← Chapters

မော့ရွှယ်အာ၏ကြောက်ရွံ့မှု

Vol. 10 Ch. 136

မော့ရွှယ်အာ၏ကြောက်ရွံ့မှု

Vol. 10 Ch. 136

“ကျုပ်တပည့်တွေအတွက် မလုံလောက်သေးဘူး”

ဟွမ်း ခေါင်းအသာယမ်းကာဆိုလိုက်၏။ သူသည် နတ်ဘုရားကုန်းမြေသို့ သွားရန် မစောင့်ဆိုင်းနိုင်တော့ချေ။ သူ လုပ်ဆောင်ရမည့် အရာများလည်း ရှိသေးသည်။ ဤကုန်းမြေတွင် အချိန်ဖြုန်းမနေချင်တော့ပေ။

“ရွှယ်အာ အစီအရင်ကိုခင်းလိုက်”

ထို့နောက် မော့ရွယ်အာသည် အစီအရင်ထွင်းထုထားသည့် ကျောက်ပြားတစ်ချပ်ကို ထုတ်ယူလိုက်ပြီး လက်သင်္ကေတများ အလျှင်အမြန်ပြုလုပ်လိုက်၏။

သူမ၏ ဝိညာဉ်စွမ်းအင်များသည် ထိုကျောက်ပြားထံ စီးဝင်သွားပြီး ၎င်းထံမှ အလင်းတန်းများထွက်ပေါ်လာခဲ့သည်။ ထိုအလင်းတန်းများသည့် ပြန်ကားလာပြီး ဟွမ်းနှင့် အချိန်တံခါးအား ဖုံးအုပ်သွား၏။

ထိုအစီအရင်နှင့် ပြင်ပမှ မနှောက်ယှက်နိုင်အောင် ကာကွယ်မှုပြုလုပ်ခြင်းဖြစ်သည်။ ဟွမ်းသည် သူ၏ ဝိညာဉ်စွမ်းအင်များနှင့် စိတ်အာရုံသည် အချိန်တံခါးအပေါ်တွင် အာရုံစိုက်ရမည် ဖြစ်သောကြောင့် ကာကွယ်စေလိုက်ခြင်းဖြစ်၏။

“ဘယ်လိုအစီအရင်မျိုးမို့ ဒီလောက် စွမ်းအားပြင်းထန်နေရတာလဲ”

အချိန်တံခါး၏ အစောင့်အရှောက် နှစ်ဦးသည် မော့ရွှယ်အာ၏ အစီအရင်ကိုကြည့်ကာ မှင်သက်သွားသည်။ ထိုအစီအရင်ကျောက်ပြားတွင် မော့ရွှယ်အာသည် သူမ၏ နတ်ဆိုးစွမ်းအင်များထည်သွင်းကာ ထွင်းထုထားခြင်းဖြစ်၏။ ထို့ကြောင့်ပင် သူမ၏ စွမ်းအင်ကို တွေ့ကြုံဖူးခြင်းမရှိသည့် အစောင့်အရှောက်နှစ်ဦးသည် ထိတ်လန့်သွားရခြင်းဖြစ်၏။

“အပြင်ဘက်ကို စောင့်ကြပ်ပေးပါ”

မော့ရွှယ်အာသည် ရှင်းဝေ့ကျန်းကိုမှာကြားကာ ထိုအစီအရင်အတွင်း ဝင်ရောက်သွားသည်။ ရှင်းဝေ့ကျန်း၏ မျက်ဝန်းများသည် လေးနက်သွား၏။

“အစောင့်ရှောက်နှစ်ဦး ခန်းမရဲ့ အပြင်ဘက်ကို စောင့်ကြပ်ပေးပါ”

ရှင်းဝေ့ကျန်းသည် အစောင့်ရှောက်နှစ်ဦးအား စေခိုင်းလိုက်၏။ ထိုနှစ်ဦးသည် မနှောင့်နှေးပဲလုပ်ဆောင်လိုက်သည်။

ရှင်းဝေ့ကျန်းသည် သူ၏ ကြယ်တာယာနန်းတော်တွင်ဖြစ်သော်လည်း ရှေ့တွင်ပေါ်ပေါက်လာဖူးသည့် စွမ်းအားမြင့်သူများကြောင့် တင်းတင်းကြပ်ကြပ် သတိထားနေခြင်းဖြစ်သည်။

“ကျုပ် အပြင်ဘက်ကနေစောင့်မယ်”

ဟေးချုံးသည် ကြယ်တာယာနန်းတော်၏ အပြင်ဘက်သို့ ပျံသန်းသွားကာ စောင့်ကြပ်ရန် တာဝန်ယူလိုက်၏။ ထို့နောက် ထိုက်ဟုန်ကျွင်းသည် ချီမင်ယောင်သည် ဟေးချုံးနှင့် ဆန်ကျင်ဘက်ရှိသည့် နေရာတွင် စောင့်ကြပ်ရန် တာဝန်ယူလိုက်သည်။ ရှင်းဝေ့ကျန်းသည်တော့ အချိန်တံခါးရှိရာအခန်းတွင်း သူ၏ အရှိန်အဝါဖော်ထုတ်ကာ တိတ်တဆိတ်စောင့်ကြပ်လိုက်၏။

သူတို့လေးဦးသည် ယခင်က သာမန်မဟာမိတ်ဆက်ဆံရေးသာ ရှိခဲ့သော်လည်း ရွှယ်လင်းကျွင်း ပေါ်ပေါက်လာပြီးနောက်တွင် သူတို့သည် ပိုမိုစည်းလုံးလာခဲ့သည်။ ထို့နောက် ဟွမ်း၏ နယ်မြေအကြောင်းကြားပြီးနောက်တွင် သူတို့၏ စည်းလုံးမှုသည် သူ့နယ်မြေ၊ ကိုယ့်နယ်မြေဟူ၍ ခွဲခြားခြင်းမရှိတော့ချေ။ ပိုမိုအချိန်ကြာလာခဲ့လျှင် တစ်သားတည်းပင် ဖြစ်သွားနိုင်၏။ သို့သော် ဟေးချုံးသည် ချီမင်ယောင်အပေါ် အလုံးစုံ ကြေလည်သွားခြင်းမရှိသေးပေ။

မော့ရွှယ်အာ၏ အစီအရင် အတွင်းတွင် ဟွမ်းသည် အချိန်တံခါးကိုသူ၏ လက်နှင့် စမ်းသပ်ကြည့်နေ၏။ အချိန်တံခါးတွင် ကာကွယ်ထားသည့် စိမ်းပြာရောင် အလွှာသည် သူ့အား ဆန့်ကျင်ခြင်းမရှိပေ။

“ဟွမ်း၊ ဒီတံခါးက နတ်ဘုရင်အထက်အဆင့်တွေကို တားမြစ်ထားတယ်ဆို”

ဟွမ်း ခေါင်းညိတ်ပြလိုက်သည်။ မော့ရွှယ်အာသည် သူမကိုယ်တိုင်လည်း ဟွမ်းကဲ့သို့ အချိန်တံခါးကို လက်နှင့် စမ်းကြည့်လိုက်၏။ သို့သော် သူမ၏လက်အား ထိုတံခါး၏ အကာအကွယ်အလွှာမှ တားဆီးထားသည့်အလားပင်။

“ဟွမ်း၊ ရှင် နတ်အင်ပါယာအဆင့်မရောက်သေးဘူးလို့ မပြောနဲ့နော်”

မော့ရွှယ်အာသည် အံ့ဩသွား၏။ ဟွမ်း၏လက်သည် ထိုတံခါး၏ အကာကွာ်အလွှာအတွင်း ဝင်ရောက်၍ ရနေပြီး သူမ၏ လက်အား စိမ်းပြာရောင်အကာအကွယ်နှင့် တားဆီးထားသည့်အလားပင်။ ဟွမ်း၏ စွမ်းအားအဆင့်အတန်းအရ မည်သို့မျှ နတ်အင်ပါယာအောက် အဆင့်မဖြစ်နိုင်ပေ။

သို့သော် ထိုအချိန်တံခါးသည် ဟွမ်းကို ထူးဆန်းစွာပင် ငြင်းပယ်ဟန်မရချေ။

“ဒီအချိန်တံခါးက ထူးဆန်းနေတယ်”

ဟွမ်းကိုယ်တိုင်လည်း အံ့ဩနေမိ၏။ သူ၏ ကျင့်ကြံမှု အဆင့်ကို သူကိုယ်တိုင်ပင် မသိသော်လည်း နတ်ဘုရားကုန်းမြေ၏ ထိပ်သီးများအတွင်းပါဝင်နေသည်။ မော့ရွှယ်အာပင် ထိုအထျိန်တံခါး၏ ငြင်းပယ်မှု ခံရသော်လည်း သူ့အားငြင်းဆန်ဟန်မရချေ။ ထို့အပြင် ထိုတံခါးအတွင်း ဝင်ရောက်ရန် သွေးဆောင်ခံနေရသည့်အလားပင်။

သို့သော်လည်း ဟွမ်းသည် မဝင်ခဲ့ချေ။ သူသာဝင်လိုက်လျှင် ထျန်းယွမ်ကုန်းမြေသည် ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားပြီး အပျက်အစီးကုန်းမြေဖြစ်သွားပေမည်။

“ရွှယ်အာ ဒီအချိန်တံခါးရဲ့ စွမ်းအားစုပ်ယူနှုန်းက ဘယ်လောက်များမယ်၊ နည်းမယ် မှန်းမသိသေးဘူး၊ ဒါကြောင့် တစ်ခုခု ဖြစ်သွားရင် မင်းရဲ့ဝိညာဉ်စွမ်းအင်ကို ကျုပ်အပေါ် စီးဆင်းခွင့်မပြုဘူး”

ဟွမ်းသည် မော့ရွှယ်အာကို အလေးအနက်မှာကြားလိုက်၏။ ထိုအချိန်တံခါး၏ စွမ်းအားစုပ်ယူနှုန်းများပြားပါက မော့ရွှယ်အာ၏ ဝိညာဉ်စွမ်းအင်များပါ စုပ်ယူသွားမည်ကို စိုးရိမ်ကာ သတိပေးလိုက်ခြင်းဖြစ်သည်။

“ကောင်းပြီ..”

မော့ရွှယ်အာသည် မလိုလားသည့် လေသံနှင့်ဖြေလိုက်၏။ သူမ၏ ပုံစံသည် ဟွမ်း၏စကားအတိုင်းလိုက်နာဟန်မရချေ။

ထို့နောက် ဟွမ်းသည် ခေါင်းအသာယမ်းပြီးနောက် မျက်လုံးမှိတ်ကာ အချိန်တံခါး၏ စွမ်းအင်ဗဟိုချက်ကို ရှာဖွေလိုက်၏။ ဗဟိုချက်ကိုတွေ့ရှိပြီး နောက်တွင် သူ၏ ဝိညာဉ်စွမ်းအင်များကို ထိုဗဟိုချက်အတွင်းသို့ စီးဆင်းစေလိုက်သည်။

သူ၏ ဝိညာဉ်စွမ်းအင်များသည် အချိန်တံခါး၏ဗဟိုချက်အတွင်း ဝင်ရောက်သွားချိန်တွင် စွမ်းအင်ဝဲကတော့များ ဖြစ်ပေါ်လာ၏။ ထို့နောက်ဗဟိုချက်သည် ဟွမ်း၏ စွမ်းအင်များကို အရူးအမူး စတင်စုပ်ယူလေတော့သည်။

မော့ရွှယ်အာသည် ဟွမ်းဝိညာဉ်စွမ်းအား စတင်ထုတ်သုံးလိုက်ချိန်ကတည်းက သူမသည် အသင့်ပြင်ထားသည့် အနေအထားနှင့် စောင့်ကြည့်နေသည်။ ဟွမ်းတွင် ပြသနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အလျင်အမြန် ကူညီနိုင်အတွက်ပင်။ ဟွမ်း၏ အဆင်ပြေသည့် ပုံပေါ်နေသောကြောင့်သာ သူမ၏ အမူအယာသည် အနည်းငယ်ပြေလျော့သွားသည်။ သို့သော် သူမသည် ဂရုစိုက် စောင့်ကြည့်နေဆဲပင်။

ဟွမ်းသည် ထိုစုပ်ယူနှုန်းကြောင့် သူ၏ မျက်ဝန်းသည် မသိမသာ မှေးကျဉ်းသွားသည်။ စုပ်ယူနှုန်းသည် အလွန်များပြားသော်လည်း သူခံနိုင်ရှိသည့် အတိုင်းအတာအတွင်းရှိနေ၏။

‘ဒီနှုန်းက နည်းနည်းနှေးသေးတယ်’

သူသည် ဝိညာဉ်စွမ်းအင်များကို သုံးဆမျှတိုးကာထည့်သွင်းလိုက်၏။ ထိုအချိန်တွင် စွမ်းအင်ဝဲကတော့များသည် စက်ဝန်းသဏ္ဌာန် မြန်ဆန်စွာလည်ပတ်လာသည်။

‘ဒီနှုန်းနဲ့ဆိုရင် နှစ်ဝက်နဲ့ဆိုရင်ကို လုံလောက်ပြီ’

ဟွမ်းသည် အချိန်တံခါး၏ ကာကွယ်ထားသည့်အလွှာကို

ထို့နောက် ဟွမ်းသည် သူ၏အာရုံကို အချိန်တံခါး၏ဗဟိုချက်တွင် နစ်မြုပ်လိုက်တော့သည်။ မော့ရွှယ်အာသည် ဟွမ်း၏အနောက်တွင် ရပ်နေကာ တိတ်တဆိတ် စောင့်ကြည့်နေ၏။

ဤသို့ဖြင့် နှစ်ဝက်ကြာမြင့်သွားခဲ့သည်။ ဤအချိန်အတောတွင်းတွင် နတ်အင်ပါယာလေးဦးသည်လည်း သက်တောင့်သက်သာ မနေခဲ့ချေ။ သူတို့သည် ကြယ်တာယာနန်းတော်၏ ပတ်လည်ကို တောက်လျှောက်ပင် စစ်ဆေးနေခဲ့သည်။ ယခုတွင် ရှင်းဝေ့ကျန်းသည် ထိုသုံးဦးအား ခန်းမအတွင်းသို့လာရန် အသံပို့လွှတ်ခဲ့သည်။

“စီနီယာ..၊ အဆင်ပြေရဲ့လား..၊ မိန်းကလေးမော့ ဘယ်လိုဖြစ်တာလဲ”

ထိုက်ဟုန်ကျွင်းသည် အစောတလျင်မေးလိုက်သည်။ ဟွမ်း၏ ပုံစံသည် အလွန်ပင်ပန်းဟန်ရှိနေသော်လည်း တည်တည်ငြိမ်ငြိမ်ပင် ရှိနေ၏။ သို့သော် သူ၏ လက်တွင် သတိလစ်နေသည့် မော့ရွှယ်အာကို ပွေ့ချီထားခဲ့သည်။

“အဆင်ပြေတယ်၊ ဝိညာဉ်စွမ်းအင်ကုန်သွားလို့”

ဟွမ်းသည် အသာယာ ပြောလိုက်၏။

“ရောင်းရင်းဟွမ်း၊ အနားယူလိုက်ပါဦး”

ရှင်းဝေ့ကျန်းသည် ထိုနှစ်ဦး၏ အခြေအနေကို ကြည့်ကာ အဖြစ်ပျက်များကို နောက်မှ မေးရန်ဆုံးဖြတ်လိုက်သည်။

ထို့နောက်ဟွမ်းသည် မော့ရွှယ်အာကို ပွေ့ချီထားရင်း ဤနေရာမှ ပျောက်ကွယ်သွားခဲ့သည်။ ရှင်းဝေ့ကျန်းစီစဉ်ပေးထားသည့် အဆောင်သို့ ရောက်ရှိသွား၏။

ရက်အနည်းငယ်ကြာပြီးနောက်တွင် မော့ရွှယ်အာသည် သတိရလာခဲ့သည်။

“ဟွမ်း..”

သူမသည် သတိရရချင်း ဟွမ်းကို အသည်းအသန် ရှာလိုက်သည်။ ဟွမ်းသည် သူမလှဲလျောင်းအနားယူနေသည့် အနားတွင် ရှိနေသည်ကို တွေ့မြင်ပြီးမှ စိတ်အေးသွား၏။ သို့သော် ချက်ချင်း သူမသည် အမှားလုပ်ထားမိသည့်ကလေးငယ်တစ်ဦးအလား ခေါင်းငုံထားလိုက်၏။

မော့ရွှယ်အာ နိုးလာချိန်တွင် ဟွမ်းသည် ဆူပူရန် လုပ်မည် ပြင်လိုက်သော်လည်း သက်ပြင်းချကာ ထိုသို့မလုပ်ရန် ဆုံးဖြတ်လိုက်၏။

“အပြည့်အဝ အနားယူလိုက်ဦး၊ လေဟာနယ် လှိုင်ခေါင်း အတွက် စီစဉ်လိုက်ဦးမယ်”

ဟွမ်းသည် ထသွားရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် မော့ရွှယ်အာသည် ဟွမ်း၏လက်ကို သူမ၏ လက်နှစ်ဖက်နှင့် အမြန် ဖမ်းဆုပ်လိုက်သည်။

“ဟွမ်း ပျောက်ကွယ်သွားမှာမျိုး မဖြစ်စေချင်ဘူး..”

သူမသည် အလွန်ပင် တိုးလျလွန်းသည့် လေသံနှင့် ပြောလိုက်၏။ ထိုလေသံသည် ဝမ်းနည်းသည့် အသံမျိုးဖြစ်သည်။ သူမသည် ဟွမ်း၏လက်ကို ဆုပ်ကိုင်ထားသော်လည်း သူမ၏ ခေါင်းသည် ငုံ့ထားဆဲပင်။ ဟွမ်းသည် သူမအတွက် တစ်ဦးတည်းသော မှီခိုရာပင် ဖြစ်၏။ သူမအနေနှင့် ထိုမှီခိုရာကို မဆုံးရှုံးချင်ပေ။ ထိုသို့သာဖြစ်သွားခဲ့လျှင် လောကကြီးထဲ သူမ တစ်ဦးတည်းသာ ကျန်ရစ်မည်တွေကို တွေးမိရင်း အကြောက်တရားများ ဖြစ်ပေါ်နေသည်။

All Chapters