ဖောက်ပြန်သွားသော မိန်းမများ
Vol. 24 Ch. 302
ချင်စန်းနှင့် စွန်းဟိုင်သည် ဂူအပြင်ဘက်သို့ ထွက်လာပြီး တောင်စောင်းတစ်ခုထံ ရောက်ရှိလာကာ ပတ်ဝန်းကျင်၌ ဓားကျင့်ကြံသူနှစ်ဆယ်ကျော် ကင်းလှည့်စောင့်ကြပ်နေကြသည်။ ငယ်သူငယ်ချင်းများ ဖြစ်သော သက်လတ်ပိုင်း ယောက်ျားနှစ်ယောက်က မြေပြင်တွင် ထိုင်ချလိုက်ပြီး အလွန် ရင်းနှီးသူများ ဖြစ်ကြသည်။
"သခင်လေးလင်းက ဘာလို့ ငါတို့ကို မောင်းထုတ်လိုက်တာလဲ။ ဘာမှားနေလို့လဲ။ မင်း စိတ်ထဲ တွေးမိတာ တစ်ခုခုရှိလား။ အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက်ကြောင့်လား။ စိတ်မပူပါနဲ့။ ကောင်းကင်မြေကို သိမ်းပိုက်ပြီးရင် အရာရာအဆင်ပြေသွားမှာပါ"
ပျော်ပျော်နေတတ်၍ မိသားစုကို တန်ဖိုးထားသော စွန်းဟိုင်က ယဥ်ကျေးသိမ်မွေ့သူတစ်ယောက် ဖြစ်ပြီး ရင်သွေးများကို ကောင်းမွန်စွာ ပျိုးထောင်ထားခဲ့သည်။
"မင်းက အတော်လေး အကောင်းမြင်တတ်တာပဲ။ သူက ကောင်းကင်မြေရဲ့ ဗဟိုချက်ကို ရှာနိုင်တာတောင် မဟုတ်ဘူး"
ချင်စန်းက ခေါင်းတစ်ချက်ယမ်း၍ ရေရွတ်လိုက်သည်။ သူတို့က ကုမျိုးနွယ်၏ သမက်များဖြစ်ပြီး နောက်ခံအားနည်းသောကြောင့် ကလန်ကဆန် လုပ်နိုင်သော အစွမ်းအစ မရှိပေ။ ထို့ကြောင့် စွန်းဟိုင်၏ အမြင်တွင် ယွမ်ရှောင်မှာ ကြမ်းကြုတ်ရက်စက်ကာ လင်းချန်က အထက်တန်းကျသည်ဟူ၍ ဦးနှောက်ဆေးခံထားရသည်။ ချင်စန်း၏ စိတ်ထဲတွင်မူ ကောင်းကင်ကြေးမုံကို ခိုးယူခြင်းကပင် သစ္စာဖောက်ရာကျနေပြီဖြစ်သောကြောင့် လင်းချန်နှင့် ထိုက်တန်ပါစေဟူ၍သာ ဆုတောင်းနေရသည်။ သူငယ်ချင်းမိတ်ဆွေနှစ်ယောက်က ရင်းနှီးဖော်ရွေစွာ တိုင်ပင်နေကြပြီး ကံကောင်းသူများဖြစ်သည်ဟု ကိုယ့်ကိုကိုယ် အထင်ရောက်နေ၏။
"ချင်လန်က မင်းကို အမြဲ ရိုက်နှက်ငေါက်ငမ်းနေပေမယ့် ကလေးတွေ ရှိသေးတယ်မလား။ ကုမျိုးနွယ်ဝင်တစ်ယောက်နဲ့ လက်ထပ်ရတာကိုက ကောင်းမွန်နေပါပြီကွာ။ ရသလောက်နဲ့ ရောင့်ရဲကြတာပေါ့"
စွန်းဟိုင်က သူငယ်ချင်းဖြစ်သူကို နှစ်သိမ့်ပေးလိုက်သည်။
"ထားပါတော့ကွာ။ ဒါက ဘာလဲ"
ချင်လန်သည် တစ်ဖက်လူ၏ အကောင်းမြင်မှုကြောင့် ခါးသက်သက်ပြုံး၍ အဝေးသို့ ငေးနေစဥ် အလင်းတန်းတစ်ချက်ကို ရုတ်တရက် မြင်လိုက်ရ၏။
"မသိဘူးကွ။ သွားကြည့်ရအောင်"
စွန်းဟိုင်လည်း သတိထားမိသဖြင့် ဓားပျံကိုယ်စီ စီးနင်းကာ ချဥ်းကပ်သွားသောအခါ သစ်သားဓားတစ်ချောင်းဖြစ်နေ၍ အလေးမထားခဲ့သော်လည်း အနီးကပ်ကြည့်လိုက်သောအခါ မင်သက်ကုန်သည်။
"ကပ်ဘေးဓား။ မဖြစ်နိုင်ဘူး"
သူတို့က မယုံနိုင်ဟန်ဖြင့် မျက်လုံးပြူးသွားကာ ကိုယ့်မျက်လုံးကိုယ် အခါခါ ပွတ်သပ်၍ စစ်ဆေးလိုက်ကြသည်။ ချင်စန်းက ထိုင်ချ၍ ဓားလက်ကိုင်ကို မကြည့်လိုက်သောအခါ လေးလံလွန်းသောကြောင့် မြေကြီးအထက်မှ ကြွတက်လာရန် အတော်ကြိုးစားလိုက်ရသည်။ ၎င်းက ထိပ်တန်းရတနာတစ်ခုဖြစ်သောကြောင့် သူတို့အတွက် ထိန်းချုပ်ရန် ခက်ခဲနေပြီး ရုန်းများလည်း ထင်ဟပ်နေသောကြောင့် အကြည့်ချင်းဖလှယ်လိုက်မိသည်။
"ကောင်းကင်ဘုံ၊ တကယ့်ကို ကပ်ဘေးဓား ဖြစ်နေတာလား"
"ကပ်ဘေးတံဆိပ်ငရဲက ရတနာ ဘယ်လိုရောက်နေတာလဲ။ တစ်ယောက်ယောက်များ ပြုတ်ကျနေခဲ့တာလား။ ဒါလည်း မဖြစ်နိုင်ပါဘူး"
ချင်စန်း၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ဖြစ်ပေါ်လာသည်။
"ချင်စန်း ဒါကို ငါတို့ဘာသာ သိမ်းထားကြမလား"
စွန်းဟိုင်က အကြံပြုလိုက်၏။
"မလုပ်နဲ့။ အကျိုးဆက်တွေကို ငါတို့ လက်ခံနိုင်မှာမဟုတ်ဘူး။ သခင်လေးလင်းကို မေးလိုက်ပြီး ဆုလာဘ်တွေ လက်ခံတာကမှ တော်ဦးမယ်"
ချင်စန်းက ခေါင်းတစ်ချက်ယမ်း၍ တွေးတွေးဆဆဖြင့် အကြံပြုသည်။ ထို့နောက် ကပ်ဘေးဓားကို သိုလှောင်အိတ်အတွင်း မထည့်နိုင်သောကြောင့် နှစ်ယောက်ဝိုင်းမကာ ဂူထံ ချဥ်းကပ်လာကြသည်။ အဖိုးတန်ရတနာတစ်ခုကို ရှာတွေ့နိုင်ခဲ့သောကြောင့် ကုချင်လန်နှင့် ဖုန်းရှက သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံလာစေရန် ရည်ရွယ်ထားပြီး မျက်နှာထက်တွင် အပျော်ရိပ်များ ထင်ရှားပေါ်လွင်နေ၏။
"ချင်စန်း စွန်းဟိုင် ဒါက ဘာတွေလဲ"
ဓားကျင့်ကြံသူများက ထိုမြင်ကွင်းကြောင့် အနားသို့ စုံစမ်းမေးမြန်းရန် ရောက်ရှိလာကြသည်။
"ဒါကို သခင်လေးလင်းဆီ ဆက်သမလို့"
စွန်းဟိုင်က တစ်ချက်ပြုံး၍ ဖြေလိုက်ပြီး ကပ်ဘေးဓားနှင့် ဆင်တူနေသောကြောင့် ဓားကျင့်ကြံသူနှစ်ဆယ်ကျော် လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ ဂူဝင်ပေါက်သို့ စုဝေးရောက်ရှိလာကြသည်။ လူတိုင်းက ရတနာကို စောင့်ကြပ်၍ ဂူအတွင်း ဝင်ရောက်လာခဲ့ပြီး စိတ်လှုပ်ရှားနေကာ စွန်းဟိုင်နှင့် ချင်စန်းသည် ဇနီးသည်များ ချီးကျူးလာမည်ကို မျှော်လင့်ထားကြ၏။
"သခင်လေးလင်း ကပ်ဘေးဓားကို တွေ့လာပါတယ်"
သို့ရာတွင် ဂူအတွင်းရောက်သောအခါ အဝတ်ဗလာ ခန္ဓာကိုယ်သုံးခု လုံးထွေးရစ်ပတ်နေသောကြောင့် ဓားကျင့်ကြံသူနှစ်ဆယ်ကျော်မှာ နေရာ၌ အေးခဲသွားကြသည်။ စွန်းဟိုင်နှင့် ချင်စန်းသည် ခြေလှမ်းများ ရပ်တန့်သွားကာ သယ်ဆောင်လာသော ကပ်ဘေးဓားကို ဘုန်းခနဲ လွှတ်ချလိုက်မိသည်။ သူတို့၏ မျက်လုံးများက ၎င်းကိုရှာတွေ့ခဲ့သည်ထက် ပို၍ ပြူးကျယ်နေကာ သွေးများပင် စီးထွက်မတတ် နာကျင်နေသည်။ ပျော်ရွှင်မှုများ ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်ပြီး ဖုန်းရှနှင့် ကုချင်လန်သည် လင်းချန်ကို စိတ်ပါလက်ပါ ပြုစုနေသောမြင်ကွင်းမှာ နှလုံးသားကို ဓားအစင်းပေါင်းများစွာ ထိုးစိုက်လိုက်သကဲ့သို့ နာကျင်စေသည်။
"ထွက်သွားစမ်း"
လင်းချန်နှင့် မိန်းမနှစ်ယောက်က သာယာမှု ပျက်စီးသွားသောကြောင့် ဒေါသတကြီး နှင်ထုတ်လိုက်သောအခါ စွန်းဟိုင်နှင့် ချင်စန်းသည် အယောင်ယောင်အမှားမှားနှင့် ဂူအပြင်သို့ ပြေးထွက်သွားခဲ့ကြသည်။
"ဒါက ဘာလဲ"
လင်းချန်သည် မြေပြင်တွင် ပြုတ်ကျနေခဲ့သော သစ်သားဓားကို သတိထားမိလိုက်သည်။
"ကပ်ဘေးတံဆိပ်ငရဲက ကပ်ဘေးဓားပါ။ စွန်းဟိုင်နဲ့ ချင်စန်း ရှာတွေ့လာတာပါ"
ကျန်ဓားကျင့်ကြံသူများက လျှောက်တင်လိုက်သောအခါ အိမ်ထောင်ရေး ဖောက်ပြန်နေသူသုံးယောက်မှာ အံ့သြပျော်ရွှင်သွားကြသည်။
"အပြင်ထွက်ပြီး မင်းတို့ရဲ့ လင်တွေကို နောက်တစ်ခါ ဝင်မရှုပ်အောင် ပြောထားစမ်း"
လင်းချန်၏ အမိန့်အောက်တွင် ဖုန်းရှနှင့် ကုချင်လန်သည် ခေါင်းညိတ်၍ ဂူအပြင်ရှိ လင်ယောကျ်ားများထံ လိုက်ပါသွားခဲ့သည်။
"ရပ်စမ်း"
ကုချင်လန်၏ အေးစက်စက်စကားသံကြောင့် ချင်စန်းနှင့် စွန်းဟိုင်မှာ ရပ်တန့်သွားပြီး နောက်လှည့်လာကြသည်။
"သခင်လေးလင်းက ငါ့အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိတယ်မလား။ သူ့အမိန်ကို ငါတို့ မဆန့်ကျင်နိုင်ဘူး။ ငါက အမှားလုပ်ထားသလိုမျိုး သတ်မှတ်မနေနဲ့။ ဒါကို ကုမျိုးနွယ်အတွက် လုပ်နေတာပဲ။ ငါသာ သဘောမတူရင် သူက ဘယ်သူ့ကိုမှ အသက်ချမ်းသာပေးမှာ မဟုတ်ဘူး။ ချင်စန်း ဒီလောကကြီးက သန်မာသူတွေအတွက်ပဲ။ နင့်ကြောင့် ကုမျိုးနွယ်ရဲ့ ကံတရားကို ပစ်မထားနိုင်ဘူး"
ကုချင်လန်သည် ချင်စန်း၏ လည်မျိုကို ညှစ်ကာ အထက်စီးမှ မောက်မောက်မာမာ သတိပေးလိုက်သည်။
"ဟုတ်ပါတယ်။ ငါက မင်းအတွက် မထိုက်တန်ပါဘူး"
ချင်စန်းမှာ ခံစားနေရသော ဝေဒနါကြောင့် မျက်လုံးများ နီရဲလာသည်။
"ပါးစပ်ပိတ်ထားစမ်း။ ငါက ကုမျိုးနွယ်ကောင်းကျိုးအတွက် ကိုယ့်ကိုကိုယ် စတေးနေတာ။ ဒီနှစ်တွေမှာ နင်က ဘာများတတ်နိုင်ခဲ့လို့လဲ။ ထွက်သွားစမ်း"
ကုချင်လန်သည် အိမ်ထောင်ရေးဖောက်ပြန်ခဲ့သော်လည်း လင်ယောကျ်ားဖြစ်သူ၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်၏။
"နင်ရော ဘာပြောချင်သေးလဲ။ အသုံးမဝင်တဲ့ကောင် သခင်လေးလင်းနဲ့ တစ်ကြိမ်အတူနေရတာက နင်နဲ့ အကြိမ်တစ်သန်းနေရတာထက် ကောင်းတယ်။ ထွက်သွားစမ်း"
ဖုန်းရှသည်လည်း စွန်းဟိုင်ကို ရက်ရက်စက်စက် ငေါက်ငမ်းပြောဆိုကာ ဂူအတွင်းသို့ ကုချင်လန်နှင့်အတူ ပြန်လည်ဝင်ရောက်သွားခဲ့သည်။ သူတို့က ကပ်ဘေးဓားကြောင့် အလျင်စလိုဖြစ်နေပြီး မိန်းမ အခိုးခံလိုက်ရသော လင်ယောကျ်ားများ၏ ရူးသွပ်နိုင်စွမ်းကို အထင်သေးထားခဲ့ကြ၏။ စွန်းဟိုင်ရော ချင်စန်းပါ ဂူအတွင်းသို့ နီရဲသော မျက်လုံးအစုံဖြင့် စိုက်ကြည့်နေကြပြီး ချင်စန်းမှ ရုတ်တရက် ကြုံးဝါးလိုက်သည်။
"အမည်ခံဓားအင်မော်တယ်လည်း သတ်ရင် သေတာပဲ မဟုတ်ဘူးလား"
သူက ရူးသွပ်သွားဟန်ဖြင့် ရယ်မောနေခဲ့ပြီး လူတိုင်း လင်းချန်ကို ချီးကျူးမြှောက်ပင့်နေသော အသံများကို ကြားနေရပြီး အရှက်မရှိသော မိန်းမနှစ်ယောက် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။
"အမည်ခံဓားအင်မော်တယ်တဲ့လား။ သူတို့က ရူးကုန်ကြပြီ။ ငါတို့လို ယောကျ်ားတွေကရော ဘာကြောင့် မမိုက်ရဲရမှာလဲ"
စွန်းဟိုင်က သက်ပြင်းတစ်ချက်ချ၍ အခွင့်ကောင်းရရလျှင် လင်းချန်ကို သတ်ရန် စိတ်ပိုင်းဖြတ်လိုက်၏။
"တစ်ယောက်ယောက် လာနေတယ်"
ထိုအချိန်တွင် ခြေသံများ ကြားလိုက်ရသဖြင့် သူတို့က တောင်စောင်းအထက်မှ ငုံ့ကြည့်လိုက်ရာ ဂူထံသို့ ဦးတည်လာနေသော ကံပင်လယ် နယ်ပယ် ကျင့်ကြံသူ တစ်ရာကျော်ကို မြင်လိုက်ရသည်။ မိစ္ဆာများနှင့် ရုန်းကျင့်ကြံသူများ ပူးပေါင်းချီတက်လာသောကြောင့် လင်းချန်ကို ပစ်မှတ်ထားနေကြောင်း သိသာသောအခါ မိန်းမများ ဖောက်ပြန်သွားသဖြင့် အရူးတစ်ပိုင်းဖြစ်နေသော ချင်စန်းနှင့် စွန်းဟိုင်သည် အေးစက်စက်ပြုံး၍ သတိပေးခြင်းမရှိဘဲ တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြလေသည်။