင်း သိသာပေသည်။

"မင်းလက်ထဲမှာ မရှိပေမယ့် အနားက ရေကန်ထဲမှာ ရှိနေတယ်။ တော်တော်ကို ဆင်ခြေပေးတတ်တာပဲ"

ယွမ်ရှောင်က တည့်တည့်မတ်မတ် စိုက်ကြည့်၍ သတိပေးလိုက်သည်။

"မင်းက ဖုလုံရှန်းကို သတ်ပြီး ငါနဲ့ ကုမျိုးနွယ်ဝင်တွေကို အကွက်ချကြံစည်ခဲ့တာမလား"

လင်းချန်မှာ အလန့်တကြား နောက်ဆုတ်သွားကာ ရေရွတ်လိုက်မိသည်။

"တစ်ခု ကျန်သေးတယ်။ ငါက နတ်ဆိုးစစ်တပ်နဲ့ ရုန်းကျင့်ကြံသူတွေကို ရန်တိုက်ပေးပြီး နှစ်ဖက်လုံး ရှင်းပစ်လိုက်တယ်"

ယွမ်ရှောင်က ခဲတစ်လုံးတည်းဖြင့် ငှက်သုံးကောင် ပစ်ပြလိုက်ခြင်းဖြစ်သည်။

"သခင် ကျွန်တော်က ခင်ဗျားရဲ့ ကျွန်တစ်ယောက်ပါ။ ဘာကြောင့် အန္တရာယ် ပေးရတာလဲ"

လင်းချန်က ဦးညွှတ်၍ မေးခွန်းထုတ်သည်။

"မင်းကိုယ်မင်းတောင် ငါ့ကျွန်ဆိုတာကို ယုံကြည်ရဲ့လား။ မင်းက သေရမှာ ကြောက်နေရုံပဲ။ အခုလောက် အားနည်းမနေဘူးဆိုရင် ဒီလိုပြောမှာ မဟုတ်ဘူး"

ယွမ်ရှောင်က ခေါင်းတစ်ချက်ယမ်းသည်။

"ကျွန်တော်ရဲ့အတိတ်ဘဝမှာဆိုရင် သခင့်လို ပါရမီရှင်မျိုး မတွေ့ခဲ့ဖူးလို့ပါ။ အခု နားလည်သွားပြီဆိုတော့ သစ္စာမဖောက်ရဲတော့ပါဘူး"

လင်းချန်က ချက်ချင်း ဒူးထောက်၍ အာမခံလိုက်သော်လည်း တစ်ဖက်လူ၏ စကားကြောင့် မျက်နှာပျက်သွားသည်။

"နောက်ကျသွားပြီ။ မင်းက ငါ့နောက်လိုက်ဖြစ်ဖို့ မထိုက်တန်ဘူး"

ကောင်းကင်နတ်ဓားဧကရာဇ်ကိုပင် အစေခံအဖြစ် မထိုက်တန်ဟူသော စကားက သူ၏ ယုံကြည်မှုကို ပျက်စီးသွားစေသည်။

"ဒီလောက် ဒေါသထွက်စရာ မလိုပါဘူး။ ငါက မင်းအသက်ကို တစ်ခါ ကယ်တင်ပြီး အခွင့်အရေးပေးဖူးတယ်။ ဒါပေမယ့် မင်းက တန်ဖိုးမထားဘဲ ငါ့ကို သတ်ဖို့ အမြဲတမ်း ကြံစည်နေတယ်။ ငါက မြွေပွေးခါးပိုက်ပိုက်ရအောင် ငတုံး မဟုတ်ဘူး။ လင်းချန် ဟန်ဆောင်မနေနဲ့။ မင်းက အတိတ်ဘဝမှာရော လက်ရှိမှာရော စောက်ကျင့်မကောင်းတဲ့ အင်မော်တယ်ပဲ"

ယွမ်ရှောင်၏ မှတ်ချက်ကြောင့် လင်းချန်က ဒေါသထွက်သွားပြီး အေးစက်စက်ပြန်လည် မေးခွန်းထုတ်သည်။

"မင်းနဲ့ငါ့ကြားမှာ ပြဿနာ ကြီးကြီးမားမား မရှိဘူး။ ဘာကြောင့် အလွတ်မပေးရတာလဲ"

"မင်းက ငါ့အတွက် သိုးတစ်ကောင်ဖြစ်နေပြီး အသက်ကြွေးတင်နေတယ်။ အင်မော်တယ် လူဝင်စားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအတွက် မျှမျှတတ တိုက်ခွင့်ပေးမယ်"

"ကောင်းပြီ"

ယွမ်ရှောင်က ကပ်ဘေးဓားကို အဝေးသို့ ပစ်ထုတ်လိုက်သောအခါ လင်းချန်၏ ဟန်ဆောင်မျက်နှာဖုံး ကွာကျသွားကာ သူ၏ တာအိုနှလုံးအပေါ် အရိပ်မိုးနေသည့် ရန်သူကို သတ်ချင်စိတ်ပေါက်လာ၏။ မြင့်မြတ်ချီစွမ်းအင် ထွက်ပေါ်လာကာ ကိုးရောင်ခြယ်နတ်ဓားကို ဆင့်ခေါ်၍ ဘယ်လက်၌ ဆုပ်ကိုင်လိုက်သည်။

"ကောင်းကင်နတ်ဓားဧကရာဇ် မင်းက ဒီသေမျိုးလောကအကြောင်း ဘာမှမသိဘဲ ​ဘယ်လိုလုပ် ကျင့်ကြံနိုင်မှာလဲ။ မင်းရဲ့ အရင်ဘဝက စွမ်းအားကြောင့် ငါတို့ကို အထင်သေးထားတာလား"

ယွမ်ရှောင်က ရယ်မော၍ လက်နှစ်ဖက် နောက်ပစ်ထားကာ ပေါ်တင်စော်ကားလိုက်သောကြောင့် လင်းချန်၏ တာအိုနှလုံးသား၌ စိတ်နတ်ဆိုးဖြစ်တည်လာကာ သတ်ဖြတ်လိုစိတ် တစ်ခုတည်းသာ ကျန်ရစ်၏။ သူက ယွမ်ရှောင်ကို တာအိုကပ်ဘေးအဖြစ် သတ်မှတ်၍ သတ်ဖြတ်ခြင်းဖြင့် ဖြေဖျောက်နိုင်မည်ဟု ရည်ရွယ်ထားသည်။

"မင်းက လောကကိုးခုရဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ နတ်ဓားဖြစ်တယ်။ ငါနဲ့အတူ ပြန်လည်မွေးဖွားလာပြီးနောက်မှာ ဘာကြောင့် ခေါင်းငုံ့ခံနေမှာလဲ"

သူက ကိုးရောင်ခြယ်နတ်ဓားကို ပွတ်သပ်၍ တွန်းအားပေးလိုက်သောအခါ ယွမ်ရှောင်အပေါ် ဖိအားတစ်ခု ကျဆင်းလာခဲ့သည်။ သူက အင်မော်တယ်ဓားအဆင့်သတ်မှတ်ချက်ပြိုင်ပွဲထက် ပို၍ သန်မာလာကြောင်း ထင်ရှား၍ ယွမ်ရှောင်မဟုတ်လျှင် မည်သည့်ပါရမီရှင်မှ ဖိနှိပ်နိုင်မည် မဟုတ်ချေ။

"သေစမ်း"

လင်းချန်သည် ဓားကို ကိုင်မြှောက်ကာ လောကတစ်ခု၏ ဖိအားမျိုးဖြင့် ယွမ်ရှောင်ထံ ပိုင်းချလိုက်ပြီး အစောပိုင်းအဆင့် တာအိုနှလုံးသားနယ်ပယ်သာ ဖြစ်သော်လည်း ဒန်တန်အတွင်း နေကိုးစင်းပမာ တောက်လောင်နေသည့် ချီစွမ်းအင်များမှာ ပတ်ဝန်းကျင်ကို တောက်ပသွားစေ၏။ အကယ်၍ သူက မီးတောင်တစ်ခုနှင့် ဆင်တူလျှင် ယွမ်ရှောင်သည် တည်ငြိမ်လှသော ရေပြင်တစ်ခုပမာ ဖြစ်၍ ဓားချက်တွင် တောတောင်ရေမြေများ တွန့်လိမ်သွားသည့်တိုင်အောင် နောက်တွန့်မသွားခဲ့ပေ။

"စိတ်ဝင်စားစရာပဲ"

ယွမ်ရှောင်က ကောင်းကင်သင်္ချိုင်ဓားကို ဓားမြှောင်အသွင်ဖြင့် ပေါ့ပေါ့ပါးပါး ပစ်ထုတ်လိုက်သောအခါ ထိုက်ကျိစက်ဝိုင်းပမာ တဝီဝီ လည်ပတ်နေ၏။ သူက ထိုက်ကျိငါးပျံနှင့် အမြစ်မဲ့မြက် သိုင်းကွက်များကို ပြည့်စုံစွာ ပေါင်းစပ်ထားသဖြင့် သေခြင်းတရားချီများပင် ရောယှက်လာခဲ့သည်။ ဤအစွမ်းများကပင် ကြောက်စရာကောင်းနေပြီ ဖြစ်သော်လည်း ဓားမြှောင် ရောက်လေရာရာ လေဟာနယ် တွန့်လိမ်သွားသဖြင့် လေဟာနယ်ဓားချက်တစ်မျိုးပင် ပါဝင်လာကြောင်း သိနိုင်သည်။ လင်းချန်သည် ထိုဓားချက်ကို တတ်ကျွမ်းရန် အချိန်များစွာ လေ့ကျင့်ခဲ့ရသော်လည်း ရန်သူသည် အလွယ်တကူ ကျွမ်းကျင်နေသည့်အပြင် အခြားဓားကွက်နှစ်ခုဖြင့် ပေါင်းထားသောကြောင့် အရှက်ခွဲခံလိုက်ရသကဲ့သို့ ခံစားနေရသည်။

လင်းချန်တွင် ကြောက်ရွံ့နေရန် အချိန်မရှိဘဲ ထိုက်ကျိ၊ သေခြင်းနှင့် လေဟာနယ်စွမ်းအင်များ ပါဝင်သည့် ဓားမှာ မျက်တောင်တစ်ခတ်အတွင်း ရှေ့သို့ ရောက်လာခဲ့သည်။

"ထန်"

အာကာသနတ်ဓားက ၎င်းကို ပြင်းထန်စွာ ထိမှန်သွားသော်လည်း ကံမကောင်းသည်မှာ ဓားမြှောင်သည် လှည့်ပတ်သွားကာ လက်ကောက်ဝတ်ထံ တိုးဝင်လာခဲ့၏။

"ရွှစ်"

"အား"

ကောင်းကင်သင်္ချိုင်းဓား ဖြတ်သန်းသွားသောအခါ အကောင်းအတိုင်း ကျန်ရစ်ခဲ့သည့် ဘယ်လက်မှာ လက်ကောက်ဝတ်မှ တိတိရိရိ ပြတ်ကျသွားသောကြောင့် လင်းချန်မှာ နာကျင်စွာ အော်လိုက်မိသည်။ သူ၏ ကိုးရောင်ခြယ် အာကာသနတ်ဓားပင် မြေပြင်သို့ ပြုတ်ကျသွားကာ ပြန်လည်ကောက်ယူရန်အတွက် လက်နှစ်ဖက်လုံး မသန်မစွမ်း ဖြစ်သွားခဲ့လေသည်။

All Chapters