← Chapters

ကပ်ဘေးတစ်ခုစတင်ခြင်း

Vol. 10 Ch. 141

ကပ်ဘေးတစ်ခုစတင်ခြင်း

Vol. 10 Ch. 141

လုရှင်းယန်တို့သည် ဟွမ်းယွီအိမ်တော်သို့ ပြန်ရောက်ပြီးကတည်းက ဆေးများဖော်စပ်နေခဲ့ကြသည်။ သူတို့သည့် ဗဟိုမြို့တော်သို့ ပြန်လည်ရောက်ရှိနေသည်မှာ တစ်လခန့်ပင်ရှိပြီဖြစ်၏။ ဤရက်များတွင် သူတို့သည် အေးအေးချမ်းချမ်းနှင့်ပင်။

သူတို့သည် ကြယ်တာယာနန်းတော်တွင်ရှိစဉ်က ဆေးခန်းမ၏ ဆေးပင်အအချို့ကို ဝယ်ယူခဲ့ကြ၏။ သို့သော် သူတို့သည် နတ်အင်ပါယာများပင် ဖြစ်သွားပြီမို့ ဆေးခန်းမ၏ အကြီးအကဲသည် ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလကားပေးအပ်ခဲ့သည်။ ထျန်းယွမ်ကုန်းမြေတွင် နတ်အင်ပါယာများသည် ရှားပါးပြီး အထွတ်အထိပ်တည်ရှိမှုများဖြစ်ကြ၏။

သို့သော်လုရှင်းယန်တို့သည် ငြင်းဆန်လိုက်ပြီးနောက် ဤဆေးပင်များနှင့် ဆေးလုံးများဖော်စပ်ပြီးချိန်တွင် ထိုဆေးလုံးများကို ခွဲဝေပေးမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ဆေးခန်းမ၏ အကြီးအကဲသည် ထိုအရာကို လက်ခံလိုက်၏။ ထို့ကြောင့် ယနေ့တွင် သူတို့သည် ဆေးလုံးဖော်စပ်နည်းအသစ်များကို လေ့လာစမ်းသပ်နေကြပြီဖြစ်သည်။

မော့ရွှယ်အာသည် အစီအရင်အတွက် လိုအပ်သည့်အရာများကို ပြင်ဆင်နေ၏။ ချုးယွီဟွာလည်း တက်နိုင်သည့်အရာများကို ကူညီပေးနေ၏။ မော့ရွှယ်အာကဲ့သို့ အစီအရင်များကို နက်နက်ရှိုင်းရှိုင်းနားမလည်သော်လည်း အတန်သင့်နားလည်နေပြီဖြစ်သောကြောင့် အကူအညီရစေသည်။ သူမ၏ စွမ်းအားသည့် အဆင့်လေး ပင်ရောက်ရှိနေပြီဖြစ်သောကြောင့် ထိုတစ်ယောက်တစ်မျိုးစီလှပနေသည့် အမျိုးသမီးလေးနှစ်ဦးသည် သူမတို့၏ လုပ်ငန်းစဉ် ပိုမိုတွင်ကျယ်လာ၏။

“ဆရာ..တပည့် ခရမ်းလနှလုံးအသားအဆင့်ကို အောင်မြင်တော့မယ်၊ ဒါပေမဲ့ ဆရာပြောဖူးတဲ့ ဓားဆိုတာကို အာရုံခံနိုင်ခြင်းမရှိသေးဘူး”

ယွဲ့ဝူယောင်အတွက် ထိုအရာသည် စိတ်ရှုပ်စေ၏။ သူမအဆင့်သည်အလွန်ပင်မြင့်မားလာသော်လည်း ထိုးဓားတည်ရှိနေခြင်းကို အာရုံမခံစားနိုင်သေးချေ။

“မလောနဲ့၊ အဲ့ဒီဓားကို ခရမ်းလဓားလို့ခေါ်တယ်၊ ခရမ်းလမျိုးနွယ်ခေါင်းဆောင်တွေပဲ ကိုင်ဆောင်ခွင့်ရှိတဲ့ဓား၊ အဲ့ဒီဓားမှာ အသိစိတ်ရှိတယ်၊ လုံလောက်တဲ့စွမ်းရည် မရှိသေးရင် ထုတ်ယူနိုင်ဦးမှာမဟုတ်ဘူး”

ဟွမ်းသည် ထိုဓားအကြောင်းရှင်းပြလိုက်၏။ ယွဲ့ဝူယောင်သည် သူမကိုယ်သူမ အထိုက်အလျောက်အားကောင်းနေပြီဟုထင်သော်လည်း ဟွမ်း၏ ပြောကြားချက်အရ အားနည်းသေးသည့်ပုံပင်။

“ဆရာ..၊ တပည့်ဘယ်အဆင့်ရောက်မှ ထုတ်ယူနိုင်မှာလဲ”

“မင်းရဲ့ဖခင်ထုတ်ဖော်နိုင်ခဲ့တုန်းက အဆင့်ခြောက်ကိုရောက်ရှိနေပြီ၊ အဲ့ဒီဓားက စွမ်းအားကြီးတယ်ဆိုပေမဲ့ မင်းရဲ့စွမ်းအားတွေကိုလဲ အဆမတန် စုပ်ယူလိမ့်မယ်၊ အဲ့ဒါကြောင့် မင်းမှာ စွမ်းအားမလုံလောက်သေးရင် ထွက်ပေါ်လာဦးမှာမဟုတ်ဘူး”

ဟွမ်းသည် ထပ်မံရှင်းပြလိုက်၏။ သို့မှသာ ယွဲ့ဝူယောင်သည် အတိအကျနားလည်သွားသည်။

“အဆင့်ခြောက်”

သူမသည် တီးတိုးရေရွတ်ကာ သူမ၏ လမ်းခရီးသည် အရှည်ကြီးကျန်သေးမှန်းသိလိုက်ရ၏။

ထိုအချိန်တွင် ဟွမ်းယွီအိမ်တော်၏ လေထုသည် တုန်ခါသွားပြီးနောက် ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။

“ရောင်းရင်းဟွမ်း..”

ရှင်းဝေ့ကျန်းသည် အလောတကြီးရောက်ရှိလာပုံပေါ်၏။

“ဘာကိစ္စလဲ..”

“အရှေ့ပိုင်းနယ်မြေမှာ ထူးဆန်းတာတစ်ခုဖြစ်သွားတယ်၊ အချိန်တံခါးရဲ့ ဝင်ပေါက်နဲ့ ပုံစံတူတဲ့ အလွှာတစ်ခုပေါ်လာပြီး အဲ့ဒီအလွှာက နက်ပြာရောင်ဖြစ်နေတယ်”

ရှင်းဝေ့ကျန်းသည် စကားများကို အသက်ပင်မရှုပဲ ပြောလိုက်၏။

“နက်ပြာရောင်အလွှာလား..”

ဟွမ်းသည် ရှင်းဝေ့ကျန်း၏ ရှင်းပြမှုကြောင့် ပိုရှုပ်ထွေးသွား၏။

“ရောင်းရင်းဟွမ်းတို့ အရှေ့ပိုင်းနယ်မြေရဲ့ အကာအကွယ်ကို ဖြုတ်သိမ်းလိုက်ပြီးနောက်မှာ ကျုပ်က အရှေ့ပိုင်းနယ်မြေကို စောင့်ကြည့်ဖို့ လူအချို့စေလွှတ်ခဲ့တယ်၊ အရင်တစ်ပတ်က အဲ့ဒီအလွှာကြီးပေါ်ပေါက်လာလို့ စစ်ဆေးကြည့်တာ အတွင်းတော့ ဝင်ရောက်လို့မရသေးဘူး”

“ကောင်းပြီ သွားပြီးစစ်ဆေးကြည့်တာပေါ့”

ဟွမ်းသည် ထိုသို့ပြောပြီးနောက် ရှင်းဝေ့ကျန်းကို ဆုပ်ကိုင်လိုက်၏။

“အား..”

နတ်အင်ပါယာပင် ဖြစ်နေသည့် ရှင်းဝေ့ကျန်းသည် အဆုတ်ကွဲမတက်အော်ဟစ်လိုက်၏။ သူ၏မြင်ကွင်းပြောင်းလဲသွားသောကြောင့် အော်ဟစ်ခြင်းကို ရပ်တန့်လိုက်၏။ ဘာဖြစ်သွားမှန်းမသိလိုက်ရပဲ သူတို့နှစ်ဦးသည် အရှေ့ပိုင်းနယ်မြေသို့ ရောက်ရှိသွားပြီးဖြစ်သည်။

ရှင်းဝေ့ကျန်း “...”

ရှင်းဝေ့ကျန်းသည် အလွန်ရှက်သွား၏။ အကြောင်းမှာ ထိုက်ဟုန်ကျွင်းနှင့် ဟေးချုံးသည် သူအော်ဟစ်နေသည်ကို စိတ်ဝင်တစားကြည့်နေကြသောကြောင့်ပင်။ ချီမင်ယောင်သည် အနောက်ပိုင်းနယ်မြေမှ လာရခြင်း ဖြစ်သည်မို့ ယခုအထိမရောက်သေးပေ။

‘ဒါက နည်းစနစ်တစ်ခုလား’

ရှင်းဝေ့ကျန်းသည် အံ့ဩသွား၏။ ဟွမ်းယွီအိမ်တော်မှ အရှေ့ပိုင်းနယ်မြေသို့ စက္ကန့်ပိုင်းနှင့်ရောက်ရှိသွားခြင်းဖြစ်သည်။ သူတို့သည် ပျံ့သန်းခြင်းကိုသာ သိရှိထားသည့် နတ်အင်ပါယာများဖြစ်နေ၏။

“စီနီယာ ဒီဟာပါ..”

ထိုက်ဟုန်ကျွင်းသည် လေထုတွင် ပေါ်ထွက်နေသည့် နက်ပြာရောင် စက်ဝိုင်း သဏ္ဌာန်အလွှာကို ညွှန်ပြလိုက်၏။ ထိုအရာသည် စက်ဝန်းပုံစံသာ ဖြစ်ပေါ်နေသော်လည်း အနားကွပ်များသည် အက်ကြောင်းများကဲ့သို့ တွန့်ကြေနေသည်။

“လေဟာနယ်အက်ကွဲကြောင်းလား၊ မဟုတ်သေးဘူး.. ဒီအရာကို မြင်ဖူးတယ်”

ဟွမ်းသည် ထိုလေဟာနယ်အက်ကွဲကြောင်းကို ကြည့်ကာစဉ်းစားနေ၏။

“စီနီယာ ဒါကို လေဟာနယ်အက်ကွဲကြောင်းလို့ ခေါ်တာလား”

ထိုက်ဟုန်ကျွင်းသည် မေးလိုက်၏။ မိစ္ဆာနယ်မြေတွင် ဟွမ်းသည် ထိုအရာနှင့် ဆင်တူသည့် အက်ကွဲကြောင်းမှ ထွက်ပေါ်လာဖူးသည်ကို အမှတ်ရသွားသည်။ သို့သော် ထိုစဉ်က ခနတာပဲဖြစ်သည်နှင့်၊ လော့ရွှယ်နင်ကို တွေ့ရှိလိုက်ရခြင်းတို့ကြောင့် သေချာသတိထားမိခဲ့ခြင်းမရှိချေ။

“နတ်ဘုရားစစ်တလင်းပြင်ကို ပို့ဆောင်တဲ့ မုခ်ဝတစ်ခုပဲ”

ဟွမ်းသည် အမှတ်ရသွားဟန် နှင့် တီးတိုးရေရွတ်လိုက်၏။ သို့သော် သူ၏စိတ်တွင် ‘အဘယ်ကြောင့် ဤနေရာတွင် ပေါ်ပေါက်လာခဲ့ရသနည်း’ ဟူသည့် မေးခွန်းထွက်ပေါ်နေသည်။

“စီနီယာ နတ်ဘုရားစစ်တလင်းဆိုတာဘာလဲ”

ထိုက်ဟုန်ကျွင်းသည် ထပ်မံမေးလိုက်၏။

“ကောလဟာလတွေအရတော့ နတ်ဘုရားလောကကြီးမှာ လွန်ခဲ့တဲ့ အနှစ်တစ်သန်းလောက်က မူလနတ်အင်ပါယာ အဆင့်ထက်ကျော်လွန်တဲ့ တည်ရှိမှုတွေရှိခဲ့ဖူးတယ်၊ အဲ့ဒီလူတွေက ပူပေါင်းပြီး ဖန်တီးခဲ့တဲ့ လေဟာနယ်စစ်တလင်းတစ်ခုပဲ၊ အဲ့ဒီအချိန်က ဒီစစ်တလင်းမှာ လူငယ်တွေတိုက်ခိုက်ကြပြီး ထူးချွန်သူတွေရွေးထုတ်ပေးလေ့ရှိတယ်”

ဟွမ်းသည် ရှင်းပြလိုက်၏။

“ဒါဆို ဒီမုခ်ဝအတွင်းမှာ နယ်မြေတစ်ပေါ့၊ ကျုပ်တို့ ကုန်းမြေကလူငယ်တွေကိုစေလွှတ်နိုင်မှာလား”

ရှင်းဝေ့ကျန်းသည် စိတ်အားထက်သန်စွာ မေးလိုက်၏။

ထိုစဉ်က လေဟာနယ်စစ်တလင်းသည် မူလနတ်အင်ပါယာထက် ကျော်လွန်သည့် တည်ရှိမှုများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ ထို့ကြောင့် လူငယ်များ၏ သေဆုံးခြင်းများကို တားဆီးပေးနိုင်သည်။

သို့သော် ထိုတည်ရှိမှုများ ပျောက်ကွယ်သွားသည့်နောက် ဤစစ်တလင်းသည်း အထိန်းအကွပ်မဲ့သွားပြီး ဝင်ရောက်ကြသည့် လူငယ်များ၏ သေဆုံးမှုကို မထိန်းချုပ်နိုင်တော့ချေ။

ထို့အပြင် ၎င်းသည် အနှစ်တစ်သောင်းနေမှ တစ်ခါသာပေါ်ပေါက်လာ၏။ သို့သော် စစ်တလင်းအတွင်းဝင်ရောက်နိုင်သည့် မုခ်ဝများသည် နေရာအတည်တကျမရှိပဲ ပေါ်ထွက်လာတက်သည်။

ထိုစစ်တလင်းအတွင်းဝင်ရောက်သည့်လူငယ်များကို အဆင့်သုံးနတ်အင်ပါယာ အောက်သာ ဝင်ရောက်နိုင်ရန် ကန့်သတ်ထားခဲ့သည်။ ထိုအရာသည် အချိန်ကြာမြင့်လှပြီ ဖြစ်သော်လည်း လူငယ်များအတွက် အခွင့်အလမ်းများ ရှိနေဆဲပင်။

ထိုအခွင့်အလမ်းများသည် အင်အားကြီးအဖွဲ့အစည်းများအတွက် သာမန်သာဖြစ်သော်လည်း အခြားအဆင့်နိမ့်အင်အားစုများအတွက် အရေးပါ၏။ ထို့ကြောင့် သူတို့၏ လူငယ်များအား ထိုနေရာသို့ဝင်ရောက်နိုင်ရန် အရင်းအမြစ်များစွာနှင့် ပျိုးထောင်ပေးလေ့ရှိသည်။ ထိုနေရာတွင် အခွင့်အလမ်းများစွာရရှိခဲ့ပါက နတ်ဘုရားကုန်းမြေတွင် ကျော်ကြားလာနိုင်မည်ဖြစ်၏။

ထိုမုခ်ဝသည် စတင်ပေါ်ပေါက်လာပြီး တစ်လအကြာတွင် ပွင့်သွားမည်ဖြစ်ပြီး ထိုလေဟာနယ်စစ်တလင်းတွင် တစ်နှစ်ကြာနေထိုင်ရမည်ဖြစ်သည်။

“ဒါဆို ဒီမုခ်ဝကနေ လူငယ်အယောက်နှစ်ဆယ်ဝင်ခွင့်ရမှာပေါ့”

ရှင်းဝေ့ကျန်းသည် စိတ်လှုပ်ရှားစွာမေးလိုက်၏။

“အဲ့ဒီလောက်ထိ စိတ်လှုပ်ရှားမနေသင့်ဘူး၊ အခြားကုန်းမြေတွေကလူငယ်တွေက အနိမ့်ဆုံးနတ်အင်ပါယာတွေမှာပဲ၊ နတ်ဘုရင် အဆင့်က သူတို့ရဲ့ နောက်လိုက်တွေလောက်ပဲပါလာလိမ့်မယ်”

ဟွမ်းသည် စကားလုံးများနှင့် ရှင်းဝေ့ကျန်းအား ထိုးနှက်လိုက်၏။ ယွဲ့ဝူယောင်တို့သည် နတ်ဘုရားကုန်းမြေတွင် နတ်ဘုရင် အဆင့်က ဘယ်လိုတည်ရှိမှုမျိုးလဲဟုမေးစဉ်တွင် ဟွမ်းသည် အစေခံလောက်သာ ရှိကြသည်ဟု ပြောခဲ့ခြင်းမှာမမှားပေ။

“ဒါဆို ကျုပ်တို့ တပည့်တွေ စေလွှတ်လို့မရဘူးပေါ့”

ရှင်းဝေ့ကျန်းသည် အားလျော့သွား၏။ ထျန်းယွမ်ကုန်းမြေ၏လက်ရှိ လူငယ်များအရ ဟွမ်း၏တပည့်များကို ဖယ်ထုတ်ထားလျှင်တောင် နတ်အင်ပါယာအဆင့်ရောက်ရှိသူမရှိသေးပေ။

“အဲ့ဒါတွေနောက်မှ စဉ်းစား မကြာခင် ကပ်ဘေးကလာတော့မယ်၊ အသင့်ပြင်ထားသင့်တယ်”

ဟွမ်းသည် တစ်စုံတစ်ခုကို မှန်းဆမိသည့်အလား သတိပေးလိုက်၏။

All Chapters