← Chapters

ဒီလောက်ကြီးကျလွန်လွန်းတယ်

Vol. 10 Ch. 139

ဒီလောက်ကြီးကျလွန်လွန်းတယ်

Vol. 10 Ch. 139

ယွဲ့ဝူယောင်သည် အချိန်တံခါးအတွင်းမှ ထွက်လာချိန်တွင် သူမနှင့်အတူ အေးစက်သည့် လေထုပါဝင်ရောက်လာခဲ့သည်။ သူမ၏ အရှိန်အဝါသပ်သပ်နှင့်ပင် ခန်းမတစ်ခုလုံး အေးခဲလာတော့မည့်အသွင်ပင် ဖြစ်နေသည်။

သူမ၏ ခရမ်းနုရောင်ဆံနွယ်များသည် ယခင်ကထက်ပို၍ တောက်ပလာပုံရသည်။ ထို့အပြင် သူမ၏ မျက်ဝန်းများသည် အေးစက်နေပြီး သူမ၏ မျက်စံသည်လည်း ခရမ်းရောင်သမ်းလာခဲ့သည်။ သို့သော် မသိသာသေးချေ။ ထို့နောက်သူမ၏ အေးစက်မှုများပျောက်ကွယ်သွားသည့်အလား ဟွမ်းကိုကြည့်လိုက်၏။

“ဆရာ..တပည့်ပြန်ရောက်ပါပြီ”

ဟွမ်းသည် အားရကျေနပ်နေသည့်အကြည့်နှင့် သူ၏တပည့်လေးဦးကို ကြည့်လိုက်၏။

“မင်းတို့ပင်ပန်းသွားပြီ..”

“မပင်ပန်းပါဘူး၊ ဆရာ စိတ်ပျက်အောင်မလုပ်မိတာနဲ့တင် တပည့်တို့က အရမ်းကျေနပ်နေပါပြီ”

တပည့်လေးဦးသည် ပြိုင်တူပြောလိုက်၏။

“အဆင့်နှစ်နတ်အင်ပါယာတောင်ဖြစ်သွားပြီလား”

တစ်ဖက်ရှိ ရှင်းဝေ့ကျန်းတို့သည်တော့ ကြက်သေသေသွား၏။ ယွဲ့ဝူယောင်၏ အရှိန်အဝါသည် မော့ရွှယ်အာနှင့် တန်းတူလောက် ပြင်းထန်နေသည်။ လုရှင်းယန်တို့၏ နတ်အင်ပါယာအဆင့်ရောက်ရှိခြင်းသည် အလွန်ထိတ်လန့်ဖွယ်ကောင်းနေပြီဖြစ်ရာ ယွဲ့ဝူယောင်သည် အဆင့်နှစ်နတ်အင်ပါယာပင်ဖြစ်နေပြီဖြစ်သည်။ သူတို့၏ ခံစားချက်များကို မည်သို့ဖော်ပြရမည်ပင် မသိတော့ချေ။

“မိန်းကလေးယွဲ့ ဂုဏ်ပြုပါတယ်”

လွန်ခဲ့သည့် တစ်နှစ်က သူတို့နှစ်ဦးအကြားတွင် အဆင့်တူပြီး စွမ်းအားကွာခြားချက် အနည်းငယ်သာရှိခဲ့သည်။ ယခုတွင်တော့ ယွဲ့ဝူယောင်သည် သူထက် များစွာသာလွန်သွားပြီဖြစ်၏။ ရှောင်ထျန်းသည်တော့ သူလိုက်၍ မမှီနိုင်တော့သည့် အဆင့်ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ထိုနှစ်ဦးသည် တိတ်တခိုးနှင့် ပြိုင်တူ သက်ပြင်းသာ ချလိုက်ရတော့၏။

“အစ်မယွီဟွာကျန်သေးတယ်..”

လုရှင်းယန်သည် ချုးယွီဟွာကို မတွေ့သေးသောကြောင့် ဆိုလိုက်၏။ သူ၏ စကားဆုံးသည်နှင့် တပြိုင်နက် စိမ်းပြာရောင်အလွှာမှ သိမ်မွေ့လှပသည် ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။

“စီနီယာအစ်ကို..”

ချုးယွီဟွာသည် အလွန် ဝမ်းနည်းလွန်းနေသည့် လေသံနှင့်အတူ ဟွမ်းကို ပြေး၍ဖက်လိုက်မိ၏။ ဟွမ်းသည် အနည်းငယ်ကြောင်အသွားသော်လည်း သူမ၏ ပုခုံးလေးအားအသာယာပုတ်ပေးလိုက်၏။

ခဏအကြာ သူမ၏ အသိပြန်ဝင်လာချိန်မှ သူမ၏ လုပ်ရပ်ကို အလွန်ပင် ရှက်ရွံ့သွားခဲ့သည်။ သူမ၏ မျက်နှာလေးပင် ရဲမှည့်နေ၏။ လင်းယိုဟန်သည် သူမနှင့် ယှဉ်လျှင် ထိန်းချုပ်နိုင်စွမ်း သာလွန်သေးသည်ဟုဆိုရပေမည်။

သို့သော် ဟွမ်းမှအပ ခန်းမအတွင်းရှိလူအားလုံးသည် ထိုကိစ္စကို ထူးဆန်းသည်ဟု မခံစားရပဲ သူမကို ကြည့်ကာ မျက်မှောင်များကြုတ်သွားကြ၏။ အကြောင်းမှာ သူမထံမှ စွမ်းအင်အငွေ့အသက်အချို့ ထွက်ပေါ်နေသော်လည်း အားနည်းနေပြီး ကျင့်ကြံမှုအဆင့် ကွယ်ပျောက်သွားသည်ကို ခံစားမိလိုက်ကြသည်။ သူမ၏ အလှနှင့် သိမ်မွေ့မှုသည် ယခင်ကထက် တိုးတက်လာဟန်ရှိသော်လည်း သူမ၏ မျက်နှာသည် ရဲရဲနီနေသေးသော်လည်း ထိုသူများ၏ အကြည့်ကြောင့် စိတ်ရှုပ်ထွေးသွား၏။

“ယွီဟွာ ဘာဖြစ်ခဲ့တာလဲ”

မော့ရွှယ်အာသည် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ သူမ၏ပုံစံသည် တစ်စုံတစ်ရာလွဲမှားနေဟန်ရပြီး သူမ၏ ကျင့်ကြံမှုအဆင့်ကို မခံစားရတော့ချေ။

“အဆင့်တက်ဖို့ အချိန်နည်းနည်းလိုသွားခဲ့တာကြောင့် မအောင်မြင်ခဲ့ဘူး”

ချုးယွီဟွာသည် အားမလိုအားမရဖြစ်နေသည့် လေသံနှင့်ပြောလိုက်၏။ သူမကိုယ်သူမ စိတ်ပျက်နေသည့်အလားပင်။

“ဒါဆို အစ်မယွီဟွာရဲ့ ကျင့်ကြံမှုအဆင့်က ပျက်စီးသွားတာလား”

ယွဲ့ဝူယောင်လည်း သူမ၏ သိချင်စိတ်ကို မထိန်းနိုင်တော့ချေ။ သူမတို့၏ သိကျွမ်းမှုသည် နှစ်အနည်းငယ်သာရှိသေးသော်လည်း မိသားစုဝင်များကဲ့သို့ပင် ရင်နှီးနေကြပြီဖြစ်သည်။ လုရှင်းယန်တို့လည်း အလားတူ သိချင်စိတ် ပြင်းထန်လာခဲ့သည်။

“ဟင်..ကျင့်ကြံမှုတော့ မပျက်စီးပါဘူး၊ အဆင့်တစ်ခုကို ထပ်ပြီး မတက်နိုင်ခဲ့တော့တာ၊ ကျွန်မရဲ့ ပါရမီက နိမ့်ကျလွန်းတယ်ထင်ပါရဲ့”

ယွဲ့ဝူယောင်၏ မေးခွန်းကြောင့် ကြောင်အသွားသော်လည်း သူမကိုယ်သူမစိတ်ပျက်နေမှုသည် ပေါ်လွင်နေ၏။

“ဒါဆို အစ်မယွီဟွာရဲ့ အဆင့်ကို ဘာလို့ အာရုံခံလို့မရတာလဲ”

လုရှင်းယန်သည် အလိုမကျစွာမေးလိုက်၏။ သူတို့အားလုံးပင် စိတ်ရှုပ်ထွေးနေကြပြီဖြစ်သည်။

“စီနီယာအစ်ကို ကျွန်မအဆင့်က ပျောက်ကွယ်သွားတာလား”

ထိုအချိန်မှ ချုးယွီဟွာလည်း လန့်ဖြန့်သွား၏။ သူမကိုယ်တိုင်ပင် မသိတော့သောကြောင့် ဟွမ်းကို မေးမြန်းလိုက်ရသည်။ အားလုံး၏ အကြည့်သည်လည်း ဟွမ်းအပေါ်တွင်ရောက်ရှိသွားပြီး အတည်ပြုမှုကို စောင့်ဆိုင်းလိုက်ကြ၏။ ထို့ကြောင့် ဟွမ်းသည် သက်ပြင်းချကာ ပြောကြားလိုက်သည်။

“အဆင့်လေးနတ်အင်ပါယာအထွတ်ထိပ်မှာ၊ အဆင့်ငါးကို ရောက်လုနီးပါး”

“အဆင့်ငါးရောက်လုနီးပါး...”

ခန်းမအတွင်းရှိ လူအားလုံး၏ နားအတွင်း ‘အဆင့်ငါးရောက်လုနီးပါး’ ဆိုသည့် စကားသံသည် မိုးကြိုးပစ်သံကဲ့သို့ ပဲ့တင်ထပ်၍ ကြားနေရတော့၏။

အားလုံး၏ မျက်လုံးများသည်ပုံမှန်ထက်ပင် နှစ်ဆခန့်ပြူးကျယ်သွားကြ၏။ သူတို့၏ ခန္ဓာကိုယ်ပင်တောင့်တင်းသွားပြီး အသက်ရှုရပ်သွားကြသည့်အလားပင်။ မိနစ်အနည်းငယ်ကြာသည်အထိ ထိုခန်းမတွင် တိတ်ဆိတ်နေ၏။ သူမ၏ ကျင့်ကြံခြင်းကို အာရုံခံမရတော့သောကြောင့် ကျင့်ကြံမှု ပျောက်ကွယ်သွားသည်ဟု ထင်မိကြသည်။ ထို့ကြောင့် စိတ်မကောင်းဖြစ်ခဲ့ကြရ၏။ သို့သော်လည်း ထိုသို့မဟုတ်ပဲ သူမ၏ အဆင့်သည့် သူတို့ခန့်မှန်းနိုင်သည့်ထက်ကျော်လွန်နေခြင်းဖြစ်နေသည်။ သူတို့အတွက် တရားမျှတမှုကို မည်သူ့ဆီသွားတောင်းရမှန်းမင်မသိတော့ချေ။

“တကယ်..တကယ်ကြီး အဆင့်လေးနတ်အင်ပါယာအဆင့်မှာပေါ့”

ပိုင်ကျန့်ယွီသည် အာခေါင်များပင်ခြောက်ကပ်သလို ခံစားလိုက်ရသည် စကားပြောရန်ပင် အတော်အားယူလိုက်ရ၏။

“အိမ်မက်တော့ မဟုတ်ဘူးမလား”

လျှိုမင်ယွမ်သည် သူတို့ကြားလိုက်ရသည့်အရာသည် လက်တွေ့လား၊ အိမ်မက်လားဟုပင် သံသရဝင်နေကြသည်။

“ယွီဟွာက အရင်က ယွီဟွာရောဟုတ်ရဲ့လား”

မော့ရွှယ်အာသည် ချုးယွီဟွာကို မယုံနိုင်စွာကြည့်ရင်း ‌ပြောလိုက်၏။ သူမ၏ ဦးနှောက်အတွင်း မည်သည့် အတွေးမျှမရှိတော့ပဲ ဗလာဖြစ်နေသည်ဟုပင် တွေးမိလိုက်သည်။

ဟွမ်းကိုယ်တိုင်လည်း အံ့အားသင့်သွားရသည်။ သူ၏တပည့်များသည် သူတွက်ဆထားသည့် အခြေအနေအတွင်းရှိခဲ့သော်လည်း အားလုံးထဲတွင် အားအနည်းဆုံးဖြစ်သည့် ချုးယွီဟွာသည် သူမှန်းဆထားသည့် အခြေအနေထက် များစွာကျော်လွန်နေ၏။

သူမထံတွင် ထူးခြားသည့် ကျင့်ကြံခြင်းနည်းစနစ်မရှိပေ။ ထူးခြားသည့် ပါရမီလည်း မရှိပေ။ သို့သော် ပါရမီရှင်များထက်ကျော်လွန်ပြီး ဤသို့အဆင့်အထိ ရောက်သွားခြင်းသည် စဉ်းစားရကြပ်သွားစေ၏။

ချုးယွီဟွာကိုယ်တိုင်လည်း လုံးဝမထင်မှတ်ထားသည့် ဖြစ်ရပ်ဖြစ်ပေ၏။ သူမလည်း ကျောက်ရုပ်ဖြစ်သွားသည့်အလား အေးခဲနေသည်။ စကားပင် မည်သို့ စပြောရမှန်းသိချေ။ အတော်ကြာကြာစဉ်းစားပြီးနောက် ဟွမ်းကို တွေဝေစွာပြောလိုက်၏။

“စီနီယာအစ်ကို ကျွန်မ အဆင့်လေးနတ်အင်ပါယာဆိုရင် ဘာလို့မိုးကြိုးကပ်ဘေးကို ရင်မဆိုင်ခဲ့ရတာလဲ”

ချုးယွီဟွာသည် မော့ရွှယ်အာနှင့် ထိုက်ဟုန်ကျွင်းပင် မိုးကြိုးကပ်ဘေးကျော်ဖြတ်ပြီးမှ နတ်အင်ပါယာအဆင့်ရောက်သည်ကို သိရှိနေ၏။ သို့သော်သူမသည် ထိုကပ်ဘေးကို မကျော်ဖြတ်ခဲ့ရသောကြောင့် နတ်အင်ပါယာအဆင့်ရောက်သည်ဟုပင် မထင်ထားခဲ့ချေ။

“ဟင် အစ်မယွီဟွာလဲ မိုးကြိုးကပ်ဘေး မကျော်ဖြတ်ခဲ့ရဘူးလား”

ယွဲ့ဝူယောင်သည် မျက်လုံးပြုးသွားကာ ဝင်ရောက်မေးမြန်းလိုက်၏။

လုရှင်းယန် “အစ်မတို့နှစ်ယောက်လုံးရောလား”

ပိုင်ကျန့်ယွီ “ကျုပ်ကိုယ်ကျုပ် ထူးခြားတဲ့ ပါရမီရှင်လို့ ထင်မှတ်ထားတာအားလုံးအတူတူပဲလား”

လျှိုမင်ယွမ် “...”

သူတို့အားလုံးသည် မိုးကြိုးကပ်ဘေးမကျော်ဖြတ်ခဲ့ရကြောင်း သိလိုက်ရ၏။

ဟွမ်းသည် အတော်ပင် အတွေးနက်သွားသည်။

‘ဒီလောကထဲမှာ ကုန်းမြေကွာခြားချက်ကြောင့်ပဲ အဆင့်သတ်မှတ်ချက်တွေမတူကြပေမဲ့ အားလုံးက မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ပြီးမှ နတ်အင်ပါယာအဆင့်ရောက်ခဲ့ရတာပဲ၊ ဒါပေမဲ့ ဒီတံခါးက ထူးဆန်းလွန်းတယ်၊ ဒီတံခါးရဲ့ အတွင်းပိုင်းက လောကတစ်ခုရှိနေတာလား၊ ဒါမှမဟုတ် နတ်ဘုရားလောကကပဲ သေးငယ်နေသေးတာလား၊ ပြီးတော့ မိုးကြိုးကပ်ဘေးကို စေလွတ်ခဲ့တာ သက်ရှိမျိုးနွယ်တွေ’

ဟွမ်း အတွေးနက်နေပုံကို ကြည့်ကာ မည်သူမှ မနှောက်ယှက်ကြတော့ပေ။ ဟွမ်းသည် ထိုတံခါးအတွင်းရှိ အသေးစိတ်အရာများကိုမေးမြန်းလိုက်၏။ လူငယ်များ၏ တူညီသည့်အဖြေများအရ ထူးဆန်းသည်ဟု ထင်ရသော်လည်း ဤသို့ ရတနာများအတွက် သာမန်ထူးဆန်းမှုသာဖြစ်ပေသည်။ အချိန်အနည်းငယ် ကြာပြီးနောက် ဟွမ်းသည် ရှင်းဝေ့ကျန်းကို ညှိနှိုင်းလိုက်၏။

“ကျုပ်ကို ဒီတံခါးလေ့လာချင်တယ်၊ ကျုပ်အလကားမယူပါဘူး၊ ခင်ဗျားကြိုက်ရာ တောင်းဆိုနိုင်တယ်”

ဟွမ်းသည် ရတနာများကို တပ်မက်ခြင်းမရှိသော်လည်း ထိုတံခါး၏ ထူးခြားမှုကို လေ့လာချင်နေသည်။ သူသက်တမ်းတစ်လျှောက် မြင်ခဲ့ဖူးသည့် ရတနာများထက် ထူးဆန်းလွန်းနေသည်။ သို့သော် ချုးယွီဟွာသည် အားတုံ့အားနာနှင့် ဝင်ရောက်ပြောဆိုလိုက်၏။

“စီနီယာအစ်ကို ယူလို့မရလောက်ဘူးထင်တယ်”

ဟွမ်း “...”

‘ဒီမိန်းကလေး အချိန်တံခါးထဲက ထွက်လာပြီးမှ အတော်လေးဆန်းကြယ်လာတယ်’

All Chapters