← Chapters

သွေးကြွေး

Vol. 10 Ch. 140

သွေးကြွေး

Vol. 10 Ch. 140

“ရောင်းရင်းဟွမ်းအပေါ်မှာ ကျုပ်တို့က အကြွေးတွေ အများကြီးတင်နေတယ်၊ ပြီးတော့ ဒီအချိန်တံခါးကြောင့် ထျန်းယွမ်ကုန်းမြေလဲ ပျက်စီးလုနီးပါးဖြစ်နေရတာလေ၊ အခုဒီတံခါးက စွမ်းအားကုန်သွားပြီဆိုတော့ ထပ်ပြီး ထျန်းယွမ်ကုန်းမြေကနေ ဝိညာဉ်စွမ်းအားတွေစုပ်ယူဦးမှာပဲ၊ ဒါကြောင့် ရောင်းရင်းဟွမ်းကပဲ ဒီရတနာကို ထိန်းသိမ်းနိုင်မှာပါ”

ရှင်းဝေ့ကျန်းသည် သက်ပျင်းချကာပြောလိုက်၏။ ထိုရတနာသည် သူတို့ တည်ထောင်သူဘိုးဘေး၏ လက်ထပ်ကတည်းက တည်ရှိခဲ့သော်လည်း ထျန်းယွမ်ကုန်းမြေ၏ ပြသနာကို သိရှိပြီးဖြစ်၍ ဟွမ်းထံပေးအပ်ရန် မတွန့်ဆုတ်တော့ချေ။ သူ့တွင် ထိုရတနာအား ထိန်းသိမ်းနိုင်စွမ်းလည်း မရှိချေ။ ထို့အပြင် ထိုတံခါး၏ စွမ်းအားသည် ကုန်ဆုံးသွားပြီးဖြစ်သည်။

“ကျုပ်က မမျှမတ မဆက်ဆံဘူး”

ဟွမ်းသည် တွန့်ဆုတ်မှုမရှိပြောလိုက်၏။ သူ့အနေနှင့် တန်ကြေးမပေးနိုင်လျှင်တောင် တူညီသည့် အရာတစ်ခုခုတော့ ပြန်လည်ပေးအပ်မည်ဖြစ်သည်။

“ဒါဆို ကျုပ်တို့ကို အခြားနယ်မြေတစ်ခုကို ခေါ်သွားမဲ့ အချိန်ကျရင် ကျုပ်တို့အပြင် ထျန်းယွမ်ကုန်းမြေကကျင့်ကြံသူအားလုံးကို ဒီကုန်းမြေကနေ ခေါ်ထုတ်သွားပေးလို့ရမလား”

ရှင်းဝေ့ကျန်းသည် အနည်းငယ်စဉ်းစားပြီးနောက်ပြောလိုက်၏။ ထျန်းယွမ်ကုန်းမြေသည် ဆုတ်ယုတ်နေပြီမို့ ကုန်းမြေရှိ ကျင့်ကြံသူများကိုလည်း မပစ်ပယ်ထားချင်ခဲ့ပေ။

“ပြသနာမရှိဘူး..ဒီဟာလဲယူထားလိုက်”

ဟွမ်းသည် သူ၏စွမ်းအင်များထည့်သွင်းထားသည့် အနီရောင်ကျောက်စိမ်းပြားကို ပေးအပ်လိုက်သည်။ ထိုအရာသည် ထိုက်ဟုန်ကျွင်းကို ပေးခဲ့ဖူးသည့် ကျောက်ပြားနှင့် အတူတူပင် ဖြစ်သည်။ ရှင်းဝေ့ကျန်းသည် ဝမ်းပန်းတသာနှင့် လက်ခံလိုက်၏။

“စီနီယာအစ်ကို ဒီအချိန်တံခါးက ကျွန်မဝိညာဉ်ပင်လယ်နဲ့ ချိတ်ဆက်သွားခဲ့တယ်”

ချုးယွီဟွာသည် ပြောရခက်ခဲနေသည့်လေသံနှင့် ဆိုလိုက်၏။ ဟွမ်းသည် သူမ၏ စကားကြောင့် စွံ့အသွားသည်။

‘ဘာတွေဖြစ်ကုန်တာတုန်း’

“မိန်းလေးချုး ပြောတကို နားမလည်ဘူး၊ ဒီအချိန်တံခါးက ဘိုးဘေးတွေ တစ်လျှောက်လုံးလေ့လာခဲ့တာတောင် ဘာမှမတွေ့ခဲ့ရဘူး၊ နေရာတောင် ပြောင်းရွှေ့မရလို့ ကျုပ်တို့ ကြယ်တာယာနန်းတော်ကို ဒီနေရာမှာပဲ တည်ထောင်လိုက်ရတာ”

ရှင်းဝေ့ကျန်းသည် ချုးယွီဟွာ၏ စကားများကိုနားမလည်ချေ။

‘ဝိညာဉ်ပင်လယ်နဲ့ ချိတ်ဆက်ရအောင် ဒီတံခါးက လက်နက်မှမဟုတ်တာ’

ချုးယွီဟွာသည် သူမ၏ မျက်လုံးအစုံသည် ပေကလပ်၊ ပေကပလပ် လုပ်လိုက်မိ၏။ ထို့နောက် သူမသည် မတက်သာသည့် ပုံစံနှင့် သူမ၏ လက်ဝါးတစ်ဖက်ကို အချိန်တံခါး ရှိသည့်နေရာဘက်သို့ ဆန့်ထုတ်လိုက်၏။ ထိုအချိန်တွင် အချိန်တံခါးသည် လှုပ်ယမ်း တုန်ခါလာခဲ့သည်။

‘ဘာတွေဖြစ်ကုန်တာလဲ’

အားလုံးသည့် လန့်ဖြန့်သွားကြ၏။ ထိုအချိန်တွင် အချိန်တံခါးသည် စတင်ကျုံဝင်လာခဲ့သည်။ လူတစ်ရပ်စာ ခုနှစ်ပေကျော်ခန့်ရှိသည့် အချိန်တံခါးသည် လက်တစ်ဝါးစာလောက်သာရှိတော့ပြီးနောက် ချုးယွီဟွာ၏ လက်ဖဝါးပေါ်သို့ ရောက်ရှိလာ၏။

“ဒါက...”

ရှင်းဝေ့ကျန်းသည် စွံ့အလွန်း၍ ဘာမျှပင်မပြောနိုင်တော့ချေ။ သူတို့သာ နှလုံးအားနည်းသူဆိုလျှင် ဤနေ့ဖြစ်ရပ်များကြောင့် သေဆုံးသွားနိုင်၏။

ဟွမ်း၏ မျက်နှာထက်တွင် အနည်းငယ် အံ့ဩဟန်ပေါ်နေသည်။

“ကျွန်မ အချိန်တံခါးထဲ ရောက်ပြီးတဲ့အချိန်မှာ အဲ့ဒီနေရာနဲ့ ရင်းရင်းနှီးနှီးရှိဖူးတဲ့ ခံစားချက်ကို ရနေတယ်၊ ပြင်ပလောကကို ပြန်ထွက်ဖို့ အသိပ်မလိုတော့တဲ့အချိန်လောက်မှာ အချိန်တံခါးရဲ့ဝိညာဉ်ဆိုတဲ့ သက်ရှိလေးပေါ်လာတယ်”

ချုးယွီဟွာသည် အဖြစ်အပျက်များ၏ အပေါ်ယံအကြောင်းအရာများကို ရှင်းပြလိုက်၏။ ထိုဝိညာဉ်လေးသည် ချုးယွီဟွာနှင့် ပဋိညာဉ် ချုပ်ဆိုရန်တောင်းဆိုခဲ့သည်။ ချုးယွီဟွာသည် စိတ်ရှုပ်ထွေးသွားခဲ့သော်လည်း ထိုဝိညာဉ်လေး၏ အမြုပ်ထွက်မတက်ပြောဆိုမှုကြောင့် လက်ခံခဲ့သည်။ သို့သော် ထိုဝိညာဥ်သည် အားနည်းနေပြီမို့ လုံလောက်သည့် စွမ်းအားမရရှိသေးလျှင် ပြန်လည်နိုးထလာနိုင်မည်မဟုတ်သေးကြောင်းပြောခဲ့သည်။ သို့သော် အခြားသူများ ရှိသေးသည်မို့ အချို့အရာများကို အသေးစိတ်မပြောခဲ့ပေ။

ဟွမ်းသည် နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်၏။ ဤသို့ဖြစ်သွားခဲ့သည်ကလည်း အ‌ဆင်ပြေသည်။ မဟုတ်လျှင် သူသည် ထိုတံခါးကို အမြစ်မှဆွဲနှုတ်ရန် ကြံစည်ရဦးမည်ဖြစ်၏။ ယခုတွင် ချုးယွီဟွာသည် ပိုင်ရှင် ဖြစ်သွားခဲ့ပြီမို့ ထိုအကြောင်းအရာကို စိတ်ပူရန် မလိုတော့ချေ။

“ကောင်းပြီ၊ ဒါဆို သိမ်းလိုက်တော့”

ဟွမ်းသည် ချုးယွီဟွာကို အချိန်တံခါးအား သိမ်းစေခဲ့၏။ သူမသည် ထိုတခါးကို စေခိုင်းသည့် အမူအယာပြုလုပ်လိုက်သည်။ ထိုတံခါးငယ်လေးသည် အလင်းတန်းအသွင်ပြောင်းသွားကာ ချုးယွီဟွာ၏ မျက်ခုံးနှစ်ခုအကြားသို့ ဝင်ရောက်သွား၏။

ရှင်းဝေ့ကျန်းလည်း ထိုကိစ္စနှင့်ပတ်သတ်ပြီး ထပ်မံမစဉ်းစားတော့ချေ။ စဉ်းစား၍လည်းမရတော့ချေ။ အချိန်တံခါးသည် ပိုင်ရှင်ရှိသွားခဲ့ပြီဖြစ်သည်။ သို့သော် နှမြောတသတော့ ဖြစ်မိနေသေး၏။ သူတို့၏ ဘိုးဘေးသည် ဤရတနာကို အမှီပြု၍ ကြယ်တာယာနန်းတော် တည်ထောင်ခဲ့ခြင်းကြောင့်ပင်။

ထို့ကြောင့် သူသည် ထိုကိစ္စကိုမေ့လိုက်ကာ သူသိချင်နေသည့် အရာအား ဟွမ်းကို မေးမြန်းလိုက်၏။

“ရောင်းရင်းဟွမ်း နတ်အင်ပါယာ အဆင့်တွေအထက်မှာ ဘယ်လိုအဆင့်တွေရှိတာလဲ”

“မရှုပ်ထွေးပါဘူး၊ နတ်အင်ပါယာအဆင့် ကိုးဆင့်ရှိတယ်၊ အဆင့်တစ်ကနေ ခြောက်အထိကတော့ အဲ့ဒီအတိုင်းပဲ ခေါ်ကြတယ်၊ အဆင့်ခုနှစ်ရောက်ရင် မဟာနတ်အင်ပါယာအဆင့်လို့သတ်မှတ်ထားတယ်၊ အဆင့်ရှစ်တွေကိုတော့ အဓိပတိနတ်အင်ပါယာ လို့သတ်မှတ်ထားကြပြီး နောက်ဆုံးအဆင့်က မူလနတ်အင်ပါယာပဲ၊ ဒါပေမဲ့ နတ်ဘုရားလောကမှာ အဓိပတိနတ်အင်ပါယာတွေက အထွတ်ထိပ်တည်ရှိမှုတွေပဲ၊ မူလနတ်အင်ပါယာတွေက ဖုံးကွယ်နေကြတာများတယ်”

ဟွမ်းသည် အသေးစိတ်ရှင်းပြလိုက်၏။ ရှင်းဝေ့ကျန်းတို့သည် ထိုသို့ အင်အားများနှင့် မရင်းနှီးသေးသောကြောင့် ခန့်မှန်းနိုင်ရန်မလွယ်ကူသေးချေ။ သူတို့သည် အတွေးနက်သွားကြ၏။ ဟွမ်း၏ အဆင့်သည် မူလနတ်အင်ပါယာအဆင့်များ ဖြစ်နေမလားဟုပင်။ အကြောင်းမှာ မိုးကြိုးကပ်ဘေးကို ပြန်လည်တိုက်ခိုက်ခဲ့သောကြောင့်ဖြစ်သည်။

“ကိစ္စတွေပြီးရင် ဟွမ်းယွီအိမ်တော်ကို ပြန်ကြမယ်”

ဟွမ်းသည် ကြယ်တာယာနန်းတော်၏ ကိစ္စပြီးသွားပြီဖြစ်၍ ဆက်နေရန်မလိုအပ်တော့ပေ။

“ရောင်းရင်းဟွမ်း..၊ ကြယ်တာယာနန်းတော်မှာပဲ နေထိုင်သွားလို့ရပါတယ်”

ရှင်းဝေ့ကျန်းသည် ဟွမ်းတို့အား မပြန်စေချင်ပေ။ သူတို့သည် နတ်ဘုရားကုန်းမြေသို့ သွားရောက်တော့မည်ကို သိရှိထားသော်လည်း မသွားခင် ကြယ်တာယာနန်းတော်တွင် နေထိုင်စေချင်ခဲ့သည်။

“ဟွမ်းယွီအိမ်တော်မှာ ပြင်ဆင်ထားခဲ့တာတွေရှိတယ် ဒါကြောင့် မနေတော့ဘူး”

ဟွမ်းသည် ငြင်းဆန်လိုက်၏။ သူသည် နယ်ပယ်ဖြတ်ကျော်ခြင်းအစီအရင်ကို ဟွမ်းယွီအိမ်တော်တွင် ဖွဲ့စည်းလိုခြင်းဖြစ်သည်။

ရှင်းဝေ့ကျန်းသည် အတင်းကြပ်မပြောဆိုတော့ချေ။ ထို့နောက် သူကိုယ်တိုင်ကိုယ်ကျပင် ဗဟိုမြို့တော်သို့ ပို့ဆောင်ရင် ပြင်ဆင်လိုက်သည်။ အခြားနတ်အင်ပါယာများသည်လည်း ဗဟိုမြို့တော်သို့ပြန်ကာ ကျန်ရှိသေးလူငယ်များကို ခေါ်ဆောင်ကာ သူတို့၏နယ်မြေသို့ ပြန်လည်ပို့ဆောင်ပေးရဦးမည်ဖြစ်၏။

အားလုံးသည် အသီးသီး နှုတ်ဆက်ကာ ထွက်ခွာသွားကြ၏။ ဤဖြစ်ရင်တွင် နယ်မြေအသီးသီးရှိ နတ်အင်ပါယာများအတွက် အကျိုးအမြတ်များ များပြားစွာရရှိခဲ့သော်လည်း ဟွမ်းရရှိခဲ့သည့် အကျိုးအမြတ်နှင့် ယှဉ်လျှင်နည်းပါးပေသည်။ သူ၏တပည့်များသည် နတ်အင်ပါယာအဆင့်ပင်ရောက်ရှိခဲ့၏။ ချုးယွီဟွာသည် အဆင့်ငါးပင် ရောက်လုနီးနီးဖြစ်ခဲ့သည်။ တန်ဖိုးအရှိဆုံးမှာ သူမ ရရှိခဲ့သည့် အချိန်တံခါးပင် ဖြစ်ပေ၏။

အနီရောင်စွမ်းအင် အငွေ့အသက်များနှင့် ပြည့်နှက်နေသည့် နေရာတစ်ခုတွင် သက်လက်ပိုင်းအရွှယ်လူကြီးတစ်ဦးသည် ထိုနေရာရှိ ပုလ္လင်ခုံတစ်ခုပေါ်တွင် ထိုင်နေ၏။ ထိုလူကြီးသည် လက်အောက်ငယ်သားများ၏ တင်ပြချက်များကို နားထောင်နေသည်။ သို့သော်အကြောင်းအရာတစ်ခုကြောင့် မျက်မှောင်ကြတ်သွားကာ အော်ဟစ်လိုက်၏။

“ပြန်ပြောစမ်း..”

“လွန်ခဲ့တဲ့ တစ်နှစ်လောက်က အဖွဲ့ခွဲခေါင်းဆောင် ရွှယ်လင်းကျွင်းရဲ့ အသက်ဝိညာဉ်မီးအိမ်က လုံးဝငြိမ်းသက်သွားပြီ”

လက်အောက်ငယ်သားတစ်ဦးသည် တုန်တုန်ရီရီနှင့် ဖြေလိုက်၏။

“ခွေးကောင်.. ဒီလောက်ကြာမှ တင်ပြရလားကွ”

ထိုလူကြီးသည် ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။

“အဲ့ဒီကိစ္စ ဖြစ်တုန်းက ခေါင်းဆောင်က ဒီနေရာမှမရှိနေလို့ပါ၊ ပြီးတော့ မဆက်သွယ်ဖို့ ခေါင်းဆောင်ပဲ မှာထားခဲ့တာလေ”

လက်အောက်ငယ်သားသည် စိုးထိတ်စွာဖြေလိုက်၏။

“မင်းကငါ့ကို အပြစ်ပြောနေတာလား၊ သွားစမ်း၊ အခုချက်ချင်းစုံစမ်းလိုက်စမ်း”

ထိုလူကြီးသည် ဒေါသတကြီးခိုင်းစေလိုက်၏။ ထို့ကြောင့် လက်အောက်ငယ်သားသည် စုံစမ်းရန် အလျှင်အမြန် ပြေးထွက်သွားသည်။

“လင်းကျွင်းကို သတ်တဲ့ကောင်ကို ရှာတွေ့လို့ကတော့ မသေမချင်းနှိပ်စက်ပစ်မယ်”

ထိုလူကြီးသည် ကြောက်စရာကောင်းသည့် မျက်နှာအမူအယာနှင့် ဒေါသတကြီးကြုံးဝါးလိုက်၏။

All Chapters